← Chapters

ဝါးမျှော်စင်၏လျှို့ဝှက်ချက်

Vol. 29 Ch. 285

ဝါးမျှော်စင်၏လျှို့ဝှက်ချက်

Vol. 29 Ch. 285

"အရှင်သခင်က တစ်ငုံလေးတောင် မသောက်သွားဘူး။နှမြောစရာပဲဗျာ။"

ရွှီဝမ်ယွင်သည် ရှန်းယီ၏သတိကြီးပုံကို သတိထားမိလိုက်၏။ သူမကမူ လက်ဖက်ရည်ကို မသောက်မီ အထဲတွင် ဘာမှမပါကြောင်း သေချာစစ်ဆေးပြီး ဖြစ်သည်။

"နှမြောစရာ မရှိပါဘူး။"

ရှန်းယီသည် ခြံဝင်းထဲတွင် ထိုင်ကာ သူ၏စူးရှသော အကြည့်ဖြင့် တောင်ပေါ်စံအိမ်ကြီးတစ်ခုလုံး၏အဆောက်အဦး တည်ဆောက်ပုံကို တစ်ချက်ကြည့်ရုံဖြင့် လေ့လာလိုက်သည်။

သူသည် လျိုလီမြောင်ရွာမှ ကလေးတစ်ဦး ပေးသောနောက်ကျိနေသည့် ရေတွင်းရေကို ဘာမှမတွေးဘဲ သောက်နိုင်သည်။

သို့သော် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ကျင့်ကြံသူတစ်ဦးမှယဉ်ကျေးစွာ လာပေးသော အဖိုးတန် ဆေးဝါးများကိုမူ သူ လုံးဝထိတွေ့မည် မဟုတ်ပေ။

၎င်းသည် တကယ့်ကို ကောင်းမွန်သော ပစ္စည်းများ ဖြစ်နေလျှင်ပင်။

ရှန်းယီသည် ထိုပစ္စည်းကို သူ့လက်ထဲရောက်မှ ဖြည်းညှင်းစွာ ပြုပြင်ဖန်တီးပြီး ကိုယ်တိုင်သောက်သုံးရသည်ကို ပိုနှစ်သက်သည်။

အထူးသဖြင့် သူသည် ဤနေရာသို့ ဝိညာဉ်အမြစ် အတွက် လာခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတွင် ရှန်းယီသည် ဝိညာဉ်အမြစ်ကိစ္စနှင့် ပတ်သက်ပြီး အားချင်းကို နောက်တစ်ကြိမ် မေးမြန်းခဲ့သေး၏။

ဝိညာဉ်အမြစ်ဟု ဆိုသည်မှာ တာအိုဝိညာဉ် နှင့် မိုးမြေကို ချိတ်ဆက်ပေးသော ကြားခံနယ်တစ်ခုသာ ဖြစ်သည်။

အဓိကသောချက်မှာ ဝိညာဉ်ဟူသော စကားလုံးတွင် ရှိသည်။

စွေ့သစ်သားသည် ဝိညာဉ်အမြစ် ဖြစ်လာနိုင်ခြင်း ရှိမရှိ မသေချာပေ။ အားချင်း ဖတ်ဖူးသော စာအုပ်များအရ မည်သူမျှ သက်ရှိ နှစ်သစ်သစ်သားကို မရရှိဖူးကြပေ။

သို့သော်တကယ်လို့သာ မသန့်ရှင်းသော နည်းလမ်းဖြင့် မွေးမြူထားသည် ဆိုလျှင်တော့ ဝိညာဉ်ဓာတ် ကင်းမဲ့နေမည် မဟုတ်ပေ။အရည်အသွေးကတော့ ပြောရခက်သည်။

သာမန် သတ်မှတ်ချက်အရဆိုလျှင် အသိစိတ်ရှိသော ဝိညာဉ်အမြစ်ကို ထူးခြားသော အရာဟု သတ်မှတ်ကြသည်။

သို့သော် လူတို့အတင်းအကြပ် မွေးမြူထားသော အရာ၏ထိရောက်မှုသည် ခန့်မှန်းရ ခက်ခဲလှ၏။

မည်သို့ပင်ဖြစ်စေ၊ ထိုကဲ့သို့ ရှားပါးသော ပစ္စည်းတစ်ခုအတွက် ရှန်းယီ လာရကျိုး နပ်ပါသည်။

