← Chapters

မင်းကိုဘယ်သူမှကာကွယ်မပေးနိုင်ဘူး

Vol. 30 Ch. 395

မင်းကိုဘယ်သူမှကာကွယ်မပေးနိုင်ဘူး

Vol. 30 Ch. 395

"ဘာကိုဆိုလိုတာလဲ...."

"ဂျန်ဖန်း ခုထိခွန်အားကုန်မသုံးရသေးဘူးလား...."

"မဖြစ်နိုင်တာ...."

ပြင်ပဂိုဏ်းတပည့်တစ်ယောက် ရုပ်ခန္ဓာကိုဤအဆင့်ထိလေ့ကျင့်နိုင်တာကကို အံ့ဖွယ်ဖြစ်နေပြီဖြစ်သည်။

ဘယ်လိုလုပ် ခုချိန်ထိ ခွန်အားကုန်မသုံးရသေးသနည်း။

ယို့ယွင်ကျီ ကြားဝင်ဖို့ပြင်လိုက်ပေမယ့် သူကရပ်လိုက်ပြီး မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတွေ ပြသလာခဲ့သည်။

သူက တိုက်ပွဲကြည့်ရဖို့စိတ်အားထက်သန်နေခဲ့၏။

ဂုဟွာရှီလည်း ဂျန်ဖန်းအပေါ်အမြင်တစ်မျိုးပြောင်းသွားပြီး စိတ်ဝင်စားမှုတွေပြသလာ၏။

ရွယ်ဝမ်ချောင် ကြောင်သွား၏။

အန္တရာယ်ခံစားမှုတစ်ခု ချက်ချင်း သူ့ကိုယ်ပေါ်ဖြတ်ပြေးသွားပြီး လက်သီးပြန်ရုတ်ကာ အကွာအဝေးဖန်တီးဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် နောက်ကျလွန်းသွားပြီဖြစ်သည်။

"ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး..."

၎င်းကို ရုပ်ခန္ဓာဖြင့်ပေါင်းစည်းလိုက်မှသာ သူ၏ရုပ်ခန္ဓာစွမ်းအားအပြည့်အဝထွက်ပေါ်လာ၏။

"တောင်ဖြိုခွဲခြင်း..."

"တိမ်ခြေမွခြင်း..."

"တုန်လှုပ်နေသောမိုးကြိုး..."

"လေချိုးဖျက်ခြင်း...."

.....

ပထမ၌ ရွယ်ဝမ်ချောင် သူ့ရုပ်ခန္ဓာနှင့် ခုခံနိုင်သေး၏။

ပြန်တောင်တိုက်နိုင်သေးသည်။

သို့ပေမယ့် အချိန်ကြာလာလေလေ လှုပ်ရှားမှုတွေက ပိုစွမ်းအားကောင်းလာကာ သူ့လက်သီးတွေနာကျင်လာ၏။

ခုလေးမှကုသပြီးသည့်ဒဏ်ရာတွေလည်း နောက်တစ်ကြိမ်ပြန်ကွဲထွက်လာပြီး သွေးတွေ နေရာအနှံ့ပြန့်ကျဲကုန်၏။

ရွယ်ဝမ်ချောင်တဖြည်းဖြည်း ခံစစ်အဖြစ်ရောက်သွားပြီး ခက်ခဲမှုက ပိုတိုးလာခဲ့သည်။

ဂျန်ဖန်း နောက်ဆုံးတိုက်ကွက်ကို ထုတ်မသုံးခင်ထိပင်။

"ကောင်းကင်ဖွင့်လှစ်ခြင်း...."

ရူးသွပ်စရာကောင်းသည့်လက်သီးချက်က ယခင်လက်သီးချက် ၈ ချက်ပေါင်းစပ်ထားတာထက် သာလွန်နေပြီး ရွယ်ဝမ်ချောင်၏ရင်ဘတ်မှာကန့်လန့်ဖြတ်ကာထားသည့် လက်မောင်းတွေကိုထိုးချလိုက်သည်။

ခရက်....

