← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အပိုင်း(၉၁)

“ကောင်းပြီလေ၊ ဒါဆိုရင် မင်းမေးချင်တာကို ဆက်မေးလို့ရတယ်” အသက်၄၀အရွယ် အမျိုးသားက တန်းစီစောင့်နေသော လူအုပ်ကြီး နောက်ဘက်သို့ လမ်းလျှောက်သွားပြီး ထပ်မံ တန်းစီသည်။

“ကျေးဇူးတင်ပါတယ်၊ အန်ကယ်”

ကောင်မလေးက ကျေးဇူးတင်ဟန် ဦးညွှတ်သည်။

ထိုမှသာ သူမ နောက်မှ လူအုပ်စုကြီးက သူမကို ဆန့်ကျင်သော လုပ်ရပ်မျိုး ဆက်လက် မလုပ်ဆောင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး မည်သူ မေးသည့် မေးခွန်းကိုမှ ဖြေချင်သော ဆန္ဒ မရှိပေ။

“ဦးလေး အဖေရဲ့မျိုးရိုးနာမည်က လျိုလား။ အမေက ကောင်းကင်ဘုံက နတ်သမီးလား”

ကောင်မလေး၏ပါးစပ်က စက်သေနတ်ကဲ့သို့ ဆက်တိုက် မေးမြန်းနေသည်။

ယွမ်ကျိုးက အထာကျကျ လက်ပိုက်နေပြီး ကောင်မလေး၏ မေးမြန်းမှု အဆုံးသတ်မည့် အချိန်ကို စောင့်ဆိုင်းနေပြီးမှ ပြန်ဖြေသည်။

“မဟုတ်ဘူး။ မင်း ဘာစားချင်လဲ”

“အမ်၊ သူဌေးက ငါမေးတဲ့ မေးခွန်းတွေကို ဘာလို့ မဖြေတာလဲ”

ကောင်မလေးက ယွမ်ကျိုးကို ကြောင်အမ်းအမ်း ငေးကြည့်နေသည်။

“မီနူးကို မင်းနောက်က နံရံပေါ်မှာ ရေးထားတယ်လေ။ မင်းစားမယ့် ဟင်းပွဲကို ရွေးချယ်ပြီးသွားရင် သူ့ကိုပြောပါ” ယွမ်ကျိုးက တစ်ဖက်မှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်ကို လက်ညိုးထိုးပြီး တခြားသော ဖောက်သည်များကို နှုတ်ဆက်စကားပြောရန် တခြားနေရာသွားသည်။

“ဝိုး၊ နင်က တကယ်ကို ချစ်စရာကောင်းတာပဲ။ နင်က သူ့သမီးလား။ နင်တို့ရဲ့ဘိုးဘေးအိမ်က ကွမ်ကျိုးမှာဆိုတာ ငါသိတယ်”

ယွမ်ကျိုး လက်ညိုးထိုးရာ အရပ်ကို ကြည့်လိုက်သောအခါ မိန်းမချောလေး မုရှောင်ယွမ်ကို မြင်တွေ့ရ၍ တအံ့တဩ ဖြစ်သွားသည်။

ယွမ်ကျိုးက ဘေးဘက်လှည့်လိုက်စဉ် တယိမ်းတယိုင် ဖြစ်သွားပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။

သူ့သမီး ဖြစ်နိုင်ပါ့မလား။ ဖြစ်ရလေ။ သူက ၂၄နှစ်ပဲ ရှိသေးပြီး ၁၆နှစ်အရွယ် သမီးလေးကို မွေးစရာ အကြောင်းမရှိပေ။

ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် သူမက ကြမ်းပြင်နှင့် သူ့ဖိနပ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

“စနစ်၊ မင်းတို့ ထောက်ပံ့ပေးထားတဲ့ ကြမ်းပြင်က တော်တော် ချော်နေသလိုပဲ”

သို့သော်ငြားလည်း စနစ်က သူ့ကို လုံးဝ ခွန်းတုံ့မပြန်ခဲ့ပေ။

"ဒုန်း ဒုန်း ဒုန်း"

ကောင်မလေးက မုရှောင်ယွမ်၏အနား ခပ်သွက်သွက် လမ်းလျှောက်လာပြီး သူမကို စေ့စေ့စပ်စပ် ကြည့်သည်။

"လူကြီးမင်း ဘာများ သုံးဆောင်ချင်ပါသလဲရှင်"

မုရှောင်ယွမ်က ကျင့်သား မရသေး၍ ခြေတစ်လှမ်း နောက်ဆုတ်ကာ ဂရုစိုက် မေးမြန်းလိုက်သည်။

"မင်းရဲ့နာမည်ပြောင်က ဒူ‌ဒူလား"

ကောင်မလေးက နာမည်အသစ်ကို ထပ်မေးပြန်သည်။

“ဟင့်အင်း၊ ငါ့နာမည်က မုရှောင်ယွမ်"

သူမ၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအရာကို ပြသသည်။

"ဘာလဲ၊ မဟုတ်ဘူးလား"

ထိုစကားကိုပြောလိုက်စဉ် ကောင်မလေးက ယွမ်ကျိုး နှင့် မုရှောင်ယွမ်ကို အကဲခတ်သည်။

“ဘာစားချင်လဲ"

မုရှောင်ယွမ်၏စိတ်ထဲတွင် အစ်မကြီးက လှပသော်လည်း သူမ၏ဦးနှောက်က မူမမှန်ဟု ခံစားမိသည်။

"မီနူး ဘယ်မှာလဲ" မုရှောင်ယွမ် နားလည်နိုင်သော တစ်စုံတစ်ရာကို ကောင်မလေးက ပြောသည်။

မုရှောင်ယွမ်က သူတို့နောက်က ‌နံရံကို အလောတကြီး ညွှန်ပြပြီး စကားပြောသည်။

"ဒါက မီနူးပါ"

"အိုကေ"

ကောင်မလေးက မီနူးကို ကြည့်ကာ ခေါင်းကုတ်နေမိသည်။ မီနူးကို ဖတ်ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်နေသည်။

"ဘာမှမရှိဘူး။ ကျင်းလင်မြက်က ဘာလဲ။ အပိုင်းသစ်ထဲကလား"

“သူဌေး၊ ခင်ဗျားရဲ့ဇာတိမြို့က ကွမ်ကျိုးလားဆိုတာ ဖြေပေးပါ"

ကောင်မလေးက တောင်းပန်တိုးလျှိုဟန် အမူအရာဖြင့် မေးမြန်းသည်။

"မဟုတ်ဘူး"

ယွမ်ကျိုးက ပြဿနာကို ဂရုမစိုက်ဟန် အမူအရာဖြင့် ရင်ဆိုင်နေသည်။

သူ အရမ်း စိတ်ရှုပ်လာသည်။

"ကောင်းပြီလေ။ ဒါပေမဲ့ ရှင်က လျိုအန်ရှင်း(လူကြီးမင်း)နဲ့ တစ်ခုခု ဆက်နွှယ်နေမယ်လို့ ထင်နေတာပါ"

