သွေးကြွေးကိုသွေးကြွေးနဲ့ပြန်ဆပ်ရမယ်
Vol. 30 Ch. 394
ရွယ်ဝမ်ချောင်က ဂိုဏ်း ၉ ဂိုဏ်း၏ပါရမီရှင်သားတော်ဖြစ်သည်။
သူကိုအနိုင်ယူနိုင်သည့်လူက လက်တစ်ဖက်ဖြင့်ရေတွက်လို့ရ၏။
သူရှုံးလျှင် ကုန်းယွမ်ဘ ကန့်ကွက်စရာမရှိပေ။
သို့ပေမယ့် ဂျန်ဖန်းဆီရှုံးတာကတော့ လက်မခံနိုင်ပေ။
"ဘယ်သူက ရှုံးတာလဲ..."
"ငါ့ဂရုမမူမိချိန် မင်းအခွင့်ကောင်းယူသွားရုံပဲ...."
ရွယ်ဝမ်ချောင် အစော်ကားခံရသလိုခံစားလိုက်ရပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
"မင်းမှာသတ္တိရှိရင် ငါနဲ့ ထပ်တိုက်ရဲလား...."
"ဘယ်သူကဟီးရိုး၊ ဘယ်သူကသူရဲဘောကြောင်တဲ့ကောင်လဲ ကြည့်ကြတာပေါ့...."
ဂျန်ဖန်း တည်ငြိမ်နေဆဲဖြစ်သည်။
စိတ်ဆွတာမအောင်မြင်၍ ထူးမခြားနားစွာပြန်ပြောလိုက်သည်။
"မင်းနဲ့တိုက်ခိုက်တာ ဘာကိုမှသက်သေမပြနိုင်ဘူး..."
"စွမ်းအားဖြုန်းတီးရာပဲရောက်မှာ..."
"မင်းဂုဏ်သိက္ခာကိုပြန်လိုချင်ရင် ရိုးသားမှုအချို့ပြသင့်တယ်...."
ထိုကောင်က ဂျန်ဖန်းကို စကားလုံးအနည်းငယ်ဖြင့် တိုက်ခိုက်ဖို့မျှော်လင့်နေသည်လား။
ဘာတွေမျှော်လင့်နေသနည်း။
ဂျန်ဖန်းရှုံးလျှင် ဒဏ်ရာရမည်ဖြစ်သည်။ နိုင်ပြန်လျှင်လည်း ဘာမှရမည်မဟုတ်ပေ။
အကျိုးမရှိသည့်တိုက်ပွဲကို တိုက်ခိုက်ဖို့မလိုအပ်ပေ။
ရွယ်ဝမ်ချောင် ဂျန်ဖန်းကိုအနိုင်ယူပြီး သူ့ဂုဏ်သိက္ခာပြန်ယူဖို့ အရူးအမူးဖြစ်နေခဲ့သည်။
ယို့ယွင်ကျီသာမရှိလျှင် ဂျန်ဖန်းသဘောတူမတူ ဘာကြောင့်ဂရုစိုက်နေမည်နည်း။
သူက တိုက်ခိုက်ပြီးနေပြီဖြစ်သည်။
ရုတ်တရက် ရွမ်ဝမ်ချောင်မျက်လုံးတွေတောက်သွားပြီး လှောင်လိုက်၏။
"မင်းတစ်ခုခုလိုချင်ရင်, ငါပေးလို့ရတယ်...."
"မင်းနိုင်ရင် မင်းတို့တိမ်စိမ်းဂိုဏ်းတပည့်တွေဖြစ်တဲ့ ဝမ်ချန်းဂျန်နဲ့ လျိုချင်းရှန်တို့ ဘယ်မှာရှိလဲပြောပြမယ်...."
"ခုလက်ရှိ သူတို့အခြေအနေကတော့ သိပ်မကောင်းဘူး...."
"အရေးပေါ်အကူအညီလိုအပ်နေတယ်...."
