← Chapters

တိုက်ပွဲ

Vol. 14 Ch. 147

တိုက်ပွဲ

Vol. 14 Ch. 147

ချောက်ကမ်းပါးကြီးအစွန်တွင် ခုန်မင် မတ်တတ်ရပ်နေလေသည်။

သူဝတ်ဆင်ထားသည့် အပြာနုရောင်ဝတ်စုံက လေထဲတွင်လွင့်ပျံနေပြီး သူ၏မျက်ဝန်းအစုံက အတွေးထဲလွင့်မျောလျှက် ရှိသည်။

တစ်နေ့မှာတော့ သူသည်လည်း အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်အဆင့်သို့ သေချာပေါက်တက်လှမ်းမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

လက်ရှိ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲကတော့ သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကိုစစ်ဆေးသည့် ပွဲတစ်ခုသာ ဖြစ်ပေသည်။

ရှန်ရှင်းယွင်နှင့် ချိန်းဆိုထားသည့် အချိန်ရောက်ရန် (၁၀)ရက်ကျော် လိုသေးသည်။

ရှန်ရှင်းယွင် ဖြတ်ကျော်ရောက်ရှိလာမည့် စွမ်းအားလမ်းကြောင်းဝင်ပေါက်က ဗဟိုချက်နှင့်ဝေးကွာသည်ဆိုပါက သူ့အနေဖြင့် ဤနေရာသို့ရောက်ရန် အတော်လေး အချိန်ယူရပေမည်.

ထို့ကြောင့် ခုန်မင်က တောင်ကြားဗဟိုချက်မှာပင် လူသူမသိနိုင်သော လျှို့ဝှက်ကျောက်ဂူတစ်ခုရှာဖွေကာ ခိုအောင်းရန် စီစဉ်လိုက်၏။

သူက ကျောက်ဂူထဲတွင် ကျင့်ကြံခြင်းပြုလုပ်ရင်း စုဆောင်းရရှိလာသည့်ပစ္စည်းများကို အစီအစဉ်တကျဖြစ်အောင် ပြန်လည်ထားသိုနေရာချလိုက်သည်။

ထိုသို့ဖြင့် အချိန် (၃)ရက် ကုန်ဆုံးသွားလေသည်။

ယနေ့မှာတော့ ခုန်မင်က ဒြပ်စင်စွမ်းအားကို စည်းချက်ကျကျစုပ်ယူရင်း ကျောက်တုံးထိန်းချုပ်ခြင်းနည်းစနစ်ကို ကျင့်ကြံနေလေသည်။

ထိုအချိန်...

အဝေးဆီမှ သတ္တုချင်းထိခိုက်မိသည့်အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုအသံများနှင့်အတူ စွမ်းအားအတက်အကျ မတူညီသည့် ဒြပ်စင်စွမ်းအားရိုက်ခတ်မှု လှိုင်းလုံးများကလည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။

ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေဟန် ရှိသည်။

ဖီးနစ်ကျဆုံးတောင်ကြားတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခြင်းက အဆန်းမဟုတ်ပေ။

ရန်ငြိုးဟောင်းရှိသူနှင့် လမ်းကြုံတွေ့ခြင်း ၊ ရင်းမြစ်ပစ္စည်းများလုယက်ခြင်း ၊ ပစ္စည်းလိုချင်၍ လူသတ်ခြင်း စသည်ဖြင့် မကောင်းသောစိတ်ဓာတ်များဖြင့် အသေအကြေ တိုက်ခိုက်လေ့ ရှိကြသည်။

ခုန်မင်လည်း အားယားနေသည်ဖြစ်ရာ တိုက်ပွဲကိုသွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူက ဖုံးကွယ်ခြင်းအတတ်ကို အသုံးပြုကာ စွမ်းအားရောင်ဝါကိုရုတ်သိမ်းလိုက်ပြီး အသံလာရာအရပ်သို့ ထွက်လာခဲ့သည်။

မကြာမီ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရျိလာလေသည်။

တိုက်ခိုက်နေသူက လူ(၄)ယောက်ဖြစ်ပြီး အားလုံးက ကျင့်ကြံခြင်းအဆင့် မြင့်မားကြသည်။

သို့သော် တိုက်ပွဲက ညီမျှခြင်းမရှိပေ။

နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၁)ယောက်နှင့် အလယ်ဆင့် ဆရာသခင်(၂)ယောက်တို့က နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

လူ(၃)ယောက် ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသူက မိန်းကလေးတစ်ယောက် ဖြစ်၏။

