ဂူဗိမာန်မှ ရိတ်သိမ်းခြင်း
Vol. 28 Ch. 272
ရှန်းယီကဲ့သို့ တည်ငြိမ်သောသူပင်လျှင် စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဤတစ်ခေါက် သူတကယ်ကြီးပွားသွားပြီ ဖြစ်သည်။
အဆင့်မြင့် နတ်ဆိုးဘုရင် သုံးကောင်၊ ဟွမ်ယွမ်အဆင့်နတ်ဆိုးဘုရင်တစ်ကောင်နှင့် နတ်ဆိုးဧကရာဇ် တစ်ပါး။
ထို့အပြင် ဖျက်စီးခြင်းဓားကိုးသွယ်အစီအရင်၏ ထက်ဝက်ကျော်၊ဆူးလက်ကောက် ရတနာပစ္စည်းတစ်ခုနှင့် သူစာရင်းမစစ်ရသေးသော သိုလှောင်ရတနာများစွာလည်း ရှိနေသေး၏။
ကျင့်ကြံခြင်းနည်းစနစ်များအနေဖြင့် လီဟော်ဖန်ရှင်းလက်ဝါးသိုင်းလည်း ပါဝင်သည်။
သူအမျှော်လင့်ဆုံးဖြစ်ခဲ့သည့် နဂါးမီးလျှံ ကျောက်စိမ်းမှိုဝိညာဉ်အမြစ်သည်ပင် ယခုပစ္စည်းများနှင့် ယှဉ်လိုက်လျှင် အနည်းငယ် မှေးမှိန်သွားသလို ရှိလေ၏။
ဤအရာက ရွှေနဂါးကြီးယူဆောင်သွားသည့် ကျန်းမင်ယန်ပိုင်ဆိုင်သော သိုလှောင်ရတနာကို ထည့်မတွက်ထားသေးပေ။
အဓိကအကြောင်းအရင်းမှာ ရွှေနဂါးက သိုလှောင်ရတနာကိုပါ သူ့အားတိုက်ရိုက်ပေးလိုက်လျှင် သိပ်သိသာလွန်းသွားမည် ဖြစ်သောကြောင့်ပင်။
ရှန်းယီသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အမှန်တကယ် ခြေလှမ်းမလှမ်းနိုင်သေးသရွေ့ ရွှေခန္ဓာကိုယ်နှင့် သူ့ကြားက ဆက်စပ်မှုကို ထုတ်ဖော်ပြသရန် အစီအစဉ် မရှိပေ။
အကြောင်းရင်းမှာ ရိုးရှင်းလှ၏။
ရွှေခန္ဓာကိုယ်၏လုပ်ရပ်များမှာ ကြမ်းတမ်းပြီး အမုန်းပွားစရာကောင်းသဖြင့် အင်အားကြီးပုဂ္ဂိုလ်များစွာကိုသေချာပေါက်ပြစ်မှားမိမည်။
အကယ်၍ သူတို့သည်ဒေါသဖြေရန် ရွှေခန္ဓာကိုယ်ကို ရှာမတွေ့ပါက သူ့ထံသို့ မလွဲမသွေ ဦးလှည့်လာကြလိမ့်မည်... အကယ်၍ သူ့ကို အသေအလဲ ပစ်မှတ်ထားမည့် နတ်ဆိုးဧကရာဇ်တစ်ပါး ပေါ်လာပါက သတင်းကောင်း ဖြစ်လာမည် မဟုတ်ပေ။
အစောပိုင်းက ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ရွှေခန္ဓာကိုယ်ကို ခုခံနေရသည့်ကြားမှ ကျန်းမင်ယန်ကိုသေလုမြောပါး ဖြစ်စေခဲ့သည် မဟုတ်ပါလော။
ရှန်းယီသည် မိမိကိုယ်ကို ထိုတာအိုဆရာသခင်ကျန်း ထက် ပိုသန်မာသည်ဟု မယုံကြည်ပေ။
ထိုအတွေးဖြင့် သူသည် စိတ်ကိုစုစည်းလိုက်ပြီး စနစ်ဘောင်ကွက်ကို တိတ်တဆိတ် ဖွင့်လိုက်၏။
[ ဟွမ်ယွမ်အဆင့် ရွှေအမွေးဝက်နတ်ဆိုးကို သတ်ဖြတ်ခြင်း၊စုစုပေါင်း သက်တမ်း ၁၈၉၀၀ နှစ်၊ လက်ကျန်သက်တမ်း ၈၈၀၀ နှစ်၊ စုပ်ယူခြင်းပြီးဆုံး ]
[ နတ်ဘုရားအသွင်ပြောင်းအဆင့် ကြိုးကြာဖြူနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်း သက်တမ်း ၆၇၀၀၀ နှစ်၊ လက်ကျန်သက်တမ်း ၂၉၀၀၀ နှစ်၊ စုပ်ယူခြင်းပြီးဆုံး ]
[ လက်ကျန် နတ်ဆိုးသက်တမ်း - ၅၂၃၀၀ နှစ် ]
ဤနတ်ဆိုး ၅ ကောင်တည်းနှင့်ပင် စုန့်ပြည်နယ်ရှိ နတ်ဆိုးအားလုံးပေါင်း၏ သက်တမ်း ထက်ဝက်ကျော်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးတစ်ထောင်ဂူထဲတွင် ဤကဲ့သို့သော သတ္တဝါမျိုး ဘယ်နှကောင်လောက် ရှိဦးမည်မသိပေ။
ရှန်းယီ၏မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသော်လည်း လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွား၏။
အမြတ်အစွန်းကြီးမားသော်လည်း ပေးဆပ်ရသည့် တန်ဖိုးကလည်း မသေးလှပေ...
