စွေ့သစ်သား မွန်းစတား
Vol. 29 Ch. 288
"ဂျွတ်... ဂျွတ်... ဂျွတ်..."
ပုဆိန်ကဲ့သို့ထက်မြက်သော ဓားသည် အဘိုးအို၏ ခန္ဓာကိုယ်ကို အလွန်မာကျောသောအဖိုးတန်သစ်သားတုံး တစ်တုံးကို ခုတ်သကဲ့သို့ ထိုးစိုက်ဝင်သွား၏။
ချန်းယွမ်ဆေဘာဓား၏ထက်ရှမှုနှင့်ပင် ပိုင်းဖြတ်ရန် အလွန်ခက်ခဲနေသည်။
ရှန်းယီ၏မျက်လုံးများတွင် အနီရောင်မြူခိုးများ ပြည့်နှက်နေပြီး ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူ၏ လက်မောင်းကြွက်သားများ လှုပ်ရှားလိုက်တိုင်းတောက်ပသော အနီရောင်လိုင်းများ ပေါ်ထွက်လာ၏။
မဟာကိုးနတ်ဆိုးကိုးပါးအသွင်ပြောင်းခြင်းနည်းစနစ်ကို ကျွမ်းကျင်ပြီးနောက် နတ်ဆိုးသွေးစက်ထောင်ပေါင်းများစွာသည် သူ၏အသွေးအသားနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ဓားသည် နောက်ထပ် သုံးလက်မခန့် ထပ်မံ နစ်ဝင်သွား၏။ ကျန်းမိသားစု ဒုတိယ ဘိုးဘေးအတွက် ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဓားပေါ်တွင် စီးဆင်းနေသော ခရမ်းရွှေရောင်မီးတောက်များပင်။
ထိုမီးတောက်များသည် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူ၏ဒဏ်ရာပတ်လည်ကို မဲတူးသွားစေပြီး အတွင်းပိုင်းသို့ ဆက်လက် လောင်ကျွမ်းဝင်ရောက်လာ၏။
ကောင်းကင်ပေါ်မှ လာသော ညည်းညူသံများကို နားထောင်ရင်း၊အခြား ကျန်းမိသားစု ကျွမ်းကျင်သူများ၏မျက်နှာထားများ အားလုံး ပြင်းထန်စွာ ပြောင်းလဲသွားသည်။
လူငယ်လေး ပြသနေသော စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကျန်းမိသားစုသာလျှင် အသိဆုံးပင်။
တကယ့်ကို မှားယွင်းတဲ့ တွက်ချက်မှုဖြစ်လေ၏။
နောက်တစ်ခဏတွင် သူတို့အားလုံး၏ အကြည့်များသည် ရှေ့မှ အမျိုးသမီးထံသို့ ရောက်ရှိသွားသည်။
"မဟုတ်သေးပါဘူး..."
ထိုအကြည့်များက ဘာကို ဆိုလိုကြောင်း ရွှီဝမ်ယွင် လျင်မြန်စွာ သဘောပေါက်လိုက်၏။
ဤလူအုပ်စုက သူမအား အနိုင်ကျင့်၍လွယ်ကူသောသူဟု မြင်နေကြသည်လော။
အဆင့်မြင့်ဟွမ်ယွမ်အဆင့်ထက် မကျော်လွန်သော၊အများစုမှာ အလယ်အလတ်နှင့် ကနဦးအဆင့် သာရှိသော ဟွမ်ယွမ် အရှင်သခင် တစ်သိုက်က သူမလို အထွတ်အထိပ်အဆင့်တစ်ယောက်ကို ပစ်မှတ်ထားရဲကြသည်။
"အစီအရင်ကို ပြင်ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားပါ"
သူမသည် အားချင်းကို ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်ပြီး ရုတ်တရက် တိုက်ပွဲထဲသို့ ဝင်ရောက်သွား၏။
သူမ၏ဓားရှည်အထက်တွင် အလင်းတန်းများ စီးဆင်းနေပြီး မြစ်ကြီးတစ်စင်း ဟုန်းဟုန်းတောက် စီးဆင်းနေသကဲ့သို့ပင်။
