← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း။ ၂၀၇

လုချွမ်းသည် တတိယအဆင့် ဇွန်ဘီရုပ်သေး ဆယ့်တစ်ကောင်၏ ခန္ဓာကိုယ်များကို စိတ်စွမ်းအင်ဖြင့် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

ထို့နောက် ဧရာမဇွန်ဘီ ၁ သည် ၎င်း၏ သန်မာလှသော လက်သည်းဓားများကို ဆန့်ထုတ်ကာ ထိုရုပ်သေးများ၏ ဦးခေါင်းနောက်စေ့သို့ ပြင်းထန်စွာ ထိုးဖောက်၍ တတိယအဆင့် အမြုတေများကို တစ်ခုပြီးတစ်ခု ထုတ်ယူလေတော့သည်။

တတိယအဆင့် အမြုတေ ဆယ့်တစ်လုံးကို ရရှိပြီးနောက် လုချွမ်းသည် သူ၏ လက်အောက်ရှိ မည်သည့် တတိယအဆင့် ရုပ်သေးလေးကောင်ကို အဆင့်မြှင့်တင်ရမလဲဟု အလေးအနက် စဉ်းစားရတော့သည်။ လောလောဆယ်တွင် သူ၏ အုပ်ချုပ်မှုအောက်၌ အားဖန် ၁ ၊ ဧရာမဇွန်ဘီ ၁ မီးလျှံ ၁ အပါအဝင် တတိယအဆင့် ဇွန်ဘီရုပ်သေး စုစုပေါင်း ဆယ်ကောင်ရှိနေသည်။

သေချာစွာ စဉ်းစားပြီးနောက် လုချွမ်းသည် စတုတ္ထအဆင့်သို့ ပထမဆုံး မြှင့်တင်မည့် အခွင့်အရေးကို ဧရာမဇွန်ဘီ ၁၊ အားဖန် ၂၊ မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့အား ပေးရန် ဆုံးဖြတ်လိုက်သည်။

ဤရွေးချယ်မှုနောက်ကွယ်တွင် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေသည်မှာ အမှန်ပင်။

သူ၏ လက်အောက်ရှိ ဇွန်ဘီရုပ်သေးများကို အမျိုးအစား လေးမျိုး ခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ အားဖန် ၁ နှင့် အားဖန် ၂ ကဲ့သို့သော ခုခံအားကောင်းသည့် တင့်ကားအမျိုးအစားများ ဖြစ်သည်။ ၎င်းတို့သည် ခံစစ်အတွက်သာမက ဖျက်အားပြင်းထန်သော ခွန်အားကိုလည်း ပိုင်ဆိုင်ကြသည်။

ဒုတိယအမျိုးအစားမှာ ဧရာမဇွန်ဘီ ၁ ကဲ့သို့ အမြန်နှုန်း ခွန်အားနှင့် တိုက်ခိုက်နိုင်စွမ်းတို့ မျှတစွာ ပါဝင်သည့် ဘက်စုံတော် အမျိုးအစား ဖြစ်သည်။ ၎င်းသည် ခုခံနိုင်ရည်ရော တိုက်စစ်ပါ ကောင်းမွန်သော စစ်သည်တော်တစ်ဦးနှင့် တူသည်။

တတိယအမျိုးအစားမှာ လျှပ်စီး ၁ ကဲ့သို့သော လျင်မြန်မှု အမျိုးအစားဖြစ်သည်။ ၎င်းတို့သည် အလွန်မြန်သော အရှိန်နှင့် ထက်မြက်သော ဓားသွားများကို အသုံးပြု၍ ရန်သူကို လျှပ်တပြတ် သုတ်သင်ကြသည်။

နောက်ဆုံးအမျိုးအစားမှာ မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့ကဲ့သို့ အထူးစွမ်းရည်သုံး အမျိုးအစားများ ဖြစ်သည်။

ဤရွေးချယ်မှုတွင် လုချွမ်းသည် လျှပ်စီး ၁ ကဲ့သို့သော လျင်မြန်မှုအမျိုးအစားများကို ဦးစွာ ပယ်ထုတ်ခဲ့သည်။ လျှပ်စီး ၁ တို့သည် အလွန်မြန်ဆန်၍ သေစေနိုင်သော ဓားသွားများကို ပိုင်ဆိုင်သော်လည်း ၎င်းတို့၏ တိုက်ခိုက်ပုံမှာ လူသတ်သမားများကဲ့သို့ တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာရသည့် ပုံစံမျိုးသာ ဖြစ်သောကြောင့်ပင်။

