တောင်ပေါ်ကမြေခွေး
Vol. 30 Ch. 392
အာ...
ဂုဟွာရှီ စိတ်ရှုပ်သွား၏။
သူမက ဒီအတိုင်းဂျန်ဖန်းကိုမေးလိုက်တာဖြစ်သည်။
ဘာကြောင့် ယို့ယွင်ကျီက အလောတကြီး ဝင်ဖြေနေရသနည်း။
သူမ ဂျန်ဖန်း၏စစ်မေးမှုစွမ်းရည်သဘောကျပြီး သူနှင့်ယှဥ်လုမှာစိုးရိမ်နေသည်လား။
သူမက ရယ်ပြီး ပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်ယို့, နင်ဒီကောင်လေးကိုသဘောကျရင် ထိန်းသိမ်းထားနိုင်ပါတယ်...."
"ငါက အခြားသူသဘောကျတဲ့တပည့်ကို လုယူရတဲ့ထိ စည်းမရှိတဲ့သူမဟုတ်ပါဘူး...."
တိတ်တဆိတ် စိတ်ထဲမှာ စာကြောင်းအနည်းငယ်ထပ်ပြေလိုက်သည်။
'တပည့်တိုင်းကိုလက်ခံရအောင် ငါအဲ့လောက် အမြင်မကျဥ်းသေးဘူး....'
'သူ့မှာ ထူးခြားတဲ့စစ်မေးနည်းပဲရှိတာ။ ပြီးတော့ သူ့နာမည်တစ်ခါမှမကြားဖူးဘူး။ ဒါဟာ သူက သာမန်ပဲဆိုတာပြနေတာပဲ....'
'အဲ့လိုတပည့်မျိုးခေါ်ဖို့ စိတ်ရှုပ်မခံဘူး...'
ထိုအရာကိုကြားသည့်အခါ....
ယို့ယွင်ကျီသက်သာယာရသွား၏။
တကယ်ပင်။ သူတို့အားလုံးက လက်ထောက်ခန်းမသခင်တွေဖြစ်ကြ၏။
မည်သူမှ တပည့်လုယူရလောက်အောင် အရှက်ကင်းမဲ့မည်မဟုတ်ပေ။
"ငါ့ကိုခွင့်လွတ်ပေးပါ လက်ထောက်ခန်းမသခင်ဂု။ ဂျန်ဖန်းက မိတ်ဆွေတစ်ယောက်ရဲ့သားမို့ ငါက ဂရုစိုက်ပေးချင်တာပါ..."
ယို့ယွင်ကျီ မချိပြုံးပြုံးပြီး ပြောလိုက်သည်။
ဂုဟွာရှီ နှာမှုတ်လိုက်သည်။
လက်ခံထားတဲ့ပတည့်ဆို လက်ခံထားတဲ့တည့်ပေါ့၊ ဘာကြောင့် ခံ့ညားတဲ့ဆင်ခြေတွေ ပေးနေရသနည်း။
အားလုံးကတောင်ပေါ်မှမြေခွေးတွေဖြစ်ရာ သစ္ဆေပုံပြင်တွေလာပြောနေခဲ့သည်။
"အခု ကိစ္စတွေပြီးသွားပြီဆိုတော့ ခန်းမကို တတ်နိုင်သမျှမြန်မြန်ပြန်ရမယ်...."
ဂုဟွာရှီ ပြောလိုက်သည်။
သူမနောက်ရှိ ဧရာမဂိုဏ်းချုပ်ကုန်းယွမ်ဘ စိုးရိမ်လာခဲ့သည်။
သူတို့နှစ်ယောက်၏အမူအရာအရ ဂျန်ဖန်းစစ်မေးရာမှရသည့်သတင်းတွေက အတော်လေးတုန်လှုပ်စရာကောင်းမည်ပင်။
ထိုအရာသာအရေးပါလျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင် ဆုလာဘ်ကြီးကြီးပေးမည်ဖြစ်သည်။
ဤကဲ့သို့ အကျိုးကျေးဇူးမျိုးကို တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်က ရသွားခဲ့သည်။
ထို့ပြင် ဤအရာက သူ့တူကိုအနိုင်ယူပြီး သူ့ကိုမျက်နှာပျက်စေခဲ့သည့် ဂျန်ဖန်းပင်။
"လက်ထောက်ခန်းမသခင်ဂု, ကျွန်တော်တို့ဒီအတိုင်းပဲ ထွက်သွားတော့မှာလား..."
