မီးပင်လယ်အဖြစ်ပြောင်းလဲသွားသည့်အရှေ့ပင်လယ်
Vol. 28 Ch. 388
အခန်း (၃၈၈) မီးပင်လယ်အဖြစ်ပြောင်းလဲသွားသည့်အရှေ့ပင်လယ်
ရန်ကျောက်ကဲနှင့် အားဟူတို့ (၂)ယောက် ရေထဲနစ်မြုပ်သွားသည်နှင့် ကြောက်မက်ဖွယ်ရာမီးနဂါးကြီးက သူတို့ဦးခေါင်းထက်မှ ဖြတ်ကျောက်သွားလေသည်။
သူတို့သာ မူလနေရာတွင်ရှိနေပါက သေချာပေါက် မီးသွေးဖြစ်သည်အထိ လောင်ကျွမ်းခံရမည်ပင်။
မနီးမဝေးတစ်နေရာတွင် ခြေလေးချောင်းနှင့် လက်ရှစ်ဖက်ရှိသော ဧရာမသတ္တဝါကြီးတစ်ကောင် သူတို့နောက်သို့ လိုက်လာနေသည်။ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖုံးလွှမ်းနေပြီး ၊ တကယ်တော့ ထိုသတ္တဝါကြီးက ‘မဟာမီးတောက်မိစ္ဆာ’ တစ်ယောက် ဖြစ်လေ၏။
အမတလက်ဖွဲ့ သိုင်းဆရာသခင်အဆင့်နှင့် ညီမျှသော မဟာမီးတောက်မိစ္ဆာများသည် မီးတောက်မိစ္ဆာဘုရင်ကဲ့သို့ ကြောက်စရာမကောင်းသော်လည်း အလွန်တရာ စွမ်းအားပြင်းထန်သည်။
အရှိန်အဟုန်နှင့်စွမ်းအား လုံးဝလျော့နည်းခြင်းမရှိဘဲ မဟာမီးတောက်မိစ္ဆာကြီးက သူတို့နောက်သို့ အနီးကပ်လိုက်ပါလာသည်။
ပင်လယ်ရေပြင်ကသာ မီးတောက်မိစ္ဆာ၏စွမ်းအားများအပေါ် သက်ရောက်မှုမရှိလျှင် ရန်ကျောက်ကဲတို့အနေဖြင့် ထိုမဟာမီးတောက်မိစ္ဆာလက်ထဲ ဖမ်းမိနေလောက်ပေပြီ။
ထိုအချိန် အဝေးဆီမှပြေးလားသော ပန်ပန်က ရန်ကျောက်ကဲနှင့် အားဟူ၏ လက်တစ်ဖက်ဆီကိုဖမ်းဆွဲကာ ဘေးသို့လျှင်မြန်စွာရှောင်ထွက်လိုက်ပြီး သူတို့နောက်မှလိုက်လာသော မီးနဂါးတစ်ကောင်းကို တိုက်ခိုက်ချေမှုန်းလိုက်သည်။
မဟာမီးတောက်မိစ္ဆာကြီးက ခြေထောက်လေးဘက်လုံးဖြင့်ထောက်လျှက် လေထံသို့ ခုန်ပျံလိုက်ပြီး လက်ရှစ်ဖက်ကို တစ်ပြိုင်တည်းဝှေ့ယမ်းကာ လှံများတစ်လက်ပြီးတစ်လက် ပစ်လွှတ်သကဲ့သို့ မီးတောက်များကို ပစ်လွှတ်လိုက်သည်။
မီးတောက်များက မီးနဂါးများအသွင်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲတို့အုပ်စုထံသို့ ကြောက်မက်ဖွယ်ရာ ဝင်ရောက်လာကြသည်။
“သခင်လေး... သခင်လေးက မဟာမီးတောက်မိစ္ဆာတစ်ကောင် ရှာချင်တယ်လို့ပြောတာ ဒီလိုကောင်ကြီးကို သွားပြီး ရန်စဖို့ ရည်ရွယ်တာလား”
အားဟူမျက်နှာမှာ ဆေးခါးကြီးမြိုရသည့်အလား ရှုံ့မဲ့လျှက်ရှိသည်။
ရန်ကျောက်ကဲကတော့ တည်ငြိမ်နေဆဲပင်။
သူ ပင်လယ်ပြင်တစ်ခွင် ခရီးထွက်လာစဉ် ပင်လယ်အတွင်းမှ ဝိညာဉ်စွမ်းအားအပြောင်းအလဲများကို အဆက်မပြတ် အာရုံခံရင်း သူတို့နောက်လိုက်လာသည့် ထို မဟာမီးတောက်မိစ္ဆာကြီးကိုလည်း အာရုံခံမိသည်။
