← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 30 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 30 Ch. 323-324

အခန်း (၃၂၃)။

“တကယ့်ကို ရက်စက်တာပဲ။”

ဟုန်ရွှန်ကျိသည် အနောက်ဘက်ဒေသမှ ခန့်ညားသော လူငယ်၏ စိတ်ဝိညာဉ်ကို လက်သီး တစ်ချက်ဖြင့် ရိုက်ခွဲလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ လက်ခနဲ လင်းလက်သွားခဲ့ပြီး လမ်းကြားတစ်ခုလုံးတွင် အဆုံးမဲ့သော အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။

လမ်းကြားထဲရှိ ခွေးနှင့် ကြောင်အချို့သည်ပင် ထိုအငွေ့အသက်ကြောင့် ကပ်ဘေးဒုက္ခကြီး ဆိုက်ရောက်တော့မည့်အလား မြေပြင်ပေါ်၌ ဝပ်စင်းသွားကြ၏။

ကန့်အနံ့သင်းပျံ့နေသော အတွေးများစွာသည် လမ်းကြားတစ်ခုလုံး၌ ပြန့်နှံ့နေပြီး ဟုန်ရွှန်ကျိသည် ပြင်းပြင်းထန်ထန် ကျိန်ဆဲသံများကို သဲ့သဲ့ကြားနေရသည်။

၎င်းတို့မှာ ပေါက်ကွဲသွားသော စိတ်ဝိညာဉ်မှ ကျန်ရှိနေသည့် အတွေးစများဖြစ်ပြီး ပြင်းထန် သော အားအင်များဖြင့် ပြန်လည် စုစည်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ဟွန့်။”

ဟုန်ရွှန်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုအသံလှိုင်းနှင့်အတူ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ရှေ့၌ ဖြန့်လိုက်၏။ လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်၊ ပြန်စုလိုက် လုပ်နေပုံမှာ ဓမ္မစက်ဝန်းတစ်ခု လည်ပတ်နေသကဲ့ သို့ပင်။

သူ၏ လက်ချောင်းများ လှုပ်ရှားမှုမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ကြွေကျလာ သော ကြယ်ပျံတစ်စင်းအလား ထင်မှတ်ရပြီး၊ မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

လက်ချောင်းများ လှုပ်ရှားသွားသည့် နေရာတိုင်းတွင် လေထုထဲ၌ အက်ကြောင်းငယ်များ ပင် ပေါ်လာနေသည်။

ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ခု ထွက်ပေါ်လာသည်။ လမ်းကြားတစ်ခုလုံးရှိ လေထုသည် လှိုင်းထန်နေသော ပင်လယ်ရေ ပြင်ကဲ့သို့ တုန်ခါသွားပြီး နံရံများမှပင် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

ထိုလေပြင်း ငြိမ်သက်သွားသည့်အခါ လမ်းကြားတစ်ခုလုံးသည် ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားပြီး အနောက်ဘက်ဒေသ လူငယ်၏ ကန့်အနံ့သင်းပျံ့နေသော အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားလေပြီ။

နွေးထွေးသော နေရောင်ခြည်သည် ကောင်းကင်မှ ဆက်လက် ဆင်းသက်နေဆဲ ဖြစ်၏။ ကျောက်စိမ်းမြို့တော်၏ လမ်းမများပေါ်တွင် လူနှင့် ရထားလုံးများဖြင့် စည်ကားနေပြီး နွေဦး၏ သာယာမှုနှင့် သက်ဝင်လှုပ်ရှားမှုတို့မှာ ပုံမှန်အတိုင်းပင် ရှိနေပေသည်။

ဟုန်ရွှန်ကျိသည် သူ၏ စွမ်းအားများကို ပြန်ရုပ်သိမ်းလိုက်ပြီး လမ်းကြားထဲ၌ အတန်ကြာ မတ်တတ်ရပ်နေခဲ့သည်။

“မြို့စားကြီး။”

ရုတ်တရက် လမ်းကြားပြင်ပတွင် မိန်းမစိုးတစ်ဦး ပေါ်လာ၏။

ထိုမိန်းမစိုးသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်ကျောကို အလွန်အမင်း ကုန်းထားသည်။ သူတစ်ယောက်တည်း ရောက်လာခြင်းဖြစ်ပြီး အသံမှာလည်း အက်ကွဲသံ ပေါက်နေသည်။

“ဟမ်…၊ ဝမ်ထောင်! … မင်းကို ဘယ်သူက နန်းတော်ထဲကနေ ထွက်ခွင့်ပေးလိုက်တာလဲ။ မိန်းမစိုးတွေ နန်းပြင်မထွက်ဖို့ ဥပဒေတွေ ရှိတယ်လေ။ အခုက စာမေးပွဲရာသီ နီးနေပြီဆို တော့ မြို့ထဲမှာ ပညာရှိတွေ ပြည့်နေတာ။ မင်းလို မိန်းမစိုးတစ်ယောက် နန်းပြင်မှာ တွေ့ရင် ကဲ့ရဲ့စရာတွေ ဖြစ်ကုန်မယ်။”

ဟုန်ရွှန်ကျိသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသူမှာ ဧကရာဇ်၏ အနီးကပ် မိန်းမစိုးချုပ်၊ နန်းဆောင်ခြောက်ခု၏ မိန်းမစိုးချုပ်ကြီးနှင့် တော်ဝင်ဘဏ္ဍာတိုက်ကို အုပ်ချုပ်သူ ဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ထောင်သည် ကျောက်စိမ်းမြို့တော်ရှိ နံပါတ်တစ် မိန်းမစိုးကြီးပင် ဖြစ်သည်။

ထို့အပြင် ဤသူသည် မိန်းမစိုးဖန်းနှင့် မိန်းမစိုး ယင်လျန်ဟွာတို့ထက်ပင် သိုင်းပညာ သာလွန်သူ ဖြစ်သည်။

ဤမိန်းမစိုး ဝမ်ထောင်သည် မင်းမျိုးမင်းနွယ် ဝမ်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကိုယ်လုပ်တော်၏ သားဖြစ်သောကြောင့် နှိမ်ချဆက်ဆံခံရကာ နန်းတွင်းထဲသို့ မိန်းမစိုး အဖြစ် ဝင်ရောက်လာသူ ဖြစ်သည်။ သူသည် ဧကရာဇ်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။

ဟုန်ရွှန်ကျိသည် ဤမိန်းမစိုးကို အလွန် မနှစ်မြို့ပေ။

“ဟုတ်ကဲ့ပါ အရှင်။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပါ။ မြို့စား ဘာဖြစ်လို့ ရုတ်တရက် နန်းတော်ထဲကနေ ထွက်လာတာလဲဆိုတာ မေးခိုင်းလိုက်လို့ပါ။” မိန်းမစိုးကြီး ဝမ်ထောင် သည် ဟုန်ရွှန်ကျိကို တစ်ချက်ကြည့်ပြီး ခေါင်းကို အောက်သို့ အသာငုံ့ထားလိုက်သည်။

သူသည် နန်းဆောင်ခြောက်ခု၏ မိန်းမစိုးချုပ်ဖြစ်ပြီး နန်းတွင်းသူ နန်းတွင်းသား သောင်းပေါင်းများစွာကို အုပ်ချုပ်နေရသူ ဖြစ်သော်လည်း ဟုန်ရွှန်ကျိ၏ ရှေ့၌မူ အလွန် သတိထားရပေသည်။

အကြောင်းမှာ တော်ဝင်ချန် အစိုးရအဖွဲ့တွင် ဟုန်ရွှန်ကျိသည် အမတ်ချုပ်ကြီးဖြစ်သလို အရာရှိအားလုံး၏ အကြီးအကဲဖြစ်သည်နှင့်အညီ နန်းတွင်း မိန်းမစိုးများကို ပြစ်တင် မောင်းမဲပိုင်ခွင့် အပြည့်အဝ ရှိပေသည်။ တော်ဝင်ချန်မင်းဆက်သည် နန်းတွင်းမိန်းမစိုးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားသလို ၎င်းတို့ အား မြို့တော်အပြင်ဘက်သို့ ထွက်ခွာခွင့်ကိုလည်း အလွန်မင်း တင်းကျပ်လှသော ဉပဒေများဖြင့် အထူးတားမြစ်ထားလေသည်။

ပို၍အရေးကြီးသည်မှာ ဟုန်ရွှန်ကျိ၏ စွမ်းအားသည် အတိုင်းအဆမရှိ မြင့်မားသော အဆင့် သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“ဒီကိစ္စကို ငါ ကိုယ်တိုင် အရှင်မင်းကြီးဆီ လျှောက်တင်လိုက်မယ်။ မင်း အရင် ပြန်နှင့် တော့။” ဟုန်ရွှန်ကျိက အေးစက်စွာ ပြောလိုက်၏။