ကောင်မလေးက စကားပြောခြင်း အဆုံးမသတ်ခင် စားသောက်ဆိုင် အပြင်ဘက်သို့ ပြေးထွက်သွားသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်က သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားမှ သူမက ရင်ဘတ်ကို ဖိကာ ခံစားချက် အပြည့်ဖြင့် သက်ပြင်းချသည်။

"ပြေးတာ မြန်လို့ကံကောင်းပါ့။ ဒီဆိုင်က တကယ်ကို မာယာများလွန်းတယ်။ ဒါပေမဲ့ အဲဒီဆိုင်က ရွှေရောင်ကြက်ဥထမင်းကြော်ကို စားချင်မိတယ်"

"ဟား ဟား ဟား"

ထိုစဉ် ဝူဟိုင်းက မညှာမတာ ထအော်ရယ်သည်။

"မင်းက ဘာအကြောင်းကြောင့် ရယ်နေတာလဲ"

ယွမ်ကျိုးက ဝူဟိုင်းကို သံသယမျက်ဝန်းဖြင့် ငေးစိုက်ကြည့်သည်။

"သူက မင်းရဲ့သမီးလား။ ဟား ဟား ဟား။ သူဌေးယွမ်၊ မင်းရဲ့ပုံပန်းသွင်ပြင်က ငါ့ထက် ပိုရုပ်ရင့်နေတာလား"

ဝူဟိုင်းက ရယ်မောချင်စိတ်ကို ထိန်းချုပ်ကာ စကားပြောသည်။

ယွမ်ကျိုးက မုရှောင်ယွမ်ကို မသိမသာ ကြည့်လိုက်ပြီး လေးနက်သောအမူအရာဖြင့် စကားပြောသည်။

"ဒီရက်ပိုင်းအတွင်း ဟင်းပွဲအသစ်ထွင်ဖို့ လေ့လာစရာရှိတာတွေ လေ့လာရမယ်။ ဒါကြောင့်မို့ မနက်ခင်း ဆိုင်မဖွင့်ဘူး"

အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များကြားအောင် ယွမ်ကျိုးက ထပ်တလဲလဲ ပြောသည်။

ဝူဟိုင်း ချက်ချင်း နှုတ်ဆိတ်သွားသည်။

"သူဌေးယွမ်၊ ခင်ဗျားက ဒီလိုပုံစံမျိုးနဲ့ လက်စားချေတယ်ဆိုတော့ စိတ်သဘောထား သေးသိမ်တာလား"

ဝူဟိုင်းက ယွမ်ကျိုး၏ မျက်နှာကို သေချာကြည့်လိုက်ပြီး သံသယမျက်ဝန်းဖြင့် မေးမြန်းသည်။

"မဟုတ်ရပါဘူး"

ယွမ်ကျိုးက ကျမ်းကျိန်ဟန်ဖြင့် ငြင်းပယ်သည်။

"ငါတော့ အဲဒီလိုပဲ တွေးမိတယ်။ မနက်ခင်းမှာပဲ ခင်ဗျားက ဟင်းလျာ လေ့လာမှု လုပ်နိုင်တာလား" ဝူဟိုင်းက မယုံကြည်သော အမူအရာကို ပြသသည်။

"မနက်ခင်းမှာဆိုရင် ဉာဏ်ကွန့်မြူးတယ်လို့ ခံစားမိတယ်"

ယွမ်ကျိုးက လေးနက် တည်ကြည်သော အမူအရာကို ပြသသည်။

"ကောင်းပြီလေ။ ဒါဆိုရင် အချိန် ဘယ်နှရက်လောက် လိုအပ်လဲ"

"ငါလည်း သေချာမသိသေးဘူး" ယွမ်ကျိုးက ဝူဟိုင်းကို ဖျတ်ခနဲ ကြည့်ကာ စကားပြောသည်။

"မရဘူး။ခန့်မှန်းခြေတော့ ပြောရမယ်။ ဒီလိုမှမဟုတ်ရင် ငါတို့က မနက်စာ ဘယ်လိုဝယ်စားရမလဲ"

ဝူဟိုင်းက စားသောက်ဆိုင်ထဲမှ တခြားသူများ၏ ခံစားချက်ကို လှုံ့ဆော်ရန် ကြိုးစားသည်။

“မသေချာဘူး"

ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် တူညီသော အဖြေကိုသာ ပေးနေသေးသည်။

“သူဌေးယွမ်၊ ဒီအဘိုးကြီးကို ငဲ့ညှာသောအားဖြင့် ပြောပြပေးပါနော်"

အဘိုးအိုက ဝင်ရောက်ပြောဆိုသည်။

“၂ရက် ၊ ၃ရက်ပဲ ဖြစ်မှာပါ" အဘိုးအိုကိုကြည့်ပြီး ယွမ်ကျိုးက မရေရာသော အဖြေကို ပေးလိုက်သည်။

သူတို့ဘက်မှ ထပ်မေးမြန်းလာမည့် မေးခွန်းများကို ယွမ်ကျိုးက မတုံ့ပြန်ပေ။

သုံးနာရီက သိပ်မကြာခဲ့ပေ။ ဆိုင်ပိတ်ရန် မိနစ် ၂၀ခန့်သာ ကျန်တော့သည်။ နောက်တစ်နေ့တွင် မစ်ရှင် သတ်မှတ်ချက် ပြည့်တော့မည်ကို တွေးမိသောအခါ ယွမ်ကျိုးက အပြင်ဘက်မှ ဆိုင်ထဲ ဝင်လာသော အမျိုးသားကို ကြည့်လိုက်သည်။

ပိန်သွယ်သွယ် အမျိုးသားက မော်ကြွားသော အမူအရာဖြင့် ဆိုင်ထဲဝင်လာသည်။

သားရေလက်ဆွဲအိတ်ကို ကိုင်ဆောင်ကာ ထိုင်ခုံမှာ နေရာယူလိုက်သည်။ ထို့နောက် ဆိုင်အတွင်းဘက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ မကျေနပ်၊မတင်းတိမ်သော အမူအရာကို ထုတ်ဖော်သည်။ သို့သော်လည်း သူက ပညာတတ်သူ ပီပီ၊ ဘာဆိုဘာမှ မပြောခဲ့ပေ။

"လူကြီးမင်း၊ ဘာများ သုံးဆောင်ချင်လဲ"

မုရှောင်ယွမ်က ယဉ်ယဉ်ကျေးကျေး မေးမြန်းသည်။

"မင်းက ကလေးအလုပ်သမားလား"

၎င်းက မျက်မှောင်ကြုတ်သည်။

“အားလပ်ရက်မှာ အလုပ်လုပ်ရုံပါ"

မုရှောင်ယွမ်က ဘာမေးမေး ပြန်ဖြေနေတတ်သည်။

သို့သော်ငြားလည်း ၎င်းအမျိုးသားက မုရှောင်ယွမ်ကို စကားဆက်မပြောခဲ့ပေ။ သူက လက်ဆွဲအိတ်ကို ပေါင်ပေါ်တင်ပြီး တည့်တည့်မတ်မတ် ထိုင်ကာ ယွမ်ကျိုးကို ယဉ်ကျေးစွာ စကားပြောသည်။

