အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အပိုင်း(၉၇)
ယွမ်ကျိုးက ပုစွန်အားလုံးကို ပန်းကန်ပြားပေါ်မှာ နေရာချထားပြီးနောက် ညာလက်ဖြင့် ကြက်ဥကိုကောက်ယူပြီး ဘယ်လက်မှာကိုင်ထားသော ပန်းကန်လုံးဖြင့် ခေါက်လိုက်သည်။
ကြက်ဥအကာရည်များက ပုစွန်တစ်ကောင်ချင်းစီပေါ် ညီတူမျှတူ ပက်ဖြန်းလိုက်သော်လည်း အမြှီးပေါ် စွန်းထင်းခြင်း မရှိပေ။ သို့သော်လည်း ကြက်ဥအနှစ်က ပန်းကန်လုံးထဲမှာ အကောင်းပကတိအတိုင်း ရှိနေသည်။
ယွမ်ကျိုးက နောက်လှည့်လိုက်ပြီး ဆားထည့်ထားသော အိုးကို ဖွင့်ကာ အမြှီးပေါ် ဆားဖြူးလိုက်သည်။
ပုစွန်အမြှီးထဲ ဆားရည်များစိမ့်ဝင်အောင် မိနစ်ပိုင်းခန့် အချိန်ယူရသည်။ ထိုစဉ်အတောအတွင်း ယွမ်ကျိုးက အရံဟင်းပွဲများကို ပြင်ဆင်သည်။
ဖီးနစ်အမြှီးပုစွန်ဟင်း၏ အရံဟင်းက ပထမဆုံး လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားသော ပဲ ဖြစ်သည်။
ညွှန်ကြားချက်အရ ပဲစေ့များကို အခွံခွှာပြီး အထဲက အသားကို မထိခိုက်အောင် ဂရုစိုက်ရသည်။ ပဲစေ့များကို ရေဆေးကြော အခြောက်ခံပြီး အိုးသန့်တစ်လုံးထဲ ထည့်ကာ ပွက်ပွက်ဆူသော ရေများ လောင်းထည့်သည်။ အနည်းငယ် ရောမွှေပြီးနောက် အမြန် ဆယ်ယူကာ အေးမြသော နှင်းကြာပန်းရေထဲသို့ ထည့်သည်။
စနစ်က ပံ့ပိုးထားသော နှင်းကြာပန်းရေသည် နှင်းကြာပန်းပေါ်မှ ပထမဆုံး နှင်းစက်ရည်ကို ရယူထားခြင်း ဖြစ်သည်။ နှင်းကြာပန်း၏ အေးမြသော ရနံ့ဖြင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများကို သန့်စင်ပေးနိုင်သည်။ နှင်းစက်များက ရေထဲ အရည်ပျော်သွားပြီး သိပ်မအေးတော့ချိန် ပဲစေ့များကို စိမ့်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။
ပဲစေ့များကို စီစဉ်နေသော မိနစ်ပိုင်းအတွင်း ပုစွန်ဆားရည်စိမ့်ရန် အသင့်လျော်ဆုံး ဖြစ်သည်။
ယွမ်ကျိုးက ဒယ်အိုးငယ်ကို ယူလိုက်ပြီး မီးဖိုပေါ်တင်လိုက်သည်။ ဒယ်အိုးကို မီးခိုးငွေ့ထွက်သည့်အထိ အပူပေးပြီးနောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ် လောင်းထည့်လိုက်သည်။
ဒယ်အိုးနှင့် ထိတွေ့သွားသောအခါ အဆီက သာမန်ဆီနှင့် ခြားနားသော ရနံ့ ပျံ့လွင့်လာသည်။ အနံ့အသက် ဆိုးရွားခြင်း မရှိဘဲ ရနံ့မွှေးကြိုင်နေသည်။
“သူဌေးယွမ်၊ ခင်ဗျားဆိုင်ရဲ့အညှော်စုပ်စက်က ကောင်းလှချည်လား။ မသတီစရာကောင်းတဲ့ အနံ့အသက် ကင်းဝေးတဲ့အပြင် ရနံ့က မွှေးကြိုင်နေသေးတယ်”
ယွမ်ကျိုးက စား၍ရသောဆီကို အပူပေးနေခြင်းကို စောင့်ကြည့်ပြီး ဝူကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“အညှော်စုပ်စက် ကောင်းရုံတင် မဟုတ်ဘူး။ ဟင်းချက်ဆီကြောင့်ပဲ” ဝူဟိုင်းက ထေ့ငေါ့ဟန်ဖြင့် စကားပြောသည်။
“ခြားနားမှု မရှိပါဘူးဗျာ” ဝူကျိုးက သူ လုံးဝ မမှားယွင်းဟု လက်ခံထားသည်။ မည်သို့ပင်ဆိုစေကာမူ ဆီအနံ့အသက် လုံးဝ မရပေ။ ယခင်က စားသောက်ဆိုင်များတွင် ကြုံတွေ့ဖူးသော ဆီအခိုးအငွေ့အနံ့အသက်များပင် မရခဲ့ပေ။
သူ့နှာခေါင်းထဲသို့ စိမ့်ဝင်နေသော ရနံ့က ဟင်းကို စားရန် လှုံ့ဆော်ပေးသည်။
ဆီ၏အပူအချိန်က မပူလွန်း အအေးလွန်း အနေအထားရောက်မှ ယွမ်ကျိုးက ပုစွန် တစ်ကောင်ချင်းစီကို ကောက်ယူပြီး ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။
ကြော်ထားသော ပုစွန်တစ်ကောင်ချင်းစီ၏ အမြှီးများက အပေါ်သို့ ထောင်နေပြီး လခြမ်းပုံစံ ဖြစ်နေသည်။ ပန်းကန်ပြားပေါ် တင်လိုက်သောအခါ သူတို့က ဖီးနစ်အမြှီးပုံစံ တစ်စိတ်တစ်ပိုင်း အသွင်တူသွားသည်။ အပူပေးထားသောဆီများကို တစ်ခါကြော်ပြီးနောက် ယွမ်ကျိုးက အမှိုက်ပုံးထဲ စွန့်ပစ်လိုက်သည်။
ထို့နောက် ဒယ်အိုးအသစ်ပြောင်းပြီး ဟင်းချက်ဆီများများ လောင်းထည့်ကာ အပူပေးပြန်သည်။ ထို့နောက် ရေဆေးထားသောပဲစေ့များကို အထဲ လောင်းထည့်ပြီး ဟင်းရည်ပန်းကန်လုံး တစ်ဝက်ခန့်၊ ဆားအနည်းငယ်၊ ဆန်ဝိုင်အနည်းငယ်နှင့် ငံပြာရည် အနည်းငယ် လောင်းမထည့်ခင် ခဏကြာအောင် မွှေလိုက်သည်။
ဟင်းရည်များ နို့နှစ်ရောင်ပြောင်းလဲသွားသောအခါ ရေချိုပုစွန်များကို မွှေကြော်ရန် အိုးထဲ ချက်ချင်း ထည့်လိုက်သည်။
