← Chapters

အနိုင်ယူခြင်း

Vol. 173 Ch. 2479

အနိုင်ယူခြင်း

Vol. 173 Ch. 2479

ရှန်းယန်ရဟန်းသည် ရှေ့သို့မထွက်လိုက်ပေ။ အနောက်ကောင်းကင်တွင် ဗုဒ္ဓအများအပြားရှိလေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် ထိုဗုဒ္ဓများအကြားမှ ထိပ်သီးများထဲတွင် ပါဝင်သူဖြစ်သည်။

ရှန်းယန်ရဟန်းသည် ရှန်းယန်ဗုဒ္ဓအရှင်၏နေရာတွင် ဆက်ခံရန် ရွေးချယ်ခံထားရသူဖြစ်သည်။ သူသည် ရှန်းယန်ဗုဒ္ဓအရှင်၏လက်အောက်မှ အထူးချွန်ဆုံးတပည့်ဖြစ်သည်။ လိပ်ပြာတောင်ကုန်းတွင် သူသည် သူ၏မျိုးဆက်အတွင်းတွင် အထူးချွန်ဆုံးရဟန်းတစ်ပါးဖြစ်လေသည်။ သူသည် လိပ်ပြာတောင်ကုန်း၏ အထက်ကောင်းကင်ထိပ်တွင် စံမြန်းရသူဖြစ်သည်။ သူ၏အဆင့်အတန်းသည် ထိုအရာများဖြင့်ပင် သိသာထင်ရှားနေပေပြီ။

ရီဖူရှင်းသည် သူ၏စွမ်းရည်ကို ခြိမ်းခြောက်နိုင်နေပြီဖြစ်သော်လည်း သူနှင့်ယှဉ်နိုင်ရန်ရန်အတွက် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအများအပြားကို ကျော်ဖြတ်ခဲ့ရဦးမည်ဖြစ်သည်။ ယခုတွင် ရှန်းယန်ရဟန်းသည် ကိုယ်တိုင်ဝင်ပါရန် မလိုအပ်သေးပေ။

သို့သော် ရီဖူရှင်းသည် သူ့ကိုမည်သူလာတိုက်ခိုက်မည်ကို အရေးမစိုက်ပေ။ မဟာဝေရောစနတိုက်ပွဲဝင်ပုံစံသည် ရှိနေဆဲဖြစ်သည်။ သူသည် ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။ သူသည် မြန်မြန်မ‌ရွေ့လျားနေသော်လည်း သူ၏ခြေလှမ်းတိုင်းသည် တည်ငြိမ်မြဲမြံပေသည်။ ထို့ကြောင့် လူများသည် သူမှာ ခိုင်ခံ့တည်မြဲ၍ ‌ရွေ့လျားအောင်လုပ်နေမရနိုင်သော ကျောက်ဆောင်တစ်ခုကဲ့သို့ဖြစ်သည်ဟု ခံစားမိသွားကြသည်။

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦး ရှေ့သို့ထွက်လာသည်။ သူသည် ဗုဒ္ဓလမ်းစဉ်နဝမအဆင့်တွင် ရှိနေသူဖြစ်သည်။ ယခုတွင် ထိုသို့အဆင့်ရှိသည့် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသာ ရီဖူရှင်းနှင့် ဗုဒ္ဓဓမ္မတွင် ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်သည်။ စစချင်းမှာပင် နဝမအဆင့်ကျင့်ကြံသူတစ်ဦးသည် သူ့ကိုလာရောက်တိုက်ခိုက်ခဲ့သည်။ ဗုဒ္ဓလမ်းစဉ်အဋ္ဌမအဆင့်ကျင့်ကြံသူများတွင် ရဟန်းအဆင့်ရှိသူများသာ ရီဖူရှင်းကိုယှဉ်နိုင်ရန် အခွင့်အရေးရှိပေသည်။

“ကိုယ်တော် ဒကာလေးရီရဲ့ ဗုဒ္ဓဓမ္မကို အရင်ဆုံး စမ်းကြည့်လိုပါတယ်”

ထွက်ပေါ်လာသည့် ဘုန်းတော်ကြီးက ပြောလိုက်သည်။ သူသည် ရီဖူရှင်းအထက်ကောင်းကင်တွင် ရပ်နေသည်။ သူသည် ရီဖူရှင်းထက်ပို၍အသက်ကြီးပေသည်။ သူသည် ဗုဒ္ဓလမ်းစဉ်နဝမအဆင့်သို့ ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သူသည် ဗုဒ္ဓဓမ္မများကို လေးလေးနက်နက် နားလည်ပေသည်။ သူသည် လမ်းစဉ်အတားအဆီးအချို့ကို မကျော်ဖြတ်ရသေးဘဲ ဗုဒ္ဓကပ်ဘေးကို မကြုံတွေ့ရသေးသည်သာ ရှိလေသည်။

