ကြောက်စရာကောင်းသူ
Vol. 14 Ch. 154
အမှောင်ထုထဲမှအသံများက ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်ထွက်ပေါ်နေပြီး ပို၍ပင် စည်းချက်မမှန် မြန်ဆန်လာကြသည်။
ဂါ့ဒ်က သူ၏ဆန္ဒများကို အဆက်မပြတ်ဖော်ထုတ်နေပြီး ၊ သူ၏အပြုအမူက တောရိုင်းဒေသမျိုးနွယ်စုဝင်များ၏ သဘာဝအတိုင်း ရိုင်းစိုင်းကြမ်းတမ်းလှသည်။
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုများကလည်း အိပ်ယာထက်မှအတတ်ပညာများတွင် အလွန်ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့က နွယ်ပင်များပမာ ဂါ့ဒ်အား ရစ်ပတ်ယှက်နွယ်ပြီး သွေးဆောင်ဖြားယောင်းလျှက် ရှိကြသည်။
အတန်ကြာပြီးနောက် ဂါ့ဒ်၏ အသက်ရှူသံများ ပြင်းထန်လာပြီး နောက်ဆုံး သူ၏စွမ်းအားများကို အကုန်အစင် ထုတ်လွှတ်လိုက်တော့သည်။
ထိုခဏမှာပင် အခွင့်ကောင်းကိုချောင်းမြောင်းနေသည့် လော့ခ်က စတင်လှုပ်ရှားလိုက်လေသည်။
လော့ခ်၏လက်ထဲတွင် အေးစက်သော အပြာရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ရှည်လျားသော ဆူးချွန်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ပုံရိပ်က မြားတစ်စင်းပမာ ပျံသန်းထွက်ခွာသွားပြီး ချစ်ရည်လူးရင်း အရှိန်မသေသေးသည့် ဂါ့ဒ်၏ခန္ဓာကိုယ်အား ရေခဲဆူးချွန်ဖြင့် ထိုးစိုက်ချလိုက်လေသည်။
ဂါ့ဒ်မှာ ဆန္ဒများပြည့်ဝသွားချိန် တစ်ကိုယ်လုံးအားအင်ချည့်နဲ့လျှက် စိတ်ရော ရုပ်ရော ပြေလျော့သည့်အခြေအနေသို့ ရောက်ရှိနေချိန် ဖြစ်သည်။
ထိုသို့သောအချိန်တွင် လော့ခ်၏ ရက်စက်ကြမ်းတမ်းသည့် အလစ်ချောင်းတိုက်ကွက်ကို လုံးဝ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။
သို့သော် ဂါ့ဒ်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်လေရာ ဤသို့သောအခြေအနေမှာပင် ပင်ကိုယ်သိစိတ်က ရုတ်တရက် နိုးထလာခဲ့သည်။
သူ့အား သေစေနိုင်လောက်သော ထိုးနှက်တိုက်ခိုက်မှုမှ လွတ်မြောက်ရန်အတွက် ဘေးသို့လှိမ့်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ဂါ့ဒ် လှုပ်ရှားရန် ဟန်ပြင်လိုက်ချိန်မှာပင် သူ့ကို နွယ်ပင်များပမာ ရစ်ပတ်ထားသည့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေးများက ချက်ချင်းပင် မြွေဆိုးမလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဂါ့ဒ်အောက်တွင်ရှိနေသော မိန်းမပျိုက ဂါ့ဒ်ကို ပိုမိုတင်းကျပ်စွာ ဆွဲဖက်ထားလိုက်ပြီး သူ၏ခါးကို လှုပ်မရအောင်ထိန်းချုပ်ထားလိုက်သည်။
ဂါ့ဒ် ထိတ်လန့်တုန်လှုပ်သွားသလို ဒေါသလည်းထွက်သွားသည်။
သူက အတင်းအကျပ်ရုန်းကန်ရန်ကြိုးစားလိုက်ချိန် သူ့နောက်မှ သိုင်းဖက်ထားသည့်မိန်းမပျိုက အချိန်ကိုက်ပင် သူ့ပခုံးများကို လှုပ်မရအောင် ထိန်းချုပ်ထားလိုက်တော့၏။