“မြို့စားကြီးရဲ့ အမိန့်အတိုင်းပါပဲ။” မိန်းမစိုးကြီး ဝမ်ထောင်သည် အရိုအသေပေးကာ လမ်းကြားထဲမှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။ နန်းတော်ထဲသို့ ရောက်မှသာ မိန်းမစိုးကြီးသည် သူ၏ကိုယ်ကို မတ်မတ်ဆန့်လိုက်ပြီး မျက်နှာတွင် တုန်လှုပ်မှုများ ပေါ်လာတော့သည်။ “လူသားအင်မော်တယ်… လူသားအင်မော်တယ်က တကယ်ကို အစွမ်းထက်တာပဲ။ ခုနက ကောင်းကင်မှာ ဝဲနေတဲ့ အငွေ့အသက်က အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ အမှောင်နတ်ဘုရားဆောင်က အဆင့်မြင့်ဘုန်းကြီး သူတော်စင် တောက်ဖူပဲ ဖြစ်ရမယ်။ သူက မိုးကြိုးကပ်ဘေးကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ဖြတ်ကျော်ထားပြီးသား။ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး၊ သူ့မှော်ပညာက ပိုပြီးတော့ အစွမ်းထက် ဖြစ်ပေမဲ့ လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ။ ငါတောင် ဟုန်ရွှန်ကျိရဲ့ လှုပ်ရှားမှုကို သေချာ မမြင်လိုက်ရဘူး။” “ဒါပေမဲ့ အဲဒီကျောင်းတော်ရဲ့ နည်းစနစ်တွေက နက်နဲတယ်။ စိတ်ဝိညာဉ် ဖျက်ဆီးခံရရင်တောင်, ခန္ဓာကိုယ်ကတော့ သေဆုံးသွားမှာ မဟုတ်ဘူး။ သွေးအနှစ်သာရနဲ့ အသက်စွမ်းအင်ကို ပြောင်းလဲနိုင်တယ်။ ဒါက သူတော်စင် တောက်ဖူရဲ့ ပုံတူကိုယ်ပွား ခန္ဓာကိုယ်ပဲ ဖြစ်လိမ့်မယ်။ အခုဆို သူ့ရဲ့ စွမ်းအားက ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားလောက်ပြီ။ သူတို့ဆီမှာ 'နတ်ဆိုးနတ်ဘုရား ရဲ့ သွေး' တွေ ရှိနေနိုင်တယ်။ ငါသာ အဲဒီသွေးစက်ကို ရခဲ့ရင် လူသားအင်မော်တယ် ဖြစ်ဖို့ မျှော်လင့်ချက် ရှိလာမှာ။” “ဒါပေမဲ့ ငါတစ်ယောက်တည်းနဲ့တော့ သူ့ခန္ဓာကိုယ်အစစ်ကို ရှာဖို့ ခက်မယ်… အင်း… ကြင်ယာတော်ယွမ်ဆီ သွားပြီး အကူအညီတောင်းတာက အကောင်းဆုံးပဲ။ သူမက ပြီးခဲ့တဲ့ရက်က မိဖုရားခေါင်ကြီးနဲ့ တိုက်ခိုက်တုန်းက အနိုင်ရခဲ့ တာဆိုတော့ သူမဆီမှာ နည်းလမ်းရှိမှာပဲ။”

မိန်းမစိုးချုပ်ကြီး ဝမ်ထောင်၏ မျက်လုံးများသည် အကြံစည်များဖြင့် နှစ်ကြိမ်ခန့် အလျင်မြန် လည်သွားပြီးနောက် သူ၏လက်အောက်ခံ မိန်းမစိုးငယ် တစ်ဦးကို လှမ်းပြော လိုက်သည် “မင်း.. ငါ့ရဲ့ဘဏ္ဍာတိုက်ထဲက ကျောက်စိမ်းဖြူနဲ့ ထွင်းထားတဲ့ ချီလင်၊ ဖီးနစ်ရုပ်ထုအတွဲကို သွားယူချေ။ ပြီးတော့ နတ်မွှေးဆီ ပိဿာ ၃၀ နဲ့ ဖန်းရှန်းတာအိုဂိုဏ်း က ငါ့ကို လက်ဆောင်ပေးထားတဲ့ 'ကိုးကြိမ်ဖြစ်တည်ခြင်း ရွှေဆေးလုံး' ငါးလုံးကိုပါ ယူခဲ့။ အဲဒီပစ္စည်းတွေကို ငါ ကြင်ယာတော်ယွမ်ထံ လက်ဆောင်အဖြစ် ဆက်သတာလို့ ပြောလိုက်။ နောက်မှ ငါကိုယ်တိုင် ကြင်ယာတော်ယွမ်ကို သွားရောက် ဂါရဝပြုမယ်။"

“ဟုတ်ကဲ့ပါ”။

မိန်းမစိုးအုပ်စုသည် မြေပြင်ပေါ် ဒူးထောက်နေရာမှ အလျင်မြန် ထွက်သွားကြလေသည်။

နန်းတော်အတွင်း၌ နန်းဆောင်ခြောက်ခု၏ ဤမိန်းမစိုးချုပ်ကြီးသည် အလွန်ဩဇာ ကြီးမားလှပေသည်။

“တောက်…၊ လူသားအင်မော်တယ်၊ ဟုန်ရွှန်ကျိက လူသားအင်မော်တယ် ဖြစ်နေပြီပဲ။ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်တစ်ဝက်ကို သူ ဖျက်ဆီးပစ်လိုက်တယ်။ အမှောင်နတ်ဘုရား ကျင့်စဉ် အဆင့် ၈ ရောက်ဖို့ ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ ငါ့စိတ်ဝိညာဉ် အတွေးတွေဟာ ငရဲပြည်က အမှောင်နတ်ဘုရားရဲ့ ပူပြင်းတဲ့ ကန့်ဓာတ် အငွေ့အသက်တွေ အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေပြီ။ ငါ မဟာပြီးပြည့်စုံခြင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အခုတော့, ဟုန်ရွှန်ကျိက ဖျက်ဆီးပစ်လိုက်ပြီ။”

ထိုအချိန်တွင် ကျောက်စိမ်းမြို့တော်၏ အနောက်ဘက် မိုင် ၄၀၀၊ ၅၀၀ ခန့်အကွာရှိ ရုန်ပြည်နယ်၏ စံအိမ်တစ်ခုတွင် အနှစ်သာရ နတ်ဘုရားကျောင်း၏ အဆင့်မြင့်ဘုန်းကြီး သူတော်စင် တောက်ဖူသည် အနောက်ဘက်ဒေသ ကုန်သည်တစ်ဦးအသွင် ဆင်ယင်လျက် ဒေါသတကြီး ရေရွတ်နေ၏။

ကျောက်စိမ်းမြို့တော်၏ တောင်ဘက်တွင် ကျုံးပြည်နယ်တည်ရှိပြီး၊ မြောက်ဘက်တွင်မူ နှင်းပြည်နယ် တည်ရှိလေသည်။ အရှေ့ဘက်တွင် ယန်ပြည်နယ် ရှိပြီး၊ ယန်ပြည်နယ်၏ အလွန်တွင်မူ ချင်ပြည်နယ် ရှိသည်။ အနောက်ဘက်တွင် ရုန်ပြည်နယ် ရှိကာ၊ ရုန်ပြည်နယ် ၏ အလွန်တွင်မူ ရှန်ပြည်နယ် တည်ရှိပြီး၊ ထိုရှန်ပြည်နယ်၏ အလွန်တွင်မူ ချီပြည်နယ် တည်ရှိလေသည်။

ချီပြည်နယ်၏ အလွန် မိုင်ပေါင်းထောင်ချီဝေးသော နေရာတွင်မူ အတော်အတန် ခြောက်သွေ့ပြီး ဖုန်းဆိုးဆန်လှသော သဲကန္တာရတိုက်ကြီး တည်ရှိလေသည်။ ထိုကျယ်ပြော လှသော သဲကန္တာရတိုက်ကြီးကို မိုင်ပေါင်းထောင်ချီ ဖြတ်သန်းပြီးနောက် ယင်း၏ အစွန်အဖျားသို့ ရောက်လျှင်မူ ဟွာလျိုနိုင်ငံ၏ ကျူးကျော်မှုကို ခုခံရန် တပ်စွဲထားသော တော်ဝင်ချန် စစ်စခန်းများကို တွေ့မြင်နိုင်ပေသည်။

မိုင်ပေါင်းသောင်းချီ ရှည်လျားသော ဤလမ်းကြောင်းသည် ပိုးထည်၊ ကြွေထည်၊ လက်ဖက် နှင့် သံထည်ပစ္စည်းများ ကုန်သွယ်ရာ လမ်းမကြီးလည်း ဖြစ်သည်။

တော်ဝင်ချန်နိုင်ငံသည် အနောက်ဘက်ဒေသများသို့ ပိုးထည်၊ ကြွေထည်၊ လက်ဖက်နှင့် သံထည်များကို အမြောက်အမြား တင်ပို့ရောင်းချပြီး၊ အနောက်ဘက်ဒေသမှ ကုန်သည်များ ကမူ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ နံ့သာမျိုး၊ သားရေ၊ မြင်းများ၊ ရှားပါးဆေးဖက်ဝင် အပင်များနှင့် ကျွန်မိန်းကလေးများကိုပင် တော်ဝင်ချန်နိုင်ငံသို့ ပြန်လည်တင်သွင်း ရောင်းချကြသည်။

တော်ဝင်ချန်နိုင်ငံ အရာရှိများနှင့် မှူးမတ်အနွယ်ဝင် အများအပြားမှာ ချမ်းသာကြွယ်ဝမှုကို ပြသသည့်အနေဖြင့် ဆံပင်ညို၊ ဆံပင်ရွှေရောင်နှင့် မျက်လုံးပြာသည့် အနောက်တိုင်း အမျိုးသမီးများကို အစေခံအဖြစ် ထားရှိကြလေသည်။

အနောက်ဘက်ဒေသမှ လာသော ချာရိုမြင်းများသည်လည်း အရာရှိများနှင့် မှူးမတ်များ အထူးနှစ်သက်ကြသည့် ကျော်ကြားသော မျိုးကောင်းမြင်းများ ဖြစ်ကြပြီး၊ ရွှေဒင်္ဂါး တစ်ထောင်တန်ကြေးရှိကာ ရရှိရန်လည်း အလွန်ခဲယဉ်းလှပေသည်။

