← Chapters

အသုံးမဝင်သော ရတနာပစ္စည်း

Vol. 28 Ch. 273

အသုံးမဝင်သော ရတနာပစ္စည်း

Vol. 28 Ch. 273

"ကောင်းပြီလေ"

ရှန်းယီသည် ဓားငယ်များကို သိမ်းဆည်းလိုက်ပြီး အရှေ့သို့ လှမ်းကြည့်ကာ မေးလိုက်၏။

"ဒါဆို ဒီဝါးတောကရော"

ဝါးတောအကြောင်း ပြောလိုက်သည်နှင့် အားချင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထပ်မံ ပေါ်လာပြန်သည်။

"ဒါက သာမန်လက်နက်ဖန်တီးသူတစ်ယောက် တည်ဆောက်နိုင်တဲ့ အစီအရင်မျိုးလုံးဝ မဟုတ်ပါဘူး၊ ဒီဂူတစ်ခုလုံးရဲ့ဖွဲ့စည်းပုံနဲ့ လုံးဝကို ကွဲပြားခြားနားနေတာ၊ တကယ့်ဆရာသခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့လက်ရာ ဖြစ်ရမယ်"

ပြောပြီးသည်နှင့် သူသည် မြေပြင်ပေါ်မှ ကောက်ရထားသော မြေပုံကို ထုတ်ပြလိုက်၏။

"ရွှမ်ကွမ်းဂူက လမ်းကြောင်း ၇၀ ကျော်လောက် မှန်းဆထားတယ်၊ ကြည့်ရတာ အသက်ရှင်လမ်းကြောင်းတစ်ခုဝှက်ထားပုံရတယ်၊ ဒါပေမဲ့ လမ်းကြောင်းအားလုံးကို စမ်းသပ်လိုက်တဲ့အချိန်မှာ ၇၀ ကနေ ရာချီ၊ ထောင်ချီတဲ့ လမ်းကြောင်းတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်"

"ဒါက ဆရာသခင်အဆင့်ပုဂ္ဂိုလ်တစ်ယောက်က ကျူးကျော်သူတွေကို တမင်တကာ လှည့်စားထားတဲ့ အားနည်းချက်တစ်ခုပဲ"

"ဒီလမ်းကြောင်းကို ယုံကြည်လိုက်တာနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ပုဂ္ဂိုလ်တောင်မှ ပိတ်မိသွားနိုင်တယ်"

"ဩော်... ဒါကြောင့်ကိုး"

ရှန်းယီသည် ဦးနှောက်ထဲတွင် ယားယံသလို ခံစားလိုက်ရပြီး ဘာမှ သေချာရေရာမပြောဘဲ ခေါင်းငြိမ့်ပြလိုက်ရ၏။

"အရှင်... ကျွန်တော့်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ၊ ဒီအစီအရင်ပုံစံကို မှတ်သားပြီးရင် ဖြေရှင်းနိုင်လောက်ပါတယ်"

အားချင်းသည် ယုံကြည်မှုအပြည့်ဖြင့် လက်ဝါးကို ဝှေ့ယမ်းပြလိုက်သော်လည်း ချက်ချင်းပင် ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။

"ဒါပေမဲ့ ဖြေရှင်းနိုင်လည်း အသုံးမဝင်ပါဘူး၊ တည်နေရာရွေ့ပြောင်းအစီအရင်က ပိတ်တော့မှာ၊ နောက်တစ်ခါ ဘယ်တော့မှ ပြန်ပွင့်မလဲ မသိနိုင်ဘူး"

ဗဟုသုတရယူရန်သာဆိုပါက ဤအရာမှာကြီးမားတဲ့ ရိတ်သိမ်းမှုတစ်ခုပင်။

သို့သော် အရှင်ရှန်းကတော့ အတွင်းထဲက ရတနာကိုသာ လိုချင်မှာသေချာသည်။

"ရပါတယ်၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ"

ရှန်းယီသည် စိတ်ပျက်သည့် အရိပ်အယောင်မပြဘဲ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။

သူ့တွင် မေးခွန်းတစ်ခုသာ ရှိလေ၏။

ရွှမ်ကွမ်းဂူတွင် အဝင်ဝကို စောင့်ကြပ်နေသူ ရှိသည်၊ ရှေ့တိုးလိုက်သည်နှင့် အစီအရင်တစ်ခုနှင့် တွေ့ရမည်။

