နတ်ဘုရားတိုက်ပွဲကြားမှ မြေစာပင် လူသားများ
Vol. 28 Ch. 276
"ဒီလောက် ညစ်နွမ်းနေတဲ့ဝိညာဉ်အမြစ်ရယ်၊ ပြီးတော့မပြည့်စုံလည်း ရတယ် ကျင့်ကြံခြင်းကျင့်စဥ်တွေရယ်၊ ဂူဗိမာန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရယ်... ဒါတွေအတွက် မင်းကိုယ်တိုင်ဆုံးဖြတ်ပြီးလုပ်ပေးပါ"
ရှန်းယီသည် ငန်းဥကျောက်တုံးကို အသုံးပြု၍ အသံလွှင့်ကာသိုလှောင်အိတ် အများအပြားကို အားချင်းလက်ထဲသို့ ချောမွေ့စွာ ထည့်ပေးလိုက်သည်။
"နားလည်ပါပြီ"
အားချင်းသည် အိတ်များကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားသည်။
သူမ ဘာကြောင့်မှန်းမသိပေမယ့် တစ်ဖက်လူရဲ့ အခြေအမြစ်မရှိသလို ထင်ရတဲ့ ယုံကြည်မှုက သူမကို နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတွေ အမြဲတမ်း ဖြည့်ဆည်းပေးနေသလို ခံစားရတယ်။
အခြားသူများမှာမူစိတ်မရှည်နိုင် ဖြစ်နေကြပြီး မတ်တတ်ရပ်ကာ အနားသို့ လာတော့မည့်ပုံ ပေါက်နေလေ၏။
ထိုစဉ်မှာပင် ဝန်ထမ်းတစ်တန်း အပေါ်ထပ်မှ ဆင်းလာပြီး တစ်ယောက်စီ၏လက်ထဲတွင် ကျောက်စိမ်းလင်ပန်းများကို ကိုင်ဆောင်ထားကြသည်။
ကြွယ်ဝသော ရနံ့က လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။
အဖိုးတန် ကိရိယာများ လဲလှယ်မည့်ကိစ္စကိုပင် မေ့သွားကြတော့သည်။
သူတို့သည် စားပွဲတစ်လုံးစီတွင် လူဦးရေအလိုက် စားကောင်းသောက်ဖွယ်များကို အမြန် ချပေးပြီး မွှေးကြိုင်သော ဆေးဖက်ဝင် ဝိုင်များကိုပါ ယူလာကြ၏။
ဝန်ထမ်းတန်း၏နောက်ဆုံးတွင် မေ့ရှီးယောင်
သည် ထောင့်တစ်နေရာသို့ ကျက်သရေရှိစွာ လှမ်းလာ၏။
သူမသည် ဖြည်းညှင်းစွာ ရပ်တန့်လိုက်ပြီး နူးညံ့လှပသော မျက်နှာတွင် လေးစားမှု အရိပ်အယောင် အနည်းငယ်နှင့်အတူ တိုးညှင်းစွာ ပြောလိုက်သည်။
"ချင်းဖုန်းကျန်းရမ်က ရှင်တို့နှစ်ယောက်ကို အပေါ်ထပ်မှာ စကားပြောဖို့ ဖိတ်ခေါ်နေပါတယ်"
အားချင်းသည် အလိုအလျောက်ပင် သူမကိုယ်သူမ ဖိတ်ကြားချက်မှ ဖယ်ထုတ်လိုက်သည်။
