← Chapters

အန္တရာယ်အငွေ့အသက်

Vol. 173 Ch. 2478

အန္တရာယ်အငွေ့အသက်

Vol. 173 Ch. 2478

“မဟာဝေရောစန”

ရီဖူရှင်းအနိုင်ယူလိုက်သူ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူသည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူသည် ဗုဒ္ဓလမ်းစဉ်ကို ရှန်းယန်ဗုဒ္ဓအရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျင့်ကြံခဲ့သူဖြစ်သည်။ သူသည် ရှန်ယန်းဗုဒ္ဓအရှင်နောက်သို့ နှစ်ပေါင်းများစွာလိုက်ခဲ့ပြီး ဗုဒ္ဓအရှင်ကိုယ်တိုင် သင်ကြားပေးခြင်းခံရမည့် အခွင့်အရေးကို ရခဲ့လေသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် နက်နဲသောဗုဒ္ဓလမ်းစဉ်အချို့သည် ကျင့်ကြံရန် ခက်ခဲနေဆဲဖြစ်သည်။

မဟာဝေရောစနသည် ထိပ်တန်းအဆင့်ဗုဒ္ဓလမ်းစဉ်တစ်ခုဖြစ်ပြီး ဗုဒ္ဓလမ်းစဉ်တွင် စွမ်းအားအကြီးဆုံး၊ အမြင့်မြတ်ဆုံး ဓမ္မကျမ်းစာအဖြစ် သိကြလေသည်။ မဟာဝေရောစနဗုဒ္ဓအရှင်သည် ဓမ္မတရားကိုကျင့်ကြံခဲ့သော ဓမ္မကရဗုဒ္ဓတစ်ပါးဖြစ်ကာ ဗောဓိဉာဏ်တော်ကိုရရှိခဲ့ပြီး မဟာဝေရောစနဗုဒ္ဓအရှင် ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် မဟာဝေရောစနသည် လွန်စွာသန်မာ၍ ဖော်ပြ၍ပင်မရနိုင်အောင် စွမ်းအားကြီးလေသည်။ မဟာဝေရောစနသည် မည်သည့်အတွက်ကြောင့်မှ မညစ်နွမ်းနိုင်ဘဲ မကောင်းဆိုးဝါးအားလုံးကို ကျော်လွှားနိုင်စွမ်းရှိပေသည်။

သို့သော် သူမကျင့်ကြံနိုင်ခဲ့သော ထိုမြင့်မြတ်သောလမ်းစဉ်ကို ရီဖူရှင်းက ကျင့်ကြံနိုင်ခဲ့သည်။ ထိုကောင်းကင်ဒေသမှကျင့်ကြံသူသည် ဗုဒ္ဓလမ်းစဉ်နှင့်ထိတွေ့ခဲ့သည်မှာ လအနည်းငယ်သာရှိပေသေးသည်။

“မင်းဘယ်တုန်းက မဟာဝေရောစနကို ကျင့်ကြံလိုက်တာလဲ”

ထိုဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ၏မျက်လုံးများသည် လေးနက်နေပြီး သူသည် သူ၏ဒဏ်ရာများကိုပင် မေ့လျော့နေပုံရလေသည်။ သူ့နှလုံးသားထဲမှ အံ့အားသင့်တုန်လှုပ်မှုသည် ပို၍အားကောင်းနေသဖြင့် သူ့ကိုယ်ပေါ်တွင်ရရှိထားသော ဒဏ်ရာများ၏သက်ရောက်မှုကိုပင် ဖုံးလွှမ်းသွားနိုင်လေသည်။

ရီဖူရှင်း ပြန်မဖြေလိုက်ပေ။ သူသည် လက်အုပ်ချီလိုက်ပြီး လိပ်ပြာတောင်ကုန်းအထက်ရှိ မြင့်မြတ်သောဗုဒ္ဓအရှင်ကိုကြည့်၍ ပြောလိုက်သည်။

“အကြွင်းမဲ့ဗုဒ္ဓက ဗုဒ္ဓလမ်းစဉ်ကို တစ်လောကလုံးကို သင်ကြားပြသခဲ့တယ်။ အဲ့လိုသင်ကြားပြသရတဲ့ ရည်ရွယ်ချက်က တစ်လောကလုံးကလူတွေ ဗုဒ္ဓလမ်းစဉ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်နိုင်ဖို့ပါ။ အဲ့ဒါကြောင့် ကျွန်တော် မဟာဝေရောစနကို ကျင့်ကြံတာက အပြစ်တစ်ခုလား။ အဲ့ဒါက ကျွန်တော်နဲ့ဗုဒ္ဓလမ်းစဉ်က ရေစက်ပါတယ်လို့ ဆိုရမှာမလား”

“အော်မီထောဖော...”

