အကုန်သတ်ပစ်စမ်း
Vol. 16 Ch. 151
ကျယ်ပြန့်သော ရေခဲတောင်တန်းများအကြားတွင် မသေမျိုးလှိုဏ်ဂူတစ်ခု ရှိလေ၏။
ဤလှိုဏ်ဂူသည် တောင်တန်း၏ထက်ဝက်ခန့်အထိ ထိုးဖောက်ဝင်ရောက်ထားပြီး အတွင်းဘက်တွင် မြေအောက်နန်းတော်တစ်ခုအလား လမ်းကြောင်းများကို အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကျက်ထားသည်။
ဤသည်မှာ ဖူကွမ်လှိုဏ်ဂူပင်။
ဖူကွမ်လှိုဏ်ဂူသည် နန်းတော်တစ်ခုနှင့် တူညီပြီး ကြီးမားကျယ်ပြန့်ကာ ရှေးဟောင်းဆန်ပြီး လှပသော ပုံစံများ အလွန်အမင်း ခမ်းနားထည်ဝါသော အပြင်အဆင်များဖြင့် တန်ဆာဆင်ထားသည်။
လှိုဏ်ဂူအတွင်း၌ မီးပုံကြီးတစ်ခု တောက်ပနေပေ၏။
လှိုဏ်ဂူသခင် စစ်ထူဝူကျီးသည် ပင်မခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး အသားများကို စားသောက်ကာ ဝိုင်အရက်များကို မော့သောက်နေသည်။ သူ၏နံဘေးပတ်လည်တွင် သူ့ကို ပြုစုနေသော အမျိုးသမီးဆယ်ယောက်ကျော် ရှိနေသည်။
အောက်ရှိ ဘေးတစ်ဖက်တစ်ချက်တွင် မဟာအစောင့်အရှောက်များနှင့် အဆင့်မြင့်အဖွဲ့ဝင် အမြောက်အများသည်လည်း အမျိုးသမီးများနှင့် ကစားနေကြသည်။
လူတချို့ဆိုလျှင် နေရာမှာပင် အတင်းအဓမ္မ ပြုကျင့်နေကြ၏။
ဤအမျိုးသမီးများအနက် အများစုသည် တောင်ပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လာခြင်း ခံထားရသော အဆင့်နိမ့် ကျင့်ကြံသူများပင်။
အမျိုးသမီးတချို့သည် စိတ်ဝိညာဉ်နှင့် အသက်စွမ်းအား ကင်းမဲ့သွားသည်အထိ နှိပ်စက်ခံထားရပြီး လမ်းလျှောက်နေသော ဖုတ်ကောင်များအလား ဖြစ်နေကာ သူတို့၏ စိတ်ကြိုက်နေရသော ကစားစရာများ ဖြစ်နေကြသည်။
အမျိုးသမီးတချို့ကမူ အစွမ်းကုန်ရုန်းကန်၍ ခုခံရန် ကြိုးစားနေသည်။
သို့သော် သူမတို့၏ ကျင့်ကြံဆင့်စွမ်းအားများကို ချိတ်ပိတ်ထားခြင်း မခံရလျှင်ပင် ဤအဆိပ်ပြင်းသောလက်များမှ သူမတို့သည် မည်သို့ လွတ်မြောက်နိုင်မည်နည်း။
အချိန်အတိုင်းအတာတစ်ခုထိ ငိုကြွေးသံများနှင့် တောင်းပန်သံများသည် ညစ်ညမ်းသော ရယ်သံများ ဆူညံသံများနှင့်အတူ ပင်မခန်းမဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပေ၏။
ဤနေရာသည် အမှန်တကယ်ကို နတ်ဆိုးများ၏ သုခဘုံဖြစ်ကာ မြေပြင်ပေါ်ရှိ ငရဲခန်းတစ်ခုပင်။
"ဂူသခင်... ဒီအဆင့်နိမ့်ကျင့်ကြံသူတွေနဲ့ ကစားရတာ မပျော်တော့ဘူး..."
"တစ်နေ့နေ့ကျရင် ဂိုဏ်းကြီးတွေကို သွားပြီး သူတော်စင်မိန်းမပျိုလေးတွေကို သွားဖမ်းပေးပါလား..."
"အဲ့ဒီလို အဆင့်အတန်းရှိတဲ့ အမျိုးသမီးတွေနဲ့ ကစားရတာက ဒီလို သာမန်ပြည့်တန်ဆာမတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်..."
