ရွှေအမြုတေကို ခွဲထုတ်ခြင်း၊ ဝိညာဉ်သန္ဓေသား မျိုးစေ့(၃)။
Vol. 37 Ch. 417
"မဆိုးဘူး... ကြည့်ရတာ 'အစီအရင်နှလုံးသားကူ'ရဲ့ စွမ်းအားက အတော်လေး အားကောင်းနေတုန်းပဲ... လောလောဆယ် သူတို့ လွတ်မြောက်လာမှာကို စိုးရိမ်စရာ မလိုဘူး…"
ဤမြင်ကွင်းကို အာရုံခံမိသောအခါ ကျိုးစွေ့ အလွန်တရာ ကျေနပ်သွားသည်။
မူလက သူ တံခါးပိတ်ကျင့်ကြံနေစဉ် ဤဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်မှ လွတ်မြောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် ယခု ကြည့်လိုက်သောအခါ သူသည် 'အစီအရင်နှလုံးသားကူ'၏ စွမ်းအားကို လျှော့တွက်မိပြီး၊ ဤဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ အစီအရင်ကျင့်ကြံမှုကို အထင်ကြီးလွန်းခဲ့မိပေသည်။
မည်သို့ပင်ဆိုစေ ဤသည်မှာ ပဉ္စမအဆင့် ချုပ်နှောင်ခြင်းအစီအရင် ဖြစ်ရာ၊ မည်သို့ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်ပါမည်နည်း။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူပင်လျှင် အတိုင်းအတာတစ်ခုအထိ အစီအရင်ကျင့်ကြံမှု မရှိပါက ဤအစီအရင်ထဲတွင် ပိတ်မိနေရန် အလားအလာ များသည်။
ဝိညာဉ်သန္ဓေသားကျင့်ကြံသူများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ထို့ကြောင့် ဤကျင့်ကြံသူများ လွတ်မြောက်သွားမည်ကို စိုးရိမ်ခြင်းသည် မိုးပြိုမှာ ကြောက်နေရသကဲ့သို့ အပိုအလုပ်သာ ဖြစ်ချေသည်။
"ဟမ်... ဒါက မြူနှင်းနန်းတော်ရဲ့ နန်းတော်သခင် ယဲ့ဖေးရိုလား…"
"ခန္ဓာကိုယ်မှာ ဒီလောက် ထူထပ်တဲ့ မူလယင်စွမ်းအားတွေ ရှိနေတာလား…"
ထိုအချိန်တွင် ကျိုးစွေ့သည် အစီအရင်ထဲတွင် ပိတ်မိနေသော လှပသည့် ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူတစ်စုကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။
ခေါင်းဆောင်ဖြစ်သော ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူသည် ဆွဲဆောင်မှုရှိလွန်းလှသော ခန္ဓာကိုယ်ကောက်ကြောင်းဖြင့် အမျိုးသမီးကျင့်ကြံသူ အများအပြားကြားတွင် ကြက်အုပ်ထဲက ဘဲတစ်ကောင်ကဲ့သို့ ထင်ရှားနေသည်။
သူမသည် ချန်ဇီယွင်နှင့် မတိမ်းမယိမ်းဖြစ်ပြီး အလွန်ပင် အချိုးအစားပြေပြစ်လှကာ မည်သည့် အမျိုးသားကိုမဆို သွားရည်ကျစေနိုင်သည်။
သူမသည် မျက်နှာဖုံးစွပ်ထားသော်လည်း သူမ၏ ပြိုင်ဘက်ကင်းအလှအပကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ပေ။
အပြုံးတစ်ချက်၊ လှုပ်ရှားမှုတစ်ခုတိုင်းသည် အဆုံးမဲ့ဆွဲဆောင်မှုကို ထုတ်လွှတ်နေချေသည်။
အကယ်၍ ချန်ဇီယွင်သည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သော စုန်းမတစ်ဦးကဲ့သို့ ဆွဲဆောင်မှုအပြည့် ရှိသည်ဆိုပါက၊ ဤယဲ့ဖေးရိုသည် သူတော်စင်မတစ်ဦးကဲ့သို့ အလွန်စင်ကြယ်ပြီး မည်သည့်ဖုန်မှုန့်မျှ မကပ်ငြိဘဲ လောကီနှင့် ကင်းကွာနေသကဲ့သို့ ရှိသည်။
ဤကမ္ဘာကြီးသည် အလွန်ညစ်ညမ်းနေသကဲ့သို့ သူမက ပုံဖော်နေချေသည်။
ဤအမျိုးသမီးသည် ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်အလှပဂေးဟု လူသိများကြခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