နားမခံသာသည့်အရိုးကျိုးသံတွေ ပဲ့တင်ထပ်လာခဲ့သည်။

ကြောက်ဖက်ဖွယ်လက်သီးချက်က အဟုန်ဆုံးရှုံးမသွားပဲ ကျိုးနေသည့်လက်မောင်းရိုးမှတစ်ဆင့် သူ့ရင်ဘတ်ကို အားပြင်းစွာ ထိမှန်လာခဲ့သည်။

ခရက်! ခရက်! ခရက်!

ရင်ဘတ်ရှိနံရိုးများစွာ ချိုင့်ဝင်ကုန်၏။

ထို့နောက် ကြီးမားသည့်အားကိုတောင့်မခံနိုင်ပဲ ရွယ်ဝမ်ချောင်ရင်ဘတ်၌ တင်းကြပ်မှုကို ခံစားလိုက်ရကာ ပါးစပ်ပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။

သူ၏သုံးမီတာမြင့်သည့်ခန္ဓာကိုယ် တယိမ်တယိုင်ဖြစ်သွားပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။

ထို့နောက် နာကျင်မှုတွေတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရွယ်ဝမ်ချောင်ထံမှ မချိမဆံ့အော်ဟစ်သံကြီးထွက်ပေါ်လာခဲ့သည်။

တိုက်ပွဲကွင်းပြင်က ဖုန်မှုန့်တွေဖြင့် ဖုံးလွမ်းနေပြီး ကြည့်နေသူတွေ၏နှလုံးသားတွေကဲ့သို့ လှိုင်းလုံးတွေထနေခဲ့သည်။

ဧရာမဂိုဏ်း၏ ဒုတိယပါရမီရှင်.....

ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ပိုင်ဆိုင်သူ....

လုံးဝကို ရှုံးနိမ့်သွားခဲ့သည်။

ရုပ်ခန္ဓာချင်းယှဥ်တာတောင် လုံးဝရှုံးနိမ့်သွားခဲ့သည်။

သူတို့မျက်လုံးနှင့်ကိုယ်တိုင်မြင်ရတာမဟုတ်လျှင် မည်သူမှ ယုံနိုင်မည်မဟုတ်ပေ။

ရွယ်ဝမ်ချောင်မျက်နှာ နာကျင်မှုကြောင့်နီရဲသွားပေမယ့် မာနထိခိုက်တာက ပိုနာကျင်ရ၏။

သူက အံ့ကြိတ်ပြီး ဂျန်ဖန်းကို အဆိပ်ပြင်းစွာစိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။

"မင်းစောင့်နေလိုက်, မင်းစောင့်နေလိုက်..."

"ငါမင်းကိုသတ်မယ်, ငါမင်းကိုသတ်မယ်..."

"ပြီးတော့ မင်းမိတ်ဆွေ၊ မင်းမိသားစု၊ မင်းဂိုဏ်းတူတပည့်တွေ တစ်ယောက်မှအလွတ်မပေးဘူး။ တစ်ယောက်တောင်မလွတ်မပေးဘူး..."

ရွစ်!

သို့ပေမယ့် သူ့စကားသံတွေလေထဲမှာရစ်ဝဲနေစဥ်...

အေးစက်သည့်အော်ရာတွေပြည့်နှက်နေသည့်ဓားချီတိုက်ခိုက်မှုတစ်ခု ရုတ်တရက် သူ့လက်မောင်းကိုခုတ်ပိုင်းလာခဲ့သည်။

သွေးတွေ ချက်ချင်း ဖြန်းပက်သွားပြီး ဧရာမလက်မောင်းကြီး လေပေါ်ပျံတက်သွားခဲ့သည်။

ရွယ်ဝမ်ချောင် မိန်းမောစွာဖြင့် သူ့လက်မောင်းပြတ်ကြီးကို စိုက်ကြည့်နေခဲ့သည်။

ထို့နောက် အရိုးခိုက်မတတ်နာကျင်မှုက နောက်ကလိုက်လာပြီး နာကျင်စွာအော်ဟစ်လိုက်ရသည်။

"အား, အား... ငါ့လက်, ငါ့လက်...."

ဂျန်ဖန်း လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေက ရေခဲတမျှအေးစက်နေခဲ့သည်။

"တိုက်ပွဲပြီးသွားပြီလို့ မင်းကိုဘယ်သူပြောလဲ..."