ချင်းဟွာ၏စွမ်းဆောင်ရည် ပြည့်စုံသော်လည်း ရွှေခန္ဓာကိုယ်နှင့် နတ်ဆိုးဧကရာဇ်ကြားတွင် ကွာဟချက် ရှိနေသေးသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၎င်းကိုပြန်လည်ပြုပြင်ရန် အမွှေးတိုင်ယုံကြည်မှုစွမ်းအားအမြောက်အမြား လိုအပ်လိမ့်မည်။
ဤအရာက မဟာချန်နိုင်ငံ၏အခြေခံအုတ်မြစ်နှင့် လောင်းကစား လုပ်နေသကဲ့သို့ပင်။
မေးခွန်းမှာ အမွှေးတိုင်စွမ်းအား အရင်ကုန်သွားမည်လား သို့မဟုတ် သူက နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အရင်ရောက်သွားမည်လား ဆိုသည်သာ။
ထို့ကြောင့် ရှန်းယီ ပို၍သတိထားရပေမည်။လှုပ်ရှားမှုပြုလုပ်တိုင်းလုံလောက်သော အကျိုးအမြတ် ရရှိရန် သေချာအောင် လုပ်ရမည်။
ထိုအတွေးများဖြင့် သူဘေးဘက်သို့လှည့်ကြည့်လိုက်သည်။ သူ့လုံခြုံရေးအတွက် ချန်ကျုံးသည် မိမိ၏တာအိုဝိညာဉ်စွမ်းအားကို ပေးဆပ်ကာ အရပ်မျက်နှာအနှံ့ အစွမ်းကုန် ကင်းလှည့်နေပြီး ပုံမှန်မဟုတ်သော အခြေအနေများကို ချက်ချင်း သိရှိနိုင်ရန် ဆောင်ရွက်နေ၏။
အားချင်းကတော့ ဝါးတောဘေးတွင် သတိရှိရှိ လမ်းလျှောက်ရင်း သူ့စာအုပ်ထူကြီးကို လှန်လှောကာ မှတ်စုစာအုပ်ထဲတွင် ဂရုတစိုက် ရေးမှတ်နေသည်။
တစ်ယောက်တည်း ဖြစ်နေသည်ကို သေချာမှ ရှန်းယီသည် အကြည့်ပြန်လွှဲလိုက်ပြီး နတ်ဆိုးအလောင်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
သူပါးစပ်ကို အနည်းငယ် ဟလိုက်ရာ သွေးအသွင်ပြောင်းနတ်စွမ်းရည် ထွက်ပေါ်လာ၏။
အဆင့်မြင့် နတ်ဆိုးဘုရင် ၃ ကောင်ထံမှ နတ်ဆိုးသွေး ၃၀၇ စက် ရရှိပြီး၊ ဟွမ်ယွမ်အဆင့် တောဝက်နတ်ဆိုးထံမှ ၁၅၃ စက် ရရှိသည်။ ယခင်က နဂါးဖြူထံမှရရှိခဲ့သည်ထက် အနည်းငယ် လျော့နည်းသည်။
သို့သော်တောဝက်နတ်ဆိုးသည် နဂါးဖြူထက် အသက် ၈ ထောင်ခန့် ငယ်ရွယ်၏။ ဆိုလိုသည်မှာ အချိန်ထက်ဝက်ခန့်ဖြင့် အလားတူ ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဤအရာ နတ်ဆိုးတစ်ထောင်ဂူ၏ အင်အားစုများ မည်မျှ ထူးကဲကြောင်း ပြသနေခြင်းပင်။
ရှန်းယီသည် နောက်ဆုံးကျန်သော ကြိုးကြာဖြူကို မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း မကြာမီ သူ၏မျက်မှောင်များ တွန့်သွား၏။
သာမန်အားဖြင့် အလွဲအချော်မရှိသော သွေးအသွင်ပြောင်းနတ်ဘုရားစွမ်းရည်သည် ဤကြိုးကြာဖြူနတ်ဆိုးဧကရာဇ်အပေါ်တွင် အာနိသင်မရှိ ဖြစ်နေ၏။ အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်လေးထံမှ ရရှိထားသော ပါရမီသည် တဖြည်းဖြည်း နောက်ကောက်ကျ ကျန်ရစ်နေပြီ ဖြစ်သည်။