တစ်ချိန်က ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားကို မနာလိုဝန်တိုမှုဖြင့် တိုက်ခိုက်စေခဲ့ပြီး သူမ၏ ကျော်ကြားမှုသည် နေရာအနှံ့ ပျံ့နှံ့ခဲ့သည်။
ယခု သူမ၏ အသက် ခုနစ်ရာကျော်နေပြီ ဖြစ်သော်လည်း သူမ၏ ကျက်သရေသည် ယခင်ကထက် မလျော့ပါးသွားပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ပိုမို၍ပင် လှပလာသေးသည်။
သို့သော် ကျော်ကြားလှသော ယဲ့ဖေးရို၏ ခန္ဓာကိုယ်ထဲတွင် မူလယင်စွမ်းအားများ ရှိနေသေးသည်ကို သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။
တကယ့်ကို ယုံနိုင်ဖွယ်ရာပင် မရှိချေ။
"ဟုတ်သားပဲ... မြူနှင်းနန်းတော်က ကျင့်ကြံတဲ့ပညာရပ်နဲ့ ကြီးကြီးမားမား ဆက်နွယ်မှု ရှိနိုင်တယ်…"
"မူလယင်စွမ်းအားကို ထိန်းသိမ်းထားမှ ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်နိုင်မှာ…"
"တကယ်လို့ မူလယင်စွမ်းအား ဆုံးရှုံးသွားရင် ကျင့်ကြံမှု ရပ်တန့်သွားလောက်တယ်…"
"ဒါကြောင့် ဒီမြူနှင်းနန်းတော် နန်းတော်သခင်က တစ်သက်လုံး အိမ်ထောင်မပြုဘဲ အခုထိ အပျိုကြီး ဖြစ်နေတာပဲ…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူ ရုတ်တရက် ရင်ခုန်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဤမြူနှင်းနန်းတော် နန်းတော်သခင် ယဲ့ဖေးရိုကို ရရှိခဲ့ပြီးနောက်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ချန်ဇီယွင်ကိုပါ ရရှိကာ၊ သခင်မမက်မွန်ပွင့်ကိုပါ ပေါင်းထည့်လိုက်ပါက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးရှိ ထိပ်တန်း ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ သုံးဦးလုံး သူ၏ ရင်ခွင်ထဲ ရောက်ရှိလာမည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းပြီးနောက် ကျင့်ကြံခြင်းအခက်အခဲသည် သေချာပေါက် ပိုမို တိုးလာမည် ဖြစ်သည်။
ပိတ်ဆို့မှုထဲတွင် နှစ်ပေါင်းရာချီ ပိတ်မိနေပြီး မဖောက်ထွက်နိုင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤအချိန်တွင် တာအိုလက်တွဲဖော်၏ အကူအညီရှိပါက ကျင့်ကြံခြင်းစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ပြီး ကျင့်ကြံခြင်းအမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
မှန်ပေသည်၊ ထိုကဲ့သို့သော ပြိုင်ဘက်ကင်းအလှပဂေးမျိုးကို ကျင့်ကြံခြင်းအတွက် မဟုတ်ဘဲ ကြည့်ရှုနေရုံသက်သက်ဖြင့်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ဤယဲ့ဖေးရိုကို ရရှိခြင်းသည် မြူနှင်းနန်းတော်တစ်ခုလုံးကို ရရှိခြင်းနှင့် ညီမျှပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် မြူနှင်းနန်းတော်နှစ်ခုလုံး သူ၏ လက်ထဲ ရောက်ရှိလာမည် ဖြစ်သည်။
"သူ့ကို ကူကောင်ထည့်ဖို့ အခွင့်အရေး ရှာရမယ်…"
၎င်းသည် လွယ်ကူသော ကိစ္စတစ်ခုဟု ကျိုးစွေ့ ထင်မြင်သည်။
သူ၏ ကိုယ်ပွားကို အစီအရင်ထဲသို့ စေလွှတ်လိုက်ရုံဖြင့် တစ်ခဏအတွင်း ယဲ့ဖေးရိုကို ကူကောင်ထည့်ခြင်း လုပ်ငန်းစဉ် ပြီးမြောက်နိုင်ပြီး မည်သည့် မတော်တဆမှုမျှ ဖြစ်ပေါ်လိမ့်မည် မဟုတ်ပေ။
ဤအချိန်တွင် မလှုပ်ရှားပါက တစ်ဖက်လူ ထွက်ခွာသွားသောအခါ အနာဂတ်တွင် ပြန်လည်တွေ့ဆုံရန် ခက်ခဲပေလိမ့်မည်။
အခွင့်အရေးဆိုသည်မှာ နှစ်ခါပြန် မလာချေ။
"ဟမ်..."
