← Chapters

အာကာသတိုက်ပွဲဝင်ပုံစံ

Vol. 173 Ch. 2480

အာကာသတိုက်ပွဲဝင်ပုံစံ

Vol. 173 Ch. 2480

အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းတွင် ဗုဒ္ဓပေါင်းမြောက်မြားစွာ စုဝေးနေသည်။ သူတို့ထဲတွင် အတွေ့အကြုံနှစ်ပေါင်းများစွာရှိခဲ့သော ရှေးဟောင်းဗုဒ္ဓများစွာလည်း ပါလေသည်။ သူတို့သည် လွန်ခဲ့‌သောရာစုနှစ်အနည်းငယ်က အရှင်ဒွန်ဟောင် လိပ်ပြာတောင်ကုန်းသို့ လာခဲ့စဉ်ကလည်း ရှိခဲ့သည်။

ယခုအချိန်အထိ အရှင်ဒွန်ဟောင်ရောက်လာသည့် မြင်ကွင်းသည် သူတို့မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်နှင့် အတန်ငယ်ကွဲပြားပေသည်။ အတိတ်ကအဖြစ်အပျက်များကို တွေ့ကြုံခဲ့ရသော ဗုဒ္ဓများသည် ထိုအကြောင်းကို သိရှိကြသည်။ ယခင်က အရှင်ဒွန်ဟောင်သည် ဗုဒ္ဓလမ်းစဉ်လွှမ်းမိုးသော အနောက်လောကသို့ ခြေမချခင်တွင် ဗုဒ္ဓကျမ်းစာအမြောက်အမြားကိုဖတ်ခဲ့ပြီး ဗုဒ္ဓလမ်းစဉ်ကိုလည်း ကျင့်ကြံထားခဲ့ပေသည်။

အရှင်ဒွန်ဟောင်သည် ဗုဒ္ဓလမ်းစဉ်ကိုသိရှိထားသဖြင့်သာ အကြွင်းမဲ့ဗုဒ္ဓထံမှ ဗုဒ္ဓလမ်းစဉ်ကိုရှာဖွေရန်ရည်ရွယ်ဖြင့် အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းသို့လာခဲ့ခြင်းဖြစ်သည်။ အရှင်ဒွန်ဟောင်တစ်ယောက် လိပ်ပြာတောင်ကုန်းတွင် ယှဉ်ပြိုင်ခဲ့စဉ်က သူ၏လုပ်ဆောင်ချက်သည် ရီဖူရှင်းထက်များစွာအံ့အားသင့်ဖွယ်ကောင်းပေသည်။ သူသည် ဗုဒ္ဓတန်ခိုးများကိုသုံး၍ ‌ဗုဒ္ဓအားလုံးကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ရုံသာမက ဗုဒ္ဓများနှင့်လည်း စကားရည်လုဆွေးနွေးခဲ့ပေသေးသည်။ သူ၏ဗုဒ္ဓဓမ္မအပေါ်နားလည်မှုသည် သူ့ထက်ဝါကြီးသည့် ဗုဒ္ဓများနှင့် တန်းတူအဆင့်ရှိပေသည်။

ထို့ကြောင့် အရှင်ဒွန်ဟောင်သည် စစ်မှန်သောပါရမီရှင်တစ်ဦးဟု ဆိုနိုင်ပေသည်။ သူ၏စွမ်းရည်များသည် ပြိုင်ဘက်ကင်းလေသည်။ သူ့ထက်ဝါကြီးသောဗုဒ္ဓများပင် သူနှင့်ရင်ဆိုင်ခဲ့ရသောအခါ သူတို့ကိုယ်သူတို့ ရှက်မိခဲ့ကြသည်။ အရှင်ဒွန်ဟောင်သည် ဗုဒ္ဓဓမ္မမျိုးစုံကို သိရှိကျွမ်းဝင်ရုံသာမက ထိုဓမ္မများကို နက်နက်ရှိုင်းရှိုင်း နားလည်သိမြင်ပေသည်။ ထို့ကြောင့် အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းမှ ဗုဒ္ဓများသည် အရှက်ရခဲ့ကြရလေသည်။ သို့ဖြစ်၍ အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းမှ ဗုဒ္ဓများသည် အရှင်ဒွန်ဟောင်အပေါ်အမြင်ကိုအခြေခံ၍ နှစ်ဖွဲ့ကွဲသွားကြသည်။ သူတို့ထဲမှအချို့သည် အရှင်ဒွန်ဟောင်က သူတို့ကိုအရှက်ခွဲခဲ့သဖြင့် အရှင်ဒွန်ဟောင်ကို မကျေနပ်ကြပေ။ အချို့မှာကား အရှင်ဒွန်ဟောင်ကို လေးစားအားကျခဲ့ကြသည်။

