← Chapters

ဝိညာဉ်အမြစ် သန့်စင်ခြင်း

Vol. 28 Ch. 277

ဝိညာဉ်အမြစ် သန့်စင်ခြင်း

Vol. 28 Ch. 277

ချင်းဖုန်းကျန်းရမ်၏စောင့်ကြည့်မှုအောက်တွင် ရှန်းယီသည် ချန်ကျုံး၏ အမဲသားဟင်းပွဲနှင့် သူ၏ဝေစုကို တိတ်ဆိတ်စွာ စားသောက်ပြီးစီးလိုက်သည်။

အစားအစာများတွင် ပါဝင်သော ဆေးဖက်ဝင်ဂုဏ်သတ္တိများကို တာအိုဝိညာဉ်က စုပ်ယူလိုက်ပြီး နတ်ဆိုးဧကရာဇ်အသား၏အဆီအနှစ်မှာ နတ်ဆိုးသွေး ၁၂ စက်အဖြစ် ပြောင်းလဲကာ ချီပင်လယ်ထဲသို့ စုစည်းသွားသည်။

သူသည် တူကို ချလိုက်၏။သူ့မျက်နှာထားမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

ဝူထုံတောင်မှ ပေးလိုက်သော သတင်းအချက်အလက်သည် ရှန်းယီ၏အစီအစဉ်များကို အမှန်တကယ်ပင် ကမောက်ကမ ဖြစ်စေခဲ့ကြောင်း ဝန်ခံရပေမည်။

မဟာချန်မင်းဆက်သို့ ချက်ချင်း ပြန်သွားချင်စိတ်တောင် ဖြစ်ပေါ်မိလေ၏။

ရှန်းယီအတွက် လက်ရှိ မဟာချန်မင်းဆက်၏ အရေးပါမှုသည် အထူးပြောနေစရာ မလိုလောက်အောင်ပင်၊ ၎င်းသည် အခြေခံအုတ်မြစ်တစ်ခုနှင့် တူသည်။

ကျိုကျိုးဒေသကြီးပြိုလဲသွားပြီး လုံလောက်သော အမွှေးတိုင်ယုံကြည်မှုစွမ်းအား မရှိတော့ပါက ရွှေခန္ဓာကိုယ်သည် တစ်လက်မမျှပင် တိုးတက်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ ထိခိုက်ပျက်စီးသွားပါက ထိုဒဏ်ရာသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ပြန်လည်ပြုပြင်၍ ရမည်မဟုတ်ပေ။

၎င်းသည် နှစ်ပေါင်းသောင်းချီသော နတ်ဆိုးသက်တမ်းများကို စုစည်းပြီးမှ တစ်ခါသုံးပစ္စည်းအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဤအရာအား သူ လက်မခံနိုင်ပေ။ သို့သော် စိတ်ကို အနည်းငယ် ငြိမ်သက်အောင် ထားပြီးနောက် ရှန်းယီ၏ရင်ထဲတွင် အေးစက်မှု တစ်ခု ကြီးထွားလာသည်။

အကယ်၍ သူသာ တကယ်ပဲ ပြန်သွားပြီး ကာကွယ်ရေးတာဝန် ယူလိုက်မည်ဆိုလျှင်၊ဤအရာက သူ့ကိုယ်သူရော မဟာချန်မင်းဆက်ကိုပါ နှေးကွေးသော သေဆုံးခြင်းဆီသို့ ဦးဆောင်သွားသလို ဖြစ်လိမ့်မည်။

နတ်ဆိုးတစ်ထောင်ဂူက မည်သည့်အချိန်တွင် လက်စားချေမလဲ၊ မည်သည့်နေရာမှတိုက်ခိုက်မလဲဆိုတာ မည်သူမှ မသိနိုင်ပေ။

ချင်းဖုန်းကျန်းရမ် ပြောသလိုပင် နတ်ဆိုးတစ်ကောင်အတွက် နှစ်ရာပေါင်းများစွာ စောင့်ပြီး လက်စားချေရတာက ကြာမြင့်တယ်လို့ မယူဆပေ။

