← Chapters

ဆုံချက်တွေကနေတစ်ဆင့် ကွင်းဆက်သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်

Vol. 28 Ch. 389

ဆုံချက်တွေကနေတစ်ဆင့် ကွင်းဆက်သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်

Vol. 28 Ch. 389

အခန်း (၃၈၉) ဆုံချက်တွေကနေတစ်ဆင့် ကွင်းဆက်သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်

အရှေ့ပင်လယ်အပြင်ပိုင်းမှ မြေပြင်သွေးကြောများ ပြောင်းလဲသွားသည်ကို အရင်ဆုံးသတိပြုမိသူများမှာ ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များ ဖြစ်ကြသည်။

လူသားမျိုးနွယ်သိုင်းသူတော်စင်များက မီးတောက်မိစ္ဆာများနှင့် အပြင်းအထန်တိုက်ခိုက်နေရင်း ပင်လယ်ရေအောက်တွင် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲများကို အာရုံခံမိလိုက်ကြ၏။

ယွမ်ကျန်းဖုန်းနှင့် အခြားသူများသူများက ပေါက်ကွဲထွက်သွားသည့် ‘ပကတိမီးသွေးကြော’ ကို ဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်စဉ်မှာပင် ဤအချိန်ကို စောင့်မျှော်နေဟန်ရှိသည့် ကျင်းကျုန်းနှင့် အခြားမီးတောက်မိစ္ဆာဘုရင်များက ပြင်းထန်စွာ တန်ပြန်တိုက်စစ်ဆင်လာသည်။

သူတို့နှင့်တိုက်ခိုက်နေသည့် မီးတောက်မိစ္ဆာဘုရင်များ၏ စွမ်းအားများ ရုတ်တရက်မြင့်တက်လာသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသူတော်စင်များ အတော်လေး အခက်တွေ့သွားကြသည်။

ဤသို့ဖြစ်ရခြင်းမှာ ကျင်းကျုန်းနှင့် အခြားမီးတောက်မိစ္ဆာဘုရင်များက သူတို့၏စွမ်းအားကို ထိန်းသိမ်းထားခြင်းကြောင့် မဟုတ်ပေ။ ပင်လယ်ဒေသပတ်ဝန်းကျင်ပြောင်းလဲသွားသဖြင့် မီးတောက်မိစ္ဆာများ၏ တိုက်ခိုက်မှုစွမ်းရည် မြင့်တက်လာခြင်း ဖြစ်သည်။

တိုက်ပွဲရှုံးနိမ့်လျှက် ဆက်တိုက်ဆုတ်ခွာနေရသော မီးတောက်မိစ္ဆာများက ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်လာကြသည်။

တိုက်စစ်နှင့် ခံစစ်အနေအထားက ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားသည်။

ကံကောင်းသည်မှာ ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် အခြားသူများက လျှင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြပြီး အခြေအနေကို ချက်ချင်းထိန်းချုပ်နိုင်သဖြင့် မီးတောက်မိစ္ဆာများ အလွယ်တကူ အသာစီးမရခဲ့ကြပေ။

ယွမ်ကျန်းဖုန်းတို့ သိုင်းသူတော်စင်အုပ်စုသာမက အခြားမီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်နေကြသည့် ဖူန်းအန်းစုနှင့် သိုင်းဆရာသခင်များသည်လည်း ရုတ်တရက်ပြောင်းလဲသွားသော တိုက်ပွဲအခြေအနေကြောင့် အတော်လေး အခက်ကြုံတွေ့ခဲ့ရသည်။ သူတို့အားလုံး တိုက်ပွဲအရှိန်မြှင့်ကာ ပိုမိုအားစိုက် တိုက်ခိုက်နေကြရ၏။

ပြောင်းလဲသွားသောပတ်ဝန်းကျင်တွင် မီးတောက်မိစ္ဆာဘုရင်များသာမက မီးတောက်မိစ္ဆာများအားလုံး ရေထဲလွှတ်လိုက်သည့် ငါးများပမာ သက်သောင့်သက်သာဖြစ်လျှက် ရှိကြသည်။

အထူးသဖြင့် မဟာမီးတောက်မိစ္ဆာများ စွမ်းအား ပိုမိုမြင့်မားလာသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများမှာ ကြီးမားသည့်ဖိအားများ ရင်ဆိုင်ကြရသည်။