သူ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်၏။

ရုတ်တရက် ကျင်းပေဝမ်သည် တစ်စုံတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

ရှန်းယီသည် ဆူးလက်ကောက်ကို သူ့သိုလှောင်ရတနာထဲသို့ ပြန်ထည့်လိုက်ပြီး "တစ်ခါတည်း အကုန် ပြောပြလိုက်စမ်း။"

အပေးအယူ မျှတသွားပြီ ဖြစ်သဖြင့် သဘောတူညီချက်ရပြီးနောက်လှည့်စားတတ်သူမျိုး သူမလိုအပ်ပေ။

ကျင်းပေဝမ်သည် အတင်း ပြုံးလိုက်ပြီး သူ့လက်မောင်းကို နှိပ်နယ်ကာ တိုးတိုးလေး ပြောလိုက်၏။

"စံအိမ်ရဲ့အရှေ့ဘက်မှာ ဝါးမျှော်စင်တစ်ခု ရှိတယ်။ အစောင့်အကြပ်တွေ အရမ်းများတယ်။ အဲဒီမှာ စွေ့သစ်သား ရှိမရှိတော့ ကျုပ်မသေချာဘူး။ ဒါပေမဲ့ အဲဒီထဲမှာ တခြားလူတွေကို မသိစေချင်တဲ့တစ်စုံတစ်ခု ရှိနေတာတော့ သေချာတယ်။"

ပြောရင်းနှင့် သူ မျက်နှာထား ပြောင်းသွားပြီး"တကယ်လို့ တစ်ယောက်ယောက် ဝင်သွားတာနဲ့ ကျန်းမိသားစုက သေချာပေါက် သတိထားမိပြီး အစောင့်အကြပ်တွေ တိုးချလာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ ဘယ်နားမှာ စောင့်နေပါစေ စွေ့သစ်သားနဲ့ ပတ်သက်တဲ့ သတင်းတော့ ရမှာ သေချာတယ်။"

စဉ်းစားကြည့်လျှင် ဤလူအိုကြီးသည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း ကျန်းမိသားစုကို သစ္စာဖောက်သည့် နေရာတွင်တော့ ဉာဏ်တော်တော်များသည်။

"စီနီယာ... တခြား ကိစ္စ မရှိတော့ရင် ကျုပ်အရင် သွားနှင့်ပါရစေ။"

ကျင်းပေဝမ်သည် ခြံဝင်းထဲမှ အမြန် ထွက်ခွာသွားလေ၏။ယခု ကျန်းမိသားစု သတိရှိနေပြီ ဖြစ်သဖြင့်သူ ဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ နည်းပါးသွားပြီ ဖြစ်သည်။

ထို့ကြောင့် သတင်းအချက်အလက် ပိုမို ရယူနိုင်ရန် အမြန် သွားရပေမည်။ခြံဝင်းထဲတွင် သုံးဦးတည်း ကျန်ရစ်သောအခါ၊ရွှီဝမ်ယွင်သည် အံ့သြသွားပြီး ငန်းဥကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

"ရှင် တကယ်ပဲ ပစ္စည်းခိုးဖို့ လာတာလား။"

"ကြည့်ရုံ သက်သက်ပါ။"

"အရူးမှပဲ ယုံမယ်။"

ရွှီဝမ်ယွင်၏ မျက်နှာ အနည်းငယ်ပျက်သွားပြီး ဘေးနားရှိ တိတ်ဆိတ်နေသော အားချင်းကို မျက်စောင်းထိုးလိုက်၏။

စွေ့သစ်သားကို လာကြည့်ရုံဆို။ဒီတူမလေးက သူ့အဒေါ်ကိုတောင် လှည့်စားရက်တယ်ပေါ့။

သူမသည် အထွတ်အထိပ်အဆင့် ဟွမ်ယွမ်အဆင့်သို့ ရောက်ရှိနေပြီး နေရာအများစုတွင် မိမိကိုယ်ကို ကာကွယ်နိုင်သော်လည်း ပထမတန်းစား အင်အားစုတစ်ခု၏ နယ်မြေအတွင်းတွင်တော့ မပါဝင်ပေ။

