← Chapters

မဟာဝေရောစန

Vol. 173 Ch. 2477

မဟာဝေရောစန

Vol. 173 Ch. 2477

“ဟမ်”

ရှေ့သို့ လျှောက်လာသည့် ကျင့်ကြံသူက ရှန်းယန်ဗုဒ္ဓအရှင်၏ လက်အောက်မှ ကျင့်ကြံသူ ဖြစ်သည်။ သူက ကောင်းကင်မျက်လုံးကို အသုံးပြုကာ ရီဖူရှင်းအား စစ်ဆေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ဗုဒ္ဓစက္ခုအာရုံက ဗုဒ္ဓအထူးစွမ်းရည်ခြောက်မျိုးမှ တစ်မျိုးဖြစ်ပြီး အဆုံးမဲ့ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဗုဒ္ဓ၏ စက္ခုအာရုံမှာ အရာအားလုံးကို ဖြတ်မြင်နိုင်စွမ်းရှိပေသည်။ ၎င်းကို အမြင့်ဆုံးအခြေအနေထိ ကျင့်ကြံနိုင်သောအခါ တစ်စုံတစ်ယောက်၏ အတိတ်နှင့် အနာဂတ်ကိုပင် မြင်နိုင်စွမ်းရှိပေသည်။

ရီဖူရှင်းက ဓမ္မကို ထုတ်လွှတ်ခဲ့သည်မှန်သော်လည်း သူ့အဆင့်က ရီဖူရှင်းထက် ပိုမိုမြင့်မားပေသည်။ ဗုဒ္ဓစက္ခုအာရုံကို အသုံးပြုလိုက်သည့်အခါ သူက ရီဖူရှင်း၏ အားနည်းချက်ကို မည်သည့် ဖုံးကွယ်ထားမှုမှ မရှိဘဲ ရှာဖွေနိုင်စွမ်း ရှိသင့်ပေသည်။ သူက အစွမ်းထက်ဆုံး စွမ်းရည်ကို အသုံးပြုပြီး ရီဖူရှင်း၏ အနှစ်သာရကို ဖြတ်မြင်နိုင်ပါက သူ့ကို အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ဗုဒ္ဓစက္ခုအာရုံက ယခင်မှ အဖြစ်အပျက်များကိုသာ မြင်နိုင်စွမ်းရှိသည်။ သို့သော် သူက ပြည့်စုံသည့်အဆင့်သို့ ရောက်နေခြင်း မဟုတ်သလို မည်သည့်ကိုမှ ရှင်းလင်းစွာ မြင်နိုင်စွမ်းမရှိခဲ့ပေ။

သူသည် ရီဖူရှင်းက ရွှေဖြင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်နှင့် စစ်မှန်သည့် အသန့်စင်ဆုံး ဗုဒ္ဓကျင့်ကြံသူ ဖြစ်လာသူဟူသည့် ခံစားချက်ကို ပေးစွမ်းပေသည်။ ဗုဒ္ဓ၏ ကောင်းချီးအောက်တွင် သူက တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်သည်။

ဤသည်မှာ သူ အခြားသော ဗုဒ္ဓအရှင်များအား ဗုဒ္ဓစက္ခုအာရုံနှင့် ကြည့်ရှုသည့်အခါ ဖြစ်တတ်သကဲ့သို့ပင် ဖြစ်သော်လည်း ယခု ရီဖူရှင်းအား ကြည့်သောအခါ၌ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်း။

“သူက နည်းနည်း ထူးဆန်းတယ်။” သူသာလျှင်မဟုတ်ဘဲ ဤတစ်ကြိမ်၌ ရီဖူရှင်းကို ကြည့်နေသည့် သူ့တပည့်များအားလုံး၏ မျက်လုံးများထဲမှ ရွှေရောင်ဗုဒ္ဓအလင်းတို့ တောက်ပလာသည်။ သူတို့က ကောင်းကင်မျက်လုံးကို အသုံးပြုပြီး ထောက်လှမ်းစစ်ဆေးနေသည်။ သို့သော် သူတို့က သူ၏ အတိုင်းမဆကို နားလည်သဘောမပေါက်နိုင်ဘဲ သူတို့ အားထုတ်မှုများက အချည်းနှီးဖြစ်သွားကြရပေသည်။

