← Chapters

သူတော်စင် ကောင်းကင်ဘုံ ဖန်ဆင်းခြင်း ကျမ်းစာ

Vol. 117 Ch. 1754

သူတော်စင် ကောင်းကင်ဘုံ ဖန်ဆင်းခြင်း ကျမ်းစာ

Vol. 117 Ch. 1754

*ထွက်ပြေးရမယ်*

လက်ရှိတွင် သူ၏စိတ်ထဲ၌ တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။ ယင်းမှာ ဤမိစ္ဆာကောင်ထံမှ အဝေးဆုံးသို့ ထွက်ပြေးရန်ပင်။

သို့သော် ယဲ့ဖန်၏ အရှိန်မှာ အံ့မခန်း လျှင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လင်ရှန်း၏ နောက်ကျောဘက်သို့ ရောက်ရှိလာတော့သည်။

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

“ဘာလို့ ပြေးနေတာလဲ၊ အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်က ဒီမှာတင်ရှိတာလေ၊ လာယူလေ”

၎င်းမှာ တမင်သက်သက် လှောင်ပြောင်လိုက်ခြင်းပင်။ သိသိသာသာ သရော်လိုက်ခြင်းပင်တည်း။

လင်ရှန်း၏ မျက်နှာမှာ အရှက်ရလွန်းသဖြင့် နီမြန်းသွားသော်လည်း နောက်သို့ လှည့်မကြည့်ရဲပေ။

ဤအချိန်တွင် အသူရာ ဧကရာဇ်၏ အမွေအနှစ်ကို သူ ဂရုမစိုက်နိုင်တော့ဘဲ အသက်ရှင်လျက် လွတ်မြောက်ရန် မှာပင် ကံကောင်းလှပြီဟု သတ်မှတ်ထားရသည်။

သို့သော် လက်တွေ့လောကမှာ ရက်စက်လွန်းလှသည်။

ယဲ့ဖန်၏ လက်ဝါးချက်မှာ ဒေါသနှင့်အတူ ပြင်းထန်လှသော စွမ်းအားများဖြင့် ကျရောက်လာတော့သည်။ သူသည် လင်ရှန်း၏ ကျောပြင်ကို အားကုန် ရိုက်ချလိုက်လေသည်။

“ဂျွတ်”

လင်ရှန်း၏ မြီးညှောင့်ရိုး တစ်ခုလုံး ချက်ချင်းပင် ကျိုးကြေသွားတော့သည်။

လင်ရှန်း၏ တစ်ကိုယ်လုံး ထူးဆန်းသော ပုံသဏ္ဌာန်ဖြင့် ကွေးကောက်သွားပြီး သွေးအိုင်ထဲသို့ ခေါင်းစိုက်ကျ သွားသည်ကို လူတိုင်း အထင်အရှား မြင်လိုက်ရသည်။

“မင်း...”

ဤမြင်ကွင်းကြောင့် လင်ထျန်း၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားတော့သည်။

တစ်ဖက်လူမှာ သူ၏ အမိန့်ကို လုံးဝ ပစ်ပယ်ရဲသည် မဟုတ်ပါလား။ ၎င်းမှာ သူ့ကို အကြီးအကျယ် စော်ကား လိုက်ခြင်းပင်။

ယဲ့ဖန်က သူ့ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ လင်ရှန်းရှိရာသို့ ဖြည်းညှင်းစွာ ဆက်လက် လျှောက်လှမ်းသွားသည်။

ဤအချိန်တွင် လင်ထျန်းမှာ မှော်လက်နက်တစ်ခုကို သွန်းလုပ်နေခြင်းဖြစ်ပြီး အဆုံးအဖြတ်ပေးရမည့် အရေး ကြီးသော အဆင့်သို့ ရောက်ရှိနေသည်။ သူသည် ထိုနေရာမှ လုံးဝ ထွက်ခွာ၍မရပေ၊ သို့မဟုတ်ပါက သူ၏ ကြိုးစား အားထုတ်မှု အားလုံးမှာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

အခြားသူများမှာလည်း ထို့အတူပင်။ သူတို့သည် လင်ထျန်းအား မှော်လက်နက် သွန်းလုပ်ရန် ကူညီနေရသဖြင့် ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။

