← Chapters

ဒီကောင်လေးမဆိုးပါဘူး

Vol. 30 Ch. 391

ဒီကောင်လေးမဆိုးပါဘူး

Vol. 30 Ch. 391

"နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် ရှေ့တန်းရောက်နေတယ်...."

သူ မမှားတာအတည်ပြုပြီးနောက် ယို့ယွင်ကျီ ဒေါသကော တုန်လှုပ်မှုကော ခံစားလိုက်ရ၏။

"ကောင်းတယ်,နတ်ဆိုးအင်ပါယာ မင်းက ငါတို့ခန်းမသခင်နဲ့လုပ်ထားတဲ့ကတိကို ချိုးဖောက်ရဲတယ်ပေါ့....."

နတ်ဆိုးအင်ပါယာနှင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်မသခင် နှစ်ယောက်လုံးက သန္ဓေသားအဆင့်တွေဖြစ်ကြ၏။

သူတို့တိုက်ခိုက်ကြသည့်အခါ အထိအခိုက်တွေ မရေမတွက်နိုင်အောင်များပြား၏။

ဘယ်သူမှ အခြားတစ်ဖက် စစ်ပွဲထဲတိုက်ရိုက်ပါဝင်လာမှာကို မလိုလားပေ။

ထို့ကြောင့် နောက်ဆုံးတိုက်ပွဲမရောက်မချင်း သူတို့တွေထွက်ပေါ်မလာဟု သဘောတူညီချက်ထားရှိခဲ့ကြသည်။

သို့ပေမယ့် မည်သူသိမည်နည်း။ နတ်ဆိုးအင်ပါယာက တိတ်တဆိတ်လှည့်ကွက်တွေကစားနေခဲ့သည်။

သူ၏နတ်ဆိုးအင်ပါယာသွေးတွေ ရှေ့တန်းမှာအသုံးပြုဖို့ ဖြန့်ဝေနေခဲ့သည်။

လူသားကျွမ်းကျင်သူတွေသာ ထိုအရာကိုမသိလျှင် အကျိုးဆက်ကို တွေးတောင်မကြည့်ရဲပေ။

"ဂျန်ဖန်း, မင်းက အကျိုးဆောင်မှုကြီးတစ်ခု လုပ်လိုက်တာပဲ...."

ယို့ယွင်ကျီ မလွယ်ကူစွာဖြင့် ပြောလိုက်သည်။

"ခန်းမသခင်က ဒီအတွက် မင်းကို ထိုက်တန်တန် ဆုချီးမြှင့်လိမ့်မယ်...."

ဂျန်ဖန်းအကြည့်တည်ငြိမ်နေပြီး ပြောလိုက်သည်။

"နှုတ်ခမ်းမရှိရင် သွားတွေအအေးပတ်ကုန်လိမ့်မယ်။ ကျွန်တော်က ကျွန်တော့်အတွက် ကျွန်တော်လုပ်တာပါ...."

"ဆုအတွက်ကတော့, ဒါ မလိုပါဘူး။ ခန်းမသခင် ဒီကိစ္စကို မြန်မြန်ကိုင်တွယ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်..."

ယို့ယွင်ကျီ တိတ်တဆိတ် သဘောကျသွား၏။

ဤကောင်လေးကသူမျှော်လင့်ထားသည့်အတိုင်းပင်။ ခန်းမသခင်ဆီိမှဆုလာဒ်နှင့်ရင်ဆိုင်ရတာတောင် တည်ငြိမ်နေခဲ့သည်။

ခန်းမသခင်ဆီမှစကားတစ်ခွန်း သာမန်လူတစ်ယောက်ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်သည်ဆိုတာ လူတိုင်းသိ၏။

ဂျန်ဖန်းပါရမီကို သူတစ်ယောက်ထဲသာသိသည့်အတွက် စိတ်ထဲ၌ ယို့ယွင်ကျီ ကျေနပ်နေခဲ့သည်။

အချိန်ရောက်လာလျှင် တန်ဖိုးကြီးကြီးပေးရမည်ဆိုလျှင်တောင် ဂျန်ဖန်းကိုရအောင်ခေါ်ယူရမည်ဖြစ်သည်။

တပ်! တပ်! တပ်!