ထို့ကြောင့် မိုင်သောင်းချီ ရှည်လျားသော ဤလမ်းမကြီးတစ်လျှောက်ရှိ ပြည်နယ်နှင့် ခရိုင် အသီးသီးတွင် အိမ်တော်ကြီးများ ဝယ်ယူထားသော အနောက်တိုင်းကုန်သည် အများ အပြား ရှိနေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ချန်ပီယံမြို့စားသည် အရှေ့ဘက် မြက်ခင်းပြင်များကို ဖြတ်ကျော်ကာ အနောက်ဘက်ဒေသများသို့ စစ်ကြောင်းဖြန့်ခဲ့ပြီး နောက်ပိုင်းတွင် ကုန်သည်ယာဉ်တန်းများ စီးဆင်းမှုမှာ သိသိသာသာ ပိုမိုများပြားလာခဲ့ လေသည်။

ထိုအချိန်တွင် အနှစ်သာရ နတ်ဘုရားကျောင်းတော်၏ ' အမှောင်နတ်ဘုရားအဆောင် ' မှ အဆင့်မြင့်ဘုန်းကြီး သူတော်စင် တောက်ဖူသည် ရုန်ပြည်နယ်ရှိ အနောက်တိုင်း ကုန်သည် တစ်ဦး၏ အိမ်တော်ကြီးအတွင်း၌ ရှိနေလေသည်။

ဤအနောက်တိုင်းကုန်သည် အိမ်တော်ကြီးသည် ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေး အဖွဲ့၏ အကာအကွယ်ကို ရယူထားပြီး၊ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ထံသို့ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော စပါး၊ သားရေ၊ ရွှေနှင့် ငွေများကို အကာအကွယ်ပေးခ အဖြစ် ဆက်သနေရခြင်း ဖြစ်သည်။

ထို့ကြောင့် ဌာနေ အစိုးရအရာရှိများပင်လျှင် ထိုနေရာကို ဝင်ရောက်စစ်ဆေးရန် ခဲယဉ်းလှ ပေသည်။ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့သည် ချန်ပီယံမြို့စား၏ ပိုင်ဆိုင်မှု ဖြစ်ပေရာ မည်သူကရော အတင့်ရဲပြီး လာရောက်စုံစမ်းရဲပါမည်နည်း။

သူတော်စင် တောက်ဖူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ဆန်းကြယ်ကောင်းကင် ကုန်သွယ် ရေးအဖွဲ့ အကာအကွယ်ပေးထားသော အနောက်တိုင်းကုန်သည် အုပ်စုအောက်တွင် စည်းစိမ်ခံစားလျက် ပုန်းကွယ်နေခြင်း ဖြစ်ပြီး၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုမူ ခန္ဓာကိုယ်မှ ခွဲထုတ်ကာ၊ ရွှေပင့်ကူဘုရင်နောက်သို့ လိုက်လံဖမ်းဆီးခိုင်းထားခြင်း ဖြစ်လေ သည်။

အမွှေးတိုင်အိုးအတွင်းမှ အမွှေးနံ့သာများ လောင်ကျွမ်းနေလေသည်။ သူတော်စင် တောက်ဖူသည် ဖြူစင်သန့်ရှင်းသော အယ်လ်ပါကာ သိုးမွှေးကော်ဇောပေါ်တွင် ထိုင်နေ ၏။ သူသည် အနှစ်သာရ နတ်ဘုရားကျောင်းတော်၏ အဆင့်မြင့်ဘုန်းကြီးလေးပါးအနက် တစ်ပါးဖြစ်ပြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်က 'ရုပ်ခန္ဓာကို စွန့်ခွာကာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး အလွန်ကောင်းမွန်သော သန္ဓေသားတစ်ခုကို ရွေးချယ်၍ လူပြန်ဝင်စားခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ လက်ရှိရုပ်သွင်မှာ ထူးခြားစွာ ချောမောခန့်ညားနေခြင်း ဖြစ်လေသည်။

သူ့ရှေ့တွင်မူ သလင်းကျောက်တုံး သုံးတုံးရှိနေပြီး၊ ထိုသလင်းကျောက်တုံးများအတွင်း၌ တောက်ပ၍ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစက်များကို ပိတ်လှောင် သိမ်းဆည်းထားသည်။

အကယ်၍ ဟုန်ယွိသာ ဤနေရာ၌ ရှိနေပါက ဤသွေးစက်များသည် ကောင်းကင် အနှစ်သာရ ပြီးလျှင် ဒုတိယမြောက် အစွမ်းထက်ဆုံး ဆေးဖြစ်ကြောင်း သိပေလိမ့်မည်။

ဤနတ်ဆိုးနတ်ဘုရားသွေးစက်ကို အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ပြီးလျှင် ဒုတိယအာဏာအရှိဆုံးဖြစ်သော အဆင့်မြင့်ဘုန်းကြီးများသာ ပိုင်ဆိုင်နိုင်ကြပေသည်။

နတ်ဆိုးဘုရားရဲ့သွေး သုံးစက်၏ အလယ်တွင် အလွန်ထူးဆန်းသော ကြေးစာအုပ်တစ်အုပ် ရှိနေသည်။

ဤစာအုပ်သည် စာမျက်နှာ အနည်းငယ်သာ ရှိသော်လည်း စာမျက်နှာတိုင်းကို ရွှေနှင့် သံတို့ဖြင့် သွန်းလုပ်ထားသကဲ့သို့ အလွန်တရာ ထူထဲလှပေသည်။ မြင်ရသူအား "သံမဏိ ဖြင့် ပြုလုပ်ထားသော ဆေးကျမ်းကဲ့သို့ ခိုင်မာလေးနက်သော ခံစားချက်ကို ပေးစွမ်းနေ သည်။ ဤသည်မှာ အလွန်ပင် ရှေးကျလှသော စာအုပ်တစ်အုပ် ဖြစ်ပေသည်။

စာအုပ်၏ မျက်နှာဖုံးတွင်မူ ဟင်းလင်းပြင်ထဲ၌ မတ်တပ်ရပ်နေပြီး ဝတ်ရုံနက်ကို ဆင်မြန်း ထားသည့် သက်ရှိထင်ရှားသဏ္ဌာန် ပုံရိပ်တစ်ခုကို ရေးဆွဲထားပြီး ထိုသူ၏ အောက်ခြေ တွင်မူ အဆုံးမဲ့သော မီးတောက်များနှင့် ချော်ရည်ပူများ ရှိနေလေသည်။

မီးတောက်များနှင့် ချော်ရည်များကြားတွင်မူ မရေမတွက်နိုင်သော ဝိညာဉ်ပေါင်းများစွာ သည် ဝေဒနာများကို လူးလှိမ့်ခံစားနေရသည့်ပုံရိပ်များကို မှေးမှိန်စွာ မြင်တွေ့နိုင်လေ သည်။ ဤသက်ရှိထင်ရှားသဏ္ဌာန် မြင်ကွင်းကို ကြည့်ရုံမျှဖြင့် မည်သူမဆို ငရဲပြည်မှ လာသော ကန့်ဓာတ်နံ့၊ မီးတောက်များ၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် ထိတ်လန့်ဖွယ်ရာ ဝေဒနာ ခံစားမှု အရှိန်အဝါများကို ခံစားမိကြပေလိမ့်မည်။

ဤအရှိန်အဝါအားလုံးကို စကားလုံးနှစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်ပေသည်။

၎င်းမှာ "သေခြင်းတရား"ပင် ဖြစ်လေသည်။

“ကံကောင်းလို့၊ ငါ ဒီအမှောင်နတ်ဘုရား ဝိညာဉ်သန့်စင်ခြင်းမှတ်တမ်း ယူလာမိတာ။ ငါ့လက်ထဲက ဒီမှတ်တမ်းမိတ္တူရယ်၊ အခြားသုံးဆောင်က ကျမ်းစာတွေရယ်၊ ယဇ်ပုရော ဟိတ်ဘုန်းတော်ကြီးလက်ထဲက မူရင်းကျမ်းစာရယ် အားလုံးပေါင်းလိုက်ရင် ငါတို့ကျောင်း ရဲ့ အမြင့်ဆုံးလျှို့ဝှက်ကျမ်းဖြစ်တဲ့ အနှစ်သာရသွေးနဲ့ အသက်စွမ်းအင်စုစည်းမူကျမ်း ဖြစ်လာလိမ့်မယ်။ မဟုတ်ရင် ငါ့ရဲ့ အဖိုးတန် နတ်ဆိုးနတ်ဘုရား သွေးတစ်စက်ကို အလကားသက်သက် ဖြုန်းတီးပစ်ရတော့မယ်။ ငါတို့အဆင့်မြင့်ဘုန်းကြီး တစ်ပါးစီမှာ တောင် ဒီသွေး ငါးစက်ပဲ ပိုင်ဆိုင်ခွင့်ရှိတာ။ ယဇ်ပုရောဟိတ်ဘုန်းတော်ကြီးကတော့ ၂၄ အထိ ထိန်းချုပ်ထားတယ်။ အခု ငါ့မှာ သုံးစက်ပဲ ကျန်တော့တယ်။ ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူး။”

သူတော်စင် တောက်ဖူသည် စာအုပ်ကို ညွှန်ပြလိုက်ရာ စာအုပ်ထဲမှ အမှောင်နတ်ဘုရား ပုံရိပ်သည် အသက်ဝင်လာပြီး သူ၏ အားနည်းနေသော ဝိညာဉ်အတွေးများကို ပြန်လည် အားဖြည့်ပေးလေသည်။

ဝှစ်….။

ရှေးဟောင်းကျမ်းစာပေါ်ရှိ 'အမှောင်နတ်ဘုရား'ပုံရိပ်မှာ သက်ရှိထင်ရှားသဏ္ဌာန် ဖြစ်လာ လေသည်။ ငရဲပြည်မှလာသော ပြင်းထန်လှသည့် ကန့်အနံ့များ၊ မီးတောက်များနှင့် သေခြင်းတရား အရှိန်အဝါများသည် ကျမ်းစာအတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ တော့သည်။

