← Chapters

ဧရာမဂိုဏ်းချုပ်လှုပ်ရှားခြင်း

Vol. 30 Ch. 396

ဧရာမဂိုဏ်းချုပ်လှုပ်ရှားခြင်း

Vol. 30 Ch. 396

ဂျန်ဖန်း လျစ်လျူရှူထားပြီး မျက်နှာ၌ ကြောက်ရွံ့မှုတွေအပြည့်ရှိနေသည့်ရွယ်ဝမ်ချောင်ကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။

တိုက်ကွက်ရှေ့ကိုတိုးဝင်သွားပြီး ရွယ်ဝမ်ချောင်ဦးရေပြားတွေ ထုံကျဥ်သွားခဲ့သည်။

အလျှင်အမြန်ပါးစပ်ဟပြီး ကျောက်စိမ်းဆွဲပြားတစ်ခုကိုထွေးထုတ်ကာ အားနှင့်ကိုက်ချလိုက်၏။

ရုတ်တရက် လိပ်ခွံပုံသဏ္ဍာန် အဝါရောင်အလင်းတန်းတစ်ခု သူ့ကို ဖုံးလွမ်းသွားခဲ့သည်။

ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အနေဖြင် အကာအကွယ်ကျောက်စိမ်းပြားသုံးရတာ အတော်လေးရှက်စရာကောင်း၏။

သို့ပေမယ့် အသက်ကယ်ဖို့ သူဘာကိုမှဂရုစိုက်မနေနိုင်တော့ပေ။

ထိုအကာကွယ်လွာနှင့် နောက်ဆုံး ရွယ်ဝမ်ချောင် လုံခြုံမှုကို ခံစားလိုက်ရသည်။

ဤအရာက အမြုတေဖွဲ့ခြင်းအဆင့် ၅ ကာကွယ်ရေးမှော်ရတနာတစ်ခုဖြစ်၏။

ဂျန်ဖန်းဘယ်လောက်သန်မာသန်မာ ချိုးဖျက်နိုင်မည်မဟုတ်ပေ။

သူက သူ့ဆရာပြန်ရောက်အောင်စောင့်ရုံပဲဖြစ်သည်။

ထိုအခါ ဂျန်ဖန်း အဆုံးသတ်ပြီပင်။

သို့ပေမယ့် မည်သူသိမည်နည်း။

ဂျန်ဖန်းရုတ်တရက် ရှေးဟောင်းဗျတ်စောင်းကို လွင့်ပစ်ပြီး အရှိန်အဟုန်က ပိုမိုပြင်းထန်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူ့ခြေထောက်တွေပတ်လည်၌ လျပ်စီးကြောင်းတွေပေါ်လာပြီး အကာအကွယ်လွာပေါ် ကြမ်းတမ်းစွာနင်းချလိုက်၏။

ဘုန်း...

လျှပ်စစ်နဂါးနှစ်ကောင် ကျဆင်းလာသကဲ့သို့ပင်ဖြစ်သည်။

ချက်ချင်းပဲ ရွယ်ဝမ်ချောင်ဘေးကင်းမည်ဟုထင်ထားသည့် အကာအကွယ်လွာကွဲကြေသွားခဲ့သည်။

ဘာ...

ဘန်း....

ရွယ်ဝမ်ချောင် အော်သံတစ်ခုပဲထွက်နိုင်တော့၏။

ခြေထောက်နှစ်ချောင်း သူ့ရင်ဘတ်အပေါ် အားနှင့်ကန်ချလာပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။

သူ ခေါင်းမထောင်နိုင်ခင်...

ခြေထောက်တစ်ခု သူ့ခေါင်ပေါ်နင်းချလာပြီး မျက်နှာကို မြေပြင်နှင့်ကပ်ထားခဲ့သည်။

သူ့ကိုပိုလို့တောင် အေးစက်သွားစေတာက...

