ရတနာများလက်ဆောင်ပေးခြင်း
Vol. 30 Ch. 397
သံသယရှိစရာမလိုပေ။
အစောပိုင်းလှုပ်ရှားလိုက်သည့်လူက ယို့ယွင်ကျီမဟုတ်ပေ။
ထိုအရာက ဂုဟွာရှီပင်။
"လက်ထောက်ခန်းမသခင်ဂု, မင်း..."
ကုန်းယွမ်ဘ အတော်လေးစိတ်ရှုပ်သွား၏။
ဂုဟွာရှီက ဧရာမဂိုဏ်းမြင့်မြတ်အကြီးအကဲနှင့် သေဖော်ရှင်ဖက်မိတ်ဆွေတွေဖြစ်၏။
ထို့ပြင် သူမက ဂျင်ကျောင်းမင်ကို တပည့်အဖြစ်ခေါ်ယူဖို့ဆုံးဖြတ်ထားရာ သူမနှင့် ဧရာမဂိုဏ်းဆက်ဆံရေးက နက်ရှိုင်း၏။
သို့ပေမယ့် ယခု ဘာဖြစ်သွားသနည်း။
သူမက ယို့ယွင်ကျီကိုမတားရုံသာမက ကုန်းယွမ်ဘကို တကယ်ပဲ တိုက်ခိုက်ခဲ့၏။
"ဟမ့်...."
ဂုဟွာရှီ နဂါးတောင်ဝှေးအားမြေပြင်ပေါ်အားပြင်းပြင်းဆောင့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"နင်က အတော်လေးရဲတင်းတာပဲ...."
"ဂုဏ်သရေရှိဂိုဏ်းချုပ်တစ်ယောက်က ဂျူနီယာတစ်ယောက်ကိုတိုက်ခိုက်တယ်? ပြီးတော့ ဒီအဖွားကြီးကိုတောင် မကောင်းမှုတွေမှာ ကူညီစေချင်သေးတယ်...."
"နင့် ငါ့ကို ဘယ်လိုလူစားမျိုးမှတ်နေလဲ...."
သူမစကားတွေက ကုန်းယွမ်ဘကို ဆွံ့အသွားစေ၏။
သို့ပေမယ့် သူကိုပိုတုန်လှုပ်စေတာက...
ကြိမ်းမောင်းပြီးနောက် ဂုဟွာရှီ ဂျန်ဖန်းဘက်လှည့်လိုက်ရာ သူမဒေါသတွေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူမက ကြင်နာသည့်အမူအရာပြသလိုက်၏။
"ကောင်လေး, မကြောက်နဲ့...."
"ဒီအဖွားကြီးရှိနေသ၍ ဘယ်သူမှ မင်းဆံပင်တစ်ချောင်းတောင်ထိလို့မရစေရဘူး...."
အာ....
ဂျန်ဖန်း တိတ်တဆိတ် သိချင်သွား၏။ ဂုဟွာရှီက ဧရာမဂိုဏ်းဘက်ကမဟုတ်ဘူးလား။
ဘာကြောင့် သူ့ကိုကူညီနေရသနည်း။
သူက ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို ပြန်သိမ်းလိုက်ပြီး လက်ချင်းယှက်ကာ ကျေးဇူးတင်လိုက်၏။
"ပြဿနာဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်, အကြီးအကဲ..."
ဂုဟွာရှီ သူ့ကိုသဘောကျစွာကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကောင်လေး, အရမ်းကြီးမစိမ်းကားပါနဲ့..."
"ငါနဲ့ မင်းဆရာလျိုဝူချန်းတို့က နက်ရှိုင်းတဲ့ဆက်ဆံရေးတွေရှိပါတယ်...."
"သူ့တပည့်က သဘာဝအတိုင်း ငါ့တပည့်ပဲပေါ့...."
"ဘယ်လိုလုပ် မင်းဒဏ်ရာရမှာကို ကြည့်နေနိုင်မှာလဲ...."
အာ?...