"သွေးကြေးပြန်ပေးရမယ်လို့ ငါမပြောခဲ့ဖူးလား..."

"ကောင်းကင်နဲ့မြေပြင်ကြယ်ကြွေခြင်း...."

သူက နောက်ထပ် ကြောက်စရာဓားချီတစ်ခု ခုတ်ပိုင်းလိုက်၏။

ရွယ်ဝမ်ချောင်ကို တုံ့ပြန်ဖို့အခွင့်အရေးမပေးပေ။

ကုန်းယွမ်ဘ ဒေါသထွက်သွား၏။

သူ့တပည့်ကို ရုပ်ခန္ဓာဖြင့်ရိုက်တာကကို ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် မျက်နှာပျက်ပြီးနေပြီဖြစ်သည်။

သို့ပေမယ့် သူ့ရှေ့မှာ ကြမ်းကြမ်းတမ်းတမ်းလုပ်တာကတော့ ဂျန်ဖန်း သူ့ကို ဧရာမဂိုဏ်းချုပ်အဖြစ် မျက်လုံးထဲမထည့်တာဖြစ်သည်။

"မင်းက သေချင်နေတာပဲ..."

ကုန်းယွမ်ဘ ဟိန်းဟောက်လိုက်၏။

သူ၏မိုးခြိမ်းသံကဲ့သို့ဟိန်းဟောက်သံက ရွယ်ဝမ်ချောင်ဆီတိုက်ခိုက်လိုက်သည့်ဓားချီကို ကွဲကြေသွားစေခဲ့သည်။

ထို့နောက် တစ်ချက်လှုပ်ရှားပြီး ဂျန်ဖန်းကို ပစ်ထိုးလိုက်သည်။

ဂျန်ဖန်း သူ့ကိုတစ်ချက်တောင်မကြည့်ပေ။

လက်ချင်းပွတ်ပြီး လွမ်ဆွတ်ခြင်းဆီးနှင်းဓားကို သူ့လက်ဝါးထဲမှာ လည်ပတ်စေလိုက်၏။

"သွား..."

ထိုစကားနှင့်...

လွမ်းဆွတ်ခြင်းဆီးနှင်းဓား သက်တန့်ရောင်အလင်းတန်းအဖြစ်ပြောင်းကာ လေထုကိုထိုးခွဲသွားခဲ့သည်။

"ဟမ်? ဓားထိန်းချုပ်ခြင်းနည်းစနစ်...."

ယို့ယွင်ကျီနှင့် ဂုဟွာရှီ လုံးဝတုန်လှုပ်သွား၏။

ဤအရာက အသင်္ချေဓားဂိုဏ်းရှုချင်းယန်၏ သီးသန့်စွမ်းရည်မဟုတ်လား။

ကုန်းယွမ်ဘလည်းအံံ့အားသင့်သွားပြီး အလျှင်အမြန်ရှောင်တိမ်လိုက်၏။

အခွင်းရေးကိိုအမိအရယူပြီး ဂျန်ဖန်း ပြတ်ပြတ်သားသားပဲတိုက်ခိုက်လိုက်သည်။

"နောက်တရနေသောနဂါး..."

ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်းသိုင်း၏နောက်ဆုံးအကွက်ပင်။

တောက်ပသည့်ရောင်စုံအလင်းတန်းတစ်ခု ရွယ်ဝမ်ချောင်လည်ပင်းဆီပြေးဝင်သွားခဲ့သည်။

ရွယ်ဝမ်ချောင်မျက်ခွံ့တွေ ကြောက်လန့်မှုကြောင့် တွန့်လိမ်သွားပြီး အလျှင်အမြန်တစ်ဖက်လိမ့်ကာ ရှောင်တိမ်းလိုက်သည်။

ထိုအခါ သေဘေးမှကပ်သီးလေးလွတ်မြောက်သွားပြီး ပခုံးကိုထိမှန်သွားကာ အသားအများအပြားပဲ့ထွက်ကုန်၏။

"ဟစ်..."