"မင်းဆိုင်မှာ ရောင်းတဲ့ ဟင်းပွဲတိုင်းကို တစ်ပွဲချင်းဆီ အကုန်ရောင်းပေးပါ"

"အားနာပါတယ်။ မီနူးကို အရင်ဆုံး ဖတ်ကြည့်ပါဦး" ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုးက လင်းဟုန်ကဲ့သို့ အကျင့်စရိုက်တူသော လူချမ်းသာများကို မြင်ဖူးပြီးသား ဖြစ်သည်။

"ငါက ဈေးနှုန်းတွေကို သိပြီးသားမို့ ထပ်ကြည့်ဖို့ မလိုအပ်တော့ဘူး ဒီဟင်းပွဲ အားလုံးကို တစ်ပွဲချင်းစီပေးပါ"

"အစားအသောက်တွေကို အလဟဿ ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို နာမည်ပျက်စာရင်းထဲ ထည့်ပြီး ဒီဆိုင်မှာ တစ်သက်လုံး စားခွင့်မပြုပါဘူး"

ယွမ်ကျိုးက အထာကျကျဖြင့် တည်ငြိမ်စွာ ပြောဆိုသည်။

ဤမြင်ကွင်းက တည်ငြိမ်ရင့်ကျက်သူ နှစ်ဦး သရုပ်ဆောင်စွမ်းရည် ယှဉ်ပြိုင်နေသည်ဟု ထင်မိသည်။

မုရှောင်ယွမ်က ဘေးဘက်မှာ ရှိနေပြီး သူတို့ကို တအံ့တဩ ငေးကြည့်နေသည်။

"ကောင်းပြီလေ၊ သူဌေး အမြန်ချက်ပေးပါ"

၎င်းအမျိုးသားက ယွမ်ကျိုး၏စကားကို အလေးအနက် မထားပေ။ သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး နာရီတစ်ချက်ကြည့်ကာ ယွမ်ကျိုးကို အလောတကြီး ချက်ပြုတ်ခိုင်းသည်။

"အိုကေ၊ ခဏပဲစောင့်ပေးပါ" ယွမ်ကျိုး ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး စတင်ချက်ပြုတ်သည်။

စားဖိုမှူး တစ်ယောက်အနေဖြင့် ယွမ်ကျိုးက သူ ချက်ပြုတ်ထားသော ဟင်းပွဲများကို အလဟဿ မဖြစ်စေချင်ပေ။ ထို့ကြောင့်လည်း ကျင်းလင်ဟင်းပွဲ ဆုလာဘ်ကို ရရှိပြီးနောက်ပိုင်း စည်းမျဉ်းအသစ်ကို သူကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယွမ်ကျိုးက မှာယူထားသော ဟင်းပွဲ တစ်ပွဲချင်းစီကို စားပွဲပေါ် တင်ပေးသည်။ သို့သော်လည်း ၎င်းအမျိုးသားက တူကိုပင် မကိုင်ဘဲ အရသာမြည်းစမ်းမည့် ရည်ရွယ်ချက် မရှိပေ။

ယွမ်ကျိုးက မှာယူထားသော ဟင်းပွဲအားလုံးကို ၁၃မိနစ်အတွင်း ချက်ပြုတ်ကာ သူ့အရှေ့ သယ်သွားပေးသည်။

"မင်း မှာယူထားတဲ့ ဟင်းပွဲ အားလုံး ရပါပြီ"

ဟင်းပွဲအားလုံးက စားသောက်ရန် အဆင်သင့်ဖြစ်နေကြောင်း ယွမ်ကျိုးက အချက်ပြသည်။

အမျိုးသားက သူ့လက်ဆွဲအိတ်ထဲမှ သစ်သားဘူးကို ထုတ်ကာ ဖွင့်လိုက်သည်။

"ဒီဆိုင်ကို ရောက်မလာခင်တည်းက မင်းဆိုင်က ဟင်းပွဲတွေက အရသာရှိတဲ့ သတင်းကို ကြားပါတယ်"

ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ဟန်မပျက် ထိန်းထားသည်။

ယွမ်ကျိုးက သူ့ယာယီမစ်ရှင် ပြီးမြောက်သွား၍ တခြားကိစ္စများကို စိတ်မဝင်စားခြင်း ဖြစ်သည်။ သူက ဆိုင်တံခါးပိတ်ပြီး ဆုလာဘ်ရယူမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

"အရသာ တကယ်ရှိ/မရှိ သိရတော့မှာပေါ့။ ချက်ပြုတ်တာတော့ တကယ် မြန်ဆန်တယ်" ထိုစကားကိုပြောလိုက်စဉ် ၎င်းအမျိုးသားက ဟင်းရွက်ပန်းကန်ကို ယူလိုက်ပြီး တူဖြင့် ညှပ်ကာ စားကြည့်သည်။ သူ့စားသောက်ပုံ အမူအရာက ယဉ်ကျေး သိမ်မွေ့ပြီး တည်ငြိမ်သည်။

အပိုင်း(၉၁)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၉၂)

"အချိန်ယူပြီးတော့ အရသာကို မြည်းစမ်းကြည့်ပေးပါ" ယွမ်ကျိုးက အတော် တည်ငြိမ်နေသည်။

၎င်းအမျိုးသားက ယွမ်ကျိုး၏စကားကို သိပ်အာရုံမထားပေ။ တခြားဘာဆိုဘာမှ သတိမပြုဘဲ ဟင်းပွဲများကို မြည်းစမ်းသော်လည်း တစ်ပွဲချင်းစီကို တစ်လုပ်ခန့်သာစားသည်။

ဟင်းပွဲ ၁၂ပွဲခန့်ကို တစ်လုပ်တည်းသာ စားသော်လည်း သူ့မျက်နှာပေါ်တွင် ကျေနပ်အားရသော အမူအရာကို မြင်တွေ့နိုင်သည်။

သူက တူကို အောက်ချထားလိုက်ပြီး သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

“ဒီဟင်းပွဲတွေက အရသာအရမ်းရှိလို့ နတ်သုဒ္ဓါလို့တောင် တကယ်ခေါ်ထိုက်ပါတယ်”

“ချီးမွမ်းပေးလို့ ကျေးဇူးပါပဲ” ယွမ်ကျိုးက ခပ်တန်းတန်း မျက်နှာအမူအရာဖြင့် တည်ငြိမ်စွာ ပြန်ပြောသည်။

“ဟင်းတစ်ပွဲချင်းစီကို ပါဆယ်ထုပ်ပေးပါ။ သယ်သွားချင်လို့ပါ”

“အားနာပါတယ်။ ပါဆယ် သယ်ခွင့်မပေးပါဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။

“မင်းမှာ ထည့်ပေးစရာ ဘူးခွံ မရှိလို့လား။ ဘူးဖိုး ပေးပါ့မယ်”

