← Chapters

ဒုစရိုက်လောက ညီအစ်ကိုတွေကမှ အားကိုးရတာ

Vol. 5 Ch. 50

ဒုစရိုက်လောက ညီအစ်ကိုတွေကမှ အားကိုးရတာ

Vol. 5 Ch. 50

မြို့ထဲတွင် ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြချိန်၌ အဆောက်အအုံမြင့်ကြီးတစ်ခု၏ ထောင့်တစ်နေရာတွင်မူ အရာအားလုံး အေးဆေးတည်ငြိမ်နေလေသည်။

၎င်းသည် ကျယ်ဝန်းသော စင်မြင့်ကြီးတစ်ခုဖြစ်ပြီး ကျန်းနန်တောင်တန်း၏ ထောင့်တစ်နေရာကို လှမ်းမျှော်ကြည့်ရှုနိုင်ကာ တောင်တန်းရှုခင်းများနှင့် တိမ်ဖြူများကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။

စင်မြင့်ပေါ်တွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ဘယ်ဘက်မှလူမှာ ပိန်လှီကိုင်းညွတ်နေပြီး မျက်နှာပေါ်တွင် သစ်ခေါက်များသဖွယ် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် မီးခိုးရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ရိုးရှင်းသောပုံစံ ရှိသည်။

ညာဘက်မှလူမှာမူ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းကာ အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံထားသည်။ မျက်နှာပေါ်တွင် ထူးဆန်းသော ကြေးဝါရောင်မျက်နှာဖုံးကို တပ်ဆင်ထား၏။

သူသည် စန်းလင်တောင်ပေါ်တွင် ပေါ်ထွက်ခဲ့ဖူးသော နတ်ဘုရားစေတမန်ပင် ဖြစ်ပေသည်။

သူသည် အင်္ကျီလက်စထဲမှ ဖဲသားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး အဘိုးအိုရှေ့သို့ တွန်းပို့လိုက်သည်။

"ဟေးဆန်းရွာက အကြီးအကဲ ပဉ္စမအဆင့်ကို ရောက်နေပြီလို့ ကြားတယ်... ဒါက မပြောပလောက်တဲ့ လက်ဆောင်ပါ... လက်ခံပေးပါ"

မိစ္ဆာမျိုးနွယ် နတ်ဘုရားစေတမန်၏ လေသံမှာ အလွန် ယဉ်ကျေးနေ၏။

အဘိုးအိုသည် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် အနည်းငယ် ညှိုးနွမ်းနေသော အနက်ရောင်ကြာပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။ သို့သော် ကြာပန်းပေါ်ရှိ ရွှေရောင်မျဉ်းသုံးကြောင်းမှာမူ ထင်ရှားတောက်ပနေပြီး အလင်းရောင်များ ဖြာထွက်နေလေသည်။

"နက်ရှိုင်းပင်လယ် ရွှေကြာပန်း..." အဘိုးအို ပြုံးလိုက်သည်။ "နတ်ဘုရားစေတမန်က ဒီလက်ဆောင်အတွက် အတော်လေး အားစိုက်ထုတ်ခဲ့ရပုံပဲ..."

"မတော်တဆ တွေ့လိုက်ရတာပါ... လက်ဆောင်အနေနဲ့ ပေးလို့ကောင်းမယ် တွေးမိပြီး လမ်းကြုံဝင်ယူလာခဲ့တာပါ..." နတ်ဘုရားစေတမန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူ၏ 'လမ်းကြုံဝင်ယူခြင်း' ကြောင့် လူမည်မျှ သေဆုံးခဲ့ရသည်ကိုမူ သူ လုံးဝ ဂရုစိုက်ပုံ မရပေ။

"လက်ဆောင်ကို အကြီးအကဲဆီ ပြန်ယူသွားပေးပါ့မယ်... အကြီးအကဲလည်း သဘောကျမှာပါ..." အဘိုးအို ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ နတ်ဘုရားစေတမန်ရဲ့ လုပ်ရပ်ကြောင့် ခေါင်စန်းမြို့က အခု အရမ်းတင်းကြပ်နေတယ်... ကျုပ် ခဏလောက်တော့ ပြန်လို့ရဦးမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီမှာနေသရွေ့တော့ အာဏာပိုင်တွေ ဘယ်လိုပဲရှာရှာ တွေ့မှာမဟုတ်ပါဘူး... အဲဒီအတွက် စိတ်ချပါ"

