မသိလိုက်ခင်မှာပဲစတင်လာသောအချစ်
Vol. 30 Ch. 399
သူမလက်ဖြန့်ပြီး ကြည့်လိုက်သည့်အခါ....
ထိုအရာက ရိုးရှင်းသည့်ရှေးဟောင်းကြေးပြားတစ်ခုဖြစ်နေခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် ကြေးပြား၏ထူးခြားမှုကို သိလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ကာကွယ်ရေး ရတနာ...."
"ဘာ...ဘာလို့ ငါ့ကိုပေးတာလဲ..."
ဤပစ္စည်းက ဘယ်လောက်တောင်တန်ဖိုးရှိလိုက်လဲ။
သူ ဘယ်လိုတောင် သူမကို ပေးနိုင်ရသနည်း။
ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။
"နောက်ဆုံးအကြိမ်, မင်းပေးတဲ့ကျောက်စိမ်းဆွဲပြားက ငါ့အသက်ကို ကယ်ပေးခဲ့တယ်...."
"သခင်မလေးယွဲ့ရဲ့ ခွဲခွာလက်ဆောင်က အမြုတေဖွဲ့စည်းခြင်း အဆင့် ၉ ကာကွယ်ရေးရတနာဖြစ်နေမယ် မထင်ထားဘူး...."
"ကျွန်တော် အဲ့အချိန်က မျက်စိကန်းပြီး သခင်မလေးယွဲ့ရဲ့ နက်ရှိုင်းတဲ့စေတနာကို မမြင်နိုင်ခဲ့ဘူး..."
"တကယ်ပဲ ရှက်မိပါတယ်..."
မကျေနပ်သည့်ခံစားချက်တွေ ယွဲ့မင်ကျူးနှလုံးသားထဲမှာ ရေကြီးသလို လိမ့်တက်လာခဲ့သည်။
သူက ထိုအရာကိုသိရက်နှင့် ဘာကြောင့် သူမအပေါ် အာဃာတတွေထားခဲ့ရသနည်း။
သူမ သူ့ကို သူမဘေးမှာ ခေါ်ထားချင်ခဲ့သည်မဟုတ်လား။
ထို့ကြောင့် ရမ္မက်ဂိုဏ်းမှာနေဖို့ ပြောခဲ့သည်။
သူမကိုယ်တိုင်လှုပ်ရှားခဲ့တာတောင် နာခံဖို့ ငြင်းဆန်ခဲ့၏။
သူမ သူ့ကို အနူးညွတ်တောင်းပန်ဖို့မျှော်လင့်နေသည်လား။
ထိုအရာကိုတွေးမိတော့...
မြူအလွှာတစ်ခု သူမ၏သန့်ရှင်းသည့်မျက်လုံးတွေထဲမှာ တဖြည်းဖြည်းဖြစ်တည်လာခဲ့သည်။
ဟမ်?...
သူမ ငိုနေတာလား?...
ဂျန်ဖန်း ဘာလုပ်ရမှန်းမသိဖြစ်သွား၏။
"သခင်မလေးယွဲ့, ငါမင်းကို ရန်စမိတဲ့ကိစ္စတစ်ခုခုများလုပ်မိလို့လား...."
ယွဲ့မင်ကျူး သူမ၏ငွေရောင်သွားလေးတွေကို အံကြိတ်လိုက်သည်။
သူမ ရက်ပေါင်းများစွာမြိုသိပ်ခဲ့ရသည့်မကျေနပ်ချက်တွေကို သူ့အပေါ်ပုံချပြီး ဒေါသတကြီးကြိမ်းမောင်းလိုက်ချင်၏။
သို့ပေမယ့် သူ၏စိုးရိမ်သည့်အမူအရာကိုမြင်သည့်အခါ သူမနှလုံးသားပျော့ပျောင်းသွားခဲ့သည်။
ရက်ပေါင်းများစွာမြိုသိမ်ခဲ့ရသည့်ဒေါသတွေလည်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
အသုံးမကျသည့်အတွက် သူမကိုယ်သူမသာ ကျိန်ဆဲလိုက်၏။
ထို့နောက် သူမ၏နူးညံ့သည့်ခြေထောက်လေးကို ခြေဆောင့်ကာ ကြေးပြားကို ဂျန်ဖန်းဆီပြန်ပစ်ပေးလိုက်၏။
"ငါ နင့်ပစ္စည်းမလိုချင်ဘူး..."