၎င်းမှာ လျှပ်စီး ၁ ၏ အားသာချက်ဖြစ်သော်လည်း အားနည်းချက်မှာမူ ခွန်အားနည်းပါးခြင်းနှင့် ခုခံကာကွယ်နိုင်စွမ်း အားနည်းခြင်းတို့ပင်။ အထူးသဖြင့် ချည်နှောင်တားဆီးနိုင်သည့် စွမ်းရည်ရှိသော စတုတ္ထအဆင့် ဆင့်ကဲပြောင်းလဲသူနှင့် ထိပ်တိုက်တွေ့ပါက ၎င်း၏ လျင်မြန်မှုမှာ အသုံးမဝင်တော့ဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသဖြင့် ထိုချုပ်နှောင်မှုများမှ ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ပြင် ခုခံနိုင်စွမ်း လုံလောက်မှုမရှိခြင်းကြောင့် ရန်သူ၏ တိုက်စစ်က ၎င်း၏အကာအကွယ်ကို ဖောက်ထွက်သွားသည်နှင့် တိုက်ခိုက်နိုင်စွမ်း ချက်ချင်းကျဆင်းသွားနိုင်သည့် အန္တရာယ်ရှိသည်။

ဧရာမဇွန်ဘီ ၁ နှင့် အားဖန် ၂ ကဲ့သို့သော ဇွန်ဘီရုပ်သေးများသည် လျှပ်စီး ၁ ထက် သာလွန်ထူးကဲသော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည့်အပြင် ခွန်အားချင်းမှာလည်း အဆမတန် ကွာခြားလှသည်။ စတုတ္ထအဆင့် ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ကြုံရလျှင်ပင် ၎င်းတို့၏ ကြီးမားသော ခွန်အားဖြင့် ချုပ်နှောင်မှုများကို အတင်းအကျပ် ရုန်းထွက်နိုင်မည်ဖြစ်ပြီး ခိုင်မာတောင့်တင်းသော ခုခံမှုစွမ်းရည်ကြောင့် တိုက်ပွဲကို အချိန်ကြာမြင့်စွာ ဆင်နွှဲနိုင်မည်ဖြစ်သည်။

အထူးစွမ်းရည်သုံး အမျိုးအစားများဖြစ်သည့် မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့အကြောင်းမှာမူ ပြောနေစရာပင် မလိုတော့ချေ။ ၎င်းတို့သည် လျှပ်စီး ၁ ထက် သေချာပေါက် သာလွန်သည်။ လျှပ်စီး ၁ ကဲ့သို့သော သာမန်လူသတ်သမားတစ်ဦးသည် မှော်ဆရာတို့နှင့် ဘယ်လိုမှ မယှဉ်

နိုင်ပေ။

အမှန်စင်စစ် လုချွမ်းအနေဖြင့် မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့ကို ရွေးချယ်ရခြင်း၏ နောက်ထပ်အကြောင်းရင်းမှာ အဆင့်တိုးမြှင့်ပြီးနောက် ၎င်းတို့၏ စွမ်းရည်များ မည်သို့ပြောင်းလဲလာမည်ကို သိရှိလိုသောကြောင့်လည်း ဖြစ်သည်။ မီးလျှံ ၁ သည် မီးလုံးတစ်လုံးတည်းကိုသာ အားကိုးရသည့် အဆင့်မှ ကျော်လွန်ကာ မီးမှော်အတတ်မျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်သည့် စစ်မှန်သော မှော်ဆရာတစ်ဦး ဖြစ်လာနိုင်သည်။ မြေလျှိုး ၁ မှာလည်း မြေလျှိုးသည့် အဆင့်မှသည် မြေပြင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သော စစ်မှန်သည့် မြေစွမ်းအားရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားနိုင်မလားဆိုသည်ကို သူ သိချင်မိသည်။

အဆင့်မြှင့်တင်မည့် ကိုယ်စားလှယ်လောင်းများကို အတည်ပြုပြီးနောက် လုချွမ်းသည် ဤနေရာ၌ပင် ချက်ချင်း အဆင့်မြှင့်ရန် လောမနေတော့ဘဲ ခြံဝင်းသို့ ပြန်ရောက်မှသာ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများနှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။

ခဏအကြာတွင် ယာဉ်တန်းသည် သွေးဆာနေသော နွယ်ပင်တံတိုင်းကြီးကို ကျော်ဖြတ်ကာ ခြံဝင်း၏ ကျောက်တံတိုင်းအပြင်ဘက် မြေကွက်လပ်၌ ဆိုက်ရောက်လာသည်။