လင်ရှန်းမှာ အသက်ရှူရုံမျှသာ ကျန်တော့ပြီး တစ်ကိုယ်လုံးမှာလည်း အပိုင်းပိုင်း ဆွဲဖြတ်ခံထားရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေရသည်။ သူ၏ ခါးအောက်ပိုင်း တစ်ခုလုံးမှာလည်း လုံးဝ အာရုံခံစားမှု ကင်းမဲ့သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

“အစ်ကို လင်ထျန်း... ကျွန်တော့်ကို ကယ်ပါဦး၊ ကယ်ပါဦး”

သူသည် အသည်းအသန် အော်ဟစ်ငိုယိုရင်း လင်ထျန်းရှိရာ အရပ်ဆီသို့ တစ်လှမ်းချင်း တွားသွားနေတော့သည်။

၎င်းမှာ သူ၏ နောက်ဆုံး မျှော်လင့်ချက်ဖြစ်သော မြက်ပင်တစ်ပင်ကို ဆုပ်ကိုင်ရန် ကြိုးစားနေခြင်းပင်။

သူ အသက်ရှင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်သည်။

သို့သော် ယဲ့ဖန်က ထိုသေးငယ်လှသော မျှော်လင့်ချက်မီးတောက်လေးကို ရက်ရက်စက်စက် ငြှိမ်းသတ် ပစ်လိုက်သည်။

“ဝုန်း”

ယဲ့ဖန်က ဒေါသတကြီးဖြင့် ပြင်းထန်စွာ နင်းချလိုက်တော့သည်။

အသားစိုင်များမှာ ပေါက်ကွဲထွက်ကာ အစအနမကျန် ကြေမွသွားရတော့သည်။

လင်ရှန်း၏ အောက်ပိုင်း တစ်ခုလုံးမှာ ခဏချင်းအတွင်းမှာပင် ပေါက်ကွဲပျက်စီးသွားပြီး သွေးစိုင်သွေးခဲများနှင့် အသားစိုင်များမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။

“အားးးးး”

ရင်နင့်သည်းခြေပျက်မတတ် အော်ဟစ်သံကြီးတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးဖောက်သွားတော့သည်။

ရက်စက်လိုက်လေခြင်း၊ သွေးအေးလိုက်လေခြင်း။

လူတိုင်း ထိတ်လန့်တုန်လှုပ်လျက် အသက်ရှူပင် မှားသွားကြသည်။ မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခြ င်းဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခြင်းပင် ဖြစ်တော့သည်။

လင်ရှန်း၏ သနားစရာကောင်းလှသော အခြေအနေကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ကြောက်ရွံ့ တုန်ရင်နေ ကြရသည်။

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော ပါရမီရှင်တစ်ဦးမှာ ယခုမူ သေအံဆဲဆဲ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်သွားရချေပြီ။

“ငါ့ရဲ့ ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်ကို ဒီလောက်အထိ စော်ကားရဲတယ်ပေါ့လေ”

လင်ထျန်း၏ မျက်လုံးများမှာ ရဲရဲနီနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန်တွင် မှော်လက်နက်ကို သွန်းလုပ် မနေရပါက ယဲ့ဖန်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ခဲ့သည်မှာ ကြာလှပေပြီ။

“မင်းမှာ သူ့ကိုကယ်ဖို့ အခွင့်အရေးရှိသေးတယ်လေ၊ မင်းသာ အခု လှုပ်ရှားမယ်ဆိုရင် သူ့အသက်ကို ငါ ချန်ထားပေးမယ်၊ ဘယ်လိုလဲ”

ယဲ့ဖန်က မဲ့ပြုံးဖြင့် ပြောလိုက်သည်။

လင်ထျန်း၏ အမူအရာမှာ တောင့်ခဲသွားတော့သည်။ အကယ်၍ သူသာ ယခု လှုပ်ရှားလိုက်ပါက သူ၏ မှော်လက်နက်မှာ ပျက်စီးသွားပေလိမ့်မည်။ သူသည် ဤမှော်လက်နက်ကို နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သွန်းလုပ်ခဲ့ရခြင်းဖြစ်ရာ အလွယ်တကူ လက်လွှတ်မခံလိုပေ။