အထွတ်အထိပ်အဆင့်၏ စွမ်းအားဆိုသည်မှာ စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ဦးကသာ ဖိနှိပ်နိုင်စွမ်း ရှိသည်။
ကျင့်ကြံခြင်းအဆင့် ကွာခြားချက်သာမက ရွှီဝမ်ယွင်သည် အရှင်သခင်တစ်ဦး၏ဟန်ပန်ကိုလည်း ဂရုမစိုက်ဘဲ သူတို့အထဲမှ အားအနည်းဆုံး တစ်ယောက်ကို ပထမဆုံး သားကောင်အဖြစ် ရွေးချယ်လိုက်၏။
အခြားသူသာ ဆိုလျှင် အရှင်သခင်တစ်ဦး မိမိကို သတ်ရန်လာနေသည်ကို မြင်ပါက မည်သို့ပင်ဖြစ်စေ ဆုတ်ခွာမည်။
သို့သော် ထိုသူသည် ရှောင်တိမ်းခြင်း မရှိဘဲ ဓားကိုမြှောက်ကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီး၏ အောက်တွင်၊ကျန်းမိသားစု ကျွမ်းကျင်သူ၏ လက်နက်သည် ပေါင်းပင်များကို နှုတ်ပစ်သကဲ့သို့ လွယ်ကူစွာ ပျက်စီးသွားပြီး အစအနပင် မကျန်တော့သော်လည်း သူ၏မျက်နှာတွင် ထိတ်လန့်မှု မရှိပေ။
ထိုအစား သူသည် ဓားရှည်ဆီသို့ ချောမွေ့စွာ လက်လှမ်းလိုက်၏။တာအိုဝိညာဉ်သည် သာမန် ခန္ဓာကိုယ်ထက် များစွာ သန်မာသော်လည်း တိုက်ရိုက် ထိပ်တိုက်တွေ့ရန်အထိ မိုက်မဲမည် မဟုတ်ပေ။
ဤအရာက သာမန်နားလည်မှုထက် ကျော်လွန်နေသော မြင်ကွင်းတစ်ခုပင်။
သို့သော် နောက်တစ်ခဏတွင် ဓားအလင်းတန်း လုံးဝ ကျဆင်းလာသောအခါ ရွှီဝမ်ယွင်သည် သူမလက်ထဲမှ ဓားရှည်လွတ်ထွက်လုနီးပါး ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
သူမ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သေချာ ကြည့်လိုက်၏။
ကျန်းမိသားစု ကျွမ်းကျင်သူက သူမ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိုက်ပြီး၊ နဖူးမှ ဝမ်းဗိုက်အထိ ကွဲထွက်သွားသော်လည်း... အဘိုးအိုကဲ့သို့ပင် နွယ်ပင်သစ်သားခန္ဓာကိုယ် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး အမျိုးသမီး၏လက်နက်ကို လုယူရန် ကြိုးစားလိုက်၏။
ရွှီဝမ်ယွင် အားစိုက်ထုတ်လိုက်ချိန်မှာပင် သူ၏ ဘယ်ဘက်နွယ်ပင်လက်ကြီးသည် ရူးသွပ်စွာ ဖောင်းပွလာပြီး မီတာများစွာ ကျယ်သော လက်ကြီးအဖြစ် ပြောင်းလဲကာ သူမ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
"..."
ရွှီဝမ်ယွင် ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ ဓားရှည်ကို ပြန်ဆွဲယူနိုင်ခဲ့သော်လည်း သူမ၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်လာ၏။
ဒီလောက် မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ပထမဆုံး ထိတွေ့မှုမှာတင် ဒဏ်ရာရသွားတာ မဖြစ်သင့်ပါဘူး။
ဒါပေမဲ့ ပြဿနာက... တစ်ဖက်လူက သူတို့အထဲမှာ အားအနည်းဆုံး ဖြစ်နေပုံရတယ်။