အကြွင်းမဲ့ဗုဒ္ဓသည် ကိုယ်ထင်ပြကာ အရှင်ဒွန်ဟောင်နှင့် တွေ့ဆုံခဲ့သည့်အချိန်ကို ဗုဒ္ဓအားလုံး မှတ်မိပေသေးသည်။ အကြွင်းမဲ့ဗုဒ္ဓကို အရှင်ဒွန်ဟောင် ပထမဆုံးမေးခဲ့သော‌မေးခွန်းမှာ အကြွင်းမဲ့ဗုဒ္ဓသည် သဗ္ဗေညုတဉာဏ်တော်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်၍ လက်ရှိလောကကို မည်သို့မြင်ပါသနည်းဟူသော မေးခွန်းပင်။

အရှင်ဒွန်ဟောင်သည် ထိုစဉ်ကတည်းက ရည်ရွယ်ချက်ကြီးမားခဲ့ကြောင်း ထင်ရှားပေသည်။ ကျင့်ကြံခြင်းကိုနှိုင်းဆလျှင် လက်ရှိရီဖူရှင်းသည် လွန်ခဲ့သောရာစုနှစ်များစွာက အရှင်ဒွန်ဟောင်နှင့် မယှဉ်နိုင်ပေ။ သူတို့သည် အဆင့်ပင်မတူပေ။

သို့သော် ဗုဒ္ဓအားလုံးသည် ရီဖူရှင်းမှာ အရှင်ဒွန်ဟောင်ကဲ့သို့ပင် ကွဲပြားမှုရှိနေသဖြင့် သူသည် နောက်ထပ်အရှင်ဒွန်ဟောင်တစ်ယောက်ဖြစ်သည်ဟု ခံစားနေရလေသည်။ ရီဖူရှင်းသည် ဗုဒ္ဓလမ်းစဉ်နှင့် ထိတွေ့ကာ ဗုဒ္ဓဂိုဏ်းကို ဝင်ရောက်ခဲ့သည်မှာ လပိုင်းသာရှိပေသေးသည်။ ထိုကဲ့သို့အချိန်တိုအတွင်းတွင် သူသည် ဗုဒ္ဓဓမ္မများကို နားလည်နိုင်ခဲ့ပြီး ဗုဒ္ဓတန်ခိုးကိုသုံး၍ ဗုဒ္ဓများကို အနိုင်ယူနိုင်ခဲ့ကာ လိပ်ပြာတောင်ကုန်းထိပ်သို့ပင် တက်လှမ်းနိုင်ခဲ့သည်။

ဗုဒ္ဓများသည် ရီဖူရှင်းကိုကြည့်၍ အရှင်ဒွန်ဟောင်ကို အမှတ်ရခဲ့လေသည်။

ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့တွင် တူညီသောအချက်များလည်း ရှိပေသည်။

အရှင်ဒွန်ဟောင် လိပ်ပြာတောင်ကုန်းသို့လာခဲ့စဉ်က သူဗုဒ္ဓတန်ခိုးများသုံးနေစဉ်တွင်ပင် မည်သူမှ သူ၏စိတ်ကိုမဖတ်နိုင်ခဲ့ကြပေ။

ယခုတွင် ရီဖူရှင်းလည်း ထိုအတူပင်ဖြစ်သည်။ ဗုဒ္ဓအကြားအမြင်သည် သူ၏စိတ်ထဲမှအရာအားလုံးကို မမြင်နိုင်ပေ။ ဗုဒ္ဓများသည် ရီဖူရှင်း၏ အတိတ်နှင့် အနာဂတ်ကိုလည်း မမြင်နိုင်ချေ။

ထို့ကြောင့် ဗုဒ္ဓများသည် ထိုနှစ်ဦးမှာ အထုံပါရမီပါသောသူများဖြစ်ကြောင်း ခံစားနေရ၏။ သူတို့သည် ထူးကဲစွာမွေးဖွားခဲ့ပြီး ထူးကဲသောအောင်မြင်မှုများရရှိရန် ကံတရားပါလာသူများဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓအကြားအမြင်သည် မည်သည့်ရလဒ်ကိုမှ မပြနိုင်ခြင်းပင်။

