အိမ်တိုင်ရာရောက် လည်ပတ်ခြင်း
Vol. 16 Ch. 157
"သဘာဝကျကျ ငါ့ကိုပဲ ပေးရမှာပေါ့..."
မိသားစုခေါင်းဆောင်သုံးဦးလုံး တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။
သူတို့၏မျက်လုံးများသည် ပြင်းပြသော ဆန္ဒများဖြင့် စူးရှတောက်ပနေကြ၏။
ရတနာသည် စိတ်နှလုံးကို လှုပ်ရှားစေပြီး ချမ်းသာကြွယ်ဝမှုသည် စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည်ဟု လူအများက ပြောဆိုကြသည်။
အုပ်စိုးသူအရှင် အမွေအနှစ်...
အဆင့်အတန်းနှင့် ရာထူးတစ်ခုခု ရှိသူများသာလျှင် ထိုကဲ့သို့သော အရာမျိုးသည် မည်မျှ တန်ဖိုးရှိကြောင်း အမှန်တကယ် နားလည်သဘောပေါက်ကြပေမည်။
ထိုအချိန်မှာပင် နန်ကုန်းရှန်ထျန်းက ဖြည်းညှင်းစွာ ပြောဆိုသည်။
"ကျွန်တော်လည်း ဘယ်သူ့ကို ပေးရမလဲ မသိဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ နန်ကုန်းမိသားစုက ခင်ဗျားတို့ မိသားစုသုံးစုထဲက ဘယ်တစ်စုကိုမှ မပြစ်မှားရဲပါဘူး..."
"ခင်ဗျားတို့ သုံးယောက် ရလဒ်တစ်ခု ရအောင် အရင် ဆွေးနွေးကြရင်ရော... ပြီးမှ ကျွန်တော်တို့ ထိုင်ပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့..."
ချန်မိသားစုခေါင်းဆောင် ချန်ဖင်းက ပထမဆုံး ပြောဆိုလိုက်သည်။
"ညီအစ်ကိုလီက ခုဏကပဲ ပြောတယ် မဟုတ်လား... ကျွန်တော်တို့နှစ်ယောက်က သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလို့ ပြောခဲ့တယ်လေ... လူကြီးလူကောင်းဆိုတာ တခြားသူတွေ သူတို့ရဲ့ရည်မှန်းချက် အောင်မြင်အောင် ကူညီပေးရတယ်လို့ ဆိုရိုးစကား ရှိတယ်လေ..."
"ညီအစ်ကိုလီ... ခင်ဗျားက ဒီအုပ်စိုးသူအရှင် အမွေအနှစ် အတွက် ကျွန်တော်တို့နဲ့ မယှဉ်ပြိုင်သင့်ဘူး မဟုတ်လား..."
လီယန်အန်းက အော်ဟစ်ရယ်မောလိုက်သည်။
"ရင်းနှီးတဲ့ ညီအစ်ကိုတွေတောင် စာရင်းရှင်းရင် တိကျရတယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်..."
"ဒီလို နတ်ဘုရားအဆင့် ရတနာမျိုးအတွက် မိတ်ဆွေရင်းတွေကို မပြောနဲ့... ကိုယ့်ရဲ့မိဘအရင်းကိုတောင် အလျှော့ပေးလို့ မရဘူး..."
ဝမ်တုန်းက အခွင့်ကောင်းယူပြီး ဝင်ပြောလိုက်သည်။
"ငြင်းနေစရာ မလိုပါဘူး... အုပ်စိုးသူအရှင် အမွေအနှစ်ကို ရယူဖို့ ငါ ဆုံးဖြတ်ပြီးပြီ..."
"အုပ်စိုးသူအရှင် အမွေအနှစ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ဝမ်မိသားစုရဲ့ ရန်သူပဲ..."
