ခင်ဗျားမျက်နှာသာပေးမှုမလိုဘူး
Vol. 30 Ch. 393
သူတို့၏ပုံမှန်မဟုတ်သည့်အမူအရာက ရွယ်ဝမ်ချောင်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူတို့အကြည့်နောက်လိုက်ကြည့်လိုက်သည့်အခါ...
ယို့ယွင်ကျီနောက်မှာပုန်းနေသည့်ဂျန်ဖန်းကိုမြင်လိုက်ပြီး ချက်ချင်း ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။
"မင်း ဧရာမဂိုဏ်းကို လာရဲသေးတယ်ပေါ့...."
"ရဲတင်းလိုက်တာ...."
ထိုကောင်က သူ၏၇ရောင်ခြယ်ဆန်းကြယ်ရေခဲကိုယူသွားပြီး ဝေးဝေးသွားပုန်းမနေခဲ့ပေ။
ဧရာမဂိုဏ်းကိုတောင် လာရဲသေး၏။
ဤအရာက တမင်သက်သက် ဒေါသလာဆွနေတာဖြစ်သည်။
သူက အင်္ကျီလက်မတင်ပြီး ရှေ့ကိုခြေလှမ်းကျဲကျဲလှမ်းလာခဲ့သည်။
ယို့ယွင်ကျိ ကုန်းယွမ်ဘကို ထူးမခြားနားစွာကြည့်ပြီးပြောလိုက်သည်။
"ဂိုဏ်းချုပ်ကုန်း, မင်းတပည့်ဘာလုပ်ချင်လို့လဲ...."
ကုန်းယွမ်ဘနှလုံးသားခုန်ပေါက်သွား၏။
ဂျန်ဖန်း၌ ယို့ယွင်ကျီနောက်ခံရှိရာ စိတ်ရှိတိုင်းအနိုင်ကျင့်နိုင်သည့် တိမ်စိမ်းဂိုဏ်းသာမန်တပည့်တစ်ယောက်မဟုတ်ပေ။
"ဝမ်ချောင်, မင်းဘာလုပ်နေတာလဲ...."
ကုန်းယွမ်ဘ အသာအယာသတိပေးလိုက်သည်။
"လက်ထောက်ခန်းမသခင်ယို့ရှိသေးတယ်။ မရိုင်းနဲ့..."
ထိုအခါမှသာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလက်ထောက်သခင် ဂျန်ဖန်းကိုကာကွယ်ပေးနေတာ ရွယ်ဝမ်ချောင် သိသွား၏။
သူက အလျှင်အမြန်ရပ်တန့်လိုက်ပေမယ့် အများကြီးတော့ ကြောက်လန့်မသွားပေ။
အဘယ်ကြောင့်ဆိုသော် အခြားလက်ထောက်ခန်းမသခင်ဂုက ဧရာမဂိုဏ်းကို ထောက်ခံပေးနေလို့ဖြစ်သည်။
ထို့ပြင် သူမကြည့်ရတာ သူ၏ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ကို စိတ်ဝင်စားနေသလိုပင်။
"ဆရာ, ဂျန်ဖန်းက ကျွန်တော့်ရဲ့ဆန်းကြယ်ရေခဲကိုယူသွားတာလေ။ ကျွန်တော်စိတ်လိုက်မာန်ပါဖြစ်သွားပေမယ့် ဒါနားလည်ပေးလို့ရပါတယ်။ ဆရာခွင့်လွတ်ပေးဖို့ မျှော်လင့်ပါတယ်..."
ကုန်းယွမ်ဘ ခေါင်းညိတ်လိုက်၏။ ထို့နောက် ဂျန်ဖန်းကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲ ခွဲပေးနိုင်မလား..."
"အဲ့ဒီရေခဲက ငါ့တပည့်အတွက် အရမ်းအရေးပါတယ်...."