လူသားမျိုးနွယ် အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်များက တိုက်ရည်ခိုက်ရည် မြင့်မားကြသလို အဆင့်မြင့်မှော်ဝင်လက်နက်များလည်း ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အဆင့်တူညီသည့်မီးတောက်မိစ္ဆာများထက် သာလွန်ကြသည်အမှန်ပင်။

ပင်လယ်ဒေသအခြေအနေ ပြောင်းလဲမသွားခင်က မီးတောက်မိစ္ဆာများသည် မွေးရာပါစွမ်းအားနှင့် အရေအတွက်များပြားခြင်းကိုသာ အားကိုးနေကြရပြီး သူတို့၏ တိုက်ရည်ခိုက်ရည်က လူသားများကို မမီကြပေ။

သို့သော် ‘ပကတိမီးသွေးကြော’ ပေါက်ကွဲသွားပြီးနောက် အရှေ့ပင်လယ်ပြင်က မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး မီးတောက်မိစ္ဆာများ ပိုမိုအားကောင်းလာကာ ကြမ်းတမ်းလာကြသည်။

ဖူအန်းစုနှင့် အခြားသူမျးမှာ အခြေအနေကို သတိမထားမိသဖြင့် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရ၏။ မီးတောက်မိစ္ဆာများ ရုတ်တရက် ထိုးစစ်ဆင်လာသဖြင့် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များစွာ ဒဏ်ရာရခဲ့ကြသည်။

မီးတောက်ပင်လယ်ပြင်ထက်တွင် တိုက်ခိုက်သည်မှာ အချိန်ကြာလာသည်နှင့်အမျှ မီးတောက်မိစ္ဆာများက ပိုမိုရဲတင်းကြမ်းတမ်းလာကြကြောင်း လူသားသိုင်းကျင့်ကြံသူများ တဖြည်းဖြည်း သတိပြုမိလာသည်။

ရန်ကျောက်ကဲ ပြဿနာကို နားလည်သွားသည်။

ဤ မီးတောက်ပင်လယ်ပြင်ကြီးက မီးတောက်မိစ္ဆာများ လိုအပ်သောစွမ်းအားကို အပြည့်အဝ ဖြည့်ဆည်းပေးနေသည်ပင်။

သူတို့‌နောက်သို့ လိုက်လာနေသည့် မဟာမီးတောက်မိစ္ဆာကြီးက ပင်ပန်းနွမ်းနယ်ဟန် တစ်ချက်မှမပြပေ။

သူ ပစ်လွှတ်လိုက်သည့် မီးတောက်လှံရှည်များက တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာသည်။ သူက အားကုန်သုံးပစ်လွှတ်နေခြင်းဖြစ်သည့်တိုင် သူ့ကိုကြည့်ရသည်မှာ စွမ်းအားကုန်ခမ်းသွားဟန်မရှိဘဲ ပို၍ပင် ကြမ်းတမ်းလာသည်။

ရန်သူက အားအင်ကုန်ခမ်းမသွားဘဲ ပိုမိုအားကောင်းလာနေကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

မီးတောက်လှံရှည်တစ်စင်း ပစ်လွှတ်လိုက်သည်နှင့် လေထဲတွင် ပေါက်ကွဲထွက်သွားပြီး မီးပင်လယ်ကြီးနှင့် ပေါင်းစပ်သွားသည်။

မီးတောက်လှံရှည်များ ဆက်တိုက်ပစ်လွှတ်နေခြင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဖက်မှ ဆူပွက်နေသည့် ပင်လယ်ရေနှင့်ပေါင်းစပ်ကာ ရန်ကျောက်ကဲကို ထွက်ပေါက်ပိတ်သွားစေသည်။

အားဟူက အံတင်းတင်းကြိတ်ရင်း...

“သခင်လေး... စောစောကပြောတော့ အစီအစဉ်တွေရှိတယ်ဆို ၊ အခု အဲဒါတွေ သုံးလို့ရသေးလား”

ရန်ကျောက်ကဲက ကျောထက်တွင် အမတကြိုးကြတောင်ပံကို ဖြန့်ကားလျှက် သူ၏ညာဘက်မျက်လုံးထဲမှ ခရမ်းစိမ်းရောင်လျှပ်စီးတစ်ချက်လင်းလက်သွားပြီး လျှပ်စီးစွမ်းအားများက သူ၏ခန္ဓာကိုယ်မှတစ်ဆင့် ကျောထက်မှ ကြိုးကြာတောင်ပံဆီသို့ စီးဆင်းဝင်ရောက်သွားသည်။

ကြိုးကြတောင်ပံများတုန်ခါသွားပြီး ရန်ကျောက်ကဲက အမြင့်ဆုံးအဆင့် အရှိန်အဟုန်ဖြင့် အနောက်ဘက်မှ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

အားဟူမေးခွန်းကြောင့် ရန်ကျောက်ကဲနှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး...

