နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကိုချက်ချင်းသတ်ဖြတ်ခြင်း
Vol. 14 Ch. 148
ထိုသူက ပေ(၃၀)အကွာထိ လှိမ့်ရှောင်လိုက်သော်လည်း သေမင်းလက်မှ လွတ်မြောက်ရန် မလုံလောက်ခဲ့ပေ။
ခုန်မင်က လျှပ်စီးလက်သည့်ပမာ ရိပ်ခနဲပင် ထိုသူ့အနားသို့ ရောက်ရှိသွားသည်။
သူ့လက်ထဲတွင် မြားကျည်ပြန်ဖြည့်ထားပြီးသား ယွမ်ရုန်ဒူးလေးက အသင့်ရှိနေပြီး ထိုသူ၏ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်ထားသည်။
မြေပြင်ထက် ပြားပြားဝပ်နေသော အလယ်ဆင့် ဆရာသခင်မှာ ခုန်မင်၏တိုက်ခိုက်မှု ထိုမျှပြတ်သားမည်ဟု ထင်မထားခဲ့ပေ။
မြေပြင်ထက်သို့ မြားချက်များကျရောက်လာကတည်းက ခုန်မင်၏လက်ထဲမှ ယွမ်ရုန်ဒူးလေး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိရှိခဲ့သည်။
ယခု ထိုအေးစက်သည့်လက်နက်ဖြင့် နဖူးတည့်တည့်သို့ အတေ့ခံလိုက်ရသည့်အခါ အလွန်ပင် ထိတ်လန့်ခြောက်ခြားသွားတော့သည်။
သူက ပြန်လည်ခုခံရန်ပင် မဝံ့ရဲဘဲ အသနားခံ တောင်းပန်လိုက်၏။
“အသက်ချမ်းသာပေး...”
သို့သော် ခုန်မင်က တိုက်ခိုက်ရန်ဆုံးဖြတ်ပြီးလျှင် ကရုဏာထားတတ်သူ မဟုတ်ပေ။
ထိုသူ “အသက်ချမ်းသာပေးပါ” ဆိုသော စကားကို ဆုံးအောင်မပြောနိုင်ခင်မှာပင် ခုန်မင်က ယွမ်ရုန်ဒူးလေးမောင်းတံကို ဆွဲညှစ်လိုက်ပြီ ဖြစ်၏။
ဤမျှနီးကပ်လွန်းသော အကွာအဝေးတွင် အလယ်ဆင့် ဆရာသခင်တစ်ယောက်အနေဖြင့် ယွမ်ရုန်ဒူးလေး၏ ပစ်ခတ်မှုကို မည်သို့တောင့်ခံနိုင်ပါမည်နည်း။
ဖုန်မှုန့်များ ငြိမ်သက်သွားသည်နှင့် ထိုသူ၏ဦးခေါင်းတစ်ခုလုံး မည်းတူးလျှက် အသက်ပျောက်နေပြီ ဖြစ်သည်။
ယခုဆိုလျှင် အလယ်ဆင့် ဆရာသခင်နှစ်ယောက်မှာ ခုန်မင်၏လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်သွားပေပြီ။
မိန်းမပျိုနှင့် တောရိုင်းဒေသ မျိုးနွယ်စုဝင်မှာ သူတို့မျက်စိရှေ့တွင် လူရိပ်တစ်ခု ရိပ်ခနဲ ပျံဝဲသွားသည်ကိုသာ တွေ့မြင်ရပြီး ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာကာ အလယ်ဆင့် ဆရာသခင်နှစ်ယောက် အသက်ပျောက်သွားလေသည်။
ရောက်ရှိလာသူက သူမဘက်မှ တိုက်ခိုက်ပေးသူဖြစ်ကြောင်း သိလိုက်ရသဖြင့် မိန်းမပျိုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သို့သော် တောရိုင်းဒေသ မျိုးနွယ်စုဝင်ကတော့ အကြီးအကျယ် ထိတ်လန့်သွားရ၏။
ဤမျှ အစွမ်းထက်သော ရန်သူတစ်ယောက် မည်သည့်နေရာက ရုတ်တရက် ထွက်ပေါ်လာရပါသနည်း။
နှောင်းပိုင်းအဆင့် ဆရာသခင်ဖြစ်သော သူကိုယ်တိုင်သည်ပင်လျှင် အလယ်ဆင့် ဆရာသခင်နှစ်ယေက်ကို အနိုင်ယူရန် အစွမ်းကုန် ကြိုးစားတိုက်ခိုက်ရမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ရှင်းပစ်နိုင်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ဒြပ်စင်စွမ်းအား အတက်အကျကို အာရုံခံကြည့်လိုက်တော့ ရောက်ရှိလာသူက အလယ်ဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်သာ ဖြစ်သည်။