သူတော်စင် တောက်ဖူ၏ ခန္ဓာကိုယ်အတွင်းမှ အားနည်းလှသော စိတ်ဝိညာဉ် အတွေးစ အချို့ ထွက်ပေါ်လာသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ဟုန်ရွှန်ကျိကြောင့် အပြင်းအထန် ဒဏ်ရာရထားခဲ့သဖြင့် အခုမူ ရွှေပင့်ကူထက်ပင် အဆပေါင်းများစွာ အားနည်းနေပြီး သာမန် တစ္ဆေအင်မော်တယ်တစ်ဦးနှင့်ပင် မယှဉ်နိုင်လောက်အောင် ဖြစ်နေလေသည်။

သို့သော် ထိုစိတ်ဝိညာဉ် အတွေးစများသည် 'အမှောင်နတ်ဘုရား' ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အတွေးစတိုင်းမှာ ချက်ချင်းပင် ပြန်လည် သန်မာလာတော့သည်။

ထိုအတွေးစများသည် ယခင်ကကဲ့သို့ အစွမ်းအထက်ဆုံး အခြေအနေသို့ မရောက်သေး သော်လည်း ယခုမူ ယခင်စွမ်းအား၏ တစ်ဝက်ခန့်အထိ မမျှော်လင့်ဘဲ ပြန်လည် ကုစားနိုင်ခဲ့ပြီ ဖြစ်သည်။

ကျောက်စိမ်းမြို့တော်၊

အရှေ့ဆောင်နန်းတော်အတွင်း….၊

အိမ်ရှေ့စံမင်းသားသည် ခမ်းနားထည်ဝါသော ခန်းမဆောင်အတွင်း ထိုင်နေပြီး မျက်မှောင် ကို အနည်းငယ် ကြုတ်ထားလေသည်။ သူ၏အောက်ခြေတွင်မူ မိန်းမစိုးကြီး ယင်လျန်ဟွာ ရှိနေ၏။

“အိမ်ရှေ့စံမင်းသား၊ ခုနက ဘယ်သူလဲ။ ဘယ်သူက ဒီလောက် အတင့်ရဲတာလဲ။ ဒီလူက ကျောက်စိမ်းမြို့တော်အပေါ်မှာ တစ်နာရီလုံးလုံး ရစ်ဝဲနေရဲတယ်။ ယင်လျန်ဟွာက ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလူက တကယ်ကို အစွမ်းထက်တယ်။ သူ့ရဲ့ စိတ်ဝိညာဉ် အတွေးတွေထဲမှာ ပူပြင်းတဲ့ အငွေ့အသက်တွေ ပါနေတာကြည့်ရင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ အဆင့်မြင့် အင်မော်တယ်သခင် တစ်ယောက် ဖြစ်ရမယ်။ ဟိုတစ်နေ့က မင်းသားယုရဲ့ အိမ်တော်မှာ ပေါ်လာခဲ့တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ပညာရှင်များလား။”

“မဟုတ်ဘူး... မင်းသားယုအိမ်တော်က ပညာရှင်ဟာ ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို နာရီဝက်ကြာအောင် စိတ်ဝိညာဉ်နဲ့ လှည့်ပတ်ကြည့်ရဲတဲ့ သတ္တိမျိုး မရှိဘူး။ ဒီကျင့်စဉ်ကို ကျင့်ထားတဲ့သူက အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ‘အမှောင်နတ်ဘုရားဆောင်’ က ဖြစ်ရ မယ်။ သူတို့ရဲ့ အတွေးတွေထဲမှာ ငရဲပြည်က ကန့်ဓာတ်အနံ့၊ မီးတောက်နဲ့ သေခြင်းတရား အရှိန်အဝါတွေ ပါနေတယ်။ ဒါက အနှစ်သာရနတ်ဘုရားကျောင်းက အဆင့်မြင့်ဘုန်းကြီး သူတော်စင် တောက်ဖူ ဖြစ်ရမယ်။” အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ ဦးခေါင်းနောက်တွင် အလင်းရောင်ခြည်စက်ဝန်း ကိုးခုက တဖျတ်ဖျတ် လင်းလက်နေလေ၏။

“ဟုန်ရွှန်ကျိ ခုနလေးတင် နန်းတော်က ထွက်သွားတယ်။ ယင်လျန်ဟွာက ဆိုသည်။

“အို... ဒါဆိုရင်တော့ ဒီအဆင့်မြင့်ဘုန်းကြီးရဲ့ နတ်ဘုရား စိတ်ဝိညာဉ်တော့ ချေမှုန်းခံလိုက် ရပြီပေါ့။ ဒါပေမဲ့ အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ တာအိုမှော်အတတ်တွေက နက်နဲလွန်း တော့ အဲဒီအဆင့်မြင့်ဘုန်းကြီးက သေမှာတော့ မဟုတ်သေးဘူး။ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကလည်း ကျောက်စိမ်းမြို့ပြင်က တစ်နေရာရာမှာ ရှိနေမှာ သေချာတယ်။ ချက်ချင်း သွားစုံစမ်းချေ။ မမှောင်ခင် အားလုံးကို ရှင်းရှင်းလင်းလင်း သိရမယ်၊ သံသယ ဖြစ်စရာ နေရာတွေ့ရင် ငါ့ကို ချက်ချင်းအစီရင်ခံ။ ဒီတောက်ဖူဆီမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်။ သူ အားနည်းနေတုန်း ငါကိုယ်တိုင် သူ့အသက်ကို နှုတ်ယူပစ်မယ်။”

တစ်ချိန်တည်းမှာပင်, ကျောက်စိမ်းမြို့ပြင်ရှိ စာသင်ကျောင်းတစ်ခု၏ စာကြည့်တိုက် အတွင်း၌... မျက်ခုံး၊ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဖိုးအိုတစ်ဦးသည် အသက်ကြီးသော်လည်း အားအင်အပြည့် ရှိနေလေသည်။ သူသည် ပညာရှင်တို့ ကိုင်ဆောင်သော ရတနာဓားကို ကိုင်ကာ ကစားနေ၏။ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးနေသော်လည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိပြီး အဆက်မပြတ်ဘဲ ဓားဖျားတွင် မမြင်နိုင်သော စွမ်းအင်လုံးတစ်ခု ချိတ်ဆွဲထားသကဲ့သို့ ရှိနေသည်။

ဤသူသည် စာပေလောက၏ မဟာပညာရှင် ရှီဝမ်ယွမ်ပင် ဖြစ်လေသည်။ ဤမဟာ ပညာရှင်သည် စာပေပညာရပ်များကို လိုက်စားနေသော်လည်း ခန္ဓာကိုယ်သန်စွမ်းစေရန် ကျင့်ကြံရသည့် ပညာရှင်တို့၏ သိုင်းပညာလမ်းစဉ်ကို စွန့်လွှတ်ခဲ့ခြင်းမရှိဘဲ သူ၏ သိုင်းပညာ အဆင့်အတန်းမှာလည်း အလွန်မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဟင်း... အနောက်ဘက်ဒေသက ပါရမီရှင်တွေ လာပြီး ပြဿနာရှာနေကြတာပဲ။ ဒီမှာရှိတဲ့ မိသားစု အသီးသီးက အကြီးအကဲတွေကို သွားဖိတ်လိုက်ပါ။ ငါတို့ရဲ့ တပည့်တွေ အတွေ့ အကြုံရအောင် စီစဉ်ကြတာပေါ့။”

“ဟုတ်ကဲ့ပါ။” ဘေးနားရှိ ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက အရိုအသေပေးကာ ဖြေကြား လိုက်သည်။

“အမှန်တရားတာအိုဂိုဏ်းရဲ့ တာအိုကျောင်းဆောင်က ကြီးကြပ်ရေးမှူးချုပ်နဲ့ ဒု-ကြီးကြပ် ရေးမှူးတွေကို စုခိုင်းလိုက်။”

ကျောက်စိမ်းမြို့တော်၏ အခြားတစ်နေရာတွင် အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့က တာအိုကျောင်းဆောင်၏ ကြီးကြပ်ရေးမှူးချုပ် အကြီးအကဲ ကျန်းဘိုဟန်ကို ပြောလိုက်ခြင်း ဖြစ်သည်။

“အဲဒါ ဘယ်သူလဲ။ ဘာလို့ ဒီလောက် အတင့်ရဲရတာလဲ။ ကျောက်စိမ်းမြို့တော်ရဲ့ အထက် မှာ အတွေးတွေကို နာရီဝက်ကြာတောင် ပျံဝဲခိုင်းထားတယ်ဆိုတော့ ဒီလူ သေချင်လို့လား။ ငါဆိုရင် အမြဲတမ်း သတိထားနေရတယ်။ ငါ့အတွေးတွေကို မြေအောက်ကနေပဲ လွှတ်တယ်၊ ပြီးရင် ချက်ချင်း ပြန်ရုပ်သိမ်းတယ်။ ဘယ်တော့မှ နာရီဝက်ကြာအောင် မထားဘူး။ ကြင်ယာတော်ယွမ်လည်း ဒါကို ခံစားမိမှာပဲ။ ငါ တိတ်တဆိတ် နန်းတော်ထဲ ဝင်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားမေးဦးမယ်။ ဟုန်ရွှန်ကျိလည်း ဒါကို သတိထားမိမှာပဲ။” ထိုအချိန်တွင် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည်လည်း အစိမ်းရောင်မိုးမခ အိမ်တော်တွင် ရှိနေပြီး ကောင်းကင်ယံကို ကြည့်နေကြလေသည်။