"ပြီးတော့ နင့်ကိုလည်း ခွင့်မလွတ်ဘူး..."
"အခုကစပြီး ငါတို့တွေ ဘယ်တော့မှထပ်မတွေ့တော့ဘူး...."
ဂျန်ဖန်း အတော်လေး စိတ်ရှုပ်သွား၏။
သူမစိတ်ဆိုးအောင် သူဘာလုပ်မိသနည်း။
သူတို့ခွဲခွာစဥ်က အရာအားလုံးအဆင်ပြေနေခဲ့သည်မဟုတ်လား။
သူမ မျက်ရည်တွေသုတ်ပြီး ထွက်သွားတော့မှာကိုမြင်သည့်အခါ ဂျန်ဖန်းအလျှင်အမြန် သူမလက်မောင်းကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"သခင်မလေးယွဲ့, ကျေးဇူးပြုပြီး ခဏနေပါအုန်း...."
ယွဲ့မင်ကျူး ဒေါသတကြီးပြောလိုက်သည်။
"လွတ်, နေ့ခင်ကြောင်တောင်ကြီးတောင် ဘယ်လိုမသင့်တော်လိုက်လဲ...."
ကံကောင်းစွာဖြင့် မည်သူမှ သူမအထောက်အထားအစစ်အမှန်ကို မသိပေ။
မဟုတ်လို့ ရမ္မက်ဂိုဏ်းချုပ် ယောက်ျားတစ်ယောက်နှင့် လမ်းမပေါ်မှာဆွဲလားရမ်းလားလုပ်နေသည့်သတင်းသာပျံ့သွားလျှင်...
သူမ ဘယ်လိုမှ ရှင်းပြလို့ရတော့မည်မဟုတ်ပေ။
"ငါပြောတာအရင်နားထောင်ပါအုန်း..."
ဂျန်ဖန်း ပြောလိုက်သည်။
ယွဲ့မင်ကျူး နှုတ်ခမ်းဆူလိုက်သည်။
"နင်က ဘာပြောချင်သေးလို့လဲ..."
သူမက ဂျန်ဖန်းကို သွားခွင့်ပေးပြီးပြီဖြစ်ပေမယ့် သူက သူမကို စိတ်အနှောက်အယှက်ပေးနေဆဲပင်။
သို့ပေမယ့် ထူးဆန်းစွာပဲ သူမ ဂျန်ဖန်းလက်မှမရုန်းခဲ့ပေ။
ရပ်လိုက်ပြီး သူမ၏မျက်ရည်ဝဲနေသည့်မျက်လုံးတွေဖြင့် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
ဂျန်ဖန်း ရိုးသားစွာပြောလိုက်သည်။
"သခင်မလေးယွဲ့ ငါ့အပေါ်အရမ်းကြင်နာတယ်။ ငါ ပြန်မပေးရရင် ဘယ်တော့မှ အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး..."
"ကျေးဇူးပြုပြီး ဒီကြေးပြားကို လက်ခံပေးပါ...."
"ဒါ့ပြင်, ငါဆေးလုံးအချို့သန့်စင်ပြီး မင်းကို ပေးမယ်လေ..."
"ကျေးဇူးပြုပြီး မငြင်းပါနဲ့...."
သူမငြင်းဖို့ပြင်လိုက်၏။
သို့ပေမယ့် သူမမျက်လုံးတွေ ရုတ်တရက် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၏။
ဂျန်ဖန်း ထူးဆန်းတာတစ်ခုခုပြောလိုက်သည်လား။
မသေချာပဲ သူမမေးလိုက်သည်။
"ငါများနားကြားမှားတာလား, နင်ဆေးဖော်စပ်မယ်လို့ပြောလိုက်တာလား...."