“ဟေ့အေး... အခုတော့ ဘာအစီအစဉ်မှ သုံးမရတော့ဘူး ၊ ဒါပေမဲ့ အသုံးဝင်မယ့်ပစ္စည်းတွေ ပြန်ယူရဦးမယ် ၊ လိုအပ်ရင် သုံးလို့ရအောင်...”

ပြောရင်း သူက ကောင်းကင်ထက်သို့ ရုတ်တရက် ပျံတက်ကာ အောက်ဘက်သို့ ချက်ချင်းပြန်လည်ထိုးဆင်းလိုက်ပြီး မဟာမီးတောက်မိစ္ဆာ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း အသဲအသန် ပြေးလွှားနေသည်။

ထို့နောက် ရန်ကျောက်ကဲက လက်များကို ဖြေလျှော့လိုက်ပြီး အားဟူနှင့် ပန်ပန်ကို အောက်ချလိုက်သည်။

သူက လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ထုတ်ယူလိုက်ပြီး နတ်ဆိုးခွင်းအင်းသင်္ကေတ (၃)ခုကို လေးညှို့ထက်တင်ကာ လေထဲပစ်လွှတ်လိုက်သည်။ နတ်ဆိုးခွင်းအင်းသင်္ကေတ (၃)ခု က ရွှေရောင်အလင်းစီးကြောင်း (၃)ခုအဖြစ် ပြောာင်းလဲသွားပြီး မဟာမီးတောက်မိစ္ဆာကြီးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

မြှားသုံးစင်ပစ်လွှတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက အောက်ဘက်မှ အားဟူနှင့် ပန်ပန်ကို ပြန်လည်ဖမ်းဆုပ်လိုက်ပြီး အမတကြိုးကြာတောင်ပံကို တဖျတ်ဖျတ်ခတ်ကာ ပျံသန်းထွက်ခွာသွားသည်။

နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများကြောင့် မဟာမီးတောက်မိစ္ဆာကြီး၏ ခြေလှမ်းများ ခဏမျှတုံ့ဆိုင်းသွား၏။ သို့သော် သူ့ခန္ဓာကိုယ်မှ မီးတောက်များ ချက်ချင်းပင် ပြန်လည်တောက်လောင်လာသည်။

ပတ်ဝန်းကျင်မီးတောက်ကမ္ဘာ၏ စွမ်းအားကြောင့် ရွှေရောင်ရေခဲများလျှင်မြန်စွာ အရည်ပျော်သွားသဖြင့် မီးတောက်မိစ္ဆာကြီးကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း မရှိပေ။

ထိုသတ္တဝါကြီးက ရန်ကျောက်ကဲနောက်သို့ ဒေါသတကြီးဖြင့် ဆက်လက်လိုက်ပါလာပြန်သည်။

ရန်ကျောက်ကဲက အားဟူနှင့်ပန်ပန်ကိုခေါ်ဆောင်ပျံသန်းရင်း ပင်လယ်ထဲသို့ ထိုးစိုက်ချလိုက်သည်။

ပင်လယ်ရေများက ပွက်ပက်ဆူနေပြီး မရေမတွက်နိုင်အောင်များပြားသော ရေပူဖောင်းကြီးမားက အဆက်မပြတ် ပေါက်ကွဲထွက်လျှက်ရှိသည်။

ပင်လယ်ရေအောက်သို့ ဆင်းသွားရန်မပြောနှင့် ၊ ဤ ရေပူပေါင်းများ ပေါက်ကွဲရုံဖြင့် ကြီးမားသောအဖျက်စွမ်းအားများ ပြင်းထန်နေပြီဖြစ်ရာ မည်သည့်လူသားမှ အနားကပ်နိုင်မည် မဟုတ်ပေ။

ပန်ပန်က ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အနက်ရောင်ရေစီးကြောင်းနှင့် အဖြူရောင်မီးတောက်များ ထွက်ပေါ်လာပြီး သူနှင့်အတူ ရန်ကျောက်ကဲနှင့်အားဟူကိုပါ လွှမ်းခြုံလိုက်သည်။

ထို အဖြူရောင်မီးတောက်နှင့် အနက်ရောင်ရေစီးကြောင်းများက ပွက်ပွက်ဆူနေသော ပင်လယ်ရေနှင့် တောက်လောင်နေသော မီးတောက်များကို ယာယီ ကွက်ပျောက်သွားစေသည်။