ရုတ်တရက် လျှင်မြန်သည့်ခြေလှမ်းသံတွေ ထွက်ပေါ်လာခဲ့သည်။

ယို့ယွင်ကျီ လှမ်းကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွား၏။

"လက်ထောက်ခန်းမသခင်ဂု...."

သူ့မျက်နှာ၌ အံ့အားသင့်မှုတွေအပြည့်ပင်။

ဂုဟွာရှီက ဤနေရာဘာကြောင့်ရောက်နေရသနည်း။ သူမတာဝန်တွေ သွားလုပ်နေရမှာ မဟုတ်ဘူးလား။

ရွှေရောင်လက်သည်းသံမဏိဝံပုလွေ ယောင်ကိုင်းနေသည့်ဒဏ်ရာတွေနှင့် သနားစရာမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ဂုဟွာရှီနှလုံးသား အနည်းငယ်ကျုံ့သွားပြီး မေးလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, စစ်မေးတာ အခြေအနေဘယ်လိုရှိလဲ...."

ယို့ယွင်ကျီ သတင်းအချက်အလက်စာရွက်ကို အင်္ကျီလက်ထဲထည့်ပြီး အမှန်တိုင်းပြောလိုက်သည်။

"အတော်လေးသိလိုက်ရတယ်...."

"ငါ အခုပဲ ခန်းမသခင်ဆီသတင်းသွားပို့တော့မလို့...."

ဤစကားတွေက ဂုဟွာရှီကို မလွယ်ကူသလိုခံစားသွားရစေ၏။

ဤရွှေရောင်လက်သည်းသံမဏိဝံပုလွေက တကယ်ပဲ အရေးကြီးသတင်းတွေ ထုတ်ပြောလိုက်ပြီလား။

ထိုသို့ဆိုလျှင် ဂျင်ကျောင်းမင်အခွင့်အလမ်းတွေ လုံးဝပျက်ပြယ်သွားပြီဟု ဆိုလိုနေသည်မဟုတ်လား။

ဤနေရာကိုလာသည့်သူမ၏အထူးခရီးကလည်း လုံးဝအသုံးမဝင်တော့ပေ။

"ခဏနေပါအုန်း...."

ဂုဟွာရှီ သူ့ကိုရုတ်ချည်းတားပြီး ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, ဒီလိုစစ်မေးတဲ့တာဝန်က တပည့်တွေအတွက်ပဲမဟုတ်ဘူးလား။ နင့်လိုအဆင့်ရှိတဲ့လူတစ်ယောက် ဝင်ပါတာတော့ မသင့်တော်သလိုပဲ...."

ယို့ယွင်ကျီ မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

"အဲ့မေးခွန်းကို ငါကမေးသင့်တာမဟုတ်ဘူးလား။ သားရဲလှိုင်းကထကြွနေပြီး၊ လက်ထောက်ခန်းမသခင်ဂု ခန်းမမှာမနေပဲ ဘာလို့ ဧရာမဂိုဏ်းကို ရောက်နေတာလဲ...."

"ပြီးတော့ မင်းက ဒီနတ်ဆိုးဘုရင်စစ်မေးတဲ့ကိစ္စမှာ အင်မတန်အာရုံစိုက်လွန်းနေတယ်ဆိုတော့....."

သူက စကားဆုံးအောင်မပြောပေ။

အင်္ကျီလက်ထဲရှိ သတင်းစာရွက်၏အရေးပါမှုကိုခံစားမိချိန် ရုတ်တရက် တစ်ခုခုကိုနားလည်လိုက်၏။

ဂျင်ကျောင်းမင်က ဤတာဝန်ကို အခြားလူတွေမလုပ်အောင် ဟန့်တားထား၏။

ထိုအရာက ဂုဟွာရှိ တစ်ခုခုသိထားပြီး သူမသဘောကျသည့်တပည့်ကို အောင်မြင်မှုရစေချင်၍ ဖြစ်နိုင်၏။

ထို့ကြောင့် အထူးခရီးနှင်လာပြီး အသိလာပေးတာပင်။

ယို့ယွင်ကျီ တင်းကြပ်စွာမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ဂု, မင်း မင်းတပည့်ကိုကူညီချင်တာ ငါနားလည်တယ်..."