ထိုအရာက ဆေးဖော်စပ်တာပင်။ ဝယ်တာမဟုတ်ပေ။
ဂျန်ဖန်း အနည်းငယ်အကူညီမဲ့သွား၏။
မလိုအပ်လျှင် သူ၏ဝိညာဥ်သခင်ဆိုသည့်အထောက်အထားကို အခြားလူတွေမသိစေချင်ပေ။
ချက်ချင်းပဲ သူမနားနားကပ်ကာ တီးတိုးပြောလိုက်သည်။
"မင်းပဲသိထားရင်ရပြီ, အခြားသူတွေလျှောက်မပြောနဲ့...."
"ဒီအကြောင်းသိတဲ့လူက အတော်နည်းတယ်..."
ဘာ?...
ဂျန်ဖန်းက ဝိညာဥ်သခင်တစ်ယောက်လည်းဖြစ်သည်လား?...
ယွဲ့မင်ကျူး ကြောင်သွား၏။
ဝိညာဥ်သခင်တိုင်းက ဂိုဏ်း ၉ ဂိုဏ်း၌ မြင့်မားသည့်အဆင့်အတန်းတွေရှိကြ၏။
ဂျန်ဖန်း များစွာသောပါရမီတွေပိုင်ဆိုင်ထားပြီးပြီဖြစ်ရာ ဝိညာဥ်သခင်ဆိုသည့်အထောက်အထားကိုလည်း ဖုံးကွယ်ထားသည်လား။
ဂျန်ဖန်းနှင့် ချောက်ကမ်းပါးအောက်ခြေ၌ အချိန်အတော်များများကုန်ဆုံးပြီးနောက် သူ့ကိုကောင်းကောင်းနားလည်ပြီဟု ထင်ခဲ့၏။
ယခု သူမက ရေခဲတောင်ကြီး၏ ထိပ်ဖျားပိုင်းသာ သိတာကို နားလည်လိုက်သည်။
သူ၏ဝိညာဥ်သခင်ဆိုသည့်အထောက်အထားသာပေါ်သွားလျှင် ဂိုဏ်း ၉ ဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားမည်ဖြစ်သည်။
ဤကဲ့သို့ တောက်ပသည့်အနာဂတ်နှင့် လူငယ်ဝိညာဥ်သခင်တစ်ယောက်က သေချာပေါက် များစွာသောအင်အားစုတွေ၏ ဆွဲဆောင်မှုကို ခံရမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် ဂျန်ဖန်း အမြဲသတိထားပြီး ကောင်းကောင်းဖုံးကွယ်ထားခဲ့သည်။
သို့ပေမယ့် သူမအလျှင်အမြန်ပဲ တုံ့ပြန်လိုက်၏။
"ဒါဆို နင် ငါ့ကို ဘာလို့ပြောပြတာလဲ..."
ယွဲ့မင်ကျူး နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
"ငါနင့်ကို သစ္စာဖောက်မှာမကြောက်ဘူးလား..."
ဂျန်ဖန်း ရယ်လိုက်၏။
"မင်းက ငါ့ကို မင်းရဲ့ အမြုတေဖွဲ့ခြင်းအဆင့် ၉ ကာကွယ်ရေးအဆောင်ကိုတောင် ပေးခဲ့တာပဲ..."
"ဒါ မင်းငါ့ကို အရမ်းဂရုစိုက်တယ်ဆိုတာ သိသာနေတာပဲလေ..."
"ဘာလို့ ငါ့ကို ထိခိုက်စေမှာလဲ...."
သူက သူမကို ဤလောက်ထိတောင် ယုံသည်လား။
ယွဲ့မင်ကျူး စိတ်ထဲမှာချိုသာမှုကို ခံစားလိုက်ရပြီး မနေနိုင်ပဲ ပြုံးလိုက်မိ၏။
သူမ အချိန်အတော်ကြာမြိုသိပ်ထားခဲ့သည့် မကျေနပ်ချက်တွေလည်း မသိလိုက်ပဲ ပျောက်ကွယ်သွားခဲ့သည်။
"ဟမ့်, နင်က ဝိညာဥ်သခင်အလုပ်သင်တစ်ယောက်ပဲဖြစ်မှာ။ အလွန်ဆုံးမှ အဆင့် ၁ ဝိညာဥ်သခင်ပေါ့, ဘာမှအထင်ကြီးစရာမရှိဘူး...."