မိန်းကလေးက နှောင်းပိုင်းအဆင့် ဆရာသခင်ဖြစ်ပြီး ခေသူတော့ မဟုတ်ပေ။ သူမလက်ထဲတွင် ရေကဲ့သို့ကြည်လင်ပြီး အံ့သြဖွယ်ရာ ဒြပ်စင်စွမ်းအားများဖြာထွက်နေသည့် လှံရှည်တစ်စင်း ကိုင်ဆောင်ထားသည်။

ထိုလှံရှည်က သျောပေါက် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် တစ်ခုပင် ဖြစ်သည်။

ထိုလက်နက်ကြောင့်ပင် မိန်းကလေးက သုံးယောက်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေရခြင်းကို တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

သို့တိုင် သူမ အခြေအနေက အလွန်ဆိုးရွားနေဆဲပင်။

တိုက်ပွဲက လူအင်အားမမျှသည့်အပြင် သူမကျောထက်တွင်လည်း သတိမေ့နေသူတစ်ယောက်ကို ကျောပိုးထားရသေးသည်။

ထိုသို့ဝန်ထုပ်ဝန်ပိုးထမ်းထားရသည့်အတွက် သူမ၏အရည်အချင်းမှန်ကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်လုနီးပါး ဖြစ်နေရသည်။

ထိုသို့ ဝိုင်းရံတိုက်ခိုက်ခံနေရသည့် ‌နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ကို ခုန်မင် မှတ်မိလေသည်။

သူမက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ သူရဲကောင်း(၃)ယောက်မှ တစ်ဘောက်ဖြစ်သော ယောကျ်ားလေးဆန်ဆန် ရဲရင့်ဟန်ရှိသည့် ဆံပင်တိုတိုနှင့် မိန်းမပျို ဖြစ်သည်။

ခုန်မင်သိသလောက် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသည့် မိန်းကလေးကျင့်ကြံသူများတွင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၂)ယောက်သာ ရှိသည်။

ခုန်မင်မှာ အချိန်တိုအတွင်း ထိုမိန်းကလေးနှစ်ယောက်လုံးဖြင့် လာဆုံရသည်မှာ အတော်လေး အံ့သြစရာပင်။

ယောကျ်ားလေးတိုင်းက ကာကွယ်ပေးချင်နေသည့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ အချောအလှ ‘နတ်မိမယ်လေး’ နှင့်ယှဉ်လျှင် ဤမိန်းကလေးကတော့ ဆန့်ကျင်ဘက် အခြေအနေ ဖြစ်သည်။

သူမကတော့ ‌ယောကျ်ားလေးများ ဝိုင်းဝန်းတိုက်ခိုက်သည်ကို အသေအလဲ ခုခံနေရပြီး အလွန်အန္တရယ်များသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။

သူမ ကျောပိုးထားသူက မည်သူမှန်း မသိရသေးချေ။

ထိုသူကိုသာ စွန့်လွှတ်လိုက်မည်ဆိုပါက သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့် သူမလက်ထဲမှ ဒြပ်စင်စွမ်းလားဝိညာဉ်လက်နက်တို့ ပေါင်းစပ်လိုက်လျှင် ဤဝိုင်းဝန်းတိုက်ခိုက်မှုထဲမှ ဖောက်ထွက်ရန် မခက်ခဲပေ။

သို့သော် သူမကျောပိုးထားသူက သူမအတွက် အလွန်အရေးကြီးပုံရသည်။ တိုက်ပွဲက ပိုမိုအန္တရယ်များလာသည့်တိုင် မိန်းကလေးက ကျောထဲမှလူကို စွန့်လွှတ်ရန် အရိပ်အယောင်မပြပေ။

မိန်းကလေးကို ဝိုင်းဝန်းတိုက်ခိုက်နေသူ (၃)ယောက်ကတော့ ခုန်မင်နှင့် သိပ်မရင်းနှီးသည့် တောရိုင်းဒေသမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

သူတို့ထဲမှ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်က အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး ကွင်းကိုးကွင်းပါရှိသော ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားသည်။

ထိုဓားက ဝိညာဉ်လက်နက်မဟုတ်သည့်တိုင် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားလက်နက်တစ်ခု ဖြစ်ပေရာ မိန်းမပျို၏ လှံရှည်နှင့် ကောင်းစွာရင်ဆိုင်နိုင်သည်။

