← Chapters

ငါ့ဆီမှာလည်း ကောင်းကင်တက်လမ်း ရှိတယ်

Vol. 29 Ch. 290

ငါ့ဆီမှာလည်း ကောင်းကင်တက်လမ်း ရှိတယ်

Vol. 29 Ch. 290

ထူးဆန်းလိုက်တာ

အားချင်းသည် သူမ၏ကျင့်ကြံခြင်းအဆင့် နိမ့်ကျလွန်းသောကြောင့် ထူးခြားမှုများကို သေချာခွဲခြားမသိမြင်နိုင်ပေ။

သို့သော် ရွှီဝမ်ယွင်သည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နှင့် အနီးစပ်ဆုံးဖြစ်သော အထွတ်အထိပ် ဟွမ်ယွမ်အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်သည်။

ရုတ်တရက် ထွက်ပေါ်လာသော ထူးဆန်းသည့် ဘိုးဘေးအိုကြီးကိုကြည့်ရင်း သူမ၏မျက်လုံးထဲတွင် နေရာအနှံ့မှ သက်ရောက်နေသော အေးစက်စိမ်းသက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ပြိုင်ဘက် ထုတ်ဖော်ပြသလိုက်သော အရှိန်အဝါသည် အထွတ်အထိပ် ဟွမ်ယွမ်အဆင့်တွင်သာ ရှိနေသေးသည်မှာ ထင်ရှား၏။

သို့သော် သူ၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော နွယ်ပင်များသည် တောင်တန်းကြီးတစ်ခုလုံးနှင့် ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေပြီး အခြားသူများ နားမလည်နိုင်သော နည်းလမ်းဖြင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ခြေလှမ်းလှမ်းထားနိုင်စေသည်။

ကြည့်ရတာခြေတစ်လှမ်းသာ လိုတော့သည့်ပုံ ပေါက်နေသော်လည်း လက်တွေ့တွင်မူ အလွန် ကွာခြားလှသည်။

နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်မှာ ယခုလိုပုံစံမျိုးရှိနိုင်ပါ့လော။

ဆွေးမြည့်နေသော အဘိုးအိုစတင်လှုပ်ရှားလိုက်သည့်အချိန်တွင် ရွှီဝမ်ယွင်သည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ကျင့်ကြံခြင်းအဆင့်နှင့် နယ်ပယ်ကွာခြားမှုကြောင့် လုံးဝ အနိုင်ယူလွှမ်းမိုးခံလိုက်ရသည့် အားကိုးရာမဲ့သော ခံစားချက်မျိုး ဖြစ်သည်။

ဤအရာ ဘေးက ရပ်ကြည့်နေသော သူမအနေဖြင့် ခံစားရခြင်းသာ ဖြစ်သည်။

ခြောက်သွေ့နေသော သစ်ပင်ကြီး၏ တင်းကျပ်စွာ ရစ်ပတ်မှုကို ခံထားရသော လူငယ်လေးဆိုလျှင် မည်သို့နေမည်နည်း။

ထိုအချိန်တွင် ဟိန်းသံများနှင့်အတူ ခရမ်းရွှေရောင် မီးလျှံများသည် ခြောက်သွေ့နေသော သစ်ပင်၏ အက်ကွဲကြောင်းများမှ ထွက်ပေါ်လာပြီးကောင်းကင်တစ်ခုလုံးကို ခရမ်းရွှေရောင် ဆိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။

တောင်တန်းကြီး တစ်ခုလုံးကို ပြာကျသွားအောင် လောင်ကျွမ်းပစ်မည့်အလား လွှမ်းမိုးထားသော အရှိန်အဝါများ ပါဝင်နေသည်။

သို့သော် ထူးဆန်းသည်မှာ ထိုကြောက်မက်ဖွယ်ကောင်းသော အပူရှိန်သည် လျင်မြန်စွာပျောက်ကွယ်သွားခြင်းပင်။

နဂါးတစ်ကောင်လှည့်ပတ်နေသကဲ့သို့ ဖြစ်နေသော ခရမ်းရွှေရောင် မီးလျှံများသည် ကိုင်တွယ်ထိတွေ့၍မရသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရုတ်တရက် ရွှီဝမ်ယွင် မျက်လုံးပြူးကျယ်သွား၏။

သူမသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင်သော ဒုတိယမြောက်အရှိန်အဝါကို အာရုံခံမိလိုက်သည်။