၎င်းအမျိုးသားက ယွမ်ကျိုးကို ငေးကြည့်ပြီး အေးအေးဆေးဆေး အမူအရာဖြင့် စကားပြောသည်။

“ပါဆယ်သယ်ခွင့် မပေးပါဘူး” ယွမ်ကျိုးက ထပ်တလဲလဲ ပြောဆိုနေရသည်။

“ဒါဆိုရင် ဒီလိုလုပ်ပါလား။ ဒီဟင်းပွဲတွေအားလုံးကို ထပ်ဝယ်စားမယ်လေ”

“နောက်က နံရံမှာ ရေးထားတဲ့စာတွေကို တစ်ချက် ပြန်ကြည့်ပေးပါ” ယွမ်ကျိုးက နံရံကို လက်ညိုးထိုးပြသည်။

ယွမ်ကျိုးက စည်းမျဉ်းအများကြီး ချမှတ်ထားကြောင်း သူ သိထားသည်။ ထို့ကြောင့်လည်း သူက စည်းမျဉ်းများကို ဖတ်ကြည့်မည့် အစီအစဉ် မရှိပေ။ ငွေကြေးဖြင့် ဝယ်ယူ၍ မရသော ကိစ္စရပ်များစွာ ရှိသော်လည်း အများကြီး မရှိနိုင်ပေ။

“မလိုအပ်ဘူး။ စည်းမျဉ်းတွေကို လူသားတွေကပဲ ချမှတ်ထားတာပါ။ ဒီဆိုင်က စည်းမျဉ်းတွေကို မင်းက ချမှတ်ထားတာလေ။ တန်ရာတန်ကြေးရဲ့ သုံးဆပေးမယ်။ ငါ တောင်းဆိုတာကို မင်း လုပ်ပေးရမယ်”

၎င်းအမျိုးသားက ငွေဖြင့် အကျပ်ကိုင်ရန် ကြိုးစားသည်။

“ခင်ဗျား ဆက်စားမှာလား မစားဘူးလားပဲ သိချင်တယ်။ အချိန်ပြည့်ခါနီးနေပြီ” ယွမ်ကျိုးက တစ်ဖက်လူကို ချက်ချင်း မသိကျိုးကျွံပြုလိုက်သည်။ သူက နည်းနည်းပဲစားထားသော ဟင်းပွဲများကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ငါ ဆက်မစားနိုင်တော့ဘူး” ၎င်းအမျိုးသားက အရိုးသားဆုံး ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုရင်တော့ မင်းကို ငါ့ဆိုင်က နာမည်ပျက်စာရင်းသွင်းလိုက်တယ်ဆိုတာ အသိပေးမယ်။ မင်း ဒီဆိုင်ကို လာတိုင်းလည်း ကြိုဆိုနေမှာ မဟုတ်တော့ဘူး” ယွမ်ကျိုးက တည်ငြိမ်စွာ ကြေညာလိုက်သည်။

“သူဌေး၊ တကယ်ပြောနေတာလား” တစ်ဖက်လူက မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။

“အားနာပါတယ်။ အခုဆိုရင် ဆိုင်ဖွင့်ချိန် ပြည့်သွားပါပြီ။ သတိထားပြန်ပါ” ယွမ်ကျိုးက စကားဆက်ပြောချင်သော ဆန္ဒမရှိ၍ ယဉ်ကျေးစွာ ပြန်ပြောသည်။

အစားအသောက်များကို အလဟဿ ဖြုန်းတီးတတ်သူများကို ယွမ်ကျိုးက ဖော်ရွေနေမည် မဟုတ်ပေ။

“ငါ့ကို ဒီဆိုင်နဲ့ မိတ်ဆက်ပေးတဲ့သူက လင်းဟုန်ပဲ။ ငါက သူ့ရဲ့စီးပွားဖက်”

၎င်းအမျိုးသားက စက္ကန့်ပိုင်းခန့် နှုတ်ဆိတ်နေပြီးမှ ပြန်ပြောသည်။

“ကောင်းပြီလေ၊ ဂရုစိုက်ပြန်လိုက်ပါ” ယွမ်ကျိုးက သူ သိသွားသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ သူဌေး။ ခင်ဗျားက စည်းမျဉ်းတွေကို တကယ်လိုက်နာတဲ့သူပဲ။ ဒါကြောင့်မို့ ခင်ဗျားကို သံလိုက်အိမ်မြှောင်လို့ ခေါ်တာ မဆန်းကြယ်ဘူး”

တစ်ဖက်လူက မကျေမနပ် ကျိန်ဆဲခြင်းကို မပြုလုပ်ပေ။ သူ့မိသားစုနောက်ခံက သူ့ကို ဖရုသဝါစာ စကားများ ပြောဆိုရန် ခွင့်မပြုပေ။ ဤစားသောက်ဆိုင်သို့ နောက်တစ်ကြိမ် ထပ်မလာရန်သာ ဆုံးဖြတ်လိုက်သည်။

ယွမ်ကျိုးက သူ့မေးခွန်းကို မဖြေဘဲ တည်ငြိမ်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားသည်။

သူ့ခြေထောက်ဘေးနားက လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်ပြီး ၎င်းအမျိုးသားက ခြေလှမ်း ခပ်ကျဲကျဲဖြင့် စားသောက်ဆိုင်မှ လှည့်ထွက်သွားခဲ့သည်။ သူ့အသက်ရှုသံက မြန်ဆန်နေပြီး သူ့မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာ ပို၍ ပေါ်လွင်လာသည်။

၎င်းအမျိုးသားက ကားတံခါးကိုဖွင့်လိုက်ပြီး ဖုန်းထုတ်ကာ လင်းဟုန်ကို ဖုန်းခေါ်သည်။ ခဏလေးအတွင်း ဖုန်းဝင်သွားသည်။ ဖုန်း၏တခြားတစ်ဖက်တွင် ဆူညံနေသည်။ လင်းဟုန်က ဗရုတ်ကျသော နေရာ ရောက်နေခြင်း ဖြစ်လိမ့်မည်။

စက္ကန့်ပိုင်းခန့်ကြာအောင် နှုတ်ဆိတ်ပြီးနောက် သူ စကားပြောသည်။

“ငါ စောနလေးကတင် စားသောက်ဆိုင်က ထွက်လာခဲ့တာ။ ငါ့ကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်”

“ဟမ်၊ မင်း ဘာလုပ်လိုက်လို့လဲ” လင်းဟုန်က တစ်ဖက်သူ ကြားအောင် အသံကျယ်ကျယ် ထအော်လိုက်သည်။

“ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ငါ လုပ်နေကျအတိုင်း လုပ်လိုက်တာပါ” ၎င်းအမျိုးသား၏လေသံတွင် မကျေနပ်သော ခံစားချက်များ သိသာ ထင်ရှားနေသည်။