စားပွဲခုံကို လက်ဖြင့် ဖိထားရင်း သူမသည် ဝန်ထမ်းများ သွားလာနေသည်ကို ကြည့်ကာ တံတွေးမမြိုဘဲ မနေနိုင်တော့ပေ။
ဤအရာကိုမြင်တော့ မေ့ရှီးယောင်က ပေါ့ပါးစွာ ရယ်မောလိုက်၏။
"စိတ်မပူပါနဲ့၊ ညီမလေးအတွက်လည်း တစ်ပွဲ ပြင်ဆင်ပေးထားပါတယ်"
"ကျေးဇူးတင်ပါတယ် အစ်မ"
အားချင်းသည် ပျော်ရွှင်စွာဖြင့် အကြည့်ကို ပြန်ရုပ်လိုက်၏။
သို့သော် ဘေးမှ ကြည့်နေသူများအဖို့ ခေါင်းခါမိစေရန် လုံလောက်နေပြီ ဖြစ်သည်။
ယခုလို မျက်နှာချောချောလူငယ်လေးက ချိုသာတဲ့ စကားလုံးတွေနဲ့ မိန်းကလေးမေ့၏ စိတ်ကို သိမ်းပိုက်နိုင်မယ်လို့ တကယ်ပဲ ထင်နေသည်လော။( ယောက်ကျားလေးဟန်ဆောင်ထားတဲ့မိန်းကလေး)
ရှစ်မျက်နှာစားသောက်ခန်းမ၌ နှစ်ပေါင်းများစွာ ဧည့်ခံလာခဲ့သည့် သူမ၏စံချိန်စံညွှန်းတွေက မိုးထိအောင် မြင့်မားတယ်ဆိုတာ လူတိုင်း သိကြသည်။
သို့သော် ချင်းဖုန်းကျန်းရမ် ကိုယ်တိုင်ကပင် ထိုစီနီယာကို ဖိတ်ကြားလိုနေ၏။
သူ့နောက်ခံက သာမန်တော့ ဟုတ်မည် မထင်ပေ။
"ကောင်းပြီလေ"
ရှန်းယီ အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း ငြင်းဆန်ခြင်း မပြုပေ။
မဟာချန်မှ ထွက်ခွာလာပြီးကတည်းက စစ်မှန်သော အစွမ်းထက်ပညာရှင်များကို များများစားစား မတွေ့ဖူးသေးပေ။
ချန်ကျုံးကမူ သိပ်ဂရုမစိုက်ပေ။
သူ့ကို မတော်တဆ ထည့်သွင်းဖိတ်ကြားလိုက်ခြင်း ဖြစ်ကြောင်း သူနားလည်သော်လည်း အားချင်းကို ဘာကြောင့် သီးသန့် ချန်လှပ်ထားခဲ့သလဲ ဆိုသည်ကိုသာ သိချင်နေ၏။
သူတို့နှစ်ဦး မတ်တတ်ရပ်လိုက်ကြ၏။ ရှန်းယီသည် အားချင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"စားပြီးရင် အလုပ်ဆက်လုပ်နော်၊ လျှောက်သွားမနေနဲ့"
"အင်း... အင်း"
အားချင်းသည် တူကို ဆုပ်ကိုင်လိုက်၏။ ရှစ်မျက်နှာ စားသောက်ခန်းမ၏ စားကောင်းသောက်ဖွယ်များကို လူကြီးတွေ ပြောဖူးသည်သာ ကြားဖူးပြီး တစ်ခါမှကိုယ်တိုင် မစားဖူးခဲ့ပေ။
ရှန်းယီသည် အကြည့်လွှဲလိုက်ပြီး မေ့ရှီးယောင်နောက်သို့ လိုက်သွားလိုက်၏။
သူတို့သည် ကိုးထပ်မြောက် အထပ်သို့ တန်းတန်းမတ်မတ် တက်သွားကြသည်။
