← Chapters

ဝံပုလွေမလေးတွေကလှလား?

Vol. 30 Ch. 390

ဝံပုလွေမလေးတွေကလှလား?

Vol. 30 Ch. 390

ဖြန်း!

နောက်ထပ်ရက်စက်သည့်လက်ဝါးချက်တစ်ခုကျရောက်လာပြီး ဝံပုလွေနတ်ဆိုး သေချင်စိတ်ပေါက်သွား၏။

၎င်းက နားကျင်စွာဟိန်းဟောက်လိုက်ရသည်။

ဤတစ်လျှောက်လုံးစစ်မေးလာခဲ့သည့်လူတိုင်းက ဂိုဏ်းတပည့်တွေသာဖြစ်သည်။

သူ့တို့ခွန်အားကအကန့်အသတ်ရှိပြီး ညင်းပန်းနှိပ်စက်လျှင်တောင် ဒဏ်ရာအသေးအမွားပဲရ၏။

အများစုက သူ့ကိုယားယံစေရုံလောက်သာဖြစ်သည်။

သို့ပေမယ့် သူ့ရှေ့ရှိဤလူထူးဆန်းလေးက မတူပေ။

ရိုက်ချက်တိုင်းက သူ့ကိုသေချင်စိတ်ပေါက်သွားစေ၏။

သို့ပေမယ့် ဤအရာကပဲ သူ့ဒေါ်သကိုဆွပေးပြီး ကြမ်းကြုတ်စွာဟိန်းဟောက်လိုက်သည်။

"ဘာလို့ မင်းငါ့ကိုသေတဲ့အထိအဆိပ်မခတ်တာလဲ...."

"ငါသေရင်တောင် ဘယ်လိုလျို့ဝှက်ချက်မှထုတ်ပြောမှာမဟုတ်ဘူး...."

ချီလင်းလေး ဘာသာပြန်ပေးလိုက်၏။

ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။

"မင်းနားလည်မှုလွဲနေပြီ...."

"ရိုက်ချက်အနည်းငယ်က မင်းပါးစပ်သန့်စင်အောင်လုပ်ရုံလောက်ပဲ..."

"မင်းလျို့ဝှက်ချက်ကိုသိဖို့ကတော့ ဒီလိုနိမ့်ကျတဲ့စစ်မေးနည်းမျိုး သုံးဖို့မလိုဘူး...."

"ငါမင်းကို မေးလိုက်ဖို့ပဲလိုတယ်။ မင်းငါ့ကိုပြောပြလာလိမ့်မယ်...."

နတ်ဆိုးဝံပုလွေနာကျင်မှုကိုတောင့်ခံပြီး လှောင်ပြောင်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း ကြိုးစားကြည့်လေ...."

ဘေး၌ရပ်နေသည့် ယို့ယွင်ကျီလည်း အနည်းငယ်ပဟေဠိဖြစ်နေ၏။

မစစ်မေးပဲ မေးခွန်းမေးရုံဖြင့် ဤကြမ်းကြုတ်သည့်နတ်ဆိုးဝံပုလွေက အညံ့ခံမည်တဲ့လား။

ဂျန်ဖန်း လက်နှောက်ပစ်ထားပြီး ပြောလိုက်သည်။

"နတ်ဆိုးမျိုးနွယ်မှာ မင်းရဲ့အဆင့်အတန်းက ဘယ်လိုလဲ...."

နတ်ဆိုးဝံပုလွေပါးစပ်ဟလိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

ချီလင်းလေး ဘာသာပြန်ပေးလိုက်၏။

"သူကပြောတယ်။ ခန်းမှန်းကြည့်လေတဲ့, ကောင်ချောလေး...."

"သူက တော်ဝင်အစောင့်အရှောက်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ ရွှေလက်သည်းသံမဏိဝံပုလွေတဲ့။ သခင်သူ့ဆီက သတင်းအချက်အလက်ရဖို့မမျှော်လင့်နဲ့တဲ့...."

"သူ, ရွှေလက်သည်းဝံပုလွေက တော်ဝင်မိသားစုကို တစ်သက်လုံးသစ္စာစောင့်သိမှာတဲ့...."

၎င်းစိတ်ထဲက အတွေးတွေအဆုံးသတ်သွားသည်နှင့်....

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ရွှေလက်သည်းသံမဏိဝံပုလွေ ငါမင်းကိုမေးမယ်။ မင်းက တော်ဝင်အစောက်အရှေက်အဖွဲ့ကဆိုမှတော့ ဘာလို့ ရှေ့တန်းကိုရောက်နေတာလဲ...."