သို့သော် လေထုထဲတွင် ဒြပ်စင်စွမ်းအားကို ပုံဖော်အသုံးပြုနိုင်သည်က ဒြပ်စင်စွမ်းအား ဆရာသခင်များသာ တတ်စွမ်းနိုင်သည့် နည်းစနစ် ဖြစ်နေပြန်သည်။
ရန်သူက လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ဖြစ်ကြောင်း သိရှိပြီးနောက် တောရိုင်းဒေသ မျိုးနွယ်စုဝင်က အခွင့်အရေးရှာပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သူက အနည်းငယ် နောက်ဆုတ်လိုက်ပြီး တိုက်ခိုက်မည့်အယောင်ပြကာ နောက်သို့ဆုတ်ခွာရန် ပြင်ဆင်လိုက်၏။
သို့သော် ခုန်မင်၏ခန္ဓာကိုယ်ထက်မှ မီးလျှံအလင်းတန်းများထွက်ပေါ်လာပြီး လေထဲတွင် မီးလျှံဥက္ကာခဲ (၁၀)ခုကျော် ထွက်ပေါ်လာကာ ထိုသူကို ချိန်ရွယ်ထားလိုက်သည်။
တစ်ချိန်တည်းပင် လက်ထဲမှ ယွမ်ရုန်ဒူးလေးကလည်း ထိုသူကို ချိန်ရွယ်ပြီးသား ဖြစ်နေ၏။
ခုန်မင်ထံမှထွက်ပေါ်နေသည့် အေးစက်လွန်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များကြောင့် ထိုသူမှာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖြစ်ပါသော်လည်း ကျောရိုးထဲစိမ့်သွားရသည်။
သူ မဆင်မခြင် လှုပ်ရှားရန် မဝံ့ရဲတော့ချေ။
သူ တစ်ချက်လှုပ်ရှားသည်နှင့် ခုန်မင်က ချက်ချင်းပင် သူ့ကိုတိုက်ခိုက်မည်ဖြစ်ပြီး သူ့အသက်မှာလည်း အန္တရယ်ကျရောက်မည်ဖြစ်ကြောင်း အာရုံခံမိနေသည်။
နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်အနေဖြင့် အလယ်ဆင့် ဆရာသခင်တစ်ယောက်ကို ဤမျှကြောက်ဒူးတုန်နေရခြင်းမျာ အလွန်ပင် သိက္ခာကျစရာကောင်းလှသည်။
သို့သော် အသက်နှင့်သိက္ခာဆိုလျှင် အသက်ကသာ ပိုပြီးအရေးကြီးသည် မဟုတ်လား။
ခုန်မင်က ထိုတောရိုင်းဒေသ မျိုးနွယ်စုဝင်ကို တိုက်ခိုက်ရန် အသင့်ပြင်ပြငီးသည်နှင့် မိန်းမပျိုဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။
“ကျုပ်အစ်ကို အခြေအနေ ဘယ်လိုရှိလဲ ၊ သူ့ကို ဒဏ်ရာရအောင်လုပ်တာ ဟိုရှေ့ကကောင်လား”
ထိုမေးခွန်းကြားတော့မှ ခုန်မင် အဘယ့်ကြောင့် ဝင်ရောက်ကူညီရသည်ကို မိန်းမပျို သဘောပေါက်သွားတော့သည်။
သူမ ကျောထက်မှ လူငယ်ကြောင့်ပင် ဖြစ်ပေသည်။
သူမက ခေါင်းညိတ်ရင်း ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ၊ စိတ်မပူနဲ့ ... သူ မသေနိုင်သေးဘူး”
ခုန်မင် စိတ်အေးသွားပြီး တောရိုင်းဒေသမျိုးနွယ်စုဝင်ကို ပြန်လည် စူးစိုက်ကြည့်လိုက်သည်။
“မင်းက ငါ့အစ်ကိုကို ထိခိုက်အောင်လုပ်တယ်ဆိုမှတော့... အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
စကားဆုံးသွားသည်နှင့် လေထုထဲတွင် လွင့်ပျံနေသည့် မီးလျှံဥက္ကာခဲ (၁၀)ခုကျော်မှာ တောရိုင်းဒေသ မျိုးနွယ်စုဝင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ခုန်မင်က လက်ထဲမှ ယွမ်ရုန်ဒူးလေးဖြင့်လည်း တရစပ် ပစ်ခတ်လိုက်၏။