ဤအခိုက်အတန့်တွင် သူ၏မျက်နှာ၌ ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

၎င်းကို မြင်လိုက်ရသောအခါ လင်ရှန်း၏ နှလုံးသားမှာ လုံးဝ ပြုတ်ကျသွားရတော့သည်။ လင်ထျန်းသည် သူ့အတွက်နှင့် သူ၏ မှော်လက်နက်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း သူ ရှင်းလင်းစွာ သိမြင်သွားခဲ့ပြီ ဖြစ်သည်။

“ဖူးးး”

ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် လင်ရှန်းမှာ ရိုက်ခြေခြင်းခံလိုက်ရပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်!။ ခန္ဓာကိုယ်၏ အစအနပင် မကျန်တော့ချေ။

သေဆုံးသွားပြီ။

ပါရမီရှင်တစ်ဦးမှာ ဤသို့ဖြင့် အဆုံးသတ်သွားခဲ့ရလေပြီ။

လူတိုင်းမှာ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိကြပြီး လုံးဝကို ဆွံ့အသွားကြသည်။

သူတို့အရှေ့မှ ကောင်လေးသည် ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်၏ ထူးချွန်သော တပည့်တစ်ဦးကို တကယ်ပင် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့ကို တမင်တကာ ပြဿနာရှာရန် ကြိုးစားနေခြင်း မဟုတ်ပါလား။

*ဒီလူက ကောင်းကင်ဘုံ ကိုးလွှာကို စိန်ခေါ်တဲ့အထိ အရမ်း မောက်မာလွန်းတယ်*

*ဒါ တကယ့်ကို မောက်မာလွန်းတာပဲ*

“ကောင်းတယ် လူလေး ... ဒီလို စိတ်ဓာတ်မျိုးကမှ ငါ့အကြိုက်ပဲ!”

သူတော်စင် ထျန်းယန်က အားရပါးရ ရယ်မောလိုက်သည်။ သူသည်လည်း ကောင်းကင်ဘုံ ကိုးလွှာရှိ မိမိကိုယ်မိမိ အထင်ကြီးနေကြသော လူစားမျိုးများကို မနှစ်မြို့သူဖြစ်သည်။

ယဲ့ဖန်၏ ရက်စက်ပြီး အထိန်းအကွပ်မဲ့သော သဘာဝမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဧကရာဇ်ကိုးပါးကို ပြန်လည်အမှတ်ရစေသည်။

ဤကောင်လေးတွင် မောက်မာရဲတင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။

ဤအခိုက်အတန့်တွင် ထျန်းရင်၏ လှပသောမျက်လုံးများမှာလည်း ထူးဆန်းသော အရောင်အဝါများဖြင့် တောက် ပနေပြီး ယဲ့ဖန်ကို အသေအချာ စိုက်ကြည့်နေမိသည်။

အင်မော်တယ် မျိုးဆက်မှ မွေးဖွားလာသော ကောင်းကင်ဘုံ၏ ဂုဏ်ယူရသည့် သမီးပျိုတစ်ဦး ဖြစ်သည့် အားလျော်စွာ သူမ၏ စိတ်ဓာတ်ခိုင်မာမှုမှာ အနှိုင်းမဲ့ပေသည်။ သတ်ဖြတ်ခြင်းဆိုသည်မှာ သူမအတွက် အသစ်အဆန်း မဟုတ်သဖြင့် ယခုမြင်ကွင်းကို သူမ လုံးဝ ထိတ်လန့်ခြင်းမရှိပေ။

ယခုအချိန်တွင် သူမ၏ စိတ်နှလုံးထဲ၌ ပဲ့တင်ထပ်သွားသောအရာမှာ ဖြစ်ရပ်ကိုယ်နှိုက်ကြောင့် မဟုတ်ဘဲ... ထိုလူ ကြောင့်ပင် ဖြစ်သည်။

“မင်းလို အမှိုက်ကောင်ကို ငါက အပိုင်းပိုင်း ဆွဲဖြတ်ပြီး အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်”

