← Chapters

ယွဲ့မင်ကျူးနှင့်မမျှော်လင့်ပဲတွေ့ဆုံခြင်း

Vol. 30 Ch. 398

ယွဲ့မင်ကျူးနှင့်မမျှော်လင့်ပဲတွေ့ဆုံခြင်း

Vol. 30 Ch. 398

ယို့ယွင်ကျီပါးစပ်တွန့်လိမ်သွား၏။

"ဒီအဖွားကြီး, တကယ်ကိုရက်ရောတာပဲ..."

"ဒီလိုရတနာမျိုးတောင်ထုတ်လာတယ်...."

ဂျန်ဖန်း မျက်တောင်ခတ်လိုက်၏။

သူက ချီကြည့်ရှုခြင်းမျက်လုံးဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း ဂုဟွာရှိကို မမြင်ရပေ။

အသက်ရှုသည့်အရိပ်ယောင်တောင် မခံစားမိပေ။

နောက်ဘက်မှတစ်စုံတစ်ယောက် သူ့ပခုံးကိုထိလိုက်မှ ဂျန်ဖန်းနားလည်သွားခဲ့သည်။

ဂုဟွာရှီ သတိမထားမိပဲ သူ့နောက်ကို ရောက်နေပြီဖြစ်သည်။

ဤအရာက ဂျန်ဖန်းကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့သည်။

ဤဝတ်ရုံဝတ်ဆင်ထားလျှင် လူတစ်ယောက်ကို သတိမထားမိလိုက်ခင် သတ်နိုင်တာပဲဖြစ်သည်။

ဂုဟွာရှီ ဝတ်ရုံကိုချွတ်ပြီး ပုံရိပ်ကိုထုတ်ပြလိုက်ကာ ကြင်နာစွာပြောလိုက်သည်။

"မင်းမြင်လား, ဒါက ကိုယ်ပျောက်ဝတ်ရုံပဲ..."

"ဒါက အာရုံခံမှု၊ စိတ်ဝိညာဥ်စွမ်းအားအတက်အကျနဲ့ ရုပ်ခန္ဓာပုံစံကို ဖုံးကွယ်ထားနိုင်တယ်...."

"မင်းရင်မဆိုင်နိုင်တဲ့လူနဲ့တွေ့ရင် ဒါကိုဝတ်လိုက်။ မင်းအသံမထွက်သရွေ့ ရှာတွေ့ဖို့က ခက်လိမ့်မယ်...."

"ဒါပေါ့ စိတ်ဝိညာဥ်စွမ်းအင်ကုန်ဆုံးမှုကတော့ အတော်များတယ်။ အရေးကြီးတဲ့အခိုက်အတန့်မှသုံးတာအကောင်းဆုံးပဲ..."

ဂျန်ဖန်း အတော်လေးကျေးဇူးတင်သွား၏။

ဤအရာက သေချာပေါက် ပစ္စည်းကောင်းပင်။

သူက လက်ထောက်ခန်းမသခင် ၂ ယောက်ကို အဆက်မပြတ်အရိုအသေပေးလိုက်၏။

"အကြီးအကဲတို့လက်ဆောင်အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်..."

ယို့ယွင်ကျီ မုတ်ဆိတ်မွေးသပ်လိုက်ပြီး ပြုံးလိုက်သည်။

"ဒီပစ္စည်းတွေကို ကောင်းကောင်းအသုံးချပါ။ သားရဲလှိုင်းအတွင်း ဘေးကင်းကင်းနေနိုင်ရင် ကျေးဇူးဆပ်ရာရောက်နေပါပြီ..."

ဂုဟွာရှီလည်း ကြင်နာစွာပြောလိုက်သည်။

"ဂရုစိုက်ပါ, နောက်တစ်ကြိမ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာ တွေ့ရဖို့မျှော်လင့်တယ်...."

နှစ်ယောက်သား သတိများစွာပေးပြီး ထွက်ခွာသွားခဲ့သည်။

နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် သန္ဓေသားသွေးအနှစ်သာရပို့သည့်သတင်းက လုံးဝနှောင့်နှေးကြန့်ကြာလို့မရပေ။

သူတို့က ခန်းမသခင်ကို ဖြစ်နိုင်သမျှမြန်မြန် ဆုံးဖြတ်ချက်ချခိုင်းရမည်ဖြစ်သည်။

ဂျန်ဖန်း ဂရုတစိုက် ပစ္စည်းတွေကို သိမ်းလိုက်သည်။

သို့ပေမယ့် တိုင်ဟူရေကန်ကို အလောတကြီးမသွားသေးပေ။

"စီနီယာအမနဲ့ သူ့အဖွဲ့တွေရဲ့ခွန်အားက မနိမ့်ဘူး။ အန္တရာယ်တွေ့ရင်တောင် အသက်ရှင်မရှင်က မသေချာဘူး...."