မဟာချန်မင်းဆက်မှာပင် ငွေရောင်ခေါင်းလောင်းလေးများဖြင့်ဆက်သွယ်နိုင်သေးရာ၊ ရွှမ်ကွမ်းဂူ၌ အလားတူအရာမျိုး မည်သို့မရှိဘဲနေမည်နည်း။

ထို့အပြင် အစီအရင်ပျက်စီးသွားသောအခါ လူတိုင်းသည် နေရာအနှံ့သို့ ကျပန်း နေရာပြောင်းရွေ့ လုပ်ခံလိုက်ရသည်။

ဆိုလိုသည်မှာ ရွှမ်ကွမ်းဂူမှ စောင့်ကြပ်နေသော အကြီးအကဲသည် ဝင်္ကပါထဲသို့ ခြေလှမ်းလိုက်သည်နှင့် သတင်းပေးပို့နိုင်မည့် အခွင့်အရေး ရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် အသင့်ပြင်မထားသော ကျန်းမင်ယန်ထံသို့ လမ်းလျှောက်သွားနိုင်ခဲ့သည်မှာ ဖြစ်နိုင်ချေ ရှိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိပ်ဆုံးအဆင့် ဟွမ်ယွမ်အဆင့် ကျင့်ကြံသူတစ်ဦး၊ အင်အားကြီးမားသော ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်။

ခြေလှမ်းတစ်လှမ်းတည်းနှင့် အသတ်ခံလိုက်ရသည်ဆိုခြင်းမှာ လုံးဝ မဖြစ်နိုင်၊ အဓိပ္ပာယ်မရှိသော ကိစ္စပင်။

မမှားဘူးဆိုလျှင် နောက်ထပ် ဝင်ပေါက်တစ်ခု ရှိနေလောက်သည်။

အားချင်းက အစီအရင်ကို ဖြေရှင်းပြီးသည်နှင့် ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်ကို ဆင့်ခေါ်ပြီး မေးကြည့်လိုက်ရင် အသေအချာ သိရလိမ့်မည်။

"..."

အားချင်းက ရှန်းယီ၏မျက်နှာထားကို သတိထားမိလိုက်၏။ သူ့အတွက်တော့ အဓိပ္ပာယ်က လုံးဝ ကွဲပြားခြားနားနေသည်။

အတွင်းသို့ ဝင်လို့မရမှန်း သိရက်နဲ့တောင် အဖိုးတန်အချိန်တွေကို ဖြုန်းပြီး သူ့ကိုအစီအရင်ပုံစံကူးယူဖို့ ကူညီပေးနေတာလား။

အိမ်ကထွက်လာကတည်းက အားချင်းအနေနဲ့ ဒီလို သဘောကောင်းပြီး အင်အားကြီးတဲ့ လူမျိုး ဘယ်မှာ တွေ့ဖူးလို့လဲ။

အိမ်မှာတောင်မှ သူ့အဖေတစ်ယောက်ပဲ သူ့သမီးအပေါ် ဒီလောက် စိတ်ရှည်သည်းခံတာ။

သူမသည် တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အရှင်ရှန်း"

"ငါ့ကို ရှန်းယီ လို့ပဲ ခေါ်ပါ"

ရှန်းယီ ခေါင်းငြိမ့်ပြပြီးနောက် တစ်ဖက်လူကို ဆက်လက် မနှောင့်ယှက်တော့ဘဲ လှည့်ထွက်သွား၏။

သူမက ဝင်္ကပါအကြောင်း နားလည်တယ်၊ ဗဟုသုတ ကျယ်ပြန့်တယ်၊ ပြီးတော့ ထိပ်တန်းဝိညာဉ်အမြစ် ရှိတဲ့နေရာကိုလည်း သိတယ်။

ဒီတစ်ခါတော့ တကယ့် ရတနာတစ်ခုကို တွေ့တာပဲ။

သူမကို ဘေးမှာ ဆက်ထားဖို့ ဆင်ခြေတစ်ခု ရှာရဦးမယ်။

"ရှန်းယီ..."

အားချင်းသည် ထိုနာမည်ကို တီးတိုး ရေရွတ်လိုက်ပြီး ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်ရင်း လက်ကို အားကိုးရာမဲ့စွာ ဆုပ်ကိုင်ထားမိ၏။

အစောပိုင်းက သူပြတ်သားစွာလုပ်ဆောင်ခဲ့သောအရာများကို ပြန်စဉ်းစားကြည့်လျှင် သူ့နာမည်အား တရင်းတနှီးခေါ်ဆိုရန် သတ္တိမည်မျှပင်ရှိစေ သူမမလုပ်ရဲပေ။

"လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ရအောင်"

သူမသည် စာရွက်နှင့် စုတ်တံကို ထပ်မံ ထုတ်ယူလိုက်၏။ အရှင်ရှန်း၏အချိန်များအား ထပ်မဖြုန်းတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ လက်ရှိအရာက သူပေးထားသော အခွင့်အရေးပင်။

...