အခန်း (၃၂၄)။

“ဒီလူက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ တာအိုပညာကို ကျင့်ကြံထားတာပဲ။ သူ့ရဲ့ အတွေးတွေထဲမှာ ငရဲပြည်ရဲ့ သေခြင်းတရား အငွေ့အသက်တွေ ပါနေတယ်။ သူက မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ။ အနှစ်သာရ နတ်ဘုရား ကျောင်းမှာ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့သူ ငါးယောက်ပဲ ရှိတာ။ ပထမ တစ်ယောက်က ယဇ်ပုရောဟိတ်ဘုန်းတော်ကြီး၊ ကျန်တဲ့ လေးယောက်ကတော့ နန်းဆောင်လေးခုရဲ့ အဆင့်မြင့်ဘုန်းကြီးတွေပဲ။ သူတို့အားလုံးဟာ နတ်ဆိုးနတ်ဘုရား သွေးစက်ကို ပိုင်ဆိုင်ထားတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။”

ချန်ယင်းရှာသည် ကောင်းကင်ယံမှ သူမ၏ အကြည့်ကို လွှဲလိုက်သည်။ သူမနှင့် ဟုန်ယွိတို့သည် ကောင်းကင်ယံတွင် အချိန်အတော်ကြာ ရစ်ဝဲနေသော ထိုပူပြင်းသည့် အတွေးများကို တိုက်ခိုက်ရန် သူတို့၏ အတွေးများကို ထုတ်မလွှတ်ခဲ့ကြပေ။

အကြောင်းမှာ ဤအချိန်၌ ကျောက်စိမ်းမြို့တော်တွင် ကျွမ်းကျင်သူများစွာ ရှိနေပြီး အင်အားစုများစွာသည်လည်း တိတ်တဆိတ် ရောက်ရှိနေကြသောကြောင့် ဖြစ်သည်။ သူတို့အနေဖြင့် ဤမျှ မောက်မာစွာ ပြုမူပြီး မိမိကိုယ်မိမိ ထုတ်ဖော်ပြရန် အကြောင်း မရှိပေ။

ဤကဲ့သို့ အတွေးများကို အပြင်သို့ ထုတ်လွှတ်ခြင်းသည် နေ့ခင်းကြောင်တောင်တွင် အဝတ်အစားမပါဘဲ ပတ်ပြေးနေသကဲ့သို့ ဖြစ်ပြီး၊ အခြားသူများအား မိမိအကြောင်းကို အကုန်အစင် သိအောင် ပြသနေသကဲ့သို့ ဖြစ်သည်။ ထိုသို့ပြုမူသူသည် အလွန်အမင်း မိုက်မဲသူ (သို့မဟုတ်) အလွန်အမင်း မောက်မာရမ်းကားသူသာ ဖြစ်ပေလိမ့်မည်။

“အနှစ်သာရ နတ်ဘုရားကျောင်းက လူလား။ နောက်ထပ် အဆင့်မြင့်ဘုန်းကြီး တစ်ပါးပေါ့ လေ။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည် “ငါ ခုနတင် စစ်ဘက်ရေးရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဖတ်ခဲ့တယ်။ အနောက်ဘက်ဒေသက ဟွာလျိုဧကရာဇ်ဟာ စစ်တပ်တွေ ကို စုစည်းနေပြီ။ အနောက်ဘက်ဒေသက နိုင်ငံပေါင်း ရာနဲ့ချီဟာ အနှစ်သာရ နတ်ဘုရား ကျောင်းက ငါတို့ တော်ဝင်ချန်ကို ‘ဓမ္မစစ်ပွဲ’ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းကို ရထားကြ တယ်။ သူတို့က အနောက်ဘက် နယ်စပ်တစ်လျှောက် တိုက်ခိုက်ဖို့ စစ်တပ်တွေနဲ့ ရိက္ခာ တွေ ပို့ထားကြပြီ။ အခုဆို နတ်ဘုရားဘုရင်လည်း အကြီးအကျယ် ဖိအားပေးခံနေရတယ်။ တကယ်လို့ အနောက်ဘက် ခံစစ်မျဉ်းသာ ကျိုးပျက်သွားခဲ့ရင် အနောက်ဘက်ဒေသက ကြမ်းတမ်းတဲ့ လူရိုင်းတွေဟာ အတွင်းထဲထိ ဝင်လာပြီး သတ်ဖြတ်လုယက်ကြတော့မှာ။ ဒါက တော်ဝင်ချန်ရဲ့ တစ်ဝက်လောက်ကို ချက်ချင်း ပျက်စီးသွားစေနိုင်တဲ့ အရေးကြီးတဲ့ ကိစ္စပဲ။”

“ငါ တစ္ဆေအင်မော်တယ်အဖြစ် ကျင့်ကြံပြီးတုန်းက စိတ်ဝိညာဉ်နဲ့ အနောက်ဘက်ဒေသကို ရောက်ခဲ့ဖူးတယ်။ အဲဒီကလူတွေဟာ ကြံ့ခိုင်သန်မာပြီး ကြမ်းတမ်းကြတယ်။ ပြီးတော့ အနှစ်သာရ နတ်ဘုရားကျောင်းက ‘မူလဝိညာဉ်နတ်ဘုရား’ ကိုပဲ ယုံကြည်ကြတာ။ သူတို့ က သူတို့နဲ့မတူတဲ့သူတွေကို မိစ္ဆာတွေအဖြစ် သတ်မှတ်ပြီး သတ်ပစ်ဖို့ ဒါမှမဟုတ် မီးရှို့သတ်ဖို့ပဲ ကြံစည်နေကြတာ။ တကယ့်ကို လူရိုင်းတွေပဲ။ တကယ်လို့, သူတို့သာ နယ်စပ်ကို ဖောက်ထွက်နိုင်ရင် တကယ်ကို ဒုက္ခရောက်ကုန်လိမ့်မယ်။ တစ်ခါက အနောက်ဘက်ဒေသက သင်္ဘောတစ်စင်းဟာ ကျွန်တွေကို ရောင်းဖို့ အနောက်ဘက် ပင်လယ်ကနေ တောင်ပိုင်းပင်လယ်ကို သွားရင်း ငါတို့ ယွန်နိုင်ငံကို ဖြတ်တဲ့အခါမှာလည်း သတ်ဖြတ်လုယက်ခဲ့ဖူးသေးတယ်။”

ချန်ယင်းရှာသည် ခေတ္တစဉ်းစားပြီးနောက် သူမ အနောက်ဘက်ဒေသတွင် မြင်တွေ့ခဲ့ရ သည့် ဒေသန္တရလူများ၏ ဓလေ့စရိုက်များကို ပြောပြလိုက်သည်။

ဟုန်ယွိက တိတ်ဆိတ်စွာ နားထောင်နေ၏။ သူ၏ မျက်ဝန်းများသည် အညစ်အကြေး ကင်းစင်စွာ တောက်ပနေသည် “ငါ ဟုန်ရွှန်ကျိနဲ့ ရန်ငြိုးတွေကို အပြတ်ရှင်းပြီးသွားရင် တော့ စိတ်အေးလက်အေးနဲ့ ကမ္ဘာကြီး ဘယ်လောက်ကျယ်လဲဆိုတာ လှည့်လည်ကြည့်ရှု ချင်ပါသေးတယ်။”

“အခုတော့, နင် အဝေးကို ထွက်သွားဖို့ ခက်ဦးမယ် ထင်တာပဲ။” ချန်ယင်းရှာသည် စာကြည့်ခန်းသို့ ပြန်လာကာ ကုလားထိုင်တွင် ထိုင်လိုက်သည်။ သူမသည် စာအုပ်တစ်အုပ် ကို ကောက်ကိုင်ပြီး စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများ မှာ တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ပြောသည် “ငါ မှတ်မိသလောက်ဆိုရင်, ခုနက အတွေးဟာ အနှစ်သာရ နတ်ဘုရားကျောင်း၊ အမှောင် နတ်ဘုရားဆောင်က သူတော်စင် တောက်ဖူရဲ့ အတွေးပဲ။ ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က တစ်ခါ ခန္ဓာကိုယ် ပျက်စီးခဲ့ဖူးတယ်။ သူက ဇိမ်ခံရတာကို အင်မတန် နှစ်သက်တာ။ ဒီတစ်ခါ တော်ဝင်ချန်ကို လာတာဆိုတော့ သူ့ကို ပြုစုမယ့်သူ ရှိမှာ သေချာတယ်။ သူ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က ဘယ်မှာလဲဆိုတာ ဘာလို့ မစုံစမ်းတာလဲ။ ငါတို့ သူ့ကို လျှပ်စီးလို မြန်နှုန်းနဲ့ သွားသတ်ရအောင်။ ပြီးတော့ သူ့ဆီက နတ်ဆိုးနတ်ဘုရားရဲ့ သွေးစက်ကိုလည်း လုယူရတာပေါ့…”

“ဟမ်…၊ သူက ဇိမ်ခံရတာ ဝါသနာပါတာလား။ အဲဒါဆို သူ ဒီကို လာတဲ့အခါ အနောက်ဘက်ဒေသ ကုန်သည်တွေကြားမှာ ပုန်းနေမှာပဲ… အင်း… အနောက်ဘက်ဒေသ ကုန်သည်တွေအားလုံးဟာ ယူလူလက်ရဲ့ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ လက်အောက်မှာ ရှိတာ။ သူတို့ဆီမှာရှိတဲ့ သတင်းအချက်အလက်တွေက မခန့်မှန်းနိုင် အောင် များမှာပဲ။ ငါ အခု ယူလူလက်ကို ဖမ်းထားတာဆိုတော့ သူမဆီကနေ တစ်ခုခု သိနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတော်စင် တောက်ဖူကို သတ်ချင်ရင်တော့ နန်းတော်ထဲသွားပြီး ကြယ်ယာတော်ယွမ်ကို ခေါ်ရမယ်။ သူမရဲ့ 'ရေခဲဝိညာဉ်နတ်ဘုရားစွမ်းရည်' က ငါတို့ကို ကူညီနိုင်လိမ့်မယ်။”