"နတ်ဆိုးတော်ဝင်မျိုးနွယ်အဖွဲ့ဝင်ထဲက တစ်ယောက်ယောက် ဒီကိုရောက်နေလို့လား...."

"အဲ့တာ နတ်ဆိုးအင်ပါယာသမီးတော် လျိုလီမလား..."

နတ်ဆိုးဝံပုလွေအမူအရာ အေးခဲသွားပြီး မျက်လုံးတွေ တဖြည်းဖြည်းပြူးကျယ်လာခဲ့သည်။

"အာ, မင်းဘယ်လိုသိတာလဲ? ငါဘာမှမပြောဘူးလေ...."

"စိတ်ထဲမှာပြေနေတာက... သွားပြီ, နတ်ဆိုးအင်ပါယာကိုယ်လုပ်တော်ရှေ့တန်းမှာရောက်နေတဲ့ကိစ္စပေါ်သွားပြီ။ ဘယ်ခွေးမသားပြောလိုက်တာလဲ...."

"ငါ အဲ့ဒီသစ္စာဖောက်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်...."

သတင်းအချက်အလက်များစွာရ၍ ဂျန်ဖန်း စာရွက်နှင့်စုတ်တံတစ်ခုထုတ်ကာ မှတ်တမ်းတင်လိုက်သည်။

"တော်ဝင်အစောင့်အရှောက်အဖွဲ့၊ လက်ထောက်ခေါင်းဆောင်၊ ရွှေလက်သည်းသံမဏိဝံပုလွေ...."

"ပထမဆုံးသတင်းအချက်အလက်- နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် တိတ်တဆိတ် ရှေ့တန်းရောက်နေ...."

နတ်ဆိုးဝံပုလွေ ဂျန်ဖန်းမှတ်တမ်းကိုတစ်ချက်ကြည့်ပြီး ၎င်းမျက်လုံးတွေ နောက်တစ်ကြိမ်ပြူးကျယ်သွားခဲ့သည်။

၎င်းက လူသားဘာသာစကားအချို့ကိုနားလည်နိုင်၏။

၎င်းက အကြိမ်ကြိမ်ငြင်းဆန်လိုက်၏။

"ဖြောင့်ချက်ပေးတာငါမဟုတ်ဘူး။ မင်းငါ့ကိုအသရေဖျက်နေတာ။ မင်းငါ့ကို အသရေဖျက်နေတာပဲ...."

ဂျန်ဖန်း စုတ်တံကိုချထားပြီး နောက်တစ်ကြိမ်မေးလိုက်သည်။

"နတ်ဆိုးအင်ပါယာကိုယ်လုပ်တော်ရှေ့တန်းလာတာ ဘာရည်ရွယ်ချက်နဲ့လဲ...."

ရွှေလက်သည်းသံမဏိဝံပုလွေ ပါးစပ်ဟလိုက်သည်။

ဤတစ်ချိန် ၎င်းက ပါးနပ်သွားပြီး ပါးစပ်ပြန်ပိတ်ကာ စိတ်ထဲမှလှောင်ပြောင်လိုက်၏။

"ဒီတစ်ချိန် ငါဘာမှပြောမှာမဟုတ်ဘူး...."

"နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် နတ်ဆိုးအင်ပါယာသွေးအနှစ်သာရ လာပို့တယ်ဆိုတာ မင်းခန့်မှန်းမိမယ်လို့ ငါမယုံဘူး။ အဲ့တာတွေက နတ်ဆိုးဘုရင်တွေရဲ့တိုက်ပွဲစွမ်းအားကို ယာယီတိုးမြှင့်ပေးနိုင်ပြီး လူသားကျွမ်းကျင်သူတွေကို အလစ်ငိုက်တိုက်ခိုက်ဖို့ပဲ..."

ချီလင်းလေး ဘာသာပြန်ပေးလိုက်သည်။

ဂျန်ဖန်း ခေါင်းညိတ်ပြီး စုတ်တံကောက်ကာ ဆက်ရေးလိုက်သည်။

"ဒုတိယသတင်းအချက်လက်- နတ်ဆိုးအင်ပါယာ ရှေ့တန်းရှိ မတိုးသာအဆုတ်သာအခြေအနေကိုချိုးဖျက်ဖို့ နတ်ဆိုးဘုရင်တွေဆီ သူ့သွေးအနှစ်သာ တိတ်တဆိတ်ပို့ဆောင်..."

အာ?....

ရွှေလက်သည်းသံမဏိဝံပုလွေမျက်လုံးတွေ ပေါက်ထွက်လုနီးပါးပြူးကျယ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"ဘယ်သူက မင်းကို ဒီကိစ္စပြောတာလဲ..."