၇ရောင်ခြယ်ဆန်းကြယ်ရေခဲကြီးကို ဂျန်ဖန်းတစ်ယောက်တည်းသုံးမကုန်ပေ။
သူလိုချင်သည့်တစ်ခုခုနှင့် လဲနိုင်လျှင် တန်သည်ဟုပြောလို့ရ၏။
"အဲ့တာက ဂိုဏ်းချုပ်ကုန်းရဲ့ ရိုးသားမှုအပေါ်မှာပဲမူတယ်...."
ဂျန်ဖန်း စီးပွားရေးလုပ်ဖို့ ဆန္ဒရှိကြောင်း ပြသလိုက်သည်။
ကုန်းယွမ်ဘ မျက်ခုံးတွေ မြင့်တက်သွား၏။
"မင်း နားလည်မှုလွဲနေပြီထင်တယ်...."
"မင်းက ငါ့တပည့်ဆီက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲယူသွားတယ်။ ပိုင်ရှင်ဆီပြန်ပေးရမှာ မင်းတာဝန်ပဲမဟုတ်ဘူး..."
"ငါစီးပွားရေးလုပ်ချင်တယ်လို့ မင်းကထင်နေတာလား...."
ဘာ?...
ဂျန်ဖန်း ဒေါသတကြီးရယ်လိုက်၏။
ယို့ယွင်ကျီရှိနေတာတောင် သူတို့က မျက်နှာပြောင်တိုက်မေးရဲသေး၏။
မရှိမြန်းမရှိလျှင် တိုက်ရိုက်တောင်လုယူမည်ဖြစ်သည်။
ယို့ယွင်ကျီမျက်မှောင်ကြုတ်သွား၏။
"ဂျန်ဖန်း, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်တာလဲ...."
အခြေအနေကို နားမလည်ခင် သူက ရမ်းသမ်းထောက်ခံပေးလို့မရပေ။
တကယ်ပဲ ဂျန်ဖန်းလုယူခဲ့တာဆိုလျှင် ပြဿနာဖြစ်မည်ဖြစ်သည်။
ဂျန်ဖန်းလက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဒီဆရာတပည့်နှစ်ယောက်ပါးစပ်ကထွက်လာတဲ့ လုယူတဲ့ဆိုတဲ့စကားက သူခိုးကလူပြန်ဟစ်တာလို့ပဲပြောချင်ပါတယ်..."
"တကယ်တော့, ရွယ်ဝမ်ချောင် အဆိပ်မိပြီး အဆိပ်မြူထဲတောင် မသွားရဲတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် အဆိပ်မြူအနက်ပိုင်းထဲထိသွားပြီး ဆန်းကြယ်ရေခဲကို ယူလာခဲ့တာပါ..."
"ကိုယ်အသုံးမကျတာကို အခြားသူအပေါ်အပြစ်ပုံချပြီး လုယူတယ်လို့ အဓိပ္ပာယ်ကောက်နေတာပါ..."
"အဲ့လိုဆို ကျွန်တော်ပြောချင်တာက ကမ္ဘာပေါ်ကပစ္စည်းတွေအားလုံးက ဧရာမဂိုဏ်းတစ်ချက်ကြည့်လိုက်တာနဲ့ သူတို့အပိုင်ဖြစ်သွားရောလား...."
"သူတို့မယူနိုင်ရင် ဘယ်သူမှမယူရဘူး။ မဟုတ်ရင် လုယူတယ်ဖြစ်သွားရောလား...."
အခြေအနေကို အကြမ်းဖျင်းနားလည်သွားပြီး ယို့ယွင်ကျီမျက်နှာတင်းမာသွား၏။
"ဂိုဏ်းချုပ်ကုန်း, မင်းက ဒါကို လုယူတယ်လို့ခေါ်တာလား..."