“ကိုယ်တော်... ကျွန်တော့ကို လမ်းညွှန်ပြသဖို့ အားမနာပါနဲ့”

ရီဖူရှင်းသည် လက်အုပ်ချီ၍ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။ သူထို့သို့ပြောလိုက်သောအခါ လေပေါ်ရှိဘုန်းတော်ကြီး၏ခန္ဓာကိုယ်မှနေ၍ အတုမဲ့ရွှေရောင်ဗုဒ္ဓအလင်းများ ထွက်ပေါ်လာသည်။ ဗောဓိသတ္တတစ်ပါး၏ပုံရိပ်ပေါ်လာလေသည်။ ထိုပုံရိပ်သည် ရွှေကြာပွင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မန္တရားများကို ရွတ်ဖတ်နေသည်။

ရုတ်ခြည်းပင် အဆုံးမဲ့မန္တရားများသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ပေါ်တွင် ဗုဒ္ဓပုံရိပ်အမျိုးမျိုး တစ်ပြိုင်တည်းပေါ်လာသကဲ့သို့ပင်။ မန္တရားများသည် ရီဖူရှင်းကို ဝန်းရံထားကြပြီး ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ ရုတ်ခြည်းအတွင်းမှာပင် ထိုမန္တရားများသည် လိပ်ပြာတောင်ကုန်းထိပ်ကို လွှမ်းခြုံသွားသည်။

ထိုမန္တရားများသည် ဗုဒ္ဓမန္တန်တော်များဖြစ်သည်။ ရီဖူရှင်းသည် ၎င်းကို ချက်ချင်းအာရုံခံမိလိုက်သည်။ သူသည် အာရုံခံမိလိုက်ရုံသာမကဘဲ ကွဲပြားသောအာကာပြင်အတွင်းသို့ ဆွဲယူခံလိုက်ရသည်။ အာကာပြင်ထဲတွင် သူသည် တလက်လက်‌တောက်ပနေသော ရွှေရောင်ဗုဒ္ဓများ၏ ပုံရိပ်များကို မြင်လိုက်ရ၏။ ထိုပုံရိပ်များသည် ခံ့ညားထည်ဝါလှပေသည်။ ဗုဒ္ဓများ၏ရှေ့တွင် ပုံရိပ်များစွာရှိသည့် ကြေးမုံတစ်ချပ်ပေါ်လာသည်။

ထိုကြေးမုံအတွင်းမှပုံရိပ်များမှာ သူ့ဘဝဇာတ်ကြောင်းများဖြစ်ကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။ ထိုပုံရိပ်များသည် သူပြုလုပ်ခဲ့သည့်အရာများကို ပြန်လည်ပြသနေသည်။ အများစုသည် သူသတ်ဖြတ်နေသည့် ပုံရိပ်များဖြစ်သည်။

ဥပမာအားဖြင့် ပုံရိပ်တစ်ခုမှာ အာရုံခြောက်ပါးအရှင်နှင့် မဟာအကြီးအကဲမော့ထျန်းတို့ သေဆုံးနေပုံဖြစ်သည်။ သူတို့သေဆုံးသွားသောပုံရိပ်ကိုပြသပြီး‌နောက် သူတို့ကိုချစ်ခင်သူများ ပူဆွေးနေသောပုံရိပ်ကို ပြသခဲ့သည်။ သူတို့၏ကံကြမ္မာသည် ပျက်သုဉ်းသွားပြီး သူတို့၏ကံတရားသည် ဆိုးဝါးလေသည်။

ထို့ပြင် ရီဖူရှင်း စတင်ကျင့်ကြံခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်ပေါင်းများစွာအတွင်း သတ်ဖြတ်ခဲ့သော ကျင့်ကြံသူအားလုံး၏ပုံရိပ်များလည်း ပေါ်လာပေသည်။ ရီဖူရှင်းသည် ထိုလူများသေဆုံးသွားသည့်ပုံရိပ်များနှင့် သူတို့၏ချစ်ခင်သူများ ပူဆွေးနေသည့်ပုံရိပ်များကိုပင် မြင်ခဲ့ရလေသည်။

ထိုအရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်သည်။

ထိုအတွေးသည် ရီဖူရှင်း၏စိတ်ထဲတွင် ပေါ်လာသည်။ သို့သော် ထိုပုံရိပ်ယောင်အတွင်းမှ ဖောက်ထွက်ရန် သူ့အတွက်ခက်ခဲနေပေသည်။ သူသည် ထိုအာကာပြင်ထဲတွင်သာ ရှိနေသေးသည်။ ထိုပုံရိပ်ယောင်သည် သာမန်ပုံရိပ်ယောင်မဟုတ်ပေ။ ဗုဒ္ဓမန္တန်ဖြင့် ဖန်ဆင်းထားသော အံ့ဖွယ်လောကတစ်ခုဖြစ်သည်။ ၎င်းတို့သည် အစစ်အမှန်ဖြစ်သော်လည်း အလွန်သိမ်မွေ့နူးညံ့လေသည်။ ၎င်းတို့သည် ရီဖူရှင်း၏လုပ်ရပ်များ၏ရလဒ်များပင်ဖြစ်သည်။

ပုံရိပ်များအနောက်ရှိ ဗုဒ္ဓများသည် သနားကရုဏာများလျှံကျနေပုံပေါ်လေသည်။ ထိုဗုဒ္ဓများသည် ပုံရိပ်များကိုကြည့်ရှုနေသူကို ထိုအမုန်းတရားများကို လက်လွတ်လိုက်ကာ စိတ်ရှင်းလိုက်ရန် အကြံပေးနေသကဲ့သို့ပင်။ ထို့ကြောင့် ရီဖူရှင်း၏နှလုံးသားသည် ပျော့ပျောင်းလာပြီး သူလုပ်ခဲ့သည့်လုပ်ရပ်များကို ပြန်လည်သုံးသပ်မိသွားလေသည်။ သူသည် သူ့ကိုယ်ပိုင်လုပ်ရပ်များကို စတင်သံသယဝင်လာပြီး သူ၏ကိုယ်ပိုင်ယုံကြည်မှုများကို စိမ်ခေါ်မိလာလေသည်။

ရုတ်တရက် ရီဖူရှင်း၏နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ပေါ်လာလေသည်။

ပို၍မြင့်မြတ်သောကျင့်ကြံခြင်းကိုရရှိရန် နှလုံးသားကို ကျင့်ကြံရမည်ဖြစ်သည်။ မန္တန်သည် သူလုပ်ခဲ့သည့်အရာအားလုံးကို သဘောမတူဖြစ်သွားစေပြီး သူ့အား ယခင်ကရီဖူရှင်းကိုပင် ငြင်းဆန်စေလာသည်။ အကယ်၍ ထိုမန္တန်သည် ရီဖူရှင်း၏စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိခဲ့ပါက သူ၏အခြေအနေသည် ဗုဒ္ဓဓမ္မအပေါ် သူ၏နားလည်မှုကို သေချာပေါက်အကျိုးသက်ရောက်စေမည်ဖြစ်ပြီး သူ၏အနာဂတ်ကျင့်ကြံခြင်းအပေါ်တွင်လည်း သက်ရောက်မှုရှိစေမည်ဖြစ်သည်။

ထိုဘုန်းတော်ကြီးတွင် မကောင်းသောရည်ရွယ်ချက်ရှိလေသည်။ သို့မဟုတ် ထိုမန္တန်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။

ရီဖူရှင်းသည် ဝရဇိန်မန္တန်ကို စတင်ရွတ်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို သင်္ကန်းတစ်ထည်ကဲ့သို့ လွှမ်းခြုံသွားကာ သူ့စိတ်အခြေအနေကို အားဖြည့်ခိုင်မာစေလိုက်ပြီး ထိုပုံရိပ်များကို တိုက်ရိုက်စိုက်ကြည့်နိုင်စေလာသည်။

“ရီဖူရှင်း... ဒကာလေးက ဒကာလေးရဲ့ဘဝခရီးမှာ အသက်ပေါင်းများစွာကိုသတ်ခဲ့ပြီ။ ဒကာလေးရဲ့အပြစ်က ကြီးလေးလွန်းတယ်။ ဒကာလေး ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ”

ရီဖူရှင်း၏စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်နေပြီး သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်နေစေလေသည်။

သို့သော် ရီဖူရှင်းသည် ပုံရိပ်များကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နိုင်နေလေသည်။ ဝရဇိန်မန္တန်သည် တိုက်ခိုက်ရန်အတွက်လည်း သုံး၍ရသကဲ့သို့ အသုံးပြုသူ၏ စိတ်အခြေအနေကို ခိုင်မာအောင်လုပ်ရန်လည်း အသုံးပြုနိုင်ပေသည်။