ဘေးမှာရပ်နေသည့်ယို့ယွင်ကျီ တစ်ခုခုမှားနေသည်ဟု ပိုပိုခံစားလာရသည်။
အစောပိုင်းစိုးရိမ်ပေးတာထားပါတော့။ သူ့စကားတွေခိုးသွားတာတောင် လက်ခံပေးလို့ရသေးသည်။
သို့ပေမယ့် ဆက်ဆံရေးတွေပါ ဆွဲထုတ်နေတာ ဘာကိုဆိုလိုသနည်း။
သူက အလျှင်အမြန်ရှေ့တက်လာ၏။
"လက်ထောက်ခန်းမသခင်ဂု, ဂျန်ဖန်းက ငါ့မိတ်ဆွေဟောင်းရဲ့မျိုးဆက်ပါ။ ငါပဲ သူ့ကိုဂရုစိုက်ပေးလိုက်ပါ့မယ်..."
"မင်း အများကြီးစိုးရိမ်ဖို့မလိုပါဘူး...."
ဤအရာက ပိုင်ဆိုင်ကြောင်းကြေညာသည်လား...
ဂုဟွာရှီ လှောင်ပြောင်လိုက်၏။
"သူက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့မျိုးဆက်ဆိုတော့ကောဘာဖြစ်လဲ။ ငါလည်း သူ့ဆရာနဲ့ အဆက်အသွယ်ရှိတာပဲ..."
ယို့ယွင်ကျီ ဆက်မငြင်းခုန်ချင်ပေ။
သူမပြောသည့်လျိုဝူချန်းနှင့်ဆက်ဆံရေးက တစ်ခါနှစ်ခါလောက်တွေ့ဖူးပြီး စကားအနည်းငယ်လောက်ပြောဖူးရုံသာဖြစ်သည်။
သူက တင်းမာစွာပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်ဂု, စောနက မင်းကိုယ်တိုင်မပြောခဲ့ဖူးလား...."
"နင်မျက်စိကျတဲ့တပည့်ကို ခိုးယူရအောင် အရှက်မကင်းမဲ့သေးပါဘူးဆို...."
ဂုဟွာရှီအမူအရာအေးခဲသွားပေမယ့် အလျှင်အမြန်ပဲ ပုံမှန်ပြန်ဖြစ်သွား၏။
"ဒါဆို ဘာလို့ သူ့စွမ်းရည်က ပုံမှန်ပဲလို့ နင်ငါ့ကို လှည့်စားခဲ့လဲ...."
"နင်က အခု ဒါကိုပြန်ပြောရဲသေးတာလား...."
ယို့ယွင်ကျီ အပြစ်ရှိသလိုခံစားလိုက်ရသည်။
လူတွေပြောကြတဲ့အတိုင်း ပါရမီရှိတဲ့လူဟာ ဘယ်နေရာရောက်ရောက် တောက်ပနေမှာဖြစ်သည်။
သူဖုံးထားချင်လျှင်တောင် ဖုံးကွယ်ထားလို့မရပေ။
သူက ကုန်းယွမ်ဘကို ဒေါသတကြီးကြည့်ပြီး စကားတစ်ခွန်းမှမပြောပဲလျှောက်သွားလိုက်သည်။
ကုန်းယွမ်ဘ မျက်ခွံတွေကျုံ့သွားပြီး ကြောက်လန့်တကြားပြောလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ..."
ဖြန်း!
ယို့ယွင်ကျီမြင်းမှီးတောင်ဝှေး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ချက်ချင်းပဲ ကုန်းယွမ်ဘ မျက်နှာအရေပြားနှင့် အသားတွေ စုတ်ပြဲသွား၏။
"အခုလိုရှုပ်ကုန်တာတွေက မင်းကြောင့်ပဲ...."