"ဒါပေမယ့် မင်းကြောင့် အန္တရာယ်ကြီးဖြစ်တော့မလို့...."

သူသာရပ်တည်မပေး၍ ဂျန်ဖန်းမစစ်မေးရလျှင် ဘာဖြစ်သွားမလဲဆိုတာ တွေးတောင်မကြည့်ရဲပေ။

ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မည်နည်း။

အနည်းဆုံး ဂျင်ကျောင်းမင်ပြန်မရောက်ခင်ထိ မည်သူမှ နတ်ဆိုးဝံပုလွေကို စစ်မေးလို့ရမည်မဟုတ်ပေ။

သူပြန်ရောက်ပြီးနောက်၌လည်း စစ်မေးမှုအောင်မြင်ဖို့က မသေချာပေ။

သူလက်လျော့ပြီး အခြားတစ်ယောက်ပေးလိုက်ချိန်၌ အချိန်တွေဘယ်လောက်ကုန်သွားမလဲဆိုတာ မသိနိုင်ပေ။

ထိုအခါ အခြေအနေတွေက ပြန်ပြင်လို့ရတော့မည်မဟုတ်ပေ။

ရှေးတန်းရှိတပ်ဖွဲ့တွေ နတ်ဆိုးအင်ပါယာသွေးကြောင့် ခွန်အားတိုးတက်နေသည့် နတ်ဆိုးဘုရင်တွေနှင့်ထိပ်တိုက်တွေ့ပြီး ခံစစ်ကြောင်းတွေ ပြိုလဲကျကုန်မည်ဖြစ်သည်။

"ဘေးအန္တရာယ်ကြီး? နင်ဘာတွေ ဒီလောက်ထိ ပုံကြီးချဲ့နေတာလဲ...."

ဂုဟွာရှီ အေးစက်စွာနှာမှုတ်လိုက်၏။

သူမတပည့်အောင်မြင်မှုရအောင်ကူညီတာ ဘာမှားနေလို့နည်း။ ထိုအရာက သူပြောသလောက် မကြီးကျယ်ပေ။

ယို့ယွင်ကျီ သတင်းစာရွက်ကို ထုတ်ယူလိုက်သည်။

ထို့နောက် ဧရာမဂိုဏ်းချုပ်၏အကြည့်ကိုရှောင်ပြီး ဂုဟွာရှီကို တိတ်တဆိတ်ပြလိုက်သည်။

သူမအကြည့် သပ်ရပ်စွာရေးထားသည့်စာကြောင်းတွေပေါ် ကျရောက်သွားခဲ့သည်။

သို့ပေမယ့် စာသားပါအကြောင်းအရာတွေက သူမကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့သည်။

"နတ်ဆိုးအင်ပါယာကိုယ်လုပ်တော်...."

ယို့ယွင်ကျီ သူမကို တိတ်တိတ်နေဖို့ အချက်ပြလိုက်ပြီး တင်းမာစွာပြောလိုက်သည်။

"မင်းက ဒါကိုတောင် အပြင်ပေါက်ကြားအောင်လုပ်အုန်းမလို့လား...."