ဂျန်ဖန်းလက်မြောက်ပြီး နံရံမှာစိုက်နေသည့် လွမ်းဆွတ်ခြင်းဆီးနင်းဓားကိုဆင့်ခေါ်လိုက်သည်။

ချက်ချင်းပဲ ဓားပျံသန်းလာပြီး သူ့လက်ထဲရောက်လာ၏။

"ငါမင်းကိုပြောပါတယ်, ဒီနေ့ မင်းကို ဘယ်သူမှမကာကွယ်နိုင်ဘူးလို့...."

ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။

ဤမြင်ကွင်း....

ယို့ယွင်ကျီနှင့် ဂုဟွာရှီကို လုံးဝကြောင်သွားစေခဲ့သည်.

ကုန်းယွမ်ဘကိုယ်တိုင်ဝင်တားတာတောင် သူ့တပည့်ကို မကာကွယ်နိုင်ခဲ့ပေ။

ဤအရာက တကယ်ပဲ တပည့်သစ်တစ်ယောက် လုပ်နိုင်သည့်အရာလား။

ရွယ်ဝမ်ချောင်ခန္ဓာကိုယ် အဆက်မပြတ်တုန်ယင်နေခဲ့သည်။

စီနီယာအကိုကြီးဂျင်ကျောင်မင်နှင့် တိုက်ခိုက်တုန်းကတောင် ဤလောက်ထိ အန္တရာယ်ကိုမခံစားရပေ။

သို့ပေမယ့် ဂျန်ဖန်းရင်ဆိုင်ရာ၌....

သူလုံးဝ အမူအညီမဲ့နေပြီး လွတ်မြောက်လုံးလမ်း မရှိပေ။ သူ့ဆရာတောင် သူ့ကို မကယ်နိုင်ပေ။

ဂျန်ဖန်းရှေ့၌ သူက အင်းစက်တစ်ကောင်ထက်ဘာမှမပိုပဲ စိတ်ရှိသလို တက်နင်းခံနေရသည်။

လုံးဝကို စွမ်းအားကင်းမဲ့နေခဲ့၏။

"အခု မင်း ငါချစ်ရတဲ့သူတွေနဲ့ မိတ်ဆွေတွေကို သတ်ချင်သေးလား..."

ဂျန်ဖန်း ပိုပြင်းပြင်းနင်းချလိုက်ပြီး ရွယ်ဝမ်ချောင်လည်ပင်းကို ဓားဖြင့်ရွယ်လိုက်ရာချက်ချင်း သွေးတွေစိမ့်ထွက်လာခဲ့သည်။

ရွယ်ဝမ်ချောင် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"မသတ်ပါဘူး, မသတ်တော့ပါဘူး, စောနက ငါစလိုက်တာပါ...."

"ကျေးဇူးပြုပြီးသနားပါ, ဂျူနီယာညီလေးဂျန်, ငါ့ကိုခွင့်လွတ်ပေးပါနော်...."

သူ့ဆရာကိုယ်တိုင်တောင် မကယ်နိုင်ရာ သူဘယ်လိုလုပ် ဤကြောက်စရာဂျန်ဖန်းကို ရန်စရဲမည်နည်း။

သူသာ ဂျန်ဖန်းကို ဒေါသထွက်အောင်ဆက်လုပ်လျှင် လည်ပင်း၌ဓားရွယ်ထားရုံမဟုတ်တော့ပဲ တစ်ခါတည်းပြတ်သွားမည်ဖြစ်သည်။

သန်မာသူကိုကြောက်တယ်ဆိုတာ ဧရာမဂိုဏ်း၏ ထုံတမ်းအစဥ်အလာပဲဖြစ်သည်။

ရွယ်ဝမ်ချောင်လည်း ချွင်းချက်မဟုတ်ပေ။

ဂျန်ဖန်း ပြင်းထန်စွာနှာမှုတ်လိုက်၏။

"လျိုချင်းရှန် ဘယ်မှာလဲ...."