ဤစကားများသည် ချန်ဖင်းနှင့်လီယန်အန်းကို ချက်ချင်းဆိုသလိုပင် မကျေမနပ် ဖြစ်သွားစေသည်။
ချန်ဖင်းက တိုက်စစ်ပြောင်းလိုက်ပြီး လှောင်ပြောင်လိုက်၏။
"ညီအစ်ကိုဝမ်... ခင်ဗျားရဲ့ဝမ်မိသားစုက သန်မာပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ချန်မိသားစုနဲ့ လီမိသားစုကရော ကိုင်တွယ်ရ လွယ်ကူမယ်လို့ ထင်နေတာလား..."
"ခင်ဗျား အဲ့ဒီလို ပြောတာက... ခင်ဗျားရဲ့ မျက်လုံးထဲမှာ ကျွန်တော်တို့ မိသားစုနှစ်စုကို မရှိဘူးလို့ ပြောချင်တာလား..."
လီယန်အန်းကလည်း ထောက်ခံလိုက်သည်။ "ဟုတ်တယ်..."
"ညီအစ်ကိုချန်... ကျွန်တော်တို့ မိသားစုနှစ်ခု ပူးပေါင်းပြီး ဝမ်မိသားစုကို အရင် ရှင်းပစ်လိုက်ရင် ဘယ်လိုလဲ... ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့... ပြီးမှ အုပ်စိုးသူအရှင် အမွေအနှစ်ကို ဘယ်သူပိုင်မလဲ ဆိုတာ ဆွေးနွေးကြတာပေါ့... ဘယ်လိုလဲ..."
ထိုစကားများက ချန်ဖင်း၏နှလုံးခုန်သံကို လျှင်မြန်သွားစေသည်။
ဤကိစ္စ ဖြစ်ပွားသည့်နေရာသည် ထူးခြားစွာ စည်ကားနေပေ၏။
အုပ်စိုးသူအရှင် အမွေအနှစ် အတွက် ပြိုင်ဆိုင်နေကြသော မိသားစုခေါင်းဆောင် သုံးဦးသည် ဝံပုလွေသုံးကောင် အစာလုနေသော ပြဇာတ်တစ်ပုဒ်ကို ကပြနေကြခြင်းပင်။
ချန်နှင့်လီမိသားစုများ မဟာမိတ် ဖွဲ့တော့မည်ကို မြင်တွေ့ချိန်၌ ဝမ်မိသားစု ခေါင်းဆောင် ဝမ်တုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ချန်ဖင်း... လီယန်အန်း... မင်းတို့ လူယုတ်မာ အဘိုးကြီးနှစ်ယောက်... နောက်နေတာကို ရပ်လိုက်ကြစမ်း..."
"တခြားသူတွေကို နောက်ကျောကနေ ဓားနဲ့ထိုးတတ်တဲ့ မင်းတို့ရဲ့ အကျင့်စရိုက်နဲ့... တကယ်ရော တစ်ယောက်ကိုတစ်ယောက် ယုံကြည်နိုင်လို့လား..."
"မဟာမိတ်ဖွဲ့တယ် ဆိုတာ ဟာသသက်သက်ပါပဲ..."
"ငါ့ကို မေးရင်တော့... ဘာလို့ ဒီလောက်ထိ တုံ့ဆိုင်းကြမှာလဲ..."
"ကျင့်ကြံခြင်းလောကမှာ အသန်မာဆုံးလူကို လေးစားကြတယ်လေ... အစစ်အမှန်တိုက်ပွဲတစ်ပွဲ ဘာလို့ မတိုက်ခိုက်ကြတာလဲ..."
"ဘယ်သူက သန်မာကြောင်း သက်သေပြနိုင်မလဲ... အုပ်စိုးသူအရှင် အမွေအနှစ်က အဲ့ဒီလူနဲ့ သက်ဆိုင်လိမ့်မယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တခြားလူနှစ်ယောက်၏မျက်တောင်များ လှုပ်ခတ်သွားကြသည်။
လီယန်အန်းက ပြုံးလိုက်သည်။
"ငါတို့အားလုံးက အဆင့်အတန်းနဲ့ ရာထူးရှိတဲ့ လူတွေလေ... တိုက်ခိုက်သတ်ဖြတ်တာက ဘယ်လိုလုပ်ပြီးတော့ သင့်တော်မှာလဲ..."