ဝူထျန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီ၍ပြောလိုက်သည်။

“ရီဖူရှင်းရဲ့စကားတွေက မှန်ပါတယ်။ ဗုဒ္ဓလမ်းစဉ်က တစ်လောကလုံးမှာ ပျံ့နှံ့နေတာပဲ။ သူကျင့်ကြံနိုင်ရင်လည်း သူနဲ့ဗုဒ္ဓလမ်းစဉ်က ရေစက်ပါတယ်လို့ ဆိုရမှာပါပဲ။ ပြီးတော့ သူရဲ့ မဟာဝေရောစနကို ကျင့်ကြံခြင်းကလည်း ပြီးပြည့်စုံနေပါပြီ။ ဗုဒ္ဓအရှင်တွေအားလုံး ရှိနေသေးတာကို သူ့ကို ဗုဒ္ဓလမ်းစဉ်ကို ခိုးယူတယ်လို့စွပ်စွဲရင် အခြေအမြစ်မရှိဖြစ်နေမှာပေါ့”

ဗုဒ္ဓလမ်းစဉ်အားလုံးသည် အနှိုင်းမဲ့ဆန်းကြယ်ပေသည်။ ရီဖူရှင်းသည် ထိုကဲ့သို့ မြင့်မြတ်သောဗုဒ္ဓလမ်းစဉ်များကို အဘယ်သို့ လျှို့ဝှက်ကျင့်ကြံနိုင်မည်နည်း။ အကယ်၍ သူသာ ခိုးကြောင်ခိုးဝှက်ကျင့်ကြံခဲ့ခြင်းဖြစ်ပါက သူတို့သည် အလွယ်တကူသိရှိနိုင်မည်ဖြစ်သည်။

“အဲ့လိုဆိုရင်တောင် သူမဟာဝေရောစနကို ဘယ်လိုကျင့်ကြံခဲ့တာလဲ”

ရှန်းယန်ဗုဒ္ဓအရှင်က မေးလိုက်သည်။ သူသည် အမြဲလိုလို ရီဖူရှင်းကို ရန်လိုနေတတ်လေသည်။ သို့သော် သူသည် ရီဖူရှင်းကို ရန်သူတစ်ဦးအနေဖြင့် သဘောထားသည်ဟုတော့ မဆိုနိုင်ပေ။ သူ့အမြင်တွင် ရီဖူရှင်းသည် အရှင်အဆင့်ကျင့်ကြံသူအများအပြားကို အကောက်ကြံကာ သေဆုံးစေခဲ့သော လူငယ်လေးတစ်ဦးသာဖြစ်သည်။ သူသည် နတ်ခန္ဓာ၏ပေါက်ကွဲမှုကိုသုံး၍ သူတော်စင်ကျန်းချန်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။ ထိုအဖြစ်အပျက်များအားလုံး ဖြစ်ပျက်ခဲ့ရခြင်းမှာ ရီဖူရှင်းကိုယ်ပိုင်အင်အားကြောင်း မဟုတ်ပေ။

သူသည် ဗုဒ္ဓလမ်းစဉ်လွှမ်းမိုးသောလောကမှ မဟာဗုဒ္ဓအရှင်တစ်ပါးဖြစ်ရာ ရီဖူရှင်းကိုကဲ့သို့ မထင်မရှားလူငယ်လေးတစ်ဦးကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

သို့သော် သူသည် ရီဖူရှင်းပြုမူသည့်ပုံစံကို မကြိုက်ပေ။

“ကျွန်တော် ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတုန်းက ဗုဒ္ဓတစ်ပါးက ကျွန်တော့်ကို ဗုဒ္ဓလမ်းစဉ်နဲ့ပတ်သတ်ပြီး လမ်းညွှန်ပေးခဲ့ပြီး မဟာဝေရောစနကို ကျင့်ကြံတဲ့နေရာမှာလည်း ကူညီပေးခဲ့လို့ဆိုပြီးပြောရင် ဗုဒ္ဓအရှင်က ကျွန်တော့်ကို ယုံကြည်မှာပါလား”