အကယ်၍သူသာ မဟာချန်မင်းဆက်တွင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရပါက၊ ထိုနေရာရှိ အရင်းအမြစ်များဖြင့် ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် လုပ်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် အစွမ်းကုန်ကြိုးစားလျှင်ပင် လီပြည်နယ်မှ ချင်းပြည်နယ်သို့ ခရီးသွားရန်မှာ တစ်ညတည်းနှင့် ရောက်နိုင်သည့် ကိစ္စမဟုတ်ပေ။ မြို့တစ်မြို့လုံးကိုသတ်ဖြတ်ရန် ရည်ရွယ်ထားသော နတ်ဆိုးဧကရာဇ်တစ်ပါးအတွက် အချိန်များစွာ မလိုအပ်ပေ။

သူသည် မဟာချန်မင်းဆက် တစ်လျှောက်လုံး အရေးပေါ်အခြေအနေများကြောင့် ဟိုပြေးဒီပြေးဖြင့် ကစားခံနေရသော အိမ်စောင့်ခွေးတစ်ကောင်လို ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့သော နွံအိုင်ထဲတွင် ပိတ်မိသွားပါက ရှန်းယီသည် အကြီးမားဆုံး ပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုအရာကတော့... သူ၏ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာမတိုးတက်နိုင်တော့ပါက သူတောင့်ခံထားနိုင်ပါ့မည်လော ဆိုတာပင်။

နတ်ဆိုးတစ်ထောင်ဂူ၏အဆင့် ၄၂ ရှိသော ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ဒဏ်ရာအပြင်းအထန် ရထားသည့် အခြေအနေမှာပင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ကြီးမားသော စိန်ခေါ်မှု ပေးနိုင်ခဲ့သည်။

မျက်နှာချင်းဆိုင် တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အရေး ရှိဖို့ဆိုလျှင် အနည်းဆုံး ပေ ၃၀ အမြင့်ရှိသော ရွှေခန္ဓာကိုယ် လိုအပ်၏။

လက်ရှိ လက်ထဲတွင်ရှိသော နတ်ဆိုးသက်တမ်း နှစ်သောင်းကျော်ဖြင့် ပေ ၃၀ အမြင့် ရွှေခန္ဓာကိုယ်အဖြစ်ချိုးဖျက်ဝင်ရောက်နိုင်ရန် မျှော်လင့်ခြင်းကပင် အကောင်းမြင်လွန်းရာ ကျနေပြီဖြစ်သည်။

အကယ်၍ နတ်ဆိုးတစ်ထောင်ဂူက ထိပ်ဆုံးအဆင့် ၄၀ ဝင် နတ်ဆိုးဧကရာဇ် တစ်ပါးလောက်ကို လွှတ်လိုက်လျှင်ပင် ရှန်းယီ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

၁၉ ခုမြောက် ဂူမှ သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ် ကျဆုံးသွားပြီဖြစ်ရာ၊ နတ်ဆိုးတစ်ထောင်ဂူအနေဖြင့် အရူးများ မဟုတ်လျှင် လူကြီးမလာခင် ကလေးလွှတ် သည့် မိုက်မဲသော လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ပေ။

အမှန်တော့ သိပ်စဉ်းစားနေစရာပင်မလိုဘဲ လက်တွေ့ကျသော အဖြေကိုလွယ်လွယ်ကူကူ ရနိုင်ပါသည်။

သူ ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

ထိုနေရာ၌အမွှေးတိုင်ယုံကြည်မှုစွမ်းအား ရှိနေရုံသာမက ရှန်းယီနှင့် ရင်းနှီးသော မိတ်ဆွေအချို့နှင့် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သော ဝူသိုင်းဘုံကျောင်းမှ တပည့်များလည်း ရှိနေ၏။

ရှန်းယီသည် ကြီးမားသော အမွှေးတိုင်ယုံကြည်မှုစွမ်းအားကို ယူဆောင်သွားခဲ့သော်လည်း ယခင်က ပေးခဲ့သောကတိများကို မတည်နိုင်ခဲ့ပေ။

"ဟူး..."