လုချွမ်းသည် ဧရာမဇွန်ဘီ ၁၊ အားဖန် ၂၊ မီးလျှံ ၁ နှင့် မြေလျှိုး ၁ ဟူသော ဇွန်ဘီရုပ်သေးလေးကောင်ကို မြေကွက်လပ်တွင် အစီအရီ ရပ်တန့်စေလိုက်သည်။ ရှူထုတ်လိုက်သော လေအနည်းငယ်စာ အချိန်အတွင်းမှာပင် ထိုရုပ်သေးလေးကောင်သည် တတိယအဆင့် အမြုတေများကို ဝါးမြိုလိုက်ကြတော့သည်။

ချက်ချင်းဆိုသလိုပင် အမြုတေများအတွင်းမှ ကြီးမားလှသော စွမ်းအင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး ကိုယ်တွင်းအင်္ဂါများ သွေးကြောများနှင့် အရိုးအဆစ်များကို တရစပ် ရိုက်ခတ်နှိပ်စက်ကာ စွမ်းအင်ဖြင့် ဆေးကြောသန့်စင်ခြင်းကို ပြုလုပ်သည်။ ဤစွမ်းအင်မှာ မုန်တိုင်းထန်နေသော သမုဒ္ဒရာရှိ ပင်လယ်လှိုင်းလုံးကြီးများနှင့် တူညီပြီး ၎င်းတို့ လေးကောင်မှာမူ ထိုလှိုင်းလုံးများအကြား ပြင်းထန်စွာ ယိမ်းထိုးနေရသော သစ်ရွက်ကလေးများအလားပင်။

ပေါကြွယ်လှသော စွမ်းအင်တို့၏ ပျိုးထောင်သန့်စင်မှုအောက်တွင် ရုပ်သေးလေးကောင်၏ ဆင့်ကဲပြောင်းလဲမှုမှာ တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

ဝူး... ဝူး... ဝူး...

ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းလှသော ဧရာမဇွန်ဘီ ၁ နှင့် အားဖန် ၂ တို့သည်ပင်လျှင် မတ်တပ်ရပ်နေရင်း တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာကြပြီး ပြင်းထန်လှသော နာကျင်မှုကြောင့် စူးရှစွာ ဟိန်းဟောက်နေကြသည်။ မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားလှသည်။ ၎င်းတို့သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ယင်လျက် အသံအက်အက်ကြီးဖြင့် အော်ဟစ်နေကြသည်။

မီးလျှံ ၁ ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး ဧရာမ မီးလုံးကြီးတစ်လုံးအလား အပူရှိန်နှင့် အလင်းရောင်များကို ထုတ်လွှတ်နေသည်။ တစ်ဖက်တွင်လည်း မြေလျှိုး ၁ ထံမှ မြေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် ထူးဆန်းစွာ ဆွဲဆောင်ခံရကာ အရည်ပျော်နေသော ရွှံ့နွံများအဖြစ် ပြောင်းလဲသွားသည်။ ထိုရွှံ့နွံများသည် ၎င်း၏ ခြေထောက်များမှတစ်ဆင့် အထက်သို့ စီးတက်သွားပြီး မြေလျှိုး ၁ ၏ တစ်ကိုယ်လုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် မြေလျှိုး ၁ သည် ရွှံ့စေးဖြင့် ပြုလုပ်ထားသော ရုပ်တုတစ်ခုကဲ့သို့ မြေသားများဖြင့် ဖွဲ့စည်းထားသည့် ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ အချိန်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီးနောက်တွင်မူ ထိုရုပ်သေးလေးကောင်၏ အသွင်

ပြောင်းလဲမှုမှာ နောက်ဆုံးပန်းတိုင်သို့ ရောက်သွားတော့သည်။

ဂါးးဂါးးဂါးးးဂါးးးး

ဟိန်းဟောက်သံ လေးသံသည် ချင်းရွှေခြံဝင်း၏ ကောင်းကင်ယံတစ်ခုလုံးကို မြည်ဟည်းသွားစေသည်။

ဧရာမဇွန်ဘီ ၁ ၏ အရွယ်အစားမှာ တတိယအဆင့်ကထက် သိသိသာသာ ကြီးထွားလာပြီး အမြင့် ငါးမီတာနီးပါးရှိလာသည်။ ၎င်း၏ ကိုယ်ခန္ဓာမှာ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ တောင့်တင်းခိုင်မာသော ကြွက်သားများဖြင့် ပြည့်နှက်နေပြီး လက်သည်းဓားတစ်စုံမှာလည်း ပိုမိုထူထဲရှည်လျားကာ အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်။ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် ဦးခေါင်း၊ လည်ပင်း၊ အဆစ်အမြစ်များနှင့် ရင်ဘတ်တို့တွင် မာကျောသော အနက်ရောင် သံချပ်ကာအလွှာများ ဖုံးလွှမ်းလာရာ ဧရာမဇွန်ဘီ ၁ ၏ အသွင်အပြင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် ပုံစံသို့ ပြောင်းလဲသွားသည်။