အဘိုးအိုတစ်ဦးက ထိုသို့ပြောဆိုပြီးသည်နှင့် သူ၏အောက်ရှိ အမျိုးသမီးကို ရိုက်သတ်လိုက်သည်။
ဤသည်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုကို ပြသလိုက်ခြင်းပင်။
ဤမြင်ကွင်းကြောင့် ပျော်ပါးနေသော လူအုပ်ကြီးသည် ရပ်တန့်မသွားဘဲ သွေးစက်များက သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ တိရစ္ဆာန်စိတ်များကို ပို၍လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
လူတိုင်းသည် ဤအခြေအနေကို ကျင့်သားရနေကြပြီဖြစ်ကြောင်း သိသာထင်ရှားသည်။
စစ်ထူဝူကျီးသည် စားပွဲခုံကို လက်ချောင်းများဖြင့် ခေါက်လိုက်ပြီး တည်ငြိမ်သော အမူအယာဖြင့် ပြောဆိုသည်။
"သူတော်စင်မိန်းမပျိုလေးတွေအတွက် အလောတကြီး လုပ်ဖို့ မလိုပါဘူး..."
"မင်းတို့ ဖူကွမ်လှိုဏ်ဂူကို ဝင်လာတုန်းက ဒီဂူသခင် ပြောခဲ့တယ်လေ... လောကကြီးပေါ်မှာ အကောင်းဆုံး အစားအစာနဲ့ အဖျော်ယမကာတွေ အပြင်းဆုံး ဝိုင်တွေ အလှဆုံး မိန်းမတွေကို ခံစားစေရမယ်... လွတ်လပ်ပြီး အတားအဆီးမရှိ နေထိုင်စေရမယ်လို့ ကတိပေးခဲ့တယ်မလား... အဲ့ဒါက ငါတို့ ကျင့်ကြံသူတွေ လိုက်စားတဲ့ ပူပန်မှုကင်းတဲ့ ဘဝပဲ..."
"ဒါပေမဲ့ ကိုယ်လိုချင်တာ လုပ်နိုင်ဖို့အတွက် စွမ်းအားက အရာအားလုံးရဲ့ လိုအပ်ချက်ပဲ..."
"ဒီဂူသခင်ရဲ့ ကျင့်ကြံဆင့် ထပ်တက်သွားပြီဆိုရင် မင်းတို့ကို ဦးဆောင်ပြီး ကိစ္စကြီးတစ်ခုကို လုပ်ကြတာပေါ့..."
"သူတော်စင်မိန်းမပျိုလေးတွေကို မပြောနဲ့... သူတော်စင်မိန်းမပျိုလေးရဲ့အမေကိုပါ ကြိုးတုပ်ပြီး မင်းတို့ရဲ့ကုတင်ပေါ် ပို့ပေးရမယ်ဆိုရင်တောင် ပြဿနာမရှိဘူး..."
"ဂူသခင်က တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ..."
"ဂူသခင်က တကယ်ကို စွမ်းအားကြီးတာပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမထဲရှိ အခြေအနေ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
အောက်ဘက်ရှိ လူများသည် စစ်ထူဝူကျီးကို တစ်ယောက်ပြီးတစ်ယောက် မြှောက်ပင့် ချီးကျူးကြတော့သည်။
"ခင်ဗျားတို့မှာ အဲ့ဒီအခွင့်အရေး ရှိတော့မယ် မထင်ဘူး..."
ထိုအချိန်မှာပင် လှိုဏ်ဂူ၏အပြင်ဘက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
ဤသဟဇာတ မဖြစ်သော အသံသည် ချီးကျူးသံများကြားတွင် အလွန်စူးရှနေပေ၏။
ထို့ကြောင့် လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဘယ်သူလဲ..."
သူတို့သည် မျက်မှောင်ကြုတ်ကာ ဒေါသတကြီးဖြင့် ကြည့်လိုက်ကြစဉ်မှာပင် ကျုံးချင်သည် ဟေးပိုင်နှင့်အတူ ဝင်ရောက်လာသည်။
သူသည် ပင်မခန်းမဆောင်ထဲသို့ တိုက်ရိုက် လျှောက်လှမ်းလာပေ၏။
စစ်ထူဝူကျီး၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာခက်ထန်သွားသည်။
"ကောင်လေး... ငါ့ရဲ့ ဖူကွမ်လှိုဏ်ဂူထဲကို ကျူးကျော်ဝင်ရောက်ရဲတဲ့ မင်းရဲ့သတ္တိကို ချီးကျူးပါတယ်..."