ဤတောရိုင်းဒေသမျိုးနွယ်စုဝင်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဆိုသော်လည်း ယခင်က ခုန်မင် အနိုင်ယူခဲ့ဖူးသည့် အရိပ်ဓားမျိုးနွယ်စုဝင် လူသတ်သမားလောက် စွမ်းအားကြီးမားခြင်း မရှိပေ။
'မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်' ဖြစ်စေ၊ 'ယွမ်ရုန်ဒူးလေး' ဖြစ်စေ တစ်ကြိမ် တိုက်ကွက်ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးသို့ ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည်။
ခုန်မင် စတင်လှုပ်ရှားလိုက်သည်နှင့် ထိုတောရိုင်းဒေသ မျိုးနွယ်စုဝင်မှာ ရှောင်တိမ်းရန် နေရာမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ထိုသူက သူ့ကိုယ်သူကာကွယ်ရန်အတွက် ကွင်းကိုးကွင်းပါသည့် ဓားမော့ကြီးကိုသာ အသည်းအသန် လွှဲယမ်းနေရတော့သည်။
တစ်ခဏအတွင်းမှာပင် တောရိုင်းဒေသ မျိုးနွယ်စုဝင်မှာ မီးလျှံဥက္ကာခဲများဖြင့် ဝိုင်းရံခံလိုက်ရပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
သို့သော် ထိုသူက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်လေရာ အစွမ်းအစအချို့ရှိနေသဖြင့် ပထမအကျော့ တိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းလိုက်နိုင်သည်။
သို့သော် ခုန်မင်၏ နည်းလမ်းများက ထိုမျှရိုးရှင်းသည် မဟုတ်ပေ။
တိုက်ခိုက်နေရင်းပင် တောရိုင်းဒေသ မျိုးနွယ်စုဝင်၏ ခြေထောက်အောက်မှမြေပြင်မှာ "ရုန်းမထွက်နိုင်သော သဲနွံ" အဖြစ် ပြောင်းလဲသွားလေသည်။
ထိုသူက နောက်သို့ ခုန်ဆုတ်ရန် ကြိုးစားလိုက်တော့မှ သူ့ခြေကျင်းဝတ်အောက်ပိုင်းမှာ ရွေ့လျားမရတော့ဘဲ သဲနွံအတွင်း လုံးဝ ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ခုန်မင် အသုံးပြုလိုက်သည့် ဤနည်းလမ်းက 'ကျောက်တုံးထိန်းချုပ်ခြင်းနည်းစနစ်' ၏ ပိုမိုမြင့်မားသော အဆင့်တစ်ခု ဖြစ်လေသည်။
တောရိုင်းဒေသ မျိုးနွယ်စုဝင် လူငယ်မှာ နဂိုကပင် ခုန်မင်ကို မနိုင်သည်ဖြစ်ရာ ယခုတော့ ပိုဆိုးသွားပေပြီ။ သဲနွံထဲတွင် ပိတ်မိနေပြီဖြစ်ရာ မည်သည့်နည်းနှင့်မှ တိုက်ပွဲကို ပြောင်းပြန်လှန်ရန် အခွင့်အရေး မရနိုင်တော့ပေ။
ထိုအချိန် သူက သတိလစ်ပြီး ခြေထောက်ကို အားပြုရုန်းကန်လိုက်ရာ ခြေကျင်းဝတ်မှသည် ဒူးဆစ်အောက်ပိုင်းတစ်ခုလုံး သဲနွံထဲ နစ်ဝင်သွားရသည်။
ထိုသူ၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သဲနွံထဲမှ ရုန်းထွက်ရန် မခက်ခဲသော်လည်း ခုန်မင်က သူ့အား ပြန်လည်ရုးန်ထွက်ခွင့် မပေးခဲ့ပေ။
အစိမ်းရောင်အလင်းတန်းတစ်ခု လွင့်ပျံသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခုန်မင် ထိုသူ့အနားသို့ ရောက်ရှိသွားသည်။