ရွယ်ဝမ်ချောင်း အလျှင်အမြန်ပြန်ဖြေလိုက်သည်။

"သူမက ဝမ်ချန်းဂျန်ရယ် အခြားဂိုဏ်းတပည့်တွေနဲ့အတူ တိုင်ဟူးရေကန်ကို လွန်ခဲ့တဲ့ငါးရက်က ထွက်သွားတယ်..."

"ဒါပေမယ့် သူတို့တစ်ယောက်မှ ခုချိန်ထိပြန်မရောက်သေးဘူး...."

"မင်း... မင်း တိုင်ဟူးရေကန်ကို စုံစမ်းဖို့သွားသင့်တယ်....."

တိုင်ဟူးရေကန်?....

ဂျန်ဖန်းအမူအရာ လေးနက်သွား၏။

သူတို့က အစွမ်းထက်ရေနတ်ဆိုးတစ်ကောင်နဲ့ တွေ့နေသည်လား။

သူ ထိုနေ့ ကြေးခွံနီရေနတ်ဆိုးနဂါးနှင့် တွေ့ဆုံသည့်နေ့ကို အမှတ်ရလိုက်သည်။

ကောင်းကင်သံစဥ်ဂိုဏ်းမဟာအကြီးအကဲတောင် လက်တစ်ဖက်ရှုံးဆုံးခဲ့၏။

လျိုချင်းရှန်သာ သန်မာသည့်ရေနတ်ဆိုးသားရဲတစ်ကောင်နဲ့တွေ့လျှင် တကယ်ကို အန္တရာယ်များ၏။

ကိစ္စတွေ အေးအေးဆေးဆေးဖြစ်သွားတော့မည်အချိန်မှာပဲ...

ယို့ယွင်ကျီ သူ့ကို သတိပေးလိုက်သည်။

"ဂျန်ဖန်း, သူ့ကိုလွတ်ပေးလိုက်ပါ...."

"တိုင်ဟူရေကန်က မတော်တဆမှုကို ငါလည်းကြားပြီးပြီ၊ ပျောက်နေတဲ့တပည့်တွေထဲက တစ်ယောက်က မင်းမိတ်ဆွေဖြစ်နေမယ်လို့ထင်မထားဘူး...."

"မြန်မြန်တာဝန်ခန်းမကိုသွားပြီး အဆင့် ၁ တာဝန်ယူလိုက်..."

"အဲ့တာဝန်က သူတို့ကိုခြေရာခံပြီး စုံစမ်းဖို့ပဲ..."

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလည်း ဤကိစ္စကို အတော်လေးအလေးထား၏။

အဘယ်ကြောင့်ဆိုသော် ထိုမစ်ရှင်မှာပါသွားသည့်တပည့်တွေအားလုံးက ဂိုဏ်း ၉ ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တွေဖြစ်သည်။

သူတို့သာ ကံကြမ္မာဆိုးနှင့်တွေ့လျှင် ဂိုဏ်း ၉ ဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးမည်ဖြစ်သည်။

"နားလည်ပါပြီ..."

ဂျန်ဖန်း မကြန့်ကြာရဲပေ။

သူက ချက်ချင်းပဲထွက်သွားဖို့ပြင်လိုက်၏။

"ရပ်စမ်း..."

ကုန်းယွမ်ဘ အေးစက်စွာအော်လိုက်၏။

သူ့မျက်လုံးတွေ၌ သတ်ဖြတ်လိုစိတ်တွေ တောက်လောင်နေပြီး အသံကအေးစက်နေခဲ့ကာ မွန်းကျပ်သည့်ဖိအားတွေထွက်ပေါ်နေခဲ့သည်။

"မင်းက ငါ့ရှေ့မှာ ငါ့တပည့်ကိုသတ်ဖို့လုပ်ပြီး ဒီအတိုင်းထွက်သွားလို့ရမယ်ထင်နေတာလား...."