ကုန်းယွမ်ဘ မေးလိုက်သည်။
ဂုဟွာရှီ သူ့ကိုအေးစက်စက်တစ်ကြည့်ပြီး ပြောလိုက်သည်။
"နင် ဘာအကြံပေးစရာရှိလို့လဲ...."
"ဒီနတ်ဆိုးသားရဲကို ငါခုလေးတင်စစ်မေးလိုက်တာနင်လည်းမြင်တာပဲ..."
"ဂျင်ကျောင်းမင်ပြန်လာရင်တောင် သူမလုပ်နိုင်မှာကြောက်မိတယ်...."
"ဂျန်ဖန်း သူ့အစွမ်းအစနဲ့ သတင်းရခဲ့တာ။ ဘယ်သူမှဘာမှပြောလို့မရဘူး...."
ဤသို့ပြောလာမှတော့....
ဆန္ဒမရှိလျှင်တောင် ကုန်းယွမ်ဘ ဘာလုပ်နိုင်မည်နည်း။
ဤကောင်လေးက စိတ်တိုစရာကောင်း၏။ ယို့ယွင်ကျီကို တွယ်ကပ်နိုင်ခဲ့သည်။
မဟုတ်လျှင် ဤအကျိုးဆောင်မှုကို သူ့တပည့်ဂျင်ကျောင်းမင်ရအောင် တစ်ခုခုလုပ်ပြီးနေပြီဖြစ်သည်။
လူအုပ် အကျဥ်းထောင်ထဲမှထွက်လာပြီး အမောတကောပြောလာသည့်တပည့်နှင့် တည့်တည့်တိုး၏။
"ဂိုဏ်းချုပ်, ရွယ်ဝမ်ချောင်ပြန်လာပြီ..."
အတော်လေးဒေါ်သထွက်နေသည့် ကုန်းယွမ်ဘ နောက်ဆုံးမှာ အနည်းငယ်သက်သာရသွားပြီး ပြောလိုက်သည်။
"နောက်ဆုံးတော့ ရှေးဟောင်းဘီလူးသွေးမျိုးဆက်မြှင့်တင့်မဲ့ သူ့ဆန္ဒပြည့်သွားပြီထင်တယ်..."
ဂုဟွာရှီမျက်လုံးတွေ အနည်းငယ်ရွေ့သွားပြီး နောင်တရသည့်အရိပ်အယောင်ပြသလာ၏။
တကယ်တော့, သူက ရွယ်ဝမ်ချောင်ကို တပည့်အဖြစ်လက်ခံဖို့စဥ်းစားထားတာဖြစ်သည်။
သို့ပေမယ့် သူ၏ရှေးဟောင်းဘီလူးသွေးမျိုးဆက်က သမိုင်း၌နာမည်ကောင်းမရှိပေ။
ဤကဲ့သို့အကြောင်းအရာတွေကြောင့် သူ့ကိုတပည့်အဖြစ်လက်ခံမည့်အစီအစဥ်ကို လက်လျော့ခဲ့သည်။
ရုတ်တရက် ရွယ်ဝမ်ချောင် သူ့သွေးမျိုးဆက်မြှင့်တင်နိုင်တာ ကြားသည့်အခါ...
သူမမနေနိုင်ပဲ စိတ်ဝင်စားသွား၏။
သူသာ သွေးမျိုးဆက်အဆင့်မြှင့်တင်နိုင်လျှင် ရုပ်ခန္ဓာက ဂျင်ကျောင်းမင်ထက်တောင် သန်မာလာမည်ဖြစ်သည်။
"ဂိုဏ်းချုပ်ကိုတင်ပြပါတယ်, စီနီယာအကိုရွယ်... ဒဏ်ရာရလာပါတယ်...."
တပည့်သတိထားပြီး တင်ပြလိုက်သည်။
ဟမ်?...
ကုန်းယွမ်ဘအမူအရာ တင်းမာသွား၏။
"ဒဏ်ရာရတယ်? မြန်မြန် ငါ့ကိုသူ့ဆီခေါ်သွား...."
