← Chapters

အိမ်ပြေး ဒေါ်လေးနှင့် တူမ

Vol. 29 Ch. 281

အိမ်ပြေး ဒေါ်လေးနှင့် တူမ

Vol. 29 Ch. 281

"အကြောင်းတစ်လုံးမှမကြားဘဲ ထွက်ပြေးရလောက်အောင် ဘယ်သူက နင့်ကိုသတ္တိတွေ ပေးလိုက်တာလဲ"

အားချင်းကို ဖမ်းချုပ်ထားသော အမျိုးသမီးမှာ အရပ်ရှည်ပြီးသွယ်လျကာ၊ လှပသော်လည်း အလွန်အမင်း ပြင်ဆင်ခြယ်သထားခြင်း မရှိပေ။ ရိုးရှင်းသော ရှည်လျားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ကာ တည်ငြိမ်အေးချမ်းသော အသွင်အပြင် ရှိသည်။

"သမီး... သမီး စာရေးခဲ့ပါတယ်"

အားချင်းသည် အလိုအလျောက် ထွက်ပြေးရန် ကြိုးစားသော်လည်း မည်သို့ပင်ကြိုးစားစေကာမူ တစ်ဖက်လူ၏ လက်မှ လွတ်အောင် ရုန်းမထွက်နိုင်ကြောင်း သိလိုက်ရလေ၏။

ရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် လိမ္မာနာခံဟန်ဆောင်ကာ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ပြီး သနားစရာကောင်းသော အသံဖြင့် တောင်းပန်လိုက်၏။

"ဒေါ်လေး... သမီးကို ဒီတစ်ခါလောက်ပဲ ခွင့်လွှတ်ပေးလို့ မရဘူးလားဟင်"

"ရွှီချင်းအာ "

ဒေါ်လေးဟု အခေါ်ခံရသော အမျိုးသမီးသည် စိတ်တိုတိုဖြင့် သူမ၏ပါးကို ဆွဲဖျစ်လိုက်ပြီး ဆူပူကြိမ်းမောင်းလေ၏။

"နင့်အသက်ကိုနှမြောဖို့မေ့နေပြီလား။ အပြင်လောကဆိုတာ နင်လို အမြုတေစွမ်းအင်စုစည်းအဆင့် တစ်ယောက်အတွက်နေရာမဟုတ်ဘူး။ ပြီးတော့ နင်က ရွှီမိသားစုရဲ့အစီအရင်တည်ဆောက်ပုံ လက်စွဲစာအုပ်ကိုတောင် ယူလာရဲသေးတယ်။ နင့်အဖေကို ဒေါသထွက်ပြီး သေအောင်လုပ်ချင်နေတာလား"

"စာအုပ်ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ အများကြီးပဲ၊အဲဒါတွေ တစ်ခါမှ မမြင်ဖူးဘူး။ သမီးကို နောက်တစ်ခေါက်လောက် ထပ်ကြည့်ခွင့်ပေးပါ..."

အားချင်းဆက်လက် တောင်းပန်နေသော်လည်း မျက်လုံးထောင့်မှ ရှစ်မျက်နှာစားသောက်ခန်းမ ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်၏။

အစ်ကိုရှန်း သူမပျောက်သွားတာကို ဘယ်တော့မှ သတိထားမိမှာလဲ။

"ဟွန့်... တစ်ယောက်ယောက် လာကယ်မယ်လို့ မျှော်လင့်နေတုန်းပဲလား"

အမျိုးသမီးသည် သူမကိုလွယ်ကူစွာပင် မပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ဒီတစ်ခေါက် ငါလာတာ တစ္ဆေတစ်ရာဝိညာဉ်တည်ငြိမ်ခြင်းအစီအရင်အပြည့်အစုံ ယူလာခဲ့တယ်၊ နင် စမ်းကြည့်ချင်လား"

"ဟမ့်"

ရွှီချင်းအာ ရုန်းကန်နေခြင်းကို လက်လျှော့လိုက်ပြီး ခြေလက်များမြေကြီးဘက်သို့ တွဲလောင်းကျသွား၏။

သူမဒေါ်လေးမှာ ရွှီမိသားစု၏ထူးခြားသော သူတစ်ယောက်ပင်။ အစီအရင်များအား သင်ယူရန်စိတ်မဝင်စားသော်လည်း ကျင့်ကြံခြင်းမှာတော့ ထူးဆန်းလောက်အောင်တော်သည်။

သူမ၏အထွတ်အထိပ်အဆင့် ဟွမ်ယွမ် စွမ်းရည်သည် မိသားစုတွင်းရှိ မျိုးဆက်ဟောင်းများကိုပင် လွှမ်းမိုးထားနိုင်ပြီး သူတို့ကိုစကားမပြောနိုင်အောင် ဖြစ်စေသည်။

ထို့အပြင် ဖခင်ဖြစ်သူက သူမကို အလွန်အမင်း ချစ်ခင်ပြီး သူမအတွက်ပြီးပြည့်စုံသော အစီအရင် အမျိုးမျိုးကိုပြင်ဆင်ပေးထားသဖြင့် သူမ၏ အင်အားသည် မှန်းဆ၍ပင် မရနိုင်ပေ။

"သမီးကို အောက်ချပေးဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင်တော့..."