ရန်ကျောက်ကဲက အားဟူနှင့်ပန်ပန်ကို ခေါ်ဆောင်ပြီး ပင်လယ်ရေအောက်သို့ ပြန်လည်ဆင်းသက်သွားသည်။

ပင်လယ်ရေအောက်တွင် ချော်ရည်များ ၊ အရည်ပျော်နေသော ကျောက်တုံးကျောက်ဆောင်များ ၊ မီးတောက်များ ပြည့်နက်နေပြီး ပျက်စီးခြင်းတရားဖြင့် ဖုံးလွှမ်းကာ သွေးနီရောင်လွှမ်းလျှက်ရှိသည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ ပင်လယ်ရေထဲတွင်ရပ်တန့်ငြိမ်သက်နေသည့် ရေခဲဘောလုံးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုရေခဲဘောလုံးကြီးက ရေပြင်ထက်သို့တက်သွားခြင်းလည်းမရှိသလို ရေအောက်သို့လည်း ဆင်းသက်သွားခြင်း မရှိပေ။

လောင်ကျွမ်းနေသော ပင်လယ်ရေများကြားတွင် ထိုရေခဲဘောလုံးမျက်နှာပြင်မှ အက်ကွဲသံများ ထွက်ပေါ်လျှက်ရှိ၏။

ရေခဲဘောလုံးကြီးက တကယ်တမ်းအက်ကွဲသွားခြင်းမရှိသေးသော်လည်း မီးတောက်များပြည့်နေသည့် ပင်လယ်ပြင်ထဲတွင် ဆက်လက်တည်ရှိနေပါက ပျက်ဆီးသွားမည်မှာ အသေအချာပင်။

ရန်ကျောက်ကဲက ထိုရေခဲ‌ဘောလုံးကြီးကို သူ၏အရိပ်ကျုံ့အိတ်အတွင်း ထည့်သွင်းလိုက်သည်။ ရေခဲဘောလုံးကြီးမှာ ကြီးမားလွန်းသဖြင့် အရိပ်ကျုံ့အိတ်မှာ ဆင်ကိုမျိုရသည့်မြွေတစ်ကောင်ပမာ တစ်ဆို့နေသဖြင့် လက်ဖဝါးဖြင့် ဖိနှိပ်ချလိုက်ရ၏။

ခဏကြာပြီးနောက် နောက်မှလိုက်လာသော မီးတောက်မိစ္ဆာကြီးက သူတို့ကို မီလာပြန်သည်။

ရန်ကျောက်ကဲက ပင်လယ်ရေအောက်တွင် တောင်လောင်နေသောမီးတောက်များကို ဂရုတစိုက်လေ့လာရင်း အားဟူနှင့်ပန်ပန်ကိုလည်း သူနှင့်အတူ ခေါ်ထုတ်သွားရသည်။

“ဒါက တောင်ပိုင်းမြေအောက်နန်းတော်လိုမျိုးမဟုတ်ဘူး ၊ အရှေ့ပင်လယ်တစ်ခုလုံးက မြေအောက်မီးတောင်တွေ ပေါက်ကွဲထွက်ကုန်တာ ၊ ဒီမီးတောင်တွေက တစ်ခါပေါက်ကွဲရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး ၊ ဆုံချက်တွေကနေတစ်ဆင့် ကွင်းဆက်သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်”

ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် အေးစက်သောအလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

“မြေပြင်သွေးကြောနဲ့ ထိစပ်နေတဲ့ ဆုံချက်နေရာမှာတော့ ချိတ်ဆက်မှုလမ်းကြောင်းက အတော်လေး တည်ငြိမ်နေနိုင်တယ်”

စဉ်းစားရင်းပင် ပင်လယ်ရေအောက်ကြမ်းပြင် အက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော မီးတောက်များကို ရှောင်တိမ်းရသလို နောက်မှလိုက်လာသည့် မဟာမီးတောက်မိစ္ဆာကြီး၏ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းရသည်။

တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ရင်း ‘ပကတိမီးသွေးကြော’ ၏ သဘာဝအလျောက် လှည့်ပတ်မှုများကိုလည်း တွက်ချက်ရ၏။

ရန်ကျောက်ကဲမှာ တစ်လမ်းလုံး ပြေးရင်းလွှားရင်း စိတ်အာရုံ (၃)ခုခွဲကာ ဦးနှောက်ကို အလွန်အကျံ အလုပ်ပေးရသဖြင့် ခေါင်းများပင် မူးဝေလာခဲ့သည်။