လက်တစ်ဖက်ဖြင့် ကြော်လှော်နေစဉ် တခြားလက်တစ်ဖက်က ဆီသန့်သန့် ထည့်ထားသော ပုလင်းသေးလေးကို ကောက်ယူပြီး ပုစွန်များအပေါ် ညီတူမျှတူ လောင်းချလိုက်သည်။
မွှေကြော်ချိန်က အတော်လေး တိုတောင်းလွန်းသည်။ ခဏကြာပြီးနောက် ယွမ်ကျိုးက ပန်းကန်ပြားနှစ်ချပ်ထဲ ပုစွန်များကို ခပ်ထည့်လိုက်သည်။ ခပ်ထည့်သော ပညာရပ်တွင်လည်း ကျွမ်းကျင်မှု လိုအပ်သေးသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ပုစွန် ၈ကောင်ကို ဘေးပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံပေါ်အောင် နေရာချထားပြီး အလယ်ဘက်ကို ကွက်လပ်ထားသည်။ လက်တစ်ချောင်းစာ အရွယ်အစားရှိသော ပင်စည်နှင့်တူသော အစိတ်အပိုင်းကို အလယ်မှာ ထားလိုက်သည်။
မုန်လာဥနီများကို ကောက်ယူလိုက်ပြီး ပန်းတစ်ပွင့်ဖြစ်အောင် ထုဆစ်သည်။ လှပသော ဖီးနစ်ပန်းပွင့်များကို ယွမ်ကျိုး ပုံဖော်လိုက်သည်။
ဖီးနစ်ပန်းပွင့်များကို ပင်စည်ပေါ်တွင် လှပစွာ အလှဆင်လိုက်သည်။
“မင်းတို့နှစ်ယောက် မှာထားတဲ့ ဖီးနစ်အမြှီး ပုစွန်ဟင်းရပါပြီ” ယွမ်ကျိုးက ဟင်းပွဲများကို သယ်ဆောင်လာပြီး ဝူဟိုင်း နှင့် ကျောင်ယင်ကျွင်းကို ပေးလိုက်သည်။
“သူဌေးယွမ်၊ ဒီဟင်းပွဲကို အလှဆင်ထားတာ တကယ်တော်တယ်” ပန်းကန်ပြားကို ယူလိုက်ပြီး ဝူဟိုင်းက တအံ့တဩ မှတ်ချက်ပေးသည်။
“အရသာကို မြည်းစမ်းချင်ပေမဲ့ ဒီလို နူးညံ့သိမ်မွေ့တဲ့ ဖန်တီးမှုလေး ပျက်စီးသွားမှာ စိုးထိတ်မိတယ်” ကျောင်ယင်ကျွင်းက လှပသော ဖန်တီးမှုကို ငေးစိုက်ကြည့်ကာ မည်သည့် ပုစွန်ကို အရင်ဆုံး ရွေးချယ်ရမလဲ မသိ ဖြစ်နေသည်။
“ကိစ္စမရှိပါဘူး။ မင်း မစားချင်ရင် ငါ ကူစားပေးမယ်” ဝူကျိုးက ဟင်းပွဲကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေပြီး သွားရည်ယိုနေမိသည်။ ထို့နောက် သူက အားမနာစတမ်း ပြောသည်။
“မလိုအပ်ပါဘူး။ ငါ့ဘာသာ အရင်ဆုံး စားကြည့်သင့်တယ်” ထိုစကားကို ပြောလိုက်စဉ် သူက တူဖြင့် ပုစွန်ကို ညှပ်လိုက်သည်။
ကျင်းလင်မြို့သို့ အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့စဉ်က ဖီးနစ်အမြှီး ပုစွန်ဟင်းဖြင့် အစပြုကာ အချစ်ဇာတ်လမ်းလေး ရှိခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဤဟင်းပွဲနှင့် ပတ်သက်ပြီး ထူးခြားသော ခံစားချက် ရှိသည်။ သို့တည်းမဟုတ်လျှင် ဟင်းတစ်ပွဲလျှင် ယွမ်၁၀၀၀ကျော် တန်ကြေးရှိသော ဟင်းပွဲကို အော်ဒါတင်လိမ့်မည် မဟုတ်ချေ။
တူဖြင့်ညှပ်ထားသော ပုစွန်က အစက်အပြောက် မရှိသော အဖြူရောင်ဖြစ်သည်။ အမြှီးကို အနီးကပ်ကြည့်လိုက်သောအခါ ဖီးနစ် မီးလျှံကဲ့သို့ နီရဲတောက်နေသည်။
ပါးစပ်ထဲ ထိုးသိပ်ထည့်ပြီး တစ်ကိုက် ကိုက်လိုက်သောအခါ ပုစွန်၏ နူးညံ့အိစက်စက် အရသာကို ခံစားမိသည်။ သူ့ကို အံ့အားသင့်စေသော ကိစ္စရပ်က ပန်းရနံ့ မွှေးကြိုင်နေခြင်း ဖြစ်သည်။
ဂရုတစိုက် ဝါးစားနေစဉ် ပုစွန်အသားက အရသာအမျိုးမျိုးဖြင့် ရောစပ်ကာ ထူးခြားသော အရသာ ဖြစ်ပေါ်လာသည်။
“ဖီးနစ်အမြှီးနဲ့ ပုံစံတူတဲ့အပြင် အရသာက လတ်ဆတ်နူးညံ့နေတာပဲ” အငမ်းမရ စားသောက်ပြီးနောက် ကျောင်ယင်ကျွင်းက သက်ပြင်းချလိုက်သည်။
“တကယ်အရသာရှိတယ်။ မင်းက အရမ်းစကားများလွန်းတယ်။ ငါ တစ်ခု စားကြည့်မယ်” ကျောင်ယင်ကျွင်းက ပုစွန်ကို အငမ်းမရစားနေစဉ် ဝူကျိုးက နောက်တစ်ခု ထပ်စားကြည့်ရန် ကြိုးစားလာသည်။
“ငါတို့ချင်း သဘောတူညီချက် ယူထားတယ်လေ။ မင်းက တစ်ကောင်ပဲ စားခွင့်ရှိတယ်”
“မရဘူး။ ငါ စားတာအရမ်းမြန်တော့ အရသာက ဘယ်လိုလဲဆိုတာ သေချာ အရသာမခံမိဘူး” ဝူကျိုးက သူ့အရှေ့က ဟင်းပွဲကို ငေးစိုက်ကြည့်ပြီး သူ့နှလုံးသားကို ကြောင်ကုတ်သွား သကဲ့သို့ ခံစားရသည်။ ဟင်းပွဲ၏မွှေးရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသောအခါ အစာစားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေသည်။
“မင်း တမင်တကာ လုပ်တာမလား။ မင်းကို ဆက်စားခွင့် မပေးနိုင်တော့ဘူး” ကျောင်ယင်ကျွင်းက သူ့ကို ပိုင်ပိုင်နိုင်နိုင် ငြင်းပယ်ပစ်သည်။