“အားနာပါတယ်။ ငါလည်း မကူညီနိုင်ဘူး။ လူကြီးမင်းယွမ်က ကျွမ်းကျင်စားဖိုမှူး။ ဒါဆိုရင်တော့ မင်းက အဲဒီဆိုင်ကို ထပ်သွားလို့ မရတော့ဘူး။ နောက်တစ်ခေါက်ဆို မင်းစားနေကျ ဆိုင်မှာပဲ သွားစားတော့ပေါ့” လင်းဟုန်က တည်ငြိမ်စွာ ပြောသည်။

“ကောင်းပြီလေ” ထို့နောက် ၎င်းအမျိုးသားက ဖုန်းချသွားသည်။

သူက ခေါင်းလှည့်ပြီး ယွမ်ကျိုး၏စားသောက်ဆိုင်ကို ကြည့်သည်။ ထို့နောက် သူ့ကားကို ဝေးရာသို့ မောင်းနှင်လိုက်သည်။

တစ်ဖက်တွင်မူ လင်းဟုန်က ဖုန်းပြောပြီးနောက် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။ သူ့ကို ဖုန်းဆက်လာသူက သူ့မိဘများနှင့် မိတ်ဆွေအရင် ဖြစ်ပြီးမှ သူနှင့်အတူတူ စီးပွားရေး တွဲဖက်လုပ်ကိုင်သူ ဖြစ်သည်။ ၎င်းကလည်း အစားအသောက်ကောင်းများကို ကြိုက်နှစ်သက်၍ သူက ထိုသူအား ယွမ်ကျိုး၏စားသောက်ဆိုင် သွားစားရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

မုရှောင်ယွမ်ကို အလုပ်ဆင်းခွင့်ပေးပြီးနောက် ယွမ်ကျိုးက မစ်ရှင်ခလုတ်ကို စိတ်အားထက်သန်စွာ နှိပ်လိုက်သည်။

[ယာယီမစ်ရှင် : နှစ်ရက်အတွင်းမှာ လက်ဖက်ကြက်ဥ‌ ၁၀ပွဲကို မူလဈေးနှုန်းဖြင့် ရောင်းချပေးပါ]

(လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာသာ တကယ် အရည်အချင်းရှိသူ ဖြစ်နိုင်မယ်)

[ဆုလာဘ်] အလှဆင်ပုံဖော်ခြင်း ကျွမ်းကျင်မှု အလယ်အလတ်အပိုင်း

[မစ်ရှင် အခြေအနေ] ၁၀ / ၁၀

သူက ဆုလာဘ်ကို ချက်ချင်း လက်ခံယူလိုက်သည်။ စာအုပ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ့ဦးနှောက်ထဲ ဝင်ရောက်သွားသည်။

ယွမ်ကျိုးက ပုံဖော်ထုဆစ်သော ကျွမ်းကျင်မှုကို တိတ်တဆိတ် ငေးစိုက်ကြသည့်နေသည်။ ဟင်းသီးဟင်းရွက် ဟင်းပွဲများကို ပုံဖော်သော ပညာရပ်ဖြစ်သည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုးက ဤကျွမ်းကျင်မှုကို စမ်းသပ်ချင်သော ဆန္ဒ ဖြစ်ပေါ်လာသည်။

ယွမ်ကျိုးက မျက်စိဖွင့်လိုက်ပြီး မီးဖိုချောင်ထဲမှာ ချက်ချင်း ရှာဖွေမှုများ လုပ်ဆောင်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း “ပုံဖော်ထုဆစ်နိုင်သော အရွက်ဟင်းပွဲ" ဟုရေးထားသော အံဆွဲတစ်ခုကို မြင်တွေ့ရသည်။

အံဆွဲထဲ အရွက်အများကြီး သိပ်မရှိပေ။ ဖီးနက်ငှက်အမြှီး ပုစွန်ဟင်း အလှဆင်ရန် အနည်းငယ် ထည့်ပေးထားသည်။

ယွမ်ကျိုးက ၎င်းတို့အနက် ရှည်လျားသောဒိုင်ကွန်(မုန်လာဥ)

ကို ယူလိုက်ပြီး လက်ဖြင့် အလေးချိန်ကို တွက်ဆကာ ၁.၅ ကီလိုဂရမ်ဟု ခန့်မှန်းမိသည်။

သူက ဘေစင်မှာ မုန်လာဥကို ဆေးကြောပြီး အထူးပြုပြင်ထားသော အသားလှီးဓားကို ထုတ်လိုက်သည်။ ထို့နောက် ယွမ်ကျိုးက သူ့အလေ့အထအတိုင်း ထိုင်လိုက်ပြီး စတင် လှီးဖြတ်သည်။

မုန်လာဥကို ဆလင်ဒါပုံစံ ၁၅စင်တီမီတာ အရှည် ဖြတ်သည်။မုန်လာဥ အတုံးလေးများက အရွယ်အစား တူညီရန် လိုအပ်သောကြောင့် သူက အလယ်ပိုင်းကိုသာ ယူသည်။

ယွမ်ကျိုးက ၂၄ ဂရမ် အလေးချိန်

အသားလှီးဓားကို‌ ရွေးချယ်လိုက်သည်။ ဓား၏ သစ်သားလက်ကိုင်ကို အရင်ဆုံး ကိုင်လိုက်ပြီး ရင်းနှီးသော ခံစားချက်ဖြစ်အောင် ကြိုးစားသည်။

ထို့နောက် သူက စတင် လှီးဖြတ်သည်။ သူက ကြာပန်းပုံစံ ပုံဖော်ရန် ဆုံးဖြတ်လိုက်သည်။

အသားလှီးဓားက ယွမ်ကျိုး၏လက်ထဲ ဝှေ့ရမ်းနေသည်။ အစပိုင်းတွင် ယွမ်ကျိုး၏ အပြုအမူများက မကျွမ်းကျင်မှန်း ပေါ်လွင်သည်။ သို့သော်လည်း ထပ်တလဲလဲ လှီးဖြတ်လာသောအခါ ယခင်ထက် ပို၍မြန်ဆန်လာသည်။

ခဏကြာပြီးနောက် ကြာပန်းပုံစံ ပေါ်လာသည်။ သို့သော်ငြားလည်း ပုံဖော်ရာတွင် တုံ့ဆိုင်းခဲ့၍ ကြာပန်းပွင့်ချပ်များတွင် ခြစ်ရာအနည်းငယ် ရှိသည်။ ထို့အပြင် တခြားကြာပန်းပွင့်ချပ် နှစ်ချပ်က တခြားအချပ်ထက် ပိုထူထဲနေသည်။

"ငါ ဒီထက်ပိုပြီး လေ့ကျင့်ဖို့ လိုအပ်တယ်"

စားပွဲခုံပေါ်မှ ကြာပန်းကိုကြည့်ပြီး ယွမ်ကျိုးက နှုတ်ဆိတ်နေခဲ့သည်။

ယွမ်ကျိုးက ကြာပန်း၏လတ်ဆတ်မှုကို ထိန်းသိမ်းရန် ရေခဲသေတ္တာထဲ ထည့်လိုက်ပြီး သူ့အတွက် ခေါက်ဆွဲမပြုတ်ခင် မီးဖိုချောင်ကို ရှင်းလင်းလိုက်သည်။