ရီဖူရှင်း ပြောလိုက်သည်။

“အဲ့ဒါက အဓိပ္ပာယ်မရှိတာပဲ”

ရှန်းယန်ဗုဒ္ဓအရှင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘယ် မဟာဗုဒ္ဓအရှင်ကများ မင်းကို ဗုဒ္ဓလမ်းစဉ်သင်ကြားပေးတာလ”

“ဗုဒ္ဓပြောသလိုပဲ ဆိတ်ဆိတ်နေထောင်ထန်တဲ့”

ရီဖူရှင်း ပြန်ပြောလိုက်သည်။ ထိုစကားကြောင့် ရှန်းယန်ဗုဒ္ဓအရှင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် ရီဖူရှင်းအပေါ်သို့ ဖိအားတစ်ခုသည် အာကာပြင်ကိုဖြတ်သန်းကာ ကျရောက်လာပြီး သူ့ကို ခေါင်းအစခြေအစုံ ဖိနှိပ်ထားလေသည်။

“ဒီနေ့ ကျွန်တော်ဒီကိုလာတာ ဗုဒ္ဓလမ်းစဉ်တွေကို ရိုရိုကျိုးကျိုး ရှာဖွေဖို့ပါ။ ဗုဒ္ဓအရှင်ကိုယ်တိုင်ထွက်လာပြီး လမ်းညွှန်ပြသပေးဖို့ ဆန္ဒရှိပါသလားခင်ဗျာ”

ရီဖူရှင်းမေးလိုက်သည်။ သူသည် ရန်ဟောင်အဆင့်ရှစ်သာရှိသေးသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ယခင်က ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံခဲ့သူမဟုတ်ပေ။ အကယ်၍ ရှန်းယန်ဗုဒ္ဓအရှင်ကဲ့သို့ အလေးအမြတ်ထားဖွယ် ဗုဒ္ဓတစ်ပါးသာ သူနှင့်တိုက်ခိုက်ခဲ့ပါက ထိုတိုက်ပွဲသည် မမျှတသောတိုက်ပွဲဟု ဆိုနိုင်ပေလိမ့်မည်။

ယခုအခြေအနေအောက်တွင် သူတို့သည် အဘယ်သို့ ဆက်၍ဆွေးနွေးနိုင်၊ သို့မဟုတ် ဗုဒ္ဓလမ်းစဉ်များကို လဲလှယ်နိုင်မည်နည်း။ ထိုအပြုအမူသည် အနိုင်ကျင့်ခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။

ထိုနေရာတွင် ဗုဒ္ဓအရှင်အားလုံး စုဝေးနေသဖြင့် ရှန်းယန်ဗုဒ္ဓအရှင်သည် သူသဘောရှိသည့်အတိုင်း လုပ်၍မရဖြစ်နေသည်။ ထို့ကြောင့် သူသည် နှာခေါင်းရှုံ့၍သာ ပြောလိုက်သည်။

“မင်းက ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတယ်ဆိုပေမယ့် ပုံစံလောက်ကိုပဲ ကျင့်ကြံနိုင်ခဲ့တာပဲ။ မင်းက မင်းရဲ့ပါရမီကို မှီခိုပြီး ဗုဒ္ဓတန်ခိုးကို အလျင်စလိုကျင့်ကြံခဲ့တာပဲ။ မင်းရဲ့ကျင့်ကြံခြင်းက ဘာဗုဒ္ဓလမ်းစဉ်အနှစ်သာရမှာမှ အမြစ်မတွယ်နေဘူး။ ငါသိချင်တာက မင်းအဲ့လိုပုံစံနဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာပဲ”

“ရှန်းယန်ဗုဒ္ဓအရှင်ပြောတာမှန်ပါတယ်။ တစ်ယောက်ယောက်က ဗုဒ္ဓတန်ခိုးကို ကျင့်ကြံနိုင်ခဲ့တာနဲ့ သူက ဗုဒ္ဓဖြစ်သွားပြီလို့ ပြောလို့မရဘူးလေ”

အခြားဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

ရီဖူရှင်းသည် လက်အုပ်ချီ၍ အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဗုဒ္ဓအရှင်ပြောတာ အတော်လေးမှန်ပါတယ်။ ကျွန်တော်က ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံခါစပဲရှိပါသေးတယ်။ ပြီးတော့ ကျွန်တော် ဗုဒ္ဓလမ်းစဉ်ရဲ့ နက်ရှိုင်းမှု၊ လေးနက်မှုတွေကို ခံစားမိပါတယ်... တကယ့်စစ်မှန်တဲ့ ဗုဒ္ဓတစ်ပါးဖြစ်လာဖို့က တစ်ဘဝလုံးကျင့်ကြံရင်တောင် လုံလောက်မှာ မဟုတ်ပါဘူး။ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတယ်ဆိုတာ နှလုံးသားကိုကျင့်ကြံတာပါပဲ။ ကျွန်တော် အဲ့အဆင့်အထိမရောက်သေးဘူးဆိုတာ ဝန်ခံပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓလမ်းစဉ်အားလုံးကို အံ့အားသင့်လေးစားမှုပဲရှိပါတယ်။ ဒီလောကက ကျယ်ပြန့်ပါတယ်..ပြီးတော့ မရေမတွက်နိုင်တဲ့လူတွေကလည်း သူတို့ကိုယ်သူတို့ ဗုဒ္ဓလို့ သမုတ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်နှစ်ယောက်ကများ ဗုဒ္ဓလို့အခေါ်ခံရဖို့ ထိုက်တန်လို့လဲ”

“ရိုင်းဆိုင်းလိုက်တာ...”

တစ်စုံတစ်ယောက်သည် ကောင်းကင်ထက်မှနေ၍ ကြိမ်းမောင်းလိုက်သည်။ ထိုအသံကိုကြားလိုက်ရသော ကျင့်ကြံသူအချို့သည် တုန်လှုပ်သွားသည်။

သူတို့သည် ရီဖူရှင်း၏စကားထဲတွင် ရိုင်းပြမှုအချို့ကို ကြားခဲ့ရပြီး သူစကားပြောပုံသည် အတော်လေးရဲတင်းကြောင်းကို သူတို့တွေ့ခဲ့ရလေသည်။

ရီဖူရှင်းပြောလိုနေသည်မှာ ဤကျယ်ပြောသောလောကအတွင်း၌ လူအများအပြားသည် သူတို့ကိုယ်သူတို့ ဗုဒ္ဓဟုသမုတ်သော်လည်း ထိုအထဲမှ မည်သူသည် အမှန်ပင်ဗုဒ္ဓဟုအခေါ်ခံရရန် ထိုက်တန်သနည်းဟူသည်ပင်။

သူ့ရှေ့ရှိ အနောက်ကောင်းကင်မှ လိပ်ပြာတောင်ကုန်းပေါ်တွင် ဗုဒ္ဓများသည် မျက်စိတစ်ဆုံးရှိနေလေသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ဗုဒ္ဓဟုသမုတ်ခဲ့ကြသူများဖြစ်လေသည်။

ရီဖူရှင်းပြောသူများမှာ ထိုသူများမဟုတ်ပေလော။

ရီဖူရှင်းသည် ခေါင်းမော့ကာ သူ့ကိုကြိမ်းမောင်းလိုက်သူကို ကြည့်၍ ပြန်ပြောလိုက်သည်။

“ကျွန်တော်ပြောတာက ဗုဒ္ဓရဲ့သင်ကြားပေးမှုနဲ့ကိုက်ညီပါတယ်။ အဲ့ဒါ ဘာမှားလို့လဲ”

သူသည် ဗုဒ္ဓတန်ခိုးကို ကျင့်နိုင်သည်ဆိုရုံသာကျင့်ကြံနိုင်ခဲ့ပြီး ဗုဒ္ဓလမ်းစဉ်၏အနှစ်သာရကို မထိတွေ့မိသေးဟု ရှန်းယန်ဗုဒ္ဓအရှင်က ပြောခဲ့သည်။ ရီဖူရှင်းပြောခဲ့သည်မှာ ရှန်းယန်ဗုဒ္ဓအရှင်ပြောသည့်စကားကိုပင် အကျယ်ချဲ့၍ ပြောခဲ့ခြင်းသာ။