“မင်း အရမ်းရက်စက်တယ်” သူ မှာယူထားသော ခေါက်ဆွဲပြုတ်က မရသေးပေ။ ထို့ကြောင့် သူ့ဘေးနားမှာ ထိုင်နေသော ဝူဟိုင်းထံ အကြည့်လွှဲလိုက်သည်။
ဝူဟိုင်းက အလိုလောဘကြီးသော အကြည့်ကို ချက်ချင်း အာရုံခံစားမိသည်။ ထို့နောက် သူ့ပန်းကန်ပြားကို ဝူကျိုးနှင့် ဝေးရာသို့ ဆွဲလိုက်သည်။
“ငါက မင်းနဲ့ သိပ်မရင်းနှီးဘူး”
“ဒါပေမဲ့ ငါတို့က စကားပြောဖူးတယ်လေ”
“မင်း အထင်မြင်လွဲမှားနေပြီ” ဝူဟိုင်းက တုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းပယ်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဖီးနစ်အမြှီးပုစွန်ဟင်းစားခြင်းကို အာရုံစိုက်လိုက်သည်။
“ခေါက်ဆွဲပြုတ် နှစ်ပွဲ ရပြီ” ဝူကျိုးက ဘေးဘယ်ညာ ကြည့်နေစဉ် ယွမ်ကျိုးက ခေါက်ဆွဲပြုတ် ၂ပွဲကို သူတို့ဆီ သယ်ဆောင်လာသည်။
“မင်း ခေါက်ဆွဲကို မင်းစားတော့။ ငါ့ရဲ့ ပုစွန်ဟင်းကို မျက်စောင်းမထိုးနဲ့” ကျောင်ယင်ကျွင်းက ခေါက်ဆွဲပြုတ် တစ်ပွဲကို ဝူကျိုးဆီ ကမ်းလှမ်းပေးသည်။
“အခုအချိန်မှာ ခေါက်ဆွဲပြုတ်ကို အာရုံမရှိဘူး” ဝူကျိုးက လေညှင်းသံဖြင့် ပြောသည်။
“မင်းက ဘောနပ်စ်ရတာပဲ။ ဝယ်စားလိုက်ပေါ့” ကျောင်ယင်ကျွင်းက အဓိကအချက်ကို ပြောသည်။
“ကောင်းပြီလေ။ ငါ့ခေါက်ဆွဲပဲ စားတော့မယ်” ဝူကျိုးက ချက်ချင်း နှုတ်ဆိတ်သွားသည်။ သူက ခေါက်ဆွဲပန်းကန်လုံးကို ယူလိုက်ပြီး စွပ်ပြုတ်ရည်ကို အငမ်းမရသောက်လိုက်သည်။ ထိုမှသာ သူ့စိတ် တည်ငြိမ်သွားသည်။
ကျောင်ယင်ကျွင်းက ခေါက်ဆွဲပြုတ်၏ရနံ့ကို ရသော်လည်း ဘေးချထားလိုက်ပြီး ပုစွန်ဟင်းကို ဆက်စားသည်။
သူက ဂရုတစိုက်ဖြင့် ဖြည်းဖြည်းချင်း ဝါးစားသော်လည်း ပုစွန် ၈ကောင်က အကြာကြီး သိပ်မစားရပေ။ ထိုစဉ် ဝူကျိုးက ခေါက်ဆွဲပြုတ်ကို ပျော်ရွှင်ကြည်နူးစွာ စားသောက်နေပါပြီ။
ကျောင်ယင်ကျွင်းက ခေါက်ဆွဲစားရခြင်းကို တကယ် မကြိုက်သော်လည်း စားသင့်လား၊မစားသင့်လား အတွေးရှုပ်နေသည်။ ဤသည်ကား သူ၏လေးနက်သော မေးခွန်းလည်း ဖြစ်သည်။
အပိုင်း(၉၇)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၉၈)
ပန်းကန်ပြားထက်တွင် အပူငွေ့များ လှိုင်တက်နေသည်။ ကျောင်ယင်ကျွင်းက သူ့တူဖြင့် ခေါက်ဆွဲကို မွှေလိုက်သည်။ နူးညံ့မွှေးကြိုင်သောရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာပြီး သူ့အစားစားချင်စိတ်ကို ချက်ချင်း လှုံ့ဆော်ပေးသည်။ သူသည် ယခင်က ခေါက်ဆွဲကို မနှစ်သက်ခဲ့သောကြောင့် သူ့စိတ်ထဲ ဒွိဟဖြစ်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။
သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ တခြားသူများက သူတို့မှာယူထားသော အစားအသောက်များကို ပျော်ရွှင်စွာ စားသောက်နေခြင်းကို တွေ့ရသည်။ ကျောင်ယင်ကျွင်းက အလှဆင်ထားသောပန်းပွင့်များသာ ကျန်သော ပန်းကန်အလွတ်ကို ငေးကြည့်ပြီး လေးကန်စွာ သက်ပြင်းချသည်။
"သူဌေးယွမ်၊ ပုစွန်ဟင်းပွဲက အရမ်းကို နည်းလွန်းတယ်။ ၈ခုထဲ ပါတယ်။ အနည်းဆုံးတော့ အခု ၂၀လောက်တော့ မလျော့သင့်ဘူး"
ဘေးဘက်မှာ မတ်တပ်ရပ်နေသော ယွမ်ကျိုးကို ကြည့်ပြီး သူက မကျေမနပ်ပြောဆိုသည်။
"ပန်းပွင့်တွေကလည်း စားလို့ရတယ်လေ" ယွမ်ကျိုးက သူ၏မကျေနပ်ချက်ကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး အလှဆင်ထားသော မုန်လာဥပန်းပွင့်လေးကို ညွှန်ပြလိုက်သည်။
"ဒါတွေက စားလို့ ရပါ့မလား။ ဒါတွေက မချက်ထားရသေးဘူးလေ" ကျောင်ယင်ကျွင်းက မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။
"ပန်းကန်ပြားထဲမှာ အချဉ်ထည့်ထားပေးတယ်လေ။ အချဉ်နဲ့ တို့ပြီးတော့ စားပေါ့" ယွမ်ကျိုးက သတိပေးသည်။
"တကယ်လား" သံသယဝင်နေသော ကျောင်ယင်ကျွင်းက ဖီးနစ်အမြှီးပုစွန်ဟင်းတွင် ပါဝင်သော ပန်းပွင့်ကလေးကို တူဖြင့် ညှပ်လိုက်သည်။ ပန်းပွင့်များက ပန်းပွင့်အစစ်နဲ့တူလွန်းသည့်အပြင် မွှေးရနံ့များပင် ထွက်ပေါ်နေသည်။ ထို့အပြင် ပန်း၏ပွင့်ချပ်များသည် အလွန့်ကို ထူးခြားပြီး ပိုးချည်မျှင်ကဲ့သို့ထိုးဖောက်မြင်နိုင်သည့်အပြင် အထဲတွင်ရှိသော ဝတ်ဆံဖိုကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တူဖြင့် ညှပ်လိုက်သောအခါ ပန်းပွင့်ပေါ်တွင် ညှပ်ရာလေးပေါ်လာသည်။ ဤမြင်ကွင်းကြောင့် ကျောင်ယင်ကျွင်းက အလှဆင်ထားသောပန်းပွင့်ကို စားရဲသည့်သတ္တိမရှိတော့ပေ။