"မဟုတ်ရင် ဘာဖြစ်မှာလဲ"

အမျိုးသမီး၏မျက်နှာပေါ်တွင် နူးညံ့သော အသွင်အပြင်နှင့် မလိုက်ဖက်သော ဘဝင်မြင့်သော အနည်းငယ် ပေါ်လာသည်။

"မဟုတ်ရင် ခင်ဗျား ဒီမှာပဲ နေခဲ့ရလိမ့်မယ်"

အေးစက်သော အသံတစ်သံသည် အမျိုးသမီး၏ နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။ သူမ၏ မျက်နှာတွင် အံ့သြမှုများ ပေါ်လာပြီး အလိုအလျောက် နောက်လှည့်ကြည့်ချင်သော်လည်း ချက်ချင်းပင်လက်ဖဝါးတစ်ဖက်က သူမ၏ကျောပြင်ကို တင်းတင်းကျပ်ကျပ် ဖိကပ်ထားသည်ကို ခံစားလိုက်ရသည်။

လက်ဖဝါးအတွင်းတွင် လောင်ကျွမ်းလိုသော စိတ်ဆန္ဒများသည် ခန့်မှန်းရခက်စွာလှုပ်ရှားနေ၏။

တာအိုဝိညာဉ်ကို အရည်ပျော်သွားစေနိုင်သည့် အလားပင်။

အမျိုးသမီးသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးလက်ချောင်းများကို ဖြေလျှော့ကာ မိန်းကလေးကို ဘေးသို့ ပစ်လိုက်၏။

"ရှင် ဘယ်သူလဲ"

အားချင်းသည် ဝမ်းသာအားရ အမူအရာဖြင့် ပေါ်လာပြီး ရှန်းယီ၏နောက်သို့ အလျင်အမြန် ဝင်ပုန်းလိုက်၏။ ထို့နောက် ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။

"သမီး လုံးဝ ပြန်မလိုက်နိုင်ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ရှန်းယီ မျက်ခုံးပင့်လိုက်၏။ သူ အားချင်းကို မျက်စောင်းထိုး ကြည့်လိုက်သည်။

အစောပိုင်းတွင် အမျိုးသမီးတစ်ယောက် သူမကို ဖမ်းချုပ်ပြီး ခြိမ်းခြောက်နေသည်ကို မြင်လိုက်ရသောကြောင့် ရွှမ်ကွမ်းဂူမှ လူများ ဖမ်းမိသွားပြီဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။

ယခုကြည့်ရသည်တော့ အိမ်မှထွက်ပြေးလာသော ပုန်ကန်တတ်သော မိန်းကလေးတစ်ယောက်ကို မိသားစုဝင်မှ ပြန်ဖမ်းမိသည့် ဇာတ်လမ်းနှင့် ပိုတူနေပေသည်။

ရှန်းယီသည် လီမီးလျှံကို ပေါ့ပါးစွာ ပြန်သိမ်းလိုက်၏။ သူ ထပ်ပြီး ဝင်ရောက်စွက်ဖက်ဖို့ စိတ်မပါတော့ပေ။

သူ လှည့်ထွက်ပြီး စားသောက်ခန်းမ ဘက်သို့ ပြန်လျှောက်သွားလိုက်၏။

အားချင်းသည် သူ့အတွက် အလွန် အသုံးဝင်သော်လည်း သူမ၏လူကြီးသူမရှေ့မှောက်တွင် လူကို အတင်းအဓမ္မ လုယူမည် မဟုတ်ပေ။ အထူးသဖြင့် သူ သွားမည့် နေရာများသည် အလွန် အန္တရာယ်များသောကြောင့်ပင်။

ရိုးရိုးသားသားပြောရလျှင် အမြုတေစုစည်းခြင်းအဆင့် ရောက်နေပြီးမှ လွတ်လပ်ခွင့် မရှိဘဲ လိမ္မာရေးခြားရှိတဲ့ ငှက်ကလေးလို နေနေရသေးသည်က သူ့မျှော်လင့်ချက်များနှင့် လွဲချော်နေ၏။