ရုတ်ခြည်းပင်ဆွေးမြည့်နေသော အဘိုးအိုသည် ထိတ်လန့်သွားပုံရပြီး လွှတ်ပေးရန် ကြိုးစားလိုက်သော်လည်း သူ၏လက်မောင်းအဖျားများသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးကျွမ်းထားသော ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ခြောက်သွေ့နေသော သစ်ပင်ကြီး လျင်မြန်စွာ နောက်ဆုတ်သွားလေ၏။

ထိုအခါ အတွင်းမှ အထီးကျန်ပြီး အားနည်းပုံရသော ပုံရိပ်တစ်ခု ပေါ်လာသည်။

ရှန်းယီသည် လေထဲတွင် ရပ်တန့်နေပြီး သူ့ပတ်ဝန်းကျင်တွင် ဆူပွက်နေသော ခရမ်းရောင်မီးလျှံများမရှိတော့ဘဲ ထိုအစား အရောင်မဲ့နေသော်လည်း တောက်လောင်နေသော နေမင်းကိုးစင်းက နေရာယူထား၏။

"..."

နှစ်ဦးစလုံးသည် ဟွမ်ယွမ်အဆင့် ဖြစ်ကြသော်လည်း နှစ်ဦးစလုံးသည် နတ်ဘုရားအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ရွှီဝမ်ယွင်သည် သူမ ကျင့်ကြံခဲ့သော လမ်းစဉ်သည် ဤလူနှစ်ဦး ကျင့်ကြံနေသော အရာနှင့် ကွဲပြားသည်ဟု အမြဲ ခံစားနေရသည်။

မိုးနှင့်မြေချီကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိဘဲ ဤကဲ့သို့သော နည်းစနစ်များကို သူတို့ မည်သို့ ထုတ်သုံးနိုင်ကြသနည်း။

"ဟူး..."

ရှန်းယီသည် နတ်ဆိုးအမြုတေကို မျိုချလိုက်ပြီး ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်၏။

ထို့နောက် သူ ရှေ့သို့ တိုးလာပြီး နောက်ဆုတ်နေသော ခြောက်သွေ့နေသော သစ်ပင်ပေါ်တွင် တက်ကာရပ်လိုက်သည်။

ဆွေးမြည့်နေသော အဘိုးအိုသည် မရည်ရွယ်ဘဲ ထိုလူငယ်ကို မိမိထံ ခေါ်ဆောင်လာမိသကဲ့သို့ ဖြစ်သွားသဖြင့် ထိတ်လန့်တကြား ကြည့်နေမိသည်။

ထိုအချိန်တွင် တစ်ဖက်လူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

လီမီးလျှံနှလုံးလောင်ကျွမ်းခြင်းလက်ဝါး

အလယ်အဆင့် ဟွမ်ယွမ် ကျင့်ကြံသူတစ်ဦး၏ လက်ဖဝါးတွင် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ကျင့်စဉ်တစ်ခု ပေါ်ထွက်လာခဲ့၏။

သူ၏သွယ်လျသော လက်ချောင်းများသည် အဘိုးအို၏ နဖူးပြင်ပေါ်သို့ ရိုက်နှိပ်လိုက်သည်။

တခဏအတွင်းမှာပင် အရောင်မဲ့နေသော နေမင်းများသည် သူ့ကိုဝါးမြိုသွားပြီး တွန့်လိမ်နေသော အရေပြားများ အရည်ပျော်ကျသွားကာ အောက်ရှိ သစ်သားခန္ဓာကိုယ်မှာ မီးကျွမ်းသွားလေသည်။

သူ ပါးစပ်ကို ဟကာ မျက်နှာတွင် နာကျင်ခံစားရသော ပုံစံ ပေါ်လာ၏။

ထို့နောက် သူသည် မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ အရောင်မဲ့နေသော မီးလျှံများသည် နွယ်ပင်များပေါ်သို့ ရူးသွပ်စွာ တွားသွားတက်ရောက်နေပြီး တောင်တန်းကြီး၏နက်ရှိုင်းသော နေရာအထိ လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ထိုနွယ်ပင်များသည် ရုတ်တရက် အဆက်အသွယ် ဖြတ်တောက်လိုက်ကြ၏။

လီမီးလျှံကြောင့် မီးလောင်ကျွမ်းခံနေရသော အဘိုးအို၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ထိတ်လန့်သော အမူအရာ ပေါ်လာခဲ့သည်။