ချန်ကျုံးသည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း စူးစမ်းချင်စိတ်ဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုမိသည်ကို မထိန်းနိုင်ပေ။
ဟွမ်ယွမ်သိုင်းအရှင်သခင်များကို ပဉ္စမထပ်အောက်ရှိ အထပ်များတွင်သာ တွေ့ရလေ့ရှိသည်။
ဆဋ္ဌမထပ်သို့ တက်ရောက်ခွင့်သည် နတ်ဘုရားအသွင်ပြောင်းအဆင့်ပုဂ္ဂိုလ်များအတွက်သာ သီးသန့်ဖြစ်ပြီး၊ ၎င်းသည်ပင် ရှစ်မျက်နှာ စားသောက်ခန်းမမှ ဧည့်ခံပွဲကြီး ကျင်းပပြီး အရပ်ရပ်မှ ဧည့်သည်များကို ဖိတ်ကြားသော နေ့များတွင်သာ ဖြစ်သည်။
ကိုးထပ်မြောက် အထပ်ဆိုလျှင်တော့... ထိုအရာက နီကျွင်း တစ်ယောက်တည်းကိုသာ ပေးအပ်သော ဂုဏ်ပြုမှုဖြစ်သည်။ ဤကဲ့သို့သော ဆက်ဆံမှုမျိုးကြောင့်ပင် စားသောက်ကုန်တိုက်က စည်းကမ်းများကို ရဲရဲတင်းတင်း ချမှတ်ရဲခြင်းပငါ်။
"ရောက်ပါပြီ"
ချင်းဖုန်းကျန်းရမ်သည် သစ်သားစားပွဲနောက်တွင် ထိုင်နေပြီး သူတို့ကို လက်ဖြင့် အချက်ပြလိုက်၏။
နေရာသည် ချန်ကျုံး မျှော်လင့်ထားသလောက် ခမ်းနားထည်ဝါခြင်း မရှိပေ။ တကယ်တော့ လမ်းဘေးစားသောက်ဆိုင်လေး တစ်ခုထက် အနည်းငယ်မျှသာ ပို၍ သပ်ရပ်သည်။
လူငယ်လေးသည် သက်သောင့်သက်သာ သိပ်မရှိပုံ ရသော်လည်း အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ထိုင်ပါ၊ ထိုင်ကြပါ"
ရှန်းယီ တည်ငြိမ်စွာထိုင်လိုက်၏။ "အစစ်မှန်ပုဂ္ဂိုလ် က ဘာကိစ္စကြောင့် ကျွန်တော့်ကို တွေ့ချင်ရတာပါလဲ"
သူ မမှားဘူးဆိုရင် ဝူထုံတောင်နဲ့ ဒီနေ့အထိ ဘာပတ်သက်မှုမှ မရှိဖူးသေးပါဘူး... သူ့သိုလှောင်ရတနာထဲက ဝိညာဉ်စုစည်းမီးဖိုကလွဲရင်ပေါ့။
"အရမ်း အလားအလာရှိတဲ့ လူငယ်လေးပဲ၊ မင်းကို တွေ့ရတာ ဝမ်းသာပါတယ်"
ချင်းဖုန်းကျန်းရမ် နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ချီးကျူးစကား ပြောရန် ဝန်မလေးပေ။
"စားပြီးမှ စကားပြောကြတာပေါ့"
သို့သော် ဤစကားလုံးများသည် သူ၏နုပျိုသော ပုံပန်းသဏ္ဍာန်မှ ထွက်ပေါ်လာသောအခါ အနည်းငယ် ရယ်စရာ ကောင်းနေ၏။
ရှန်းယီ၏ မသက်မသာဖြစ်မှုကို သတိထားမိသောကြောင့်...