ကျန်ရှိသည့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် နှစ်ယောက်က ထိုသူကို ကူညီတိုက်ခိုက်ပေးနေခြင်း ဖြစ်သည်။ သူတို့ မိန်းမပျိုကို ဘေးမှနေပြီး အခြေခိုင်မှုပျက်ပြားစေရန် သူမ၏အောက်ပိုင်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ထိုသို့ အခြေအနေဆိုးရွားနေသည့်တိုင် မိန်းမပျို၏မျက်နှာက ခံစားချက်ကင်းမဲ့စွာဖြင့် တည်ငြိမ်နေဆဲ ဖြစ်သည်။

ယခုကဲ့သို့ သေခြင်းရှင်ခြင်း အဆုံးအဖြတ်ပေးမည့်တိုက်ပွဲမျိုး ရင်ဆိုင်နေရသည့်တိုင် သူမစိတ်ဓာတ်က တစ်ချက်လေးပင် ယိမ်းယိုင်ဟန်မရှိပေ။

တောရိုင်းဒေသ မျိုးနွယ်စုဝင်က အဆက်မပြတ်တိုက်ခိုက်နေသည့်အပြင် ပါးစပ်မှလည်း ဆဲဆိုကြိမ်းဝါးနေသေးသည်။

“နင့်လို မိန်းမယုတ်ရော ၊ နင့်ရဲ့သူခိုးကောင်ရော ခွေးသေဝက်သေ သေရစေမယ် ၊ ငါ့ညီအတွက် လက်စားချေဖို့ နင်တို့နှစ်ယောက်လုံးကို သတ်ပစ်မယ် ၊ နင်တို့ခိုးသွားတဲ့ ရတနာတွေကို ငါ့ကိုကူတိုက်ပေးနေတဲ့ ညီနောင်နှစ်ယောက်ကိုပေးလိုက်မယ် ၊ ငါလိုချင်တာက နင်တို့ဦးခေါင်းနဲ့ နင့်ရဲ့လှံရှည်ပဲ”

သို့ပေသိ ‘မိန်းမယုတ်’ ‘သူခိုး’ စသည့် ရိုင်းစိုင်းသည့်စကားများက မိန်းမပျိုကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခြေ။

သူမ၏လှံရှည်က ကခုန်သကဲ့သို့ လှုပ်ရှားနေပြီး သူမ၏ခန္ဓာကိုယ်ထက်တွင်လည်း တောက်ပသည့် အလင်းရောင်ဒိုင်းကာတစ်ခုကိုဖန်တီးကာ ရန်သူများ အနားကပ်မလာနိုင်အောင် ဟန့်တားထားသည်။

သူမ ကျောပိုးထားသောသူသာ မရှိပါက သူမအနေဖြင့် ယခုထက်ပိုပြီး စွမ်းအားမြင့်မားစွာ တိုက်ခိုက်နိုင်ပေမည်။

ထိုအချိန် မိန်းမပျို၏ဟာကွက်ကို ရိပ်မိသွားသော နှောင်းပိုင်းအဆင့် ဆရာသခင်က သူ့လူနှစ်ယောက်ကို လှမ်းအော်ပြောလိုက်သည်။

“ညီနောင်တို့... သူ့ရဲ့အောက်ပိုင်းကို မတိုက်နဲ့တော့ ၊ သူကျောပိုးထားတဲ့ကောင်ကို ပစ်မှတ်ထားပြီး တိုက်ကြစမ်း ၊ ဒီကောင်မက အဲဒီကောင်နဲ့ သူ့အသက် ဘယ်သူ့ကိုပိုချစ်သလဲ ကြည့်ရတာပေါ့”

ထို့စကားကြားသည်နှင့် ကူညီတိုက်ခိုက်ပေးနေသည့် အလယ်ဆင့် ဆရာသခင်နှစ်ယောက်က ချက်ချင်းပင် တိုက်ကွက်ပြောင်းလဲလိုက်ကြသည်။

ကျောပိုးထားသည့်လူငယ်ကို ပစ်မှတ်ထား တိုက်ခိုက်ခံရသည့်အခါ မိန်းမပျိုအတွက် ဖိအားများ ပိုမိုများပြားလာသည်။

သူမက နေရာအနှံ့မှ ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို အသည်းအသန် ခုခံကာကွယ်ရင်း နောက်ဆုံးမှာတော့ ဒေါသတကြီး အော်ဟစ်လိုက်၏။

"နင်တို့ ယုတ်မာလှချည်လား...”