အံဆွဲကို ဖွင့်လိုက်ပြီး ကြက်ဥကို ယူလိုက်သည်။ သူ့အတွက် အဟာရဓာတ်ပြည့်ဝစေသော ကြက်ဥပြုတ်စားရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ကျိုးက ကြက်ဥကို ကောက်ယူလိုက်သောအခါ စနစ်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ယွမ်ကျိုးက ပြုတ်ထားသော ကြက်ဥအခွံကို ခွာပြီး စားနေစဉ် စနစ်က ကြက်ဥဈေးနှုန်းသည် ၄၅၆ယွမ်ဖြစ်ကြောင်း ကြေညာသည်။

"စနစ်ရေ၊ ကြက်ဥထမင်းကြော် ဈေးနှုန်းအတိုင်း ယူပေးလို့ မရဘူးလား"

ပေးဆောင်ရမည့် ငွေပမာဏကို ကြည့်ပြီး ယွမ်ကျိုးက စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် မေးမြန်းသည်။

စနစ်က ဖော်ပြသည်။ "ဆိုင်ရှင်က ဒီစားသောက်ဆိုင်ထဲမှာရှိတဲ့ အစားအသောက်တိုင်းကို စိတ်ကြိုက်စားလို့ ရပါတယ်။ ဒါပေမဲ့ အစုံလိုက်ဟင်းပွဲထဲက ဈေးနှုန်းအတိုင်း ပေးဆောင်ရပါမယ်"

"ဒါက အကျိုးအမြတ်ယူတာလား၊ ဒါမှမဟုတ် ရိုက်စား လုပ်တာလား"

ယွမ်ကျိုးက စကားဆက်ပြောချင်သော ဆန္ဒ မရှိပေ။

အပိုင်း(၉၂)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၉၃)

မနေ့ညတုန်းက တစ်ညလုံး အိပ်မက်ဆိုးမက်ခဲ့၍ ယွမ်ကျိုး၏ ခေါင်းအစ ခြေအဆုံး ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားမိသည်။

သူ အိပ်ရာနိုးချိန်တွင် မနက် ၉နာရီရောက်နေပါပြီ။ ယွမ်ကျိုးက အိပ်ရာပေါ်မှာ ပျင်းရိလေးတွဲစွာ မလှုပ်မယှက် လှဲလျောင်းနေသည်။ ယနေ့ မနက်ခင်းတွင် ဆိုင်မဖွင့်ကြောင်း ပုံမှန်ဖောက်သည်များကို အသိပေးထား၍ ကံကောင်းသွားသည်။

ယွမ်ကျိုးက သူ့ကျွမ်းကျင်မှုအသစ်ကို ပိုလေ့ကျင့်ရန် လိုအပ်သေးကြောင်း ရုတ်တရက် တွေးမိသွား၍ အိပ်ရာပေါ်မှ ချက်ချင်းထလိုက်ပြီး ရေမိုးချိုး သန့်ရှင်းရေး ပြုလုပ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ယွမ်ကျိုးက သူ့ရေစိုနေသော ဆံပင်များကို သုတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။

သူက လေမှုတ်စက် အသုံးပြုရခြင်းကို မနှစ်သက်ပေ။ လေမှုတ်စက်က သူ့ဆံပင်ကို ပျက်စီးစေလိမ့်မည်ဟု ယုံကြည်ထားသည်။ သူ့နက်မှောင်သော သဘာဝ ဆံသားများက အသက်အရွယ်ကို ဆုံးဖြတ်ရန် အကောင်းဆုံးဟု သူ ယုံကြည်သည်။

ထို့ကြောင့် ယွမ်ကျိုးက သူ့ဆံပင်များ အသင့်အတင့် ခြောက်သွေ့သည်အထိ ရေသုတ်ပြီး ရေတစ်စက် မကျတော့မှ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူက မီးဖိုချောင် မီးခလုတ်ကို ဖွင့်လိုက်ပြီး မနက်ခင်းတွင် ပုံဖော်ထုဆစ်ခြင်းကို လုပ်ဆောင်မည့် ပါဝင်ပစ္စည်းများကို စတင်ရွေးချယ်သည်။

ယွမ်ကျိုးက မနက်စာအတွက် အစုံလိုက်ကြက်ဥထမင်းကြော် ကြော်ရန် ဆုံးဖြတ်လိုက်သည်။

မနက်စာ စားပြီးနောက် ရေဆေးထားသော မုန်လာဥကို ရေစင်အောင် စစ်ထားပြီး ပုံဖော်ရန် စောင့်ဆိုင်းနေသည်။

သေချာပိတ်ထားသော တွန်းတံခါးကို ငေးကြည့်ပြီး ယွမ်ကျိုးကို မုန်လာဥကို တံခါးအပြင်ဘက် သယ်သွားပြီး အပြင်ဘက်မှာ လေ့ကျင့်ရေး လုပ်ဆောင်မည်ဟု တွေးမိသည်။

တံခါးအပြင်ဘက်မှာ သူ ထိုင်နေကျ နေရာလေး ရှိသည်။

သူက တွန်းတံခါးကို ဖွင့်လိုက်သောအခါ နေရောင်ခြည်က ဆိုင်ထဲသို့ ဖြာလဲ့လာသည်။ ယွမ်ကျိုးက လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ယွမ်ကျိုးက တံခါးပေါက် အပြင်ဘက်နားတွင် ပုံဖော်ထုဆစ်ခြင်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူ့မိဘများ ခေါက်ဆွဲဆိုင်ဖွင့်တည်းက ဆိုင်လူတအားကျနေလျှင် ဖောက်သည်များ ထိုင်ဖို့ တံခါးအပြင်ဘက်တွင် စားပွဲခုံ နှစ်ခုံ ချပေးထားသည်။ ထို့ကြောင့် ဤနေရာက အတော်အတန် ကျယ်ဝန်းသည်။

သူ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သစ်သားထိုင်ခုံ နှင့် စားပွဲခုံများကို မြင်တွေ့ရသည်။ လေးလံသော်လည်း ထိုင်ရ အဆင်ပြေသည်။ ထိုင်နေစဉ် ကျောဆန့်နိုင်၍ သက်သောင့်သက်သာ ဖြစ်စေသည်။

ယွမ်ကျိုးက လွယ်လင့်တကူပင် ထိုင်ခုံများကို ဆွဲယူလာသည်။ သူက တံခါးအနား လမ်းလျှောက်သွားသောအခါ သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

စနစ်က ဖော်ပြသည်။ “ဆိုင်ရှင်ရဲ့အဆင့်က အရမ်းနိမ့်နေတယ်။ စားသောက်ဆိုင်ထဲက အရာဝတ္ထုတွေကို အပြင်ယူသွားခွင့် မပေးပါဘူး”

စနစ်က အသိမပေးလျှင် ယွမ်ကျိုးက မေ့လျော့သွားလောက်သည်။ သို့သော်လည်း ယွမ်ကျိုးက ကြိုးစားကြည့်ချင်သေးသည်။