သက်တမ်းနှစ်ထောင်ချီ ရှည်ကြာသော ဟွမ်ယွမ်အဆင့် ကျင့်ကြံသူများအတွက်၊သုံးရက်ဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အချိန်ကာလမျှသာဖြစ်လေ၏။

ချန်ကျုံး အဝေးမှ ပြန်ရောက်လာ၏။

"စီနီယာရှန်း... ကျွန်တော် ပတ်ဝန်းကျင်ကို လှည့်ကြည့်ခဲ့တယ်၊ တစ်ခါတလေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ တချို့ ဖြတ်သွားတာ တွေ့ရတယ်၊ အခုထိတော့ လုံခြုံမယ့်ပုံပါပဲ"

အားချင်းသည် နောက်ဆုံး စုတ်ချက်ကို လေးလေးနက်နက် ရေးဆွဲပြီးနောက် သူတို့နှစ်ဦးထံသို့ ကပျာကယာ ပြေးလာ၏။

"သွားရအောင်၊ မြန်မြန်လုပ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"

သူမ၏ရိုးသားဖြူစင်သော ပုံစံကို ကြည့်ပြီး ချန်ကျုံး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

မဟာချန်မင်းဆက်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတိုင်းသည် သွေးစွန်းသော တိုက်ပွဲများကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်သည်။

လောကနှင့် အဆက်အသွယ်ဖြတ်ထားသော မိသားစုတစ်ခုကသာ ဤကဲ့သို့သော မျိုးဆက်သစ်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။

ကျိုကျိုးဒေသကြီး ကျယ်ဝန်းလွန်းလို့သာ၊ တကယ်လို့ ရွှီမိသားစုသာ မဟာချန်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အလားတူလျှို့ဝှက်အစီအရင်မျိုး တည်ဆောက်နိုင်ခဲ့လျှင် လူတိုင်းကိုယ့်ကိစ္စကိုယ် လုပ်နေကြရုံဖြင့် များစွာပိုလွယ်ကူပြီးရိုးရှင်းသွားမည်။

"သွားကြစို့"

ရှန်းယီသည် အနီရောင်တိမ်တိုက်ကို စီးနင်းလိုက်၏။ သူ့ကို လွှမ်းခြုံထားသော အရှိန်အဝါကို ဖုံးကွယ်မထားဘဲ အားချင်း ညွှန်ပြသောဂူဗိမာန်၏ အဓိက ဝင်ပေါက်ဆီသို့ လိုက်ပါသွားသည်။

ချန်ကျုံးကလည်း သူဘာစဉ်းစားနေသည်ကို သဘောပေါက်လိုက်ပြီး အဆင့်မြင့် ဟွမ်ယွမ် တာအိုဝိညာဉ်ကို ဆင့်ခေါ်ကာ သူ့အရှိန်အဝါကိုပါ ဖြန့်ကျက်လိုက်သည်။

ဟွမ်ယွမ်အဆင့် နှစ်ယောက်လုံး ထွက်ခွာရန် ပြင်ဆင်နေကြပြီ။ အသိစိတ်ရှိသူ မည်သူမဆို သူတို့နောက် လိုက်ပြီး ထွက်ခွာသင့်သည်။

မထွက်ခွာချင်သူများကတော့ ကံတရားကိုသာ ပုံအပ်ရပေတော့မည်။

ထိုအချိန်တွင် ဂူဗိမာန်၏တစ်နေရာ၌

မျက်နှာပေါ်တွင် မှဲ့နက်ပါသော အမျိုးသားတစ်ဦးသည် ဒေါသတကြီးဖြင့် တံတွေးထွေးလိုက်လေ၏။

"ထွီ..."

သူသည် ဤနေရာတွင် ရက်ပေါင်းများစွာ သတိကြီးစွာဖြင့်ရှာဖွေခဲ့သော်လည်း အနည်းငယ်မျှသော အကျိုးအမြတ်ကိုပင် မတွေ့ခဲ့ရပေ။

"တောက်... သောက်ချီးပဲကွာ..."