ဂုဟွာရှိ ချက်ချင်းတိတ်ဆိတ်သွား၏။

သို့ပေမယ့် တုန်လှုပ်မှုက သူမမျက်နှာပေါ်မှာ ရှိနေဆဲဖြစ်သည်။

သူမက ချက်ချင်းပဲ ယို့ယွင်ကျီပြောသည့် အန္တရာယ်ကြီးဆိုတာကို နားလည်သွားခဲ့သည်။

သူမ ကပ်ဘေးကြီးတစ်ခု၏ရာဇဝတ်သား ဖြစ်တော့ဖို့ သီသီလေးသာလိုတော့၏။

ထိုအရာကိုတွေးပြီး ချွေးအေးတွေ နဖူးမှ စီးကျလာခဲ့သည်။

ယနေ့ကိစ္စသာ ခန်းမဆီရောက်သွားလျှင် ခန်းမသခင်ထံမှပြင်းထန်သည့်အပြစ်ပေးမှုက ရှောင်လွဲလို့မရပေ။

"မင်းဒီနေ့ဒီမှာမရှိခဲ့ဘူးလို့ပဲ မှတ်လိုက်မယ်။ ဒါပေမယ့် နောက်တစ်ကြိမ်မဖြစ်စေနဲ့...."

ယို့ယွင်ကျီ သူမအတွက် ခက်ခဲအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပေ။

ဂုဟွာရှီအားတင်းပြုံးလိုက်ပြီး သဘောပေါက်စွာခေါင်းညိတ်လိုက်သည်။

"ဒီကျေးဇူးကို ငါမှတ်ထားပါ့မယ်..."

"ဒီနေ့ နင်ကိုယ်တိုင်စစ်မေးလိုက်တာ တကယ်ကံကောင်းသွားတယ်...."

သူမအမူအရာ၌ ရှက်ကိုးရှက်ကန်းအရိပ်အယောင်တစ်ခုရှိနေခဲ့သည်။

အစောပိုင်းပြသခဲ့သည့် ဖြောင့်မတ်သည့်လေသံတွေမရှိတော့ပေ။

"မင်းနာလည်မှုလွဲနေပြီ။ ဒါက တပည့်တွေအတွက်တာဝန်ဆိုမှတော့ ငါဘယ်လိုလုပ် ကြားဝင်မှာလဲ...."

"ဒီသတင်းတွေကို ဒီတိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်း စစ်မေးခဲ့တာ...."

ယို့ယွင်ကျီ အမှန်ပြင်ပေးလိုက်သည်။

ဟမ်?....

ဂုဟွာရှီ တစ်ချိန်လုံးတိတ်ဆိတ်နေသည့်ဂျန်ဖန်းကို မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်လေး, စစ်မေးခဲ့တာ တကယ်မင်းလား...."

ဂုဟွာရှီီ ဂျန်ဖန်းကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်၏။

သူက စားသင်သားတစ်ယောက်ပုံပေါ်ပြီး သန့်စင်လှ၏။

ရွှေလက်သည်းသံမဏိဝံပုလွေကို စစ်မေးနိုင်သည့် တစ်စုံတစ်ယောက်နှင့် လုံးဝမတူပေ။

ထိုအခိုက်အတန့်၌...

ရွှေလက်သည်းသံမဏိဝံပုလွေ ဒေါသတကြီးဟိန်းဟောက်ပြီး သံကြိုးတွေကို ရုန်းကန်လိုက်၏။

"သူ ဘာတွေပြောနေတာလဲ..."

ဂုဟွာရှိမေးလိုက်သည်။

နတ်ဆိုးမျိုးနွယ်ဘာသာစကားနှင့်ရင်းနှီးသည့် ကြီးကြပ်ရေးမှူးတစ်ယောက်ကို ဧရာမဂိုဏ်းချုပ်ဆင့်ခေါ်ထားပြီးပြီဖြစ်သည်။

သူက ဂျန်ဖန်းကို ထူးဆန်းသည့်အမူအရာဖြင့်ကြည့်ပြီး ပြောလိုက်သည်။

"သူပြေတာ... ငါက နတ်ဆိုးသစ္စာဖောက်တစ်ယောက်မဟုတ်ဘူး။ ခုသတ်လိုက်တဲ့။ အဲ့လူထူးဆန်းလေးရဲ့သတင်းတွေက သူပေးလိုက်တာမဟုတ်ဘူးတဲ့...."

အာ....