ဗုဒ္ဓစက္ခုအာရုံက ရီဖူရှင်းပေါ်တွင် အကြွင်းမဲ့ သက်ရောက်မှု မရှိဘဲ သူတို့်အား ထင်ယောင်ထင်မှားကဲ့သို့ ခံစားချက်ကို ပေးစွမ်းသည်။

“တကယ်ပဲ သူ့မှာ ဗုဒ္ဓစက္ခုအာရုံရဲ့ ထောက်လှမ်းစစ်ဆေးမှုကို ခုခံကာကွယ်နိုင်တဲ့ ကောင်းချီးမဟုတ်ရင် နတ်ရတနာတွေ ရှိနေတာ ဖြစ်ရမယ်။” သူ့ဘေးမှ လူများက ခန့်မှန်းနေကြသည်။ ဗုဒ္ဓစက္ခုအာရုံက ရီဖူရှင်းကို ဖြတ်မြင်နိုင်စွမ်းမရှိလျှင် ရီဖူရှင်းနှင့် တိုက်ပွဲအစစ်အမှန် တိုက်ခိုက်ရန်နည်းလမ်းတစ်ခုသာ ရှိပြီး ၎င်းက လွယ်ကူလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ယခင်က အဆင့်ကိုးဗုဒ္ဓကျင့်ကြံသူများကို အလဲထိုး တိုက်ခိုက်ရာ၌ ထူးချွန်လှသည့် တိုက်ပွဲစွမ်းရည်ကို ဖော်ပြခဲ့သည်။

သို့သော် ရှေ့သို့ တက်လာသည့် လူက ရှန်းယန်ဗုဒ္ဓအရှင်လက်အောက်တွင် ကျင့်ကြံနေသည့် တပည့်ဖြစ်သည်။ သူက ရီဖူရှင်းကို ဖြတ်ကာ မမြင်နိုင်လျှင်ပင် သူ၏ ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ်များက ရီဖူရှင်းနှင့် ယှဥ်ရန် တူညီသည့် အခြေအနေ၌ ရှိနိုင်သည်။

ထိုဗုဒ္ဓကျင့်ကြံသူများ၏ အမူအရာက အနည်းငယ် လေးနက်နေခဲ့သည်။ အတွေးတစ်ချက်နှင့် ထိုလေဟာနယ်က ရုတ်တရက် ဗုဒ္ဓနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့နောက်တွင် ထျန်းယန်ဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာ၏။ တစ်ချိန်တည်းတွင် လေဟာနယ်ဝန်းကျင်အတွင်း မရေတွက်နိုင်သော မျက်လုံးများ အစုံလိုက် ထွက်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းက အန​ည်းငယ် ကြောက်မက်ဖွယ် ကောင်းပေသည်။

ထိုများပြားလှသည့် မျက်လုံးများက ရီဖူရှင်း ရှိရာဘက်သို့ တစ်ချိန်တည်း ကြည့်​နေခဲ့၏။ ရီဖူရှင်းက ထိုမျက်လုံးများကို ကြည့်လိုက်သောအခါ မရေတွက်နိုင်သည့် ပုံရိပ်များက သူ့စိတ်ထဲတွင် ပုံရိပ်ယောင်များကဲ့သို့ ပေါ်ပေါက်လာသည်။ မျက်လုံးတစ်စုံစီတွင် မတူကွဲပြားသည့် အိပ်မက်ဆန်ဆန် မြင်ကွင်းများ ပါဝင်နေပြီး ရီဖူရှင်းကို မျက်ဝန်းမှော်ပညာ လောကအတွင်း တိုက်ရိုက် ဆွဲသွင်းလိုက်သလို ထင်မှတ်ရပေသည်။