မူလ၌ ကုန်းယွမ်ဘနှင့် သူ့တပည့်သာ ရန်မမူခဲ့လျှင် ဂျန်ဖန်း သူ့ခွန်အားကိုထုတ်ပြဖို့ မလိုအပ်ခဲ့ပေ။
ဂုဟွာရှီလည်း ဂျန်ဖန်း၏ထူးခြားသည့်ပါရမီကို ရှာတွေ့မည်မဟုတ်ပေ။
ယခုသူက ဂျန်ဖန်းကို တိတ်တဆိတ် ခေါ်ယူလို့မရတော့ပေ။
ဂျန်ဖန်းအတွက်နှင့် ဂုဟွာရှီ ဧရာမဂိုဏ်းနှင့်ဆက်ဆံရေးကို ဖြတ်တောက်ဖို့ဆန္ဒရှိ၏။
သူမဘယ်လိုလုပ် အလွယ်တကူလွတ်ပေးမည်နည်း။
ကုန်းယွမ်ဘ နာကျင်မှုကြောင့် အံ့ကြိတ်လိုက်၏။
တစ်ရက်တည်းနှင့် သူက လက်ထောက်ခန်းမသခင်နှစ်ယောက်၏ ဆက်တိုက်ရိုက်နှက်ချင်းကို ခံခဲ့ရ၏။
တစ်နည်းပြောရလျှင် ဤကဲ့သို့ရိုက်ခံရတာ ဂိုဏ်း ၉ ဂိုဏ်းမှာ သူပထမဆုံးဖြစ်သည်ဟု ဆိုနိုင်၏။
နာကျင်မှုကော အရှက်တရားကော ခံစားရပြီး ဂျန်ဖန်းကို အရိုးထဲထိနားကျည်းမှုတွေနှင့် စိုက်ကြည့်လိုက်သည်။
မျက်လုံးတွေထဲမှာလဲ သတ်ဖြတ်လိုသည့်အရိပ်အယောင်တွေ တစ်ချက်လက်သွား၏။
ဟမ်?....
ယို့ယွင်ကျီ တိုက်ပွဲပေါင်းများစွာကြုံတွေ့လာဖူးသူဖြစ်၍ သဘာဝအတိုင်း ဤသတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည်။
သူ့ဝတ်ရုံက လေမတိုက်ပဲ တဖျတ်ဖျတ်လွင့်ပျံနေပြီး မျက်လုံးတွေကအေးစက်နေခဲ့သည်။
"ကုန်းယွမ်ဘ, မင်းဂျန်ဖန်းကိုသတ်ရင် ငါဆီက အရိုက်ခံရုံလောက်နဲ့ပြီးသွားမယ်ထင်နေလား...."
သူ့ရည်ရွယ်ချက်ပေါ်သွားတာမြင်တော့ ကုန်းယွမ်ဘနှလုံးသား ခုန်ပေါက်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး...မဟုတ်ပါဘူး...."
ယို့ယွင်ကျီ သူ့ကိုလည်ပင်းမှဆုပ်ကိုင်ပြီး လေပေါ်မြောက်လိုက်၏။
"ဒီလက်ထောက်ခန်းမသခင်က သတ်ချင်ရင် အဆင့်အတန်းတွေဘာတွေဂရုစိုက်တာမဟုတ်ဘူး..."
"ငါရန်သူတွေကိုသတ်ဖူးတယ်၊ ဂိုဏ်း ၉ ဂိုဏ်းရဲ့ မြင့်မြတ်အကြီးအကဲတွေကို သတ်ဖူးတယ်။ ဒါပေမယ့် ဂိုဏ်း ၉ ဂိုဏ်း ဂိုဏ်းချုပ်တစ်ယောက်ကိုတော့ ခုထိမသတ်ဖူးသေးဘူး...."
"မင်းငါ့ဒေါသကို စမ်းကြည့်လို့ရတယ်..."
ကုန်းယွမ်ဘနှလုံးသား အပြင်းအထန်တုန်ယင်သွား၏။
သူ နောက်ဆုံးမှာ ယို့ယွင်ကျီအတွက် ဂျန်ဖန်း၏အရေးပါမှုကို နားလည်သွားခဲ့သည်။
သူ့ကို ပိုကြောက်ရွံ့သွားစေတာက...
ဂုဟွာရှီလည်း ထူးမခြားစွာပြောလိုက်တာပဲဖြစ်သည်။
"ကုန်းယွမ်ဘ, နင် မလိုအပ်တာတွေ ဘာမှမလုပ်တာပိုကောင်းမယ်.."
"နင်သာဂျန်ဖန်းကို တကယ်ထိခိုက်အောင်လုပ်ရင် ငါနဲ့ဧရာမဂိုဏ်းဆက်ဆံရေးအရ နင့်ကိုအလောင်းအပြည့်အစုံချန်ထားပေမယ်...."