ထိုအရာကိုကြားသည့်အခါ, ဂုဟွာရှီ ရွေးချယ်စရာမရှိပဲ ယုံကြည်လိုက်၏။

ဒီတော့ စစ်မေးခဲ့တာ တကယ်ပဲ ဂျန်ဖန်းဖြစ်နေခဲ့သည်။

ရွှေလက်သည်းသံမဏိဝံပုလွေက စစ်မေးဖို့မဖြစ်နိုင်ဘူးဟု ယခင်က သတင်းတွေထွက်နေသည်မဟုတ်လား။

ဂျန်ဖန်းကတော့ သာမန်အတိုင်းပဲ သတင်းတွေရအောင်လုပ်နိုင်ခဲ့၏။

ဂျင်ကျောင်းမင် တာဝန်ယူလိုက်လျှင် ပိုလို့တောင်လွယ်ကူသွားဖြစ်သည်။

ဤကလေး ကံကောင်းသွားတာ သံသယရှိစရာမလိုပေ။

ထိုအရာကိုတွေးမိတော့ ဂုဟွာရှိ မနေနိုင်ပဲ ရွှေလက်သည်းသံမဏိဝံပုလွေကိုစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

"ကျောရိုးမရှိတဲ့ကောင်...."

ရွှေလက်သည်းသံမဏိဝံပုလွေ ထိုစကားတွေကြားသည့်အခါ ပိုလို့တောင်မခံမရပ်နိုင်ဖြစ်သွား၏။

သူက ကြမ်းကြုတ်စွာပြောလိုက်သည်။

"အဘွားကြီး, မင်းကိုယ်တိုင်ငါ့ကိုစစ်မေးရဲလား။ ငါစကားတစ်လုံးဟရင်ကို မင်းနိုင်တယ်လို့သတ်မှတ်လို့ရတယ်...."

ကြီးကြပ်ရေးမှူးသတိထား ဘာသာပြန်ပေးလိုက်သည်။

ဂုဟွာရှီ ထိုအရာကိုကြားသည့်အခါ လှောင်ပြောင်လိုက်၏။

"ဂျူနီယာတပည့်တစ်ယောက်တောင် သတင်းတွေ အလွယ်တကူနှိုက်ထုတ်နိုင်တာ ငါ့နည်းလမ်းတွေက မကိုင်တွယ်နိုင်ဘူးလို့ နင်ထင်နေတာလား..."

ပြောပြီးနောက် နဂါးတောင်ဝှေးကိုမြောက်ပြီး ရွှေလက်သည်းသံမဏိဝံပုလွေရင်ဘတ်ဆီ ညွှန်ပြလိုက်သည်။

ဘန်း!

သွေးရောင်အပေါက်ကြီးတစ်ခု ပေါက်ထွက်သွား၏။

ရွှေရောင်လက်သည်းသံမဏိဝံပုလွေ သနားစရာကောင်းစွာ အော်ဟစ်လိုက်ရ၏။

"အားနည်းလွန်းတယ်, အဘွားကြီး..."

"ဒီလိုသနားစရာနည်းလမ်းတွေက နတ်ဆိုးမျိုးနွယ်တော်ဝင်ဝံပုလွေကို အညံ့ခံအောင်လုပ်နိုင်မယ်လို့ ထင်နေတာလား..."

"အိမ်မက်မက်နေလိုက်...."

သူက ဂျန်ဖန်းဆီသတင်းတွေရောက်သွားသည့်အတွက် အတော်လေး နောင်တရနေခဲ့သည်။

ယခု ဘယ်လိုနည်းနှင့်မဆို သူ၏သစ္စာရှိမှုကိုသက်သေပြဖို့ ကျိန်ဆိုထား၏။

မဟုတ်လျှင် နတ်ဆိုးမျိုးနွယ်သစ္စာဖောက်ဟူသည့် အမည်ဆိုးကြီးတွင်သွားတော့မည်ဖြစ်သည်။

ဂုဟွာရှီမျက်နှာ ပိုမိုအေးစက်သွားပြီး နှာမှုတ်လိုက်၏။

"ရဲတင်းလိုက်တဲ့ တိရိစ္ဆာန်ကောင်..."