ကျင့်ကြံသူတစ်ဦး၏ လမ်းခရီးသည် အခြားကျင့်ကြံသူများ၏ မရေမတွက်နိုင်သောအ‌လောင်းများကို နင်း၍လျှောက်ရမည့်ခရီးသာဖြစ်သည်။ အထူးသဖြင့် ထိုအရာသည် အဆင့်နိမ့်ကမ္ဘာများ၏ ဒေသကိုးခုမှလာခဲ့သော ရီဖူရှင်းအတွက်ပိုမှန်ပေသည်။ သူ့ရှေ့ရှိ ထိုဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူသည် သူ၏အခက်အခဲများကို တစ်စိုးတစ်စိမျှမသိပေ။ ထို့ကြောင့် ထိုဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူသည် သနားကရုဏာပြည့်ဝသူတစ်ဦးကဲ့သို့ဟန်ပန်ဖြင့် သူ့ကိုကြီးလေးသောအပြစ်သားအဖြစ် သတ်မှတ်၍မရပေ။

သူ မဟာအကြီးအကဲမော့ထျန်းနှင့် အာရုံခြောက်ပါးအရှင်ကို သတ်လိုက်ခြင်းကို အပြစ်ဟု ယူဆ၍ရလေသလော။

ထိုအခိုက်တွင် ရီဖူရှင်းသည် ထိုဗုဒ္ဓမန္တန်နှင့် စိတ်ဓာတ်တိုက်ပွဲတွင် အသာစီးရလာပြီး သူ့ကိုပို၍ပြတ်သားလာစေလေသည်။ ရီဖူရှင်းသည် သူ့ဘဝတစ်လျှောက်တွင် နောင်တရခဲ့သည့်အရာအနည်းငယ်သာ ရှိလေသည်။ သူသည် အရာအားလုံးကို စိတ်ရှင်းရှင်းဖြင့် လုပ်ခဲ့ခြင်းသာဖြစ်သည်။

“အဲ့ဒါက အကုသိုလ်ဆိုရင် ကျွန်တော် ကိုယ့်အပြုအမူအားလုံးအတွက် အကုသိုလ်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်”

ရီဖူရှင်းသည် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ ရွှေရောင်ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာလေတော့သည်။ မဟာဝေရောစန၏အလင်းသည် တလက်လက်တောက်ပနေသည်။ ထို့နောက် မဟာဝေရောစန၏လက်ဖဝါးကြီးသည် ရှေ့သို့ထွက်လာပြီး ပုံရိပ်များကို ရုတ်ခြည်းဖျက်ဆီးလိုက်ပြီး အမှုန်များအဖြစ် ပြောင်းလဲလိုက်လေသည်။

မဟာဝေရောစန၏လက်ဖဝါးကြီးသည် အာကာပြင်ကို အလင်းပေးလိုက်၏။ ၎င်းသည် သူ့ပြိုင်ဘက်၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ ရလဒ်သည် ယခင်ကနှင့် အတူတူဖြစ်သည်။ သူ၏ပြိုင်ဘက်သည် ချက်ချင်းဒဏ်ရာရသွားကာ သွေးများအန်ထုတ်လိုက်သည်။

ဝုန်း...

ရီဖူရှင်းသည် လှုပ်ရှားမှုကို မရပ်တန့်ခဲ့ဘဲ ရှေ့သို့ဆက်သွားလိုက်သည်။ ထိုအခိုက်တွင် သူ၏ခြေလှမ်းများသည် မြဲမြံခိုင်မာနေပြီး သူ၏ယုံကြည်မှုသည်လည်း ပို၍ပြတ်သားနေသည်။

“အော်မီထောဖော..‌”

အခြားဗုဒ္ဓတစ်ပါးသည် ရှေ့သို့ထွက်ရပ်လိုက်သည်။ ဗုဒ္ဓအလင်းဖြာထွက်လာပြီး သူသည် သူ၏တိုက်ပွဲဝင်ဗုဒ္ဓပုံစံကို ထုတ်လိုက်သည်။ ရှေးဟောင်းဗုဒ္ဓပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းမော့ကြည့်လိုက်သည်။ ဤအကြိမ်တွင် သူသည် စကားစမြည်ပြောမနေတော့ပေ။ သူသည် ရုတ်ခြည်းပင် မဟာဝေရောစန၏လက်ဖဝါးကြီးကို ရှေ့သို့လွှတ်လိုက်ပြီး လေထုကို ရိုက်ချလိုက်လေသည်။ ၎င်းသည် ထိုဗုဒ္ဓထံသို့ တန်းတန်းမတ်မတ်ဦးတည်သွားပြီး ထိုဗုဒ္ဓကို မည်သည့်ဗုဒ္ဓဓမ္မကိုမှ ထုတ်သုံးနိုင်ရန် အခွင့်အရေးမပေးခဲ့ပေ။