"တကယ် စားလို့ရလို့လား" သူက မနေနိုင်မထိုင်နိုင် မေးမြန်းလိုက်သည်။
"မင်း မစားဖူးဆိုရင် ငါ့ကို ပေးလိုက်ပါလား" ဘေးနားမှာ ထိုင်နေသော ဝူဟိုင်းက သူ့ပန်းကန်ပြားထဲမှ ပုစွန်အားလုံးကို စားပြီးသားဖြစ်နေသည်။
"မလိုဘူး မလိုဘူး။ သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်ကို အံ့မခန်းဘဲ"
ဝူဟိုင်း၏ပန်းကန်ပြားအလွတ်ကို ကြည့်ပြီးတော့ ကျောင်ယင်ကျွင်း၏ယုံကြည်ချက်များ တိုးလာသည်။ သူက ပန်းကန်ပြားပေါ်မှ ငွေရောင်ဆော့စ်လေးကို ပန်းပွင့်ကိုနှစ်လိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ပန်းအစစ်၏ကြွပ်ဆတ်ဆတ်အရသာက သူ့ခံတွင်းထဲ ဝင်ရောက်သွားသည်ဟု ခံစားမိသည်။ မွှေးကြိုင်သောရနံ့က သူ့ခံတွင်းမှတစ်ဆင့် လည်ချောင်းထဲ ဆင်းသက်သွားသည်။ ဖီးနစ်ပင်၏ ပင်စည်ပေါ်တွင် ကျန်ရှိနေသော ပန်းပွင့်အားလုံးက ကျောင်ယင်ကျွင်း၏ ခံတွင်းထဲ ဝင်ရောက်သွားပြီး ဝူကျိုးအတွက် ဘာစားစရာမှ မကျန်ခဲ့ပေ။
"ပင်စည်အတွင်းပိုင်းကလည်း စားလို့ ရတယ်" ယွမ်ကျိုးက သူတို့နှစ်ယောက် မမေးခင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အခုတော့ ဒီဈေးနဲ့ပေးပြီး စားရတာ တန်တယ်လို့တောင် ခံစားမိသွားပြီ။ ဒါဆိုရင် ဒါလေးကို ငါ စားလို့ရလား။ ဒါကို ဘယ်လိုစားရလဲ" ဝူဟိုင်းက ပင်စည်အစစ်နဲ့တူသော မုန်လာဥကို တူဖြင့် အခွံခွာလိုက်သည်။ ယွမ်ကျိုးက စားသုံးသော နည်းလမ်းကို ရှင်းရှင်းလင်းလင်း ပြောပြပြီး သူတို့နှစ်ယောက် စားမည့်အချိန်ကို စောင့်နေသည်။ ယွမ်ကျိုးက သူ့ဟင်းချက်စွမ်းရည်နှင့်ပတ်သက်ပြီး ယုံကြည်မှုရှိသော်လည်း ဤဟင်းပွဲကို မမြည်းစမ်းဖူး၍ ၎င်းတို့ စားမည့်ပုံစံကို အသေးစိတ် အာရုံစိုက်နေသည်။
"ကိုယ့်ဘာသာ ခွာကြည့်လိုက်လေ"
"ခွာကြည့်ရမှာလား" ယွမ်ကျိုး၏ ညွှန်ကြားမှုကို တွေးမိသောအခါ ကျောင်ယင်ကျွင်းက သူ့၏တူဖြင့် ပင်စည်အပိုင်းကို နှစ်ပိုင်းပိုင်းလိုက်သည်။ ထို့နောက် ပင်စည်အတွင်းမှ ကြိတ်ထားသော ရွှေရောင်အမှုန့်ကလေးများ ထွက်ပေါ်လာပြီး သစ်အယ်သီး၏ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသည်။
"မင်းရဲ့အပြုအမူတွေကလည်း ကြမ်းတမ်းလိုက်တာ" ဝူဟိုင်းက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး စကားပြောသည်။ ထို့နောက် သူ့ပန်းကန်ပြားထဲမှ ပင်စည်အပိုင်းကို နှစ်ပိုင်းဖြတ်လိုက်သည်။
"ခင်ဗျားလည်း အတူတူပဲ မဟုတ်ဘူးလား" ကျောင်ယင်ကျွင်းက ခပ်မာမာလေသံဖြင့် သရော်လိုက်သည်။
"မင်းတို့ တခုခု မေ့လျော့နေတယ်လို့ မခံစားရဘူးလား" ကျောင်ယင်ကျွင်း၏ ဘေးနားမှ ဝမ်းနည်းသောအသံ ထွက်ပေါ်လာ၍ ကျောင်ယင်ကျွင်း လန့်ဖြန့်သွားပြီး သူ့လက်ထဲမှ ပင်စည်အပိုင်းတစ်ပိုင်းက ခွက်ထဲ ပြုတ်ကျသွားသည်။
"ပုံမှန်အတိုင်း စကားပြောစမ်းပါ။ ကြက်သီးတောင်ထတယ်" သူခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ပန်းကန်ပြားကို ငေးစိုက်ကြည့်နေသော ဝူကျိုးကို မြင်တွေ့ရသည်။ ထို့ကြောင့် ကျောင်ယင်ကျွင်း နှုတ်ဆိတ်သွားသည်။
"ကောင်းပြီ ကောင်းပြီ။ ဒါဆိုရင် ဒီအပိုင်းက ငါ့အတွက်လား" ဝူကျိုးက ပန်းကန်ပြားထဲမှ တူညီသော အရွယ်အစားရှိသည့် ပင်စည်အပိုင်းကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ဒါက မင်းအတွက် ချန်ထားတာ" ကျောင်ယင်ကျွင်းက အခင်အမင်မပျက် ပြောဆိုသည်။
"ကောင်စုတ်၊ အခုတော့ အသိစိတ်ဝင်လာပြီပေါ့" ဝူကျိုးက အပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်ပြီး တောက်ပလင်းလက်နေသော ပန်းကန်လုံးအလွတ်ထဲ ထည့်လိုက်သည်။
"သစ်အယ်သီးတွေပါလား။ တကယ့်ကို မွှေးနေတာဘဲ။ အခုတော့ မပူတော့ဘူး" ဝူကျိုးက သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ တခြားသူအားလုံးကလည်း ပျော်ရွှင်စွာ စားသောက်နေကြသည်။