"ငါ အခြားလူတွေလိုက်ပြောရမှာပြင်းလွန်းလို့..."
သေချာပေါက်ပင်, သူမစကားတွေက ထက်ရှနေဆဲဖြစ်သည်။
ဂျန်ဖန်းပြုံးရုံသာပြုံးလိုက်ပြီး ဘာတစ်ခွန်းမှမပြောပေ။
ထို့နောက် လျို့ဝှက်ခန်းတစ်ခုငှားရမ်းပြီး စတင်ဆေးဖော်စပ်တော့၏။
ခဏကြာပြီးနောက်...
ယွဲ့မင်ကျူး သူမလက်ထဲရှိ အစိမ်းရောင်ဆေးပုလင်းတွေကို မျက်တောင်မခပ်ပဲ စိုက်ကြည့်နေခဲ့သည်။
"ပြန်လည်ရှင်သန်ခြင်းဆေးလုံး... နင် ဒါကို သန့်စင်ခဲ့တယ်..."
နာမည်ကျော်ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို သူမဘယ်လိုလုပ် မသိပဲနေမည်နည်း။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ တိမ်စိမ်းမြို့၌ လေလံပွဲကျင်းပချိန်က...
၎င်းက အံံ့အားသင့်ဖွယ်ပွဲဦးထွက်လာပြီး အသင်္ချေဓားဂိုဏ်း ဆေးတစ်လုံးကို သလင်းကျောက် ၂ သိန်းဖြင့် ဝယ်ယူခဲ့ရ၏။
အစပိုင်း၌ အချို့က ဈေးများလွန်းသည်ဟု ထင်ကောင်းထင်ခဲ့၏။
သို့ပေမယ့် သားရဲလှိုင်းအန္တရာယ်ကို မျက်မြင်တွေ့ပြီးနောက် ၂သိန်းက မတန်ဘူးဟု မည်သူထင်တော့မည်နည်း။
၎င်းက ဒုတိယအသက်ရှိတာနှင့်ညီမျှ၏။
တစ်ခါသာရောင်းချခဲ့တာကတော့ နှမျှောစရာကောင်းပြီး ဈေးကွက်မှာ နောက်တစ်ကြိမ် ထွက်ပေါ်မလာတော့ပေ။
ထိုအချိန်တကည်းက ပျောက်ကွယ်သွားခဲ့ပြီး ပိုက်ဆံရှိလျှင်တောင် ဝယ်လို့မရတော့ပေ။
ယွဲ့မင်ကျူး မမျှော်လင့်ထားတာက...
ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို တကယ်ပဲ ဂျန်ဖန်းဖော်စပ်ခဲ့တာဖြစ်နေတာပင်။
ဤအရာက အဆင့် ၃ ဆေးလုံးဖြစ်ပြီး ရှေးဟောင်းပြန်လည်ကုသဆေး ကိုးမျိုးထဲက တစ်မျိုးဖြစ်၏။
သူမ နှလုံးသားခုန်ပေါက်နေခဲ့သည်။
ထိုအခါမှသာ ဂျန်ဖန်း ဝိညာဥ်သခင်ငယ်လေးတစ်ယောက်မဟုတ်ဘူးဆိုတာ နားလည်သွားခဲ့သည်။
သူက လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ဂိုဏ်း ၉ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ဆရာသခင်တစ်ယောက်ဖြစ်နေခဲ့သည်။
ဂျန်ဖန်း ထူးဆန်းစွာပြုံးလိုက်သည်။
"မင်းတစ်လုံးသောက်ဖူးတယ်မဟုတ်ဘူးလား..."
"ဘာတွေအထူးအဆန်းလုပ်နေတာလဲ..."
ဟမ်?....