မဟာမီးတောက်မိစ္ဆာကြီး ထပ်မံတိုက်ခိုက်သည်ကို ရှောင်တိမ်းရင်း ရန်ကျောက်ကဲက အားဟူနှင့်ပန်ပန်တို့ကို ပင်လယ်ရေနက်ပိုင်းသို့ ခေါ်ဆောင်သွားသည်။
“ငါက တခြားပြင်ဆင်မှုတွေအားလုံး လုပ်ပြီးသွားပြီ ၊ ဒါပေမဲ့ မီးတောက်မိစ္ဆတွေအကြောင်း ပိုပြီးလေ့လာချင်သေးတယ် ၊ အထူးသဖြင့် မဟာမီးတောက်မိစ္ဆာတွေပေါ့”
ရန်ကျောက်ကဲ ပေါ့ပေါ့ပါးပါးပင် ရှင်းပြသည်။
“အခုတော့ လုံလောက်သွားပါပြီလေ ၊ ဆိုတော့ ငါ ကြိုတင်ပြင်ဆင်ထားတဲ့နေရာကို သွားလို့ရပြီ ၊ ငါတို့ ဒီကောင်ကြီးကို မသတ်နိုင်ရင်တောင်မှ မျက်ခြေဖြတ်ခဲ့မှ ဖြစ်မယ်”
စကားပြောရင်းဖြင့် ရန်ကျောက်ကဲက အားဟူနှင့်ပန်ပန်ကို ရေအောက်သို့ အလျှင်အမြန်ခေါ်သွားစဉ် သူတို့နောက်မှ အနီးကပ်လိုက်လာသည့် မဟာမီးတောက်မိစ္ဆာကြီး၏ ကြုံးဝါးသံများကို ကြားနေရသည်။
“ငါတို့ ဒီထက်ပိုပြီးအချိန်ဆွဲမိလို့ကတော့ ဒီကောင်ကြီးအော်သံကြောင့် ပတ်ဝန်းကျင်က မီးတောက်မိစ္ဆာတွေပါ သတိထားမိပြီး ရောက်လာကြလိမ့်မယ် ၊ အဲဒါဆို သေချာပေါက် အခြေအနေဆိုးပြီပဲ”
ပြောရင်း ရန်ကျောက်ကဲက အားဟူကိုလှည့်ကြည့်လိုက်သည်။
“မင်း အခုပဲပြောလိုက်တာ လင်ကျိုးက အရှေ့ပင်လယ်အပြင်ပိုင်းကို ထွက်သွားတယ် ၊ ဟုတ်လား”
အားဟူက...
“ဟုတ်တယ် သခင်လေး ၊ သူ ကောင်းကင်မိုးကြိုးခန်းမက သိုင်းသမားတစ်စုနဲ့ ပင်လယ်ရှည်မြို့တော်ကအနေ အရှေ့ပင်လယ်အပြင်ဘက်ကို ထွက်ခွာသွားတာ မြင်လိုက်တဲ့သူတွေ ရှိတယ်တဲ့”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“သူ ဘာလို့ အရှေ့ပင်လယ်အပြင်ဘက်ကို သွားရတာလဲ”
အရှေ့ပင်လယ်အပြင်ပိုင်းသည် လက်ရှိတွင် မီးတောက်မိစ္ဆာများနှင့် လူသားများ၏ အဓိကစစ်မြေပြင် ဖြစ်သည်။ လင်ကျိုးအနေဖြင့် သူ၏ဆရာဘိုးဘိုး ‘ချန်လီ’ နှင့်အတူ လိုက်ပါသွားသည်ဆိုပါက ပြဿနာမရှိပေ။
တစ်ယောက်တည်းထွက်ခွာသွားခြင်းကတော့ အလွန်တရာအန္တရယ်များသည် အမှန်ပင်။
ထိုနေရာတွင် မဟာမီးတောက်မိစ္ဆာများနှင့် မီးတောက်မိစ္ဆာဘုရင်များ အများအပြားရှိနေပြီး သိုင်းသူတော်စင်အဆင့် တိုက်ပွဲများလည်းပြင်းထန်နေရာ တိုက်ပွဲနောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးကြီးများက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလှသည်။
ပုံမှန်မဟုတ်သော သတင်းတစ်ခုကိုကြားလိုက်ရသဖြင့် ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်ထင့်သွားသည်။ သူက အရှေ့ပင်လယ်အပြင်ပိုင်းကို ပိုမိုသတိထားလေ့လာရန် ဆုံးဖြတ်လိုက်၏။