“ထိုင်ခုံတွေကိုတောင် ယူသွားခွင့် မပေးဘူးလား” ယွမ်ကျိုးက ထိုင်ခုံကို သယ်ဆောင်ရင်း ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် မတ်တတ်ရပ်နေခဲ့သည်။

စနစ်က ဖော်ပြသည်။

“ဆိုင်ရှင်ရဲ့အဆင့်က အရမ်းနိမ့်နေပါတယ်။ ဒါကြောင့်မို့ အလုပ်ကြိုးစားပြီး အဆင့်မြှင့်တင်ဖို့ပဲ ကြိုးစားပါ”

“ကောင်းပြီလေ” ထိုစကားကိုပြောပြီးနောက် သူက ထိုင်ခုံကို သူ့နေရာသူ ပြန်ထားလိုက်သည်။

သူ့အဆင့်နှင့် ပတ်သက်လာလျှင် ယွမ်ကျိုးက စနစ်ကို ခွန်းတုံ့ပြန်နိုင်သော အင်အားမရှိပေ။

ဆိုင်တံခါးကို ဖွင့်ထားခဲ့ပြီး ယွမ်ကျိုးက အပေါ်ထပ်သို့ ပြန်တက်သွားကာ သူ့အခန်းထဲမှ ထိုင်ခုံကို သယ်လာခဲ့သည်။ ထက်မြက်သော ယွမ်ကျိုးက ထိုင်ခုံတစ်ခုံလောက်ဖြင့် အရှုံးမပေးနိုင်ချေ။

ယွမ်ကျိုးက ထိုင်ခုံကို သယ်ဆောင်ရင်း လေးလံသော ခြေလှမ်းများဖြင့် အောက်ထပ်သို့ ဆင်းလာသည်။

ယွမ်ကျိုးက ပါဝင်ပစ္စည်းများ နှင့် အသားလှီးဓားကို မယူဆောင်ခင် သူ့အကြိုက်ဆုံးနေရာမှာ ထိုင်ခုံကို နေရာချလိုက်သည်။

ယွမ်ကျိုး၏လက်တစ်ဖက်က မုန်လာဥကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ဓားကို ကိုင်ဆောင်ကာ တံခါးပေါက်နားမှာတင် လေ့ကျင့်ရေး လုပ်ဆောင်နိုင်ရန် စီစဉ်သည်။

အစပြုရုံရှိသေး၊ စနစ်က အသိပေးချက် ထုတ်ပြန်လာသည်။

စနစ် “ ဆိုင်ရှင်၊ မင်းရဲ့အဆင့်က အရမ်းနိမ့်နေပါတယ်။ မင်းဘာသာမင်း တိုးတက်အောင်ပဲ ကြိုးစားသင့်ပါတယ်”

“ဟား ဟား ဟား” ယွမ်ကျိုးက မနှစ်မြို့ဖွယ်ကောင်းအောင် လှောင်ရယ်လိုက်သည်။

အေးစက်စက် ရယ်မောပြီးနောက် ယွမ်ကျိုးက ဆက်ပြောသည်။

“ငါက တံခါးပေါက်နားမှာ လေ့ကျင့်ရုံလေ။ အပြင်ထွက်သွားတာမှ မဟုတ်တာနော်”

စနစ်က တိတ်ဆိတ်နေသည်။

“လေ့ကျင့်မှုပြီးဆုံးသွားရင် အတိုအစတောင် မကျန်အောင် ပြန်ယူလာခဲ့မယ်”

စနစ်က နှုတ်ဆိတ်နေသေးသည်။

“တိတ်ဆိတ်ခြင်းက လူသားတွေအတွက် အကောင်းဆုံး ဆိုရင်တောင် မင်းက လူသားမှ မဟုတ်တာ ဘာလို့ တိတ်ဆိတ်နေတာလဲ”

ယွမ်ကျိုးက အသုံးပြုမည့် ပစ္စည်းများကို ပြန်ချထားလိုက်သည်။ ဤသည်ကား ကြီးကြီးမားမား ပြဿနာရပ် မဟုတ်၍ အသုံးပြုမည့်ပစ္စည်းများကို သူ့ဘာသာသူ ဝယ်ယူနိုင်သည်။

ဆိုင်ထဲမှာ မတ်တတ်ရပ်နေပြီး တံခါးအပြင်ဘက်မှာ ရှိနေသော ထိုင်ခုံအလွတ်လေးနှင့် ဟင်းသီးဟင်းရွက်များ ဖြည့်ထားသော အံဆွဲကို ကြည့်မိသည်။ တံခါးပိတ်ပြီး အပြင်မထွက်ခင် ထိုင်ခုံကို စားသောက်ဆိုင်ထဲ ပြန်သယ်လိုက်သည်။

သူ့ထွင်းထုသော ပညာရပ်က လေ့ကျင့်ရန် လိုအပ်သည်။ ကုန်ကြမ်းပစ္စည်းများ မရှိလျှင် အပြင်ဆိုင်က ဝယ်ယူအသုံးပြုနိုင်သေးသည်။

အသေးစား ဟင်းရွက်ဈေးလေးက အနီးအနားတွင် ရှိနေ၍ ကံကောင်းသွားသည်။ ဈေးထဲမှာ ဟင်းရွက်အမျိုးအစား စုံလင်စွာ မရှိသော်လည်း မုန်လာဥကဲ့သို့ သာမန်ဟင်းသီးဟင်းရွက်မျိုးက မရှားပါးချေ။

ယွမ်ကျိုးက ဈေးငယ်လေးထဲ စိန်ပြေနပြေ လမ်းလျှောက်သွားပြီး အရွယ်အစား တူညီသော မုန်လာဥဖြူ ၁၀ခု တချို့သော မုန်လာဥ နှင့် ခရမ်းရောင်မုန်လာဥများကို ရွေးချယ်လိုက်သည်။ တစ်နည်းဆိုသော် မုန်လာဥ တစ်ပုံတပင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မုန်လာဥများက လေးလံလွန်းပြီး သွားရမည့် လမ်းခရီးက အတော်အတန် ဝေးကွာသည်။ လေးလံသော စားသောက်ကုန်ပစ္စည်းများ နှင့် သွားမည့်ခရီးတိုတောင်း၍ တက္ကစီးသမားများက တင်ခေါ်သွားရန် အင်တင်တင် ဖြစ်နေသည်။

အဆုံးသတ်တွင်မူ ယွမ်ကျိုးက သူ့ဘာသာသူ မုန်လာဥအထုပ်ကို အိမ်အထိ သယ်ဆောင်သွားပြီး နောက်တစ်ကြိမ် နည်းနည်းပဲ ဝယ်ယူရန် ပိုသင့်လျော်ကြောင်း စဉ်းစားမိသည်။

သူ့အိမ်ရှေ့တံခါးနား ရောက်သောအခါ ယွမ်ကျိုးက ပလတ်စတစ်အိတ်ကို အောက်ချထားလိုက်ပြီး တံခါးကို ဖွင့်ကာ ပလက်စတစ်အိတ်ကြောင့် နီရဲသွားသော လက်ဖဝါးကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် ယွမ်ကျိုးက သူ ဝယ်လာသော မုန်လာဥများက ပန်းပုထွင်းထုသော ကျွမ်းကျင်မှုကို အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်သည်။