"ငါ အဆင်ခြင်မဲ့သွားရင် ငါ့အသက်ကိုစွန့်အားရုံသာမက စီနီယာအမကိုတောင် ငြိစွန်းစေလိမ့်မယ်...."

လျိုချင်းရှန် ခုချိန်ထိမသေသေးပြီး ဂျန်ဖန်းအန္တရာယ်ရှိနေတာကြားလျှင် သံသယရှိစရာမလိုအောင် သူ့ကိုကယ်ဆယ်ဖို့လာမည်ဖြစ်သည်။

ထိုအချိန်၌ သူက သူမကို ကယ်ဆယ်ဖို့ ကျရှုံးရုံသာမက ထိခိုက်ဒဏ်ရာပါရစေမည်ဖြစ်သည်။

ထို့ကြောင့် ကောင်းကောင်းပြင်ဆင်ထားဖို့လို၏။

သူ့၌ ကျင့်ကြံရေးနည်းစနစ်၊ လက်နက်၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေ အားလုံး အဆင်ပြေ၏။

လိုအပ်နေသည့်တစ်ခုတည်းသောအရာမှာ စိတ်ဝိညာဥ်ဆေးလုံးဖြစ်၏။

ပြန်လည်ရှင်သန်ခြင်းဆေးလုံးဆို ၄ လုံးသာ ကျန်ရှိတော့၏။

ထိုကဲ့သို့အန္တရာယ်များသည့်နေရာကိုသွားရမှာဖြစ်ပြီး ပျောက်ဆုံးနေသည့်ငါးယောက်ထဲ၌ ဒဏ်ရာရသည့်လူရှိမရှိလည်း မသိပေ။

ထို့ကြောင့် ဆေးလုံးတွေ ပိုပြီးဖော်စပ်ထားဖို့လို၏။

ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံး, ၎င်းက လွက်တွေ့မှာအလွန်အသုံးဝင်၍ ပိုများများလုပ်ထားဖို့လိုအပ်၏။

ထို့ပြင် ဈေးကွက်၌ စိတ်ဝိညာဥ်စွမ်းအားပြန်ဖြည့်ဆေးရှားပါး၍ ပုလင်းအနည်းငယ်စမ်းဖော်ကြည့်ချင်သေး၏။

လိုအပ်တာတွေကိုစဥ်းစားပြီးနောက် ပြတ်ပြတ်သားသားပဲ ဧရာမဂိုဏ်းဈေးကို ဦးတည်လိုက်သည်။

ထိုနေရာ၌ ဂိုဏ်းအသီးသီးလူတွေ စုဝေးနေတာကို ကျေးဇူးတင်ရမည်ပင်။

သူတို့က နေရာအမျိုးမျိုးမှ ရှားပါးသည့် စိတ်ဝိညာဥ်ပစ္စည်းတွေယူလာကြ၏။

ဆိုလိုတာ ဆန်းကြယ်သည့်ကောင်းကင်နှင့်မြေကြီးရတာအများစုကို တစ်ခါတစ်ရံ ဧရာမဂိုဏ်းဈေးမှာလည်း တွေ့နိုင်၏။

ထို့ကြောင့် ဂျန်ဖန်းအလျှင်အမြန်ပဲ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ပါဝင်ပစ္စည်းတွေဖြစ်သည့် နဂါးမုတ်ဆိတ်မြက်၊ အဆင်းသုံးချောင်းစိတ်ဝိညာဥ်အသီးနှင့် နှစ်တစ်ရာပိုစာသား တွေကို စုဆောင်းနိုင်ခဲ့၏။

ထို့နောက် ခြေသုံးလှမ်းမူဝေခြင်းဆေးလုံးအတွက်ပါဝင်ပစ္စည်းတွေကိုလည်း အလျှင်အမြန်ရှာတွေ့သွားခဲ့သည်။

စိတ်ဝိညာဥ်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည့် လကြည့်ဂန္ဓမာကိုသာ အချိန်အတော်ကြာထိ ရှာမတွေ့ခဲ့ပေ။