လင်ထျန်းသည် မျက်လုံးများ စွေးစွေးနီလျက် ဟိန်းဟောက်လိုက်တော့သည်။

ယဲ့ဖန်အပေါ် ထားရှိသော သူ၏ နာကျည်းမှုမှာ ထိန်းချုပ်၍မရနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“မင်း ငါ့ကို မဆွသင့်သလို အခုလည်း ငါ့ကို ခြိမ်းခြောက်မနေသင့်ဘူး”

ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်ရင်း ခြေဖျားဖြင့် မြေပြင်ကို အသာအယာ ကန်ကျောက်ကာ ဘေးတိုက်သို့ ချက်ချင်း ရွေ့လျားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လင်ထျန်းနှင့် အခြားသူများရှိရာသို့ ၁၀ မီတာအကွာအဝေးအတွင်းသို့ ရောက်ရှိသွားချေပြီ။

*ဟိုက်*

လူတိုင်း ထိတ်လန့်တုန်လှုပ်လျက် အသက်ရှူမှားသွားကြသည်။ ယဲ့ဖန် ဘာလုပ်ရန် ကြံစည်နေသည်ကို သူတို့ အရှင်းသား သိမြင်လိုက်ကြပြီ ဖြစ်သည်။

အပြာရောင် ကြာပန်းသည် တုန်ခါသွားပြီး မရေမတွက်နိုင်သော ကမ္ဘာဦးစွမ်းအင်များမှာ ကောင်းကင်ယံကို လွှမ်းမိုးသွားတော့သည်။ ၎င်းမှာ မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက် ဟိန်းဟောက်လိုက်သကဲ့သို့ ကမ္ဘာ လောကကြီးကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်ကာ စုပေါင်း၍ ဒလိမ့်ခေါက်ကွေး ကျဆင်းလာတော့သည်။

ယဲ့ဖန်သည် ခပ်သိမ်းသော အရာဝတ္ထုတို့၏ ကိုယ်ပွားအလား ဖြစ်နေပြီး၊ သူ၏ တစ်ကိုယ်လုံးမှာ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေကာ လက်မတိုင်းမှာ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များဖြင့် ဝေဖြာနေ တော့သည်။

ခမ်းနားလှပေ၏။

ကြီးကျယ်ခမ်းနားပြီး အထင်ကြီးဖွယ်ရာ မြင်ကွင်းတစ်ခုပင်။

ခဏချင်းအတွင်းမှာပင် လင်ထျန်းနှင့် အခြားသူများအားလုံးမှာ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

*ဒီလူယုတ်မာက ငါတို့ရဲ့ ဂျူနီယာညီလေးကို သတ်လိုက်ရုံတင်မကဘဲ အခု ငါတို့ကိုပါ တိုက်ခိုက်ရဲတယ်ပေါ့လေ*

*မောက်မာလိုက်တာ*

*ရမ်းကားလိုက်တာ*

၎င်းမှာ တည်ငြိမ်လွန်းလှသည့် လက်ဝါးချက်တစ်ခုသာ ဖြစ်သော်လည်း ကောင်းကင်ယံကြီး တစ်ခုလုံး ဖိနှိပ်ချ လိုက်သကဲ့သို့ ခမ်းနားထည်ဝါပြီး အတိုင်းအဆမရှိ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလက်ဝါးချက်သည် သူတို့အပေါ်သို့ ကျရောက်လာတော့သည်။

“ပြေးကြ”

ဤအခိုက်အတန့်တွင် အားလုံးနီးပါးသည် လက်နက်သွန်းလုပ်ခြင်းကို စွန့်လွှတ်ကာ တစ်ပြိုင်နက်တည်း နောက်ဆုတ် ထွက်ပြေးကြတော့သည်။

“မင်းတို့...”