ကနဦးအဆင့် ဟွမ်ယွမ်တစ်ယောက်က သူမနဲ့ နှစ်ကွက်လောက် ယှဉ်နိုင်ခဲ့တယ်။
ဒါ ဘာသတ္တဝါကြီးလဲ။
သူမ တွေးတောနေစဉ်မှာပင် ပို၍ နားမလည်နိုင်စရာ ကောင်းသောအရာကို သတိရလိုက်၏။
ဒီနွယ်ပင်သစ်သားခန္ဓာကိုယ်က ဒီလောက် စွမ်းအားကြီးနေရင်... ရှန်းယီက ဘယ်လိုလုပ် အဘိုးအိုကို ဖိနှိပ်ပြီး ရိုက်နှက်နိုင်ခဲ့တာလဲ။
ရွှီဝမ်ယွင် ခါးကိုအကြိမ်ကြိမ် ပုတ်လိုက်၏။
သူမအတွက် အထူးစီမံထားသော အစီအရင်အစုံလိုက်လေထဲသို့ ပျံတက်လာပြီး သူမ၏ ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီကို ဖုံးအုပ်လိုက်သည်။
ဤအရာများသည် သူမ နတ်ဘုရားအသွင်ပြောင်းအဆင့်တစ်ဦးနှင့် မတော်တဆ တွေ့ကြုံရပါက အသက်ကယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း ယခုအခါ သူမထက် ကျင့်ကြံခြင်း နိမ့ကျသော မွန်းစတားတစ်သိုက်ကြောင့် ထုတ်သုံးလိုက်ရသည်။
သတင်းပေါက်ကြားသွားရင် ရယ်စရာကြီး ဖြစ်နေမှာပင်။
"ဟား... မမျှော်လင့်တဲ့ အမြတ်အစွန်းပဲ"
လူအများအပြား ရွှီဝမ်ယွင်ကို ဝိုင်းထားလိုက်ကြ၏။ ခေတ္တမျှ အံ့သြသွားပြီးနောက် သူတို့၏ မျက်နှာများတွင် ပျော်ရွှင်မှုများ ပျံ့နှံ့သွားသည်။
"ဒါ ရွှီမိသားစုက တစ်ယောက်များလား"
"နင်တို့ အဖွားလေ"
ရွှီဝမ်ယွင် အေးစက်စွာ ပြုံးလိုက်ပြီး ထပ်မံ ခုန်တက်လိုက်၏။
အစီအရင်၏ အားဖြည့်ပေးမှုကြောင့် ယခင်ကထက် ပိုမိုကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
သို့သော် ထိုလူများသည် စိုးရိမ်ပုံ မရပေ။ရှောင်တိမ်းရန် ဆန္ဒရှိပုံလည်း မပြကြပေ။
ဓားအလင်းတန်း ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အဖြူရောင် နှင်းခဲလွှာတစ်ခုသည် ရွှီဝမ်ယွင်၏ကြည်လင်သော မျက်လုံးများကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
သူမ၏ဓားရှည်သည် ကောင်းကင်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်သွား၏။
"..."
ရှန်းယီ၏ မျက်လုံးများ ပိုမို စူးရှလာပြီး ဓားရှည်ကို အဘိုးအို၏ခါးထဲသို့ ထိုးစိုက်လိုက်ကာ လက်တစ်ဖက်က ဘယ်ဘက်ပခုံးကို ဆွဲကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က ညာဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ကြမ်းတမ်းသော ခွန်အားဖြင့် ခန္ဓာကိုယ်ကို အလယ်မှ ဆွဲဆုတ်ပစ်လိုက်သည်။
နောက်ကျောဘက်မှ တိုက်ခိုက်လာသော ဓားအလင်းတန်းကို သူ ခံစားလိုက်ရသည်။
လူငယ်လေး ရုတ်တရက် လှည့်လိုက်ပြီး ရွှီဝမ်ယွင်၏မျက်နှာကို ကန်လိုက်ရာ သူမ အောက်သို့ ပြန်လည် ပြုတ်ကျသွား၏။
"ဖူး..."