"ဟေး"

အားချင်းသည် ရှင်းပြရန်ပြင်လိုက်ပြီး အစ်ကိုရှန်းအား သူမ၏ဒေါ်လေးကို လွှတ်ပေးရန် ပြောမလို့ လုပ်လိုက်သည်။

ရုတ်တရက် သူမ၏ကျောထောက်နောက်ခံ ပျောက်သွားသည်ကို သတိထားမိလိုက်ပြီး အမျိုးသမီး၏ အေးစက်သော မျက်နှာထားနှင့် နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရပြန်၏။

သူမ တုန်လှုပ်သွားပြီး အပြုံးတစ်ခုကို အလျင်အမြန်ညှစ်ထုတ်ကာ အမျိုးသမီး၏မိခင်မေတ္တာကို နှိုးဆွရန် ကြိုးစားလိုက်၏။

"ဒေါ်လေး... ချင်းအာ မှားသွားပါတယ်"

သို့သော် အမျိုးသမီးသည် လက်ကောက်ဝတ်ကို ပွတ်သပ်ပြီး သူမဘက်သို့ လက်လှမ်းလာသည်ကို တွေ့လိုက်ရလေ၏။

"ဒေါ်လေး"

"ဒေါ်လေး... သမီးက ချင်းအာလေ... ရွှီဝမ်ယွင် သိပ်မလွန်နဲ့နော်"

"ငါထင်တာတော့ နင်ကမှ လွန်နေတာ။ ခုနက ငါ့ကို ဘယ်လို ခေါ်လိုက်တယ်"

ရွှီဝမ်ယွင်သည် သူမကို ဆွဲဖမ်းလိုက်ပြီး ကောင်းကောင်း ဆုံးမရန် ပြင်လိုက်၏။ သူမ လက်ကို မြှောက်လိုက်သော်လည်း သနားစရာကောင်းသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူမ ဆက်မလုပ်ရက်တော့ပေ။

သက်ပြင်းချလိုက်ပြီး လူငယ် ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ကာ သူမ ပြောလိုက်၏။

"နင် သူ့ကို အသက်ရှူသံဖုံးကွယ်ခြင်း အစီအရင်ပြားတောင် ပေးရဲသေးတယ်ပေါ့၊ အဲဒီပေါ်မှာ ရွှီမိသားစုရဲ့အမှတ်အသား ပါနေတာ နင်သိလား။ တကယ်လို့ သူသာ ရွှမ်ကွမ်းဂူနဲ့ ပတ်သက်နေမယ်ဆိုရင် နင် သေနေလောက်ပြီ"

အဲဒီလူက ငါ့ဆီကို အသံမထွက်ဘဲ ကပ်လာခဲ့တာ၊ စောစောက ငါ ရွှီချင်းအာဆီ ကပ်သွားတုန်းက သုံးခဲ့တဲ့ နည်းလမ်းအတိုင်းပဲ။

"လုံးဝ မပတ်သက်ပါဘူး"

ရွှီချင်းအာက လက်ယပ်ခေါ်လိုက်၏။ ရွှီဝမ်ယွင် ခဏမျှကြောင်အမ်းသွားပြီးနောက် မျက်နှာကို အနားသို့ တိုးပေးလိုက်သည်။

နောက်တစ်ခဏတွင် သူမ၏ဖြူဝင်းသော မျက်နှာ အရောင် ပြောင်းသွားသည်။ သွယ်လျသော လက်ချောင်းနှစ်ချောင်းသည် ရွှချင်းအာ ၏မျက်နှာကို ထပ်မံ ဆွဲဖျစ်လိုက်ပြန်သည်။

ရွှီချင်းအာ၏ မျက်နှာကို အတင်းအဓမ္မ ဆွဲဖြဲပစ်ချင်သကဲ့သို့ပင်။

သိပ်တော်နေပြီပေါ့လေ။အပြင်ထွက်တာ မကြာသေးဘူး၊ ရွှမ်ကွမ်းဂူကိုတောင် သွားရန်စရဲနေပြီ။ အဲဒါက အစစ်အမှန်ပုဂ္ဂိုလ် နတ်ဘုရားအသွင်ပြောင်းအဆင့်နော်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူငယ်လေးလို ကြွားဝါနေလိုက်တာ။

နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် တိုက်ခိုက်ပွဲမှာ သူလည်းပါဝင်ခဲ့ပြီး အရေးကြီးတဲ့နောက်ဆုံး ဓားချက်ကို သူကပဲ တိုက်ခိုက်ခဲ့သလိုလို ဘာလိုလိုနဲ့။

"..."