ဗုဒ္ဓအရှင်များသည် ရီဖူရှင်းကို နမိတ်ဖတ်လိုကြသည်။ သို့သော် ရလဒ်သည် အရှင်ဒွန်ဟောင်တုန်းကကဲသို့ အတူတူသာဖြစ်လေသည်။

ရီဖူရှင်းသည် ဗုဒ္ဓများ မည်သည့်အရာကို တွေးတောနေကြောင်း မသိပေ။ သူသည် အထက်သို့ ဆက်လက်တက်လှမ်းနေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ရီဖူရှင်းသည် ဤနေရာအထိပင် တက်လှမ်းနိုင်ခဲ့ပေပြီ။

လွန်ခဲ့သောနှစ်ရာစုများစွာက အရှင်ဒွန်ဟောင်သည် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ဖူးလေသည်။ ယခုတွင် သူတို့သည် ရီဖူရှင်းကို ထိုသို့ထပ်မံလုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့လျှင် အနောက်ကောင်းကင်မှ ဗုဒ္ဓများသည် အရှက်တကွဲဖြစ်ရပေလိမ့်မည်။

ထိုအချိန်တွင် ရှန်းယန်ရဟန်းထရပ်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းလှည့်လည်နေ၏။ ရုတ်ခြည်းပင် ဗုဒ္ဓများ၏အကြည့်များသည် သူ့ထံသို့ ကျရောက်လာသည်။ နောက်ဆုံးတွင် သူလှုပ်ရှားပြီလော။

ယခုတွင် ရှန်းယန်ရဟန်းသာ ရှေ့မထွက်ခဲ့လျှင် မည်သူမှ ရီဖူရှင်းကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

ထုံချန်းရဟန်းလည်း ရှိနေပေသည်။ သူသည် ရှန်းယန်ရဟန်းနှင့် အဆင့်တူ၏။ သူသည် အောက်သို့ငုံ့ကြည့်လိုက်သည်။ သူ၏ညို့အားကောင်းသောအကြည့်တွင် အပြုံးသဲ့သဲ့ပါနေပုံပေါ်လေသည်။ ရီဖူရှင်း အနောက်ကောင်းကင်သို့ စတင်ရောက်ရှိလာခဲ့စဉ်က ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် သူရောက်ရှိလာကြောင်းကို သိရှိခဲ့ကြသည်။ ထုံချန်းရဟန်းသည် ရီဖူရှင်းကို ကိုယ်တိုင်သွားတွေ့ခဲ့သည်။ ရီဖူရှင်းသည် သူတို့ထင်ထားသည်ထက် များစွာပို၍ပါရမီကောင်းလိမ့်မည်ဟု သူတစ်ခါမှမတွေးခဲ့ဖူးပေ။ ရီဖူရှင်းသည် အာရုံခြောက်ပါးကောင်းကင်တွင် မွှေခဲ့ရုံသာမက လိပ်ပြာတောင်ကုန်းထိပ်သို့လည်း တစ်ကိုယ်တော်တိုက်ခိုက်၍ တက်လှမ်းလာခဲ့ပေပြီ။ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ခြေလှမ်းအတိုင်း ဗုဒ္ဓများကို အနိုင်ယူလိုနေလေသည်။

ယခုတွင် ရဟန်းများသည် ရွေးချယ်စရာမရှိတော့ဘဲ ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။

ရှန်းယန်ရဟန်းသည် ရီဖူရှင်းအထက်တွင် ပျံတက်လိုက်သည်။ သူ့မျက်ဝန်းများသည် ရွှေရောင်ဗုဒ္ဓအလင်းများထုတ်လွှတ်နေရာ ကြောက်မက်ဖွယ်ကောင်းနေပေသည်။ ရီဖူရှင်း၏ဟန်ပန်သည်လည်း တန်းတူပင် တင်စီးသည့်ဟန်ရှိကာ သူ့ထက်မနိမ့်ကျပေ။ ရီဖူရှင်းသည် မဟာဝေရောစန၏အကူအညီဖြင့် လမ်းတစ်လျှောက်ရှိဗုဒ္ဓများကို အနိုင်ယူနိုင်ခဲ့ကာ ဤအဆင့်သို့ရောက်လာခြင်းပင်။

“ကျွန်တော့်ကို ညွှန်ကြားပြသပေးပါဦး”

ရီဖူရှင်းသည် ယဉ်ကျေးစွာပြောလိုက်သည်။ ရှန်းယန်ရဟန်းသည် လက်အုပ်ချီ၍ ပြန်ပြောလိုက်သည်။

“ကိုယ်တော်က ပြန်သင်ယူရမှာပါ”