သူ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ကျန်းချိုလန် ခံစားခဲ့ရသည်များကို ထပ်မံ ခံစားလိုက်ရပြန်သည်။

သူမသည် သူမ၏ကြိုးစားအားထုတ်မှုများကို တစ်ခါမျှ မရပ်တန့်ခဲ့သော်လည်း အချိန်လုံးဝ မလုံလောက်ကြောင်း တွေ့ရှိခဲ့ရသည်။

ကျိုကျိုးဒေသကြီး ကျယ်ဝန်းလွန်းလှသည်။ အစောင့်အကြပ်ချထားခြင်းကို အားကိုးခြင်းသည် နောက်ဆုံးနည်းလမ်းသာ ဖြစ်သည်။

မဟာချန်မင်းဆက်ကို အမှန်တကယ် ကာကွယ်ရန်အတွက် လိုအပ်သည်မှာ ဂုဏ်သတင်းကျော်ကြားမှုပင်။

နတ်ဆိုးတစ်ထောင်ဂူအနေဖြင့် ကြားလိုက်ရုံနှင့် တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် ဂုဏ်သတင်း၊အနည်းငယ်မျှ ကျူးကျော်လာသူ မည်သူ့ကိုမဆို လုံးဝ သုတ်သင်ပစ်နိုင်မည့် စွမ်းအားမျိုး လိုအပ်သည်။

နီကျွင်းနှင့် ဝူထုံတောင်တို့ကဲ့သို့ပင်။ နွားနတ်ဆိုးကို သတ်ဖြတ်ပြီးသည့်တိုင် နတ်ဆိုးတစ်ထောင်ဂူသည် သူတို့၏မဟာမိတ်များကိုသာ အရေးယူရဲလေ၏။

"ကျွန်တော် စားပြီးပါပြီ၊ တခြား ကိစ္စများ ရှိပါသေးလား ကျန်းရမ်"

ရှန်းယီ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားကို အနည်းငယ် ပြင်ဆင်လိုက်၏။

"ငါက မင်းကို တွေ့ချင်ရုံ သက်သက်ပါ၊ အခု တွေ့ပြီးပြီပဲ"

ချင်းဖုန်းကျန်းရမ် ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်သည့် အမူအရာ လုပ်လိုက်သည်။

ဟွမ်ယွမ်အဆင့် အရှင်သခင်များစွာ၏ လေးစားမှုကို ရယူနိုင်သော လူငယ်တစ်ဦးသည် အမှန်တကယ်ပင် တွေ့ဆုံရကျိုး နပ်ပေသည်။

နတ်ဆိုးဧကရာဇ်၏အသားသည်လည်း သူ့စီနီယာအစ်ကို၏ရတနာတစ်ခုဖြစ်ပြီး ကောင်းမွန်သော ကံတရား အဆက်အစပ်တစ်ခု တည်ဆောက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤမျှသာပင်။

ရှန်းယီ၏ပါရမီကို သတိပြုမိသောအခါ ဂိုဏ်းတိုင်းလိုလိုက ကမ်းလှမ်းမှုများ ပြုလုပ်ချင်ကြသော်လည်း ဝူထုံတောင်ကတော့ ချွင်းချက် ဖြစ်သည်။

သူတို့၏ဂိုဏ်းတူ ၁၂ ယောက်ထဲတွင် တစ်ယောက်ချင်းစီသည် နှစ်သောင်းချီကာလအတွင်း မသေမျိုးဂိုဏ်းကြီးတစ်ခုလုံး၏ အတောက်ပဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။

လင်းလက်နေသော လမင်းကြီး၏ တောက်ပမှုအောက်တွင် တလက်လက်တောက်ပနေသော ကြယ်များသည်ပင် မှေးမှိန်သွားရစမြဲပင်။

"ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"

ရှန်းယီ ခေါင်းအနည်းငယ် ငြိမ့်ပြပြီး အောက်ထပ်သို့ လှည့်ဆင်းသွား၏။

ရှစ်မျက်နှာ စားသောက်ခန်းမပိုင်ရှင်သည် အပြင်တွင် စောင့်နေပြီး မျက်လုံးဖြင့် တိတ်တဆိတ် အချက်ပြလိုက်သည်။

မေ့ရှီးယောင် ခေါင်းငြိမ့်လိုက်ပြီး အနက်ရောင်ဝတ်လူငယ်လေးနောက်သို့ လိုက်သွားကာ တတိယထပ်သို့ ရောက်သောအခါမှ နူးညံ့သောအသံဖြင့် ပြောလိုက်၏။

"စီနီယာရှန်း... စောစောက ပြစ်မှားမိတာတွေအတွက် တောင်းပန်ပါတယ်၊ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်"

အားကိုးရာမဲ့သော အပြုံးတစ်ခုဖြင့် သူမက ဆက်ပြောသည်။

"မဟာချန်ကအရှင်သခင်တွေတောင်မှ ဒီလောက် ထိတ်လန့်နေကြတာ၊ ကျွန်မတို့ရဲ့ သာမန် စားသောက်ဆိုင်လေးဆိုရင် ပြောစရာတောင် မလိုပါဘူး"