ဟမ်?...
ဂျန်ဖန်း နှလုံးသား အနည်းငယ်တုန်ယင်သွား၏။
သူ ဧရာမဂိုဏ်းကိုအပြေးလာခဲ့တာ လျိုချင်းရှန်လုံခြုံမှုကိုအတည်ပြုဖို့ဖြစ်သည်။
သို့ပေမယ့် ခုချိန်ထိ ရင်းနှီးသည့်လူတစ်ယောက်မှမတွေ့ရသေးပေ။
သေချာပေါက်ပင်။ ရွမ်ဝမ်ချောင် ဘာမှမသိပေ။ သူက သူ့ကိုစိတ်ဆွေပေးနေခြင်းသာဖြစ်သည်။
"မင်းပြောနေတာအမှန်လို့ အာမခံနိုင်လား...."
ဂျန်ဖန်း မေးလိုက်သည်။
ရွယ်ဝမ်ချောင် ရယ်လိုက်၏။
သူက အင်္ကျီလက်ထဲလက်နိုက်ပြီး ကျောက်စိမ်းပုလင်းတစ်ခုထုတ်ယူလိုက်သည်။
အထဲ၌ မြစိမ်းရောင် ဆေးလုံးတစ်လုံးရှိနေခဲ့သည်။
ထိုအရာက သံသယရှိစရာမလိုအောင် ပြန်လည်ရှင်သန်ခြင်းဆေးလုံးပင်။
"ငါ ဒါကို လျိုချင်းရှန်ဆီက ရခဲ့တာ...."
"ဒါနဲ့စကားမစပ် သူမလည်ပင်းက လေပြင်းပုလဲလည်း ရခဲ့သေးတယ်။ အဲ့တာကို ငါ့ဂျူနီယာညီလေးစွန်းကို ပေးလိုက်တာလေ..."
"ငါကိုပြော, ငါ သူမအကြောင်းမသိလောက်ဘူးလား...."
ဂျန်ဖန်း သူ့ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။
သူ၏တည်ငြိမ်သည့်မျက်လုံးတွေ တဖြည်းဖြည်းအေးစက်လာပြီး အေးစက်သည့်အော်ရာတွေထုတ်လွတ်လာခဲ့သည်။
"မင်း သူမပစ္စည်းတွေယူတုန်းက ဒဏ်ရာရအောင်လုပ်ခဲ့သေးလား..."
ဂျန်ဖန်း အေးစက်စွာမေးလိုက်ပြီး အသံကအလွန်တည်ငြိမ်နေခဲ့သည်။
ရွမ်ဝမ်ချောင်အမူအရာ အနည်းငယ်မသက်မသာဖြစ်သွား၏။
သူက အလျှင်အမြန် ယို့ယွင်ကျီနှင့် ဂုဟွာရှိကိုတစ်ချက်ကြည့်ကာ ကျယ်လောင်စွာပြောလိုက်သည်။
"ငါပြောခဲ့တယ်လေ, ငါအနိုင်ရခဲ့တာ..."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
"ပြန်လည်ရှင်သန်ခြင်းဆေးလုံး, သူမ မင်းနဲ့လောင်းမလားဆိုတာတော့ ငါမသေချာဘူး..."
"ဒါပေမယ့် လေပြင်းပုလဲက ငါ သူမကိုပေးခဲ့တာ..."
"သူမ အဲ့တာကိုလောင်းမှာမဟုတ်ဘူး...."
ယို့ယွင်ကျီ မျက်မှောင်ကြုတ်သွား၏။
ဤအရာက အမှန်ပဲလား?.....
ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေ ဧရာမဂိုဏ်းမှာစုဝေးပြီး သားရဲလှိုင်းကိုခုခံပြီး ဧရာမဂိုဏ်းရှေ့တန်းမှာခုခံကာကွယ်နေကြ၏။
ဧရာမဂိုဏ်းက သူ့တို့ကို မထောက်ပံ့ပေးသည့်အပြင် လုတောင်လုယက်နေသေး၏။
ဂုဟွာရှီလည်း ကောလဟာလတွေကြာဖူးပေမယ့် မသေချာခဲ့ပေ။
တိမ်စိမ်းဂိုဏ်းထိပ်တန်းတပည့်ဆီမှတောင် ပစ္စည်းလုယူတာကြားသည့်အခါ သူမမနေနိုင်ပဲ မျက်မှောင်ကြုတ်သွား၏။
ရွယ်ဝမ်ချောင် လက်ထောက်ခန်းမသခင်နှစ်ယောက်၏အမူအရာပြောင်းလဲမှုကို သတိထားမိလိုက်သည်။
သူက တိတ်တဆိတ် ဂျန်ဖန်းကို ကျိန်ဆဲလိုက်ပြီး အလျှင်အမြန်အော်ပြောလိုက်သည်။
"မင်းလောင်းမှာလား, မလောင်းဘူးလား..."
"မင်းနိုင်ရင် လျိုချင်းရှန်ဘယ်မှာရှိလဲပြောပြမယ်...."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
"လောင်ဖို့လား? မလိုအပ်ဘူး...."
ပြောပြီးသည်နှင့်....
သူ့အသံအေးစက်သွားပြီး မျက်လုံးတွေထဲ၌ သတ်ဖြတ်လိုစိတ်တွေ တောက်ပလာခဲ့သည်။
"အခု, ငါမင်းကို သွေးကြေးပဲဆပ်ချင်တယ်...."
လျိုချင်းရှန် လေးပြင်းပုလဲကို ဘယ်လိုကာကွယ်မလဲဆိုတာ သူသိ၏။
သူမ ခွန်အားကင်းမဲ့ပြီး ရွယ်ဝမ်ချောင်ကြောင့် ဘယ်လောက်တောင်ဒဏ်ရာရရခဲ့မလဲ။
ထိုအရာကိုတွေးပြီး....
သူ့ဒေါသတွေ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာ၏။
ဝှစ်!
သူက လှုပ်ရှားမှုနည်းလမ်းအသုံးပြုလိုက်သည်။
သူတို့ကြား၌ ၅ပေ ၆ပေလောက်သာဝေးရာ မျက်စိတစ်မှိတ်အတွင်းရောက်သွားပြီး အတွင်းစွမ်းအင်တွေ ရေဆူပွက်သလို ပွက်ထလာခဲ့သည်။
ထို့နောက် လက်သီးဖြင့် ရွယ်ဝမ်ချောင်ရင်ဘတ်ကို ထိုးချလိုက်၏။
"ငါ မင်းကို သတိထားနေတာ..."
ရွမ်ဝမ်ချောင် ပြုံးဖြဲဖြဲဖြင့် လှောင်ပြောင်လိုက်၏။
သူ့ခန္ဓာကိုယ်ကြီးဖောင်းကားလာပြီး ခရမ်းရောင်သွေးကြောတွေက အရေပြားပတ်လည်မှာ ကင်းခြေများတွေကဲ့သို့ တင်းကြပ်စွာရစ်ပတ်နေခဲ့သည်။
သူရုပ်ခန္ဓာစွမ်းအားက အထွတ်အထိပ်ကိုရောက်နေပြီး ရှေးဟောင်းဘီလူးတစ်ကောင်ကဲ့သို့ ဖိအားကို ပေးစွမ်းနေ၏။
"မင်းကို ငါ့ရုပ်ခန္ဓာစွမ်းအားအစစ်အမှန်ပြပေးမယ်...."
ရွယ်ဝမ်ချောင် ဟိန်းဟောက်လိုက်၏။
ဂျန်ဖန်း သူ့ကို အသာအယာတွန်းဖယ်လိုက်နိုင်တာက သူ၏အရှက်ရစရာကိစ္စဖြစ်၏။
ရှေးဟောင်းဘီလူးသွေးမျိုးဆက်နှင့်သူက သာမန်လူတစ်ယောက်နှင့် ရုပ်ခန္ဓာယှဥ်ပြိုင်တာ ရှုံးနိမ့်ခဲ့သည်။ ခွင့်မလွတ်နိုင်စရာပေ။
ယခု...