ကျိန်ဆဲပြီးနောက် မှဲ့နက်နှင့်လူသည် ခေါင်းကိုက်သလို ခံစားလိုက်ရ၏။

ဟွမ်ယွမ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လောကတွင် သူ့အတွက်ပြဿနာဖြစ်စေနိုင်သော အရာဟူ၍ အလွန် ရှားပါးလေ၏။

သို့သော် သူတစ်ပါးပစ္စည်းကိုငှားရမ်းပြီး အသုံးမဝင်သောအမှိုက်တစ်ခုနှင့် လဲလှယ်မိခဲ့သည်။

အဆက်အသွယ်များမှတစ်ဆင့် အမြတ်ထုတ်ရန် မျှော်လင့်ခဲ့သော်လည်း မည်မျှပင် လျှာသွက်ပါစေ သူ ရုန်းထွက်၍ မရနိုင်ခဲ့ပေ။

အစောပိုင်းက ရှစ်မျက်နှာစားသောက်ခန်းမတွင်ပင် လှောင်ပြောင်ခြင်း ခံခဲ့ရသေး၏။ လှောင်ပြောင်တာကိုခံနိုင်ရည်ရှိသော်လည်း ယခုအခါ မိတ်ဆွေအများအပြားကို သူတို့၏အဖိုးတန်ရတနာများ ပြန်ပေးရန် အကြွေးတင်နေပြီဖြစ်ရာ ရှင်းပြ၍ မရနိုင်တော့ပေ။

သူ့ကံကို ဂူဗိမာန်ထဲတွင် စမ်းကြည့်ရုံသာ ရှိတော့သည်။

"နောက်ဆုံးအခွင့်အရေးပဲ၊ ငါ့ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးပါ၊ နောက်ဆို ဒီလို မိုက်မဲတဲ့အလုပ်မျိုး ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကျိန်ဆိုပါတယ်"

မှဲ့နက်နှင့်လူသည် အတွင်းပိုင်းသို့ ဆက်လက် တိုးဝင်ရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် လွှမ်းမိုးထားသော အရှိန်အဝါနှစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်လေ၏။

"ဘာဖြစ်တာလဲ"

သူမော့ကြည့်လိုက်ရာ ဟွမ်ယွမ်အဆင့် ဆရာသခင်နှစ်ဦး အစွမ်းကုန်အရှိန်တင်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရလေ၏။

တစ်ခုခုတော့ မှားနေပြီ။

အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပျက်နေသည်ဟူသောခံစားချက်က သူ့နှလုံးသားကိုဆုပ်ကိုင်ထားသဖြင့်ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။

ခဏမျှ တွန့်ဆုတ်ပြီးနောက် မှဲ့နက်နှင့်လူသည် နောက်ပြန်လှည့်ကာ တစ်ချက်ပင် ပြန်မကြည့်တော့ဘဲ တာအိုဝိညာဉ်ကို ကပျာကယာဆင့်ခေါ်ပြီး ထိုအရပ်မျက်နှာအတိုင်း လေထဲသို့ ခုန်တက်လိုက်လေ၏။

မည်သို့ပင်ဖြစ်စေ ကောင်းမွန်သောကိစ္စတော့ မဖြစ်နိုင်ပေ။

လောလောဆယ် သူ့ကံတရားကို ယုံကြည်မှုမရှိသဖြင့်ပြဿနာနှင့် ရင်ဆိုင်ရမည့်အစား ထွက်ပြေးတာက ပိုကောင်းသည်။

...

ကြီးမားခမ်းနားပြီး ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော တောင်နှစ်လုံးသည် တစ်ခုနှင့်တစ်ခု ဖြည့်ဆည်းပေးနေသကဲ့သို့ တည်ရှိနေ၏။

၎င်းတို့ကြားတွင် ထူထဲသော ပေါင်းပင်များက လေအဝှေ့တွင် ယိမ်းနွဲ့နေကြသည်။

မှိန်ဖျဖျ အလင်းရောင်များက နေရာလွတ်တစ်ခွင် ပျံ့နှံ့နေသည်။

အစီအရင်သည် ယခင်က ခမ်းနားထည်ဝါမှုကို ဆုံးရှုံးထားပုံရပြီးကာလကြာရှည်စွာ လျစ်လျူရှုခံထားရသည့်ပုံ ပေါက်နေသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ မှေးမှိန်နေပြီဖြစ်သော အစီအရင်၏တောက်ပမှုသည် ဆက်လက် မှေးမှိန်လာလျက်ရှိနေ၏။