အကယ်၍ နီကျွင်း၏လုပ်ရပ်ကြောင့် နတ်ဆိုးများက လက်တုံ့ပြန်လာလျှင် အနည်းဆုံးတော့ မဟာချန်သည် မဟာမိတ်ဖြစ်နေသေးသဖြင့် လုံးဝ မသက်ဆိုင်ဘဲ နေမည် မဟုတ်ပေ။

သို့သော် ရှစ်မျက်နှာစားသောက်ခန်းမသည် တကယ့်ကို အပြစ်မဲ့သော သားကောင် ဖြစ်သွားရ၏။

သူတို့သည် ထမင်းချက်များ သက်သက်သာ ဖြစ်သော်လည်း နတ်ဆိုးတစ်ထောင်ဂူကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကြီးကို တစ်နည်းနည်းဖြင့် ပြစ်မှားမိသလို ဖြစ်သွားသည်။

အကျိုးအကြောင်း ရှင်းပြစရာ လူမရှိပေ။

မေ့ရှီးယောင် သက်ပြင်းချလိုက်၏။

"ဒီလောကကြီးမှာ အားနည်းသူတွေက အားကြီးသူတွေကို မှီခိုရတယ်၊ သူတို့ရဲ့ကာကွယ်မှုကို ခံယူရင်းနဲ့ တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုး ခံစားရမယ့် အန္တရာယ်ကို ယူရတာပေါ့၊ ဒါက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ အဲဒီအရှင်သခင်အတွက် သိပ်ပြီး စိုးရိမ်မနေပါနဲ့"

"..."

ရှန်းယီ ပြန်မဖြေဘဲ ခေါင်းအနည်းငယ်သာ ငြိမ့်ပြလိုက်၏။

အမှန်ပင် ဤအရာက အမှန်တရားဖြစ်သည်။

သူ ချင်းဟွာသခင်မကို သတ်ခဲ့စဉ်ကလိုပင်၊ နီကျွင်းက သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ပေးထားလို့သာ သူယခုထိ ဘေးကင်းကင်းရှိနေနိုင်ခဲ့လေ၏။

နီကျွင်းမှ ရန်သူအားထိန်းထားပေးစဉ် လူကောင်းဖြစ်ပြီး နတ်ဆိုးကိုသတ်လိုက်တော့မှ လူဆိုးဖြစ်သွားသည်ဟု ပြော၍မရပေ။

နီကျွင်းသည် ဝူထုံတောင်မှ လူတစ်ယောက်သာ ဖြစ်ပြီး မဟာချန်ကငှားရမ်းထားသော သက်တော်စောင့် မဟုတ်ပေ။

သို့သော်လည်း သူ့အတွက်အချိန် သိပ်မကျန်တော့ပါဘူး။

ရှန်းယီ မြေညီထပ်သို့ ရောက်သောအခါ လူအုပ်ကြီးက အားချင်းကို ဝိုင်းရံပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။

သူမ၏ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်သော ကျင့်ကြံသူအများအပြားနှင့် ရင်ဆိုင်နေရသော်လည်း သူမသည် တည်ငြိမ်နေပြီး စနစ်တကျ ရှိသော အမူအရာဖြင့် သူတို့လဲလှယ်လိုသည့် ပစ္စည်းများကို တစ်ယောက်ချင်းစီ မေးမြန်းနေသည်။

အားချင်းကို မနှောင့်ယှက်တော့ဘဲ ရှန်းယီသည် ရှစ်မျက်နှာစားသောက်ခန်းမမှ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။

သူသည် ချိုင့်ဝှမ်းအတွင်း တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်၏။

ခြေချိတ်ထိုင်လိုက်ပြီး မာကွမ်းရှန်းထံမှ ရရှိခဲ့သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ အဖုံးဖွင့်ပြီး အတွင်းမှခရမ်းရောင် ကျောက်တုံးငယ်လေးကို ကြည့်လိုက်သည်။