သူက နောက်ဆုံး ထိုအရှက်ရမှုကို ဆေးကြောနိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့် အစကတည်းက သူ၏ရှေးဟောင်းသွေးမျိုးဆက်ကို ထုတ်သုံးပြီး အစွမ်းထက်ဆုံးတိုက်ခိုက်မှုဖြင့် တိုက်ခိုက်လိုက်သည်။
"သေစမ်း..."
ရွမ်ဝမ်ချောင်လက်သီးတွေ အတူတကွထိုးချလိုက်၏။
ကြောက်မက်ဖွယ်ခွန်အားက လေထုကိုဖိနှိပ်လာပြီး တုန်ခါလာစေခဲ့သည်။
ဤလက်သီးချက်က ယိို့ယွင်ကျီမျက်နှာကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
သူက လက်မြောက်ပြီး တားဖို့ပြင်လိုက်၏။
"ရှေးဟောင်းဘီလူးသွေးမျိုးဆက်အကူအညီနဲ့ သူ့ရုပ်ခန္ဓာက အမြုတေဖွဲ့ခြင်းအဆင့် ၃ ကို ရောက်နေပြီ..."
ယို့ယွင်ကျီ ပင့်သက်ရှိုက်လိုက်၏။
သို့ပေမယ့် ယခုချိန်မှ သူတို့ကိုရပ်တန့်ဖို့က နောက်ကျလွန်းနေပြီဖြစ်သည်။
လက်သီချက်တွေ ချက်ချင်းပဲ ထိပ်တိုက်တွေ့ဆုံသွားကြ၏။
ခရက်...
မိုးခြိမ်းသံကဲ့သို့အသံတစ်ခု အသိပေးခြင်းမရှိပဲ ထွက်ပေါ်လာခဲ့သည်။
ကုန်းယွမ်ဘနှင့် လက်ထောက်ခန်းမသခင်နှစ်ယောက် သတိလက်လွတ်ဖြစ်သွား၍ သူတို့နားတွေ အူသွားကြသည်။
ထိပ်တိုက်တွေ့ဆုံမှု၏နောက်ဆက်တွဲလှိုင်းက ဓားသွားတစ်ခုကဲ့သို့ သူ့တို့ခြေထောက်အောက်ရှိမြေပြင်ကို တစ်ဖက်စီ ၁၀ပေလောက်ထိ အက်ကွဲသွားစေ၏။
ဤမြင်ကွင်း....
ကုန်းယွမ်ဘမျက်ခွံ့တွေကို ကျုံ့သွားစေခဲ့သည်။
"ဂျန်ဖန်း, ဂျန်ဖန်းက ငါ့တပည့်ကို ရုပ်ခန္ဓာချင်းယှဥ်နိုင်တယ်...."
သူက ဂျန်ဖန်း ရုပ်ခန္ဓာစွမ်းအားနဲ့စလိုက်တာမြင်သည့်အခါ မတူညီသည့်ရလဒ်ကို မျှော်လင့်ထား၏။
ဂျန်ဖန်း အရိုးတွေကျိုးပြီး နေရာမှာတောင် ချက်ချင်းသေသွားနိုင်သည်ဟူ၍ပင်။
သို့ပေမယ့် ရလာဘ်က မမျှော်လင့်ထားစရာပင်။
သူက ရွယ်ဝမ်ချောင်နှင့် သရေကျအောင်တိုက်ခိုက်နိုင်ခဲ့၏။
ဂုဟွာရှီပါးစပ် တုန်လုပ်မှုကြောင့် ပွင့်အသွား၏။
"အာ..."