ထိုပစ္စည်းက အရမ်းကြီးတန်ဖိုးကြီးသည့် ကောင်းကင်နှင့်မြေကြီးရတနာတော့မဟုတ်ပေ။

သို့ပေမယ့် အလွန်ရှားပါးပြီး အသုံးပြုတဲ့နေရာကလည်းနည်းတာကြောင့် လူသုံးနည်း၏။

ထို့ကြောင့် ၎င်းကို ရောင်းချခဲ၏။

ဂျန်ဖန်းလက်လျော့တော့မည်အချိန်မှာပဲ, ရုတ်တရက် မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

မြင့်မြတ်ဂိုဏ်းအမျိုးသမီးတပည့်တစ်ယောက် ဆိုင်ခန်းငယ်ဖွင့်ထားပြီး ပစ္စည်းအချို့ ချခင်းရောင်းချနေခဲ့သည်။

အားလုံးက ကုန်ကြမ်း၊ လက်နက်၊ ဆေးလုံးတွေ၊ အစရှိသဖြင့်ပင်။

၎င်းတို့ကြား၌ လက်ဆေးဇလုံလောက်အရွယ်အစားရှိသည့် အဖြူရောင်ဂန္ဓမာပွင့်တစ်ပွင့်ရှိနေခဲ့သည်။

"လကြည့်ဂန္ဓမာ...."

ဂျန်ဖန်းနှလုံးသားခုန်ပေါက်သွားပြီး ရှေ့ကို အလျှင်အမြန်သွားလိုက်၏။

သို့ပေမယ့် တစ်စုံတစ်ယောက်က သူ့ထက်အရင်ဦးသွားခဲ့သည်။

ထိုအရာက သေးသွယ်သည့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သေးသွယ်သည့်ခါးလေးက လက်တစ်ဆုပ်စာတောင်မရှိကာ နူးညံ့သည့်ပခုံးသားလေးတွေရှိ၏။

အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လန်းဆန်းသွက်လက်သည့်ခံစားမှုကို ပေးစွမ်း၏။

သူမက ဆိုင်ခန်းရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လကြည့်ဂန္ဓမာကို စူးစမ်းစွာဖြင့် ကြည့်နေခဲ့သည်။

စကားအချို့မေးပြီးနောက် စိတ်ဝင်စားမှုဆုံးရှုံးသွားကာ ထရပ်ပြီး ထွက်သွားဖို့ပြင်လိုက်၏။

ဂျန်ဖန်း သက်သာယာရစွာ သက်ပြင်ချလိုက်သည်။

သူမ ထိုအရာကိုမလိုချင်သာ ကောင်း၏။ မဟုတ်လျှင် ပိုပြီးအားစိုက်ထုတ်ရတော့မည်ဖြစ်သည်။

သို့ပေမယ့် အစိမ်းဝတ်အမျိုးသမီးတစ်ဖက်လှည့်လာသည့်အခါ ဂျန်ဖန်း ကြောင်သွား၏။

ထိုအရာက ဒေါသနှင့် ပျော်ရွင်မှုရောယှက်နေသည့်မျက်နှာတစ်ခုဖြစ်ပြီး နှုတ်ခမ်းဆူနေခဲ့သည်။

ကြီးမားဝိုင်းစက်သည့်မြစိမ်းရောင်မျက်လုံးကြီးတွေကလည်း စကားပြောနိုင်နေသလိုပင်။

ဖြောင့်စင်းပေါ်လွင်သည့်နာတံ၊ နှင်းဆီရောင်နှုတ်ခမ်းလေးတို့ကလည်း ဆွဲဆောင်မှုရှိလှ၏။

၁၈နှစ်အရွယ်မျက်နှာလေးက မည်သည့်မိတ်ကပ်မှမလိိမ်းခြယ်ထားတာတောင် အမျိုးသမီးတစ်ယောက်၏ အကောင်းဆုံးအသားအရေအခြေအနေကို ယုံကြည်မှုရှိရှိပြသနေခဲ့သည်။

အလွန်အမင်းငယ်ရွယ်လှပ၏။

ထို့ပြင် သူမကို ဂျန်ဖန်း ကောင်းကောင်းသိ၏။

သူက မနေနိုင်ပဲ အာမေဋိတ်သံပြုလိုက်သည်။

"ယွဲ့မင်ကျူး..."

"မင်းမလား..."