ရွှီချင်းအာ မျက်ရည်ဝဲရင်း မျက်လုံး လှိမ့်ကြည့်လိုက်၏။

"ရွှီမိသားစုက ရွှမ်ကွမ်းဂူနဲ့ ရန်ငြိုးရှိတာ သမီး မြင်လို့ ပြောပြတာပါ၊ တခြားဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်"

"နင့် အဘ ရွှီမိသားစု၊ နင့် အဘ ရွှီမိသားစု"

ရွှီဝမ်ယွင်သည် ဒေါသကို မျက်နှာပေါ်တွင် ဖွင့်ထုတ်လိုက်ပြီးမှ လွှတ်ပေးလိုက်၏။ သူမ အနည်းငယ် တုန်လှုပ်နေပုံရသည်။

သူမ လက်ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ အသက်ရှူသံဖုံးကွယ်ခြင်း နည်းစနစ် အစီအရင်ကို ဖျက်သိမ်းလိုက်သည်။

ထိုကိစ္စကို ဆက်မဆွေးနွေးတော့ပေ။

"အိမ်ပြန်လိုက်ခဲ့"

ရွှီဝမ်ယွင် ပြတ်ပြတ်သားသား ပြောလိုက်၏။

"သမီး စွေ့သစ်သားကို သွားကြည့်ချင်သေးတယ်... အသက်ရှင်နေတဲ့ စွေ့သစ်သားနော်၊ ဟေး... အဲဒါက ဝိညာဉ်အမြစ်တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒေါ်လေး မမြင်ဖူးချင်ဘူးလား"

ရွှီချင်းအာက သူမ၏ဒေါ်လေးအကြောင်း အသိဆုံးမို့ မြှူဆွယ်လိုက်၏။

ဒေါ်လေးက အစီအရင်တွေကို လုံးဝ မကြိုက်ဘူး။ မိသားစုတစ်ခုလုံးမှာ သူမကိုယ်တိုင်ကလွဲရင် အစီအရင်တွေနောက်မှာပုန်းကွယ်နေရတာကို အမုန်းဆုံး လူက သူမဒေါ်လေး ဖြစ်ကောင်း ဖြစ်နိုင်တယ်။

"ဟန်မဆောင်စမ်းပါနဲ့၊ဒေါ်လေးသာ အပြင်မထွက်ချင်ခဲ့ရင်ဘာလို့ အဖေ့ကိုမလွှတ်ဘဲ ငါ့ကို လာရှာခိုင်းတာလဲ"

"ငါ..."

ရွှီဝမ်ယွင် ခဏမျှစကားမပြောနိုင် ဖြစ်သွားပြီးနောက် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဒီတစ်ခါပဲနော်၊ နောက်တစ်ခါ မရှိစေနဲ့"

အထွတ်အထိပ်အဆင့် သိုင်းအရှင်သခင် တစ်ယောက်၊ထို့အတူ့ သူမဘေးတွင် အစီအရင်ပေါင်း များစွာရှိနေရာ ဤနယ်မြေတွင် ထိပ်တန်း အင်အားကြီးများထဲမှ တစ်ယောက်ဟုပင် ပြောနိုင်လေ၏။

သို့သော် အသက်ရှူဖို့ပင် လွတ်လပ်ခွင့် မရှိပေ။

မည်သူမဆို ဤကိစ္စအတွက် ဒေါသထွက်မိလိမ့်မည်။သို့သော်လည်း သူမက သူမ၏ပုံမှန် တည်ငြိမ်သော ဟန်ပန်ဖြင့် မိသားစုဝင်အားလုံးကို လှည့်စားထားနိုင်ခဲ့၏။ သူမ၏ဟန်ဆောင်မှုအား မြင်နိုင်သော ဤတူမလေးကလွဲ၍ပင်။

"ပြောစမ်း၊ စွေ့သစ်သားက ဘယ်မှာလဲ။ ငါ နင့်ကို လိုက်ပို့မယ်"

ရွှီဝမ်ယွင် အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိလိုက်၏။ သူမ၏ကျောပြင်တွင် အနည်းငယ် ပူလောင်နေသေးသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေဆဲပင်။

ရွှီမိသားစု၏ပစ္စည်းတွေကို မိသားစုဝင်အချင်းချင်းပြန်သုံးသည်မှာ အလွန် လွန်လွန်းလေ၏။