၎င်းကို မြင်လိုက်ရသောအခါ လင်ထျန်း၏ အမူအရာမှာ တောင့်ခဲသွားပြီး ပြင်းထန်သော နာကျည်းမှုများဖြင့် ပြည့်နှက်သွားသည်။ အကယ်၍ သူတို့သာ အခုထွက်ပြေးသွားကြလျှင် သူ၏ နောက်ဆုံးအဆင့် လုပ်ငန်းစဉ်မှာ ကျရှုံးရန်သာ ကံပါတော့မည်။

မီးပင်လယ်အတွင်း၌ သွန်းလုပ်ဆဲဖြစ်သော မှော်လက်နက်ကို ကြည့်ရင်း သူ၏နှလုံးသားမှာ နာကျင်နေရသည်။ သို့သော် သူ၏ အားထုတ်မှုအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရချေပြီ။

သူ၏ ဂျူနီယာ မောင်နှမများသည် သူ့အတွက်နှင့် ယဲ့ဖန်၏ လက်ဝါးချက်ကို တိုက်ရိုက် ခံယူပေးမည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။

ထို့နောက်တွင်တော့ လင်ထျန်းသည်လည်း လှည့်၍ ထွက်ပြေးခဲ့ရလေတော့သည်။

ယဲ့ဖန်၏ လက်ဝါးချက်မှာ မှော်လက်နက်အပေါ်သို့ ခဏချင်းအတွင်း ကျရောက်သွားခဲ့ပြီ။

“ဂျွတ်”

ကွဲအက်သံနှင့်အတူ ထိုမှော်လက်နက်မှာ အမှုန့်ဖြစ်သွားရကာ ယဲ့ဖန်၏ လက်ထဲတွင်ပင် လုံးဝ ပေါက်ကွဲ ပျက်စီးသွားတော့သည်။

သွားလေပြီ။

ရာစုနှစ်တစ်ခုကြာအောင် သွန်းလုပ်ခဲ့ပြီး ပြီးစီးလုနီးပါး ဖြစ်နေသော မှော်လက်နက်မှာ ယခုမူ ဘာမှမရှိတော့ဘဲ ပျောက်ကွယ် သွားရချေပြီ။

လင်ထျန်း၏ နှလုံးသားမှာ သွေးစက်လက် ကျနေရသည်။

သူသည် ဤကုန်ကြမ်းများကို စုဆောင်းရန် နှစ်ပေါင်းတစ်ထောင်နီးပါး အချိန်ပေးခဲ့ရပြီး သွန်းလုပ်ရန်အတွက် နောက်ထပ် နှစ်ပေါင်းတစ်ရာ အသုံးပြုခဲ့ရသည် မဟုတ်ပါလား။ ယခုမူ အားလုံး ပျက်စီးသွားလေပြီ။

ယဲ့ဖန်က လှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“မင်းက ဧကရာဇ် ရီရဲ့ တာအို အနှစ်သာရကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး”

“ကောင်းတယ်! သိပ်ကောင်းတယ်”

လင်ထျန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်သော ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားတော့သည်။

“ပြေးကြ၊ မြန်မြန်ပြေးကြ”

ထိုခဏ၌ လူအုပ်ကြီးအတွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ လူတိုင်း သွေးပျက်နေကြပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လင်ထျန်း အမှန်တကယ် လှုပ်ရှားတော့မည်ကို သူတို့ သိလိုက်ကြသောကြောင့်ပင်။

ဤမိစ္ဆာကောင် လှုပ်ရှားပြီဆိုလျှင် သေချာပေါက် ပျက်စီးခြင်းတရားတို့ ကျရောက်လာပေလိမ့်မည်။ အကယ်၍ သူတို့ထံသို့ အရှိန်အဟုန် အနည်းငယ်မျှ လွင့်စင်လာလျှင်ပင် အစအနမကျန် ပျောက်ကွယ်သွားနိုင်ပေသည်။

“ဝုန်း”

သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်။

ဤအခိုက်အတန့်တွင် လင်ထျန်းမှာ ရူးသွပ်နေသော အခြေအနေသို့ ရောက်ရှိနေပြီး ဆံပင်များမှာ ထောင်မတ်လျက် ဝတ်ရုံမှာလည်း လေထဲတွင် တဖျတ်ဖျတ် လွင့်နေတော့သည်။ သူသည် ပြန်လည်ရှင်သန်လာသော မိစ္ဆာနတ်ဘုရား တစ်ပါးအလား အလွန်တရာမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေတော့သည်။