သူက ပျော်ရွင်သည့်အမူအရာပြသပြီး အလျှင်အမြန် သူမဆီသွားလိုက်သည်။

သူ့မျက်လုံးထဲ၌ မိတ်ဆွေဟောင်းနှင့်ပြန်တွေ့ရသည့်အတွက် ကျေနပ်မှုအချို့ရှိနေပြီး ဖော်ပြလို့မရသည့်ကျေးဇူးတင်မှုအချို့လည်း ရှိနေခဲ့သည်။

ထိုစဥ် ယွဲ့မင်ကျူးပေးလိုက်သည့်ကျောက်စိမ်းပြားကြောင့်သာ သူ လန်ဂုတိုက်ခိုက်မှုမှ အသက်ရှင်နိုင်ခဲ့တာဖြစ်သည်။

သူက အမြဲ ထိုကြင်နာမှုကို နှလုံးသားထဲမှာ မှတ်ထားခဲ့သည်။

ဟမ်?...

ယွဲ့မင်ကျူး အနည်းငယ်ကြောင်သွားပြီး မတုံ့ပြန်နိုင်လုနီးပါးဖြစ်သွား၏။

အဘယ်ကြောင့်ဆိုသော် သူမ ထိုနာမည်ကို တစ်ကြိမ်နှစ်ကြိမ်လောက်သာသုံးဖူးသောကြောင့်ဖြစ်သည်။

သိသည့်လူလည်းအနည်းငယ်သာရှိ၏။

အသံလာရာကိုကြည့်လိုက်သည့်အခါ ချောမောခန့်ညားသည့်မျက်နှာနှင့်လူတစ်ယောက် တည်ငြိမ်သည့်အမူအရာနှင့် လျှောက်လာနေခဲ့သည်။

သူမ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အိမ်မက်မက်နေသလိုခံစားနေရသည်။

တစ်လကျော်ကြာ...

သူမ အိမ်မက်ဆိုးတွေမှ ဘယ်နှစ်ကြိမ်လောက်လန့်နိုးခဲ့ရလဲ မမှတ်မိတာ့ပေ။

အိမ်မက်ဆိုးတွေ၏အရင်းအမြစ်က ဤမုန်းစရာကောင်းသည့်မျက်နှာကြောင့်ပင်ဖြစ်သည်။

အိမ်မက်ထဲ၌ ဂျန်ဖန်း သူမကို မျက်နှာချင်းဆိုင်းပြီး ပြောသည်။

"မင်းဖမ်းနိုင်ရင် ငါ့ကိုဖမ်းလေ..."

"ဂုဏ်သရေရှိဂိုဏ်းချုပ်တစ်ယောက်က ငါလို တပည့်ငယ်လေးတစ်ယောက်ကိုတောင် မဖမ်းနိုင်ဘူးလား။ ရှက်စရာပဲ...."

"တာဝန်အတွက်ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်, မင်းက လူကောင်းတစ်ယောက်ပဲ..."

.....

အချိန်တိုင်း သူမ ဒေါသတွေနှင့် လန့်နိုးခဲ့ရ၏။

တစ်ခါကဆို သူမနောက်ထပ်သည်းမခံနိုင်တော့ပဲ ညသန်းခေါင်ကြီး ရမ္မက်ဂိုဏ်းမှထွက်ကာ ဂျန်ဖန်းနှင့်စာရင်းရှင်းဖို့ တိမ်စိမ်းဂိုဏ်းကို သွားဖို့လုပ်ခဲ့သည်။

အဆုံး၌ အကြီးအကဲများစွာ၏ ခက်ခက်ခဲခဲဖျောင်းဖျမှုကြောင့် ပြဿနာဖြစ်အောင်မလုပ်တော့ပေ။

ယခု ရုတ်တရက် ဂျန်ဖန်းကို မြင်လိုက်သည့်အခါ...

သူမ အိမ်မက်မက်နေသလို ခံစားနေရ၏။

"မင်းဘာဖြစ်နေတာလဲ..."

ဂျန်ဖန်း သူမမျက်နှာရှေ့မှာ လက်ဝှေ့ယမ်းပြလိုက်သည်။

သူမ ဘာကြောင့် ရုတ်တရက်ကြီး မှိန်မောသွားရသနည်း။

ထိုအခိုက်အတန့်၌...

ယွဲ့မင်ကျူး နောက်ဆုံး တုံ့ပြန်လာ၏။

ဤအရာက အိမ်မက်ဆိုးတစ်ခုမဟုတ်ပေ။

သူမ တကယ်ပဲ ဤမုန်းစရာကောင်းသည့်အကောင်စုတ် ဂျန်ဖန်းကို တွေ့နေတာဖြစ်သည်။

"ဂျန်ဖန်း..."