ယို့ယွင်ကျီကဲ့သို့ သူမလည်း ဂျန်ဖန်း၏ကြီးမာသည့်အလားအလာကို မြင်၏။
သူတို့သာ သူ့ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဆီပြန်ခေါ်သွားပြီ လေ့ကျင့်ပေးလျှင် သူ့အောင်မြင်မှုက ခန်းမရှိ ထိုအံ့ဖွယ်ပါရမီရှင်အနည်းငယ်ထက်နိမ့်မည်မဟုတ်ပေ။
ဤကဲ့သို့ပါရမီရှင်မျိုး ကုန်းယွမ်ဘလိုအမြင်ကျဥ်းသည့်လူတစ်ယောက်၏ လက်စားချေမှုခံရလျှင် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်မည်ဖြစ်သည်။
ဂုဟွာရှီတောင် ခြိမ်းခြောက်နေတာမြင်တော့...
ကုန်းယွမ်ဘ၏နောက်ဆုံးမျှော်လင့်ချက် အလင်းတန်းလေး ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်တော်မလုပ်ရဲပါဘူး..."
ဂျန်ဖန်း လက်ထောက်ခန်းမသခင် ၂ ယောက်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။
သူတို့ကာကွယ်ပေးမှုကြောင့် ကုန်းယွမ်ဘ တကယ်ပဲ နောက်ထပ်မလှုပ်ရှားရဲတော့ပေ။
သို့ပေမယ့် သူ့၌နောက်ထပ်လုပ်စရာရှိသေး၏။
"ဒါပေမယ့် ကျွန်တော် မတော်တဆသေသွားမယ်ဆိုရင်ကော..."
ဂျန်ဖန်း မေးလိုက်သည်။
ယို့ယွင်ကျီနှင့် ဂုဟွာရှိ ချက်ချင်းပဲ ဂျန်ဖန်းစိုးရိမ်နေတာကို နားလည်သွား၏။
ယို့ယွင်ကျီလက်သီးဆုပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"မင်း မတော်တဆမှုဖြစ်ခဲ့ရင် ဂိုဏ်းချုပ်ကုန်းကို မင်းနဲ့အတူမြှပ်နှံပေးမယ်..."
ဘာလို့လဲ?....
ကုန်းယွမ်ဘ ကြိုးစားပြောလိုက်သည်။
"သူ အခြားတစ်ယောက်သေရင်, ကျွန်တော်နဲ့ဘာဆိုင်လို့လဲ....."
ယို့ယွင်ကျီနှာမှုတ်လိုက်၏။
"ဒါဆို ဂျန်ဖန်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းဆီမရောက်ခင်ထိ အသက်ရှင်ပါစေလို့ဆုတောင်းထား...."
"မဟုတ်လို့ သူတစ်ခုခုဖြစ်သွားရင် ဘာအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါမင်းကို အရင်သတ်မှာ..."
ဤအရာက လုံးဝကို ကုန်းယွမ်ဘအတွက် လမ်းကြောင်းအားလုံး ဖြတ်တောက်လိုက်တာဖြစ်သည်။
အဆုံးမှာတော့ ဤအခိုက်အတန့်၌ လောကကြီးမှာ ကုန်းယွမ်ဘထက် ဂျန်ဖန်းကိုသတ်ကိုသတ်ချင်တဲ့သူမရှိပေ။
ကုန်းယွမ်ဘ အတော်လေး မကျေမနပ်ဖြစ်သွား၏။
ဤလက်ထောက်ခန်းမသခင်တွေက လုံးဝကို ကျိုးကြောင်းမဆီလျော်ပေ။
သို့ပေမယ့် သူမေ့နေတာက....
သူလည်းအားနည်းသည့်သိုင်းပညာရှင်တွေနှင့်ဆက်ဆံတုန်းက ယခုထက်မက ဗိုလ်ကျခဲ့တာဖြစ်သည်။
ကုန်းယွမ်ဘကို နောက်ဆုံးအကြိမ်သတိပေးပြီးနောက်....
ယို့ယွင်ကျီနှင့် ဂုဟွာရှီ ဂျန်ဖန်းနှင့်အတူ တာဝန်ခန်းမသို့သွားပြီး ကယ်ဆယ်ရေးတာဝန်ယူပေးလိုက်သည်။
ထို့နောက် သူတို့တွေ တောင်ဂိတ်တံခါးဆီရောက်လာကြ၏။
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဒီနေ့ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်, အကြီးအကဲတို့...."