ရီဖူရှင်းကို ကြိမ်းမောင်းခဲ့သောဗုဒ္ဓအရှင်သည် သူ့ကို စိုက်ကြည့်နေ၏။ ထိုသို့ ရီဖူရှင်းကိုစိုက်ကြည့်နေသူမှာ ထိုဗုဒ္ဓအရှင်တစ်ပါးတည်းမဟုတ်ပေ။ အခြားဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအများအပြားသည်လည်း ရီဖူရှင်းကို အေးစက်စက် ကြည့်နေကြသည်။ ထိုအနောက်ကောင်းကင်မှ လိပ်ပြာတောင်ကုန်းပေါ်တွင် ရီဖူရှင်းသည် ထိုကဲ့သို့ ရဲတင်းသောစကားကို ဆိုဝံ့လေသည်။ သူသည် တစ်ယောက်၊ နှစ်ယောက်ကိုသာ စော်ကားခဲ့ခြင်းမဟုတ်ဘဲ ဗုဒ္ဓအားလုံးကို ဦးတည်ပြောကြားခဲ့ခြင်းပင်။

သို့သော် ရီဖူရှင်းပြောသောစကားသည် မှားသည်ဟုလည်း မဆိုသာပေ။ အကယ်၍ အခြားဗုဒ္ဓအရှင်တစ်ပါးသာ သူ့ကို ထပ်မံစွပ်စွဲခဲ့ပါက သူတို့သည် သူပြောသကဲ့သို့သာဖြစ်သည်ဟု ဝန်ခံရာကျသွားကာ သူတို့သည် ဗုဒ္ဓဟူသောဂုဏ်နာမဖြင့် မထိုက်တန်ကြောင်း သူတို့ကိုယ်တိုင်တွေးမိနေသကဲ့သို့ ဖြစ်မသွားပေလော။

“ဒကာလေးရီက ကောင်းကင်ဒေသမှာရှိတုန်းကလဲ အင်အားစုအမျိုးမျိုးနဲ့ အဓိကလောကကြီးတိုင်းက ကျင့်ကြံသူတွေကို စော်ကားခဲ့တယ်လို့ ကိုယ်တော်တို့ကြားပါတယ်။ အဲ့ဒါကြောင့် ဒကာလေးက သွားစရာမြေမရှိတော့တာမလား။ အခု ကိုယ်တော်တို့ ဒကာလေးရဲ့အပြုအမူကို ကိုယ်တိုင်ကြုံခဲ့ရပြီဆိုတော့...အင်း... ကိုယ်တွေ့ကြုံမှ ယုံလို့ရတယ်ဆိုတာ တကယ်အမှန်ပဲ”

ဗုဒ္ဓတစ်ပါးသည် ပြုံး၍ ပြောလိုက်သည်။ သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ခန့်မှန်းရခက်လေသည်။

“ကျွန်တော် ဗုဒ္ဓလမ်းစဉ်လွှမ်းမိုးတဲ့ အနောက်လောကကို‌ရောက်လာကတည်းက ကျွန်တော် အကောက်ကြံခံခဲ့ရပြီး လိုက်လံဖမ်းဆီးတာကိုလည်း ခံခဲ့ရပါတယ်။ ကျွန်တော်‌ရောက်ကတည်းက ဒီလောကရဲ့ ကျင့်ကြံသူတွေကို စော်ကားမိသလိုများ ဖြစ်သွားလို့ပါလား”

ရီဖူရှင်း ပြန်တုံ့ပြန်လိုက်သည်။

“ကျွန်တော့်ကို အကောက်ကြံခဲ့၊ လိုက်ဖမ်းခဲ့တဲ့သူတွေထဲမှာလည်း ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတွေပါတယ်လို့ ပြောကြတယ်... အဲ့ဒါကြောင့် အရှင်တို့က ကျွန်တော့်ကို မုန်းနေတာပါလား”

“ဒကာလေးရီက ကိုယ်တော်ရဲ့စကားတွေကို စပ်စပ်ထိမခံဖြစ်သွားတာပဲ”

ပြုံးတော်မူဗုဒ္ဓက‌ ပြုံး၍ ပြောလိုက်သည်။ သို့သော် သူသည် မည်သို့မှ ဆက်မပြောတော့ပေ။

ရီဖူရှင်းသည် သူ့ပတ်ပတ်လည်ရှိ ဗုဒ္ဓများကို ဝေ့ဝဲကြည့်လိုက်သည်။ ယနေ့ သူဤနေသို့ မလာခင်တွင် သူသည် ထိုထဲမှအချို့ကို စော်ကားခဲ့ပြီးဖြစ်သည်။ သူသည် အနည်းငယ်ကို ထပ်၍စော်ကားမိလျှင်လည်း အရေးမစိုက်ပေ။ သို့သော် သူသည် အကြွင်းမဲ့ဗုဒ္ဓပွဲတော်မပြီးဆုံးခင်တွင် ထွက်သွားရန် လိုအပ်ပေသည်။ သို့ပေသည့် သူသာ အကြွင်းမဲ့ဗုဒ္ဓနှင့်တွေ့ဆုံခဲ့ပါက အခြေအနေတစ်မျိုးဖြစ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ထိုဗုဒ္ဓများ၏ ဗုဒ္ဓလမ်းစဉ်ကို ဆက်၍စမ်းသပ်ခြင်းသည်သာ အရေးကြီးဆုံးကိစ္စဖြစ်ပေသည်။