"နာမည်ပြောစမ်း... ဒီဂူသခင်က နာမည်မရှိတဲ့ ကောင်တွေကို မသတ်ဘူး..."
ကျုံးချင်က စစ်ထူဝူကျီး၏ရန်စမှုကို လျစ်လျူရှုလိုက်သည်။
ထိုအစား သူသည် ငရဲခန်းသဖွယ် ဖြစ်နေသော မြင်ကွင်းကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။
သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကျင့်ကြံခြင်းလောကသည် ရက်စက်ကြမ်းကြုတ်ကြောင်း သူ သိထားသည်။
အသန်မာဆုံးသူသည် အားနည်းသူကို သားကောင်အဖြစ် သတ်မှတ်ပြီး အစွမ်းထက်သူသာ လေးစားခံရသည်။
သို့သော် ကိုးနှစ်တာ မသင်မနေရ ပညာရေးကို သင်ကြားခဲ့ဖူးသူ တစ်ယောက်အနေဖြင့် ဤမြင်ကွင်းသည် သူ၏ လောကအမြင်ကို များစွာ ထိခိုက်စေပြီး သူ၏ ကိုယ်ကျင့်တရား စံနှုန်းများကို ပြင်းထန်စွာ စိန်ခေါ်နေသည်။
လှိုဏ်ဂူထဲရှိ ဤအမျိုးသမီးများသည် လူ့အခွင့်အရေး မရှိကြချေ။ သူတို့၏ ခန္ဓာကိုယ်မှသည် စိတ်ဝိညာဉ်အထိ ဖျက်ဆီးခြင်းနှင့် နင်းချေခြင်းကို ခံနေကြရသည်။
ဤလူများသည် လူသားမဆန်ကြပေ။
သူတို့ကို တိရစ္ဆာန်များဟု ခေါ်ဆိုလျှင်ပင် လွန်မည် မဟုတ်ချေ။
"ခင်ဗျားတို့အားလုံး သေသင့်တယ်..."
ကျုံးချင်သည် ဤကဲ့သို့ သတ်ဖြတ်လိုစိတ်မျိုးကို ရှားရှားပါးပါး ခံစားမိပေ၏။
သူသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း သူ ဝန်ခံသည်။
သို့သော် ဤကဲ့သို့သော အမှိုက်ကောင်များအတွက် ဤအမျိုးသမီးများကို ဒုက္ခမှ ကယ်တင်ပေးရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
"ဟား ဟား..."
"တကယ်ကို ကျားမကြောက်တဲ့ နွားပေါက်လေးပဲ..."
ကျုံးချင်၏ စကားများသည် လူအုပ်ကြီးအကြားတွင် ကြီးမားသော မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
လူငယ်တစ်ယောက်က သူတို့၏ နယ်မြေထဲတွင် ဤမျှထိ မောက်မာစွာ ပြောဆိုရဲသလော...
"မင်းရဲ့အရည်အချင်းက မင်းရဲ့လေလုံးနဲ့ ညီမညီ ဒီအဘိုးကြီးကို ပြစမ်း..."
တတိယအစောင့်အရှောက်သည် ဓားကြီးတစ်လက်ကို ဝှေ့ယမ်းပြီး ရှေ့သို့တက်လာကာ ကျုံးချင်ဆီသို့ တိုက်ရိုက်ပြေးဝင်သွားသည်။
တောက်ပသော ဓားအလင်းရောင်သည် အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။
သုံးကျန့်အရှည်ရှိသော ဓားချီတစ်လှိုင်းသည် ကျုံးချင်ထံသို့ ချက်ချင်းရောက်ရှိသွားပေ၏။
တတိယအစောင့်အရှောက်၏ စွမ်းအားသည် နိမ့်ပါးခြင်းမရှိချေ။ သူသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်။
ထိုကဲ့သို့ စွမ်းအားသည် အရှေ့ပိုင်းဒေသတွင် ဆိုလျှင် ဒုတိယတန်းစား ဂိုဏ်းတချို့၏ ဂိုဏ်းချုပ် ဖြစ်လာရန် လုံလောက်သည်။
ကံမကောင်းစွာဖြင့် သူသည် ကျုံးချင်နှင့် တွေ့ဆုံခဲ့ရသည်။
ကျုံးချင်က သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်...