"တကယ်လို့ ကျွန်တော်အနာဂတ်မှာ ကောင်ကင်ဘုံစက်ယန္ဒယားခန်းမရဲ့ ရွေးချယ်ခြင်းခံရင် သေချာပေါက် အကြီးအကဲတို့နှစ်ယောက်ထဲက တစ်ယောက်ကို ဆရာအဖြစ်ရွေးချယ်မှာပါ...."
ထိုအရာကိုကြားသည့်အခါ...
ယို့ယွင်ကျီနှင့် ဂုဟွာရှီတို့ ပြုံးလိုက်ကြသည်။
သူတို့၏အားစိုက်မှုအလဟသမဖြစ်ပေ။
ဤအဖြေနှင့် သူတို့ ယာယီ အေးအေးဆေးဆေးနေနိုင်သွားပြီဖြစ်သည်။
ဂျန်ဖန်းကို အခြားလူတွေလာစည်းရုံးမှာ စိုးရိမ်ဖို့မလိုတော့ပေ။
ယို့ယွင်ကျီ ကြိုတင်ပြင်ဆင်ထားသည့် ရှေးဟောင်းကြေးပြားသုံးခု ရင်ဘတ်ထဲမှထုတ်ယူလိုက်သည်။
"ဒါတွေက ငါငယ်ငယ်က သုံးခဲ့တဲ့ ကာကွယ်ရေးရတနာတွေပဲ။ အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ရဲဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်....."
"အခု ဒါတွေက ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး။ ဒီတော့ မင်းကို ပေးလိုက်မယ်...."
သားရဲလှိုင်းလာနေ၍ ဂျန်ဖန်း မကြာခဏဆိုသလို အဆင့် ၁ တာဝန်တွေလုပ်ဆောင်ဖို့လိုအပ်၏။
သူက မနေနိုင်ပဲ ဂျန်ဖန်၏လုံခြုံရေးကို စိုးရိမ်မိ၏။
"ကျေးဇူးတင်ပါတယ်, လက်ထောက်ခန်းမသခင်ယို့...."
သူတို့ကပွင့်ပွင့်လင်းလင်းပြောထားပြီး သူ့ကို တပည့်အဖြစ်ခေေါ်ယူဖို့ရည်ရွယ်ထားမှတော့ အရမ်းကြီးအားနာနေစရာမလိုပေ။
ထို့ပြင် ယခုချိန်၌ သူတကယ်ပဲ ထိပ်တန်းအဆင့် ကာကွယ်ရေးရတနာတစ်ခုလိုအပ်နေခဲ့သည်။
သုံးခုက အနည်းငယ်များသော်လည်း တကယ်တော့ တစ်ခုဆိုလုံလောက်ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကြေးပြားတစ်ပြား မကိုင်တွယ်နိုင်သည့်ရန်သူဆို သုံးပြားဆိုလည်း ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ထိုပြင် ကိုင်တွယ်နိုင်သည့်ရန်သူဆိုလျှင်လည်း တစ်ပြားက လုံလောက်တာထက်ပိုနေပြီဖြစ်သည်။
ဂုဟွာရှီ ထိုအရာကိုမြင်သည့်အခါ ယို့ယွင်ကျီထက် နောက်ကျမကျန်ချင်ခဲ့ပေ။
သူမ ချက်ချင်းပဲ အင်္ကျီလက်ထဲ နှိုက်ရှာလိုက်သည်။
ထိုအခါ လိပ်ခွံပုံသဏ္ဍာန်တန်ဆာဆင်ထားပြီး ပုစဥ်းရင်ကွဲတောင်ပံကဲ့သို့ပါးလွှာသည့် ဝတ်ရုံတစ်ခုကို ရှာတွေ့သွားသည်။
"ဒါက လိပ်အသက်ရှူဝတ်ရုံပဲ။ နာမည်ကရိုးရှင်းပေမယ့် အသုံးဝင်မှုက အံ့မခန်းပဲ...."
ဂုဟွာရှီ ပြုံးလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းကာ ဝတ်ဆင်လိုက်၏။
ချက်ချင်းပဲ...
သူမ ဂျန်ဖန်းရှေ့မှပျောက်ကွယ်သွားခဲ့သည်။
ဟုတ်ပါသည်။
သူမ လေထဲမှာ ပျောက်ကွယ်သွားတာဖြစ်သည်။