ရီဖူရှင်းသည် မဟာဝေရောစနဗုဒ္ဓ‌ရောင်ခြည်တော်နှင့် ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ သူပြောလိုက်၏။

“ကျွန်တော်က မကြာသေးခင်ကမှ ဗုဒ္ဓလမ်းစဉ်ကို စထိတွေ့ခဲ့ရတာပါ။ ကျွန်တော့်ရဲ့ ဗုဒ္ဓလမ်းစဉ်တွေက အလယ်အလတ်အဆင့်ပါပဲ။ ကျွန်တော့်ထက် ဗုဒ္ဓလမ်းစဉ်ကို ပိုနားလည်တဲ့ တခြားဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတွေထံက ကျွန်တော်သင်ယူချင်ပါတယ်”

ရီဖူရှင်းသည် ထိုသို့ပြောလိုက်စဉ်တွင် ရှန်းယန်ဗုဒ္ဓအရှင်ရှိနေရာဘက်သို့ မျက်လုံးဝေ့ကြည့်လိုက်သည်။ ဖိတ်ခေါ်မှုသည် ထင်ရှားပေသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်း၏ဗုဒ္ဓလမ်းစဉ်မှာ အဆင့်နိမ့်ကာ မထိုက်တန်ဟု ပြောခဲ့‌လေသည်။ ရီဖူရှင်းသည် ရှန်းယန်ဗုဒ္ဓအရှင်ကို သူနှင့်အတူယှဉ်ပြိုင်နိုင်မည့် အရည်အချင်းရှိသော တပည့်များကို စေလွှတ်လိုက်ရန် ပြောလိုက်ခြင်းပင်။

ယခုတွင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအများအပြားသည် ရှန်းယန်ရဟန်းကို ကြည့်နေကြသည်။ ရှန်းယန်ဗုဒ္ဓအရှင်၏လက်‌အောက်မှ တပည့်များထဲတွင် ရှန်းယန်ရဟန်းသည် အထူးချွန်ဆုံးဖြစ်သည်။ ယနေ့တွင် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းသို့လာ၍ သူ၏ထူးကဲသောပါရမီကိုပြသခဲ့သည်။ သူသည် ဗုဒ္ဓလမ်းစဉ်ကို လအနည်းငယ်သာကျင့်ကြံရသေးသော်လည်း သူသည် မဟာဝေရောစနအပါအဝင် ဗုဒ္ဓတန်ခိုးအမျိုးမျိုးကို ရရှိခဲ့ပြီဖြစ်သည်။

လူများ၏မျက်လုံးထဲတွင် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ခြေလှမ်းအတိုင်း လိုက်လိုနေသည်ဟု မြင်ပေသည်။ ထိုရည်ရွယ်ချက်သည် ရူးကြောင်ကြောင်အိပ်မက်တစ်ခုသာဖြစ်ပြီး သူ့ကိုယ်သူ ပို၍အရှက်ရသွားအောင် လုပ်နေသကဲ့သို့သာဖြစ်သည်။ ရှန်းယန်ရဟန်းအပါအဝင် လူအများအပြားသည် သူတို့သည် ရီဖူရှင်းကို အလွယ်တကူအနိုင်ယူကာ သူ့ကိုလိပ်ပြာတောင်ကုန်းမှ ကန်ချနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

သို့သော် ထိုအခိုက်တွင် သူတို့သည် နှလုံးသားထဲ၌ အန္တရာယ်အငွေ့အသက်ခပ်ဖျော့ဖျော့တစ်ခုကို ခံစားလိုက်ကြရလေသည်။ ရီဖူရှင်းသည် သူ့ပတ်ပတ်လည်ရှိ ဗုဒ္ဓအားလုံးနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို အမှန်ပင် ပိုင်ဆိုင်ထားသကဲ့သို့ပင်။

All Chapters