ဧရာမဂိုဏ်းက အမြဲ တစ်ခြားသူကိုသာ စော်ကားခဲ့၏။

ဘယ်အချိန်က ဤကဲ့သို့စော်ကားမှုမျိုး ခံရဖူးသနည်း။

ဂျန်ဖန်း သူ့ကို ထူးမခြားနားစွာကြည့်လိုက်သည်။

"မင်းက ဘာလုပ်ချင်လို့လဲ..."

ထို့နောက် သူ့အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ မျက်စိဖြင့်မမြင်နိုင်သည့် ကေင်းကင်တောင်ထွဋ်ပိုးမျှင်ပေါ်လာခဲ့သည်။

ကုန်းယွမ်ဘ လှောင်ပြောင်လိုက်၏။

"ငါရှင်းပြဖို့လိုသေးလို့လား..."

"မင်း ဒီနေ့ ထွက်သွားဖို့မစဥ်းစားနဲ့..."

ထိုအခိုက်အတန့်၌ သူ၏ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားတော့ပေ။

သူက အော်ပြောလိုက်သည်။

"စောနက မင်းစကားတွေပဲ ငှားသုံးလိုက်မယ်..."

"ဒီနေ့ မင်းကို ဘယ်သူမှကာကွယ်မပေးနိုင်ဘူး..."

ထိုအရာကိုကြားသည့်အခါ ယို့ယွင်ကျီမျက်နှာ အေးစက်သွား၏။

"ကုန်းယွမ်ဘ, မင်းဘာကိုဆိုလိုတာလဲ...."

ကုန်းယွမ်ဘ စိတ်ပိုင်းဖြတ်ထားပြီး ဒေါသတကြီးပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, ငါ ဒီနေ့ မင်းကို အလုံအလောက် လေးစားမှုပြပြီးပြီ..."

"မင်းကြောင့်သာမဟုတ်ရင် ဒီကောင် အကြိမ်တစ်ရာလောက်သေပြီးနေပြီ..."

"ဒါပေမယ့် ဒီကောာင်က မင်းရဲ့အကာအကွယ်ကိုအခွင့်ကောင်းယူပြီး ငါ့တပည့်ကို သတ်ဖို့လုပ်တယ်..."

"ဒီတော့ ငါ့ဂိုဏ်းက အကြင်နာမဲ့တာ အပြစ်မတင်နဲ့..."

"ဒီကောင့်သွေးကိုအသုံးပြုပြီး ကိုယ့်နေရာကိုယ်မသိတဲ့ အခြားဂိုဏ်းက အရူးတွေကို သတိပေးရမယ်...."

ယို့ယွင်ကျီရယ်လိုက်၏။

ထို့နောက် သူ့ဝတ်ရုံတစ်ဖျတ်ဖျတ်လွင့်ပျံလာပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခုထွက်ပေါ်လာခဲ့သည်။

ပုံမှန်လို သိမ်မွေ့တဲ့ပုံစံပျောက်သွားပြီး ယခုချိန်၌ ပြောမပြနိုင်လောက်သည့်တည်ကြည်မှုတွေ ထုတ်လွတ်နေခဲ့သည်။

"ကြည့်ရတာ ငါ့ရဲ့အေးအေးနေမှုက လူတွေကို ငါက လက်ထောက်ခန်းမသခင်ဆိုတာ မေ့သွားစေပုံရတယ်...."