ရီဖူရှင်းက မျက်ဝန်းမှော်ပညာလောကအတွင်းရှိ အခြားနေရာတစ်ခုအတွင်း ဝင်ရောက်သွားပုံပေါ်သည်။ သိသာစွာပင် သူက ၎င်းကို မှားယွင်းသည့် ပုံရိပ်ယောင်အဖြစ် သိရှိထားသော်လည်း သူက ထိုပုံရိပ်များထဲ ကျရောက်သွားနေဆဲ ဖြစ်သည်။

သို့သော် သူက မတုန်လှုပ်သွားခဲ့ပေ။ သူ၏ နှုတ်ဖျားမှ ဗုဒ္ဓအသံတို့ ထွက်ပေါ်လာကာ မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်မှ တောက်ပသော အလင်းတို့ ထုတ်လွှတ်လာသည်။ ဗုဒ္ဓအလင်းတို့က သူ့ကို ဝိုင်းရံလာကာ ပုံရိပ်ယောင်များကို ဖယ်ထုတ်လိုက်သည်။ မရေတွက်နိုင်သော ကောင်းကင်မျက်လုံးများက လေထဲတွင် ရှိနေဆဲဖြစ်သော်လည်း သူက မြေပြင်တွင် ရပ်​နေကာ မလှုပ်ရှားခဲ့ပေ။

အားလုံးသော ပုံရိပ်ယောင်များက ပျက်ပြယ်သွားသည်ဖယ

ဘုန်း...

တစ်ချိန်တည်းတွင် ဗုဒ္ဓ၏ ရွှေရောင်အလင်းတို့က ကောင်းကင်မျက်လုံးများမှ  ဖြာထွက်လာကာ ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ ရုတ်တရက် ရီဖူရှင်းက သူ့ခန္ဓာကိုယ်က ထိန်းချုပ်ခံနေရသည်ဟု ခံစားခဲ့ရသည်။ သူ့အတွက် လှုပ်ရှားရန် ခက်ခဲနေခဲ့ပြီး သူက ခြေထောက်ကိုပင် မ၍မရနိုင်ခဲ့ပေ။

ဗုဒ္ဓသင်္ကေတအက္ခရာတို့က သူ့နှုတ်ဖျားမှ အဆက်မပြတ် ထွက်ပေါ်လာကာ လေဟာနယ်အတွင်းရှိ ထိုမျက်လုံးများထံ ပျံသန်းသွားသည်။ မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်က ပို၍ပင် တောက်ပသော ဗုဒ္ဓအလင်းရောင်တို့ကို ထုတ်လွှတ်လာသည်။ ရီဖူရှင်းက ငြိမ်သက်နေဆဲ ဖြစ်သည်။

ထိုဗုဒ္ဓကျင့်ကြံသူက သူ့လက်ကို မြှောက်လိုက်သည့်အခါ သူ့နောက်တွင် ရှိနေသည့် ထျန်းယင်ဗုဒ္ဓ၏ လက်ထဲတွင် ရွှေရောင်နတ်ဓားတစ်လက် ထွက်ပေါ်လာသည်။ ဤဓားက ဗုဒ္ဓအလင်းရောင်ဖြင့် ကောင်းချီးပေးခံထားရပြီး မကောင်းဆိုးဝါးဝိညာဥ်များအားလုံး၏ မုသားများအားလုံးကို ဖော်ထုတ်နိုင်စွမ်း ရှိပုံရသည်။

တစ်ချိန်တည်းတွင် ထိုကောင်းကင်မျက်လုံးများအတွင်း ရောင်ပြန်ဟပ်နေသည့် ဗုဒ္ဓပုံရိပ်များ ရှိနေသည်။ ၎င်းတို့က နတ်ဓားနှင့် ခုတ်ပိုင်းလိုက်သည့် ဗုဒ္ဓနှင့် တူညီသော လှုပ်ရှားမှုကို ပြုလုပ်လိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သည်။

“ထိန်းချုပ်ခြင်းနည်းစနစ် ကျူးရှယ်ဓား။”