"ဒေါ်လေး လိုက်ပို့စရာ မလိုပါဘူး။ ဒေါ်လေးရဲ့ သိုင်းလောကအတွေ့အကြုံက အရမ်းတိမ်ကောလွန်းတယ်၊ ကိုးရိုးကားရား နိုင်လွန်းတယ်"

ရွှီချင်းအာ နောက်ဆုံးတော့လွတ်မြောက်သွားပြီး ရှစ်မျက်နှာစားသောက်ခန်းမဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေ၏။

စားသောက်ခန်းမထဲ ရောက်တော့ ထောင့်တစ်နေရာတွင်ရှိနေသော ရှန်းယီကို တွေ့လိုက်ရသည်။

သူမ ရင်ဘတ်ကိုပုတ်ပြီး မှတ်စုစာအုပ်ငယ်လေး တစ်အုပ် ကမ်းပေးလိုက်၏။

"အစ်ကိုကြီးရှန်း... ဒါတွေက ခုနက ကျွန်တော် လဲလှယ်ထားတဲ့ပစ္စည်းတွေပါ၊ သိုလှောင်အိတ်ထဲက ပိုင်ဆိုင်မှုသုံးပုံတစ်ပုံလောက် ကုန်သွားတယ်၊ ပြီးတော့နောက်ထပ်လေးပုံတစ်ပုံက အဲဒီသတင်းအတွက် ကုန်သွားတယ်"

"ပြီးသွားပြီလား" ရှန်းယီ မော့ကြည့်လိုက်၏။

ရွှီချင်းအာ လှည့်ကြည့်လိုက်တော့ သူမ၏ ဒေါ်လေးက ခံစားချက်မရှိသော မျက်နှာထားဖြင့် စားသောက်ခန်းမထဲ ဝင်လာသည်ကို တွေ့လိုက်ရပြီးတိုးတိုးလေး ရေရွတ်လိုက်သည်။

"အင်း... ပြီးသလောက်ပါပဲ"

"ဒါတွေက ဘာတွေလဲ"

ရှန်းယီ မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ရာ စာရင်းပြုစုထားသော ပစ္စည်းများမှာ နားလည်ရ ခက်ခဲနေသည်။

"သူတို့ လဲလှယ်ဖို့ယူလာတဲ့ကျင့်ကြံခြင်း နည်းစနစ်တွေကို ကျွန်တော် ကြည့်လိုက်တယ်၊ အားလုံးက အသုံးမဝင်တဲ့အရာတွေချည်းပဲ။ တကယ် အစွမ်းထက်တဲ့ နည်းစနစ်တွေကို ဘယ်သူမှယူမလာကြဘူး။ ဒါကြောင့် ကျွန်တော်တခြားပစ္စည်းတွေနဲ့ပဲ လဲလှယ်လိုက်တယ်"

အားချင်းသည် ရှန်းယီအနားသို့ တိုးကပ်လာ၏။ သူမ၏ အသက်ရှူသံမှာ သစ်ခွပန်းကဲ့သို့ မွှေးကြိုင်နေသည်။

"ဒါတွေက ဖျက်စီးခြင်းဓားကိုးသွယ်အစီအရင်ကို ပြုပြင်ဖို့ပါ။ကျွန်တော် ဘယ်လို လုပ်ရမလဲဆိုတာ သိတယ်၊ ပြီးတော့ အဲဒါကို ပိုကောင်းအောင်တောင် မွမ်းမံနိုင်သေးတယ်"

သူတို့၏အနေအထားကို မြင်လိုက်ရသောအခါ...

ရွှီဝမ်ယွင် အလိုအလျောက် လက်သီးဆုပ်လိုက်မိသည်။

"ငါ့နားကနေ ဝေးဝေးနေစမ်းပါ"

ရှန်းယီ စိတ်ပျက်လက်ပျက် ပြောရင်း အားချင်း၏ ခေါင်းကို တွန်းထုတ်လိုက်၏။

မမေ့သင့်ပေ အခြားသူများ၏မျက်လုံးထဲတွင် ဤကောင်မလေးမှာ ချောမောသောစာသင်သားလူငယ်ဟန်ဆောင်ထားသောကြောင့် တုတ်ခြင်းရိုက်နေသလို အထင်လွဲခံရဖို့ အရမ်းလွယ်ကူနေ၏။

"အော်... ဟုတ်ကဲ့"

ရွှီချင်းအာ လိမ္မာစွာ ခေါင်းညိတ်လိုက်၏။

ထိုအရာကိုမြင်တော့ ရွှီဝမ်ယွင် နောက်ဆုံးတော့ ဒေါသအနည်းငယ်ပြေသွားပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထားကာ ရှန်းယီ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေ၏။

All Chapters