"ဒါက နည်းနည်း မမျှော်လင့်ထားတဲ့ ကိစ္စပဲ... အစက ကျုပ် ဓားစာခံတစ်ယောက် စီစဉ်ထားပြီးသားပါ... အာဏာပိုင်တွေရဲ့ အာရုံကို လွှဲဖို့ လုံလောက်မယ် ထင်ခဲ့တာ... ဒါပေမဲ့ သူက ထောင်ချောက်ထဲ ဝင်မလာခဲ့ဘူး..." နတ်ဘုရားစေတမန်ကလည်း ပြုံးလိုက်သည်။

"ဒါပေမဲ့ မြို့ကို ပိတ်ထားတာက ကြာမှာ မဟုတ်ပါဘူး... ခေါင်စန်းမြို့မှာ ကုန်သည်တွေ အများကြီး ရှိတယ်... အလွန်ဆုံး (၇) ရက်လောက်ဆိုရင် ပြန်ဖွင့်ပေးရမှာပဲ... ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး"

"နတ်ဘုရားစေတမန်ကို အမှန်အတိုင်း ပြောရရင်... ကျုပ်တို့ အမှောင်နတ်ဆရာတွေရဲ့ ဘဝက တောင်ပိုင်းဒေသမှာ ပိုပြီး ခက်ခဲလာတယ်... ပဉ္စမအဆင့်ကို တက်လှမ်းဖို့အတွက် အခုလို အရင်းအမြစ်မျိုး ရဖို့ဆိုတာ တကယ် ခက်ခဲပါတယ်... ကျုပ်တို့ ရွာမှာ ဆဋ္ဌမအဆင့် နတ်ဆရာကြီး ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ..." အဘိုးအို သက်ပြင်းချလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော် လာခဲ့တာက... တောင်ပိုင်းဒေသက အမှောင်နတ်ဆရာရွာပေါင်း (၁၇) ရွာကို ကိုယ်စားပြုပြီး... ရှင်သန်ရပ်တည်နိုင်မယ့် လမ်းစတစ်ခု လာရှာတာပါ"

ထိုစကားကို ကြားလိုက်ရသောအခါ နတ်ဘုရားစေတမန်ကလည်း သက်ပြင်းချလိုက်သည်။ "ရှာမန်နတ်ဘုရား ကြီးစိုးခဲ့တဲ့ ခေတ်ကာလတုန်းက... သူ့ရဲ့ သားသမီးတွေ နောင်တစ်ချိန်မှာ ဒီလောက် ဒုက္ခရောက်ကြမယ်လို့ တွေးမိခဲ့မှာ မဟုတ်ဘူး"

အဘိုးအို ခါးသက်စွာ ပြုံးလိုက်မိသည်။

ဤကမ္ဘာလောကတွင် ရှာမန်နတ်ဘုရား အမှန်တကယ် ရှိခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီ ရှေးကျသည့် ဒဏ္ဍာရီလာ ခေတ်ကာလက ဖြစ်သည်။ သူတို့ နတ်ဆရာမျိုးနွယ်များသည်လည်း လူသားများသာ ဖြစ်ကြပြီး သက်တမ်းမှာ မိစ္ဆာမျိုးနွယ်လောက် မရှည်လျားကြချေ။

ရှာမန်နတ်ဘုရားခေတ်က ဘုန်းတန်ခိုးများကို လွမ်းဆွတ်နေသူ မရှိသလောက်ပင်။

"ကျုပ်တို့က အသက်ရှင်ချင်ရုံပါ..." သူ ခေါင်းခါလိုက်သည်။ "အလင်းရှာမန်ရွာတွေနဲ့ တိုက်ခိုက်ရတာကို ထားလိုက်ပါတော့... ပကတိတရားသုံးပါးချိုင့်ဝှမ်းက ကျွန်တော်တို့ကို ပိုပြီး ရက်ရက်စက်စက် နှိပ်ကွပ်လာတယ်... အဲဒီလိုသာ မဟုတ်ရင် ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားမိမှာ မဟုတ်ဘူး... ဒါပေမဲ့ ရွာက အကြီးအကဲအများစုက စိုးရိမ်နေကြတုန်းပဲ"