သူတို့သည် သူတို့၏ဗုဒ္ဓဓမ္မကို ယှဉ်နေသည်ဖြစ်ရာ ထိုဗုဒ္ဓများသည် သူတို့၏စွမ်းရည်မှာ ရီဖူရှင်းနှင့်သာတူညီကြောင်း ပထမဆုံးပြသရမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့သာအချိန်ဆွဲနေပါက သူသည် ထိပ်ဆုံးသို့ရောက်၍ အကြွင်းမဲ့ဗုဒ္ဓနှင့်တွေ့ဆုံရရန် အချိန်မည်မျှကြာသွားမည်မသိပေ။

ဝုန်း...

ကျယ်လောင်သောအသံကြီးကို ထပ်မံကြားလိုက်ရသည်။ ရီဖူရှင်းသည် ဗုဒ္ဓမန္တန်ကို တွေ့ကြုံခံစားခဲ့ရပြီး သူ့ကိုယ်သူသံသယဝင်မိခဲ့သော်လည်း ယခုတွင် သူသည် ပို၍ပင်သန်မာနေပေပြီ။ သူသည် ဆင့်ကဲပြောင်းလဲမှုအစစ်အမှန်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး မဟာဝေရောစနဗုဒ္ဓဖြစ်လာသကဲ့သို့ပင်။ သူ၏လက်ဖဝါးချက်ကျရောက်လာလျှင် မည်သည့်ဗုဒ္ဓမှ သူ့လမ်းတွင် မပိတ်ထားနိုင်ပေ။

ဗုဒ္ဓများသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ကောင်းကင်ထက်မှ ဗုဒ္ဓများသည် ပုံရိပ်ကို ငေးကြည့်နေကြ၏။ ရီဖူရှင်း၏တိုက်ခိုက်မှုမှအသံနှင့် သူ၏ခြေလှမ်းများမှလွဲ၍ အနောက်ကောင်းကင်မှ လိပ်ပြာတောင်ကုန်းတွင် စုဝေးနေသော ဗုဒ္ဓများသည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး ရီဖူရှင်း တစ်လှမ်းချင်းတက်လာသည်ကို ကြည့်နေကြလေသည်။

ဗုဒ္ဓများတစ်ပါးပြီးတစ်ပါး ရီဖူရှင်းလက်အောက်တွင် ရှုံးနိမ့်သွားကြသည်။ ရီဖူရှင်း၏လမ်းကိုပိတ်နိုင်သော ဗုဒ္ဓမရှိ‌တော့သကဲ့သို့ပင်။

ရီဖူရှင်းသည် မဟာဝေရောစနလက်ဖဝါးနှင့် ဝရဇိန်မန္တန်တို့ကိုသာသုံး၍ အဆင့်များစွာ ကျောက်ဖြတ်လာနိုင်ခဲ့လေသည်။

နာရီအနည်းငယ်ကြာပြီးနောက် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းထိပ်သို့ ရောက်လုနီးပါးရှိလာပေပြီ။ အဆင့်အနည်းငယ်သာ ကျန်ပေတော့သည်။ သူတွေ့ဆုံခဲ့သည့် ရဟန်းအချို့သည်ပင် သူ၏လက်ရှိအဆင့် အထက်တွင် ထိုင်နေလေသည်။ သူသည် ထိုရဟန်းများရှိရာနှင့် နီးကပ်လာပြီဖြစ်သည်။

ထိုရဟန်းများသည် သူ့ကိုယခုတွင် တိုက်ခိုက်တော့မည့်ပုံရလေသည်။

ရဟန်းများနှင့် ဗုဒ္ဓအရှင်များသည် ရီဖူရှင်းတစ်ယောက် တစ်ဆင့်ချင်း တက်လှမ်းခဲ့သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ သူတို့သည် နောင်ရာစုနှစ်အနည်းငယ်ကြာလျှင် အရှင်ဒွန်ဟောင်နောက်တစ်ယောက်ကို မြင်ရတော့မည်ဟု ခံစားနေရလေသည်။

All Chapters