သစ်အယ်သီးကို အမှုန့်ကြိတ်လိုက်သောအခါ သဘာဝအညိုရောင်အခွံမာက ပင်စည်နှင့်တူအောင် ဖန်တီးပေးသည်။ ထို့နောက် အမှုန့်ကြိတ်ထားသော သစ်အယ်သီးအမှုန့်များကို ပင်စည်ထဲ ဖြည့်လိုက်သောအခါ ဖီးနစ်အပင် ပင်စည်၏ ရုပ်လုံးကြွလာသည်။ လှပသော ပန်းပွင့်လိုင်းများဖြင့် အလှဆင်လိုက်သောအခါ တကယ့်ကို စစ်မှန်သောပင်စည်နှင့် တူသွားသည်။
"သူဌေးယွမ်၊ ခင်ဗျားက တကယ့်ကို ပါရမီရှင်ပဲ" သစ်အယ်သီး၏အခွံမာကို လှည့်လိုက်ပြီး ဝူဟိုင်းက လေးကန်စွာ သက်ပြင်းချပြီး စကားပြောသည်။
"အခုလို ချီးမွမ်းစကားပြောပေးလို့ ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ နာခံစွာ လက်ခံယူလိုက်သည်။
"ဒါဆိုရင် ဘယ်အချိန်ကျမှ ဟင်းပွဲအသစ်ထွင်မှာလဲ။ အထူးသဖြင့် အသားဟင်းပွဲတွေလေ" အသားစားရခြင်းကို နှစ်သက်သော ဝူဟိုင်းက အခြေအနေပေးလျှင် အသားဟင်းများကိုသာ ရွေးချယ်စားလိမ့်မည်။
"ဒီကိစ္စကို နောက်မှပဲ ဆက်ပြောကြတာပေါ့" ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် စကားပြောသည်။
"သူဌေးယွမ်၊ ခင်ဗျား စကားကို လေးလေးနက်နက်ပြောရင် ကောင်းမယ်။ အဲ့လိုမျိုး
မပြောတတ်ဘူးလား" ဝူဟိုင်းက ယွမ်ကျိုးနှင့် စကားပြောလိုက်တိုင်း စိတ်ပင်ပန်းသည်ဟု ခံစားမိသည်။
"ဟုတ်ပါတယ်။ အရမ်းကောင်းပါတယ်" တခြားသူများ၏ သံသယကို တုံ့ပြန်ရန် ဟုတ်မှန်ကြောင်း ထောက်ခံသည့်အဖြေကို ပြန်ပေးသည်။
"ဟားဟားဟား၊ သူဌေးယွမ် ခင်ဗျား လူပျိုကြီးဖြစ်နေတာ မဆန်းကြယ်ဘူး။ ခင်ဗျားရဲ့ ဒီအကျင့်တွေကြောင့် လူပျိုကြီး ဖြစ်နေရတာ"
ဝူဟိုင်းက ရက်စက်သောစကားကို ပြောဆိုသည်။
"ကျွန်တော်တော့ ဒီလို မထင်ဘူး။ ကျွန်တော် အရမ်းကို အလုပ်ရှုပ်နေလို့ လူပျိုကြီးဖြစ်နေရတာလို့ ခံစားမိတယ်" ခဏကြာ စဉ်းစားပြီးတော့ ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။
"မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။ သူဌေးယွမ် ခင်ဗျားရဲ့ဆိုင်ကို တစ်နေ့မှ ၆နာရီပဲ ဖွင့်တာလေ" ဝူဟိုင်းက ချက်ချင်း ဆက်ပြောသည်။
"တကယ်လား" ယွမ်ကျိုးက ခပ်တည်တည် အနေအထားဖြင့် လေးနက်စွာ မေးမြန်းလိုက်သည်။
"သေချာတာပေါ့။ ဒီဆိုင်ကို လာစားတဲ့ ကောင်မလေးတွေမှ အများကြီးပဲ။ သူဌေးယွမ် ခင်ဗျား ပိုပြီးတော့ ကြိုးစားသင့်တယ်နော်" ဝူဟိုင်းက ငြင်းခုန်ခြင်းကို ရှောင်ရှားရန် နဖူးပေါ်မှ ချွေးစီးများကို သုတ်လိုက်သည်။
ဆိုင်သို့ အစောဆုံးလာရောက်တတ်သော ဖောက်သည်များထဲမှ တစ်ဦးတည်းဖြစ်သော ဝူဟိုင်းက ယွမ်ကျိုး၏ ထူးဆန်းသောစိတ်နေသဘောထားကို ကောင်းကောင်းသိသည်။ ယွမ်ကျိုးက အရမ်းအလုပ်များသည်ဟု ယနေ့ပြောခြင်းကို သူက သဘောတူသည်ဟု ပြောလိုက်လျှင် ယွမ်ကျိုးက မနက်ဖြန်တွင် ဆိုင်ပိတ်ကာ အနားယူလိမ့်မည်။
"မင်း ခေါက်ဆွဲပြုတ် မစားတော့ဘူးလား" ယွမ်ကျိုး နှင့် ဝူဟိုင်းတို့၏ ပြဿနာ မဖြေရှင်းခင် ဝူကျိုးက ကျောင်ယင်ကျွင်း၏ မစားရသေးသော ခေါက်ဆွဲပြုတ်ကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။
"မင်း မကြိုက်ဘူးဆိုရင် ငါ ကူစားပေးမယ်။ ငါ ဗိုက်မဝသေးဘူး" အစာအိမ်ကြီးသော ဝူကျိုးက တခြားသူ၏ဟင်းပွဲကို စားချင်နေသည်။
"မလိုအပ်ပါဘူး။ ငါ့ဘာသာငါ ဖြေးဖြေးချင်းစားမယ်" ကျောင်ယင်ကျွင်းက ချက်ချင်း ငြင်းပယ်လိုက်သည်။
"မြန်မြန်စား။ နေ့လည်စာစားပြီးရင် အလုပ်ပြန်လုပ်ရဦးမယ်" နောင်တရသော အမူအရာဖြင့် ဝူကျိုးက သူ့သူငယ်ချင်းကို အမြန်စားရန် တိုက်တွန်းသည်။
"ကောင်းပြီလေ" ထို့နောက် ကျောင်ယင်ကျွင်းက ခေါက်ဆွဲပြုတ်ကို စတင်စားသည်။ သူက ခေါက်ဆွဲပြုတ်ကို မုန်းတီးခြင်း မဟုတ်ဘဲ မကြိုက်နှစ်သက်ရုံသာဖြစ်၍ ကံကောင်းသွားသည်။
ထို့ကြောင့် ကျောင်ယင်ကျွင်းက ခေါက်ဆွဲပြုတ်ကို တူဖြင့် ညှပ်လိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။ အကယ်၍ ခေါက်ဆွဲစွပ်ပြုတ်က ပူစပ်စပ်ဖြစ်ပြီး ကြက်သွန်စိမ်း၊အမဲသားလေးများ ရောထားလျှင် ကျောင်ယင်ကျွင်း နဂိုကတည်းက စားမိလိမ့်မည်။
အရသာမရှိသော ခေါက်ဆွဲစွပ်ပြုတ်ကြီးက သူ့စားချင်စိတ်ကို မလှုံ့ဆော်ပေးပေ။ သို့သော်လည်း ခေါက်ဆွဲစွပ်ပြုတ်ကို သူ့ပါးစပ်ထဲ ထည့်ပြီးနောက် ဤအတွေးအားလုံးက ပြောင်းပြန်ဖြစ်သွားသည်။ အရသာရှိပြီး လတ်ဆတ်သော ခေါက်ဆွဲပြုတ်ထဲ သူတွေးထားသော အရာများ ထည့်လိုက်လျှင် အလဟဿဖြစ်သွားမည်ဟုပင် ခံစားမိသွားသည်။ ကျောင်ယင်ကျွင်းက ခေါက်ဆွဲပြုတ်ကို နည်းနည်းချင်း စားသည်။