သူက ဘယ်ဘက်လက်တွင်ကိုင်ထားသော ယွမ်ရုန်ဒူးလေးကို အောက်သို့အသာနှိမ့်လိုက်ပြီး ထိုလူငယ်၏ ရင်ဝတည့်တည့် ချိန်ရွယ်လိုက်၏။
တစ်ချိန်တည်းပင် ညာဘက်လက်တွင် အစိမ်းရောင်အလင်းတန်းများတောက်ပလာပြီး တောရိုင်းဒေသ မျိုးနွယ်စုဝင်၏ ဦးခေါင်းတည့်တည့်သို့ ရိုက်ချလိက်သည်။
ခုန်မင်၏ တိုက်ခိုက်မှုက လျှင်မြန်လွန်းသဖြင့် ထိုသူမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ပေ။
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ထိုသူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပွင့်ထွက်လျှက် မီးများလောင်ကျွမ်းသွားသည်။
သူ၏ဦးခေါင်းကတော့ အားအပြည့်ပါသော 'လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်' ကြောင့် ဖရဲသီးတစ်လုံး ရိုက်ခွဲခံရသည့်ပမာ အပိုင်းပိုင်းပျက်ဆီးသွားရ၏။
နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို ခုန်မင်က မျက်စိတစ်မှိတ်အတွင်း သုတ်သင်ပစ်လိုက်ပေပြီ။
ထို့နောက် ခုန်မင်က ဘာမှအရေးမပါသော အလုပ်တစ်ခု လုပ်လိုက်သည့်ပမာ လက်ဖဝါးနှစ်ဖက်ကို ပေါ့ပါးစွာ ပုတ်ခါလိုက်ပြီး ဆံပင်တိုနှင့် မိန်းမပျိုထံသို့ လျှောက်သွားလိုက်သည်။
သူက မိန်းမပျိုကိုကြည့်လိုက်ပြီး...
“ကျုပ်အစ်ကို တကယ်ပဲ အဆင်ပြေရဲ့လား”
မိန်းမပျို၏မျက်နှာက အေးစက်နေဆဲဖြစ်သည့်တိုင် မယုံကြည်နိုင်သည့်မျက်ဝန်းများဖြင့် ခုန်မင်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်လျှက် ရှိသည်။
နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကိုပင် မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်နိုင်သည်ဖြစ်ရာ ဤလူငယ်က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်များ ဖြစ်နေလေသလား။
သို့ပေသိ သူမက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ လူငယ်သူရဲကောင်း(၃)ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
ဤဖီးနစ်ကျဆုံးတောင်ကြားသို့ အရှင်သခင်အဆင့် ကျွမ်းကျင်သူများ တစ်ယောက်မှ ဝင်ရောက်နိုင်ခြင်းမရှိသည်ကို သူမ သေချာသိထားသည်။
ထို့ပြင် ခုန်မင်ထံမှ ထွက်ပေါ်နေသော ဒြပ်စင်စွမ်းအား အတက်အကျကိုကြည့်မည်ဆိုလျှင် ဤလူငယ်က အလယ်ဆင့် ဆရာသခင်မျှသာ ရှိသေးသည်။
အလယ်ဆင့် ဆရာသခင်တစ်ယောက်က နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း မည်သို့ သတ်ဖြတ်နိုင်ရပါသနည်း။
ဟုတ်ပေ၏။
သူ့အရှေ့မှလူငယ်က အဆင့်ကျော်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည့် ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်ရပေမည်။
သာမန်ကျင့်ကြံသူများအဖို့ မိမိထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူကို စိန်ခေါ်တိုက်ခိုက်ခြင်းမှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင် ဖြစ်နိုင်သော်လည်း၊ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အမာခံတပည့်တစ်ယောက်ဖြစ်သော မိန်မးပျိုကတော့ ထိုသို့သော ပါရမီရှင်များ လောကတွင်ရှိနေကြောင်း ကောင်းစွာသိရှိထားသည်။