"ဒါပေမဲ့..."
ထိုစကားကိုပြောဆိုရင်း သူသည် တိုက်ရိုက် လှုပ်ရှားလိုက်၏။
သူသည် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်ရာ မရေမတွက်နိုင်သော လက်ဝါးပုံရိပ်ယောင်များ ပျံ့လွင့်လာပြီး မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်၏ ထူးခြားသောစွမ်းအားများ ချက်ချင်းပွင့်အံ့ထွက်လာကာ ဝမ်တုန်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုနှင့်အတူ လီယန်အန်း၏ အေးစက်ပြီး ရက်စက်သောအသံ ထွက်ပေါ်လာသည်။
"အစ်ကိုဝမ်မှာ ဒီလို အကြံပြုချက် ရှိမှတော့... ဒီနေ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ငါ့ရဲ့အသက်နဲ့ရင်းပြီး စွန့်စားရတော့မှာပေါ့..."
"ဝုန်း..."
ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး တောင်တန်းများ ပြိုကျသည့်အလား ခန်းမဆောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
"လာတာ ကောင်းတယ်..."
ဝမ်တုန်းက အော်ငေါက်လိုက်သည်။
သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သွေးချီစွမ်းအားများသည် ကြီးမားသော မြစ်ကြီးတစ်စင်းအလား တလိမ့်လိမ့်ထလာသည်။
သူသည် လက်တစ်ဖက်ကိုဆုပ်ပြီး လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်၏။
သူ၏လက်သီးချက်တွင် ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။
ထိုတိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းဂယက်များ ဖြာထွက်သွားပြီး ပင်မခန်းမဆောင်၏တစ်ဝက်ခန့်ကိုပင် လွင့်ထွက်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် နန်ကုန်းမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များသည် အင်အား မနည်းလှသဖြင့် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ကြချေ။
အကယ်၍ သာမန်မိသားစုတပည့်များသာ ရှိနေခဲ့လျှင် ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့် မသေလျှင်ပင် သေလုမျောပါး ဖြစ်သွားကြပေလိမ့်မည်။
သူတို့ တိုက်ခိုက်နေစဉ် အတောအတွင်း၌ ဝမ်တုန်း၏ မောက်မာသော ရယ်မောသံများ ထွက်ပေါ်လာသည်။
"လီယန်အန်း... မင်းက လူယုတ်မာပဲ.. မင်းက မလိုချင်ဘူးလို့ ပြောပြီးတော့ မင်းရဲ့ လုပ်ရပ်တွေက တခြားဘယ်သူ့ထက်မဆို ပိုပြီးရက်စက်နေပါလား..."
"မင်းရဲ့ ဟန်ဆောင်ကောင်းတဲ့စရိုက်ကို ငါ ရွံနေတာ ကြာပြီ..."
"ဒီနေ့... နှစ်တွေကြာလာတဲ့အချိန်မှာ မင်းရဲ့ စွမ်းအား တိုးတက်လာလားဆိုတာ ကြည့်ကြသေးတာပေါ့..."
"ဘုန်း..."