ခေတ္တမျှကြိုးစားပြီးနောက် သူသည် နတ်ဆိုးသွေး တစ်စက်ကိုသာ ထုတ်ယူနိုင်ခဲ့လေ၏။
"ထားလိုက်ပါတော့၊ လောလောဆယ် ဒီအတိုင်းပဲ ကျင့်ကြံလိုက်မယ်"
ရှန်းယီ ခေါင်းခါလိုက်ပြီး အလောင်းကို သိုလှောင်ရတနာထဲသို့ ပြန်ထည့်လိုက်၏။
ပတ်ဝန်းကျင်တွင် မျက်လုံးများစွာရှိနေသဖြင့် သူ၏ထူးခြားသော ကျင့်ကြံခြင်းလက္ခဏာများသည်အလွန်ထင်ပေါ်လွန်းနေပြီး ဤနေရာမျိုးတွင် ထုတ်ဖော်ပြသရန် မလိုအပ်ပေ။
နတ်ဆိုးသွေးသည် ဒေါင်းကို စတုတ္ထအသွင်ပြောင်းခြင်းအထိ ပျိုးထောင်ပေးခဲ့ပြီးပြီဖြစ်ရာ နတ်ဆိုးဘုရင်၏ရှစ်ဆင့်မြောက် အသွင်ပြောင်းခြင်းနှင့် သိပ်မဝေးတော့ပေ။
သူမျက်လုံးမှိတ်လိုက်ပြီး အသက်ရှူနှုန်းညှိကာ ဒဏ်ရာကုသနေသည့် ဟန်ဆောင်လိုက်၏။
တိတ်တဆိတ် ပြန်ရောက်လာသော ရွှေရောင်ပုလဲလုံးကို လက်ခံလိုက်ပြီး ချီပင်လယ်ထဲသို့ ပို့ဆောင်လိုက်ကာ လက်ရာမြောက်သော သိုလှောင်ရတနာကိုလည်း အိတ်ကပ်ထဲ ထည့်လိုက်သည်။
သူသည် ချင်းဟွာကို ဘေးတွင် ရပ်စောင့်ခိုင်းလိုက်ပြီး နတ်ဆိုးသက်တမ်းများကို အသုံးပြုကာ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ထဲသို့ စတင် လောင်းထည့်လိုက်လေ၏။
[ ပထမနှစ်တွင်၊ နတ်ဆိုးသွေးအရသာကို မြည်းစမ်းဖူးသော ဒေါင်းသည် ရင်းနှီးသော အနံ့ကို ထပ်မံရရှိလိုက်သဖြင့် လောဘတကြီး တိုးကပ်လာသည် ]
ပြီးခဲ့သည့်တစ်ကြိမ်က ဒေါင်းသည် နတ်ဆိုးသွေး ၁၅၅ စက် မျိုချခဲ့ရာလျင်မြန်စွာ ဗိုက်ဝလိမ့်မည်ဟု သူထင်ခဲ့သည်။
မထင်မှတ်ဘဲ ချက်ချင်းပင် အစက် ၂၀၀ ပြည့်သည့် မှတ်တိုင်ကို ဖြတ်ကျော်သွား၏။
[ ၂,၇၂၀ နှစ်မြောက်တွင်၊ ဒေါင်းသည် နတ်ဆိုးသွေး စုစုပေါင်း ၂၀၂ စက်ကို စားသုံးပြီးနောက် နောက်ဆုံးတွင် အသွင်ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ လတ်ဆတ်သော သွေးများကဲ့သို့ နီရဲနေသော ၎င်း၏အတောင်ပံများ ဖြည်းညှင်းစွာ ဖြန့်ကားလာပြီး ထူထဲ၍လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် နတ်ဆိုးအငွေ့အသက်များကို ထုတ်လွတ်လိုက်သည်။ သင်၏ပင်ကိုယ်နတ်စွမ်းရည် တိုးတက်လာသည် ]
ပိုစားလေ ပိုသန်မာလေပင်။