ထိုအချိန်တွင် မြူနှင်းနန်းတော် နန်းတော်သခင်ယဲ့ဖေးရိုသည် ရုတ်တရက် သူမ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို သံသယဖြင့် ကြည့်လိုက်သည်။ အစောပိုင်းတွင် သူမကို တစ်စုံတစ်ယောက် ချောင်းမြောင်းကြည့်ရှုနေသည်ဟု အာရုံခံလိုက်မိသည်။
သို့သော် သူမ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရာ ချောင်းမြောင်းကြည့်ရှုနေသော အကြည့်သည် မည်သည့်နေရာမှ လာသည်ကို ရှာမတွေ့ခဲ့ပေ။
"ဘာဖြစ်လို့လဲ... နန်းတော်သခင်…"
ဘေးနားရှိ ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူက ယဲ့ဖေးရို၏ အမူအရာကို သတိပြုမိလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ဒီအစီအရင်ရဲ့ အားနည်းချက်ကို ဆက်ရှာ.. အမြန်ဆုံး ဖျက်ဆီးပြီးတော့ ဒီကနေ ထွက်ကြရအောင်…"
ယဲ့ဖေးရို အသက်ပြင်းပြင်း ရှူလိုက်သည်။
အစီအရင်ကို ထိန်းချုပ်နေသော နောက်ကွယ်မှ လူသည် သူမကို ချောင်းမြောင်းနေသည်ဟု သူမ ထင်မြင်သော်လည်း သူမတွင် မည်သည့် နည်းလမ်းမျှ မရှိပေ။
အစီအရင်ထဲတွင် နေရခြင်းသည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ပင်။
အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရရန် စောင့်ဆိုင်းနေရုံသာ ရှိသည်။
"ချန်ဇီယွင်လည်း ဒီမှာ ရှိနေတာပဲ…"
ဤအချိန်တွင် ကျိုးစွေ့သည် သူ၏ နတ်ဘုရားအာရုံကို ကောင်းကင်မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်ချန်ဇီယွင်ပေါ်တွင်လည်း ထားရှိလိုက်သည်။ ဤအမျိုးသမီးသည်လည်း ပဉ္စမအဆင့် အနိမ့်စားအစီအရင်ကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း ကံမကောင်းစွာဖြင့် အရာမထင် ဖြစ်နေသည်။
အကြိမ်ကြိမ် တွေ့ဖူးသော်လည်း ဤအမျိုးသမီးကို အလွန်ပင် အံ့သြမိကြောင်း ဝန်ခံရပေမည်။
ချန်လန်ပင်လယ်ဒေသကို နှစ်ပေါင်းရာချီ တုန်လှုပ်စေခဲ့သော စုန်းမဟု ဆိုရလောက်အောင် ရင့်မှည့်နေပြီ ဖြစ်သည်။
ရင်တုန်လောက်အောင်ပင် လှရက်နိုင်ပေသည်။
ဤလောကအတွက်ပင် လှရက်နိင်လွန်းနေသည်။
ကံမကောင်းစွာဖြင့် ယခုအချိန်သည် ဤအမျိုးသမီးကို ရယူရမည့်အချိန် မဟုတ်သေးပေ။
မည်သို့ပင်ဆိုစေ နှင်းဆီတစ်ပွင့်ကို အလှပဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး ဖြစ်နေချိန်တွင် ခူးဆွတ်ရပေမည်။
သူသည် ဆူးပါသော နှင်းဆီတစ်ပွင့်ကို ခူးဆွတ်ရန် အလျင်လိုမနေပေ။
"ဟမ်..."