ထိုစကားကိုပြောဆိုရင်း သူတို့နှစ်ဦးသည် နောက်ထပ်ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုဖြင့် တိုက်ခိုက်လိုက်ကြသည်။
မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးကြားရှိ ပဋိပက္ခသည် သံသယဖြစ်ဖွယ်မလိုဘဲ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
သူတို့၏ လှုပ်ရှားမှုတိုင်းနှင့် တိုက်ခိုက်မှုတိုင်းတွင် ကောင်းကင်နှင့်မြေပြင် တုန်ခါစေသော စွမ်းအားများ ပါဝင်နေသည်။
လှိုင်းထန်နေသော နက်နဲသိမ်မွေ့သည့် စွမ်းအင်များသည် လူသားပုံစံယူထားသော မွန်းစတားကြီးနှစ်ကောင် တိုက်ခိုက်နေသည့်အလား တဝုန်းဝုန်းထနေသည်။
နန်ကုန်းမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး နောက်ဆုတ်လိုက်ကြပြီး သူတို့၏ စွမ်းအားများကို ထုတ်ဖော်ရန် ကျယ်ဝန်းသော နေရာကို ဖယ်ပေးလိုက်ကြသည်။
ချန်ဖင်းသည် ထိုလူနှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို စောင့်ကြည့်ရင်း သူတို့ကို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုပေးရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
သို့သော် သူသည် ထိုလူနှစ်ဦးလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့သုံးဦးလုံးသည် ရှုပ်ထွေးသော တိုက်ပွဲကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားကြ၏။
ဤသည်မှာ နန်ကုန်းမိသားစုတစ်စုလုံးကို ပြောင်းပြန်လှန်ပစ်တော့မည့်ပုံပင်။
"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
တိုက်ပွဲမြေပြင်၏ အပြင်ဘက်တွင်ရှိနေသော နန်ကုန်းမိသားစုမှ အကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
နန်ကုန်းရှန်ထျန်း၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ထင်ဟပ်မနေချေ။
"ပထမတန်းစား မိသားစုခေါင်းဆောင် သုံးယောက် အချင်းချင်း တိုက်ခိုက်ပါစေ..."
"ငါ့ရဲ့ နန်ကုန်းမိသားစုက အဆောက်အအုံ ပျက်စီးတာလောက်တော့ တတ်နိုင်ပါသေးတယ်..."
တိုက်ပွဲကြီးအတွင်း၌ ဝမ် ချန် နှင့် လီ ဟူသော မိသားစုခေါင်းဆောင်သုံးဦးသည် ကောက်ကျစ်ခြင်းသည် မည်သည့်အရာ ဖြစ်သည်အား လူများအားလုံးကို ကွက်ကွက်ကွင်းကွင်း သင်ခန်းစာပေးနေသည်ဟု ဆိုရပေမည်။
အစပိုင်းတွင် နှစ်ယောက်က တစ်ယောက်ကို တိုက်ခိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ပူးပေါင်းထားသော နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြန်လှန်တိုက်ခိုက်ကြပြီး တိတ်တဆိတ် လုပ်ကြံကြ၏။
ပင်မခန်းမဆောင် တစ်ခုလုံးသည် သူတို့၏ တိုက်ပွဲကြောင့် အမှုန်အမွှားများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။
ထိုလူသုံးဦးသည် မြေပြင်မှသည် ကောင်းကင်ယံအထိ ထို့နောက် ကောင်းကင်ယံမှသည် မြေအောက်အထိ တိုက်ခိုက်ကြသည်။
မျက်စိတစ်ဆုံးမြင်နေရသည့် ပတ်ဝန်းကျင်နေရာတဝိုက်လုံးသည် သူတို့၏တိုက်ပွဲမြေပြင် ဖြစ်လာပေ၏။
အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် ရှင်းလင်းပြတ်သားသော အနိုင်ရရှိသူ ထွက်ပေါ်လာမည့် အရိပ်အယောင် မရှိသေးချေ။
"ရပ်လိုက်တော့..."
တိုက်ပွဲသည် ဘေးကြပ်နံကြပ် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ လီမိသားစု ခေါင်းဆောင် လီယန်အန်း ပထမဆုံး ရပ်တန့်ရန် အော်ဟစ်လိုက်သည်။
သူသည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြောဆိုသည်။
"လူကြီးမင်းတို့... ငါတို့ ဒီလိုမျိုး ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် အချိန်တိုအတွင်းမှာ အနိုင်အရှုံး ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး..."
"ဒါက သေချာပေါက် ဟိုအဘိုးကြီး နန်ကုန်း ဆင်ထားတဲ့ ထောင်ချောက်ပဲ... ကျွန်တော်တို့ကို ခွေးတွေလို အချင်းချင်း ကိုက်စေချင်နေတာ..."