သို့သော် သူ အများကြီးမစဉ်းစားနိုင်ခင်မှာပင် သူ့အရှေ့မှ ပင်လယ်ပြင်ကြီးက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ပင်လယ်ရေအောက် နက်ရှိုင်းသည့်နေရာမှ ငလျင်များလှုပ်ခတ်လာပြီး အရှေ့ပင်လယ်တစ်ခုလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။
ထိုငလျှင်များ၏အရှိန်အဟုန်က ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ မွေးဖွားလာစဉ်ကထက်ပင် ပိုမိုထိတ်လန့်စရာကောင်းသည်။
ပင်လယ်ပြင်ထက်မှ ရေလှိုင်းလုံးကြီးများက ကောင်းကင်ထက်တိုင် မြင့်တက်သွားပြီး မရေမတွက်နိုင်သော ရေဝဲဂယက်ကြီးများ ဖြစ်တည်လာသည်။ လှိုင်းလုံးကြီးများ၏ အရှိန်အဟုန်က အရပ်မျက်နှာအသီးသီးရှိ ပင်လယ်အောက် ရေစီးကြောင်းများထိတိုင် ပျံ့နှံ့သွားသည်။
အမှန်တကယ်ပြင်းထန်သော ဆူနာမီငလျှင်တစ်ခု ယခုမှ စတင်ခြင်းပင်။
ရန်ကျောက်ကဲက ခေါင်းငုံ့ကြည့်လိုက်သည်။ အရင်က ပုံမှန်အတိုင်းရှိနေသော ရေအောက်မီးတောင်က ကြိုတင်အရိပ်အမြွက်ပြခြင်းမရှိပါဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်ကို တွေ့ရသည်။
မူလက တည်ငြိမ်နေသော သဘာဝရေအောက်ရှုခင်းတစ်ခုဖြစ်သည့် ရေအောက်မီးတောင်သည် ယခုတော့ သဘာဝဘေးအန္တရယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မှောင်မိုက်နေသော ပင်လယ်ရေအောက်ပတ်ဝန်းကျင်တစ်ခုလုံး သွေးနီရောင်သမ်းနေပြီး ရန်ကျောက်ကဲ မြင်နိုင်သည့်အရာဆို၍ ပေါက်ကွဲထွက်သွားသောမီးတောင်မှထွက်ပေါ်နေသော စူးရှသည့် အနီရောင်အလင်းတန်းသာလျှင် ရှိသည်။
ရေအောက်မီးတောက်များအားလုံး တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ကြပြီး သာမန်အခြေအနေနှင့် မတူကွဲပြားစွာ ပိုမိုပြင်းထန်လေသည်။
မီးတောင်များ အက်ကွဲသွားပြီး အဆုံးမရှိသော ချော်ရည်ပူနှင့် မီးတောက်များထွက်ပေါ်လာကာ ပတ်ဝန်းကျင် ပင်လယ်ရေအောက်ကမ်းပြင်များပင် ကွဲအက်ကုန်ကြသည်။
ပင်လယ်ရေအောက်ကမ္ဘာကြီးတစ်ခုလုံး မီးတောက်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
တဟုန်းဟုန်းတောက်လောင်နေသော အပူရှိန်က အကန့်အသတ်မရှိ ၊ အဆုံးမရှိ ဟု ထင်မှတ်ရပြီး အထက်သို့ ဆက်တိုက်မြင့်တက်လာသည်။
ပင်လယ်ရေအပူချိန် မြင့်တက်လာသည်နှင့်အမျှ ရေများလည်း ပွက်ပွက်ဆူလာသည်။
ထိုပြဿနာက နေရာတစ်ခုတည်းတွင် ဖြစ်ပွားခြင်းမဟုတ်ဘဲ အရှေ့ပင်လယ်တစ်ခုလုံးတွင် ဖြစ်ပွားလေရာ တစ်ခဏအတွင်း သက်ရောက်မှုကပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထိခိုက်သွားသည်။