အခြားအရာများကို ထားလိုက်ဦး၊ တောင်အကာအကွယ် အစီအရင်တစ်ခုတည်းနှင့်တင် သူမကို ဒုက္ခပေးရန် လုံလောက်နေပြီ။

"သူတို့ရဲ့အစီအရင်ကို သွားစစ်ဆေးလိုက်ဦးမယ်။"

အားချင်းသည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး စတင်ရန် စိတ်အားထက်သန်နေသည်။

ရွှီမိသားစုနှင့် ရွှမ်ကွမ်းဂူတို့သည် မွေးရာပါ ရန်ဘက်များ ဖြစ်ကြသည်။

ကျန်းမိသားစုသည် ရွှမ်ကွမ်းဂူ၏ အမိန့်အောက်မှ ရှေ့ပြေးတပ်သားများ ဖြစ်သည်။

ဤအရာက သူမအနေဖြင့် အစ်ကိုကြီးရှန်းကို ကူညီနေခြင်း မဟုတ်ပေ။ ဒါက ရှင်းရှင်းလင်းလင်းပင် အစ်ကိုကြီးရှန်းက ရွှီမိသားစုအတွက် ရန်ကြွေးဆပ်ပေးနေခြင်း ဖြစ်သည်။

"သတိထားနော်။"

ရှန်းယီ ခေါင်းညိတ်လိုက်ပြီး သတိပေးလိုက်၏။

"တခြားလူတွေရှေ့မှာ ငါ့ကို ခေါ်တဲ့ပုံစံ ပြောင်းဖို့ မမေ့နဲ့။"

အားချင်း၏မျက်နှာ ရှုံ့မဲ့သွားပြီး မချင့်မရဲဖြင့် ခေါ်လိုက်သည်။

"သိပါပြီ... အဖေရဲ့"

ထိုသို့ပြောပြီးနောက် သူမသည် စိတ်မကြည်မလင်ဖြင့် ခြံဝင်းထဲမှ ပြေးထွက်သွားလေ၏။

"ကောင်းပြီလေ... ရှင်တို့နှစ်ယောက်ကို လက်မြှောက်လိုက်ပြီ။"

ရွှီဝမ်ယွင် သက်ပြင်းချလိုက်၏။ ဝံပုလွေသိုက်ထဲသို့ အလိမ်ခေါ်ခံလညသကဲ့သို့ ခံစားနေရသည်။

ပိုပြီး စိတ်ပျက်စရာကောင်းသည်မှာ သူမ၏ အကူအညီကိုရှင်းရှင်းလင်းလင်း လိုအပ်နေသော်လည်း ဤလူငယ်လေးသည် အေးစက်စက်နှင့် ဂရုမစိုက်သလို နေနေခြင်းပင်။

သူမနှင့် နှိုင်းယှဉ်လျှင် သူကသာ အင်အားကြီးဂိုဏ်းမှ လာသောသူနှင့် တူနေ၏။

သာမန် အင်အားကြီးဂိုဏ်း မဟုတ်ဘဲ မသေမျိုးဂိုဏ်း သို့မဟုတ် မဟာချန်ကဲ့သို့သော နေရာမှ ပြုစုပျိုးထောင်ထားသည့် ပါရမီရှင်တစ်ဦးနှင့် တူနေသည်။

"..."

ရှန်းယီသည် မျက်လုံးမှိတ်ပြီး အသက်ရှူနှုန်းကို ထိန်းညှိလိုက်ကာ ချင်းဟွာကိုလည်း အချက်ပြလိုက်၏။

သူတို့ ဤနေရာသို့ စိမ့်ဝင်ရောက်ရှိနေပြီ ဖြစ်သည်။ ယခု သူ့ရွှေခန္ဓာကိုယ် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

...