"ငါ့ကိုမစွပ်စွဲနဲ့။ ဒီကိစ္စငါနဲ့ဘာမှမဆိုင်ဘူး...."

သိသာစွာပင်။ ထိုအရာက နတ်ဆိုးမျိုးနွယ်ကိုသစ္စာဖောက်သည့် အခြားသစ္စာဖောက်တစ်တောက်ဖြစ်ရမည်ပင်။

ဘာကြောင့်သူ့ကိုလာအပြစ်တင်နေရသနည်း။

နတ်ဆိုးအင်ပါယာသာနားလည်မှုလွဲသွားလျှင် ဘာဖြစ်မည်ဆိုတာ တွေးတောင်မကြည့်ရဲပေ။

အနည်းဆုံး ဆီပူထဲ ၉၉ ကြိမ်လောက်ထည့်ကျော်ခံရမှာဖြစ်သည်။

ဂျန်ဖန်း အားရကျေနပ်စွာခေါင်းညိတ်လိုက်သည်။

သာမှန်စစ်မေးမှုတစ်ခုမှ သတင်းကြီးတစ်ခုရလိုက်သည်။

နတ်ဆိုးအင်ပါယာသွေးအနှစ်သာရ၊ ၎င်းက သံသယရှိစရာမလိုအောင် နတ်ဆိုးဘုရင်တွေ၏စွမ်းအားကို မြင့်တင်ပေးနိုင်မှာဖြစ်သည်။

လူသားကျွမ်းကျင်သူတွေသာ နတ်ဆိုးဘုရင်တွေ၏ရုတ်တရက်တိုးတက်လာသည့်ခွန်အားနှင့် အလစ်အငိုက်တိုက်ခိုက်ခံရလျှင် အကျိုးဆက်ကို စိတ်ကူးကြည့်လို့တောင်ရမည်မဟုတ်ပေ။

အဆိုးဆုံးက လူသားခံစစ် ချက်ချင်း ကျိုးပျက်သွားမည်ဖြစ်သည်။

ထိုအခါ သားရဲလှိုင်းက ရေကြီးသကဲ့သို့ ဂိုဏ်း ၉ ဂိုဏ်းအတွင်း တစ်ဟုန်ထိုး ဝင်ရောက်လာတော့မည်ဖြစ်သည်။

သေချာပေါက်ပင်။ ဤသတင်းလောက်နှင့် မလုံလောက်သေးပေ။

ဤနတ်ဆိုးဝံပုလွေက ဦးနှောက်ရှိပုံမရကာ နောက်ထပ်အသုံးဝင်သည့်သတင်းအချက်အလက်များစွာ ထုတ်ပြောနိုင်သေး၏။

"ငါ မင်းကို နောက်တစ်ကြိမ်ထပ်မေးမယ်။ နတ်ဆိုးအင်ပါယာကိုယ်လုပ်တော်က ခုဘယ်နေရာမှာလဲ..."

နတ်ဆိုးဝံပုလွေ မေးခွန်းကြောင့် ကြောက်လန့်သွား၏။

၎င်းက ခေါင်းဖြင့် ကျောက်တိုင်ကိုဆောင့်ကာ ကိုယ့်ကိုယ်ကို သတိမေ့အောင်လုပ်လိုက်၏။

"သခင်, သူစိတ်ထဲမှာပြောနေတယ်။ သူမပြောနိုင်ဘူး, သူမပြောနိုင်ဘူးတဲ့ မဟုတ်ရင် နတ်ဆိုးမျိုးနွယ်သစ္စာဖောက်ဖြစ်သွားလိမ့်မယ်တဲ့...."

"ကိုယ်လုပ်တော်, ပြေးတော့။ သေမင်းတောင်ကြားမှာမနေနဲ့တော့။ လူသားတွေ မင်းကိုအာရုံစိုက်နေပြီ..."

ဟမ်?....

နောက်ထပ်အရေးကြီးသည့်သတင်းအချက်အလက်ပင်။

ဂျန်ဖန်းချရေးလိုက်၏။

"တတိယသတင်း- နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် သေမင်းတောင်ကြားမှာ ပုန်းအောင်းနေ...."

နတ်ဆိုးဝံပုလွေ ထိုအရာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ပြီး အလွန်မတန်ထိတ်လန့်သွားကာ အဆက်မပြတ်ညည်းညူနေခဲ့၏။

"ဘုရားရေ, ဒါကိုပြောတာ ကတယ်ပဲ ငါမဟုတ်ဘူးနော်...."