ယွဲ့မင်ကျူး အံ့ကြိတ်ပြီး သွားကြားထဲမှထွက်သည့်လေသံဖြင့် ပြောလိုက်သည်။

သူမရင်ဘတ်၌ ဒေါသမီးတွေ မီးတောင်တစ်ခုကဲ့သို့ပေါက်ကွဲထွက်လာပြီး နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။

အထူးသဖြင့် အတိတ်ကကိစ္စတွေကို ပြန်တွေးမိလိုက်ချိန်တွင်ဖြစ်သည်။

သူမက ဂျန်ဖန်းကို ရမ္မက်ဂိုဏ်းဝင်ဖို့ ကြင်နာစွာအကြံဉာဏ်ပေးခဲ့ပေမယ့် သူက ကြမ်းတမ်းစွာပဲ ငြင်းဆန်ခဲ့၏။

ထို့ပြင် သူမလက်မှတောင် ထွက်ပြေးခဲ့သေးသည်။

ထိုအရာက လုံလောက်အောင်အရှက်ရပြီးနေပြီဖြစ်သည်။

သို့ပေမယ့် ထိုကောင်က သူမမျက်စိအောက်မှ တာဝန်တစ်ခု ဘယ်လိုတောင် ယူသွားရဲသနည်း။

ထို့ပြင် အောင်တောင်အောင်မြင်ခဲ့သေး၏။

ထိုအရာက သူမကို ဒေါသအဖြစ်စေဆုံးအရာဖြစ်သည်။

ယခု, ဂျန်ဖန်း သူကိုယ်တိုင် သူမတံခါးရှေ့ကိုရောက်လာရာ သင်ခန်းစာပေးရမည်ဖြစ်သည်။

သေချာပေါက် သင်ခန်းစာပေးရမည်ပင်။

"ငါက နင် ငါ့ကိုမေ့သွားပြီထင်နေတာ...."

ဂျန်ဖန်း သူမ၏ပုံမှန်မဟုတ်သည့်ခံစားချက်ကို သတိမထားမိပဲ အတိကိုအောင့်မေ့သည့်အမူအရာပြသလိုက်၏။

"မတွေ့တာကြာပြီ, ငါမင်းကို သတိရနေတာ...."

"မင်း အခုတလော ဘယ်လိုလဲ...."

ဟမ်?....

သူက ငါ့ကိုသတိရတယ်?...

ယွဲ့မင်ကျူးကြောင်သွားပြီး ပေါက်ကွဲထွက်တော့မည့်မီးတောက်တွေ အနည်းငယ်ငြိမ်သက်သွား၏။

သို့ပေမယ့် သူမ ဒေါသထွက်နေဆဲဖြစ်သည်။

ယနေ့ ဤကောင်နှင့် စာရင်းရှင်းရမည်ပင်။

ကျရှုံးလို့မရသလို မည်သူမှ သူမကိုတားလို့မရပေ။

သူမ ပြင်းထန်စွာနှာမှုတ်ပြီး ပြောလိုက်သည်။

"မကောင်းဘူး, အတော်လေးကို မကောင်းတာ..."

ဂျန်ဖန်း မနေနိုင်ပဲ ပြုံးလိုက်မိ၏။

သူမက အရင်တိုင်းပဲ ခန့်မှန်းရခက်နေတုန်းဖြစ်သည်။

"မင်းလက်ဖြန့်လိုက်, ငါ့မှာမင်းကို ပေးစရာရှိတယ်...."

ဟမ်?....

သူက ငါ့ကို လက်ဆောင်ပေးမယ်?...

ယွဲ့မင်ကျူးမျက်လုံးတွေ အရောင်လက်သွား၏။

နှလုံးသားထဲရှိဒေါသတွေလည်း အနည်းငယ်ပိုပြီးတည်ငြိမ်သွားခဲ့သည်။

သို့ပေမယ့် ခေါင်းမာနေဆဲဖြစ်သည်။

"နင့်ပစ္စည်း ဘယ်သူက လိုချင်လို့လဲ..."

"ငါ မလိုချင်ပါဘူး..."

ဂျန်ဖန်းပြုံးလိုက်သည်။

သူက သူမလက်သေးသေးလေးကို ဆုပ်ကိုင်လိုက်၏။

"ရှိုင်းလိုက်တာ..."

ယွဲ့မင်ကျူး ညင်သာစွာပြောလိုက်ပြီး သူမလက်ကို ပြန်ရုတ်လိုက်သည်။

သို့ပေမယ့် သူမလက်ထဲ၌ တစ်စုံတစ်ခုရှိနေပြီဖြစ်သည်။

All Chapters