ယခုမူ သူသည် အစွမ်းကုန် ဒေါသထွက်နေပြီ ဖြစ်သည်။

“ပွဲကောင်းတော့ စတော့မယ်”

သူတော်စင် ထျန်းယန်က ပြဿနာကို မီးလောင်ရာလေပင့်လိုသည့် အပြုံးမျိုးဖြင့် ပြုံးလျက် ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး လင်ထျန်း ဒေါသထွက်နေပြီ”

လင်ရင်နှင့် အခြားသူများမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေကြသည်။ လင်ထျန်း မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့သာ သိကြသည်။ သူ တစ်ခါ ဒေါသထွက်လျှင် ဖျက်ဆီး၍မရသော ဘေးဒုက္ခကြီးတစ်ခု ကျရောက်လာတတ်စမြဲပင်။

ဤမျှအထိ ဒေါသထွက်နေသော လင်ထျန်းကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

“သေမင်းကို ဖိတ်ခေါ်နေတဲ့ ငတုံးကောင်၊ စီနီယာအစ်ကိုကြီးကို ဒီလောက်အထိ ရန်စရဲတယ်ပေါ့။ သူတော့ သေတွင်းထဲ ခြေတစ်ဖက် နစ်နေပြီ”

လင်ရင်က ရက်စက်စွာ လှောင်ပြောင်လိုက်ပြီး သူတပါးဘေး ဒုက္ခတွေ့သည်ကို ဝမ်းသာအားရ ဖြစ်နေတော့သည်။

“ငါတို့ရဲ့ ဖန်ဆင်းခြင်း နန်းတော်ကို စော်ကားရဲတဲ့သူဟာ သေကိုသေရမယ်”

“စီနီယာအစ်ကိုကြီး ... သူ့ကို အရှင်လတ်လတ် အရေခွံခွာပြီး အကြောတွေကို ဆွဲထုတ်ပစ်လိုက်ပါ”

ဖန်ဆင်းခြင်းနန်းတော်မှ လူများအားလုံးမှာ ယဲ့ဖန်၏ အနိဋ္ဌာရုံ သေဆုံးခြင်းမြင်ကွင်းကို မြင်တွေ့ရရန် စိတ်အား ထက်သန်စွာဖြင့် လှောင်ပြုံးပြုံးနေကြသည်။

ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပလှသော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာတော့သည်။

တိမ်တိုက်များကို ထိုးဖောက်သွားသည့် ပျံလွှားဓားတစ်လက်အလား၊ လျှပ်စီးကဲ့သို့ လျင်မြန်လှသော အလင်းတန်းများမှာ လင်ထျန်း၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဘာမှမရှိရာမှ အရာအားလုံးကို ဖန်ဆင်းနိုင်သည့် အလားရှိသော ခမ်းနား ထည်ဝါသည့် ဖြစ်စဉ်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

“ပေါ်လာပြီ၊ ဖန်ဆင်းခြင်း နတ်ဘုရား နန်းတော်ရဲ့ လျှို့ဝှက်ကျမ်းစာ ... သူတော်စင် ကောင်းကင်ဘုံ ဖန်ဆင်းခြင်း ကျမ်းစာပဲ”

တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ ၎င်းမှာ တကယ့်ကို တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။

သူတော်စင် ကောင်းကင်ဘုံ ဖန်ဆင်းခြင်း ကျမ်းစာသည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး သမားရိုးကျမဟုတ်သော ကျမ်းတစ်စောင်ဖြစ်သည်။ ၎င်းကို “ခပ်သိမ်းသော အတတ်ပညာတို့၏ နတ်ဘုရားအဆင့် အနုပညာ” ဟု လူသိများကြပြီး တိုက်ခိုက်မှုတိုင်းတွင် အနှိုင်းမဲ့ကာ ရှေးဟောင်းခေတ်ကာလများက အကြောက်မက်ဖွယ် အကောင်းဆုံး သတ်ဖြတ်ခြင်း နည်းပညာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

လူတိုင်း မှင်တက်သွားကြသည်။ လင်ထျန်းသည် မူလကပင် ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်နေသည့်အပြင် ယခုကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နတ်ဘုရားအဆင့် နည်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာတော့သည်။