ဂုဟွာရှီတောင် နောက်ထပ်သည်းမခံနိုင်တော့ပဲ ဝင်ပြောလိုက်သည်။
"ဒါက လူတစ်ယောက်ရဲ့လုပ်နိုင်စွမ်းအပေါ်မှာပဲမူတည်တယ်။ ဂျန်ဖန်း သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ရခဲ့တာဆိုတော့ သူ့အပိုင်ပဲပေါ့...."
"ဘာမှငြင်းခုန်နေဖို့မလိုဘူး...."
သို့ပေမယ့် ရွယ်ဝမ်ချောင် လက်ခံဖို့ငြင်းဆန်ပြီး ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော့်ကြောင့် ထောင်ချောက်အားလုံးပွင့်သွားလို့သာမဟုတ်ရင် ဂျန်ဖန်း ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို လွယ်လွယ်နဲ့ ရနိုင်မှာတဲ့လား..."
"သူက အဲ့နေရာမှာ အစောကြီးကတည်းကသေနေလောက်ပြီ...."
ဂျန်ဖန်း သူ့ဆီမှအခွင့်ကောင်းယူသွားသည်ဟု သူအမြဲထင်ထားခဲ့သည်။
ဂျန်ဖန်း တည်ငြိမ်နေဆဲပင်။
"အဆိပ်မြူထဲမှာထောင်ချောက်လေးတစ်ခုပဲရှိတယ်လို့မင်းထင်နေတာလား...."
"ငါ ၇ရောင်ခြယ်အဆိပ်ဖားနဲ့ အချိန်အတော်ကြာတိုက်ခိုက်ခဲ့တာကြ မင်းထည့်မပြောဘူးလား...."
နှိုင်းယှဥ်ကြည့်လျှင်...
ထောင်ချောက်က ဘာအန္တရာယ်မှမရှိပေ။
ဂျန်ဖန်း သူ့နည်းစနစ်အားလုံးသုံးတာတောင် ၇ရောင်ခြယ်အဆိပ်ဖားစားတာခံရလုနီးပါးဖြစ်၏။
ဘာ?....
ဂုဟွာရှီ အံ့အားသင့်သွား၏။
"နင်က ၇ရောင်ခြယ်အဆိပ်ဖားနဲ့တိုက်ခိုက်ခဲ့တယ်..."
ယို့ယွင်ကျီလည်း မယုံနိုင်သည့်အမူအရာအနည်းငယ်ပြသလာ၏။
"အရွယ်ရောက်၇ရောင်ခြယ်အဆိပ်ဖားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ပဲ..."
"ထပ်ပေါင်းပြောရရင်သူ့ရဲ့အဆိပ်ကို အမြုတေဖွဲ့ခြင်းအဆင့် ၅ တောင် မခုခံနိုင်ဘူး..."
"အဲ့တာကို မင်းကတကယ်ပဲ သူနဲ့တိုက်ခိုက်ခဲ့တယ်...."
ကုန်းယွမ်ဘ နှာမှုတ်လိုက်၏။
"၇ရောင်ခြယ်အဆိပ်မြူထဲမှာ ဘာဖြစ်ခဲ့လဲ ဘယ်သူပြောနိုင်မှာလဲ...."
"ဇတ်လမ်းဆင်ထားရင် ဘယ်သူမှ အမှန်တရားကိုပြောနိုင်မှာမဟုတ်ဘူး..."
ဂုဟွာရှီနှင့် ယို့ယွင်ကျီ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထိုအရာ ဂျန်ဖန်းလိမ်နေတာဟု သူတို့ထင်နေတာမဟုတ်ပေ။
သို့ပေမယ့် ထိုကိစ္စက တကယ်ကို မယုံနိုင်စရာကောင်းလွန်းနေတာဖြစ်၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရှိပါရမီရှင်တွေတောင် ၇ရောင်ခြယ်အဆိပ်ဖားကို တိုက်ရိုက်မတိုက်ခိုက်ရဲပေ။
တိမ်စိမ်းဂိုဏ်းက တပည့်တစ်ယောက်ဆိုရင်တော့ပြောစရာကိုမလိုတော့ပေ။
ဂျန်ဖန်း အမူအရာ ထူးမခြားနာပင်။
"ဘယ်လိုပဲဖြစ်ဖြစ် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက ငါ့လက်ထဲမှာလေ..."