ရွယ်ဝမ်ချောင် နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်ရသည်။

ထို့နောက် အလျှင်အမြန်ပဲ ကုန်းရုန်းထကာ သူ့ဆရာဆီပြေးသွားလိုက်သည်။

တစ်နေ့မှာ ရွယ်တူတစ်ယောက်နှင့်ယှဥ်ပြိုင်ပြီး သူ့ဆရာကိုအကူအညီတောင်းရမည်ဟု တစ်ခါမှစိတ်မကူးထားပေ။

ထို့ပြင် ဤကဲ့သို့သနားစရာအခြေအနေနှင့်ဖြစ်သည်။

ကုန်းယွမ်ဘ ဒေါသထွက်သွား၏။

သူ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို ရှောင်တိမ်းနေစဥ် ဂျန်ဖန်း သူ့တပည့်ကို နောက်တစ်ကြိမ်ဒဏ်ရာရအောင်လုပ်ခဲ့သည်။

"ရဲတင်းလိုက်တာ...."

ကုန်းယွမ်ဘ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှေ့ကိုခုန်ထွက်လာသည်။

ရွယ်ဝမ်ချောင်ကို သူ့နောက်၌ကာထားပြီး မျက်လုံးတွေထဲ၌ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်တွေရှိနေခဲ့သည်။

ယို့ယွင်ကျီကို ကြောက်လို့သာမဟုတ်လျှင် သူ ဂျန်ဖန်းကို တစ်ကြိမ်တစ်ရာ,အကြိမ်တစ်ထာင်သတ်ပြီးနေပြီဖြစ်သည်။

ရွယ်ဝမ်ချောင် နောက်ဆုံးမှာ သက်သာယာရသွား၏။

ဤနေရာ၌ သူ့ဆရာရှိနေ၍ လုံခြုံ၏။

ခန္ဓာကိုယ်မှပြင်းထန်သည့်နာကျင်မှုကို ခံစားမိသည့်အခါ ရန်ငြိုးထားသည့်အကြည့်ဖြင့် ဂျန်ဖန်းကို ချောင်းကြည့်လိုက်သည်။

သို့ပေမယ့် သူ့နှလုံးသားကို အေးစက်သွားစေတာက...

ဂျန်ဖန်း ရပ်မည့်လက္ခဏာမပြပေ။

ဘန်း...

ဂျန်ဖန်း သစ်သားသေတ္တာကိုမြေပြင်ပေါ်ချပြီး မျက်လုံးတွေက ပိုမိုကြမ်းကြုတ်လာခဲ့သည်။

"မင်းဆရာ မင်းကိုကာကွယ်ပေးနိုင်မယ်ထင်နေတာလား။ ငါမင်းကို ဘာမှမလုပ််နိုင်ဘူးကော ထင်နေတာလား...."

"ဒီနေ့ မင်းကို ဘယ်သူမှကာကွယ်မပေးနိုင်ဘူး...."

ကုန်ယွမ်ဘ ဒေါသတကြီးရယ်လိုက်၏။

သူကိုယ်တိုင် ရွယ်ဝမ်ချောင်ကို ကာကွယ်ပေးနေတာတောင် ဂျန်ဖန်း အဆင်ခြင်မဲ့ပြုမူရဲ၏။

"မင်း ကိုယ့်ကိုယ်အထင်ကြီးနေတာပဲ...."

ကုန်းယွမ်ဘ အော်ပြောလိုက်သည်။

"မင်း ဘယ်လို ငါ့တပည့်ကို ဒဏ်ရာရအောင်လုပ်မလဲမြင်ချင်သေးတယ်..."

ကလန်....

ဂျန်ဖန်း စကားတွေဖြင့် အချိန်ဖြုန်းမနေပေ။

သစ်သားသေတ္တာကိုဖွင့်ပြီး အဖြူရောင်ရှေးဟောင်းဗျတ်စောင်းကိုထုတ်လိုက်သည်။

ထို့နောက် ၎င်း၏ကြိုးတွေပေါ် လက်တင်ပြီး ချက်ချင်း တီးခတ်လိုက်၏။

ထန်! ထန်! ထန်!