"ဘယ်သူငါ့အတွက် သက်သေခံပေးမှာလဲ။ ငါတကယ် နတ်ဆိုးမျိုးနွယ်သစ္စာဖောက်မဟုတ်ဘူး...."

ရုတ်တရက်....

နတ်ဆိုးဝံပုလွေနှလုံးသား ခုန်ပေါက်သွား၏။

"ဖြစ်နိုင်တာ သူငါ့အတွေးတွေကို ဖတ်နိုင်တာလား...."

ချီလင်းလေး ချက်ချင်း အသိပေးလိုက်သည်။

သို့ပေမယ့် ဂျန်ဖန်း လုံးဝစိတ်ထဲမထားပဲ ပြောလိုက်သည်။

"သူသိသွားတော့ ပိုကောင်းတာပေါ့..."

ထို့နောက် ချက်ချင်းပဲ နောက်တစ်ကြိမ်မေးလိုက်သည်။

"နတ်ဆိုးအင်ပါယာကိုယ်လုပ်တော်နာမည်ကဘာလဲ။ အသွင်အပြင်ကကော ဘယ်လိုရှိလဲ..."

နတ်ဆိုးဝံပုလွေ တိုင်နှင့်ခေါင်းဆောင့်နေပြီး သူ့ကိုယ်သူအလျှင်အမြန်သတိမေ့အောင်လုပ်နေခဲ့သည်။

"မတွေးနဲ့, မတွေးနဲ့ ဒီကောင်လေး ငါ့အတွေးတွေကို ဖတ်နိုင်တယ်...."

"ငါ ကိုယ်လုပ်တော်ယွင်ရှအကြောင်းတွေးရင် သူမအချက်အလက်တွေပေါ်သွားလိမ့်မယ်...."

ထိုစဥ်...

ချီလင်းလေး ဂျန်ဖန်းကို ဘာသာပြန်ပေးနေခဲ့သည်။

"ကိုယ်လုပ်တော်ယွင်ရှမှာ ရှည်လျားတဲ့အမြီးကိုးချောင်းရှိပြီး လူသားတွေနဲ့ အတော်လေးတူတယ်..."

"အဖြူရောင်ဝတ်စုံဝတ်ဆင်ရတာ ကြိုက်နှစ်သက်ပြီး အလွန်လှပကာ သာယာနာပျော်ဖွယ်ကောင်းတဲ့အသံမျိုးပိုင်ဆိုင်ထားတယ်..."

"ခွန်အားလည်းအတော်ကောင်းပြီး အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ..."

ဂျန်ဖန်း ခေါင်းညိတ်ပြီး ချရေးလိုက်သည်။

"စတုတ္ထသတင်း- ကိုယ်လုပ်တော်ယွင်ရှမှာ အမြီးကိုးချောင်းရှိပြီး အံ့မခန်းလှပတဲ့အသွင်အပြင်ရှိ၊ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်...."

မှတ်တမ်းတင်ပြီးနောက်....

ဂျန်ဖန်း နတ်ဆိုးဝံပုလွေကို ရိုးသားစွာကျေးဇူးတင်လိုက်ပြီး ၎င်းဝံပုလွေလက်သည်းတွေအား လက်ဆွဲနှုတ်ဆက်လိုက်သည်။

"လက်ထောက်ခေါင်းဆောင် ရွှေလက်သည်းသံမဏိဝံပုလွေကြီး, မင်းရဲ့ပူးပေါင်းမှုအတွက် ကျေးဇူးပဲ...."

"မင်းက ငါတို့လူသားမျိုးနွယ်ရဲ့မိတ်ဆွေပဲ။ သားရဲလှိုင်းမှာ ငါတို့နိုင်အောင်ကူညီပြီးကြီးကြီးမားမားအကျိုးဆောင်လိုက်တာပဲ..."

"မင်းအတွက် ကောင်းကင်ဘုံစက်ယန္ဒယားခန်းကို လူသားမျိုးနွယ်ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ပေးဖို့ ပြောလိုက်မယ်...."

ရွှေလက်သည်းသံမဏိဝံပုလွေ သူ့လက်ကို ကြောက်လန့်တကြား ခါထုတ်လိုက်ပြီး မျက်လုံးထဲ၌ အသနားခံသည့်အမူအရာတွေရှိနေခဲ့သည်။

"ငါမဟုတ်ဘူး, ငါမဟုတ်ဘူး..."

"ငါစိတ်ကို နတ်ဆိုးမျိုးဆီမှာမြုပ်နှံထားတာ။ နတ်ဆိုးမျိုးနွယ်မှာမွေးပြီး နတ်ဆိုးမျိုးနွယ်မှာပဲသေမှာ...."

.....