နတ်ဘုရားအလင်းတန်းတစ်တန်း ပျံ့လွင့်သွားသည်။
တတိယအစောင့်အရှောက်သည် သူ၏ ဓားကြီးနှင့်အတူ နှစ်ပိုင်းပြတ်ထွက်သွားပေ၏။
"ရှီး..."
ဤကဲ့သို့ စွမ်းအားပြသမှုသည် ဖူကွမ်လှိုဏ်ဂူမှ လူများကို အသက်ရှူမှားသွားစေသည်။
သူတို့သည် ကျုံးချင်ကို ချက်ချင်းဆိုသလိုပင် အလေးအနက်ထား၍ ဆက်ဆံလိုက်ကြသည်။
"လူကြီးမင်း... ခင်ဗျားက တကယ်ပဲ ကျွန်တော့်ရဲ့ ဖူကွမ်လှိုဏ်ဂူနဲ့ ရန်သူလုပ်ချင်တာလား..."
စစ်ထူဝူကျီးက သူ၏မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။
သူ၏ကျင့်ကြံဆင့်စွမ်းအားနှင့် ဆိုလျှင်ပင် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ဤမျှထိ လွယ်ကူစွာ သတ်ဖြတ်နိုင်မည် မဟုတ်ကြောင်း သူ ဝန်ခံရပေမည်။
"ဒီလူရဲ့ စွမ်းအားက ငါ့ထက် မနိမ့်ကျဘူးပဲ..."
သူသည် သူ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်လိုက်၏။
"ငြင်းမရနိုင်လောက်အောင်ကို လူကြီးမင်းရဲ့ စွမ်းအားက ကြောက်စရာ ကောင်းပါတယ်..."
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ဖူကွမ်လှိုဏ်ဂူကလည်း အသေးအမွှား မဟုတ်ဘူး..."
"ဒီဂူသခင် အပါအဝင် ကျွန်တော့်ရဲ့ဖူကွမ်လှိုဏ်ဂူမှာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ သုံးယောက်နဲ့ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိတယ်..."
"တကယ်လို့ ကျွန်တော်တို့က အတူပူးပေါင်းပြီး တိုက်ခိုက်ကြရင် လူကြီးမင်းက ရင်ဆိုင်နိုင်ပါ့မလားဆိုတာ သိချင်မိတယ်..."
သူသည် အကျိုးသင့်အကြောင်းသင့် ပြောပြပြီး အချက်အလက်များကို တင်ပြကာ ကျုံးချင်ကို ပြန်လွှတ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းဆိုသည်မှာ တိုက်ခိုက်သတ်ဖြတ်ခြင်း သက်သက်မဟုတ်ဘဲ လူမှုဆက်ဆံရေးလည်း ပါဝင်ပေ၏။
သို့သော် ကျုံးချင်က နောက်တွင်ရှိနေသော ဟေးပိုင်ကို ပြောလိုက်သည့် စကားအား စစ်ထူဝူကျီးက ကြားလိုက်ရသည်။
"မိန်းမတွေကလွဲပြီး အကုန်သတ်ပစ်..."
ဤစကားများသည် စစ်ထူဝူကျီးကို လုံးလုံးလျားလျား ဒေါသထွက်သွားစေသည်။
သူသည် ကျုံးချင်ကို သတိထားနေပြီး ပဋိပက္ခ မဖြစ်ချင်ခဲ့ပေ။
သို့သော် သူသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခြင်း မဟုတ်ချေ။
သူ၏သည်းခံမှုကို ဤကဲ့သို့ ရဲတင်းစွာ တုံ့ပြန်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့မိချေ။ ဤလူသည် အမှန်တကယ်ကို သူ့အား အနိုင်ကျင့်၍ လွယ်သည်ဟု ထင်နေသလော....
သူ၏ဒေါသများ ပေါက်ကွဲတော့မည့် အချိန်၌...
ဟေးပိုင်သည် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးနောက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၏ ကျင့်ကြံဆင့်စွမ်းအားများ အပြည့်အဝ ပွင့်အံ့ထွက်လာသည်ကို မြင်လိုက်ရသည်။
စွမ်းအားကြီးမားသော အရှိန်အဝါကြောင့် စစ်ထူဝူကျီး၏ သတ်ဖြတ်လိုစိတ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။
"စီနီယာ... အသက်ချမ်းသာပေး..."
'ပါ' ဟူသော စကားလုံး မထွက်လာခင်မှာပင်...