ချင်းဖုန်းကျန်းရမ် မျက်လုံးကို လှိမ့်ကြည့်လိုက်သည်။
"ငါက ငယ်ရွယ်တယ်လို့ ထင်ရပေမယ့် ဒါက ဟွမ်ယွမ်အဆင့်ကိုမြန်မြန်ဆန်ဆန် ထိုးဖောက်ကျော်ဖြတ်နိုင်ခဲ့လို့ပါ၊ ငါ အသက်ရှင်လာတာ နှစ်ပေါင်း ၃၈၀၀ ကျော်နေပြီ... စားကြရအောင်"
မျက်လုံး လှိမ့်ကြည့်လိုက်သော ထိုအမူအရာကြောင့် သူ၏ယခင်က ပညာရှိဟန်ပန် အားလုံး ပျောက်ကွယ်သွားပြီး နှစ်ပေါင်း လေးထောင်နီးပါး အသက်ရှင်ခဲ့သော ကျင့်ကြံသူတစ်ဦးနှင့် လုံးဝ မလိုက်ဖက်တော့ပေ။
ချန်ကျုံးသည် မဟာချန်ဇာတိဖြစ်ပြီး ဝူထုံတောင်နှင့် အဆက်အသွယ် အနည်းငယ် ရှိသော်လည်း တိတ်ဆိတ်စွာပင် နေလိုက်၏။ အစစ်မှန်ပုဂ္ဂိုလ်၏ ဖော်ရွေသော အမူအရာကြောင့် မျက်နှာလိုမျက်နှာရ လုပ်ရန် မကြိုးစားပေ။
ဝူထုံတောင်၏ တပည့်များ မည်မျှ မာနကြီးကြောင်း သူ ကောင်းကောင်း သိလေ၏။
ဤတစ်ယောက်က ဟန်ဆောင်ခြင်း၌ပိုတော်ရုံသာရှိလေသည်။
မကြာမီ မေ့ရှီးယောင်သည် လိုက်ကာကို မလိုက်သော်လည်း ပန်းကန်များကို လာချပေးသူမှာ သူမ မဟုတ်ပေ။ လည်ပင်းတုတ်တုတ်နှင့် အဖိုးအို၊ ရှစ်မျက်နှာ စားသောက်ခန်းမ၏ ပိုင်ရှင်ကိုယ်တိုင် ပန်းကန်များကို သယ်ဆောင်လာခြင်း ဖြစ်သည်။
ဟင်းပွဲမှာ အလွန်ရိုးရှင်းလေ၏။ တစ်ယောက်လျှင် ပန်းကန်ပြားတစ်ချပ်စီသာ ရရှိပြီး ဆီရွှဲရွှဲ ငရုတ်သီးဆော့စ်များဖြင့် သုတ်လိမ်းထားသော အသားအတုံးအနည်းငယ်သာ ပါဝင်သည်။
ချင်းဖုန်းကျန်းရမ်သည်တူပင် မသုံးဘဲ လက်ဖြင့် အသားတုံးများကို ကောက်ယူကာ ပါးစပ်ထဲသို့ အားရပါးရ ထည့်လိုက်၏။
ချန်ကျုံးသည် အသားတစ်တုံးကို တူဖြင့် ဂရုတစိုက် ကောက်ယူလိုက်ပြီး မြည်းစမ်းကြည့်လိုက်ရာ သူ၏မျက်နှာတစ်ခုလုံး ကြောင်အမ်းသွားလေသည်။
"..."
ရှန်းယီ တစ်ကြိမ်မျှသာ ဝါးလိုက်ရသေးသော်လည်း သူ့မျက်လုံးထဲတွင် အေးခဲခြင်းစွမ်းအင်တစ်ချက် လက်ခနဲ ဖြစ်သွား၏။
သူ့ပါးစပ်ထဲတွင် ထိုသေးငယ်သော အသားတုံးသည် နတ်ဆိုးသွေးအဖြစ် ပြောင်းလဲသွားပြီး ဗိုက်ထဲသို့ မျိုချခံလိုက်ရသည်။
အသားတစ်တုံး၊ သွေးတစ်စက်။
ဤအရာသာ နတ်ဆိုးဧကရာဇ်၏ အသား မဟုတ်ခဲ့လျှင် ရှန်းယီပန်းကန်ပြားကိုပါ ချေမွပြီးမျိုချပစ်လိုက်မိလိမ့်မည်။
သူ၏လက်ရှိ အဆင့်အတန်းက သူတစ်ပါးဆီမှ ယခုလိုတန်ဖိုးရှိသော ဧည့်ခံကျွေးမွေးမှုကို ရသင့်သည်ဟုမခံစားရပေ။