ချန်ယင်းရှာက သူတော်စင် တောက်ဖူ၏ ဝါသနာအချို့ကို ပြောလိုက်သည့်အခါ ဟုန်ယွိ သည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေသည်။

ချန်ယင်းရှာသည် လက်ရာမြောက်လှသော စုတ်တံကို ကောက်ကိုင်ကာ နံ့သာတိုင် ပေါ်တွင် စာရေးရင်း ပေါ့ပေါ့ပါးပါးပင် ပြောသည် “ဟုတ်တယ်၊ နင် နန်းတော်ထဲသွားပြီး ကြင်ယာတော်ယွမ်ကို ရှာလို့ရတယ်။ ငါ သူမနဲ့ မတွေ့တာတောင် အတော်ကြာပြီ။ ငါ နောက်ဆုံးတွေ့တုန်းက သူမရဲ့ ခန္ဓာကိုယ်က အသစ်လဲဖို့တောင် မလိုသေးဘူး။ အခု သူမ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာ ငါ သိချင်မိတယ်။”

“ဒီစာလုံးရဲ့ အဓိပ္ပာယ်က ဒီလိုမျိုးလေ။ နင်က 'အတိတ်ကျမ်း' ရဲ့ အနှစ်သာရကို အတုယူဖို့ ကြိုးစားနေတာလား။”

ချန်ယင်းရှာ၏ လက်ရေးများသည် စက္ကူပေါ်တွင် အထက်အောက် ခုန်ပေါက်နေသည်ကို ဟုန်ယွိ မြင်သောအခါ သူသည် သူမ၏ အနားသို့ တိုးသွားပြီး သူမ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ သူမ၏ ကျောပြင်ကို နောက်မှမှီလျက် သူသည် သူမ၏ စာရေးဟန်ကို ပြုပြင်ပေးလိုက်၏။

ချန်ယင်းရှာသည် အနည်းငယ် နေမထိထိုင်မသာ ဖြစ်လာသည်။ သူမသည် ဟုန်ယွိကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ဟုန်ယွိက သူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ စုတ်တံဖြင့် စက္ကူပေါ်တွင် ရေးဆွဲနေသည်ကို ကြည့်နေတော့သည်။ သူ၏ လက်ရေးနှင့် သူမ၏ လက်ရေးကြားတွင် သိသာသော ကွာခြားချက်တစ်ခု ရှိနေသည်၊ ၎င်းမှာ သူမ၏ လက်ရေးတွင် စိတ်ဝိညာဉ်ပါဝင်မှု ကင်းမဲ့နေခြင်းပင်။

“ဟမ်။ ငါ့လက်ရေးက အသက်မပါဘူး။ ဟုန်ယွိရဲ့ လက်ရေးကတော့ အသက်ဝင်နေသလို ပဲ။ ငါ ခံစားကြည့်လိုက်တော့ အဲဒီစာလုံးတွေက အသက်ရှူနေသလိုတောင် ထင်ရတယ်။ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ဟာ တကယ်ကို 'အတိတ်ကျမ်း' ထံမှ ထူးခြားတဲ့ အနုပညာအယူအဆမျိုး ပိုင်ဆိုင်နေတာပဲ။”

ချန်ယင်းရှာသည် အတွေးတစ်ခုဖြင့် ဟုန်ယွိ စာရေးခြင်းကို ရပ်လိုက်သည်ကို သတိပြု မိသွားသည်။ သူမသည် စာလုံးများ ကူးရေးခြင်း၏ အနုပညာသဘောတရားထဲတွင် ချက်ချင်းပင် နစ်ဝင်သွားတော့သည်။

ဟုန်ယွိ၏ လက်ရေးများသည် သူ မည်သို့မည်ပုံ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒကို နားလည်ခဲ့လဲဆိုသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤစာလုံးများသည် ချန်ယင်းရှာကို ပိုမိုနားလည်လာစေနိုင်သည်။ ထို့အပြင် ဟုန်ယွိ၏ အကာအကွယ်ကြောင့် ချန်ယင်းရှာသည် မိမိကိုယ်မိမိ ကာကွယ်ရန်ပင် စိတ်မရောက်ဘဲ တာအိုနည်းစနစ်များ၏ အနုပညာအယူအဆထဲသို့ အပြည့်အဝ နစ်မြုပ်ထားနိုင်သည်။

“အင်း…”

ချန်ယင်းရှာ စာကူးနေမူထဲ အလွန်အမင်း အာရုံစိုက်နေသည်ကို ဟုန်ယွိ မြင်လိုက်ရသည်။ သူမသည် အဝါနုရောင် ပါးလျသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာပေါ်တွင် အာရုံစူးစိုက်နေသည့် အမူအရာမှာ အနှိုင်းမဲ့ လှပနေပေသည်။ ဟုန်ယွိ၏ စိတ်သည် လှုပ်ရှားလာပြီး မငြိမ်မသက် ဖြစ်လာ၏။

လှပသော အမျိုးသမီးတစ်ဦးကို စာဖတ်စာရေး သင်ပေးရခြင်းမှာ ပညာရှင်တစ်ဦး၏ အိမ်မက်ပင် ဖြစ်သည်၊ အထူးသဖြင့် စိတ်ကူးယဉ်စရာ အငွေ့အသက်များ ပါဝင်နေသည့် ယခုလိုအခါမျိုးတွင် ဖြစ်သည်။ ဟုန်ယွိ၏ နှလုံးခုန်နှုန်း မြန်လာပြီး သူ၏လက်မှာ ချန်ယင်းရှာ၏ အဝတ်အစားများထဲသို့ လျှောဝင်သွားသည်။ နူးညံ့ပြီး မွှေးကြိုင်လှသော အသားအရေကို ထိတွေ့လိုက်ရသည့်အခါ သူ၏ စိတ်သည် ချက်ချင်းပင် လန်းဆန်းသွား တော့သည်။

သူ၏ ငယ်ဘဝ အိမ်မက်များသည် တစ်ခုပြီးတစ်ခု အကောင်အထည် ပေါ်လာနေပြီ ဖြစ်၏။

အနောက်ဘက်ဒေသ၊ သဲကန္တာရပြည်နယ်၏ နယ်စပ်တွင် -

ဧရာမ စစ်ဘက်ဆိုင်ရာ ရိက္ခာတိုက်ကြီးများ၊ အိမ်ခြေများနှင့် ပေပေါင်းများစွာ ထူထဲပြီး လူအယောက် ၃၀ ခန့် မြင့်မားသော ဧရာမ တံတိုင်းကြီးများသည် နယ်စပ်တစ်လျှောက် မြင့်မားစွာ တည်ရှိနေ၏။

စည်ကားလှသော မြို့လေးတစ်မြို့တွင် အဝါရောင်သဲများ၊ ကုလားအုတ်များ၊ ပေါ့ပလာပင် များ၊ ကုန်သည်ပေါင်းစုံ၊ စွန့်စားရှာဖွေသူများနှင့် စစ်သည်များသည် ထူးခြားသော မြင်ကွင်း တစ်ခုအသွင် ဖြစ်ပေါ်နေသည်။

ဤမြို့လေးကို “နတ်ဘုရားတန်းခိုရှင်မြို့တော်”ဟု ခေါ်သည်။ မြို့လေးဟု ခေါ်သော်လည်း အမှန်တကယ်တွင် ပြည်နယ်မြို့တော်ထက်ပင် ပို၍ ကြီးမားလှသည်။ အကြောင်းမှာ တော်ဝင်ချန်၏ နာမည်ကျော် နတ်ဘုရားတန်ခိုးရှင်၊ ယန်တူး၏ စံအိမ်သည် ဤမြို့၌ တည်ရှိသောကြောင့် ဖြစ်သည်။

နတ်ဘုရားတန်ခိုးရှင်၏ စံအိမ်သည် ကျောက်စိမ်းမြို့တော်ရှိ မည်သည့်စံအိမ်ထက်မဆို ပို၍ ကြီးမားလှသည်။ အကြောင်းမှာ ဤနယ်မြေတစ်ခုလုံးသည် နတ်ဘုရားတန်ခိုးရှင်၏ အုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် ဖြစ်သည်။ သဲကန္တာရပြည်နယ်၏ နယ်စပ် တစ်လျှောက်တွင် နတ်ဘုရားတန်းခိုးရှင်သည် တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်၏။ သဲကန္တာရပြည်နယ်၏ ဘုရင်ခံပင်လျှင် နတ်ဘုရားတန်ခိုးရှင်၏ အမိန့်ကို နာခံရပေသည်။

မြင့်မားသော အဆောက်အဦးများစွာ ရှိ၏။ အဝေးမှ ကြည့်လျှင် မျှော်စင်များ၊ စောင့်ကြည့် ရေး စင်မြင့်များ၊ နတ်ကွန်းများ စသည်တို့သည် ကျောက်စိမ်းမြို့တော်၏ နန်းတော်ကို အတုယူ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

၎င်းကို နတ်ဘုရားတန်ခိုးရှင် စံအိမ်ဟု ခေါ်မည့်အစား သဲကန္တာရထဲမှ နန်းတော်တစ်ခုဟု ခေါ်လျှင် ပို၍ သင့်တော်ပေလိမ့်မည်။ ၎င်းသည် ခန့်ညားထည်ဝါလှပြီး ဘုရင်တစ်ပါး၏ ချမ်းသာကြွယ်ဝမှု၊ အာဏာနှင့် ဂုဏ်သရေကို ဖော်ပြနေလေသည်။