ရှန်းယီ သိပ်ပြီး နှမြောမနေတော့ပေ။ ထို့အပြင် ယနေ့ ကျန်းမင်ယန်က သူ၏ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်ခဲ့ခြင်းက ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို အဆင့်မြှင့်ရန် မည်မျှ အရေးတကြီး လိုအပ်နေကြောင်း ပို၍ သိသာစေ၏။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူစစ်စစ်ကို အနိုင်ယူဖို့ မဟုတ်လျှင်ပင် အနည်းဆုံး သူတို့၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိဖို့ လို၏။
သို့မဟုတ်ပါက သူ လှုပ်ရှားတိုင်း အသက်နှင့်ရင်းနေရပေလိမ့်မည်။
လက်ထဲရောက်လာခါစ နတ်ဆိုးသက်တမ်းများသည် လျင်မြန်စွာလျော့နည်းသွားပြီး နတ်ဆိုးသွေးများလည်း သိသိသာသာကုန်ဆုံးနေသည်။
ရှန်းယီသည် ခန္ဓာကိုယ်ပိုမိုကြံ့ခိုင်လာသည်ကို ခံစားလိုက်ရပြီး စိတ်သက်သာရာ ရသွား၏။
အလွန်တိတ်ဆိတ်နေခဲ့သော ရွှေလင်းတမှာ သမင်ဖြူအလှည့်မရောက်ခင် နတ်ဆိုးသွေး အစက် ၂၈၀ တိတိကို စားသုံးသွားခဲ့သည်။
နတ်ဆိုးအသွင်ပြောင်းလဲခြင်းကိုးသွင် နည်းစနစ်ကဲ့သို့ပင် ဆဋ္ဌမအဆင့်အသွင်ပြောင်းလဲခြင်းသည် ကျင့်ကြံခြင်းနည်းစနစ်များ၏ သေးငယ်သောအောင်မြင်မှုနှင့် ကြီးမားသောအောင်မြင်မှုကြားရှိ ကန့်လန့်ကာဖြစ်ရာ ကုန်ကျစရိတ်မှာ သေချာပေါက် များပြားပေလိမ့်မည်။
သို့တိုင် စနစ်မျက်နှာပြင်ပေါ်မှ စာတန်းကို မြင်လိုက်ရသောအခါ ရှန်းယီ အနည်းငယ် လန့်သွားသေး၏။
[ ၂၄၃၀၀ နှစ်မြောက်တွင်၊ သမင်ဖြူသည် ကျန်ရှိနေသော နတ်ဆိုးသွေး ၁၀၀ ကျော်ကို မျိုချလိုက်သော်လည်း ၎င်းမှာ အမြည်းသဘောမျှသာ ဖြစ်နေပြီး သင်၏မျက်နှာသာပေးမှုကို ဆက်လက် မျှော်လင့်နေဆဲ ဖြစ်သည် ]
[ လက်ကျန် နတ်ဆိုးသက်တမ်း - ၂၈၀၀၀ နှစ် ]
နတ်ဆိုးသွေး အစက် ၄၀၀ ကျော်မှာ တစ်ခဏချင်း ကုန်သွားသော်လည်း ကံကောင်းသည်မှာ နတ်ဆိုးဧကရာဇ်၏အလောင်း ရှိနေသေးခြင်းပင်။
သို့မဟုတ်ပါက ရှန်းယီသည် ဤအင်မော်တယ်နတ်ဆိုးများကို အမှန်တကယ် ပျိုးထောင်နိုင်မည် မဟုတ်ပေ။
သူသည် ခန္ဓာကိုယ်ပေါ်မှ ပူလောင်သောခံစားချက် တဖြည်းဖြည်း လျော့ပါးသွားသည်အထိ စောင့်ဆိုင်းလိုက်၏။
လောလောဆယ်တွင်လေ့ကျင့်ရန် အခြား ကျင့်ကြံခြင်းနည်းစနစ်များ မရှိတော့ပေ။
သူသည် ဆူးလက်ကောက်ကို ထုတ်ယူလိုက်ပြီး ခေတ္တမျှ လေ့လာရင်းကျွမ်းဝင်အောင် လုပ်ပြီးနောက်လက်ကောက်ဝတ်တွင် စွပ်လိုက်သည်။
အစပထမတွင် သက်ရှိတစ်ခုကဲ့သို့ ကြမ်းတမ်းပုံရသော လက်ကောက်သည် ရှန်းယီ၏အသားနှင့် ထိတွေ့လိုက်သည်နှင့် ဆူးများကို လိမ္မာစွာပြန်ရုပ်သိမ်းလိုက်ပြီး သာမန် အနက်ရောင်နွယ်ပင် တစ်ခုကဲ့သို့ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားသည်။