ဤကျမ်း၏ ရဲတင်းလှသော သတ်ဖြတ်ခြင်း နည်းလမ်းများသည် တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုဝေးကွာလှသော ခေတ်ကာလများတွင် မည်မျှပင် သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါစေ ဤနတ်ဘုရား အတတ်ပညာကို မတွန်းလှန်နိုင်ခဲ့ကြပေ။

တစ်ကြိမ်တစ်ခါ ဖန်ဆင်းမှု ဖြစ်ပေါ်လာသည်နှင့် ခပ်သိမ်းသော နိယာမတရားတို့သည် အချည်းနှီး ဖြစ်သွားရ တော့သည်။

သူတော်စင် ကောင်းကင်ဘုံ ဖန်ဆင်းခြင်း ကျမ်းစာ ထွက်ပေါ်လာသည်နှင့် နိယာမတရားအားလုံးသည် ဆုတ်ယုတ် ပျက်စီးသွားပြီး မခံမရပ်နိုင် ဖြစ်သွားကြရသည်ဟူသော ဆိုရိုးစကားပင် ရှိခဲ့ရာ၊ ၎င်းသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း ထင်ရှားလှပေသည်။

“မင်းကို ငါ အလွယ်တကူ သေခွင့်ပေးမှာ မဟုတ်ဘူး၊ မင်းဆီက အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို လုယူမယ့်အပြင် မင်းရဲ့ အသက်စွမ်းအားနဲ့ ကျင့်စဉ်အခြေခံတွေကိုပါ နောက်ဆုံးတစ်စက်အထိ ငါ ဝါးမြိုပစ်မယ်”

လင်ထျန်းသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

ထို့နောက်တွင်တော့ သူသည် လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်တော့သည်။

ရုတ်တရက်ဆိုသလို ကြယ်တာရာအစုအဝေးကြီးတစ်ခု ပေါ်ပေါက်လာပြီး ယဲ့ဖန်ထံသို့ ကြွေကျလာတော့သည်။ ထိုကြယ်တာရာတို့၏ အလင်းရောင်မှာ အဆုံးမဲ့ တောက်ပနေပြီး ရင်သပ်ရှုမောဖွယ် လှပနေတော့သည်။

ဤအခိုက်အတန့်တွင် သူသည် သူတော်စင်တစ်ပါးအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ပင်။

“စပြီ”

ဤအချိန်တွင် သူတော်စင် ထျန်းယန်ကိုယ်တိုင်ပင် စိုးရိမ်စိတ်ကို မဖုံးဖိနိုင်တော့ဘဲ သူ၏ တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

သူသည်လည်း ဤကြီးကျယ်သော တိုက်ပွဲကြီးကြောင့် စိတ်လှုပ်ရှားနေရပြီး ကောင်းကင်ယံ၌ အားကောင်းသော ရန်သူကို ရင်ဆိုင်ကာ အဆုံးအဖြတ် တိုက်ပွဲဝင်နေခဲ့သည့် သူ၏ လူပျိုဘဝကို ပြန်မြင်နေရသကဲ့သို့ ခံစားနေရသည်။

“ငါ ပြောပြီးပြီပဲ ... အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်က ဒီမှာရှိတယ်လို့။ မင်းမှာ တကယ် အရည်အချင်းရှိရင် လာယူလေ”

“ဝုန်း”

ရုတ်တရက်ဆိုသလို ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းလှသော စွမ်းအားတစ်ခုမှာ တောင်ကမ္ဘာလုံးပေါင်း တစ်သောင်းကိုပင် တိုက်စားပစ်နိုင်သည့်အလား အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်။ ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် ကြည့်နေသူတို့မှာ အသည်းတုန် လူတုန် ဖြစ်သွားရလေသည်။

သူသည် ယခင်အတိုင်းပင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အနှိုင်းမဲ့ မောက်မာရဲတင်းသည့် ပုံစံဖြင့် ရပ်တည်နေဆဲပင်။

“ဘာ … သူ့ရဲ့ အရှိန်အဝါက လင်ထျန်းထက် မနိမ့်ပါလား”