“ကောင်းကင်ကိုမီးရှို့ ၊ ပင်လယ်ကိုဆူပွက်စေမည်” ဟု သိုင်းသမားများ မကြာခဏ ပြောဆိုလေ့ရှိကြသည်။
ယခု သူတို့မျက်စိရှေ့မှ မြင်ကွင်းက အမှန်တကယ်ပင် ပင်လယ်ကို ဆူပွက်စေသည့် မြင်ကွင်းမျိုးဖြစ်သည်။ ပင်လယ်ပြင်ထက်မှ အဆုံးမရှိသောလှိုင်းလုံးကြီးများ ပျောက်ကွယ်သွားပြီး ရေများအငွေ့ပျံသွားကာ ချက်ချင်းပင် ပင်လယ်ရေပြင်ထက်တွင် အဖြူရောင်တိမ်တိုက်ကြီးက ထုထည်ကြီးမားစွာ ဖုံးလွှမ်းသွားသည်။
နဂိုက ရေကမ္ဘာဖြစ်သော ပင်လယ်ပြင်ကြီးသည် ယခုတော့ မီးတောက်ပင်လယ်ကြီးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီ ဖြစ်၏။
မြင်ကွင်းကိုကြည့်ရင်း အားဟူနှင့်ပန်ပန်မှာ အသံမထွက်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“မဟာမီးတောက်မိစ္ဆာဘုရင်တောင်မှ အရှေ့ပင်လယ်တစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး”
အရှေ့ပင်လယ်ဆိုသည်က မြို့တစ်ခု ၊ ခရိုင်တစ်ခုနှင့် နှိုင်းယှဉ်ရန်မပြောနှင့် တိုက်ကြီးတစ်ခုနှင့်ပင် မနှိုင်းယှဉ်နိုင်အောင် ကျယ်ဝန်းသည့် ဒေသတစ်ခု ဖြစ်သည်။
“မြေပြင်သွေးကြောဖြစ်တဲ့ ‘ပကတိမီးသွေးကြော’ ကို လှုံ့ဆော်မိမှ ဒီလိုကြီးမားတဲ့အဖြစ်အပျက်ကြီးဖြစ်လာနိုင်မှာ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
တစ်ချိန်တည်းပင် အားဟူနှင့်ပန်ပန်ကို မီးတောက်တိုင်လုံးကြီးတစ်ခုအန္တရယ်မှ လွတ်မြောက်စေရန် အပေါ်သို့ ပစ်တင်လိုက်ရသည်။
“ဒါ မီးတောက်မိစ္ဆာတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ၊ မီးတောက်မိစ္ဆာတွေက သူတို့အတွက် အဆင်မပြေတဲ့ ပင်လယ်ပြင်ကို သူတို့နေရာဖြစ်တဲ့ မီးတောက်မိစ္ဆာကမ္ဘာလိုမျိုး ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာပဲ ၊ ဒါ တကယ့်ကို ကြီးမားတဲ့လုပ်ရပ်ပဲ”
လက်ရှိတွင် မီးတောက်မိစ္ဆာများက အရှေ့ပင်လယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ဟန်ရှိသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ခံစစ်စည်းမှာ အရှေ့ပင်လယ်အတွင်းပိုင်းတွင်တည်ရှိသော ‘ပင်လယ်ရှည်မြို့တော်’ သို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ကြီးမားသောကပ်ဘေးကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် အရှေ့ပင်လယ်သည် မီးတောက်မိစ္ဆာများ၏ ပိုင်နက်နယ်မြေအဖြစ် ပြောင်းလဲသွားပြီး မီးတောက်မိစ္ဆာများ မဆင်မခြင်တိုက်ခိုက်သတ်ဖြတ်သည့် လူသတ်ကွင်းတစ်ခု ဖြစ်လာသည်။
အာဟူ ယခုမှ သတိပြန်ဝင်လာပြီး...