"မင်းတို့ဧရာမဂိုဏ်းလိုချင်ရင် ငါတစ်ဝက်ခွဲပေးနိုင်တယ်။ ဒါပေမယ့် ဂိုဏ်းချုပ်ကုန်းပိုင်ဆိုင်တဲ့ လေဟာနယ်ကြာပန်းကို ငါလိုချင်တယ်...."
ဘာ?....
ကုန်းယွမ်းဘ ဒေါသထွက်သွား၏။
"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး..."
"အများဆုံး သလင်းကျောက် တစ်သောင်းပဲ ပေးနိုင်မယ်...."
"လေဟာနယ်ကြာပန်းကိုတော့ စဥ်းတောင်မစဥ်းစားနဲ့...."
ထိုအရာက သူ၏ရုပ်ခန္ဓာသန့်စင်ရာမှာအသုံးဖို့ပြင်ထားသည့်ရတနာဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်းမှာတစ်ခုသာရှိ၏။
ဘယ်လိုလုပ်ဂျန်ဖန်းကို ပေးနိုင်မည်နည်း။
ဂျန်ဖန်း ထိုအရာကို မအံ့သြပေ။
လေဟာနယ်ကြာပန်းသာအလွယ်တကူရသွားလျှင် ကုန်ယွမ်ဘ ထိုအရာနှင့်ပတ်သက်ပြီး ကလိမ်ကကျစ်ကျထားသည့်ဟုတောင် ထင်မိမှာဖြစ်သည်။
"ငါ့မှာ သလင်းကျောက်မရှားဘူး, ကိစ္စပြတ်ပြီ...."
ဂျန်ဖန်း ပြတ်ပြတ်သားသားပဲပြောလိုက်သည်။
ကုန်းယွမ်ဘအပြင် လေလာနယ်ကြာပန်းရမည့်အခြားနေရာတစ်ခုရှိသေး၏။
ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ရတနာတိုက်ပင်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်း၏စုဆောင်းမှုနှင့် ဂိုဏ်း ၉ ဂိုဏ်းမှာရှိလျှင် သူတို့၌ ဘာကြောင့်မရှိရမည်နည်း။
ယခု ပြီးဆုံးဖို့ သတ်မှတ်ချိန်လည်းပြည့်တော့မည်ဖြစ်၍ မကြာခင် ရတနာတိုက်မှအရင်းမြစ်တွေလဲနိုင်တော့မည်ဖြစ်သည်။
ထိုအခါ လေဟာနယ်ကြာပန်းရှိမရှိ သိရမည်ဖြစ်သည်။
ရွယ်ဝမ်ချောင် စိုးရိမ်သွားပြီး ချက်ချင်းပြောလိုက်သည်။
"မဟုတ်ဘူး, ငါ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတစ်ခုလုံးမလိုအပ်ဘူး၊ တစ်ဝက်ဆိုရပြီ..."
"အဲ့ဒီပစ္စည်းက ငါ့သွေးမျိုးဆက်တိုးမြှင့်ဖို့အတွက် အရေးကြီးတယ်..."
ဂျန်ဖန်း သူ့ကို ထူးမခြားနားစွာကြည့်လိုက်သည်။
"ဘာလဲ, ငါမရောင်းရင် မင်းက အားသုံးလုမလို့လား..."
ကုန်းယွမ်ဘမျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
"လူငယ်လေး, ငါတို့ဂိုဏ်းကို မျက်နှာသာအချို့ပေးပါ..."
"သလင်းကျောက်တစ်သောင်းက အရမ်းများနေပါပြီ၊ မင်း ကျေနပ်သင့်တယ်...."