“ကျောက်စိမ်းမြို့တော်ရဲ့ သိုင်းပညာ စာမေးပွဲမှာ အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဉီး ထွက်ပေါ်လာတယ်လို့ ငါ ကြားတယ်။ သူ့ရဲ့ သိုင်းပညာက ကြောက်စရာကောင်းလွန်းလို့ လူတိုင်းကို တုန်လှုပ်စေခဲ့တယ်ဆိုတာ ဟုတ်လား။”

နတ်ဘုရားတန်ခိုးရှင်စံအိမ်၏ အလယ်တွင် ခန့်ညားသော အမိုးခုံးရှိသည့် ခန်းမကြီးတစ်ခု ရှိသည်။ ထိုအဆောက်အဦးမှာ အလယ်ပိုင်းလွင်ပြင်၏ လက်ရာနှင့် မတူဘဲ အနောက်ဘက် ဒေသ၏ လက်ရာနှင့် ပို၍ ဆင်တူသည်။

ကြမ်းပြင်ပေါ်တွင် အရောင်စုံ လှပသော ကော်ဇောများကို ခင်းကျင်းထားသည်။ ၎င်းတို့မှာ ရတနာများဖြင့် စီခြယ်ထားပြီး အလွန်တောက်ပြောင်ကာ အမှုန်အမွှားပင် မရှိပေ။ ဤသည်မှာလည်း အနောက်ဘက်ဒေသ၏ စတိုင်ပင် ဖြစ်သည်။

အကြောင်းမှာ နတ်ဘုရားတန်ခိုးရှင်သည် နှစ်စဉ် စစ်ထွက်သည့်အခါ အနောက်ဘက် ဒေသမှ လက်မှုပညာရှင် အမြောက်အမြားကို ကျွန်အဖြစ် ဖမ်းဆီးလာပြီး အိမ်များနှင့် မြို့တံတိုင်းများကို ဆောက်လုပ်ခိုင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤနယ်စပ်ဒေသ တွင် အနောက်ဘက်ဒေသ၏ ယဉ်ကျေးမှုများ လွှမ်းမိုးနေခြင်းမှာ သဘာဝပင်။

ဤအချိန်၌ ခန်းမတစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေသည်။

ထိုတိတ်ဆိတ်မှုထဲတွင် ချိုမြိန်လှသော အသံတစ်သံသာ ထွက်ပေါ်နေ၏။

ဤချိုမြိန်သော အသံမှာ အမျိုးသမီးတစ်ဦးထံမှ လာခြင်းမဟုတ်ဘဲ အမျိုးသားတစ်ဦးထံမှ လာခြင်းဖြစ်သည်။ ထိုအမျိုးသားသည် ရွှေအစစ်ဖြင့် ပြုလုပ်ထားသော သရဖူကို ဆောင်းထားပြီး အဖြူရောင် ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏လက်တွင် စာလိပ်တစ်ခုကို ကိုင်ထား၏။ သူသည် အသက် ၂၀ ကျော် ၃၀ ခန့်သာ ရှိသေးပုံရပြီး ငယ်ရွယ်နုပျိုလှသည်။ သူသည် ခန့်ညားလှသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် နန်းတွင်းမှ ပညာရှိမျိုးနွယ်ဝင် သားကောင်းတစ်ဦးဟု ထင်ရပေလိမ့်မည်။

သို့သော် ဤသူသည် စစ်သည်တော် ရှစ်သိန်းကို ကွပ်ကဲရပြီး နယ်စပ်ကို နှစ်ပေါင်း ၂၀ တိုင်တိုင် စောင့်ရှောက်ခဲ့သော နတ်ဘုရားတန်ခိုးရှင်၊ ယန်တူးပင် ဖြစ်တော့သည်။

ဤအချိန်၌ နတ်ဘုရားတန်းခိုးရှင်၏ ရှေ့တွင် လူတစ်ဦးမှာ ဒူးတစ်ဖက်ထောက်လျက် ရှိနေသည်။

“မှန်လှပါ မင်းသား။ ဒီလူက ဟုန်ရွှန်ကျိရဲ့ တရားမဝင် သားဖြစ်တဲ့ ဟုန်ယွိပါ။ ဒါကတော့ စစ်လက်နက်ဌာနက လက်မှုပညာသည်တွေဆီကနေ ကျနော်တို့ ဝယ်ယူခဲ့တဲ့ 'မဟာကျိ နတ်ဘုရားဆေဘာပါ။ ဟုန်ယွိ သိုင်းပြိုင်ပွဲကွင်းထဲမှာ ဓားဝှေ့ယမ်းတဲ့နေ့က ဒီဆေဘာ ကျိုးသွားခဲ့တာပါ။”

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ထိုသူသည် မတ်တတ်ရပ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဝှစ်… ဝှစ်…၊ အဝေးမှ နောက်ထပ် အနက်ရောင်ဝတ် လူရိပ် ခုနစ်ယောက် ရှစ်ယောက်ခန့် ရောက်ရှိလာပြီး ကျိုးပဲ့နေသော ဆေဘာအပိုင်းစများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ဆေဘာအပိုင်းစများကို ကော်ဇောပေါ်တွင် သေသေချာချာ တင်ထားလိုက်ကြ၏။

“ဟမ်…၊ ဒီမဟာကျိနတ်ဘုရား ဆေဘာဟာ မှော်လက်နက်မဟုတ်ပေမဲ့ စနစ်တကျ သေသေချာချာ သွန်းလုပ်ထားတာပဲ။ အအေးဓာတ်ရှိတဲ့ သံမဏိရိုင်းတွေ၊ အင်မော်တယ် ဒြပ်စင်တွေ၊ တခြားတွင်းထွက်ပစ္စည်းတွေနဲ့ သွန်းလုပ်ထားတာဆိုတော့ အင်မတန် မာကျောပြီး အလေးချိန် ၉၉၉ ကီလိုဂရမ် ရှိတယ်။ ဒီဆေဘာက တိုက်ခိုက်လို့ ကျိုးသွား တာမဟုတ်ဘဲ တုန်ခါမှုကြောင့် ကျိုးသွားရတာ။ ဒါက တကယ့်ကို သိုင်းသူတော်စင်ရဲ့ အထွတ်အထိပ် စွမ်းအားပဲ။ ပြောရရင် 'လူသားအင်မော်တယ်' အဆင့်နဲ့တောင် အင်မတန် နီးကပ်ပ်နေတဲ့ အငွေ့အသက်ကို ငါ ခံစားမိတယ်။ မဖြစ်နိုင်တာ။ ဟုန်ရွှန်ကျိရဲ့ သားက ဘယ်လိုလုပ်ပြီး လူသားအင်မော်တယ် ဖြစ်အောင် ကျင့်ကြံနိုင်မှာလဲ။”

နတ်ဘုရားတန်ခိုးရှင် ယန်တူးသည် ခေါင်းခါလိုက်သည်။ ထို့နောက် သူ၏ လက်အောက်ခံ များကို မမေးတော့ဘဲ သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည် “ဒီကိစ္စကို သေသေချာချာ စုံစမ်းစမ်းပါ။ နောက်နှစ်ရက် သုံးရက်အတွင်းမှာ မြို့တော်ကနေ စာပို့လင်းယုန်တစ်ကောင် ရောက်လာစေရမယ်။ ငါ ဟုန်ယွိနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို လိုချင် တယ်။”

“ဟုတ်ကဲ့ပါ။”

အနက်ရောင်ဝတ် လူရိပ်များသည် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

“မင်းသား၊ ကျောက်စိမ်းမြို့တော်ကနေ စာပို့ဓားတစ်စင်း ရောက်လာပါတယ်။” ထိုလူရိပ် များ ထွက်သွားသည်နှင့် တာအိုဘုန်းတော်ကြီးတစ်ဦး ဝင်လာသည်။

ဤတာအိုဘုန်းတော်ကြီးသည် အင်မော်တယ်တစ်ဦး၏ အသွင်အပြင် ရှိသည်။ သူသည် သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားတွင် မထင်မရှား အရိပ် တစ်ခု ရှိနေသည်။ သူသည် နတ်ဘုရားတန်ခိုးရှင်ကို မြင်သောအခါ အနည်းငယ်သာ အရိုအသေပေး၏။ သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားကြောင်း သိသာလှသည်။

“ချန်ဟွမ်၊ စာပို့ဓားက ဘာပြောထားလဲ။”

“အနှစ်သာရ နတ်ဘုရားကျောင်း၊ အမှောင်နတ်ဘုရားအဆောင်က သူတော်စင် တောက်ဖူ ဟာ အနောက်ဘက်ဒေသ ကုန်သည်တွေကြားမှာ ရောနှောပြီး ကျောက်စိမ်းမြို့တော်ထဲကို ဝင်သွားပြီတဲ့။ သူက တာအိုနည်းလမ်းတွေကို သုံးပြီး ကျောက်စိမ်းမြို့တော်ရဲ့ ကောင်းကင် ယံမှာ ဝဲနေပြီး ငါတို့ကို စိန်ခေါ်ခဲ့သေးတယ်။ နန်းတွင်းက သတင်းတွေအရဆိုရင် ဧကရာဇ် က အလွန်အမင်း မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။” တာအိုဘုန်းတော်ကြီး ချန်ဟွမ်က သတင်းတင်ပြသည်။