"ဘာကို စိုးရိမ်တာလဲ..." နတ်ဘုရားစေတမန် မေးလိုက်သည်။

"ခင်ဗျားတို့က မိစ္ဆာမျိုးနွယ် ဖြစ်နေလို့လေ..." အဘိုးအို ပြောလိုက်သည်။

"တကယ်လို့ ခင်ဗျားတို့ရဲ့ စီမံကိန်းသာ အောင်မြင်သွားခဲ့ရင်... လူသားအားလုံးကို မျိုးဖြုတ်သတ်ပစ်မှာလား"

"ဟားဟား..." နတ်ဘုရားစေတမန် ရယ်မောလိုက်သည်။

"လူသားမျိုးနွယ်မှာ သူတော်စင်တွေ ရှိခဲ့တဲ့ခေတ်တုန်းက... ငါတို့ မိစ္ဆာမျိုးနွယ်တွေ မျိုးဖြုတ် အသတ်ခံခဲ့ရလို့လား... နတ်ဘုရား ပြန်ရောက်လာရင်တောင် လူသားတွေက ဆက်ရှိနေဦးမှာပါ... အဲဒီအချိန်ကျရင် လူသားတွေကို လူသားတွေကပဲ ဆက်အုပ်ချုပ်စေမှာပဲ…"

"အဲဒီအချိန်ကျရင် မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်း ဆိုတာတွေကို သေချာပေါက် ဖယ်ရှားပစ်ရမယ်... အဲဒီအခါကျ လူသားမျိုးနွယ်ကို... ရှာမန်မျိုးနွယ်လို့ အမည်ပြောင်းလိုက်ရင် ကောင်းမယ်…"

"မိစ္ဆာဘုရင် (၇) ပါးလုံးက ဒီသဘောထားပါပဲ... နတ်ဘုရား ပြန်မလာခင် ငါတို့ကို ကူညီခဲ့တဲ့ မိတ်ဆွေအားလုံး... နတ်ဘုရား ပြန်ရောက်လာတဲ့အခါ... ကမ္ဘာသစ်တစ်ခုကို လက်ဆောင်ရကြလိမ့်မယ်..." နတ်ဘုရားစေတမန်သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး စိတ်ကူးယဉ် ကမ္ဘာသစ်တစ်ခုကို ပွေ့ဖက်လိုက်သကဲ့သို့ ပြုမူလိုက်သည်။

အဘိုးအိုမှာမူ တည်ငြိမ်နေဆဲပင်။

သူ၏ ဆွယ်တရားများကို သိပ်ယုံကြည်ပုံ မရဘဲ အေးဆေးစွာ နားထောင်နေသည်။ သူ ဆက်ပြောလိုက်သည်။ "ဒါက ရွာအသီးသီးက အကြီးအကဲတွေရဲ့ ဒုတိယ စိုးရိမ်ပူပန်မှုပဲ"

"သူတို့က ခင်ဗျားတို့ရဲ့... နတ်ဘုရားက... အတုဖြစ်နေမှာကို စိုးရိမ်နေကြတာ"

...

[ မိစ္ဆာ ] : "နက်ရှိုင်းပင်လယ် ရွှေကြာပန်း ဟုတ်လား…"

[ ၅၈ ] : "မှန်ပါတယ်... ဒီလက်အောက်ငယ်သား စုံစမ်းကြည့်သလောက်တော့... မိစ္ဆာမျိုးနွယ် စေတမန်တစ်ယောက် လုယူသွားပုံရတယ်... ဒါပေမဲ့ သဲလွန်စ ထပ်ရှာလို့ မရတော့ဘူး…"

[ မိစ္ဆာ ] : "တကယ်လို့ အဲဒီ နက်ရှိုင်းပင်လယ် ရွှေကြာပန်းကိုသာ ရမယ်ဆိုရင်... ငါ ဒီနေ့ပဲ ဓာတ်ကြီးငါးပါးနယ်ပယ် တတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်... ဆက်ပြီး စုံစမ်းကြည့်ပါ... ငါ တခြားဂိုဏ်းတူတွေကို မေးကြည့်လိုက်မယ်... ခေါင်စန်းမြို့နားမှာ ကူညီနိုင်မယ့်သူ ရှိမရှိကို…"