“သခင်လေး... ဂိုဏ်းချုပ်ဟောင်းနဲ့ တခြားသူတွေတော့ လှည့်စားခံလိုက်ရပြီ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“လှည့်စားခံရတယ်ဆိုတာထက် ဒီလိုဖြစ်လာမယ်လို့ သူတို့ တွေးမိကြမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“အရင်က မီးတောက်မိစ္ဆာတွေ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကျူးကျော်ဖူးပေမယ့် မြေပြင်သွေးကြောတွေရဲ့ ဝိညာဉ်စွမ်းအားတွေက အမြဲတမ်းပြောင်းလဲနေတာဆိုတော့ လျှို့ဝှက်ချက်တွေကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ အခု သူတို့ ဒီကိုရောက်လာပြီး အချိန်တိုအတွင်းမှာပဲ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေကို နားလည်သွားခဲ့ပြီး ပကတိမီးသွေးကြောကို ပြောင်းလဲနိုင်ခဲ့တယ် ၊ တခြားကမ္ဘာကလူတွေက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ”
“ဒီကိစ္စဘယ်လိုဖြစ်သွားတာလဲ ငါ အရမ်းသိချင်နေတယ် ၊ တကယ်တော့ ငါက မီးတောက်မိစ္ဆာတွေရဲ့ စွမ်းအားကို လျှော့မတွက်ခဲ့သလို သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုလည်း အထင်မသေးခဲ့ပါဘူး ၊ ဒါပေမဲ့ ဒီလိုလုပ်လိုက်နိုင်တာကတော့ မယုံနိုင်စရာပဲ”
ပင်လယ်ရေအောက်တွင် နေလို့မရတော့သည့် အခြေအနေဖြစ်သဖြင့် ရန်ကျောက်ကဲက အားဟူနှင့် ပန်ပန်တို့ကိုခေါ်ကာ ပင်လယ်ရေမျက်နှာပြင်ထက်သို့ အလျှင်အမြန်တက်လာခဲ့သည်။
“အချို့အကြောင်းအရာတွေနဲ့ ထူးခြားတဲ့နည်းပညာတွေက မီးတောက်မိစ္ဆာတွေ ဒီလိုအောင်မြင်မှုရအောင် ကူညီပေးခဲ့တာပဲ ၊ တစ်ချိန်တည်းမှာပဲ သူတို့ကို မြေပြင်သွေးကြောတွေရဲ့ အပြောင်းအလဲတွေကို ဖုံးကွယ်နိုင်ဖို့အတွက် လည်း ကူညီပေးခဲ့တယ် ၊ ဒါကြောင့် ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာ လှည့်စားခံလိုက်ရတာပဲ”
ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် အေးစက်သည့်အလင်းရောင်များ တောက်ပသွားသည်။
ပြင်းထန်သောဆူနာမီငလျင်နှင့် ပင်လယ်အောက်ရေစီးကြောင်းများကြောင့် ခဏမျှ ပိတ်ဆို့ခံထားရသော မဟာမီးတောက်မိစ္ဆာကြီးသည် ပင်လယ်ပြင်တစ်ခွင် မီးတောက်များဖုံးလွှမ်းသွားသည်နှင့် ရန်ကျောက်ကဲတို့နောက်သို့ ဆက်ပြီးလိုက်လာတော့သည်။
ထို မီးတောက်မိစ္ဆာကြီး၏ အသွင်အပြင်က ယခင်ကထက် ပိုပြီး ရက်စက်ကြမ်းကြုတ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဤသို့သော ပတ်ဝန်းကျင်တွင် မီးတောက်မိစ္ဆာများ စွမ်းအားမြင့်တက်လာသည် အမှန်ပင်။
ရန်ကျောက်ကဲနောက်လိုက်နေသည့် မဟာမီးတောက်မိစ္ဆာကြီးတင် မဟုတ်ပေ။ ကျန်မီးတောက်မိစ္ဆာများအားလုံး ထိုသို့ပင် စွမ်းအားမြင့်တက်လာကြသည်။
ထိုခဏတွင်...
အရှေ့ပင်လယ်တစ်ခွင်လုံးတွင်ရှိနေသည့် မီးတောက်မိစ္ဆာဘုရင်များနှင့် မီးတောက်မိစ္ဆာများအားလုံးသည် အချုပ်အနှောင်မှ လွတ်မြောက်သွားကြသူများပမာ ကြောက်မက်ဖွယ်ရာ တန်ပြန်တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။
အရှေ့ပင်လယ်အပြင်ပိုင်း စစ်မြေပြင်တွင် အောင်ပွဲရလုနီးပါးဖြစ်နေသော အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လူသားသိုင်းကျင့်ကြံသူများသည် ချက်ချင်းပင် မီးတောက်မိစ္ဆာများ၏ ပိုမိုပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံစားလိုက်ကြရလေ၏။