သူက အပြုံးတစ်ခုနှင့်ပြောလိုက်သော်လည်း ကောင်းကင်ပြိုကျတော့မလိုဖိအားကို ခံစားနေရသည်။

ကုန်းယွမ်ဘတောင် မနေနိုင်ပဲ ခက်ခက်ခဲခဲ ဆံထွေးမျိုးချလိုက်၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၌ လက်ထောက်ခန်းမသခင် ၄ ယောက်သာရှိ၏။

တစ်ယောက်ချင်းစီက ကြောက်စရာကောင်းပြီး အကြွင်းမဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသည်။

ယို့ယွင်ကျီ၏သိမ်မွေ့ပြီးတာအိုပညာရှင်အသွင်အပြင်ကိုကြည့်ပြီး လောကီရေးရာတွေနှင့် မပတ်သက်ဘူးဟု အထင်မမှားသင့်ပေ။

ကျူးကျော်သူတွေကိုတိုက်ခိုက်ခဲ့သည့် အတိတ်တိုက်ပွဲတွေတုန်းက...

သူက သွေးပင်လယ်ကြားမှာ အလောင်းတောင်ကိုတည်ဆောက်ခဲ့ပြီး အစွမ်းထက်ရန်သူထောင်ချီကို သုတ်သင်ခဲ့၏။

သူ့လက်၌စွန်းပေခဲ့သည့်သွေးတွေဟာ ဧရာမဂိုဏ်းတစ်ဝက်လောက်ကိုတောင် နှစ်မြုပ်ဖို့လုံလောက်၏။

သူက ဤခေတ်၏ အစစ်အမှန်အသူရာတစ်ကောင်ပင်။

ကုန်းယွမ်ဘ ဦးရေပြားတွေထုံကျဥ်သွားပြီး သူစိတ်လိုက်မာန်ပါလုပ်မိပြီဆိုတာ နားလည်လိုက်၏။

သို့ပေမယ့် ဂျန်ဖန်း၏ကြောက်စရာအလားအလာကို တွေးမိသည့်အခါ တိမ်စိမ်းဂိုဏ်းအနာဂတ်ပုံရပ်က သူ့စိတ်ထဲရောက်လာခဲ့သည်။

ဤကဲ့သို့ပါရမီရှင်တစ်ယောက်ကို ကြီးထွားခွင့်ပေးလိုက်လျှင် တိမ်စိမ်းဂိုဏ်းကို သေချာပေါက် ဦးဆောင်သွားမည်ဖြစ်သည်။

သူ့ဦးဆောင်မှုအောက်၌ တိမ်စိမ်းဂိုဏ်းကံကြမ္မာက ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်အဖြစ် မြင့်တက်လာမည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ဧရာမဂိုဏ်း ဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ။

ဤကဲ့သို့ပါရမီရှင်မျိုးကို ခုချိန်ကတည်းက အပြတ်ရှင်းမထားလျှင် ဂိုဏ်းအပေါ် တာဝန်မကျေပွန်ရာရောက်မည်ဖြစ်သည်။

ဆုံးဖြတ်ပြီးနောက် သူ၏သတ်ဖြတ်လိုစိတ်တွေ နောက်တစ်ကြိမ်မြင့်တက်လာခဲ့သည်။

သူက အော်ပြောလိုက်၏။

"လက်ထောက်ခန်းမသခင်ဂု, လက်ထောက်ခန်းမသခင်ယို့ကို တစ်ခဏထိန်းထားပေးပါ..."

"ဒီကိစ္စသာအလုပ်ဖြစ်သွားရင် ဧရာမဂိုဏ်းက အကြီးအကျယ်ကျေးဇူးပြန်ဆပ်မှာပါ..."

သူက ယို့ယွင်ကျီအတွက်ပြိုင်ဘက်မဟုတ်တာ သိ၏။

သို့ပေမယ့် ဂုဟွာရှီကတော့ ရ၏။

ထို့ပြင် ဂုဟွာရှီက ဧရာမဂိုဏ်းဘက်မှာရှိသည်။

သူမသာ ယို့ယွင်ကျီကို တစ်ခဏထိန်းထားလျှင် သူဂျန်ဖန်းကိုသတ်ပြီး ပုန်းကွယ်နေသည့်အန္တရာယ်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

ဂျန်ဖန်းသေသွားသည့်အခါ...