သူမ၏အားကောင်းသည့်တိုက်ခိုက်မှုတွေကို အသုံးပြုလိုက်သည်။

တစ်ခုချင်းစီက နောက်ဆုံးတစ်ခုထက်ပိုကြမ်းတမ်းပြီး နတ်ဆိုးဝံပုလွေကို မချိတင်ကဲ အော်ဟစ်နေစေခဲ့သည်။

နားမခံနိုင်သည့်အသံက လူတိုင်းကို အံကြိတ်သွားစေပြီး ဘယ်လောက်နာကျင်မလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင်ခက်ခဲ၏။

သို့ပေမယ့် ရွှေလက်သည်းသံမဏိဝံပုလွေ ပြတ်ပြတ်သားသားခုခံနေခဲ့၏။

သေလုမျှောပါးနှိပ်စက်ခံထားရသော်လည်း ၎င်း၏အလျော့မပေးသည့်စိတ်ဝိညာဥ်က မယိမ််းယိုင်ပဲရှိနေဆဲဖြစ်သည်။

ဂုဟွာရှီ မနေနိုင်ပဲ အနည်းငယ်စော်ကားခံရသလို ခံစားလိုက်ရ၏။

ဂျန်ဖန်းတောင် အလွတ်တကူစစ်မေးနိုင်ခဲ့ရာ သူမလို လက်ထောက်ခန်းမသခင်တစ်ယောက်က သဘာဝအတိုင်း အသာအယာစစ်မေးနိုင်သင့်၏။

မည်သူထင်ထားမည်နည်း, သူမ၏နည်းလမ်းအကုန်သုံးပြီးတောတောင် အကျိုးသက်ရောက်မှုရှိမနေခဲ့ပေ။

"ဘာ...ဘာမှားနေတာလဲ...."

ဂုဟွာရှီမျက်နှာ ရှက်ရွံ့မှုကြောင့် နီရဲသွား၏။

ယို့ယွင်ကျီနှုတ်ခမ်းတွေတွန့်ကွေးသွားပြီး မှတ်ချက်ပေးလိုက်သည်။

"အင်အားသုံးတာသာအသုံးဝင်ရင် အချိန်အတော်ကြာကတည်းက သတင်းတွေရနေပြီပေါ့..."

"ဂျန်ဖန်းက သတင်းတွေရဖို့ ထူးဆန်းတဲ့နည်းလမ်းတစ်ခုသုံးခဲ့တာ။ အဲ့နည်းလမ်းကို ငါတောင်နားမလည်ဘူး..."

ထိုအခါမှသာ ဂုဟွာရှီ နားလည်သွားခဲ့သည်။

သူမ ဂျန်ဖန်းကို လျှော့တွက်မိပြီပင်။

ထို့နောက် သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းမှာ အရည်အချင်းအချို့ရှိသားပဲ...."

"မင်းကျင့်ကြံရေးနယ်ပယ်က ဘယ်အဆင့်ရောက်ပြီလဲ..."

သူမက သာမန်အတိုင်းမေးလိုက်သည်။

ဤမေးခွန်းက ယို့ယွင်ကျီအား စကားပြောမိတာ နောင်တရသွားစေ၏။

သူဘာကြောင့် ဂျန်ဖန်းစွမ်းရည်နှင့်ပတ်သက်ပြီး ကြွားဝါမိသနည်း။

ယခု ဂုဟွာရှီ ဂျန်ဖန်းအလားအလာကိုသိသွားရာ သူ့၌ အခြားပြိုင်ဘက်တစ်ယောက်ရှိသွားပြီဟု ဆိုလိုနေသည်မဟုတ်လား။

သူက အလျှင်အမြန်ပဲ ဝင်ပြောလိုက်သည်။

"သာမန်ပါပဲ...."

"ဒီကောင်လေးက သာမန်ပါပဲ...."

All Chapters