မိန်းမပျိုနှစ်ယောက်က အပျော်မယ်များပမာ အသုံးတော်ခံနေကြသည့်တိုင် တကယ်တော့ သူတို့နှစ်ယောက်လုံးက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ ဖြစ်ကြသည်။
သူတို့နှစ်ယောက် ပူးပေါင်းလုပ်ကြံလိုက်သည့်အခါ ဂါ့ဒ်မှာ မည်သို့မှ ရုန်းကန်နိုင်ခြင်းမရှိတော့ဘဲ အရှုံးပေးလိုက်ရလေသည်။
ထိုအချိန်မှာပင် လော့ခ်၏ အလစ်ချောင်းတိုက်ကွက်က ချောမွေ့စွာပင် အောင်မြင်သွားခဲ့သည်။
လော့ခ်၏လက်ထဲမှ အပြာရောင်ရေခဲဆူးချွန်ရှည်က ဂါ့ဒ်၏ နံရိုးဘေးမှ တစ်ဆုံးဝင်ရောက်သွားပြီး ရင်ဝအပေါ်ဘက်သို့ ထုတ်ချင်းပေါက် ထောင့်ဖြတ်ထိုးဖောက်သွားသည်။
လော့ခ်၏တိုက်ကွက်က ဂါ့ဒ်၏ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်သွားစေရုံသာမက နှလုံးကိုပါ ဆိုးရွားစွာ စုတ်ပြဲသွားစေလေရာ ၊ သေချာပေါက် သေစေနိုင်သည့် ဒဏ်ရာကြီး ဖြစ်ပေသည်။
ဂါ့ဒ်က အားယူလျှက် ဦးခေါင်းကိုလှည့်လိုက်ပြီး မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော မျက်ဝန်းများဖြင့် ရန်သူကိုကြည့်လိုက်သည်။
ထိုအခါ သူ့ကိုတိုက်ခိုက်လာသူအား ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
“လော့ခ်...”
လုပ်ကြံမှု အောင်မြင်သွားသည့်တိုင် လော့ခ်၏မျက်နှာထက် ဝမ်းသာပျော်ရွှင်သည့် အငွေ့အသက် တစ်စက်လေးပင် မတွေ့ရှိရပေ။
သူ့မျက်နှာက အမြဲတမ်း ခေါင်းငုံ့နေတတ်သည့် ရှက်တတ်သော လူငယ်လေးတစ်ယောက်ပမာ ဖျော့တော့လျှက်သာ ရှိနေသည်။
ဂါ့ဒ်၏ပါးစပ် အနည်းငယ်ပွင့်ဟသွားပြီး သွေးရည်များ အန်ထွက်လာသည်။
သူက လော့ခ်ကို စိုက်ကြည့်ရင်း အက်ကွဲသည့်အသံဖြင့် ခက်ခဲစွာ မေးမြန်းလိုက်သည်။
“မင်း... မင်းကိုး... ၊ ဘာလို့လဲ... ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ ငါတို့က မျိုးနွယ်စုအတူတူပဲလေ...”
လော့ခ်က သူ့လက်ထဲမှ အပြာရောင်ရေခဲဆူးချွန်ကို ဖြည်းညင်းစွာပြန်လည်ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“မင်းက ငယ်ငယ်ထဲက လူတိုင်းရဲ့အထက်မှာ နေလာရတဲ့သူဆိုတော့... ငါ့ကို အထင်သေးနှိမ့်ချပြီး ဆက်ဆံခဲ့တယ် မဟုတ်လား ၊ ဒါပေမဲ့... ငါက မင်းထက်နိမ့်ကျတာ ဘာများရှိလို့လဲ ၊ ငါလည်း မင်းလိုပဲ ပါရမီရှင်တစ်ယောက်ပဲ ၊ ငါ့ကျင့်ကြံခြင်းစွမ်းအားကလည်း မင်းနဲ့အတူတူပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းနဲ့ငါကြားက တစ်ခုတည်းသော ကွာခြားချက်က မင်းက မီးဒြပ်စင်စွမ်းအားကိုကျင့်ကြံပြီး ငါက ရေဒြပ်စင်စွမ်းအားကို ကျင့်ကြံတာပဲ ၊ အဲဒီကွာခြားချက်တစ်ခုတည်းကြောင့် မျိုးနွယ်စု အကြီးအကဲတွေက မင်းကိုပဲ အမြဲတမ်း မျက်နှာသာပေးခဲ့ကြတယ် ၊ ငယ်ငယ်လေးကတည်းက မင်းကိုပဲ မျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင်ဆိုပြီး မြေတောင်မြှောက်ပေးခဲ့ကြတယ် ၊ ငါ့ကိုကျတော့ အရေးတောင်မစိုက်ကြဘူး”