ရွှီဝမ်ယွင် နောက်သို့လွင့်စဉ်သွားပြီး ပြင်းထန်စွာ ပြုတ်ကျကာ သွေးတစ်လုပ် အန်လိုက်သည်။
သူမ၏တာအိုဝိညာဉ်ပင် တုန်ခါသွားသလို ခံစားလိုက်ရလေ၏။
မူးဝေနေလျက် သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှေ့မှ လူများကို မြင်လိုက်ရပြီး နောက်ဆုံးတွင် ထိတ်လန့်မှု အနည်းငယ် ပြသလာသည်။
သူမသည် စိတ်ကို တည်ငြိမ်အောင် ကြိုးစားထားပြီး ဝိညာဉ်အကာအကွယ် အစီအရင်ကိုပင် အသုံးပြုခဲ့သော်လည်း ကျန်းမိသားစု၏ တိတ်တဆိတ် တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ပေ။
ထို့အပြင် ဤလူများက သူမအားဒဏ်ရာရစေနိုင်သည့် အင်အားမျိုး မည်သို့ပိုင်ဆိုင်ထားကြသနည်း။
သူမ နားမလည်တာတစ်ခုကတော့ သူမရှေ့က လူနည်းစုကလည်း ကောင်းကင်ကိုကြောက်လန့်တကြား မော့ကြည့်နေကြပြီး အားချင်းပင် လက်လှုပ်ရှားမှုရပ်တန့်ကာ အစီအရင်ကို မထိန်းချုပ်တော့ခြင်းပင်။
စူးရှသော နာကျင်စွာ အော်ဟစ်သံကြီး လေထဲတွင် ပေါက်ကွဲထွက်ပေါ်လာ၏။
အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် ပေါ့ပေါ့ပါးပါး ဆင်းသက်လာပြီး လက်တစ်ဖက်စီတွင် ဆွေးမြေ့နေသောသစ်သားအပိုင်းအစ တစ်ခုစီကို ကိုင်ဆောင်ထားသည်။
ရှန်းယီ မျက်ခုံးအနည်းငယ်တွန့်သွားပြီး မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည်။
ထို့နောက် ကျန်ရှိနေသော လူများကို ကြည့်လိုက်၏။
"သူ တကယ် ကြောင်သွားပုံရတယ်"
ကျန်းမိသားစု ကျွမ်းကျင်သူများသည် တံတွေး တစ်ပြိုင်နက် မျိုချလိုက်ကြ၏။ ထွက်ပြေးဖို့ အလိုလိုတွေးမိသော်လည်း ခြေထောက်များက နေရာတွင် ခိုင်မြဲစွာ ရပ်နေဆဲပင်။
သူတို့ထဲမှ တစ်ဦးသည် လူငယ်လေးကို တိုက်ရိုက် တိုက်ခိုက်ရန် ခုန်ဝင်လာ၏။
"ဂျွတ်"
ရှန်းယီ ခေါင်းအနည်းငယ် လှည့်လိုက်ပြီး ထိုလူ၏ လည်ပင်းကို ပေါ့ပေါ့ပါးပါးဖမ်းဆုပ်လိုက်သည်။
လူကို မြှောက်လိုက်ပြီး၊သူ့လက်ချောင်းများက ဖြည်းညှင်းစွာ အားစိုက်လိုက်လေ၏။
ထိုလူသည် ရှန်းယီ၏လက်ကောက်ဝတ်ကို အစွမ်းကုန် ထုရိုက်သော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားပေ။
နောက်ဆုံးတွင် သူ့လည်ပင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး သစ်သားမှုန်များအဖြစ် ပြောင်းလဲသွားသည်။
ရှန်းယီ သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့မျက်လုံးထဲမှအေးစက်မှု ပိုမို နက်ရှိုင်းလာသည်။
နတ်ဆိုးဆိုရင် သက်တမ်း ရှိရမယ်လေ။ကျင့်ကြံသူဆိုရင်ရော တာအိုဝိညာဉ်က ဘယ်မှာလဲ။
သူ့အကြည့် ဖြတ်သန်းသွားသောအခါ ကျန်ရှိနေသောလူများသည် ရုတ်တရက် တောင့်တင်းသွားပြီး နောက်သို့ လဲကျသွားကာ ကျယ်လောင်သော အသံများနှင့်အတူ သစ်သားရုပ်များအဖြစ် လုံးဝ ပြောင်းလဲသွားကြသည်။
"ရှင် ဘယ်လို လုပ်လိုက်တာလဲ"
ရွှီဝမ်ယွင်သည် အိမ်နှင့်ဝေးနေသည်မှာ ကြာပြီဖြစ်၍ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်နေသလို ခံစားလိုက်ရလေ၏။
တစ်ဖက်လူ အသုံးပြုတဲ့ နည်းဗျူဟာများကိုပင် နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။
"..."