တစ်လုပ်စားလိုက်တိုင်း ပျော်ရွှင်ကြည်နူးသော ခံစားမှုကို ဖြစ်ပေါ်စေသည်။ ဝူကျိုးက ကျောင်ယင်ကျွင်းကို အမြန်စားစေလိုသော ရည်ရွယ်ချက်ဖြင့် ငေးစိုက်ကြည့်နေသည်။ သို့သော်လည်း သူ့အပြုအမူကို ကြည့်ပြီး သူ ဗိုက်ဆာလာသည်။ ဝူကျိုးက ဟင်းပွဲနောက်တစ်ပွဲကို ထပ်မှာမိလျှင် တစ်လလုံး ငတ်ပြတ်ပြီး မြေကြီး ကောက်စားရမည်ဖြစ်၍ သူ့ခံစားချက်ကို ထိန်းချုပ်ထားရသည်။
"မြန်မြန်စားစမ်းပါ" ဝူကျိုးက သရေများကို မျိုချလိုက်ပြီး ပုံမှန်အသံဖြင့် စကားပြောသည်။
"အွန်း အွန်း" လက်ရှိအချိန်တွင် ကျောင်ယင်ကျွင်းက ပြန်ဖြေချိန်မရ၍ ဗလုံးဗထွေး ပြန်ပြောသည်။
"အစားပုတ်ကောင်၊ မင်းကို ငါ အပြင်မှာပဲ စောင့်နေတော့မယ်" ဝူကျိုးက အပြင်ဘက်က လေကောင်းလေသန့်ရှူရန် လိုအပ်သည်ဟု ခံစားမိ၍ အပြင်ဘက်သို့ ထွက်သွားသည်။
"အွန်း အွန်း" ကျောင်ယင်ကျွင်းက ဝူကျိုးပြောတာကို ကြားသည်ကို ပြန်ပြောနိုင်ရန် ဗလုံးဗထွေး ပြန်ဖြေသည်။
"သူဌေးယွမ်၊ ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပွဲပေးပါ" ဝူဟိုင်း၏နေရာကို ယူသွားသော ကိတ်မုန့်ဆိုင်က မန်မန်မှ ဖီးနစ်အမြှီးပုစွန်ဟင်းကို အော်ဒါတင်လိုက်သည်။ သူမ တန်းစီစောင့်နေကတည်းက လှပသော ဖီးနစ်အမြှီးပုစွန်ဟင်းကို စိတ်ဝင်စား၍ မြည်းစမ်းချင်သော ဆန္ဒဖြစ်ပေါ်လာခြင်းဖြစ်သည်။
အပိုင်း(၉၈)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၉၉)
“အိုကေ၊ ခဏစောင့်ပေးပါ” ယွမ်ကျိုးက သူမ၏တောင်းဆိုမှုကို အသိအမှတ်ပြုဟန်ဖြင့် မီးဖိုခန်းထဲ ဝင်သွားကာ ပါဝင်ပစ္စည်းများကို ပြင်ဆင်သည်။
“သူဌေးယွမ်၊ ရှင့်ရဲ့အပြုအမူတိုင်းက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးတော့ ခန့်ညားချောမောလာတယ်”
ယွမ်ကျိုးက ပုစွန်အခွံခွာနေခြင်းကို မန်မန်က မေးနှစ်ဖက်ကို လက်ဖြင့်ထောက်ကာ မျက်တောင်မခတ် ငေးစိုက်ကြည့်ပြီး အထင်ကြီးလေးစားဟန်ဖြင့် စကားပြောသည်။
“ငါက သူ့ခန့်ညားမှုကို အသိအမှတ်မပြုပေမဲ့ အစားအသောက်တွေကတော့ တကယ် အရသာရှိပါတယ်” ဝူဟိုင်းက ထွက်မသွားခင် ပြောလိုက်သည်။
“အွန်း၊ ပုစွန်က ငါ့အကြိုက်ဖြစ်ပေမဲ့ အလှဆင်ထားတဲ့ ပစ္စည်းတွေကလည်း အရသာရှိတယ်မလား”
မန်မန်က စပ်စပ်စုစု မေးမြန်းသည်။
“ကောင်းပါတယ်။ မင်း စားကြည့်ပြီးသွားရင် သိလိမ့်မယ်” ဝူဟိုင်းက လျှို့ဝှက်စွာ စကားပြောသည်။
“တခြားသူတွေကို ခိုးလုခုလု ဖြစ်အောင် လုပ်တတ်တာက လွဲရင် ဘာမှ မလုပ်တတ်ဘူးလား။ သူဌေးယွမ်ဆီကနေ သင်ယူသင့်တယ်” မန်မန်က သူ့ကို သရော်လိုက်သည်။
“ဟား ဟား၊ ကောင်မလေးက ရယ်စရာတွေ သိပ်ပြောတတ်တာပဲ” သူက စားသောက်ဆိုင်ထဲမှ ထွက်မသွားခင် ရယ်မောကာ လမ်းပြနှုတ်ဆက်လိုက်သည်။
မန်မန်နှင့် ဝူဟိုင်းတို့ စကားပြောနေစဉ် ယွမ်ကျိုးက ဖီးနစ်အမြှီးပုစွန်ဟင်းပြင်ဆင်ခြင်း ပြီးဆုံးသွား၍ ဟင်းပွဲကို မန်မန်ဆီ သယ်လာသည်။
“မင်းရဲ့ဟင်းပွဲရပါပြီ”
ယွမ်ကျိုးက မျက်နှာဖုံးကို မချွတ်ဘဲ စကားဆက်ပြောသည်။
“ဘာလို့များ မင်းက ဒီနေ့မှ အရမ်းတွေ ရက်ရောနေတာလဲ။ ဈေးကြီးတာတွေ ဝယ်စားနေပါလား”
“ဒါပေါ့၊ ဒီနေ့ အော်ဒါကြီးကြီး ရလို့လေ။ ဒီဟင်းပွဲက ကျွန်မကိုယ်ကျွန်မ ဂုဏ်ပြုတာပဲ” မန်မန်က မိမိကိုယ်မိမိ အားရကျေနပ်ဟန်ဖြင့် စကားပြောသည်။
“ဒါဆိုရင် တခြားဟင်းပွဲတွေကိုရော စားချင်သေးလား။ လက်ဖက်ကြက်ဥရော စားမလား” ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြောသည်။
“ဟား ဟား၊ သူဌေးယွမ်၊ ရှင်က တော်တော် ကျီစယ်တာပဲ” ထို့နောက် မန်မန်က မကြားချင်ယောင် ဟန်ဆောင်ပြီး တုံ့ဆိုင်းခြင်း မရှိဘဲ ပုစွန်ဟင်းကို စတင်စားသည်။
ဘေးဘက်မှာထိုင်နေသော ကျောင်ယင်ကျွင်းက ပန်းကန်လုံးကို မြှောက်ကိုင်လိုက်ပြီး စွပ်ပြုတ်အရည်များကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူက လေးကန်စွာ သက်ပြင်းချလိုက်သည်။