အားဖန် ၂ ၏ အသွင်သဏ္ဌာန်မှာလည်း တောင်ကုန်းငယ်တစ်ခုကဲ့သို့ ပိုမိုမြင့်မားတောင့်တင်းလာပြီး နှစ်ထပ်တိုက်တစ်လုံးစာခန့် မြင့်မားကာ ခြေလှမ်းတိုင်းတွင် မြေပြင်မှာ တုန်ခါသွားရသည်။ အထူးခြားဆုံးမှာ အားဖန် ၂ ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော အနက်ရောင် အကြေးခွံများမှာ သတ္တုရောင် တလက်လက်ထနေပြီး အလွန်အမင်း မာကျောသည့် အသွင်ကို ဆောင်နေခြင်းပင်။

မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့၏ ကိုယ်ထည်မှာ သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်မှာ အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားသည့် ပုံစံမျိုး မဟုတ်တော့ပေ။ မီးလျှံ ၁ သည် တစ်ကိုယ်လုံး မီးတောက်များဖြင့် ပြည့်နှက်နေပြီး အဆုံးမဲ့သော မီးလျှံများဖြင့် ဖန်တီးထားသည့်အလား တောက်ပနေသည်။ မြေလျှိုး ၁ မှာမူ မြေသားဖြင့် ထုလုပ်ထားသော ရုပ်တုတစ်ခုကဲ့သို့ဖြစ်ကာ လေးလံလှသော မြေဓာတ်အဆီအနှစ်များကို ထုတ်လွှတ်နေသည်။

"နောက်ဆုံးတော့ စတုတ္ထအဆင့်ကို ရောက်ပြီ"

သူ့ရှေ့ရှိ စတုတ္ထအဆင့် ဇွန်ဘီရုပ်သေးလေးကောင်ကို ကြည့်ရင်း လုချွမ်း၏ မျက်နှာတွင် ဝမ်းသာပီတိများ လွှမ်းမိုးသွားတော့သည်။ ထို့နောက် သူသည် ထိုရုပ်သေးလေးကောင်၏ စွမ်းရည်များကို တစ်ခုချင်းစီ စမ်းသပ်ကြည့်သည်။

ဧရာမဇွန်ဘီ ၁ ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ ပြောနေစရာမလိုအောင် ကောင်းမွန်သည့်အပြင် အံ့အားအသင့်ဆုံးမှာ အဝေးပစ်တိုက်ခိုက်မှု စွမ်းရည် ရရှိလာခြင်းဖြစ်သည်။ ၎င်း၏ ထက်မြက်သော လက်သည်းဓားများကို ကိုယ်ထည်မှ ခွာထုတ်၍ မြှားများကဲ့သို့ ပစ်လွှတ်နိုင်စွမ်း ရှိလာသည်။

အားဖန် ၂ ၏ အနက်ရောင် အကြေးခွံသံချပ်ကာမှာလည်း ပေါက်ကွဲထွက်လုမတတ် ခုခံအားကောင်းလှသည်။ လုချွမ်းက သူ၏ ရှိသမျှအင်အားသုံး၍ ဓားဖြင့် ခုတ်ကြည့်သော်လည်း အနည်းငယ်မျှသော အရာသာ ထင်ကျန်ရစ်ပြီး သေနတ်ကျည်ဆံများမှာလည်း ချိုင့်ဝင်ရုံသာ ဖြစ်စေသည်။

မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့မှာမူ လုချွမ်း မျှော်လင့်ထားသည့်အတိုင်း စစ်မှန်သော မှော်ဆရာများအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ ကန့်သတ်ချက်မရှိတော့ဘဲ စွမ်းအင်အတတ်မျိုးစုံကို အသုံးပြုနိုင်လာသည်။

"ကောင်းလိုက်လေခြင်း... ဒါက သာမန်လက်နက်ကနေ အမြောက်ကြီးတွေအဖြစ် အဆင့်မြှင့်လိုက်သလိုပဲ"

စတုတ္ထအဆင့် ရုပ်သေးလေးကောင်၏ ကြီးမားလှသော ခွန်အားတိုးတက်မှုကို နားလည်လိုက်သည့်အခါ လုချွမ်းမှာ အတိုင်းမသိ ပျော်ရွှင်သွားမိသည်။ ဤရုပ်သေးများကြောင့် သူ၏ အင်အားမှာ အဆမတန် မြင့်မားသွားပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

All Chapters