"ကျွန်တော်တို့က သူ့ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ထဲ ဝင်သွားလို့ မဖြစ်ဘူး..."
ဝမ်မိသားစုခေါင်းဆောင် ဝမ်တုန်းက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"အကြံအစည် ဖြစ်နေရင်ရော ဘာဖြစ်လဲ... ခင်ဗျားက အဲ့ဒီ အုပ်စိုးသူအရှင် အမွေအနှစ်ကို မလိုချင်ဘူးလို့ ပြောချင်တာလား..."
လီယန်အန်းက ဆက်လက်၍ ပြောဆိုသည်။
"ကျွန်တော် လိုချင်တာက တစ်ပိုင်းပဲ... ဒါပေမဲ့ ဒီလို တိုက်ခိုက်နေတာက အဖြေမဟုတ်ဘူး..."
"ကျွန်တော်တို့အားလုံး ဒဏ်ရာရသွားပြီးတဲ့နောက်မှာ တခြားသူတွေက အလကား သက်သက် အမြတ်ထွက်သွားတာမျိုး ဖြစ်နိုင်ခြေ အရမ်းများတယ်..."
"ဒီလိုလုပ်မယ်ဆိုရင် ဘယ်လိုသဘောရလဲ..."
"ကျွန်တော်တို့အားလုံး ခြေတစ်လှမ်းစီ နောက်ဆုတ်ကြရအောင်..."
"ဒီနေ့ ကိစ္စကို ဒီမှာတင် ရပ်လိုက်ကြမယ်..."
"အနာဂတ်မှာ အုပ်စိုးသူအရှင် အမွေအနှစ် အတွက် ယှဉ်ပြိုင်ကြတဲ့အချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ယှဉ်ပြိုင်ကြမယ်... ဘယ်လိုသဘောရလဲ..."
ထိုလူသုံးဦး၏စွမ်းအားသည် မတိမ်းမယိမ်းရှိသည်ဟု ဆိုရပေမည်။
ဝမ်တုန်းသည် တခြားလူနှစ်ယောက်ထက် စွမ်းအားအနည်းငယ် သာလွန်သည်မှာ သိသာထင်ရှားသော်လည်း သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မည်သည့်အသာစီးမျှ ရယူနိုင်ခဲ့ခြင်း မရှိချေ။
သူက ချက်ချင်းပြောဆိုလိုက်သည်။
"အဲ့လိုဆိုမှတော့ ဒီနေ့ ဒီမှာတင် ရပ်လိုက်ကြတာပေါ့..."
"နောက်တစ်နေ့ကျမှ စာရင်းရှင်းကြပြီး ဘယ်သူက သာလွန်လဲဆိုတာ ဆုံးဖြတ်ကြမယ်..."
ထိုလူသုံးဦးသည် လျှင်မြန်စွာ သဘောတူညီမှု ရရှိသွားကြ၏။
သူတို့သည် နန်ကုန်းမိသားစုရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သုံးဦးလုံးသည် ယနေ့တွင် ရလဒ်ထွက်လာမည် မဟုတ်ကြောင်း သိရှိကြသဖြင့် ယာယီ နောက်ဆုတ်သွားသည်။
ထိုအခြေအနေကို မြင်တွေ့ချိန်၌ နန်ကုန်းမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များသည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
"ဒီ ပြဿနာကောင်သုံးကောင် နောက်ဆုံးတော့ ထွက်သွားကြပြီပဲ..."