ပြေးရင်းလွှားရင်း ပတ်ဝန်းကျင်မှ ပွက်ပွက်ဆူနေသော ပင်လယ်ရေအပူချိန်များ ရုတ်တရက်ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်သည့်အခေါ သွေးနီရောင်လွှမ်းနေသော ရေအောက်ပင်လယ်ထဲတွင် တေင်တန်းတစ်ခုပမာ နေရာတစ်ခုကို တွေ့လိုက်ရသည်။

ထိုအရာများမှာ ရေအောက်ကျောက်တန်းများဖြစ်ပြီး မမြင်ရသော စွမ်းအားတစ်ခုက ကာကွယ်ပေးထားသည့်အလား ပတ်ဝန်းကျင်ရှိ မီးတောက်များက ထိုနေရာကို ထိခိုက်နိုင်ခြင်း မရှိပေ။

ကျယ်ပြောလှသော ပင်လယ်ရေအောက်တစ်ခွင်တွင် နေရာတိုင်းမီးတောက်များ ပြည့်နက်နေသော်လည်း ဤနေရာတွင်တော့ အလွန်အန္တရယ်ကင်းသည်။

ထိုရေ‌အောက်ကျောက်တောင်တန်းများက လမ်းကြောင်းတစ်ခုပမာ အဝေးတစ်နေရာသို့ ချဲ့ထွင်သွားပြီး အဆုံးမရှိ ရှည်လျားသည်ဟု ထင်မှတ်ရသည်။

ရန်ကျောက်ကဲက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချရင်း...

“ထင်တဲ့အတိုင်းပဲ...”

ထိုအချိန် သူတို့နောက်မှလိုက်လာသော မီးတောက်မိစ္ဆာကြီးက သူတို့ကိုမီလာသည်။ အရှေ့ပင်လယ်ပတ်ဝန်းကျင်က လုံးဝ ပြောင်းလဲသွားသည်ဖြစ်ရာ ပင်လယ်ရေက မီးတောက်မိစ္ဆာများကို တားဆီးထားနိုင်ခြင်း မရှိတော့ပေ။ ထို မဟာမီးတောက်မိစ္ဆာကြီးရောက်လာသည်နှင့် အေးချမ်းသော ဤနေရာလေးသည်ပင် အပူရှိန်များ တဟုန်းဟုန်း မြင့်တက်လာသည်။

မဟာမီးတောက်မိစ္ဆာကြီးက ရန်ကျောက်ကဲရှိရာသို့ သူ၏ ခြေထောက်လေးချောင်းလုံး အသုံးပြုကာ အကြမ်းပတမ်းပင် ပြေးလွှားလာသည်။

ရန်ကျောက်ကဲက သူ့ကိုအရေးမစိုက်ဘဲ ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးချယ်ပြီး မီးတောက်များမရှိသည့် ကျောက်တောင်တန်းအတိုင်း ရှေ့ဆက်လျှောက်သွားသည်။

သူ့စိတ်ထဲတွင် ဦးတည်ရာလမ်းကြောင်းကို အဆက်မပြတ်တွက်ချက်နေရင်း သူ့အနောက်မှ မဟာမီးတောက်မိစ္ဆာကြီး၏ တိုက်ခိုက်မှုများကိုလည်း ခုခံနေရလေရာ အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲ၏ အရှိန်အဟုန်က တဖြည်းဖြည်း နှေးကွေးလာသည်။

ပြေးလွှားလာစဉ်မှာပင် သူ့အရှေ့မှ ရေအောက်ကျောက်တောင်တန်းတွင် ပြတ်ရွေ့တစ်ခု ဖြစ်ပေါ်နေပြီး ချောက်နက်တစ်ခုပမာ အက်ကွဲကြောင်းတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။

ထို ချောက်နက်အက်ကွဲကြောင်းက အခြားသော ပင်လယ်ရေအောက်အက်ကွဲကြောင်းများနှင့် မတူညီပဲ ပြိုကျနေသည့်တောင်တန်းနေရာ အလယ်တည့်တည့်တွင် တွင်းနက်ကြီးတစ်ခုပမာ နက်ရှိုင်းစွာ ချိုင့်ဝင်နေသည်။

ထိုချောက်နက်ကြီးထဲတွင် သွေးနီရောင်မီးတောက်များ တောက်လောင်လျှက် ရှိလေ၏။

All Chapters