သူက ဘေးဘယ်ညာ ကြည့်လိုက်ပြီး ဝူကျိုးကို မမြင်မိ၍ မေးမြန်းလိုက်သည်။
“ဝူကျိုး ဘယ်သွားတာလဲ”
“သူ ထွက်သွားပြီလေ” ယွမ်ကျိုး ဖြေလိုက်သည်။
“စောနလေးကတင် သူ အပြင်မှာ စောင့်နေမယ်လို့ မင်းကို ပြောလိုက်တယ်လေ” ကျောင်ယင်ကျွင်းက ခေါင်းကုတ်လိုက်ပြီး မတ်တတ်ရပ်ကာ လှည့်ထွက်သွားရန် ပြင်ဆင်သည်။
တံခါးပေါက်နား ရောက်မှ တစ်စုံတစ်ရာ မေ့ကျန် သကဲ့သို့ ယွမ်ကျိုးကို လှည့်ကာ စကားပြောသည်။
“ကျေးဇူးတင်ပါတယ်၊ သူဌေးယွမ်”
ယွမ်ကျိုး၏တုံ့ပြန်မှုက ခေါင်းညိတ်ရုံမျှသာ ဖြစ်သည်။
သူ့လက်ကောက်ဝတ်ကို မြှောက်ပြီး နာရီတစ်ချက်ကြည့်ကာ ယွမ်ကျိုးက သူ့နေ့စဉ် ကြေညာချက်ကို ထုတ်ပြန်သည်။
“ဆိုင်ဖွင့်ချိန် ပြည့်ခါနီးပြီ။ ထိုင်ခုံမရသေးတဲ့သူတွေက နောက်တစ်ခေါက်မှ ပြန်လာခဲ့ပါဗျာ”
သူ ထိုစကားကို ပြောလိုက်စဉ် အော်ဟစ်သံများ နှင့် မကျေမနပ် ပြောဆိုသံများကို ကြားရသည်။ သို့သော်လည်း အများစုက ဆိုင်ဖွင့်ချိန်တိုးရန် နှင့် ဖွင့်ချိန်က တိုတောင်းလွန်းသည်ဟု မကျေမနပ်ပြောခြင်း ဖြစ်သည်။
“မြန်မြန် ရောက်လာလို့ ကံကောင်းသွားတယ်” ဖီးနစ်အမြှီးပုစွန်ဟင်းကို ပျော်ရွှင်ကြည်နူးစွာ စားသောက်နေစဉ် မန်မန်က ကျေးဇူးတင်ဟန်ဖြင့် သူ့ရင်ဘတ်သူ လက်ဖြင့် ပုတ်လိုက်သည်။ သူ့ခံတွင်းထဲမှ ဖီးနစ်အမြှီးပုစွန်ဟင်းက ပိုပိုပြီး အရသာရှိလာသည်ဟု ခံစားမိသည်။
မန်မန်က ကိတ်မုန့်ဖုတ်တတ်သော ကောင်မလေး ဖြစ်သည်။ သူမက ကိတ်မုန့်ဖုတ်သူပီပီ အလှဆင်ထားသော အစားအသောက်များကို မြတ်နိုးသည်။ အထူးသဖြင့် ပုံဖော်ထားသော ပန်းပွင့်ပုံစံများက အစစ်အမှန်နှင့်တူသည်။ အကယ်၍ စားမရသည့်တိုင် သူမက ဝယ်စားကြည့်ချင်သည်။ ယခုတော့ သူမနှစ်သက်သော အလှပန်းလေးများက စားလို့ရ၍ အရင်ဆုံး စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူမက ပန်းအစစ်၏ မွှေးကြိုင် လတ်ဆက်မှုကို မြည်းစမ်းခွင့်ရသည်ဟု ခံစားမိသည်။
အလှဆင်ထားသော ပန်းပွင့်အားလုံးကို စားပြီးမှ သူမက ဖီးနစ်အမြှီးပုစွန်ဟင်းများကို စားသည်။ သူမ၏သီအိုရီအရ အကောင်းဆုံးများကို နောက်ဆုံးမှ မြည်းစမ်းမည်။ ထိုမှသာ အရသာကို အပြည့်အဝ ခံစားနိုင်လိမ့်မည်။
“ပုစွန်ဟင်းက ယွမ်၁၀၀၀မက ထိုက်တန်တယ်။ အမှတ်ပြည့်ပေးတယ်” မန်မန်က သူ့ဝမ်းဗိုက်ကို ကျေနပ်အားရဟန်ဖြင့် ထိတွေ့လိုက်ပြီး မှတ်ချက်ပေးသည်။
“ဟုတ်ကဲ့ပါဗျာ၊ ဆိုင်ဖွင့်ချိန် ပြည့်သွားပါပြီ” ယွမ်ကျိုးက သတိပေးသည်။
“သိပါတယ်။ သိပါတယ် သံလိုက်အိမ်မြှောင်ကြီးရယ်” ယွမ်ကျိုး၏စကားကို အာရုံမစိုက်ဘဲ သူမက ယွမ်ကျိုး၏ စားသောက်ဆိုင်မှ စိန်ပြေနပြေ လမ်းလျှောက်ထွက်သွားသည်။
“ညနေဘက်ကျရင် နောက်ကျမှ ရောက်မလာနဲ့” ယွမ်ကျိုးက မုရှောင်ယွမ်ကို ထွက်သွားနိုင်ပြီ ဖြစ်ကြောင်း အချက်ပြသည်။
“နောက်မကျစေရဘူး သူဌေး” မုရှောင်ယွမ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး စားသောက်ဆိုင်မှ ထွက်သွားသည်။
မုရှောင်ယွမ် ထွက်သွားမှ ယွမ်ကျိုးက တံခါးပိတ်လိုက်ပြီး အနားယူရန် အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်သည်။
ထိုစဉ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသော စနစ် ပေါ်လာသည်။
[မစ်ရှင် တတိယအဆင့်] စားသောက်ဆိုင်ကျော်ကြားမှု တစ်သောင်းကျော် ရရှိရန်
(မစ်ရှင်အညွှန်း : ကျွမ်းကျင်စားဖိုမှူးစနစ်ကို ပိုင်ဆိုင်ထားတဲ့ စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းရဲ့ ဟင်းချက်စွမ်းရည် တိုးတက်အောင် ကြိုးစားသင့်တယ်။ လူငယ်လေးရေ စားသောက်ဆိုင်ရဲ့ ကျော်ကြားမှုကို တစ်သောင်းရအောင် ကြိုးစားအားထုတ်ပါ)
(မှတ်ချက် : ကိုယ်တိုင် ကြော်ငြာခွင့် မပြုပါဘူး)
[မစ်ရှင်အချိန်သတ်မှတ်ချက်] ရက်၃၀( မနက်ဖြန်မှ စတင်မည်)
[မစ်ရှင်၏ဆုလာဘ်] ထမင်းချက်ပြုတ်သော နည်းလမ်းများ
(မစ်ရှင် အခြေအနေ : ၇၀၀၀/ ၁၀၀၀၀ မပြီးမြောက်သေး)
ယွမ်ကျိုးက ယခုလို ညွှန်ကြားချက်မျိုးကို မြင်တွေ့တိုင်း မကျေမနပ် ပြောဆိုလေ့ရှိသည်။
“စနစ်၊ မင်းရဲ့ညွှန်ကြားချက်မှာ ဘာအကြောင်းအရာမှ မပါတာ မင်းနားလည်ရဲ့လား”
“ဟွန့်၊ မင်းရဲ့ ကြင်နာတဲ့ အားပေးမှုတွေအတွက် မင်းကို အရမ်းကျေးဇူးတင်တယ်”