ချန်ဇီယွင်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သူမ၏ မျက်လုံးလှလှများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ပတ်ဝန်းကျင်ကို သံသယဖြင့် ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က သူမကို ချောင်းမြောင်းနေသည်ဟု သူမ အာရုံခံလိုက်မိသော်လည်း မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။
"တစ်ယောက်ယောက်က ငါ့ကို ချောင်းနေတာလား…"
"သေချာပေါက် အစီအရင်ကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ သူခိုးလေးပဲ ဖြစ်ရမယ်…"
"ငါ မင်းရဲ့ ကိုယ်အစစ်ကို ရှာမတွေ့စေနဲ့... မဟုတ်လို့ကတော့ မင်းကို ကောင်းကောင်း ပညာပေးရမယ်…"
ချန်ဇီယွင် အံကြိတ်လိုက်သည်။
သူမ ဤမျှ ကြာရှည်စွာ အသက်ရှင်လာခဲ့သော်လည်း ဤမျှ စိတ်ပျက်စရာကောင်းသော အဖြစ်မျိုး ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။
ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ရန်သူ၏ ထောင်ချောက်ထဲသို့ ဝင်ရောက်မိပြီး အစီအရင်ထဲတွင် ပိတ်မိနေရသည်။
သေခြင်းရှင်ခြင်းကိုလည်း မထိန်းချုပ်နိုင်ပေ။
ဤခံစားချက်သည် နေရထိုင်ရ အလွန် ခက်ခဲစေသည်။
ဤသည်မှာ နာကျင်ဖွယ် သင်ခန်းစာတစ်ခုဟု ဆိုနိုင်သည်။
သူမသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာပြီးနောက် အနည်းငယ် မာန်တက်လာပြီး အန္တရာယ်ကို လျစ်လျူရှုမိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့်သာ ဤကဲ့သို့သော အခြေအနေ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူမ လွတ်မြောက်သွားပါက တူညီသော အမှားကို ထပ်လုပ်မည် မဟုတ်ပေ။
နောက်ကွယ်မှ သူခိုးလေးကို ကောင်းကောင်း ပညာပေးရပေမည်၊ သို့မဟုတ်ပါက သုံးနှစ်ကြာ ပိတ်လှောင်ခံထားရသော ရန်ငြိုးကို လက်စားချေနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူမ တွေးရုံသာ တွေးနိုင်သည်။
လက်ရှိ အခြေအနေအရ နောက်ကွယ်မှ လက်မဲကြီးသည် သူမတို့ကို အိုမင်းရင့်ရော်ပြီး သေဆုံးသည်အထိ ပိတ်လှောင်ထားနိုင်ကောင်းပင် ထားနိုင်ပေသည်။
သူမတို့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ထွက်ခွာချင်ပါက တစ်ဖက်လူ၏ သနားညှာတာမှုကို တောင်းခံရပေလိမ့်မည်။
…………
ဤအချိန်တွင် ကျိုးစွေ့သည် နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်အတွင်းမှ ကိစ္စရပ်များကို ဂရုမစိုက်တော့ပေ။
ယခု သူသည် ကျင့်ကြံခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆက်တွဲ ကျင့်ကြံခြင်းသည် အလွန်အရေးကြီးသဖြင့် မည်သည့် ကျင့်ကြံသူမျှ ပေါ့ဆ၍ မရပေ။
သူ့တွင် ကိုယ်ပိုင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် အခြေခံ ရှိနေသော်လည်း ပေါ့ဆခွင့် ရှိသည်ဟု မဆိုလိုပေ။
သမိုင်းတစ်လျှောက်တွင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပါရမီရှင်များ အပါအဝင် မည်မျှများပြားသော ကျင့်ကြံသူများ ဤအဆင့်တွင် ကျရှုံးခဲ့ရသည်ကို မည်သူ သိနိုင်ပါမည်နည်း။
ထို့ကြောင့် ရာနှုန်းပြည့်ယုံကြည်မှု ရှိလျှင်တောင်မှ မပေါ့ဆဘဲ သတိထားရပေမည်။
"ရွှေအမြုတေ အထွတ်အထိပ်ကို ရောက်ပြီးနောက်မှာ အရေးအကြီးဆုံး အချက်က ရွှေအမြုတေ အတွင်းပိုင်းက ဝိညာဉ်သန္ဓေသားမျိုးစေ့ကို ပြုစုပျိုးထောင်ဖို့ပဲ…."