ပွင့်ချပ် ၁၁ခုကို ပုံဖော်ရန် ဆုံးဖြတ်ထားသည်။ နံပါတ် ၁၁သည် ကံကောင်းခြင်း နံပါတ်ဖြစ်သည်။

“ယွမ်လေး၊ မင်း ဘာလုပ်နေတာလဲ” ယွမ်ကျိုး၏ ဘေးအိတ်မှာ နေထိုင်သော သူဌေးထုံက ယွမ်ကျိုး ဆိုင်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းကို စပ်စပ်စုစု မေးမြန်းသည်။

“လေ့ကျင့်နေတာလေ” ယွမ်ကျိုးက ရိုးရှင်းစွာ ပြန်ဖြေသည်။

“မိုက်လှချည်လား။ ဒါက မုန်လာဥတွေလား”

ယွမ်ကျိုး၏လက်ထဲမှာ တဖြည်းဖြည်းချင်း နှင်းဆီပန်းပုံစံ ပြောင်းလဲသွားသော မုန်လာဥကို ကြည့်ကာ သူဌေးထုံက ချီးမွမ်းစကားပြောသည်။

“ကျေးဇူးပါပဲဗျာ” ယွမ်ကျိုးက သူ အလုပ်လုပ်နေစဉ် အနှောင့်အယှက်ပေးခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“ယွမ်လေးက အတော် အလုပ်ရှုပ်နေပုံပဲ။ ဒါဆိုရင်တော့ မနှောင့်ယှက်တော့ဘူး” ယွမ်ကျိုးက သူ့အလုပ်သူ ဆက်လက် အာရုံစိုက်နေ၍ သူဌေးထုံက ဆက်လက် မေးမြန်းရန် မသင့်လျော်မှန်း ခံစားမိသည်။ ထို့ကြောင့် သူ့ကိုယ်ပိုင် အသိစိတ်ဖြင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သူ့ဆိုင်သူ ပြန်သွားသည်။

သို့သော်လည်း သူ့စိတ်ထဲ မတင်မကျ ဖြစ်နေသေးသည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်မှ အစားအသောက်များကို အားပေးမည်ဟု စကားခံထားသော်လည်း ဈေးနှုန်းစာရင်းကြောင့် သူ အခုထိ အားမပေးရသေးချေ။ ထို့ကြောင့် သူပေးထားသော ကတိကို မသိကျိုးကျွံပြုထားသည်။

ထို့အပြင် နေ့တိုင်း နေ့တိုင်း တန်းစီစောင့်နေသော ဖောက်သည်အများကြီးလည်း ရှိနေသည်။ ထို့ကြောင့် သူ့အဝတ်လျှော်ဆိုင်လေးကလည်း စားသောက်ဆိုင်ကြောင့် အလကား ကြော်ငြာရသကဲ့သို့ စီးပွားရေး ကောင်းမွန်လာသည်။

အသားလှီးဓား နှင့် မုန်လာဥကို လျင်မြန်စွာ လှုပ်ရှား၍ ယွမ်ကျိုးက ပို၍အာရုံစူးလာသည်။ ယခုတော့ တခြားအနှောင့်အယှက်လည်း မရှိတော့၍ သူ့လက်လှုပ်ရှားမှုက ပို၍ မြန်ဆန်လာသည်။ သူ့လက်ထဲမှ နှင်းဆီပန်းတစ်ဝက်လေးက အပွင့်အချပ် အပြည့်ဖြစ်လာသည်။

ဤတစ်ကြိမ်တွင် ပန်းပုထုဆစ်သော ကျွမ်းကျင်မှုက ပို၍ကျွမ်းကျင်လာသည်။ ပန်းပွင့်ပွင့်ချပ်ပေါ်မှ ခြစ်ရာများ နည်းပါးလာ၍ ဖြစ်သည်။ ထူးခြားသော ဒီဇိုင်းဖန်တီးမှုကြောင့် နှင်းဆီပွင့်ချပ် ၁၁ချပ်က မယုံကြည်နိုင်လောက်အောင် နှစ်လို့ဖွယ်ကောင်းသည်။

ပန်းအစစ်နှင့်တူသော ဖန်တီးမှုကို ကြည့်ပြီး ယွမ်ကျိုး စိတ်ကျေနပ်အားရ၍ တည်ငြိမ်သော မျက်နှာအမူအရာပေါ်တွင် နူးညံ့သော အမူအရာပေါ်လာသည်။

“သူဌေး၊ ပန်းပွင့်တွေ အများကြီးပါလား။ ဘာလို့အများကြီး ရှိနေတာလဲ” မုရှောင်ယွမ်က တံခါးအနားရောက်လာသောအခါ ယွမ်ကျိုး၏ဘေးနားက ပန်းစည်း အပုံလိုက်ကို မြင်သောအခါ ပုံဖော်ထားသောမုန်လာဥများကို ပန်းအစစ်ဟု ထင်သွားသည်။

“အချိန်ပြည့်သွားပြီလား” မုရှောင်ယွမ်၏စကားသံကို ကြားသောအခါ ယွမ်ကျိုးက ဈာန်ဝင်နေခြင်း အလုပ်ကို ရပ်တန့်လိုက်သည်။

“သူဌေး၊ မနက် ၁၁နာရီထိုးနေပြီလေ” မုရှောင်ယွမ်က အချိန်တိကျသော သူဌေးကို မယုံကြည်နိုင်စွာ ငေးကြောင်ကြည့်နေသည်။

“အို့စ်။ တကယ် နောက်ကျနေပြီပဲ” ယွမ်ကျိုးက အသားလှီးဓားကို သိမ်းလိုက်ပြီး လေ့ကျင့်ထားသော ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။

သူက ပစ္စည်းအားလုံးကို လက်လွှတ်စပယ် စွန့်ပစ်တတ်သူ မဟုတ်ပေ။ သို့သော်လည်း မုရှောင်ယွမ်က စကားပြောသည်။

“သူဌေး။ ဒါတွေအားလုံး ကျွန်မကို ပေးပါလား”

ယွမ်ကျိုးက မုရှောင်ယွမ်၏ ရုတ်တရက် တောင်းဆိုမှုကြောင့် သူမကို ငေးစိုက်ကြည့်လိုက်သည်။

“မရဘူး”

မုရှောင်ယွမ် စိတ်မကောင်းဖြစ်မိသည်။

“ဒါပေမဲ့ တစ်နေ့တော့ မင်းကြိုက်သလောက် အများကြီး ယူနိုင်ပါတယ်”

ယွမ်ကျိုး ဆက်ပြောသည်။

ယွမ်ကျိုးက သူ၏ အနုပ်စုတ်ကုပ်စုတ် ပစ္စည်းများကို တခြားသူအား မပေးချင်သေးချေ။

အပိုင်း(၉၃)

ပြီးပါပြီ။

All Chapters