သူ့အား မြှင့်တင်ပေးထားသော ကောင်းကင်တက်လမ်းအား သူ့ကို ဤမျှလွယ်ကူစွာ စွန့်ပစ်သွားခဲ့ပြီ ဖြစ်သည်။

ရှန်းယီသည် အဘိုးအိုကို နောက်ထပ်တစ်ချက်မျှပင် လှည့်မကြည့်တော့ပေ။

ပြုတ်ကျနေသော အဘိုးအို၏ခန္ဓာကိုယ်အပေါ်မှ ကျော်ဖြတ်ကာ သူ၏ဝတ်ရုံနက် တဖျပ်ဖျပ် လွင့်ပျံလျက် အဝေးသို့ထွက်ပြေးနေသော စပျစ်နွယ်ပင်များနောက်သို့ လိုက်ပါသွားသည်။

အကြောင်းတစ်ခုခုကြောင့်...

အားချင်းသည် အစ်ကိုကြီးရှန်း၏ အမူအရာတွင် တည်ငြိမ်မှု အရိပ်အယောင်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ပြုတ်ကျသွားသော အဘိုးအိုသည် လုံးဝ အသက်မပျောက်သေးပေ။

သူသည် ဂါထာမန္တန်တစ်ခုကို ရုန်းကန်၍ အသုံးပြုလိုက်သည်။

ရင်းနှီးနေသော ဤလှုပ်ရှားမှုကြောင့် အားချင်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

သို့သော် အစ်ကိုကြီးရှန်းသည် နောက်လှည့်ကြည့်ရန်စိတ်ကူးမရှိဘဲ ထွက်ပြေးနေသော နွယ်ပင်များကိုသာ စိုက်ကြည့်နေသည်ကို သူမ သတိထားမိလိုက်သည်။

‌ငှက်ပေါင်းတစ်ရာ ဖီးနစ်ငှက်ထံဦးခိုက်နေသော ပုံရိပ်နှင့်တခဏချင်းစီမှာပင် မရေမတွက်နိုင်သော ငှက်အော်သံများသည် စူးရှစွာဖြင့် အိမ်တော်ဝင်းအတွင်း ပဲ့တင်ထပ်သွားသည်။

ကြွယ်ဝသော ဝိညာဉ်အလင်းတန်းများသည် အမျိုးမျိုးသောဝိညာဉ်ငှက်များအဖြစ် ပြောင်းလဲသွားပြီး မင်ရောင်ဝတ်ရုံနက်နှင့် လူငယ်ထံသို့ အကန့်အသတ်မရှိသော ပြင်းထန်မှုဖြင့် ဒလဟော ဝင်ရောက်တိုက်ခိုက်ရန် ကောင်းကင်အပြည့် ပျံသန်းလာကြသည်။

ထိုအချိန်နှင့် တပြိုင်နက်တည်း လိုလိုပင်...

မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေ၏။

အလွန်ခမ်းနားထည်ဝါပြီး မြင့်မြတ်သော ပုံရိပ်တစ်ခုသည် ရှန်းယီ၏နောက်ကျောဘက်တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။

ထိုအရာ၏ကျောဘက်ရှိ ကြမ်းတမ်းခက်ထန်သော ကနုတ်ပန်းသင်္ကေတများကြောင့် တိုက်ရိုက်ကြည့်ရှုရန်ပင် ခက်ခဲလှသည်။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ရှေ့မှ ပျံသန်းလာသော ငှက်အုပ်ကြီးကို လျစ်လျူရှုထားသကဲ့သို့ ကြည့်လိုက်ပြီး လက်ကိုအလျင်စလိုဝှေ့ယမ်းလိုက်ရာ ရွှေနဂါးကြီးသည် ဟိန်းဟောက်ထွက်ပေါ်လာပြီး ဝိညာဉ်ငှက်အများအပြားကို တစ်ကိုက်တည်းဖြင့် ဝါးမြိုလိုက်သည်။

ထို့နောက် ၎င်းသည် အရှေ့သို့ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်၏။

မသေမျိုးကြိုးကြာငှက်တစ်ကောင်၏လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး ရှဲခနဲ မြည်သံနှင့်အတူ နှစ်ပိုင်း ဆွဲဆုတ်လိုက်သည်။

"သူပဲ သူပဲ သူပဲ"

အားချင်းသည် တုန်ရီနေရင်း ကောင်းကင်သို့ လက်ညှိုးထိုးပြကာ သူမ၏ဒေါ်လေးဖြစ်သူဘက်သို့ လှည့်ပြောလိုက်၏။

"အဲဒါ ပြီးခဲ့တဲ့တခေါက်က ကျွန်မပြောတဲ့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် စီနီယာကြီးပဲ..."