တိုက်ပွဲကိုကြည့်နေသည့် အချိန်တစ်လျှောက် မိန်းမပျိုစကားပြောသည်ကို ခုန်မင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သူမရုပ်သွင်က ယောကျ်ားလေးဆန်ဆန် ရဲရင့်သောအသွင်ရှိသော်လည်း သူမ၏အသံကတော့ မိန်းကလေးတစ်ယောက်ပမာ နူးညံ့နေဆဲပင်။

သို့သော် သူမ၏လေသံကတော့ သူမ၏မျက်နှာအမူအရာပမာ အလွန်တရာ အေးစက်လွန်းသည်။

ဤအတိုင်းဆက်သွားမည်ဆိုပါက အမွှေးတိုင်တစ်ဝက်စာ အချိန်လေးအတွင်းမှာပင် မိန်းမပျို ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း ခုန်မင် ရိပ်မိလိုက်သည်။

ခုန်မင်က သူမအပေါ် အနည်းငယ် အထင်ကြီးစိတ်လေးရှိလေရာ ဝင်ရောက် ကူညီသင့် မကူညီသင့် စဉ်းစားနေမိသည်။

ထိုအချိန် မိန်းမပျိုက ရုတ်တရက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ သူ့ကျောပေါ်မှလူက ယိမ်းခါသွားပြီး ဘေးတစောင်းမျက်နှာပေါ်လာလေသည်။

ထိုဘေးတစောင်းမျက်နှာကိုမြင်သည်နှင့် ခုန်မင် အတော်လေး ထိတ်လန့်တုန်လှုပ်သွားရသည်။

အမျိုးသမီး ကျောပိုးထားသူက အခြားသူမဟုတ်ပေ။

“ရှန်ရှင်းယွင်” ဖြစ်လေသည်။

ဘေးတိုက်မြင်လိုက်ရသည့်တိုင် ခုန်မင် သူ့ကို ကောင်းကောင်းမှတ်မိပေသည်။

ရှန်ရှင်းယွင်က သတိမေ့မျောနေပြီး မျက်နှာကလည်း သွေးရောင်မရှိ ဖြူဖျော့နေသည်။ ဒဏ်ရာအပြင်းအထန်ရထားသည်မှာ ထင်ရှားသည်။

အချိန်မီ ဆေးကုသမှုမခံယူဘဲ မိန်းကလေး၏ကျောပေါ်တွင် ဤသို့သာ ဆက်လက်ယိမ်းခါနေပါက တိုက်ပွဲမပြီးခင်မှာပင် အသက်ဆုံးသွားနိုင်၏။

ခုန်မင် ငြိမ်မနေနိုင်တော့ပေ။

သူက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ပုန်းအောင်းရာမှ ခုန်ထွက်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး မီးလျှံအလင်းတန်းများလွှမ်းခြုံသွားပြီး လေထဲတွင် မီးလျှံဥက္ကာခဲ (၁၀)ခုကျော်ခန့် ရုတ်ချည်း ထွက်ပေါ်လာသည်။

ထိုဥက္ကာခဲများက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၂)ယောက်ထံသို့ တဟုန်ထိုးဝင်ရောက်သွားသည်။

ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့ တက်ရောက်ပြီးနောက် ခုန်မင်၏ တိုက်ခိုက်မှုနှုန်းက ပို၍လျှင်မြန်လာကာ သူ၏ကျင့်စဉ်စွမ်းအားများမှာလည်း အတော်လေး အစွမ်းထက်လာ၏။

ဥပမာ - 'မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်' ဆိုလျှင် ယခင်က ခုန်မင်အနေဖြင့် မီးလျှံဥက္ကာခဲ (၄)ခုခန့်သာ ဖန်တီးနိုင်သော်လည်း ယခုတော့ (၁၀)ခုကျော်ကို တပြိုင်တည်း ဖန်တီးနိုင်ပြီဖြစ်သည်။

ထို့ပြင် မီးလျှံဥက္ကာခဲများ၏ အဖျက်စွမ်းအားကလည်း ယခင်ကထက် များစွာသာလွန်လာသည်။

ခုန်မင် ဝင်ရောက်တိုက်ခိုက်လိုက်သည့် အရှိန်အဟုန်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်(၂)ယောက်ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

ဗလာနယ်ထဲတွင် ဒြပ်စင်စွမ်းအားကို ပုံဖော်တိုက်ခိုက်နိုင်ခြင်းမှာ ဒြပ်စင်စွမ်းအား အရှင်သခင်အဆင့် ကျွမ်းကျင်သူများသာ တတ်စွမ်းနိုင်သည့်နည်းစနစ် မဟုတ်ပါလား။