စနစ် “ကျေးဇူးတင်စကား ပြောဖို့ မလိုအပ်ပါဘူး၊ ဆိုင်ရှင် မင်းကိုယ်မင်း တိုးတက်ဖို့ပဲ ကြိုးစားပါ”
“…”
ယွမ်ကျိုးက သူ့ဖောက်သည်များ ခံစားရသော ကို့ရို့ကားရား ခံစားချက်ကို ယခုမှ နားလည်သွားသည်။ ယခုတော့ သူက စနစ်ကြောင့် နှုတ်ဆိတ်သွားရသည်။ တကယ်ကို အထင်ကြီး လေးစားဖွယ်ကောင်းလွန်းသည်။
ယွမ်ကျိုးက သူ့နဖူးပေါ်မှ ဆံပင်စကို သပ်ပြီးနောက် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး မစ်ရှင်ကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
“အင်တာနက်ပေါ်က ကျော်ကြားမှုလား၊ ဒါမှ မဟုတ် လက်တွေ့ဘဝက ကျော်ကြားမှုလား”
စနစ် “လူတစ်ယောက်ချင်းစီက စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ အခြေခံ ဗဟုသုတလောက် သိသွားရင် အဆင်ပြေပါပြီ”
“ဘယ်လောက်အဆင့်အထိ သိဖို့ လိုအပ်တာလဲ” ယွမ်ကျိုးက မစ်ရှင်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မေးမြန်းသည်။
စနစ် “စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ တချို့ကတော့ ပထမဦးဆုံးအနေနဲ့ ဆိုင်ရဲ့တည်နေရာ သိရမယ်။ ဒီစားသောက်ဆိုင်မှာ ရောင်းချတဲ့ ဟင်းပွဲတစ်ပွဲကိုတော့ အနည်းဆုံး သိထားရမယ်”
“နားလည်ပြီ” ယွမ်ကျိုးက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။
သို့သော်လည်း ကိုယ်တိုင် ကြော်ငြာခွင့် မရှိခြင်းက အဓိက ပြဿနာရပ်ဖြစ်နေသည်။
ယွမ်ကျိုးက မစ်ရှင်အချိန်သတ်မှတ်ချက်ကို တစ်ချက် စစ်ဆေးကြည့်လိုက်မှ သတ်မှတ်ချိန်က တစ်လ ဖြစ်နေသည်။ ထို့ကြောင့် သူ အလုပ်ကြိုးစားရမည်။
သူက အလုပ်ကြိုးစားရန် တွေးလေ့ သိပ်မရှိသော်လည်း စနစ်အစုတ်အပြတ်၏ အားပေးမှုကြောင့် ချက်ချင်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
“အရင်ဆုံး အနားယူတာပဲကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ညနေခင်းကျရင် အလုပ်ကြိုးစားရဦးမယ်” ယွမ်ကျိုးက ဖြစ်နိုင်ချေရှိသော နည်းလမ်းဖြင့် ကြိုးစားကြည့်ရန် စဉ်းစားထားသည်။
“ဒုန်း ဒုန်း ဒုန်း”
ယွမ်ကျိုးက သူ့အိပ်ခန်းသို့ သွားရန် အပေါ်ထပ် တက်သွားပြီး တစ်ရေးတမော အိပ်စက်ရန် ပြင်ဆင်သည်။
နေ့လည်ခင်းအချိန်တွင် အမွှေးပွခွေးလေးသည် ယွမ်ကျိုး၏ စားသောက်ဆိုင်အပေါက်ဝနားမှာ လှဲလျောင်းနေသည်။
“ချစ်လေးရေ၊ ဘာလို့များ ဒီနေရာမှာ အမြဲလှဲနေတာလဲ။ ငါ့အိမ်ပြန်မယ်လေ။ လိုက်မလား”
ခွေးလေးကို စွပ်ပြုတ်ရည် တိုက်တုန်းက ယွမ်ကျိုးနှင့် ထိပ်တိုက် ဆုံခဲ့သော အဘွားအို ဖြစ်သည်။ တံခါးစောင့်နေသော ခွေးလေးကို ဝက်ပေါင်ခြောက်ဖြင့် ဆွယ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ခွေးလေးက ယခင်အတိုင်း မော်ကြွားသော အပြုအမူဖြင့် အဘွားအိုကို လျစ်လျူရှုထားသည်။
“လိမ္မာပါတယ်။ ဝက်ပေါင်ခြောက်စားပြီး ငါ့အိမ်ကို လိုက်ခဲ့ပါလား။ ဒါဆိုရင် နွေးထွေးလုံခြုံတဲ့ ခွေးအိမ်မှာ မင်း အိပ်လို့ရတယ်” ခွေးလေးက မလှုပ်မယှက် လှဲလျောင်းနေ၍ အဘွားအို လက်လျှော့သွားသည်။ သို့တိုင် ဝက်ပေါင်ခြောက်ကို ခွေးလေးအရှေ့ထားခဲ့သည်။
ခွေးလေးက အဘွားအိုကို လျစ်လျူရှုသော်လည်း အစားအသောက်ကိုတော့ လျစ်လျူရှုခြင်း မဟုတ်ပေ။ သို့တည်းမဟုတ်လျှင် သူက တံခါးစောင့် လုပ်နိုင်သော ခွန်အား ရှိမည်နည်း။
“ချစ်လေး၊ စားရင် ပြီးတာပါပဲ” အဘွားအိုက ပျော်ရွှင်ကြည်နူးစွာ စကားပြောသည်။
စွန့်ပစ်ခံရသော ခွေးလေးကို သူမက ကူညီကယ်ဆယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အရေပြားရောဂါဖြစ်နေသော ခွေးလေးကို ကုသပေးရန် တိကုဆရာဝန်နှင့် ဆွေးနွေးကြည့်သောအခါ ယွမ်၁၀၀၀ခန့် ကုန်ကျနိုင်သည်ဟု ပြောသည်။
ဆေးကုသစရိတ် မြင့်မား၍ ဆေးမကုပေးနိုင်သော်လည်း အကြင်နာတရား ကင်းမဲ့စွာဖြင့် ပစ်ပယ် မထားရက်သောကြောင့် နေ့စဉ် အစာ လာကျွေးသည်။ ခွေးလေး၏ အရေပြားရောဂါက ကုသစရာ မလိုအပ်ဘဲ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာ၍ ခွေးလေးကို မွေးစားပြီး သူ့ကိုယ်တိုင် ပြုစု ပျိုးထောင်ရန် မျှော်လင့်မိသည်။
အပိုင်း(၉၉)
ပြီးပါပြီ။ယွ