ဟေးပိုင်သည် သူ့ကို ချက်ချင်းသတ်ဖြတ်လိုက်လေပြီ။
လှံရှည်တစ်ချောင်း ပျံ့လွင့်လာကာ ရေခဲနံရံပေါ်တွင် တိုက်ရိုက်စိုက်ဝင်သွားသည်။
ဤတိုက်ခိုက်မှုသည် အလွန်အမင်း လျင်မြန်ပြီး သန့်ရှင်းသပ်ရပ်ပေ၏။
စစ်ထူဝူကျီး သေဆုံးသွားသည်နှင့် လူအုပ်ကြီးသည် ချက်ချင်းပရမ်းပတာ ဖြစ်သွားကြသည်။
"ဂူသခင် သေပြီ... ပြေး... ပြေးကြတော့..."
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး...
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးမှ လှုပ်ရှားရသည်အထိ သူတို့ထံတွင် မည်ကဲ့သို့အရည်အချင်းများ ရှိနေသနည်း....
မျက်စိတစ်မှိတ်အတွင်း လူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
လူတချို့သည် ဘောင်းဘီဝတ်ရန်ပင် အချိန်မရဘဲ ကိုယ်လုံးတီးဖြင့် ပြေးလွှားနေကြ၏။
ဤနေရာတွင် တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်တော့သည်။
ငိုကြွေးသံများနှင့် တောင်းပန်သံများ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။
အကယ်၍ ဤနေရာသည် ယခင်က နတ်ဆိုးများ၏သုခဘုံ ဖြစ်ခဲ့လျှင်...
ယခုအချိန်တွင်မူ နတ်ဆိုးသားသတ်ရုံ ဖြစ်လာခဲ့လေပြီ။
ပုံရိပ်များ တစ်ခုပြီးတစ်ခု လဲကျသွားသည်နှင့်အမျှ အလောင်းများသည် မြေပြင်ပေါ်တွင် ပြည့်နှက်နေပေ၏။
သွေးများသည် ပင်မခန်းမဆောင် တစ်ခုလုံးကို အနီရောင်ဖြစ်သွားစေလုနီးပါးပင်။
မကြာမီ ကျုံးချင်နှင့်ဟေးပိုင်မှလွဲ၍ ထိုနေရာတွင် အသက်ရှူနေသော တခြားယောက်ျားသားဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်တော့ချေ။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏လက်ထဲတွင် သူ၏နယ်မြေထဲသို့ ဝင်ရောက်လာသူ မည်သူမဆို သူ့ထက် ကျင့်ကြံဆင့် ပိုမမြင့်မချင်း ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင်။
"သခင်... တာဝန်ပြီးဆုံးပါပြီ..."
ဟေးပိုင်သည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ကျုံးချင်ကို ဦးညွတ်ပြီး သတင်းပို့လိုက်သည်။
"အင်း..."
ကျုံးချင်က ခေါင်းညိတ်လိုက်သည်။
သူသည် နောက်ထပ် အမိန့်တစ်ခု ထပ်မံ၍ ပေးလိုက်၏။
"သူတို့ရဲ့ သိုလှောင်အိတ်တွေ အကုန်လုံးကို သိမ်းလိုက်စမ်း..."
ဟေးပိုင်က သိုလှောင်အိတ်များကို လိုက်လံသိမ်းဆည်းနေစဉ်တွင်...
ဖမ်းဆီးခံထားရသော အမျိုးသမီး ကျင့်ကြံသူများသည် နောက်ဆုံးတွင် အသိဝင်လာကြသည်။ သူတို့ကို ဖမ်းဆီးထားသော နတ်ဆိုးများ သေဆုံးသွားကြလေပြီ။
ဒါပေမဲ့ အခုရောက်လာတဲ့ လူတွေက ဘယ်သူတွေလဲ...
သူမတို့သည် အခက်အခဲတစ်ခုမှ လွတ်မြောက်လာပြီး နောက်ထပ် အဆိပ်ပြင်းသော လက်တစ်စုံထဲကို ကျရောက်သွားနိုင်သလော....
အချိန်တခဏအတွင်းတွင် ထိုအမျိုးသမီးများသည် ကျုံးချင်ကို ကြောက်ရွံ့စွာ ကြည့်နေကြပြီး ထောင့်တစ်နေရာတွင် တုန်တုန်ရီရီဖြင့် စုရုံးနေကြသည်။
သူမတို့သည် တောင်းပန်စကားများကို ထစ်အငေါ့ငေါ့ဖြင့် စတင်၍ ပြောဆိုလိုက်ကြ၏။