ဤအရာက ရွှေနဂါးကိုပင် ဖမ်းချုပ်ထားနိုင်ခဲ့၏။
နတ်ဘုရားအသွင်ပြောင်း နည်းစနစ်များကို မလေ့လာရသေးသဖြင့် ဤလက်ကောက်သည် သူ၏ထိန်းချုပ်မှုဆိုင်ရာနည်းစနစ် လိုအပ်ချက်ကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်သည်။
ရှန်းယီ လက်ကောက်ဝတ်ကို ညင်သာစွာ လှည့်လိုက်၏။
ထို့နောက်သူစဉ်းစားနေခဲ့သော ဓားငယ်ကိုးချောင်းကို ထုတ်လိုက်ရာ သုံးချောင်းမှာ ကျိုးပဲ့နေပြီ ဖြစ်သည်။
ဤအရာသည် နွယ်ပင်လှောင်အိမ်ထဲတွင် ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်ကို နေရာမှာတင် သေလုမြောပါး ဖြစ်စေခဲ့သဖြင့် ၎င်း၏ စွမ်းအားကို အထူးတလည် ပြောပြနေစရာ မလိုတော့ပေ။
နှမြောစရာကောင်းသည်မှာ နတ်ဆိုးဧကရာဇ်သည် ၎င်းတို့၏တန်ဖိုးကို နားမလည်ဘဲ အချို့ကို ဖျက်ဆီးလိုက်ခြင်းပင်။
ရှန်းယီသည် ဓားများကို ခေတ္တမျှကိုင်တွယ်ကြည့်ရှုရင်း နှလုံးအနီးရှိ ဒဏ်ရာမှာ တဖြည်းဖြည်း သက်သာလာပြီး သွေးထွက်ခြင်း မရှိတော့သည်ကို သတိပြုမိလိုက်၏။
သူ မတ်တတ်ရပ်လိုက်ပြီး အားချင်းရှိရာသို့ လျှောက်သွားလိုက်သည်။
သူ မမှားဘူးဆိုရင် အားချင်း ဤအရာကို ရွှီမိသားစုဆီက သင်ယူခဲ့သည်ဟု ယခင်က ကြားဖူးသလိုလိုပင်။
"ဒီဓားငယ်လေးတွေက ဝင်္ကပါရဲ့အစိတ်အပိုင်းတွေလား၊ မင်း နားလည်လား" ရှန်းယီ သူ့ဘေးတွင် ရပ်ရင်း မေးလိုက်၏။
"ဟို..." အားချင်းသည် စာရွက်နှင့် စုတ်တံကို ကပျာကယာသိမ်းလိုက်ပြီး စီနီယာရှန်း ကိုင်ထားသော ပစ္စည်းကို လှည့်ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားသည်။
"ကျွန်တော်..."
သူ မော့ကြည့်လိုက်သောအခါ ရှန်းယီ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် စပ်စုလိုစိတ် အနည်းငယ်မှလွဲ၍ အခြား အကြံအစည်များ မရှိသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူက သူ့ကိုအလွန်ယုံကြည်ပြီး သူ့အကြောင်း တစ်ခွန်းမှမမေးဘဲလမ်းတစ်လျှောက်လုံး ကာကွယ်ပေးခဲ့၏။
ထိုအကြည့်အောက်တွင် အားချင်း မျက်လွှာအနည်းငယ် ချလိုက်ပြီးနှုတ်ခမ်းများတုန်ရီသွားသည်။
ဖျက်စီးခြင်းဓားကိုးသွယ်အစီအရင်ဟာ တစ်ချိန်က သူ့မိသားစု၏တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်ခဲ့ကြောင်း စီနီယာရှန်း မသိတာဖြစ်နိုင်လေ၏။
သူမ မော့ကြည့်ကာ ပြုံးလိုက်ပြီး "ကျွန်တော်... ကျွန်တော် နည်းနည်း နားလည်ပါတယ်"