ယွဲ့မင်ကျူး တစ်ခဏကြောင်သွားပြီး သူမချောက်ကမ်းပါးအောက်ခြေမှာ သတိမေ့နေသည့်အချိန်ကို အမှတ်ရလိုက်သည်။
သူမ၏ အရိုးတွေအားလုံးကျိုးကျေနေပြီး သေတော့မည်ဖြစ်ပေမယ့် ဂျန်ဖန်း ထူးဆန်းစွာပဲ သူမကို ကယ်တင်ခဲ့၏။
"ဒီတော့ အဲ့နေ့က နင်ငါ့ကိုတိုက်ခဲ့တဲ့ဆေးလုံးက ပြန်လည်ရှင်သန်ခြင်းဆေးလုံးပေါ့...."
သူမ ရုတ်တရက် နားလည်သွားခဲ့သည်။
သို့ပေမယ့် ထို့နောက် သူမစိတ်ရှုပ်စွာပဲ မေးလိုက်သည်။
"ဒါပေမယ့် ငါတို့က သူစိမ်းတွေလေ, နင်က ကိုယ်မသိတဲ့တစ်စုံတစ်ယောက်ကို ကယ်ဖို့ ဒီလိုအဖိုးတန်တဲ့ဆေးလုံးပေးတယ်လား..."
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုကသ်ည်။
"ဆေးလုံးက နောက်တစ်ကြိမ်ပြန်ဖော်စပ်လို့ရတယ်..."
"မင်းကိုမကယ်လိုက်ရင် မင်းကတကယ်သေသွားမှာ။ ဘယ်လိုမှ ပြန်မရနိုင်ဘူး...."
"ကဲ... ငါ အခြားဆေးလုံးတွေ ဖော်စပ်လိုက်အုန်းမယ်။ မင်းငါ့ကိုကူညီပြီး ကျန်တဲ့ပြန်လည်ရှင်သန်ခြင်းဆေးလုံးတွေ ခွဲခြားပေးလို့ရမလား..."
ဂျန်ဖန်း နောက်တစ်ကြိမ် အာရုံစိုက်ဆေးဖော်စပ်နေတာကိုကြည့်ပြီး...
ယွဲ့မင်ကျူး သူ့မျက်နှာကို စိုက်ကြည့်နေပြီး မျက်လုံးတွေက နူးညံ့ညင်သာလာခဲ့သည်။
ပရမ်းပတာလောကကြီး၌ အရင်းအမြစ်အတွက်တိုက်ခိုက်တာ သိုင်းပညာလမ်းစဥ်မှာ ပုံမှန်ပဲဖြစ်သည်။
ဂျန်ဖန်းလိုလူမျိုး ဘယ်လောက်များများရှိမည်နည်း။
သူမကြည့်နေရင်း ရုတ်တရက်တစ်စုံတစ်ခုကို နားလည်သွားကာ မျက်နှာနီရဲသွား၏။
သူမ ဂျန်ဖန်းလိုလူမျိုးကို သဘောကျမိတာ မငြင်းပေ။
သို့ပေမယ့် တစ်စုံတစ်ခုကိုတွေးမိသည့်အခါ သူမအမူအရာ မဲမှောင်သွား၏။
သူမက သူမ၏ ၁၈နှစ်အရွယ် မျက်နှာလေးကို ထိကြည့်လိုက်သည်။
ထို့နောက် ညင်သာသည့်သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည်။
"တကယ်လို့ ဒါသာ ၁၀နှစ်လောက်စောခဲ့ရင်..."
သူမက ၁၈ နှစ်အရွယ်ဖြစ်နေသော်လည်း တကယ့်အသက်မှာ ၃၀ ရှိနေပြီဖြစ်သည်။
နေ့ဝက်ကြာပြီးနောက်...
ဂျန်ဖန်း ဆေးသုံးမျိုးလုံး သန့်စင်ပြီးစီးသွား၏။
ပြန်လည်ရှင်သန်ဆေး အလုံး ၁၀၀...
စိတ်ဝိညာဥ်ပြန်လည်ဖြည့်တင်းဆေး အလုံး ၁၀၀၀...
ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံး အလုံး ၁၀၀...