တစ်ဖက်နှင့်တစ်ဖက်သည် မလိုမုန်းထားမှုများရှိနေသော်လည်း သူတို့၏စကားများသည် ယဉ်ကျေးပျူငှာနေပေသည်။ သို့သော် သူတို့သည် စကားအပြန်အလှန်ပြောပြီးသွားသောအခါ မဟာဝေရောစနလက်ဖဝါးကြီးသည် လေထုကိုဖြတ်၍ ရုတ်ခြည်းရှေ့သို့ထွက်သွားသည်။ ၎င်းသည် ရှန်းယန်ရဟန်းဆီသို့ ပျံဝင်သွားရာ ပြင်းထန်သောထစ်ချုန်းသံကြီးများကို ကြားလိုက်ရသည်။

ရှန်းယန်ရဟန်းသည် လေထဲတွင် ရပ်နေဆဲဖြစ်ပြီး တစ်လက်မပင်မရွေ့သေးပေ။ သူ၏ဗုဒ္ဓအလင်းသည် တောက်ပစွာလင်းလက်လာပြီး ဧရာမဗုဒ္ဓပုံရိပ်ယောင်တစ်ခု ပေါ်လာလေသည်။ ထို့နောက် ၎င်းသည် ဧရာမရှေးဟောင်းရွှေဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွား၏။

ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးရှိ စွမ်းအားများအားလုံးသည် ရှန်းယန်ရဟန်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်သည် ဗဟိုတွင်ရှိနေပြီး အဆုံးမဲ့ရွှေဗုဒ္ဓပုံရိပ်ကြီးသည် အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းပေါ်တွင် ပေါ်လာလေတော့သည်။ ရီဖူရှင်းသည်ပင် ဗုဒ္ဓပုံရိပ်ထဲသို့ ရောက်သွားသည်။ အမှန်တွင် လိပ်ပြာတောင်ကုန်းတစ်ခုလုံးသည် ထိုပုံရိပ်အတွင်း၌ တည်ရှိနေခြင်းပင်။

သို့သော် ကျင့်ကြံသူများသည် ဗုဒ္ဓပုံရိပ်ကြီး၏အတွင်း၌ ရှိနေပေရာ ထိုပုံရိပ်ကို သူတို့၏သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ သူတို့သည် သူတို့၏အာရုံဖြင့်သာ သိရှိနိုင်ပေသည်။ အကယ်၍ သူတို့သာ မြင့်မားသောကောင်းကင်ထက်သို့တက်၍ ငုံ့ကြည့်ခဲ့ပါက သူတို့သည် ဧရာမဗုဒ္ဓပုံရိပ်ကြီးကို မြင်နိုင်ပေလိမ့်မည်။

မဟာဝေရောစန၏လက်ဖဝါးသည် ရှန်းယန်ရဟန်း၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ရွှေရောင်အကာအရံကို ရိုက်ချလိုက်သည်။

သို့သော် ဤအကြိမ်တွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ ရွှေရောင်အကာအရံလည်းပျက်စီးမသွားသလို၊ ရှန်းယန်ရဟန်းလည်း ဒဏ်ရာမရခဲ့ပေ။

ဤအကြိမ်တွင် ရှန်းယန်ရဟန်း၏ရွှေခန္ဓာသည် ခိုင်ခိုင်မြဲမြဲကျန်ရှိနေလေသည်။ ၎င်းပေါ်တွင် မည်သည့်အက်ကြောင်းမှ မပေါ်ခဲ့ချေ။ ၎င်းသည် လှုပ်သည်ဆိုရုံသာလှုပ်သွားလေသည်။ ထို့အစား လေထုနှင့် လိပ်ပြာ‌တောင်ကုန်းတစ်ခုလုံးသာ အပြင်းအထန်တုန်ခါသွားသည်။ ထိုသို့တုန်ခါသွားခြင်းမှာ ဧရာမဗုဒ္ဓပုံရိပ်ကြီးကြောင့် ဖြစ်နိုင်ပေသည်။ ဧရာမဗုဒ္ဓပုံရိပ်ကြီးသည် လှုပ်ခါနေပေသည်။

၎င်းသည် တိုက်ပွဲဝင်ပုံစံပင်။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ပြိုင်ဘက်သည်လည်း စွမ်းအားကြီးသောတိုက်ပွဲဝင်ပုံစံကို ထုတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။ သူသည် ခေါင်းမော့၍ ၎င်းကိုကြည့်လိုက်၏။ သူ၏ဝိညာဉ်စွမ်းအားသည် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမဗုဒ္ဓပုံရိပ်ကြီးကို လေ့လာလိုက်သည်။