ရှန်းယီ သူမကို ဂရုစိုက်ဖို့ အချိန်မရှိပေ။ သူ့မျက်လုံးများမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
သူသည် တောသခင် နတ်စွမ်းရည်ကို အစွမ်းကုန် ထုတ်သုံးလိုက်၏။ရုတ်တရက် ဝိညာဉ်ပုံရိပ် အများအပြား သူ့အမြင်တွင် ပေါ်လာသည်။
၎င်းတို့သည် နွယ်ပင်များဖြင့် ချည်နှောင်ခံထားရပြီး အိမ်တော်၏အတွင်းပိုင်းနက်ရှိုင်းရာသို့ ဆွဲခေါ်ခံနေရသည်။
မွန်းစတားများကို ကိုယ့်ခန္ဓာကိုယ်ဖြင့် အစာကျွေးနေကြသည်လော။
ရှန်းယီ အကြည့်လွှဲလိုက်ပြီး နောက်ဆုံးတွင် ဘေးမှ ရွှီဝမ်ယွင်ကို ကြည့်လိုက်၏။
သူ ခန့်မှန်းတာ မမှားဘူးဆိုလျှင် ဝိညာဉ်လက်ဖက်ရည်ကို သောက်လိုက်သည်နှင့် စွေ့သစ်သားဟု ခေါ်သောအရာ၏ထိန်းချုပ်မှုကို ခံရပြီးလူမဟုတ်၊ နတ်ဆိုးမဟုတ်သော သတ္တဝါအဖြစ် ပြောင်းလဲသွားခြင်းပင်။
အစောပိုင်းက ဓားတိုက်ခိုက်မှုမှာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း အပြည့်အဝ ရှိခဲ့သည်။
သူ ခဏတာ အာရုံလွင့်သွားပြီး ဟာကွက်တွေ ပြည့်နေလို့သာ ထိခိုက်လွယ်ခဲ့တာ ဖြစ်သည်။
"ဒေါ်လေး... စောစောက အစ်ကိုကြီးရှန်းကို တိုက်ခိုက်လိုက်မိတယ်"
အားချင်းသည် ရှန်းယီ၏မျက်နှာထား ပြောင်းလဲသွားသည်ကို သတိထားမိပြီး သူ ဘာတွေးနေလဲဆိုတာ ခန့်မှန်းမိသဖြင့် အလျင်အမြန် သတိပေးလိုက်၏။
"သြော်..."
ရွှီဝမ်ယွင် ခေတ္တ ကြောင်သွားပြီး သူမ၏မျက်နှာကို စမ်းကြည့်လိုက်၏။
စောစောက ဒဏ်ချက်က ကျန်းမိသားစု လက်ချက် မဟုတ်ဘူးပဲ။
"စိတ်လျှော့ပါ"
သူမ လျင်မြန်စွာ လက်ကိုမြှောက်ပြီး ခါးမှ ကြီးမားသော အစီအရင်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
ထို့နောက် လက်ချောင်းများဖြင့် လျင်မြန်စွာ လက်သင်္ကေတ ပြုလုပ်လိုက်သည်။
သူမ၏အဝတ်အစားပေါ်မှ အစီအရင်ပုံစံများသည် ရှန်းယီထံသို့ ပျံဝဲသွားပြီး သူ့အနက်ရောင်ရှပ်အင်္ကျီပေါ်တွင် ကျရောက်သွားသည်။
"အေးစိမ့်သံချပ်ကာအစီအရင်၊ ဝိညာဉ်ပြန်လည်ခြင်း အစီအရင်၊လေထိန်းချုပ်ခြင်းအစီအရင်... သင့်တော်သလို အသုံးပြုပါ"
ပြောပြီးသည်နှင့် သူမသည် လက်ထဲမှ အစီအရင်ပြားကို အသက်သွင်းလိုက်လေ၏။
အရိပ်များအုပ်စုလိုက် ထွက်ပေါ်လာပြီး သူမ၏ မျက်ခုံးဆီသို့ ဝင်ရောက်သွားသည်။
မကြာမီ ရွှီဝမ်ယွင်သည် အလောင်းကောင်ကဲ့သို့ သက်မဲ့ပုံစံဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းသွားသည်။
"ဒါက သရဲတစ်ရာဝိညာဉ်တည်ငြိမ်ခြင်း အစီအရင်ပါ၊ ဒေါ်လေးက အစ်ကိုကြီးရှန်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး"
သူမဒေါ်လေး ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်သည်ကို မြင်တော့ အားချင်း စကားမပြောနိုင်အောင် ဖြစ်သွားလေ၏။
သူမကိုယ်သူမဖြင့် အစ်ကိုကြီးရှန်းကြားက ကွာခြားချက်ကို သဘောပေါက်သွားပုံရလေ၏။ ဒေါ်လေးဖြစ်သူအား မပြောနှင့် အားချင်းကိုယ်တိုင်ပင် အစ်ကိုကြီးရှန်းလှုပ်ရှားလိုက်တိုင်း ကြောက်သလိုလို ခံစားရလေသည်။
ရွှီဝမ်ယွင်သည် သဘောတူကြောင်း ပြသသည့်အနေဖြင့် သူမ၏ဗလာဖြစ်နေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။