ဤအရာတွေက သူ ယွဲ့မင်ကျူးကို အချို့ခွဲပေးပြီးနောက်ကျန်သည့်အရာတွေဖြစ်သည်။
ဆေးသုံးမျိုးနှင့် ယွဲ့မင်ကျူး အလွန်ပျော်ရွင်နေခဲ့သည်။
"ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပဲ..."
"ကျေးဇူးပဲ..."
ဂျန်ဖန်းပြုံးလိုက်သည်။
"နောက်ထပ်စိတ်မဆိုးတော့ဘူးမလား..."
"ဒါဆို မင်း ဒီကြေးပြာယူချင်သေးလား, မယူတော့ဘူးလား..."
သူက ကြေးပြားကို နောက်တစ်ကြိမ်ထုတ်ယူလိုက်သည်။
ယွဲ့မင်ကျူး ပြတ်ပြတ်သားသားဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။
"ဒါပေါ့, ယူရမှာပေါ့..."
"နင်ပေးတဲ့အရာကို ငါဘာလို့ မလိုချင်ရမှာလဲ..."
သူမက အနီရောင်ကြိုးတစ်ခုထုတ်ယူပြီး ကြေးပြားအပေါက်ထဲထည့်ကာ သူမ၏လည်ပင်ဖြူဖြူလေးမှာ ဆွဲလိုက်၏။
ထို့နောက် ပျော်ရွင်စွာပဲ ကြွားဝါလိုက်သည်။
"ကြည့်ကောင်းတယ်မလား..."
ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။
"ကြည့်ကောင်းပါတယ်, လှတဲ့လူတွေက ဘာပဲဝတ်ဝတ်အကုန်ကြည့်ကောင်းတယ်..."
ယွဲ့မင်ကျူး သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"အလိမ်အညာတွေ..."
သို့ပေမယ့် သူမပါးစပ်ကွေးညွှတ်နေတာကို မရပ်တန့်နိုင်ခဲ့ပေ။
သို့ပေမယ့် မကြာခင် သူမအပြုံးတွေ ပျောက်ကွယ်သွားခဲ့သည်။
"သခင်မလေးယွဲ့, ငါတို့ ဒီမှာ လမ်းခွဲရအောင်..."
ဂျန်ဖန်း သက်သာရာရသွားပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"ငါတို့ တစ်နေ့နေ့မှာ ပြန်တွေ့ရဖို့ မျှော်လင့်တယ်..."
သူက ယွဲ့မင်ကျူး ကြင်နာမှုကို ပြန်ပေးပြီးပြီဖြစ်သည်။
စိတ်ဝိညာဥ်ဆေးလုံးတွေလည်း ပြင်ဆင်ပြီးပြီဖြစ်ရာ မြောက်ပိုင်းနယ်မြေကို သွားဖို့ အချိန်ကျပြီဖြစ်သည်။
ရုတ်တရက်ခွဲခွာမှုက ယွဲ့မင်ကျူးကို ဖော်ပြလို့မရသည့် မသက်မသာမှုကို ခံစားရစေ၏။
"ဒီလောက်မြန်မြန်သွားတော့မှာလား...."
ဂျန်ဖန်းပြောလိုက်သည်။
"ငါ့စီနီယာအမကပျောက်နေတယ်, ဘယ်ရောက်နေမှန်းမသိဘူး..."
"ငါသွားရှာရမယ်..."
ယွဲ့မင်ကျူး နားလည်သွားပြီး ခေါင်းညိတ်လိုက်၏။
"ဒါဆို နင်သွားသင့်တယ်..."
"နင့်မှာအချိန်ရှိရင် ငါ့ကိုရှာဖို့ ရမ္မက်ဂိုဏ်းကို လာခဲ့ပေါ့..."
ဂျန်ဖန်း တစ်ခဏတွေဝေသွားပြီး ပြောလိုက်သည်။
"ငါရမ္မက်ဂိုဏ်းမလာနိုင်မှာ ကြောက်မိတယ်...."
"အနာဂတ်မှာ ငါတို့တွေ့ဆုံဖို့က ကံကြမ္မာကိုပဲကြည့်ရမှာပဲ..."
ယွဲ့မင်ကျူး ကြောင်သွား၏။
"ဘာလို့ မလာနိုင်ရတာလဲ...."