အထူးသဖြင့် နာမည်ကြီး အိမ်တော်ကြီးများမှ တပည့်များဆိုလျှင် သာမန်လူများနှင့်မတူသည့် ကျင့်ကြံခြင်းအမွေအနှစ်ကို ဆက်ခံရရှိထားကြပြီး သူတို့ကျင့်ကြံထားသည့် ထိပ်တန်းကျင့်စဉ်များကလည်း အလွန်ပင် စွမ်းအားကြီးမားလှသည်။
သူတို့၏ကျင့်ကြံခြင်းအဆင့်က နိမ့်နေဦးတော့ ထုတ်ဖော်လိုက်သည့်စွမ်းအားကတော့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ယခု ခုန်မင် ထုတ်ဖော်လိုက်သော တိုက်ကွက်များကို ကြည့်ခြင်းအားဖြင့် သူကျင့်ကြံထားသော နည်းစနစ်များက အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှသည်။
အထူးသဖြင့် လေထုထဲတွင် မီးလျှံဥက္ကာခဲများပုံဖော်နိုင်သည့် မီးဒြပ်စင်ကျင့်စဉ်ဆိုလျှင် ၊ မီးဒြပ်စင်စွမ်းအားကို အထူးပြုသည့် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အမြင်မှာပင် ငြင်းချက်ထုတ်စရာမရှိအောင် ထူးကဲသာလွန်ပေသည်။
ထို့ပြင် ဤမီးဒြပ်စင်ကျင့်စဉ်ပုံစံမျိုးကို တစ်နေရာတွင် ရင်းနှီးနေသည့်ပမာ ခံစားနေရသော်လည်း မည်သည့်နေရာတွင် တွေ့မြင်ဖူးမှန် သူမ အသေအချာ မပြောနိုင်တော့ပေ။
ပိုပြီးအရေးကြီးသည်မှာ စောစောက သူ့ရှေ့မှာပင်တိုက်ပွဲဝင်သွားသော ဤကောင်လေးက မီး ၊ သစ်သား ၊ မြေကြီး ဒြပ်စင်စွမ်းအား (၃)မျိုးလုံးကို တပြိုင်တည်း ကျွမ်းကျင်စွာ ထိန်းချုပ်သွားနိုင်ခြင်း ဖြစ်၏။
ထိုသို့သောလူမျိုး တောရိုင်းဒေသတွင် တစ်ခါမှပင် ထွက်ပေါ်လာဖူးခြင်း မရှိခဲ့ပေ။
ယခုတစ်ကြိမ် ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ဤမျှထူးချွန်သော ပါရမီရှင်တစ်ယောက် တိတ်တဆိတ် ပုန်းအောင်းနေမည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
ကံကောင်းသည်မှာ ဤလူငယ်က ရှန်ရှင်းယွင်ကို “အစ်ကို” ဟု ခေါ်ဝေါ်ခဲ့သဖြင့် ရန်သူဖြစ်စရာ အကြောင်းမရှိပေ။ မဟုတ်ပါက ဤမျှအားကောင်းသော ရန်သူမျိုးကို မည်သူက ရင်ဆိုင်နိုင်ပါမည်နည်း။
ဆံပင်တိုနှင့်မိန်းမပျိုက စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးထိန်းလိုက်ပြီး ကျောထက်ပိုးထားသည့် ရှန်ရှင်းယွင်ကို မြေပြင်ထက် ဂရုတစိုက် ချပေးလိုက်သည်။
ထို့နောက် ပြတ်သားသည့်လေသံဖြင့်...
“သူက ကျွန်မကို ကာကွယ်ပေးရင်း ဒဏ်ရာရခဲ့တာပါ ၊ ဒါကြောင့် ကျွန်မ သူ့ကို မဖြစ်မနေ ကယ်မှရမယ်”
ခုန်မင် ခေါင်းညိတ်လိုက်သည်။
သူက ရှန်ရှင်းယွင်နှင့် မိန်းမပျိုကြား ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မမေးမြန်းတော့ဘဲ ၊ ရှန်ရှင်းယွင်ဘေးနားတွင် ထိုင်ချလိုက်ရင်း ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။