ယို့ယွင်ကျီ သာမန်တပည့်လေးတစ်ယောက်အတွက်နှင့် ဂိုဏ်းချုပ်တစ်ယောက်ကို သတ်ပြီး လက်စားချေဖို့က မဖြစ်နိုင်ပေ။

အများဆုံး သူ့ဒေါသကိုဖြေဖျောက်ဖို့ အပြင်းအထန်ရိုက်နှက်ရုံလောက်သာဖြစ်မည်ဖြစ်သည်။

ဂျန်ဖန်းသေဆုံးမှုနှင့် သူဒဏ်ရာမှုလဲရတာ တန်၏။

ထိုအတွေးနှင့်....

ကုန်ယွမ်ဘ ဂျန်ဖန်းဆီပြေးဝင်သွားပြီး သူ့အကြည့်က ကြမ်းကြုတ်နေခဲ့သည်။

"မင်းခွေးကောင်လေး, သေစမ်း...."

သို့ပေမယ့်...

သူရှေ့တက်သွားချိန်မှာပဲ....

ပုံရိပ်တစ်ခု ပြင်းထန်သည့်အားတစ်ခုဖြင့် သူ့ဆီပြေးဝင်တိုက်ရိုက်တိုက်ခိုက်လိုက်၏။

ထိုစွမ်းအားကြောင့် ကုန်းယွမ်ဘအမူအရာပြောင်းသွား၏။

ဂုဟွာရှီက ယို့ယွင်ကျီကို တားရမှာမဟုတ်ဘူးလား။

ဒါကို ဘယ်လိုလုပ် သူက လှုပ်ရှားနိုင်နေရသေးသနည်း။

ထိုအရေးကြီးအခိုက်အတန့်၌ ကုန်းယွမ်ဘ သူ၏ရုပ်ခန္ဓာစွမ်းအားအကုန်သုံးပြုကာ တိုက်ခိုက်မှုကို ခုခံဖို့ကြိုးစားလိုက်၏။

သို့ပေမယ့် ဘယ်လိုလုပ် လက်ထောက်ခန်းမသခင်တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း။

ချက်ချင်းပဲ ကုန်းယွမ်ဘ သူ့ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာဖြစ်လုနီးပါးခံစားလိုက်ရပြီး အတွင်းအင်္ဂါတွေ ထုရိုက်ခံရကာနေရာလွဲကုန်၏။

ဤအရာသာ အဆင့်တူစိတ်ဝိညာဥ်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် နေရာတင်အသတ်ခံရမည်ဖြစ်သည်။

ယို့ယွင်ကျီ၏တိုက်ခိုက်မှုက သတ်ဖို့ရည်ရွယ်ထားတာဖြစ်သည်။

ဖူး...

မရပ်တန့်နိုင်တော့ပဲ သွေးတစ်လုတ်အန်လိုက်ရသည်။

ထို့နောက် နောက်ကိုလွင့်ပျံသွားပြီး ခန်းမနံရံကို ပြင်းထန်စွာဝင်တိုက်ကာ ကြီးမားသည့်အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေခဲ့သည်။

ကုန်းယွမ်ဘ ကုန်းရုန်းထလိုက်ပြီး အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ဂု... ဘာလို့ သူ့ကိုမတားတာ..."

စကားတစ်ဝက်လောက်မှာပဲ သူတိတ်ဆိတ်သွား၏။

အဘယ်ကြောင့်ဆိုသော်....

ယို့ယွင်ကျီ နေရာမှာရပ်နေပြီး လုံးဝမလှုပ်ရှားပေ။

ထိုအရာက နဂါးတောင်ဝှေးကိုင်ထားသည့် ဂုဟွာရှီဖြစ်ပြီး သူမအမူအရာကအေးစက်နေကာ သူ့ကို စိုက်ကြည့်နေခဲ့သည်။

All Chapters