ညရောက်သောအခါ၊ ကျန်းမိသားစုမှ လူများသည် ထမင်းလာပို့ရုံသာမက လူသုံးယောက်စာ လက်ဖက်ရည်များကိုပါ လာပို့ပေးကြလေ၏။

ခဏအကြာတွင် တစ်စုံတစ်ယောက် လာရောက် သိမ်းဆည်းသွားသည်။

သို့သော် ဤတစ်ခါတွင် ရွှီဝမ်ယွင် တစ်ယောက်သာ ဝိညာဉ်လက်ဖက်ရည်ကို သောက်သုံးခဲ့သည်။

အားချင်းက အကြောင်းရင်းကို မသိပေ။သို့သော် တစ်ခါသောက်ဖူးပြီး မှတ်သားထားလိုက်သည်။အစ်ကိုကြီးရှန်း မသောက်လျှင် သူမလည်း မသောက်ဘဲ နေလိုက်ရန် ဆုံးဖြတ်လိုက်၏။

လာပို့သော အစားအသောက်များကို လာပို့သည့်အတိုင်း ပြန်သယ်သွားကြသည်။

"အရှင်သခင်ရဲ့ခံတွင်းနဲ့ မတွေ့လို့များလား။" ကျန့်မိသားစုမှ လူတစ်ယောက်က မျက်လုံးထဲမှ ထူးဆန်းသော အရိပ်အယောင်ကို ဖုံးကွယ်ရင်း မေးလိုက်၏။

"ကျုပ်က အစာရှောင်တဲ့ကျင့်စဉ်ကို ကျင့်ကြံနေတာမို့လို့ အသားရော၊ အသီးအရွက်တွေရော မစားဘူး။" ရှန်းယီက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်၏။

"သြော်... ဟုတ်ကဲ့ပါ။" လူငယ်လေးသည် ကုန်စင်သွားသော လက်ဖက်ရည်ခွက်သုံးခွက်ကို ကြည့်လိုက်ပြီး ထပ်မမေးတော့ဘဲ ခြံဝင်းထဲမှ ရိုသေစွာ ထွက်ခွာသွားလေ၏။

"အစ်ကိုကြီးရှန်း... သူတို့ ချထားတဲ့ အစီအရင် ပုံစံကို ကျွန်မ သိသွားပြီ။"

မည်သို့ပင်ဖြစ်စေ ဤအရာက သူတို့ကိုယ်တိုင် ဖန်တီးထားသော အရာပင်။ အားချင်းသည် မည်သူ့ထက်မဆို ပိုမိုရင်းနှီးကျွမ်းဝင်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်သည်။

"သူတို့ အစီအရင်ကို တက်တက်ကြွကြွ ထိန်းချုပ်မနေသရွေ့ ငါတို့ ဒီစံအိမ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။"

"ပြင်ဆင်လိုက်တော့။"

ရှန်းယီ သူမဘက်သို့ လက်ကမ်းလိုက်ရာ အားချင်းသည် ကောင်းစွာ နားလည်သဖြင့် အစီအရင်ပြား အချို့ကို ထုတ်ယူပြီး စတင် ပြုပြင်လိုက်၏။

မကြာမီ သူတို့၏တည်ရှိမှုသည် လုံးဝ ဖုံးကွယ်သွားပြီး သူတို့၏ ပုံရိပ်များပင် ဝေဝါးသွားလေတော့သည်။

"ဒါဆို... ငါရော။"

ရွှီဝမ်ယွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိ၏။

အားချင်းက သူမကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး "ဒေါ်လေးရော လိုက်ချင်လို့လား။"

ထိုသို့ပြောပြီးနောက် သူမသည် မန္တန်ကို အသုံးပြုကာ နောက်တစ်ယောက်ကိုပါ သူတို့၏ ကိုယ်ယောင်ဖျောက်ခရီးစဉ်တွင် ထည့်သွင်းလိုက်သည်။

ရွှီဝမ်ယွင်၏ နှုတ်ခမ်းများ တုန်ယင်သွား၏။

"..."