ဧရာမဂိုဏ်း၏ဒုတိယအဆင်တပည့်တစ်ယောက်အနေဖြင့် သူလည်း အဖိုးတန်ကျေက်စိမ်းတစ်ခုပင်။
ဂုဟွာရှီနှင့် ယို့ယွင်ကျီ အကြည့်ခြင်းဖလှယ်လိုက်၏။
ဤအရာက ဧရာမဂိုဏ်း၏အတွင်းရေးကိစ္စဖြစ်ရာ သူတို့ကြားဝင်လို့မရပေ။
သူတို့ထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ ကုန်းယွမ်ဘပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်တို့, အကြီးအကဲတို့ဒီရောက်နေမှတော့ ဘာလို့ကျွန်တော့်တပည့်နဲ့ လိုက်မတွေ့တာလဲ...."
"အကြီးအကဲတို့မှာ သွေးမျိုးဆက်မြှင့်တင့်နိုင်မဲ့လမ်းညွှန်မှုတွေရှိရင် ဒီဂိုဏ်းချုပ် အတော်လေးကျေးဇူးတင်မိမှာပါ..."
ဂုဟွာရှီ သွေးမျိုးဆက်တိုးမြှင့်တင်တာနှင့်ပတ်သက်ပြီး မည်သည့်လမ်းညွှန်မှုမှမပေးနိုင်ပေ။
သို့ပေမယ့် ရွယ်ဝမ်ချောင်ကိုတော့ အတော်လေးစိတ်ဝင်စား၏။
ယို့ယွင်ကျီလည်း ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ကိုကြားဖူး၏။
ထိုအရာက ရှားပါးသည့်အခွင့်ရေးဆိုမှတော့ သွားကြည့်သင့်၏။
"ကျွန်တော်သွားလိုက်ပါအုန်းမယ်..."
ဂျန်ဖန်း သေချာစဥ်းစားပြီး လက်ချင်းယှက်နှုတ်ဆက်လိုက်သည်။
ရွယ်ဝမ်ချောင်အဆိပ်ဒဏ်ရာက သူနှင့်ဘာမှမဆိုင်သော်လည်း ဧရာမဂိုဏ်းအပေါ်သူနားလည်မှုအရ အပြစ်တင်ဖို့များ၏။
ပြဿနာကိုရှောင်ရှားဖို့....
"ဟေး, မင်းလည်း ငါတို့နဲ့လိုက်ခဲ့သင့်တယ်။ အသိအမြင်ကျယ်တာပေါ့...."
ယို့ယွင်ကျီ တိုက်တွန်းလိုက်၏။
"ရှေးဟောင်းဘီးလူသွေးမျိုးဆက်က ရာဇဝင်ရှိတယ်။ ဒီအခွင့်ရေးလွဲချော်သွားရင် မင်း နောက်တစ်ကြိမ်မြင်ရမှာမဟုတ်ဘူး...."
ဂျန်ဖန်း ဒေါသထွက်သွား၏။
ငါကမြင်ဖူးရုံတင်မဟုတ်ဘူး တိုက်တောင်တိုက်ခိုက်ခဲ့ပြီးပြီဟ...
သို့ပေမယ့် သူ ယို့ယွင်ကျီကြင်နာမှုကို မငြင်းဆန်နိုင်ပေ။ ထို့ပြင် ယို့ယွင်ကျီရှိနေရာ ဧရာမဂိုဏ်း သူ့အားထိခိုက်အောင်လုပ်ရဲမည်မဟုတ်ပေ။
ထို့ကြောင့် သူက တွန့်ဆုတ်စွာပဲသဘောတူလိုက်သည်။
လူအုပ် ဂိုဏ်းချုပ်ခန်းမကိုရောက်လာခဲ့သည်။
ရွယ်ဝမ်ချောင် ထိုနေရာ၌ လက်နောက်ပစ်မတ်တပ်ရပ်နေခဲ့သည်။
ပြောစကားတွေအရ သူ့၏ရှေးဟောင်းဘီလူးသွေးမျိုးဆက်၌ မနာလိုစရာကောင်းသည့် ကုသနိုင်စွမ်းရှိ၏။
ငါးရက်တည်းနှင့် ကြောက်စရာအဆိပ်ဒဏ်ရာတွေ ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
တစ်ခါက လောင်ကျွမ်းခံထားရသည့်အရေပြားတွေ ယခုမှာတော့ အနီရောင်အမှတ်သားလေးတွေသာကျန်တော့၏။
၇ရောင်ခြယ်အဆိပ်မြူကြောင့် အရိုးထိတိုက်စားခံထားရသည့်လက်တစ်စုံကလည်း ပြန်ကောင်းလုနီးပါးဖြစ်နေပြီဖြစ်သည်။
အရေပြားအချို့သာ သွေးစိမ့်ထွက်နေခဲ့သည်။
"ဆရာ..."