“ပိုဆိုးတာက မင်းကိုယ်တိုင်က ငါ့ကို အထင်အမြင်သေးပြီး နှိမ့်ချဆက်ဆံခဲ့တာပဲ ၊ ငါ အဲဒီခံစားချက်ကို လုံးဝ သဘောမကျဘူး ၊ ဒါကြောင့် နှစ်ပေါင်း(၂၀)လုံးလုံး ငါ သည်းခံလာခဲ့တာ... မင်းကို ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် အခွင့်အရေးကို သည်းခံပြီး စောင့်ဆိုင်းနေခဲ့တာ ၊ ဒီနေ့မှပဲ ငါ စိတ်အေးရတော့တယ်”
စကားပြောနေရင်း လော့ခ်၏မျက်ဝန်းများ စူးရှတောက်ပလာပြီး နှုတ်ခမ်းများက တွန့်ကွေးသွားသည်။
“မင်းကို အပြတ်ရှင်းဖို့ဆိုရင် ဖီးနစ်ကျဆုံးတောင်ကြားလောက် ကောင်းတဲ့နေရာ ရှိပါဦးမလား ၊ ကဲ... အခုတော့ မင်း ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားရမယ့် အချိန်ရောက်ပြီ”
ပြောပြီးသည်နှင့် လော့ခ်က ဂါ့ဒ်၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ တွန်းထုတ်လိုက်သည်။
ဂါ့ဒ်ကို နွယ်ပင်များပမာ ရစ်ပတ်ထားကြသည့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေးနှစ်ယောက်က တခစ်ခစ်ရယ်မောရင်း သူ၏ခန္ဓာကိုယ်အား လွှတ်ပေးလိုက်ကြသည်။
ထို့နောက် သူတို့က ငှက်ငယ်လေးများပမာ လော့ခ်၏ရင်ခွင်ထဲသို့ တိုးဝင်သွားကြလေသည်။
လော့ခ်က သူ့လက်ထဲမှ အပြာရောင်ရေခဲဆူးချွန်ကို နှုတ်ယူလိုက်သည့်အခါ ဂါ့ဒ်၏ခန္ဓာကိုယ်ထက်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားပြီး သွေးများပန်းထွက်လာသည်။
လော့ခ်က ဖြည်းညင်းစွာတွန်းထုတ်လိုက်ခြင်းဖြစ်သော်လည်း မည်သည့်အကူအညီမှ မရှိတော့သော ဂါ့ဒ်မှာ မြေပြင်ထက်သို့ ပုံလျက်သား လဲကျသွားတော့သည်။
ဂါ့ဒ်က အစွမ်းကုန်ရုန်းကန်ကြိုးစားပြီး ပါးစပ်ကိုဟကာ အသက်ရှူရန်ကြိုးစားလိုက်သော်လည်း ပါးစပ်ထဲမှ သွေးများသာ အဆက်မပြတ်လျှံထွက်လာခဲ့သည်။
နောက်ဆုံးမှာတော့ ဂါ့ဒ်တစ်ယောက် မကျေမနပ်ဖြင့် မျက်လုံးအစုံပြူးကျယ်လျှက် အသက်ထွက်သွားလေသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ဂုဏ်သရေရှိပါရမီရှင်တစ်ယောက်အဖြစ် မွေးဖွားလာသော “ဂါ့ဒ်” အနေဖြင့် တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်ထားသည်မှာ အသေအချာပင်။
သို့သော် ယခုတော့ အရှက်တကွဲနည်းလမ်းဖြင့် နာကျင်ခံခက်စွာ ဇာတ်သိမ်းသွားခဲ့ရသည်။
အသက်သေဆုံးသွားသည်နှင့် တောက်ပသည့်အနာဂတ်ဆိုသည်မှာလည်း အရိပ်ယောင်မျှပင်မကျန်ရစ်တော့ပေ။
ပါရမီရှင်တစ်ယောက် ကြွေလွင့်သွားရခြင်းအတွက် လူအချို့က ခဏမျှတော့ နှမျောတသစွာ ဝမ်းနည်းသတိရနေကြပေလိမ့်မည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် ‘ဂါ့ဒ်’ ဆိုသည့် ပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးကြောင်း မည်သူမှ အမှတ်ရကြတော့မည် မဟုတ်ပေ။