ဂျန်ဖန်း ပြုံးလိုက်သည်။

ထို့နောက် ယို့ယွင်ကျီဘက်လှည့်ပြီး ပြောလိုက်သည်။

"စီနီယာကျေးဇူးပြုပြီး ဒီသားရဲကိုကောင်းကောင်းဆက်ဆံဖို့ ဧရာမဂိုဏ်းဆီ သတင်းပို့ပေးပါ..."

"သူ့ကို အစာကောင်းအသောက်ကောင်းတွေ ကျွေးဖို့လဲမမေ့ပါနဲ့လို့...."

"အခု မျိုးနွယ်စုနှစ်ခုကြားစစ်ပွဲက ပြင်းထန်နေပြီဆိုတော့ ကျွန်တော်တို့လူသားတွေ အညံ့ခံတဲနတ်ဆိုးမျိုးနွယ်တစ်ယောက်ကို စံနမူနာပြသင့်တယ်...."

"ဒီနတ်ဆိုးသားရဲတွေကို အညံ့ခံအောင်လုပ်ဖို့ ဘယ်လောက်လွယ်လဲဆိုတာ ပြဖို့ပေါ့..."

ယို့ယွင်ကျီ ရယ်လိုက်၏။

"ကောင်လေး, မင်းအတွေးက ငါတို့ခန်းမသခင်အတွေးနဲ့အတူတူပဲ...."

"ငါတို့ တကယ်ပဲ နောက်ပိုင်းမှာ စံပြတစ်ကောင်လောက်ရှာနေတယ်..."

"ဒီရွှေရောင်လက်သည်းသံမဏိဝံပုလွေက ပူးပေါင်းဆောင်ရွက်မှတော့ ဒီအတိုင်းလုပ်ကြတာပေါ့...."

ထိုအရာကိုကြားသည့်အခါ....

ရွှေလက်သည်းသံမဏိဝံပုလွေ ဒေါသတကြီးဟိန်းဟောက်လိုက်၏။

"နတ်ဆိုးမျိုးနွယ်က ဘယ်တော့မှ ကျွန်ခံမှာမဟုတ်ဘူး...."

"အဲ့ထက် သေဖို့ကိုပဲ ရွေးချယ်လိုက်မယ်...."

ဂျန်ဖန်း ၎င်း၏ထုနှက်ခံထားရသည့်ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အစားအသောက်အပြင် သူ့ခန္ဓာကိုယ်ကိုယ်လည်း ကုသပေးလိုက်ပါအုန်း...."

"နောက်ပိုင်းကျရင် ကျွန်တော် စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်ကိုပြောပြီး သူ့အတွက် ဝံပုလွေမလေးတွေပို့ပေးလိုက်မယ်...."

ရွှေလက်သည်းသံမဏိဝံပုလွေ ဆက်လက်ဟိန်းဟောက်လိုက်သည်။

"ငါ မင်းတို့လူသားတွေရဲ့ အစားအသောက်တွေ မလိုအပ်ဘူး။ ဝံပုလွေမတွေလည်းမလိုချင်..."

"ခဏနေပါအုန်း, ဝံပုလွေမလေးတွေ?..."

"သူတို့က လှလား..."

"အို, ငါဘာတွေတွေးနေတာလဲ...."

"မင်းကောင်ချောလေး အရှက်မရှိဘူး။ စက်ဆုပ်စရာကောင်းတယ်။ မင်းက ငါ့သစ္စာရှိမှုကို ဖျက်ဆီးနေတာပဲ...."

အာ....

ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။

သူက စစ်မေးသည့်အချက်အလက်စာရွက်ကိုလိပ်ပြီး ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့ စစ်မေးမှုကတော့ပြီးသွားပြီ...."

"ကျွန်တော် တာဝန်ခန်းမဆီ တင်ပြရီလိုက်အုန်းမယ်။ အကြီးအကဲက ဒီအချက်အလက်စာရွက်ကိုယူပြီး ခန်းမသခင်ကို တင်ပြလိုက်...."

"ကျွန်တော်တို့ ကြန့်ကြာနေရင် ဘေးအန္တရာယ်တွေဖြစ်လာလိမ့်မယ်..."

အို?...

ယို့ယွင်ကျီ အံ့အားသင့်သွား၏။

ဘယ်လိုသတင်းမျိုးမိုလို့ ခန်းမသခင်ကို တင်ပြဖို့လိုသနည်း။

ထိုအရာက လိုအပ်သည်လား။

သို့ပေမယ့် စာထဲရှိအကြောင်းအရာတွေကိုကြည့်လိုက်သည့်အခါ မနေနိုင်ပဲ ကြောင်သွား၏။

All Chapters