"ဝိညာဉ်သန္ဓေသား မျိုးစေ့ကို ဆက်တိုက်သန်မာလာအောင် လုပ်ပြီး အခွံခွာထွက်လာတဲ့အဆင့်ထိ ရောက်မှသာ ရွှေအမြုတေကို ခွဲပြီး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်မှာ…"
"ဒီလုပ်ငန်းစဉ်က ကြာမြင့်နိုင်တယ်... နှစ်အနည်းငယ်လောက် ကြာကောင်း ကြာနိုင်တယ်…."
"ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်ကို နားလည်သဘောပေါက်ဖို့ အချိန်ကောင်းပဲ…"
"အနာဂတ် ကျင့်ကြံခြင်းအတွက်လည်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိလာလိမ့်မယ်…"
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကူနတ်ဘုရားကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်မှ ကြီးမားသော သဘာဝဝိညာဉ်ချီများ လှိမ့်ဝင်လာပြီး ကြီးမားသော ဝိညာဉ်ချီဝဲကတော့ကြီး ဖြစ်ပေါ်လာကာ ဂူတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
သူ၏ ရွှေအမြုတေအတွင်းရှိ ဝိညာဉ်သန္ဓေသား မျိုးစေ့သည် သဘာဝဝိညာဉ်ချီများ၏ ဖြည့်တင်းပေးမှုအောက်တွင် မျိုးစေ့တစ်စေ့ အမြစ်တွယ်ပြီး အညှောက်ပေါက်လာသကဲ့သို့ သန်စွမ်းစွာ ကြီးထွားလာနေသည်ကို သူ ခံစားလိုက်ရသည်။
…………
ဂူအပြင်ဘက်တွင်...။
ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် အခြားသော တာအိုလက်တွဲဖော်များသည်လည်း သူမတို့၏ ယောက်ျား တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ပြီဖြစ်ကြောင်း အာရုံခံမိလိုက်ကြသည်။ အောင်မြင်စွာ ဝိညာဉ်သန္ဓေသား မဖွဲ့စည်းနိုင်မချင်း သူ ထွက်လာလိမ့်မည် မဟုတ်ပေ။
သူမတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ အလိုလို ပေါ်လာကြသည်။
"အစ်မချူ... ယောက်ျား ဒီတစ်ခါ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတာ အောင်မြင်မယ်လို့ ထင်လား…"
မုဇီယန် စိုးရိမ်တကြီး မေးလိုက်သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးဖြစ်သော ချူတျဲယီသည် ယောက်ျား၏ လက်ရှိ အခြေအနေကို ပိုမို နားလည်လိမ့်မည်ဟု သူမ ထင်မြင်မိသည်။
"စိတ်ချပါ... ယောက်ျား ဒီတစ်ခါ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတာ သေချာပေါက် အမှားအယွင်း ရှိမှာ မဟုတ်ဘူး…"
"သူ့ကိုယ်ထဲက ရွှေအမြုတေမှော်စွမ်းအားက အကန့်အသတ်ထိ စင်ကြယ်နေပြီးတော့... ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်တဲ့ ငါ့ကိုတောင် အံ့သြသွားစေတဲ့ အဆင့်ပဲ... ပြောရရင် ဘာအညစ်အကြေးမှကို မရှိဘူး…"
"ပြီးတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအားကလည်း စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လောက်အောင်ကို သန်မာတယ်…"
"အခြေခံအုတ်မြစ် ခိုင်မာမှုက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပဲ…"