ရှန်းယီသည် ချန်ကျုံး၊ အားချင်းတို့နှင့်အတူ လေပေါ်မှ ဆင်းသက်လာခဲ့သည်။

သို့သော် သူတို့ပတ်ဝန်းကျင်တွင် လူ တစ်ဒါဇင်ကျော် စုဝေးနေကြပြီ ဖြစ်လေ၏။

ထိုအထဲတွင် ရင်းနှီးသော မျက်နှာအချို့ ပါဝင်သည်။

ယွီညီအစ်ကိုများနှင့် အခြား ဟွမ်ယွမ်အဆင့် အရှင်သခင်သုံးဦးစလုံး ရောက်ရှိနေကြသည်။

ယွီယွဲ့ဟူသည် ကျိုးပဲ့ကြေမွနေသော အစ်ကိုဖြစ်သူ၏ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း မျက်နှာတွင် ဒေါသအမျက်များ ပြင်းထန်နေသော်လည်း မျက်ဝန်းထဲတွင်မူ စိတ်ပျက်အားငယ်မှုနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေသည်။

"မင်းတို့ ဘာလို့ မသွားကြသေးတာလဲ"

ချန်ကျုံး မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်၏။ တစ်ဖက်လူ၏ အစ်ကိုဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရထားသည်။ မကြာမီ မကုသလျှင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။

"စီနီယာ..."

ယွီယွဲ့ဟူ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေသည်။ သူ ချက်ချင်း ပြန်မဖြေဘဲ ကျောဘက်မှ လက်ဝါးရာကို ချန်ကျုံးအား လှည့်ပြလိုက်လေ၏။

ထို့နောက် သူက ပြောလိုက်၏။ "ကျွန်တော်တို့ ထွက်သွားကြပါသေးတယ်၊ ဒါပေမဲ့ ပြန်မောင်းထုတ်ခံလိုက်ရတယ်... ရွှမ်ကွမ်းဂူက ကျွန်တော်နဲ့ အစ်ကို့ကို ရှာဖွေရမယ်လို့ အတင်းအကျပ် ပြောနေတယ်၊ ကျွန်တော့်ဆီမှာပါတဲ့ သာမန် ရတနာပစ္စည်းလေးတွေကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ သူတို့က အစ်ကို့ကိုပါ ရှာချင်နေကြတာ"

"သူတို့ရဲ့ဂုဏ်သတင်းနဲ့ဆိုရင် ကျွန်တော် ဘယ်လိုလုပ် အစ်ကို့ကို သူတို့လက်ထဲ အပ်ရဲမှာလဲ"

သူပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ ဒေါသများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ ဆဲဆိုကြတော့သည်။

"အထွတ်အထိပ်အဆင့် ဟွမ်ယွမ်အရှင်သခင်တစ်ယောက်က ဒီလောက် အရှက်မဲ့ရလား၊ ရှစ်မျက်နှာ စားသောက်ခန်းမရှေ့မှာ ဗြောင်ကျကျ လုယက်ဖို့ ကြိုးစားနေတယ်၊စားသောက်ခန်းမရဲ့ ဂုဏ်သိက္ခာကျဆင်းမှာကို မကြောက်ဘူးလား၊ ရွှမ်ဓားတာအိုသခင်ကို ပြဿနာရှာချင်နေတာလား"

"သူက အထွတ်အထိပ်ဟွမ်ယွမ်အဆင့် အရှင်သခင်အစစ်ပဲ၊ ပြီးတော့ ရွှမ်ကွမ်းဂူက လာတာဆိုတော့၊ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူလောက်မှပဲ သူ့ကို ဖြေရှင်းနိုင်လောက်မယ်"

ယွီယွဲ့ဟူ သက်ပြင်းချလိုက်၏။ အရိုက်ခံခဲ့ရဖူးသဖြင့် အခြေအနေ မည်မျှ ဆိုးရွားကြောင်း သူ ကောင်းကောင်း သိသည်။ ဂူဗိမာန်ထဲတွင် နေထိုင်စဉ်အကျိုးအမြတ်များ ရရှိခဲ့မည့် ချန်ကျုံးအနေဖြင့်လည်း ထပ်တူ စိုးရိမ်ပူပန်လိမ့်မည်ဟု သူ ယူဆထားသည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ...

"ဩော်..."

ချန်ကျုံးသည် မျက်နှာထားမပျက်ဘဲ ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး ရှန်းယီ၏နောက်ကျောဘက်သို့ တိတ်တဆိတ် ဆုတ်သွားခြင်းပင်။

All Chapters