[ ၅၈ ] : "လက်အောက်ငယ်သား အစွမ်းကုန် ကြိုးစားပါ့မယ်…"

[ ၅၉ ] : "ဘာ... နက်ရှိုင်းပင်လယ် ရွှေကြာပန်း ဟုတ်လား... ရက်ပိုင်းလေးပဲ ရှိသေးတယ်... စီနီယာက အရှင်မိစ္ဆာ လိုချင်နေတဲ့ ပစ္စည်းကို ရှာတွေ့သွားပြီ... တကယ် မိုက်တာပဲ…"

(၅၉) ဆိုသော ၁၀၉၊ ၁၁၀ကောင် ဝင်ပြောလာသည်ကို မြင်သောအခါ ချူလျန် ဂရုမစိုက်ဘဲ နေလိုက်သည်။

သူသည် မိစ္ဆာထံမှ ပြန်စာကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။

ရှုထောင့်ကြား ဝိညာဉ်ဘုံထဲတွင် မေးခွန်းထုတ်ရခြင်းမှာ သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နက်ရှိုင်းပင်လယ် ရွှေကြာပန်း ကဲ့သို့သော ပစ္စည်းမျိုးသည် ဆေးလုံးဖော်စပ်ရန် သို့မဟုတ် ကျင့်ကြံခြင်းကို အထောက်အကူပြုရန် အဓိက အသုံးပြုကြသောကြောင့် ဖြစ်သည်။ မိစ္ဆာသတ္တဝါများအတွက်မူ များစွာ အသုံးဝင်လှသည် မဟုတ်ပေ။

မိစ္ဆာမျိုးနွယ် နတ်ဘုရားစေတမန်တစ်ဦးက ကြီးမားသော ရာဇဝတ်မှု ကျူးလွန်ပြီး ဤပစ္စည်းကို လုယူသွားခြင်းမှာ လက်ကမြင်းရုံသက်သက် ယူသွားခြင်း မဟုတ်သည်မှာ သေချာသည်။

ဤပစ္စည်းကို ကျင့်ကြံရန် လိုအပ်သူများမှာ ရှာမန်၊ အဆိပ်၊ ကျိန်စာ စသည်တို့ကို လေ့ကျင့်သော ဆိုးယုတ်သည့် လမ်းစဉ်လိုက်သော ကျင့်ကြံသူများသာ ဖြစ်လေ့ရှိသည်။

နတ်ဘုရားစေတမန် တောင်ပေါ်မှ ဆင်းလာရသည့် ရည်ရွယ်ချက်နှင့်...

ယခင်က သူ၏ အပြုအမူများကို ဆက်စပ်ကြည့်လိုက်လျှင်...

သူတပါးပစ္စည်းကို ယူပြီး အလှူလက်ဖက်နှင့် မျက်နှာလုပ်သည့် အကွက်မျိုး ထပ်လုပ်နေခြင်း ဖြစ်နိုင်ခြေ မရှိဟု မဆိုနိုင်ပေ။

ယဉ်ကျေးမှု မထွန်းကားသေးသော အရပ်ဒေသမှ မိစ္ဆာမျိုးနွယ်များသည် လုယူထားသော ပစ္စည်းများဖြင့် လက်ဆောင်ပေးခြင်းကို အကျင့်လုပ်ထားကြပုံ ရသည်။

သူ၏ ခြေရာလက်ရာကို ရှာဖွေ၍ မရနိုင်သော်လည်း သူနှင့် ဆက်သွယ်နိုင်မည့်သူကိုမူ ခြေရာခံနိုင်ခြေ ရှိသည်။

အမှောင်ထဲတွင် ရှိနေလျှင်ပင် ကိုယ်ပိုင် အဆက်အသွယ် ကွန်ရက်များ ရှိတတ်စမြဲ မဟုတ်ပါလော။