ဖီးနစ်ကျဆုံးတောင်ကြားထဲသို့ ဘယ်တုန်းကများ ဒြပ်စင်စွမ်းအား အရှင်သခင်တစ်ယောက် ဝင်ခွင့်ရသွားပါသနည်း။

ကြောက်စိတ်ဝင်သွားသော အလယ်ဆင့် ဆရာသခင် (၂)ယောက်မှာ ခုန်မင်ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိကြတော့ပေ။ သူတို့ မြေပေါ်တွင်တစ်ချက်လှိမ့်လိုက်ပြီး ခုန်မင်၏ မီးလျှံဥက္ကာခဲများကို ရှောင်တိမ်းလိုက်သည်။

မီးလျှံဥက္ကာခဲ (၁၀)ခုကျော်က မြေပြင်ထက်သို တရစပ်ကျရောက်ပေါက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် မီးလျှံများ လေထုထဲ လွင့်ပျံထွက်လာသည်။

ထိုအချိန် ခုန်မင်၏ခန္ဓာကိုယ်ထက် အစိမ်းရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး 'လင်းယုန်တောင်ပံဝတ်ရုံ' ၏ အရှိန်မြှင့်စွမ်းအားကို အသုံးပြုကာ အလယ်ဆင့် ဆရာသခင်တစ်ယောက်အနားသို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိသွားသည်။

ထို့နောက် ထိုသူ၏ရင်ဝသို့ ရက်စက်စွာပင် လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ကျင့်ကြံခြင်းအဆင့် တူညီသည့်တိုင် သာမန် အလယ်ဆင့် ဆရာသခင်တစ်‌ယောက်က ခုန်မင်၏ဝိညာဉ်ခန္ဓာမှ ထွက်ပေါ်လာသောစွမ်းအားကို မည်သို့ခုခံနိုင်ပါမည်နည်း။

စူးရှတောက်ပသည့် အစိမ်းရောင်အလင်းတန်းက အလယ်ဆင့် ဆရာသခင်၏ရင်ဝမှ ဒြပ်စင်စွမ်းအား အကာအကွယ်ကို ဖောက်ထွက်သွားပြီး ခန္ဓာကိုယ်တွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

ခုန်မင်က 'လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်' ကို အသုံးပြုတိုက်ခိုက်လိုက်ခြင်းပင်။

သစ်သားဒြပ်စင်စွမ်းအားများ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် အဖျက်စွမ်းအားက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သစ်သားဒြပ်စင်စွမ်းအား ရောက်ရှိသွားသည့်နေရာတိုင်းတွင် ကိုယ်တွင်းအင်္ဂါးများ အပိုင်းပိုင်းဖြတ်တောက်သွားပြီး နှလုံးမှာလည်း သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ခုန်မင်၏ တိုက်ခိုက်ခြင်းခံရသော အလယ်ဆင့် ဆရာသခင်ကတော့ မည်သို့မှမတတ်နိုင်စွာ အသက်ပျောက်သွားပေပြီ။

သူ၏အလောင်းမှာ စုတ်ပြတ်နေသည့် သဲအိတ်တစ်လုံးပမာ မြေပြင်ထက်သို့ ပုံလျက်သားကျသွားပြီး လုံးဝ လှုပ်ရှားခြင်း မရှိတော့ပေ။

ခုန်မင်က ကျန်ရှိနေသော အခြား အလယ်ဆင့် ဆရာသခင်ကိုလည်း အလွတ်ပေးရန် အစီအစဉ် မရှိချေ။

သူက လက်ကောက်ဝတ်ကိုတစ်ချက်လှုပ်ယမ်းလိုက်ရာ လက်ထဲတွင် ယွမ်ရုန်ဒူးလေး ထွက်ပေါ်လာသည်။

ထို့နောက် လျှင်မြန်သော အရှိန်အဟုန်ဖြင့် မြား(၁၀)စင်းကို တရစပ် ပစ်လွှတ်လိုက်သည်။

ထိုသူက သူ၏အဖော် ခုန်မင်၏ လက်ဝါးရိုက်ချက်ဖြင့် အသက်ပျောက်သွားသည်ကို မသိရှိသေးပေ။

မြားလေတိုးသံကြားသည်နှင့် သူက ပင်ကိုယ်သိစိတ်ဖြင့် မြေပြင်ထက်လှိမ့်ချလိုက်ပြီး ပေ(၃၀) အကွာသို့ အလျှင်အမြန် ရှောင်တိမ်းလိုက်လေသည်။

All Chapters