"တိမ်စိမ်းဂိုဏ်းတပည့်က ရွယ်ဝမ်ချောင်ကို ဘယ်လိုလုပ် ရုပ်ခန္ဓာချင်းယှဥ်နိုင်ရတာလဲ..."
"လက်ထောက်ခန်းမသခင်ယို့, နင့်ရဲ့အသိဟောင်းက ဘယ်လိုလူမျိုးလဲ..."
ယို့ယွင်ကျီတောင် မဖြေနိုင်ဖြစ်သွား၏။
သူလည်း အတော်လေး အံ့အားသင့်နေခဲ့သည်။
ဂျန်ဖန်း၏ထူးကဲ့သည့်ပါရမီတွေကိုသိထားတာတောင် ဂျန်ဖန်း ဤကဲ့သို့အံ့အားသင့်ဖွယ်ရုပ်ခန္ဓာမျိုးရှိတာကို သူမသိပေ။
သို့ပေမယ့် ဤအရာကအစသာဖြစ်သည်။
ရွယ်ဝမ်ချောင်အမူအရာတင်းမာသွား၏။
သူထင်ထားတာ ဂျန်ဖန်းလွင့်ပျံပြီး သွေးချောင်းဆိုမည်ဟုပင်။
သို့ပေမယ့် သရေကျနေခဲ့သည်။
"မင်း ရုပ်ခန္ဓာကိုယ်ဘယ်ကသင်လာတာလဲ။ ဘယ်လိုလုပ် ငါ့လောက်တောင်သန်မာနေရတာလဲ...."
သူက ရှေးဟောင်းဘီလူးသွေးမျိုးဆက်ကို အသက်သွင်းထားပြီး အသန်မာဆုံးတိုက်ခိုက်မှုကို အသုံးပြုခဲ့၏။
သို့ပေမယ့် ဘယ်ကမှန်းမသိတဲ့ကောင်က လာယှဥ်နိုင်နေခဲ့သည်။
သူ ဤအရာကို လက်မခံနိုင်ပေ။
ကုန်းယွမ်ဘလည်း လက်မခံနိုင်ပဲ အော်ပြောလိုက်၏။
"ရွယ်ဝမ်ချောင်, မင်းတိမ်စိမ်းဂိုဏ်းတပည့်ကိုရှုံးရင် ငါ့ကို နောက်ထပ်ဆရာလို့မခေါ်နဲ့တော့..."
"ငါ ဒီလိုအရှက်ရမှုကို မခံနိုင်ဘူး...."
အကယ်၍ ဂျန်ဖန်း စိတ်ဝိညာဥ်စွမ်းအားဖြင့် အနိုင်ယူလျှင်တောင် ခံသာသေး၏။
သို့ပေမယ့် သူတို့၏အသန်မာဆုံးနယ်ပယ်နှင့် ဧရာမဂိုဏ်းထိပ်တန်းတပည့်ကို အနိုင်ယူတာကြ...
ဤအရာက မျက်နှာဖြတ်ရိုက်ချင်းပင်ဖြစ်သည်။
အနာဂတ်မှာ ဧရာမဂိုဏ်းက ခန္ဓာသန့်စင်ဂိုဏ်းအဖြစ် ဘယ်လိုလုပ်ကြွားဝါလို့ရတော့မည်နည်း။
ရွယ်ဝမ်ချောင် အသက်ပြင်းပြင်းရှူပြီး အော်ပြောလိုက်သည်။
"ငါ့နဲ့အဝေးကိုထွက်သွားစမ်း..."
သူက ဂျန်ဖန်းကို ခြေထောက်ဖြင့်ကန်ထုတ်ဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့် ဂျန်ဖန်း မလှုပ်မယှက်ပင်။
သူ့မျက်နှာက အေးခဲကဲ့သို့အေးစက်နေခဲ့သည်။
"မင်း ခွန်အားကုန်သုံးပြီးပြီ...."
"အခုငါ့အလှည့်ပဲ..."