ထက်ရှသည့်သံစဥ်တွေက ကြောက်စရာအသံလှိုင်းအဖြစ်ပြောင်းကာ ဂျန်ဖန်းကိုဗဟိုပြု၍ အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားခဲ့သည်။

မြေပြင်လည်းအက်ကွဲသွားပြီး အပြာရောင်မီးခိုးငွေ့တွေထွက်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ ပန်းခင်းတွေနှင့် သစ်ပင်တွေလည်း ပြိုလဲကျကုန်၏။

ယို့ယွင်ကျီနှင့် ဂုဟွာရှိမျက်နှာ ပြောင်းလဲသွားပြီး စိတ်ဝိညာဥ်စွမ်းအင်ဖြင့် သူ့တို့ကိုယ် သူတို့ ကာကွယ်လိုက်ကြသည်။

နှစ်ယောက်သား အံ့အားသင့်သည့်အမူအရာပြသလာ၏။

"ဒါ ကောင်းကင်သံစဥ်ဂိုဏ်းက နည်းစနစ်မလား...."

"မဟုတ်ဘူး, ကောင်းကင်သံစဥ်ဂိုဏ်းမှာတောင် ဒီလို အစွမ်းထက်သံစဥ်မရှိဘူး...."

ကုန်းယွမ်ဘမျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။

သူက သူ့အသားတွေကို ဓားဖြင့်လှီးဖြတ်ခံရသလိုခံစားနေပြီး ပူပြင်းနာကျင်လာခဲ့သည်။

သို့ပေမယ့် ထိုအရာက သူ့ခန္ဓာကို ဒဏ်ရာမရစေပေ။

သို့ပေမယ့် သူခုခံနိုင်ပေမယ့် ရွယ်ဝမ်ချောင် မခုခံနိုင်ပေ။

ဝေါ့! ဝေါ့!

ချက်ချင်းပဲ ရွယ်ဝမ်ချောင် အသံလှိုင်းကြောင့်တုန်ယင်သွားပြီး သွေးအန်လိုက်ရသည်။

နောက်တစ်ခဏကြာသည့်အခါ သူ့ခန္ဓာကိုယ်၌ ဒါဇင်နှင့်ချီသည့်ဒဏ်ရာတွေထွက်ပေါ်လာခဲ့သည်။

"အား, အား...."

ရွယ်ဝမ်ချောင် နာကျင်စွာ အော်ဟစ်လိုက်သည်။

ကုန်းယွမ်ဘ တုန်လှုပ်သွားပြီး သူ့ကိုကာကွယ်ဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် အသံလှိုင်းက နေရာအနှံ့ကို ပျံ့နှံ့နေပြီး ကာကွယ်ပေးဖို့က မဖြစ်နိုင်ပေ။

သူ့တပည့် သူ့ရှေ့မှာ ဒဏ်ရာဆက်တိုက်ရနေပြီး ကာကွယ်မပေးနိုင်တာမြင်တော့ သူ့မျက်လုံးတွေဖောင်းကားလာပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။

"မင်းသေရမယ်...."

ဝှစ်!

သူက လျှပ်စီးကဲ့သို့အရှိန်ဖြင့် ရှေ့ကို ပြေးထွက်သွားသည်။

ထို့နောက် သူ၏အစွမ်းထက်ခန္ဓာကိုယ်က ဂျန်ဖန်းအပေါ် တောင်တစ်လုံးကဲ့သို့ ဖိချလာ၏။

ဂျန်ဖန်း ပြတ်ပြတ်သားသားပဲ ရှေးဟောင်းဗျတ်စောင်းကိုတီးခတ်နေရင်း လှုပ်ရှားမှုနည်းလမ်းဖြင့် ရှောင်တိမ်းလိုက်သည်။

ဘန်း!

ဂျန်ဖန်းလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကုန်းယွမ်ဘ သူယခင်ရှိသည့်နေရာကို ကျလာပြီး မြေပြင်အက်ကွဲသွား၏။

လှမ်းကြည့်လိုက်သည့်အခါ...

ဂျန်ဖန်း သူ့ထက်မနိမ့်သည့်အရှိန်ဖြင့် ရွယ်ဝမ်ချောင်ဆီပြေးဝင်သွားခဲ့သည်။

ထိုအရာက ကုန်းယွမ်ဘကို ဒေါသထွက်သွားစေခဲ့သည်။

"ရပ်စမ်း...."

All Chapters