ဗုဒ္ဓကျင့်ကြံသူများအားလုံးက ထိုမြင်ကွင်းကို မျက်မြင်တွေ့ရသည့်အခါ သူတို့က ထိုအစွမ်းထက်ဗုဒ္ဓစွမ်းရည်နှစ်ခုကို သတိပြုမိလိုက်သည်။ သူက ထိန်းချုပ်ခြင်းနည်းစနစ်ကို ထုတ်လွှတ်ရန် ကောင်းကင်မျက်လုံးကို အသုံးပြုကာ ကျူးရှယ်ဓားနှင့် ပေါင်းစပ်၍ ပုံရိပ်ယောင်များကို ဖြတ်သန်းကာ ရုပ်ခန္ဓာအား တိုက်ရိုက် တိုက်ခိုက်နိုင်သည်ထိ အစွမ်းထက်ပေသည်။ နတ်ဓားမှ တိုက်ခိုက်မှုကို မည်သည့် မကောင်းဆိုးဝါးဝိညာဥ်မှ တားဆီးနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းက အနောက်ဘက်ကောင်းကင်၏ ရှေးဟောင်းကျောင်းဆောင်များအတွင်း ဗုဒ္ဓလမ်းစဥ်ကို လအနည်းငယ် အသုံးပြုကာ လေ့လာခဲ့သည်။ သူက ဗုဒ္ဓ၏ အထူးစွမ်းရည်များကို ကျင့်ကြံရန် မဖြစ်နိုင်သော်လည်း ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်များ၏ အခြေခံအချို့ကို နားလည်ခဲ့သည်။ သူက ထိန်းချုပ်ခြင်းနည်းစနစ်နှင့် ကျူးရှယ်ဓားကို နားလည်သဘောပေါက်ခဲ့ပေသည်။

ဗုဒ္ဓ၏ ထူးခြားသော စွမ်းရည်နှစ်ခုကို ပေါင်းစပ်ကာ လိုက်ဖက်ညီအောင် အသုံးပြုခြင်းက အမှန်တကယ် ပြိုင်ဘက်ကင်းကာ အံ့သြဖွယ် ကောင်းလှသည်။

မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်က ကျူးရှယ်ဓားနှင့် တွေ့ဆုံသည့်အခါ မည်သို့ ဖြစ်လိမ့်မည်နည်း။

ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းတို့က ပို၍ တောက်ပလာသည်။ ဝရဇိန်မန္တန်တို့က သူ့ထံမှ ထွက်ပေါ်လာပြီး ကောင်းကင်မျက်လုံးများပေါ်သို့ ကျရောက်လာသည်။ သို့သော် ကျူးရှယ်ဓားက ကျရောက်လာကာ တိုက်ပွဲသဏ္ဌာန်ပေါ်သို့ တိုက်ခိုက်လိုက်သည်။ ရုတ်တရက် မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်၌ အက်ကြောင်းများ ပေါ်ထွက်လာပေသည်။ တစ်ချိန်တည်းတွင် ကိုယ်ထည်က စတင်ပြိုကျလာပြီး  ဝရဇိန်မန္တန်တို့က ကောင်းကင်မျက်လုံးများကို ထိခတ်ကာ ၎င်းတို့အား အပြည့်အဝ ဖျက်ဆီးပစ်လိုက်သည်။

ကျူးရှယ်ဓားက အောက်သို့ ကျဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် ရိုက်ခတ်မိသည့်အခါ နောက်ထပ် တောက်ပသော ဗုဒ္ဓအလင်းတို့ ပေါက်ကွဲထွက်လာသည်။ ဖော်ပြ၍ မရနိုင်လောက်အောင် တော​က်ပသည့် ရွှေရောင်အလင်းတို့က ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။ ဗုဒ္ဓတစ်ပါး ပေါ်ထွက်လာပြီး ကျူးရှယ်ဓားကို ဆန့်ကျင်ဘက်အရပ် အထက်သို့ တွန်းပို့လိုက်၏။