ဂျန်ဖန်းအထင်မြင်သေးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။
"စိတ်မကောင်းပါဘူး, ဂိုဏ်းချုပ်ကုန်းမျက်နှာက ကျွန်တော့်အတွက် ဘာတန်ဖိုးမှမရှိဘူး....."
"ခင်ဗျားအကူအညီလည်း ကျွန်တော်မလိုအပ်ဘူး...."
"ဆန်းကြယ်ရေခဲကို အခြားနေရာကသွားရှာလိုက်...."
ထိုအရာက တောင်းခံနေခြင်းဖြစ်သော်လည်း သူတို့က တစ်ဖက်လူကို ပေးကမ်းသလိုပြုမူနေခဲ့သည်။
ထိုမျက်နှာသာမျိုးလိုချင်သည့်လူတွေ ယူနိုင်၏။
ကုန်ယွမ်ဘ ဂျန်ဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
လူတွေ သူ့ကိုဤကဲ့သို့ မပြောဘူးတာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
နောက်ဆုံးအကြိမ်က သူတပည့်ဖြစ်နေချိန်ကဖြစ်သည်။
သို့ပေမယ့် ယို့ယွင်ကျီနောက်ခံရှိနေ၍ ဤအရာကို စိတ်ထဲမှာမှတ်ထားဖို့သာတတ်နိုင်၏။
သို့ပေမယ့်...
သူမလှုပ်ရှားနိုင်ပေမယ့် သူ့တပည့်ရွယ်ဝမ်ချောင် လုပ်နိုင်၏။
"အရိုသေမဲ့လိုက်တာ, မင်း ငါ့ဆရာကို ဘယ်လိုတောင် မလေးမစားပြောရဲတာလဲ..."
ရွယ်ဝမ်ချောင် ဒေါသတကြီး အော်ပြောလိုက်၏။
သူ့လည်ပင်းရှိသွေးကြောတွေ ထောင်ထနေပြီး တစ်ကိုယ်လုံးရှိကြွက်သားတွေလည်း ဖောင်းကာညစ်ချေနေကာ အက်ကွဲသံတွေတောင်ထွက်ပေါ်နေ၏။
ယို့ယွင်ကျီ သူ့ကိုသတိပေးဖို့ပြင်လိုက်၏။
အဆုံးမှာတော့ ဤလူက ဧရာမဂိုဏ်း၏နာမည်ကျော်တပည့်တစ်ယောက်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း၌ ထိပ်တန်းစားရင်းဝင်ဖြစ်သည်။
ဂျန်ဖန်း ဘယ်လိုလုပ်သူ့ပြိုင်ဘက်ဖြစ်မည်နည်း။
သို့ပေမယ့်....
ဂျန်ဖန်းစကားတွေက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
"ငါ့နဲ့တိုက်ခိုက်ချင်သေးတာလား? အရင်တစ်ခါတုန်းက အရှက်ကွဲတာ မလုံလောက်သေးဘူးလား..."
ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။
မူလတုန်းက သူဧရာမဂိုဏ်းနှင့် အငြင်းမပွားချင်ပေ။
သို့ပေမယ့် သူတို့က ဤလောက်ထိဗိုလ်ကျရန်မူနေခဲ့သည်။
ဘာကြောင့်ယဥ်ကျေးနေရမည်နည်း။
ဤစကားတွေက ယို့ယွင်ကျီသာမက...
ဂုဟွာရှီတောင် တစ်ခဏကြောင်သွား၏။
ကုန်းယွမ်ဘဆို ပိုလို့တောင် မယုံနိုင်ဖြစ်သွား၏။
"ဝမ်ချောင်, မင်း သူနဲ့တိုက်ခိုက်ခဲ့တယ်?...."
"ပြီးတော့ ရှုံးနိမ့်ခဲ့တယ်လား...."