သမိုင်းတစ်လျှောက်တွင် ဂါ့ဒ်ကဲ့သို့ပင် ပါရမီက မိုးကောင်းကင်ထိအောင် ကြီးကျယ်သော်လည်း ကံကြမ္မာက စက္ကူတစ်ချပ်ပမာ ပါးလွှာလွန်းသူများ ဒုနှင့်ဒေးပင်။
လူတိုင်းကတော့ ကြီးကျယ်ခမ်းနားသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်လိုကြသည်ပင်။
သို့သော် အဆုံးသတ်တွင် ရယ်မောနိုင်သူသာလျှင် အောင်နိုင်သူအဖြစ် သတ်မှတ်ခံရပေမည်။
လော့ခ်၏လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် ဤလူငယ်က အလွန်တရာကြောက်စရာကောင်းသူတစ်ယောက်ဖြစ်ကြောင်း ငြင်းမရနိုင်ပေ။
သူပြောခဲ့သည့်စကားအရ ဂါ့ဒ်အပေါ်ထားရှိသည့် သူ၏အမုန်းတရားက အနှစ်(၂၀)တိုင်တိုင် အမြစ်တွယ်နေခဲ့သည်။ သို့သော် ထိုအမုန်းတရားများကို ယနေ့အချိန်ထိ တစ်ချက်ပင်ပေါ်မလာအောင် သည်းခံမျိုသိပ်ထားနိုင်ခဲ့၏။
နှစ်ပေါင်း(၂၀)လုံးလုံး ဂါ့ဒ်ကိုယ်တိုင်ရော ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုမှ အကြီးအကဲများရော လော့ခ်၏ အမုန်းတရားနှင့်ပတ်သက်ပြီး တစ်ချက်လေးပင် ရိပ်မိခဲ့ကြခြင်း မရှိပေ။
ဂါ့ဒ်မှာ ဤမျှကြောက်စရာကောင်းသော ပြိုင်ဘက်ကို မသိမသာရန်စခဲ့မိသဖြင့် ကံဆိုးသွားရပြီး အခြေအမြစ်မရှိဘဲ မတရားသေဆုံးသွားခဲ့ရသည်။
လော့ခ်က ဂါ့ဒ်အတွင်ဆင်ထားသော ကျော့ကွင်းမှာလည်း ရာနှုန်းပြည့်သေချာစေသည့် ချောင်ပိတ်တိုက်ကွက်ပင် ဖြစ်သည်။
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်မှာ ဂါ့ဒ်အတွက် လော့ခ်က အထူးတလည် စီစဉ်ပေးထားခြင်းသာ ဖြစ်သည်။
ဂါ့ဒ်က မိမိကိုယ်ကို ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဟုထင်မှတ်ပြီး စိတ်ကြီးဝင်နေသည်ကိုအသုံးချကာ မိန်းကလေးများကို သူ့ဘေးနားတွင်ထားရှိပြီး အရေးကြီးဆုံးအချိန်ကျမှ အဆိပ်စွယ်ကို ထုတ်ဖော်ခဲ့ခြင်းသာပင်။
ခုန်မင်ကတော့ လော့ခ်၏ အစီအစဉ်အပြည့်အစုံကို မသိရှိသည့်တိုင် လော့ခ် မည်သို့သောလူစားလဲဆိုသည်ကိုတော့ ခန့်မှန်းမိနေပေပြီ။
ဤလူငယ်က အမှောင်ထဲတွင် အသံတိတ်ပုန်းအောင်းပြီး အခွင့်အရေးကိုစောင့်နေတတ်သည့် အဆိပ်ပြင်းမြွေတစ်ကောင်ပမာ ဖြစ်သည်။
သူ့တွင် ကြောက်မက်ဖွယ်ရာ အဆိပ်အစွယ်များရှိနေသည်ကို မည်သူမှ ရိပ်မိကြမည် မဟုတ်ပေ။
ခုန်မင်က အမှောင်ရိပ်ထဲတွင်ပုန်းကွယ်ရင်း လော့ခ် ဘာဆက်လုပ်မည်ကို ငြိမ်သက်စွာ ဆက်လက်စောင့်ကြည့်နေသည်။
ထိုအချိန် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်က လော့ခ်၏ရင်ခွင်ထဲသို့ တိုးဝှေ့ဖက်တွယ်လိုက်ကြသည်။
မိန်းမပျိုတစ်ယောက်က ချစ်စဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး...