ဟွမ်ယွမ် အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးတို့သည် ကျန်းမိသားစု နယ်မြေတစ်ခုလုံးတွင် လျှောက်သွားရန် ကြံစည်နေကြပြီး သူမ ပါရှိနေသည်ကို လုံးဝ လစ်လျူရှုထားကြသည်။

အမှောင်ထု၏အကာအကွယ်အောက်တွင်၊ရှန်းယီသည် အားချင်းကို ပွေ့ချီလိုက်ပြီး အရှေ့ဘက်ရှိ ဝါးမျှော်စင်ဆီသို့ တည့်တည့် သွားလိုက်သည်။

"ဒါကို တင်းကျပ်တဲ့အစောင့်အကြပ်လို့ ခေါ်တာလား။"

ရွှီဝမ်ယွင်သည် နောက်မှ လိုက်ပါလာရင်း မြင်ကွင်းထဲသို့ ရောက်လာသော ဝါးမျှော်စင်ကို ကြည့်လိုက်၏။

ထိုနေရာတွင် ၃ ကျန်း ခန့် မြင့်သော နှစ်ထပ်မျှော်စင်တစ်ခု ရှိသည်။

အံ့သြစရာကောင်းသည်မှာ အနီးအနားတွင် မည်သူမျှ မရှိခြင်းပင်။

"..."

ရှန်းယီသည် ရွှေရောင်လင်းတနတ်စွမ်းရည် ကို အသုံးပြုလိုက်ပြီး ကျွမ်းကျင်ပညာရှင်များ စောင့်ကြပ်နေသော နေရာသုံးခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။

နောက်တစ်ခဏတွင် သူသည် အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့သော လေဟုန်စီးနင်းခြင်းနည်းစနစ် ကို အသုံးပြုပြီး အစောင့်သုံးဦးကို ပါးနပ်စွာ ကျော်ဖြတ်သွားလိုက်၏။

နူးညံ့သော လေညင်းအဖြစ် ပြောင်းလဲသွားပြီး ဝါးမျှော်စင်ထဲသို့ ဝင်ရောက်သွားလေသည်။

ခေတ္တမျှ အာရုံခံကြည့်ပြီးနောက် သူ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဘယ်သူမှ မရှိဘူး။"

"ရပြီ"

အတွင်းထဲတွင် အစောင့်မရှိဘူးဆိုလျှင် အစီအရင်တစ်ခု ရှိနေနိုင်ခြေ များသည်။အားချင်းသည် ပတ်ဝန်းကျင်ကို အမြန် ကြည့်ရှုလိုက်ပြီး မြေကြီးပေါ်တွင် ထိုင်ချကာ စတင် စမ်းသပ်လိုက်သည်။

မကြာမီ သူမ၏လက်ချောင်းထိပ်များတွင် ဖျော့တော့သော အလင်းရောင်တစ်ခု ပွင့်လန်းလာသည်။

သူမသည် အစီအရင်ကို ဖြိုခွင်းနေစဉ် အခြားလက်တစ်ဖက်ဖြင့် အစီအရင်ပြားကို ကိုင်တွယ်ကာ သူတို့၏တည်ရှိမှုကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့် အကြာတွင်၊

အားချင်းသည် ရှန်းယီ၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး စောစောကမှ ခိုးဝင်လာနိုင်သော ဒေါ်လေးဖြစ်သူကို တစ်ချက်ကြည့်ကာ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

ထို့နောက် သုံးဦးစလုံး ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။

စီးဆင်းနေသော အလင်းတန်းများကြားတွင် ကျဉ်းမြောင်းသော အခန်းတစ်ခု သူတို့ရှေ့၌ ပေါ်လာသည်။

ပထမဆုံးမျက်စိကျသွားသည်မှာ နံရံပေါ်တွင် ချိတ်ဆွဲထားသော လျှို့ဝှက်ဆန်းကြယ်သည့် ဓားတစ်ချောင်း ဖြစ်သည်။

ဓားသွားသည် သွယ်လျပြီး အဆုံးမရှိသော အေးစက်မှုများ ပြည့်နှက်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်ပစ္စည်း မဟုတ်ကြောင်း သိသာလှလေ၏။

အားချင်းသည် မှတ်စုစာအုပ်ကို အမြန် ထုတ်လိုက်ပြီး အနီးကပ် လေ့လာရန် ကိုင်းညွှတ်လိုက်သည်။

ခဏအကြာတွင် သူမ၏မျက်ဆန်များ ကျဉ်းမြောင်းသွား၏။သူမ ပါးစပ်ကို အုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါ ဝူထုံတောင်ရဲ့ ဓားသွန်းလုပ်ခြင်းနည်းပညာပဲ။"

All Chapters