ပြီးခဲ့သည့်အကြိမ်က ထိုစီနီယာကြီး အလျင်စလို ထွက်ခွာသွားခြင်းသည် အစ်ကိုကြီးရှန်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိမည်ဟု သူမ သံသယ ဝင်ခဲ့ဖူးသည်။

ယခု တဖန် ပြန်လည်ပေါ်လာခြင်းက ဤအချက်ကို သေချာပေါက် အတည်ပြုပေးလိုက်သလိုပင်။

"..."

ရွှီဝမ်ယွင် မျက်တောင်ခတ်လိုက်ပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။

ရှန်းယီ၏ယခင်လုပ်ရပ်များကို အခြေခံကြည့်လျှင် ဤ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ပုဂ္ဂိုလ်သည် သူ့စီနီယာဆိုတာ မဖြစ်နိုင်ပေ။

၎င်းသည် ကာကွယ်စောက်ရှောက်သူ တစ်မျိုးနှင့် ပိုတူသည်။

တစ်ဖက်လူက လုံးဝမထိတ်လန့်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သူ့ဘေးနားတွင် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် သက်တော်စောင့်တစ်ဦး ပါလာခဲ့သည်ကိုး။

ဤအရာ မညိသို့သော နောက်ခံမျိုးနည်း။ မသေမျိုးဂိုဏ် နှင့် မဟာချန်မင်းဆက်ပင် ယခုလိုနည်းလမ်းမျိုးမလုပ်ဆောင်နိုင်လောက်ပေ။

ရွှီမိသားစု အလွန်ဂုဏ်ယူဝင့်ကြွားခဲ့သော ငှက်တစ်ရာ ဖီးနစ်ငှက်ထံဦးခိုက်ခြင်း မဟာအစီအရင် သည် စစ်မှန်သောနတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ အားကိုးရာမဲ့နေပုံရသည်။

ဟွမ်ယွမ်အဆင့် ရှိသူများကို အလွယ်တကူ သတ်ဖြတ်နိုင်သော ဝိညာဉ်ငှက်များသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ လက်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

မီးကျွမ်းပြီးဆွေးမြည့်နေသော အဘိုးအိုကို ခြေထောက်ဖြင့် နင်းခြေကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန်ပင် အားပိုနေသေးသည်။

...

တောင်တန်းကြီး၏နက်ရှိုင်းသော တစ်နေရာတွင်...

နွယ်ပင် မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်တော့မည့် ဆဲဆဲတွင် ဘွတ်ဖိနပ်တစ်ဖက်က ၎င်းကို အခိုင်အမာ တက်နင်းလိုက်၏။

ရှန်းယီ ခါးကိုကုန်းကာ ၎င်းကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် ပြင်းထန်စွာ ဆွဲနှုတ်လိုက်လေ၏။

ဘုန်း——

တောင်ထိပ်များနှင့် ကျောက်တုံးကြီးများ ပြိုကျလာပြီး တောင်ကြောများပင် ပြိုပျက်သွား၏။

ရှန်းယီသည် သူ့လက်ထဲရှိ နွယ်ပင်လျင်မြန်စွာ ခြောက်သွေ့သွားသည်ကို ကြည့်လိုက်သည်။

တုန်ခါနေသော မြေပြင်ကြားမှ ဝိညာဉ်အလင်းတန်း တစ်ခုကို အမိအရဖမ်းယူလိုက်ရင်း သူ့မျက်လုံးများ အရောင်တောက်သွားလေ၏။

သူ ချက်ချင်း ပျောက်ကွယ်သွား၏။

ပြန်လည်ပေါ်လာသောအခါ ကျောက်နံရံတစ်ခု ရှေ့တွင် ရောက်ရှိနေသည်။

သုံးပေခန့် မြင့်ပြီး လူပုံသဏ္ဍာန်အဖြစ် ကြီးထွားလာသော ဝိညာဉ်သစ်ကိုင်းတစ်ခုသည် ၎င်း၏ ခြေထောက်ကို မြေကြီးထဲမှ အလောတကြီး ဆွဲထုတ်နေပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသည်။