သို့ရာတွင် သူတို့သည် စိတ်သက်သာရာ ရနေသော်လည်း စွမ်းအားမဲ့ခြင်းနှင့် အရေးတကြီး အကူအညီလိုအပ်ခြင်းကိုလည်း ခံစားနေကြရသည်။
ပထမတန်းစား မိသားစုခေါင်းဆောင် သုံးဦးသည် ဤတစ်ကြိမ်တွင် လာရောက်တောင်းဆိုရုံမျှသာ လာခဲ့ကြခြင်းဖြစ်သည်။
နောက်တစ်ကြိမ် သူတို့ ရောက်လာလျှင် အတင်းအဓမ္မ သိမ်းပိုက်ခြင်း ဖြစ်လာနိုင်ပေ၏။
နန်ကုန်းမိသားစု၏အင်အားဖြင့်ဆိုလျှင် ပထမတန်းစား မိသားစုသုံးခုလုံးနှင့် ယှဉ်ပြိုင်ရန် မဆိုထားနှင့် မည်သည့် ပထမတန်းစားအင်အားစု တစ်စုကိုမျှပင် ခုခံနိုင်စွမ်း မရှိချေ။
မူလက နန်ကုန်းမိသားစုသည် အုပ်စိုးသူအရှင် အမွေအနှစ်ကို ရရှိထားကြောင်း ကြားသိရစဉ်က သူတို့ အလွန်အမင်း ဝမ်းသာခဲ့ကြသည်။
သို့သော် ယခုကြည့်ရသည်မှာ ဤပစ္စည်းသည် အာလူးပူတစ်လုံးသာ ဖြစ်နေပေ၏။
နန်ကုန်းမိသားစု၏အင်အားဖြင့်ဆိုလျှင် အုပ်စိုးသူအရှင် အမွေအနှစ်ကို ကာကွယ်ရန်စွမ်းရည် လုံးလုံးလျားလျား ကင်းမဲ့နေသည်။
"မိသားစုခေါင်းဆောင်... ဒီ အုပ်စိုးသူအရှင် အမွေအနှစ်သာ မိသားစုထဲမှာ ဆက်ရှိနေမယ်ဆိုရင် နန်ကုန်းမိသားစု တစ်ခုလုံးကို ကြီးမားတဲ့ ဘေးဒုက္ခ ရောက်စေနိုင်တယ်..."
အကြီးအကဲတစ်ဦးက နန်ကုန်းရှန်ထျန်းကို သတိထားပြီး ပြောဆိုလိုက်သည်။
အန္တရာယ်များ ပါဝင်ပတ်သက်နေကြောင်း နန်ကုန်းရှန်ထျန်းသည် မည်သည်ကြောင့် မသိဘဲ နေမည်နည်း။
သို့သော် ဤရတနာသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ သူ အလွန်အမင်း ကြိုးစားအားထုတ်ပြီး ရယူထားသော အရာပင်။
ဤအတိုင်း တခြားလူကို ပေးလိုက်ရမည်ဆိုလျှင် သူ အမှန်တကယ် မလိုလားချေ။
သူသည် ပျက်စီးယိုယွင်းနေသော အပျက်အစီးများကို ကြည့်လိုက်၏။
ဤအရာသည် နန်ကုန်းမိသားစု၏ ကံကြမ္မာကို ကြိုတင်နိမိတ်ပြနေသည့်အလားပင်။
သူ သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်သည်။
"လောလောဆယ်တော့ တစ်ဆင့်ချင်းပဲ သွားရမှာပေါ့..."
အုပ်စိုးသူအရှင် အမွေအနှစ်ကို သူ့၏မိသားစုဝင်များအတွက် သိမ်းဆည်းထားခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူ ခံစားမိသည်။
ပြင်ပဖိအားများကို ခံနိုင်ရည်ရှိပြီး အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် ရရှိသူကို ကြီးထွားလာခွင့် ပေးလိုက်သည်နှင့် နန်ကုန်းမိသားစု ကြီးပွားတိုးတက်လာမည့် အချိန်သည် အလှမ်းဝေးတော့မည် မဟုတ်ချေ။
သူ ထိုသို့ တွေးနေစဉ်မှာပင် အစေခံတစ်ဦး ရောက်လာပြီး သတင်းပို့လေသည်။
"သတင်းပို့ပါတယ် မိသားစုခေါင်းဆောင်... အရှေ့ပိုင်းဒေသက ကျုံးချင်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက် လာရောက်လည်ပတ်ပါတယ်..."