ရွယ်ဝမ်ချောင် ကုန်ယွမ်ဘကိုမြင်သည့်အခါ ရှက်ရွံ့စွာ အရိုအသေပေးလိုက်သည်။
ကုန်းယွမ်ဘ ရှေ့တက်၍ဒဏ်ရာတွေစစ်ဆေးကြည့်ပြီး အသံက အေးစက်နေခဲ့သည်။
"ဒါ ဘယ်သူလုပ်တာလဲ...."
သိသာစွာပင် တရားခံကို အပြင်းအထန်လက်စားချေဖို့ရည်ရွယ်ထားခဲ့သည်။
ရွယ်ဝမ်ချောင် သူ့ဒေါသတွေကိုပုံချချင်ပေမယ့် သူ့ဒဏ်ရာအတွက်မည်သူ့ကိုမှအပြစ်ပြောလို့မရပေ။
"ဒါ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲယူလိုက်ချိန်မှာ သတိလက်လွတ်ဖြစ်သွားလို့ပါ...."
ထိုအရာကိုကြားသည့်အခါ ကုန်းယွမ်ဘမျက်နှာသက်သာသွား၏။
သို့ပေမယ့် သူက အပြစ်တင်လိုက်ဆဲဖြစ်သည်။
"လုရှိုနန်ဘာလုပ်နေလဲ...."
"ငါ့တပည့်သာတစ်ခုခုဖြစ်သွားလို့ကတော့ ငါ သူနဲ့စာရင်းရှင်းမယ်..."
လူအုပ်နောက်၌ ဂျန်ဖန်း မျက်ခုံးလှန်လိုက်သည်။
ရွယ်ဝမ်ချောင် သူ့ဘာသာသွားတာ အကျိုးဆက်ကို လက်ခံသင့်၏။
အခြားသူကိုအပြစ်တင်နေတာ ရယ်စရာကောင်းလှ၏။
ဧရာမဂိုဏ်း၏ဗိုလ်ကျတတ်သည့်သဘာဝက အထက်ကနေအောက်ထိဖြစ်သည်။
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲကကော ဘယ်မှာလဲ။ ငါနဲ့ လက်ထောက်ခန်းမသခင်တွေကို ပြပါအုန်း...."
ကုန်ယွမ်းဘ မျှော်လင့်သည့်အမူအရာပြသလိုက်၏။
သူတောင်မှ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို မမြင်ဖူးပေ။
ရွယ်ဝမ်ချောင် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲယူဖို့လည်း ကျရှုံးခဲ့ပါတယ်...."
ဘာ?...
ကုန်းယွမ်ဘ အံ့အားသင့်သွား၏။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းရဲ့သွေးမျိုးဆက်နဲ့ သာမန်အဆိပ်မြူထဲဝင်တာ လွယ်ကူသင့်တယ်မလား...."
"ဘယ်လိုလုပ်ကျရှုံးခဲ့တာလဲ...."
ရွယ်ဝမ်ချောင် ခုခံလိုက်၏။
"တပည့် ဂရုမမူမိဖြစ်သွားလို့ပါ...."
"အဲ့ဒီအဆိပ်မြူထဲမှာ အစွမ်းထက်အဆိပ်ဖားတစ်ကောင်နဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ မြူနတ်ဆိုးသားရဲတစ်ကောင်ရှိတယ်..."
"သူတို့က ၇ရောင်ခြယ်အဆိပ်မြူတွေကို အရည်ဖွဲ့ပြီး ဆန်းကြယ်ရေခဲအောက်မှာ ဝှက်ထားခဲ့တာ...."
"တပည့် ဆန်းကြယ်ရေခဲယူလိုက်တော့ သတိလက်လွတ်ဖြစ်သွားတာ..."
"ကံကောင်ပြီး အမြန်ပြန်ဆုတ်လာလို့ ကပ်သီလေးအသက်ရှင်ခဲ့တာ...."
၇ရောင်ခြယ်အဆိပ်ဖား?...
ကုန်းယွမ်ဘ အနည်းငယ်တုန်လှုပ်သွား၏။
"ဒါ ကြမ်းကြုတ်သားရဲတစ်ကောင်ပဲ..."