မကြာမီ ၎င်းသည် တစ်စုံတစ်ယောက်၏ ခြေထောက်နှင့် ဝင်တိုက်မိသွားလေ၏။

ဘုန်းခနဲ မြည်သံနှင့်အတူ ၎င်းသည် မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မြင့်မားသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လူငယ်လေး၏မျက်နှာထားသည် အေးစက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး နတ်ဆိုးဆန်သော အနီရောင်အလင်းတန်းများလွှမ်းခြုံထားသည်။

ကျန်ရှိနေသော နေမင်းကြီး ၈ စင်းသည် ၎င်းကို တိတ်ဆိတ်စွာ ဝိုင်းရံထား၏။

အချိန်မရွေး အရည်ပျော်ကျသွားစေနိုင်သော အပူချိန်ကို ခံစားလိုက်ရသဖြင့် ဝိညာဉ်သစ်ကိုင်းသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ရာ ကျောက်နံရံနှင့် ကပ်သွားပြီးဆန်ခါလို တုန်ရီနေသည်။

"အား... လွှတ်... ငါ့ကို လွှတ်ပေးပါ..."

၎င်းသည် ကလေးငယ်တစ်ဦးကဲ့သို့ ငိုကြွေးလိုက်လေ၏။သို့သော် လူငယ်လေးသည် တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး ၎င်း၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဖဝါးကို ဆန့်တန်းလိုက်သည်။

"လာခဲ့... ငါ့ဆီမှာလည်း ကောင်းကင်တက်လမ်း ရှိတယ်"

ရှန်းယီ၏မျက်နှာထား တည်ငြိမ်နေသော်လည်း စွေ့သစ်သားအတွက်မူ ၎င်း၏ဝိညာဉ်ကိုပင် ကွဲအက်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသည်။

တစ်ဖက်လူက ၎င်း၏လမ်းစဉ်ကို လိုက်လျှောက်ရန် ဆန္ဒမရှိရုံသာမက ၎င်းကိုပါ ဝါးမြိုစားသောက်ချင်နေသည်။

သို့သော် ထိုမြူခိုးဆန်သော အနီရောင်မျက်လုံးများ၏အကြည့်အောက်တွင်...၎င်းသည် ပြန်လည်ခုခံရန် အတွေးပင် မတွေးရဲတော့ပေ။

၎င်း၏လက်ကို အတင်းအဓမ္မ ဆွဲယူခံလိုက်ရပြီး ချက်ချင်းဆိုသလို အနီရောင်အလင်းတန်းများက တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။

"..."

စွေ့သစ်သားထံမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကို အာရုံခံရင်း ရှန်းယီ မျက်လုံးမှိတ်လိုက်၏။

ဤမျှယုတ်မာပြီးဆိုးရွားသော သတ္တဝါမျိုးသည် အမှန်ပင် ရှားပါးလှသည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရက်စက်မှု အရိပ်အယောင်များ ပိုမိုများပြားလာလေ၏။

စွေ့သစ်သားသည် သူ့လက်ထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားလိုက်သော်လည်း အနီရောင်အလင်းတန်းများသည် ပိုမို တင်းကျပ်စွာ ရစ်ပတ်လာပြီး ၎င်း၏အနှစ်သာရကို ဖြည်းဖြည်းချင်း တိုက်စားသွားသည်ကို တွေ့လိုက်ရသည်။

အရှင်လတ်လတ်... အရှင်လတ်လတ် အစားခံရတော့မှာလား။

ရှန်းယီသည် ၎င်း၏ခေါင်းကို ဖြည်းညှင်းစွာ ပုတ်လိုက်၏။ ခက်ခက်ခဲခဲ ဖြစ်ပေါ်လာသော ဤအသိစိတ်ကို မခြောက်လှန့်ချင်ပေ။

နောက်တစ်ခဏတွင် စနစ်ဘောင်ကွက် ပွင့်လာသည်။ နတ်ဆိုးသက်တမ်းသည် ကောင်းကင်ဝါးမြိုခြင်းကျင့်စဉ်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။

စွေ့သစ်သားကို သူ့အနှစ်သာရများ လက်ခံလာအောင်အတင်းအဓမ္မ ပြုလုပ်လိုက်သည်။

နတ်ဆိုးသက်တမ်း လျင်မြန်စွာ ကုန်ဆုံးသွားသည်နှင့်အမျှ...

စွေ့သစ်သား၏အသိစိတ်သည် ဝေဝါးသွားပြီး အမြင်အာရုံမပျောက်ကွယ်ခင် နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းမှာ ၎င်းကိုယ်တိုင် ထိုလူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခြင်းပင်။

All Chapters