“အစ်ကိုကြီး’လော့ခ်’ ဘေးနားမှာနေရတာ ပိုကောင်းတယ် ၊ အစ်ကိုကြီးက ဟိုအသေကောင်နဲ့များတခြားစီပဲ ၊ အဲဒီကောင်က ရုပ်တော့ချောပါရဲ့ ကြမ်းတမ်းလွန်းလို့ မခံစားနိုင်ဘူး ၊ မိန်းကလေးတွေအပေါ် ဘယ်လိုနူးညံ့ရမလဲဆိုတာ တကယ်မသိတဲ့ကောင်ပဲ”
စောစောက အေးစက်ခက်ထန်နေသော လော့ခ်က ရုတ်တရက်ဆိုသလို ပြုံးလိုက်ပြီး...
“မင်း မြေခွေးမလေးက ကြမ်းလေကြိုက်လေပဲ မဟုတ်ဘူးလား ၊ စောစောက မင်းကိုကြည့်ရတာ အတော်လေး သဘောကျနေတဲ့ပုံပါ”
လော့ခ်ဆိုသည့်လူငယ်က အတော်လေး ထူးဆန်းသည့်လူစားမျိုးပင်။
သူက လူအမျိုးမျိုးနှင့် လိုက်လျောညီထွေနေတတ်သည့် ပါရမီကို ပိုင်ဆိုင်ထားပုံရသည်။
အစောပိုင်းလူသတ်စဉ်က သွေးအေးသည့်အမူအရာနှင့် ယခု ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုများနှင့် ပလူးပလဲလုပ်နေသည့်အမူအရာက မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။
"မြေခွေးမလေး" ဟု အခေါ်ခံရသော်လည်း မိန်းမပျိုက စိတ်ဆိုးခြင်းမရှိသည့်အပြင် တခစ်ခစ်ဖြင့် ရယ်မောရင်း လော့ခ်၏ရင်ခွင်ထဲ ပိုတိုးဝင်လိုက်သည်။
“အစ်ကိုကြီး’လော့ခ်’ က ကျွန်မကို စ နောက်နေတာပဲ ၊ စောစောက ဟိုအသေကောင်ကို အလိုက်သင့်ဆက်ဆံပေးနေရတာလဲ ၊ ကျွန်မအတွက်တော့ အစ်ကိုကြီး’လော့ခ်’ ကလွဲရင် ကျန်တာတွေက ဖွဲနဲ့စကွဲပဲ”
ပြာလွင်တောင်ပံမျိုးနွယ်စုမှ အခြားမိန်းမပျိုကတော့ စကားများစွာမပြောသော်လည်း လော့ခ်အနားမှ တစ်စက္ကန့်ပင် မခွာနိုင်သည့်ပမာ ရစ်ပတ်တွယ်ကပ်လျှက် ရှိလေသည်။
ကြည့်ရသည်မှာ လော့ခ်က ဂါ့ဒ်လောက် ရုပ်ရည်ချောမောခြင်းမရှိသည့်တိုက် မိန်းမကြမ်းကျေသူတစ်ယောက် ဖြစ်နိုင်သည်။
သူက မိန်းကလေးများကို ကိုင်တွယ်ထိန်းချောင်းသည့်နေရာတွင် ဂါ့ဒ်ထက် အဆပေါင်းများစွာ သာလွန်ပုံရသည်။
မိန်းမပျို၏စကားကိုကြားတော့ လော့ခ်က ရယ်မောလိုက်ပြီး...
“ကဲ... ဒီ အသေကောင်ကို အရင်ရှင်းလိုက်ရအောင် ၊ ပြီးမှ မင်းတို့နှစ်ယောက်နဲ့ စိတ်ကြိုက် ကဲကြတာပေါ့...”
ထို့နောက် သူက ခဏမျှစဉ်းစားလိုက်ပြီး...
“နေဦး... ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင်ကြီးမှာဘယ်လိုရတနာတွေရှိနေမလဲ မင်းတို့ မသိချင်ကြဘူးလား”
လော့ခ်၏စကားကိုကြားသည်နှင့် မိန်းမပျိုများ၏မျက်ဝန်းများက လောဘရိပ်များဖြင့် တောက်ပသွားကြသည်။
လော့ခ်က မိန်းမကြမ်းကျေရုံသာမက မိန်းမပျိုများကို အကျိုးအမြတ်ဖြင့်လည်း စည်းရုံးထားနိုင်သည်မှာ ထင်ရှားသည်။ ထိုမိန်းကလေးများက လော့ခ်နှင့်ပူးပေါင်းပြီး ဂါ့ဒ်ကိုလုပ်ကြံသတ်ဖြတ်သည်မှာ မထူးဆန်းတော့ပေ။