ချန်ကျုံးတွင် သွေးပြောင်းလဲခြင်းနတ်စွမ်းရည်မရှိသော်လည်း အသားဗိုက်ထဲရောက်သွားသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သူ မစားတော့ဘဲ တူကိုလေထဲတွင် တန်းလန်း ရပ်ထားလိုက်၏။
"အစစ်မှန်ပုဂ္ဂိုလ်... ကိစ္စလေး အရင် ပြောကြရအောင်လား"
ရှန်းယီ တူကို ချလိုက်ပြီး စားပွဲတစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်၏။
"မလုပ်နဲ့၊ မင်းတို့ တကယ် စားမှ ဖြစ်မယ်၊ မဟုတ်ရင် ငါပြောရတာ အားနာလို့ပါ"
ချင်းဖုန်းကျန်းရမ်က လက်ကာပြလိုက်ပြီး အသားတုံးများကို မျိုချလိုက်၏။
သူ့ပန်းကန်ပြားပြောင်သွားမှသာ တိတ်ဆိတ်နေသော တစ်ဖက်မှလူနှစ်ဦးကို မော့ကြည့်လိုက်ပြီး လက်လျော့လိုက်သလို ပြောလိုက်၏။
"တကယ်တော့ ဒါက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။ ဒီနေ့ ငါလာတာ အဓိကက သူ့အတွက်ပဲ"
သူက ချန်ကျုံးကို လက်ညှိုးထိုးပြလိုက်၏။
"အမ်"
ချန်ကျုံး အံ့သြတကြီး မော့ကြည့်လိုက်၏။
နောက်တစ်ခဏတွင် အဖိုးအို၏ မျက်နှာသည် သေလူတစ်ယောက်လို ဖြူလျော့သွားလေသည်။
"စားပြီးတာနဲ့ မဟာချန်ကိုသာ ပြန်လိုက်တော့၊ ပြီးရင် နှစ်ပေါင်း ရာချီလောက် အပြင်မထွက်ဘဲ နေလိုက်ပါ"
ချင်းဖုန်းကျန်းရမ်သည် လက်များကို အင်္ကျီလက်စဖြင့် သုတ်လိုက်သည်။
"ငါ့စီနီယာအစ်ကိုက သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ်ကို တိုက်ရိုက် သတ်ဖြတ်လိုက်တယ်လေ။ အခု မင်းတို့စားလိုက်တာ အဲဒီအသားပဲ။ငါ သူ့ကို ဖျောင်းဖျလို့ မရခဲ့ဘူး။သူက ခေါင်းမာတဲ့ စရိုက်ရှိတယ်၊ဘယ်သူပဲ သူ့ကို စိတ်အနှောင့်အယှက် ပေးပေး သတ်ပစ်တတ်တယ်"
"နတ်ဆိုးတစ်ထောင်ဂူက ဝူထုံတောင်ပေါ်မှာတော့ သောင်းကျန်းရဲမှာ မဟုတ်ဘူး"
"ရွှမ်ကွမ်းဂူဘာဖြစ်သွားလဲ မင်းတို့ မြင်တယ်မလား၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ပုဂ္ဂိုလ်ကြီးက သေဆိုသေလိုက်ရတာပဲ"
"ဒါပေမဲ့ ငါ အစိုးရိမ်ဆုံးက မင်းတို့ မဟာချန်ပဲ၊ သိုင်းဘုံကျောင်းက ရွှေရောင်ခန္ဓာကိုယ် တွေက နန်းတော်ကနေ ထွက်ခွာလို့ မရဘူးမလား။ မင်းတို့ ဘိုးဘေးတွေကလည်း အိပ်ပျော်နေတုန်းပဲ၊ ပြီးတော့ နယ်မြေကလည်း အရမ်းကျယ်တယ်... ကျွတ် ကျွတ်"
မူးမေ့လုနီးပါး ဖြစ်နေသော ချန်ကျုံးကို ကြည့်ရင်း...