"တကယ်လို့ ယောက်ျားတောင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ မအောင်မြင်ဘူးဆိုရင်... ချန်လန်ပင်လယ်ဒေသမှာ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်မယ့် ရွှေအမြုတေကျင့်ကြံသူ ရှိတော့မှာ မဟုတ်ဘူး…"
ချူတျဲယီသည် ကျိုးစွေ့အပေါ် ယုံကြည်မှု အပြည့်ရှိသည်။
ဤသည်မှာ သူမ၏ ယောက်ျားဖြစ်သောကြောင့် နှစ်သိမ့်စကားပြောနေခြင်း မဟုတ်ဘဲ၊ ဤစကားများ အားလုံးသည် အမှန်တရားများ ဖြစ်ကြသည်။
ကျိုးစွေ့နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ပြီး တာအိုအကြောင်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးသည်။
သူမ၏ ယောက်ျားသည် မည်မျှ ပါရမီပါသော သူတစ်ယောက် ဖြစ်ကြောင်း သူမ ပိုမို ရှင်းလင်းစွာ သိရှိလာသည်။
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း ကျင့်ကြံခြင်းအတွေ့အကြုံနှင့် သီအိုရီဗဟုသုတများမှာမူ ဝိညာဉ်သန္ဓေသားကျင့်ကြံသူ ဖြစ်သော သူမထက် များစွာ သာလွန်နေပြီး၊ သူမပင် ရှက်ရွံ့မိလောက်စေသည်။
ကျင့်ကြံခြင်းအမြန်နှုန်း မြန်ဆန်ရုံသာမက ကျင့်ကြံခြင်း အတတ်ပညာတစ်ရာတွင်လည်း အလွန် ကျွမ်းကျင်သည်။
အစီအရင်၊ ဆေးဝါး၊ အဆောင်၊ လက်နက်သွန်းလုပ်ခြင်း စသည့် ပညာရပ်အားလုံးတွင် မြင့်မားသော အဆင့်သို့ ရောက်ရှိနေသည်။
သူနှင့် နှိုင်းယှဉ်နိုင်မည့် ကျင့်ကြံသူ တစ်ယောက်ကိုမျှ သူမ ရှာမတွေ့ခဲ့ပေ။
ယခင်က သူမ၏ဆရာ ချန်ဇီယွင်သည် နှစ်ထောင်ချီမှ တစ်ယောက် ပေါ်ထွက်လာသော ပါရမီရှင်ဟု သူမ ထင်ခဲ့ဖူးသည်။
သို့သော် သူမ၏ ယောက်ျားနှင့် နှိုင်းယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ပေ။
"ပြောတာ မှန်တယ်... ယောက်ျားက ဘယ်လောက်တောင် သတိကြီးတဲ့ လူလဲ…"
"တကယ်လို့ ရာနှုန်းပြည့် ယုံကြည်မှု မရှိရင် ဘယ်လိုလုပ် တံခါးပိတ်ကျင့်ကြံပြီး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ ကြိုးစားပါ့မလဲ…"
"ငါတို့ အခု ကိုယ့်အလုပ်ကိုယ် လုပ်ရင် လုံလောက်ပါပြီ…"
"အဲဒါက ဘယ်သူ့ကိုမှ ယောက်ျားရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်စေဖို့ပဲ…"
လင်းယာကျူက လေးနက်စွာ ပြောလိုက်သည်။
သူမသည် ယောက်ျား ပေးထားသော အစီအရင်အမိန့်ပေးအလံကို ရရှိထားသည်။
ကျိုးစွေ့ တံခါးပိတ်ကျင့်ကြံနေစဉ်ကာလအတွင်း သူမသည် 'ရွှမ်ယင်လေးလံရေအစီအရင်' ကို ထိန်းချုပ်ပြီး ရန်သူမှန်သမျှကို တွန်းလှန်နိုင်သည်။
စတုတ္ထအဆင့် အစီအရင်စွမ်းအားအပြင် ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ သုံးဦးလည်း ရှိနေသည်။
ယောက်ျား၏ ယခုတစ်ကြိမ် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းသည် သေချာပေါက် အလွန် လုံခြုံလိမ့်မည်ဟု သူမ ထင်မြင်သည်။