"သာမန်အကြီးအကဲတွေအတွက်တောင် အတော်လေးအန္တရာယ်ရှိတယ်။ မင်းအသက်ရှင်လျှက်ပြန်လာနိုင်တာနဲ့တင်ကို ထူးခြားနေပြီ..."
"မင်းအချိန်ယူပြီး ကောင်းကောင်းကုသလိုက်။ ငါကိုယ်တိုင်မင်းအတွက် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲယူပေးမယ်...."
ဂုဟွာရှီနှင့် ယို့ယွင်ကျီလည်း အနည်းငယ်အံ့အားသင့်သွား၏။
မည်သူထင်ထားမည်နည်း။ ဤကဲ့သို့ကြမ်းကြုတ်သတ္တဝါတစ်ကောင်က လူသားမျိုးနွယ်အချက်အချာနေရာဖြစ်သည့် ၇ရောင်ခြယ်မိုင်းတွင်းနယ်မြေမှာပေါ်လာခဲ့သည်။
ဤသားရဲက ရွယ်ဝမ်ချောင်လုပ်နိုင်စွမ်းထက်သာလွန်နေခဲ့သည်။
အသက်ရှင်လျှက်ပြန်လာနိုင်တာနဲ့တင် ကံကောင်းနေပြီဖြစ်သည်။
သို့ပေမယ့်...
ရွယ်ဝမ်ချောင်ပုံစံပုံမှန်မဟုတ်စွာဖြင့် ပြောလိုက်သည်။
"နောက်တစ်ကြိမ်သွားဖို့မလိုတော့ဘူး...."
"၇ရောင်ဆန်းကြယ်ရေခဲက... ယူသွားခံရပြီးပြီ..."
ဘာ?....
ထိုအရာက ရွယ်ဝမ်ချောင်သွေးမျိုးဆက်မြှင့်တင်မည့် သော့ချက်ဖြစ်၏။
ကုန်းယွမ်ဘတုန်လှုပ်သွား၏။
"အဲ့နေရာမှာ၇ရောင်ခြယ်အဆိပ်ဖားနဲ့ အဆိပ်မြူတွေရှိတယ်လို့မင်းမပြောဘူးလား..."
"ဘယ်သူက ယူသွားနိုင်တာလဲ...."
"ရမ္မက်ဂိုဏ်းက ရှဲ့လျိုရှူးလား...."
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေအတွင်း၌ဤလူနှစ်ယောက်သာ အဆိပ်ကို ကိုင်တွယ်နိုင်၏။
ထိုအရာက ခန့်မှန်းဖိုလွယ်ကူ၏။
ရွယ်ဝမ်ချောင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆန္ဒမရှိစွာပြောလိုက်သည်။
"ရှဲ့လျိုရှူဆို လက်ခံပေးလို့ရသေးတယ်..."
"သူက ရမ္မက်ဂိုဏ်းတပည့်ကြီးဆိုတော့ သူ့ကိုရှုံးရတာ ရှက်စရာမဟုတ်ဘူး..."
"ဒါပေမယ့် ဆန်းကြယ်ရေခဲယူသွားတဲ့တစ်ယောက်က တိမ်စိမ်းဂိုဏ်းက တပည့်ငယ်လေးတစ်ယောက်ပဲ..."
နောက်တစ်ကြိမ်တိမ်စိမ်းဂိုဏ်းပဲလား?....
ကုန်းယွမ်ဘ ဒေါသတကြီး ရယ်လိုက်၏။
တိမ်စိမ်းဂိုဏ်းက ဧရာမဂိုဏ်းအကျိုးပြုမှတ်တွေကို ခိုးယူရတာဝါသနာဖြစ်နေသည်လား။
ဘာကြောင့် သူတို့က နေရာတိုင်းမှာရှိနေရသနည်း။
"ဘယ်သူလဲ...."
သူတို့ကိုအံ့အားသင့်စွာပဲ...
ရွယ်ဝမ်ချောင် အံ့ကြိတ်ပြီးပြောလိုက်သည်။
"ဘယ်သူဖြစ်ရမှာလဲ...."
"အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ဂျန်ဖန်းပဲပေါ့..."
အာ?...
ဘယ်သူ?....
ဂျန်ဖန်း..."
သုံးယောက်သား နောက်လှည့်ကြည့်လိုက်ရာ တိတ်ဆိတ်ပြီးနာခံပုံရသည့်ဂျန်ဖန်းကို မြင်လိုက်ရသည်။