“ငါ လမ်းကြောင်းအားလုံးကို ပိတ်ဖို့ အမိန့်ပေးထားပြီး ကျွမ်းကျင်သူ အများကြီးကိုလည်း အနောက်ဘက်ဒေသက ကုန်သည်တွေကို စုံစမ်းဖို့ လွှတ်ထားတာလေ။ သူတော်စင် တောက်ဖူက ဘယ်လိုလုပ်ပြီး ခိုးဝင်သွားတာလဲ။ ဒီလူရဲ့ တာအိုပညာက နက်နဲပြီး သူ့ရဲ့ စိတ်ဝိညာဉ်က တော်ဝင်ချန်ထဲ ဝင်လာတယ်ဆိုရင်တော့ ငါတို့ တားလို့မရဘူးပေါ့။ ဒါပေမဲ့ သူ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်ကတောင် အတွင်းထဲ ရောက်နေတယ်။ ပြီးတော့ ငါတို့ကိုတောင် စိန်ခေါ်ရဲသေးတယ်။ ငါ မမှားဘူးဆိုရင် ဒီလူဟာ ချန်ပီယံမြို့စားရဲ့ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ အကာအကွယ်နဲ့ ဝင်သွားတာ ဖြစ်ရမယ်။ ဟွန့်။ ချန်ပီယံမြို့စားက ကုန်သွယ်မှုကို အရမ်းအရေးပေးပြီး တခြားနိုင်ငံက ကုန်သည်တွေကို ကာကွယ်ပေးလွန်း တယ်။ တစ်ခါတလေဆို ယွန်မင်နိုင်ငံက ကုန်သည်တွေတောင် အခကြေးငွေ ပေးရင် သူ့အကာအကွယ်နဲ့ ဝင်လာလို့ ရနေတာ။ ဒါက တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ။”

နတ်ဘုရားတန်ခိုးရှင်က ဆိုသည်။

“ဟုတ်ကဲ့ပါ။ ကျွန်တော် ကျွန်တော့်တို့ရဲ့ စီနီယာအစ်ကိုကြီး ဝမ်ရှန့်ကို အကြောင်းကြား ထားပြီးပါပြီ၊ သူကိုယ်တိုင် ဒီကိစ္စကို စုံစမ်းနေပါတယ်။” တာအိုဘုန်းတော်ကြီး ချန်ဟွမ်က ဆက်ပြောသည် “ကျွန်တော် ဒီနေ့လာတာက အရှင်မင်းသားကို နှုတ်ဆက်ဖို့ပါ။ ကျွန်တော် ကျောက်စိမ်းမြို့တော်ကို သွားပြီး စီနီယာအစ်ကိုကြီးနဲ့ ပူးပေါင်းကာ အဲဒီသူတော်စင် တောက်ဖူကို သတ်ချင်လို့ပါ။ အတိတ်က ရန်ငြိုးကို လက်စားချေချင်လို့ပါ။”

“ကောင်းပြီ။ သတိထားပါ။ မင်းတို့ရဲ့ ဝမ်ရှန့်ဂိုဏ်းမှာ ဝမ်ရှန့်နဲ့ မင်းဆိုတဲ့ ချန်ဟွမ် နှစ်ယောက်ပဲ ကျန်တော့တာ။ အတိတ်တုန်းက ငါ စစ်တပ်ကို ဦးဆောင်ပြီး ငရဲပိုက်ကွန်ကို ဖျက်ဆီးခဲ့လို့ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေ လွတ်မြောက်ခဲ့တာ။ ငါပဲ မင်းတို့ သိမ်းပိုက်ဖို့ အတွက် ခန္ဓာကိုယ်ကောင်းကောင်းတွေ ရှာပေးပြီး လူပြန်ဖြစ်အောင် ကူညီပေးခဲ့တာ။ အခု မင်းတို့ ကျင့်ကြံမှုတွေ ပြီးမြောက်ပြီဆိုတော့ လက်စားချေဖို့ အချိန်တန်ပြီပေါ့။”

“ဟွန့်…၊ အနှစ်သာရ နတ်ဘုရားကျောင်းက ကျွန်တော်တို့ စိတ်ဝိညာဉ်တွေကို နှစ်ပေါင်း ၆၀ ကျော် ပိတ်လှောင်ထားခဲ့တာ၊ ကျွန်တော်တို့ကို ရတနာတွေအဖြစ် သန့်စင်ဖို့ ကြိုးစားခဲ့ တာလေ။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ ကျွန်တော်တို့ အသက်ရှင်ဖို့ အခွင့်အရေး ရခဲ့တယ်လေ။ သေချာပေါက် ကျွန်တော်တို့ လက်စားချေရမှာပဲ။ စီနီယာအစ်ကိုကြီးနဲ့ ကျွန်တော်ဟာ နှစ်ပေါင်း ၂၀ တိုင်တိုင် တံခါးပိတ်ကျင့်ခဲ့ပြီး ငါတို့ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ ‘ပုံရိပ်တစ်ထောင်ပန်းချီကား’ ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ။ သူတော်စင် တောက်ဖူက မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့ ကျွမ်းကျင်သူ ဖြစ်နေရင်တောင် ကျွန်တော်တို့ သူ့ကို ချိတ်ပိတ်နိုင်ပါသေးတယ်။”

ပြောဆိုပြီးနောက် တာအိုဘုန်းတော်ကြီးချန်ဟွမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပန်းချီကားလိပ်တစ်ခု ပွင့်လာလေသည်။ သူသည် ပန်းချီကားထဲသို့ လှမ်းဝင်လိုက်ရာ ပန်းချီကားသည် သူ၏ကိုယ်ကို ရစ်ပတ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားတော့သည်။ ၎င်းသည် ပျံသန်းနိုင်သော မှော်ရတနာ တစ်မျိုးဖြစ်ပြီး စကြဝဠာအိတ် သို့မဟုတ် ဖန်းဆင်ရှင်ဗူးသီးတို့ကဲ့သို့ လေဟာနယ်ကို ဖောက်ထွက်နိုင်စွမ်း မရှိသော်လည်း အလွန်ပင် အစွမ်းထက်လှပေသည်။

“ဟုန်ယွိ… ဟုန်ယွိ…”

ယန်တူးသည် မြေပြင်ပေါ်ရှိ မဟာကျိနတ်ဘုရားဆေဘာကို ကြည့်ရင်း ရေရွတ်လိုက်သည် “ဟုန်ရွှန်ကျိရဲ့ သားက ဒီလောက်တောင် အစွမ်းထက်နေတာလား။”

ညဉ့်အချိန်….

ကျောက်စိမ်းမြို့တော်၊ နန်းတွင်းရှိ ကောင်းကင်ရနံ့နန်းဆောင်တွင် -

“ဘာ… ရှင် သူတော်စင် တောက်ဖူရဲ့ တည်နေရာကို ရှာတွေ့ပြီ ဟုတ်လား။ သူက ရုန်ပြည်နယ်မှာရှိတဲ့ အနောက်ဘက်ဒေသ ကုန်သည်တစ်ယောက် ဆောက်ထားတဲ့ စံအိမ်ထဲမှာ ရှိနေတာလား။ ဒါဆို ကျောက်စိမ်းမြို့တော်ကနေ မိုင် ၄၀၀၊ ၅၀၀ လောက်ပဲ ဝေးတာပေါ့။”

ကြင်ယာတော်ယွမ်၏ ရှေ့တွင် ဟုန်ယွိ ထိုင်နေလေသည်။

“ငါ ဒီနေ့ မိန်းမစိုးချုပ်ကြီး ဝမ်ထောင်ဆီက ရတဲ့ သတင်းကို နင့်ကို လာပြောတော့မလို့ပဲ။ ဒါပေမဲ့ နင်က အကုန်သိနေတာပဲ။ ဒါပေမဲ့ နင်မသိတာ တစ်ခုကတော့ သူတော်စင် တောက်ဖူဟာ ဟုန်ရွှန်ကျိကြောင့် ဒဏ်ရာအပြင်းထန်ရပြီး သူ့စွမ်းအားတွေ တစ်ဝက်ကျော် လောက် ဆုံးရှုံးနေပြီ။”

“ဘာ.. တောက်ဖူက ဟုန်ရွှန်ကျိရဲ့ လက်ချက်နဲ့ ဒဏ်ရာရထားတယ် ဟုတ်လား။ ဒါဆို ငါ့ခန့်မှန်းချက် မှန်နေတာပဲ။ ငါက ယူလူလက်ကို ဖမ်းထားပြီး ဆန်းကြယ် ကောင်းကင် ကုန်သွယ်ရေးအဖွဲ့အကြောင်း မေးမြန်းခဲ့လို့ တခြားသူတွေထက် သတင်း အချက်အလက် ပိုရထားတာ။ သူ ဒဏ်ရာရထားတယ်ဆိုတော့ ပိုတောင် ကောင်းသေးတယ်။ ဒီညပဲ ငါတို့ လှုပ်ရှားကြစို့၊ ရုန်ပြည်နယ်ကို ပျံသန်းသွားရအောင်။ ထိုက်တောင်သဖွယ် စွမ်းအားမျိုးနဲ့ သူတော်စင် တောက်ဖူကို အပြတ်ရှင်းကြမယ်။ ငါ သူ့ဝိညာဉ်ကို သန့်စင်ပြီး မင်းရဲ့ စိတ်ဝိညာဉ်ထဲ ယန်စွမ်းအင်တွေ ထပ်ဖြည့်ပေးမယ်၊ အဲဒီကျရင် မင်းလည်း မိုးကြိုး ကပ်ဘေး ဖြတ်ကျော်ထားတဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမှာပဲ။ အချိန်မဖြုန်းနဲ့တော့။ ငါ အခုပဲ မင်းကို နန်းတော်ပြင်ဘက်ကို ခေါ်ထုတ်သွားမယ်။”

ဟုန်ယွိ ပြောပြောဆိုဆိုဖြင့် သူ၏အတွေးများဖြင့် ကြင်ယာတော်ယွမ်ကို ရစ်ပတ်လိုက် လေတော့သည်။

All Chapters