"ပြောတာ ဟုတ်တယ်... ငါတို့က စိုးရိမ်လွန်နေတာပါ…"
"အခုတော့ စောင့်ရုံပဲ ရှိတယ်... ယောက်ျား အရာအားလုံး အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်ပါတယ်…"
ကျိပင်းယွီနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
သူမတို့ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်လွန်ကဲနေမိသည်။ သူမတို့၏ ယောက်ျားကဲ့သို့ နတ်သက်ကြွေလာသူတစ်ဦးအတွက် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းသည် ရေစုန်အတိုင်း လှေလိုက်သကဲ့သို့ သဘာဝကျကျ ဖြစ်ပျက်လာမည့် အရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။
သူမတို့ ဤမျှ စိုးရိမ်နေခြင်းသည် နတ်ဘုရားပါရမီရှင် တစ်ဦးကို အလွန် လျှော့တွက်ရာ ရောက်နေပေသည်။
…………
(၂)နှစ် ကြာပြီးနောက်...။
ယခုတစ်ကြိမ် ကျင့်ကြံခြင်းသည် (၂)နှစ်တိတိ ကြာမြင့်ခဲ့သည်။
အချိန်ကို တွက်ချက်ကြည့်ပါက ကျိုးစွေ့သည် အသက်(၁၀၀) ပြည့်လုနီးပါး ဖြစ်နေလေပြီ။
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအတွက် ဤအသက်အရွယ်သည် သဘာဝကျကျပင် အထွတ်အထိပ် အချိန်ဖြစ်ပြီး အလွန်တရာ ငယ်ရွယ်သေးသည်။
သူ၏ သက်တမ်းမှာ နှစ်တစ်သောင်းကျော် ရှိရာ၊ အသက်(၁၀၀) ဆိုသည်မှာ ရာခိုင်နှုန်း တစ်စိတ်ပင် မရှိသေးပေ။
ခန္ဓာကိုယ်၏ အသက်စွမ်းအားမှာ သဘာဝကျကျပင် အလွန်တရာ သန်စွမ်းနေသည်။
"အခြေအနေ ကောင်းပြီ... ဝိညာဉ်သန္ဓေသား စတင် ဖွဲ့စည်းတော့မယ်…"
ရုတ်တရက် ကျိုးစွေ့ မျက်လုံးများကို ဖွင့်လိုက်ရာ ကြောက်မက်ဖွယ် အလင်းတန်းများ ထွက်ပေါ်လာပြီး၊ ကောင်းချီးမင်္ဂလာ ကျရောက်လာသကဲ့သို့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရမည့် အချိန်အခါ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ အာရုံခံလိုက်မိသည်။
(၂)နှစ်ကြာ ပြုစုပျိုးထောင်ပြီးနောက် သူ၏ ရွှေအမြုတေအတွင်းရှိ မျိုးစေ့သည် နောက်ဆုံးတွင် ရွှေအမြုတေကို ခွဲထုတ်ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
စိတ်ဆန္ဒတစ်ချက် ပြုလိုက်သည်နှင့် အထဲရှိ ဝိညာဉ်သန္ဓေသားမျိုးစေ့သည် အခွံခွာပြီး ထွက်လာပေလိမ့်မည်။
ဤလုပ်ငန်းစဉ်သည် ပြန်ပြင်၍ မရနိုင်သော လုပ်ငန်းစဉ် ဖြစ်သည်။
မအောင်မြင်ပါက သေလမ်းသာ ရှိသည်။
ရွှေအမြုတေကို ခွဲပြီး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းသော ကျင့်ကြံသူတိုင်းသည် သေမင်းကို ရင်ဆိုင်ရမည့် စိတ်ပိုင်းဖြတ်မှုကို ခံယူထားကြရသည်။
အင်မော်တယ်ဖြစ်လာမည့် လမ်းခရီးသည် ဤအတိုင်းပင် ဖြစ်သည်။
ဆူးခင်းလမ်းကို လျှောက်လှမ်းရသကဲ့သို့၊ ရေခဲပြင်အလွှာပါးပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ ရှိပေသည်။