စကားပုံအတိုင်းဆိုရလျှင် ဝက်သားမစားဖူးလျှင်ပင် ဝက်ပြေးသည်တော့ မြင်ဖူးလိမ့်မည်။

ရှန်းယီသည် ကနဦးအဆင့်တွင်သာ ရှိသေးသော်လည်း အရှင်သခင် အများအပြားကို သတ်ဖြတ်ခဲ့ဖူးပြီး တာအိုဝိညာဉ်များကို သေချာစွာ လေ့လာခဲ့ဖူးသဖြင့် ဤအဆင့်နှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ နားလည်မှု ရှိသည်။

တာအိုဝိညာဉ်သည် မိုးမြေ၏အရှိန်အဝါများ စုစည်းရာမှ ဖြစ်ပေါ်လာပြီး လုံလောက်သော အခြေခံအုတ်မြစ်များစုဆောင်းကာ အမြုတေကို ခွဲခြမ်းပြီးနောက် ကနဦးအဆင့်သို့ ဝင်ရောက်သည်။

ကနဦးအဆင့်နှင့် အလယ်အလတ်အဆင့် ကြားတွင် လိုအပ်နေသည်မှာ ဝိညာဉ်အမြစ် တစ်ခုသာ ဖြစ်လေ၏။

ကျန်းချိုလန်က အရှင်သခင်တစ်ယောက်၏ လမ်းစဉ်ဟာ နားလည်ရခက်ကြောငါး ပြောခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

ကွဲပြားခြားနားသော ဝိညာဉ်အမြစ်များနှင့် တာအိုဝိညာဉ်များပေါင်းစပ်ပြီး ထူးခြားပြီး အတုယူ၍ မရနိုင်သော လမ်းစဉ်များကို ဖန်တီးကြသည်။

ရှန်းယီသည် အစစ်အမှန်သူရိယချီလင်ကျောက်တုံး ကိုထုတ်ယူလိုက်ပြီး မျက်လုံးမှိတ်ကာ ခေတ္တမျှ ပွတ်သပ်ကြည့်လိုက်၏။

မကြာမီ ၎င်းအပေါ်တွင်ပါးလွှာသော ကန့်သတ်ချက်တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။

သူသည် အသက်ရှူနှုန်းကို မြှင့်တင်ပြီး ၎င်းကို ရိုက်ခတ်လိုက်၏။

နောက်တစ်ခဏတွင် ခရမ်းရောင်ကျောက်တုံးသည် ရုတ်တရက် သားရဲတစ်ကောင်၏အော်မြည်သံကို ထုတ်လွှတ်လိုက်ပြီး ရွှေရောင်မီးတောက်များ ထွက်ပေါ်လာသည်။

မီးတောက်၏အူတိုင်ထဲတွင် ထူးဆန်းသော ခရမ်းရောင် အလင်းတန်းများ ပါဝင်နေ၏။ ၎င်းသည် ပျက်စီးနေသော အသက်စွမ်းအား၏ အစွန်းအထင်းများ ဖြစ်သည်။

ခရမ်းရောင်မီးတောက်များသည် ရှန်းယီ၏ လက်ဖဝါးပေါ်တွင် တရှဲရှဲမြည်ကာ လောင်ကျွမ်းနေသည်။ လက်ရှိ ခန္ဓာကိုယ်သန့်စင်ထားမှုနှင့် ရေခဲကျောက်စိမ်းရွမ်ပိုးမျှင်လက်၏ကာကွယ်မှု ရှိပါလျက်နှင့်ပင် သက်မဲ့ပစ္စည်းတစ်ခု၏လွှမ်းမိုးမှုအောက်တွင် နာကျင်မှုကို ခံစားနေရသည်။

ဤအရာက ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်တစ်ခု၏ စွမ်းအားပင်။

အရှင်သခင်တစ်ယောက်အတွက် တာအိုဝိညာဉ်သည် စစ်မှန်သောကိုယ်ပိုင်အနှစ်သာရဖြစ်လေ၏။

ယခု ရှန်းယီ လုပ်ရမည်မှာ ဤကဲ့သို့ အန္တရာယ်များသော အရာဝတ္ထုကို သူ၏တာအိုဝိညာဉ်နှင့် အတင်းအကျပ် ပေါင်းစပ်ရန် ကြိုးစားရမည် ဖြစ်သည်။

အကယ်၍ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင်...

ဒေါင်းဘုရင်၏ အနီရောင်အလင်းတန်းဖြင့် ကုသနိုင်မည့် အရာမျိုး မဟုတ်တော့ပေ။

All Chapters