မကြာမီမှာပင် မိစ္ဆာထံမှ ပြန်စာ ရောက်လာသည်။

[ မိစ္ဆာ ] : "ငါ တခြားဂိုဏ်းတူတွေကို မေးကြည့်ပြီးပြီ... ခေါင်စန်းမြို့နားမှာ တစ်ယောက် ရှိတယ်... ဒါပေမဲ့ သူက မင်းကို တိုက်ရိုက် ကူညီပေးနိုင်မှာ မဟုတ်ဘူး... ဒီကိစ္စနဲ့ ပတ်သက်ပြီး သူလည်း နားမလည်ဘူးတဲ့... ဒါပေမဲ့ သူ သတင်းတစ်ခု ပေးလိုက်တယ်... ခေါင်စန်းမြို့ထဲမှာ သတင်းစုံစမ်းချင်ရင် ကုအာနျန် အရက်ဆိုင်ကို သွားကြည့်ပါတဲ့"

'ထင်တဲ့အတိုင်း... ဒုစရိုက်လောက ညီအစ်ကိုတွေကမှ အားကိုးရတာ...' ဟု ချူလျန် တွေးလိုက်မိတော့သည်။

သတင်းစုံစမ်းဖို့ လမ်းကြောင်းတစ်ခုလောက်ပဲ ရသည် ဆိုသောငြား လုံးဝ အစအနမရတာထက်စာရင် ပိုကောင်းပါသေးသည်။

[ ၅၈ ] : "ကုအာနျန် အရက်ဆိုင်တဲ့လား... ကောင်းပါပြီ... လက်အောက်ငယ်သား အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်…"

[ မိစ္ဆာ ] : "ဒီတစ်ခေါက် မင်း ဒီလောက် ပင်ပင်ပန်းပန်း ကြိုးစားပေးတာ... တကယ်လို့ ငါ အဆင့်တက်နိုင်တဲ့နေ့ ရောက်လာရင် မင်းအတွက် အကျိုးအမြတ် မနည်းစေရဘူး... ဒီကိစ္စ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျေးဇူးတင်တယ်ကွာ…"

[ ၅၈ ] : "အရှင်မိစ္ဆာ အားနာစရာ မလိုပါဘူး... ဒါတွေက လက်အောက်ငယ်သား လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါ…"

[ ၅၉ ] : "ရှယ်ပဲဟေ့…"

ဝိညာဉ်ချုပ်တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် ချူလျန်သည် ယွမ်ချောင်ရှန်းကို ချက်ချင်း အသိပေးလိုက်သည်။

"ကျုပ် သတင်းနည်းနည်း သွားစုံစမ်းလိုက်ဦးမယ်... ခင်ဗျား ဒီမှာပဲ စောင့်နေ... ဘယ်မှ လျှောက်မသွားနဲ့နော်"

ထိုနေရာ၏ အခြေအနေကို မသိရသေးသဖြင့် ယွမ်ချောင်ရှန်းကို ခေါ်သွားရန် အဆင်မပြေပေ။ အကယ်၍ အမှောင်ဘုရင်ဂိုဏ်းနှင့် ပတ်သက်သော အရာတစ်ခုခု ပေါ်သွားခဲ့ပါက ရှင်းပြရ ခက်ပေလိမ့်မည်။

ယွမ်ချောင်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "သတင်းစုံစမ်းမယ် ဟုတ်လား... ဘယ်နေရာကိုလဲ"

ချူလျန်က ပြောလိုက်သည်။ "မိတ်ဆွေတစ်ယောက်ဆီက လမ်းကြောင်းတချို့ ရထားလို့ပါ... နည်းနည်း လျှို့ဝှက်ထားရမယ့် နေရာမို့လို့ ကျွန်တော် တစ်ယောက်တည်းပဲ သွားလိုက်မယ်"

"ကောင်းပြီလေ..." ယွမ်ချောင်ရှန်း ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။ "ခင်ဗျားရဲ့ အဲဒီမိတ်ဆွေကို သေချာလေး ကျေးဇူးတင်ကြောင်း ပြောပေးပါဦး…"

ချူလျန် ပြုံးလိုက်မိသည်။

မလိုပါဘူး... သူက ခုနကမှ ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောနေတာလေ…

All Chapters