ရွှေရောင်နေမင်းက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်းက ရှေးဟောင်းဗုဒ္ဓတစ်ပါး ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပသော အလင်းများကို ဖြန့်ကျက်လာသည်။ ရွှေရောင်နတ်မီးလျှံက ဗုဒ္ဓခန္ဓာပေါ်တွင် လောင်ကျွမ်းလာ၏။ အလွန် အားကောင်းလှသော ကျူးရှယ်ဓားသည် မီးလျှံများဖြင့် တောက်ပကာ စတင်လောင်ကျွမ်းလာစေသည်။ ၎င်းက နည်းနည်းချင်းစီ ဖျက်ဆီးခံလာရသည်။

“မဟာဝေရောစနဗုဒ္ဓ” အားလုံးသော ဗုဒ္ဓတို့က သူတို့မြင်ခဲ့ရသည့် မြင်ကွင်းကြောင့် အနည်းငယ် အံ့သြထိတ်လန့်သွားကြပေသည်။ ရီဖူရှင်းသည် ယခင်က မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်နှင့် ဝရဇိန်မန္တန်ဟုသော အစွမ်းထက်သည့် ဗုဒ္ဓစွမ်းရည်နှစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ ယခု သူက တတိယမြောက် စွမ်းရည်ဖြစ်သည့် မဟာဝေရောစနဗုဒ္ဓရောင်ခြည်တော်ကို ထုတ်ဖော်အသုံးပြုနိုင်ပေသည်။

သူက ၎င်းကို မည်သို့အောင်မြင်ခဲ့သန​ည်း။

မဟာဝေရောစနဗုဒ္ဓက အကြွင်းမဲ့ဓမ္မခန္ဓာကို ပိုင်ဆိုင်ထားပြီး ဗုဒ္ဓလမ်းစဥ်ကျင့်ကြံသူများတွင် အစွမ်းထက်ဆုံး ဓမ္မခန္ဓာကို ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်နိုင်သည်။ ဗုဒ္ဓကျင့်ကြံခြင်းလောကမှ ထိပ်တန်း ကျင့်ကြံသူများသည်ပင် ၎င်းကို ကျင့်ကြံရန်မှာ စိန်ခေါ်မှုတစ်ရပ်ဟု ဆိုရပေမည်။ ထိုအကြောင်း တစ်ခုနှစ်ခုကို လေ့လာနိုင်ရန်မှာ ဗုဒ္ဓကျင့်ကြံခြင်းနည်းလမ်းတို့၏ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။

ရီဖူရှင်းက မဟာဝေရောစနဗုဒ္ဓစွမ်းရည်ကို မည်သို့ ကျင့်ကြံနိုင်ခဲ့သနည်း။

“အဲဒါ မဟုတ်ဘူး။”

“ဘယ်ရှေးဟောင်းကျောင်းဆောင်မှာမှ မဟာဝေရောစနဗုဒ္ဓကျင့်ကြံခြင်း မရှိဘူး။ ရိုးရိုးရှင်းရှင်း မိတ်ဆက်ထားတဲ့ အကြောင်းအရာလောက်ပဲ ရှိတယ်။ အဲဒီတော့ သူ ဘယ်လိုကျင့်ကြံခဲ့တာလဲ။ သူက ဗုဒ္ဓလမ်းစဥ် ကျင့်ကြံခြင်းကို လွန်ခဲ့တဲ့ လအနည်းငယ်က စတင်ကျင့်ကြံခဲ့တာ မဟုတ်ရင် ဟိုးအရင်ကတည်းက စတင်ကျင့်ကြံခဲ့တာ ဖြစ်နိုင်လား။” ဗုဒ္ဓကျင့်ကြံသူအချို့က ဤအဖြစ်အပျက်ကြောင့် မေးခွန်းထုတ်ခဲ့ကြသည်။

“မဟာဝေရောစနဗုဒ္ဓစွမ်းရည်က ဗုဒ္ဓရဲ့ ဓမ္မခန္ဓာတွေထဲမှာ အစွမ်းထက်ဆုံးပဲ။ အပြင်လူတွေ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ သူ ဘယ်လိုကျင့်ကြံခဲ့တာလဲ။ သူ အဲဒါကို ဘယ်နေရာကနေ ခိုးခဲ့တာလဲ။” အခြားတစ်ယောက်က အပြစ်တင်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်သည်။