ချင်းဖုန်းကျန်းရမ်က အနေခက်စွာ အကြံပေးလိုက်၏။
"တကယ်တော့ အဲဒီလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ၊ သူတို့ ငါ့စီနီယာအစ်ကို နောက်ကိုပဲ လိုက်ကောင်း လိုက်ကြမှာပါ"
တကယ်ပင် မဖြစ်နိုင်ဘူးလော။
ချန်ကျုံးသည် သတိမလစ်အောင် အပြင်းအထန် ကြိုးစားနေရ၏။ နီကျွင်း သို့မဟုတ် မဟာချန်... မည်သူက ပိုပြီးအင်အားနည်းသည့်ပစ်မှတ်ဖြစ်ကြောင်း စဉ်းစားနေမိသည်။
ဤအရာက နှိုင်းယှဉ်စရာပင်လိုသေးသည်လော။
၁၉ ခုမြောက်ဂူမှ သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ် ဤအတိုင်းသေဆုံးသွားခဲ့ပြီ... ထိုအတူ ခုမတိုင်ခင်ကလည်း အမွှေးဖြူနတ်ဆိုးဧကရာဇ်လည်း ယခုလိုအဖြစ်မျိုးကြုံခဲ့ရသေး၏။
နတ်ဆိုးတစ်ထောင်ဂူ ရူးသွပ်သွားလိမ့်မည်။
ကျိုကျိုးနယ်မြေကြီးက အားနည်းချက်များဖြင့် ပြည့်နှက်နေရာ၊ ကာကွယ်ချင်လျှင်ပင် ကာကွယ်ရန်မဖြစ်နိုင်ပေ။
"ငါ့ဝူထုံတောင်က လုပ်ရပ်တစ်ခုအတွက် တာဝန်ယူဖို့ ရှောင်ပြေးတတ်တဲ့အထဲမှာ မပါဘူး။ ငါ့ရဲ့စီနီယာ အစ်ကို၊ အစ်မ တော်တော်များများ သီးသန့်ကျင့်ကြံရာကနေ ထွက်လာကြပြီး နတ်ဆိုးတစ်ထောင်ဂူရဲ့ဒေါသကို တတ်နိုင်သမျှ ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်"
"ဘာပဲဖြစ်ဖြစ်... မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ အကောင်းဆုံးပါပဲ" ချင်းဖုန်းကျန်းရမ်ခေါင်းခါလိုက်၏။
နတ်ဘုရားများတိုက်ခိုက်ကြလျှင် လူသားများမြေစာပင် ဖြစ်ရစမြဲပင်။
ဤစကား မည်သည့်အချိန်ကမှ အနှစ်သာရမရှိသောစကားမဟုတ်ခဲ့ပေ။
စီနီယာနီသည် နတ်ဆိုးများအား သတ်ဖြတ်ရုံသာရှိလေ၏။ သူက မကောင်းသောရည်ရွယ်ချက် မရှိပေ။ သူ့မျက်လုံးများ အပေါ်သို့သာအလွန်မော့ကြည့်နေရသဖြင့် ခြေထောက်အောက်ရှိ သာမန်လူတွေကိုမမြင်နိုင်တော့တာ ဖြစ်လိမ့်မည်။
"စီနီယာ... ချန်ကို ပြန်ခွင့်ပြုပါဦး"
ချန်ကျုံး တုန်တုန်ရီရီ မတ်တတ်ရပ်လိုက်ပြီး ရှန်းယီကို မသက်မသာ ဦးညွှတ်ကာ အောက်ထပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလေ၏။
"မင်းမျက်နှာကရော ဘာလို့ အဲ့လောက်ထိပျက်နေရတာလဲ"
ချင်းဖုန်းကျန်းရမ် သက်ပြင်းချလိုက်ပြီး သူ့ရှေ့မှ လူငယ်လေးကို စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဟုတ်လို့လား"
ရှန်းယီသည် အမဲသားကို ပြန်ကောက်ယူပြီး ပါးစပ်နားသို့ ယူဆောင်သွားလိုက်၏။ သူ့မျက်လုံးများတွင် မည်သည့် အနှောင့်အယှက်မှ မရှိပေ။
"ငါ အထင်မှားတာ နေမှာပါ"
ချင်းဖုန်းကျန်းရမ် ဖျော့တော့စွာ ပြုံးလိုက်၏။နောက်ဆုံးတွင် သူ၏နုပျိုသော မျက်နှာပေါ်၌ ဝူထုံတောင်၏ထူးခြားသော လက္ခဏာရပ် အငွေ့အသက်အနည်းငယ် ပေါ်ပေါက်လာခဲ့လေသည်။