လူတိုင်း အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာများတွင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။

သို့သော် နောက်တစ်ခဏ၌ ယဲ့ဖန်က လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲထုတ်နိုင်မည့် လက်ဝါးချက်တစ်ချက်ဖြင့် ခုတ်ပိုင်းလိုက်ရာ အင်မော်တယ် နတ်ဘုရားကျောက်တိုင်ကြီး တစ်ခုအလား သူ၏ရှေ့မှ ကြယ်တာရာများအပေါ်သို့ ရိုက်ချလိုက်ပြီး မြင့်မြတ်သော နတ်ဘုရားစွမ်းအားကို ချက်ချင်းပင် ဖိနှိပ်ပစ်လိုက်တော့သည်။

ခဏချင်းအတွင်းမှာပင် လူတိုင်း ဆွံ့အသွားရပြန်သည်။

“ဘာလဲ၊ ဒီလိုမျိုးကြီး ထပ်ဖြစ်ပြန်ပြီလား... ခန္ဓာကိုယ် အစွမ်းနဲ့တင် နိယာမတရားတွေကို ချိုးဖျက်လိုက်တာလား”

လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရပြီး ဤမြင်ကွင်းမှာ လုံးဝ မယုံကြည်နိုင်စရာကောင်းလှသည်ဟု ခံစားနေရသည်။ တစ်ဖက်လူတွင် မည်သို့သော ခန္ဓာကိုယ်မျိုး ရှိနေသနည်း။ လက်နက်ကို ခန္ဓာကိုယ်နှင့် ခုခံရုံ တင်မကဘဲ အခုဆိုလျှင် နိယာမတရားများကိုပင် ခန္ဓာကိုယ်ဖြင့် ချိုးဖျက်ပြနေပြီ မဟုတ်ပါလား။

*ဒါက နည်းနည်း ထူးဆန်းလွန်းမနေဘူးလား*

“မင်း ငါ့ကို ဘယ်နှစ်ကြိမ်အထိ တားနိုင်မလဲ ကြည့်ကြသေးတာပေါ့”

လင်ထျန်း၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပြီး မျက်လုံးများမှ ထက်ရှသော အလင်းတန်းနှစ်ခု ထွက်ပေါ် လာကာ ကောင်းကင်ယံကို လက်တစ်ဖက်ဖြင့် ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြန်သည်။

ဟင်းလင်းပြင်ကြီးထဲတွင် ကြီးမားလှသော လက်ဝါးပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး နေမင်းကိုပင် ကွယ်နိုင် လောက်သည့်အထိ ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။ ၎င်းနှင့်အတူ အနှိုင်းမဲ့သော နတ်ဘုရား စွမ်းအားများလည်း ပါဝင်လာချေပြီ။

လူတိုင်း ထိတ်လန့်သွားကြပြီး ခြေထောက်များမှာလည်း ထိန်းမရဘဲ တုန်ရင်နေကြရသည်။ ဤမျှ ကြောက်စရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို လူဘယ်နှစ်ယောက်ကများ ခံနိုင်ရည်ရှိပါ့မနည်း။

တကယ့်ကို ထိတ်လန့်စရာပင်။

သို့သော် ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။

“တားမယ် ဟုတ်လား၊ ငါ တားမယ်လို့ ဘယ်သူပြောလို့လဲ”

“ဝုန်း”

ယဲ့ဖန်သည် ည် တည်ငြိမ်အေးဆေးလျက် ကြောက်ရွံ့ခြင်းကင်းမဲ့နေသည်။

ကြီးမားလှသော မှော်စွမ်းအင်တစ်ခုသည် အရှိန်အဟုန်ဖြင့် ပွင့်ထွက်လာပြီး မရေမတွက်နိုင်သော ကြယ်တာရာများ ပေါ်ထွက်လာတော့သည်။ ထိုကြယ်တိုင်းသည် အသက်ဇီဝစွမ်းအင်များ ပြည့်လျှံနေသော ရှေးဟောင်း သက်ရှိ ကြယ်စင်များပင် ဖြစ်ကြသည်။

All Chapters