“ဗုဒ္ဓအရှင် ဒီလူငယ်ရဲ့ ရည်ရွယ်ချက်က သံသယဖြစ်ဖို့ ကောင်းလွန်းတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်သင့်တယ်။” တစ်စုံတစ်ယောက်က အမြင့်၌ ရှိနေသည့် ဗုဒ္ဓအရှင်များကို ကြည့်ကာ အကြံပြု ပြောလိုက်သည်။

သူတို့စကားပြောဆိုနေစဥ်မှာပင် မဟာဝေရောစနဗုဒ္ဓရောင်ခြည်က ဆက်လက်ကျယ်ပြန့်လာကာ ကျူးရှယ်ဓားအား တဖျစ်ဖျစ် မြည်အောင် လောင်ကျွမ်းလာစေပြီး မတုန်လှုပ်မယိမ်းယိုင်သည့် နည်းစနစ်ကို ဖြတ်သန်းကာ ကောင်းကင်မျက်လုံးများကို ထိုးဖောက်လိုက်သည်။ မိုးချုန်းသံတမျှ ကျယ်လောင်သည့် အသံတို့ ထွက်ပေါ်လာပြီး အဆုံးမဲ့ကြီးမားလှသည့် မဟာဝေရောစနဗုဒ္ဓက လက်ကို မြှောက်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။ ၎င်းသည် မဟာဝေရောစနဗုဒ္ဓလက်ဝါးပင် ဖြစ်လေသည်။

ဗုဒ္ဓကျင့်ကြံသူက ယှဥ်ပြိုင်ရန် ဓမ္မခန္ဓာကို ဆင့်ခေါ်ဖို့ရာ ကြိုးစားလိုက်သော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည့် မဟာဝေရောစနဗုဒ္ဓလက်ဝါးက အရာအားလုံးကို ဖြိုခွဲဖျက်ဆီးပစ်လိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာသည်။ ထိုဗုဒ္ဓကျင့်ကြံသူက ဖျက်ဆီးချေမွခံလိုက်ရသလို ညည်းညူသံ ထွက်ပေါ်လာသည်။ သူက ပါးစပ်အပြည့်သွေးတို့ကို အန်ထုတ်လိုက်ပြီး သူ၏ ရွှေရောင်ခန္ဓာက အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။

ဘန်း...

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မဟာဝေရောစနဗုဒ္ဓလက်ဝါးက ရွှေရောင်ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲပစ်လိုက်ပြီး မြေပြင်ပေါ်၌ ကြောက်မက်ဖွယ် လက်ဝါးရာကြီးတစ်ခု ကျန်ရစ်ခဲ့ပြီးနောက် တဖြေးဖြေး ပျောက်ကွယ်လာသည်။ သို့သော် ထိုဗုဒ္ဓကျင့်ကြံသူက အသက်ကို ခပ်မျှင်းမျှင်းသာ ရှုနေခဲ့ပြီး သူ့ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် အားနည်းနေခဲ့သည်။ သူက တိုက်ခိုက်ရန် စွမ်းရည်များ ဆုံးရှုံးသွားသည်မှာ ရှင်းလင်းပေသည်။

သူတို့က ရီဖူရှင်းကို ထပ်ကြည့်လိုက်သောအခါ ကျယ်ပြောသော လေဟာနယ်တွင် ဗုဒ္ဓအလင်းရောင်တို့ တောက်ပလာသည်ကို မြင်လိုက်ရပြီး မဟာဝေရောစနဗုဒ္ဓရောင်ခြည်တော်တို့က အနန္တအလင်းတန်းများအဖြစ် ဖြာထွက်လာပေသည်။ ရီဖူရှင်းက သူ့ကိုယ်သူ ဗုဒ္ဓတစ်ပါးအဖြစ် သက်သေပြခဲ့ပြီး ဖြစ်ပုံရလေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းက စစ်မှန်သည့် ဗုဒ္ဓတစ်ပါးကဲ့သို့ပင် ဖြစ်သည်။

All Chapters