ကြည့်ရပုံအရ ရဟန်းအဆင့်ကိုယ်တော်များသည် အမှန်ပင် ထူးခြားပုံရလေသည်။ ယခင်မှ ကျင့်ကြံသူများသည် သူတို့နှင့်မယှဉ်နိုင်ပေ။

“ဒါက အာကာသတိုက်ပွဲဝင်ပုံစံပဲ”

ဗုဒ္ဓတစ်ပါးက မှတ်ချက်ပြုလိုက်သည်။

“ရှန်းယန်ရဟန်းက အာကာသတိုက်ပွဲဝင်ပုံစံကို ကျင့်ကြံတာပဲ။ တိုက်ပွဲအတွင်းမှ သူက အာကာပြင်နဲ့တစ်သားတည်းဖြစ်သွားတာ။ ဒီနေရာတစ်ခုလုံးကို သူကြိုက်သလိုသုံးလို့ရပြီး သူလိုသလိုထိန်းချုပ်လို့ရတယ်။ ရီဖူရှင်းက မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကို ကျင့်ကြံထားပေမယ့် သူရှုံးသွားလောက်တယ် ”

ရှန်းယန်ရဟန်းသည် ဗုဒ္ဓတန်ခိုးများကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့သည်ဖြစ်သည်။ သူသည် အာကာသတိုက်ပွဲဝင်ပုံစံကို နားလည်အောင် အမြဲလေ့လာခဲ့သူဖြစ်ပြီး အမြင့်ဆုံးအဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည်လည်း ရီဖူရှင်းထက်မြင့်ပေသည်။ သူသည် ထိုတိုက်ပွဲဝင်ပုံစံကိုသုံး၍ ရီဖူရှင်း၏မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကို ဖိနှိပ်နိုင်ချေရှိလေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့အပေါ်သို့ကျရောက်လာသည့် လွန်စွာအားကောင်း‌သောဖိအားကို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုဖိအားသည် သူ့ကိုသူနေရာမှမလှုပ်နိုင်အောင် ဖိနှိပ်ထားသည်။ သူ့အတွက် လှုပ်ရှားရန် ခက်ခဲနေလေသည်။ အာကာပြင်တစ်ခုလုံးသည် သူ့ကိုဖိနှိပ်ထားပြီး ထိုနေရာမှမလှုပ်နိုင်အောင် လုပ်ထားသကဲ့သို့ပင်။ ထိုခံစားချက်သည် သူယခင်က တွေ့ကြုံခဲ့ရသော ချုပ်နှောင်အတတ်ပညာနှင့် ဆင်တူပေသည်။

သို့သော် ယခု ရီဖူရှင်းကိုယ်ပေါ်သို့ ကျရောက်နေသောဖိအားသည် ချုပ်နှောင်ခြင်းအတတ်ပညာထက် ပို၍စွမ်းအားကြီးလေသည်။

အာကာပြင်သည် ရှန်းယန်ရဟန်း၏ အလုံးစုံထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။ ရီဖူရှင်းသည် သူ့ပြိုင်ဘက်၏အတွေးတစ်ချက်နှင့်ပင် အာကာပြင်တွင် ခြေချုပ်မိသွားပေပြီ။

ဝုန်း...

မဟာဝေရောစနတိုက်ပွဲဝင်ပုံစံမှနေ၍ ရွှေရောင်ဗုဒ္ဓအလင်းများဖြာထွက်လာပြီး အာကာပြင်ကို တောက်ပသွားစေလေသည်။ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများကို ကြားလိုက်ရသည်။ မဟာဝေရောစနတိုက်ပွဲဝင်ပုံစံသည် တုန်ခါနေပြီး ပြန့်ကားလာကာ ချုပ်နှောင်အတတ်ပညာမှ လွှတ်ရန် ရုန်းကန်နေသည်။ အကယ်၍ သူသာ တစ်နေရာတည်းတွင် ခြေချုပ်မိနေပါက သူ့ပြိုင်ဘက်၏ သနားညှာတာမှုကိုသာ ငံ့လင့်ရတော့မည်ဖြစ်သည်။

“ဟွန်း...”

ရီဖူရှင်းသည် အေးစက်စက် နှာမှုတ်သံကို ကြားလိုက်ရသည်။ ထိုနှာမှုတ်သံသည် ရှန်းယန်ရဟန်းဆီမှ ထွက်ပေါ်လာခြင်းပင်။ သူသည် သူ၏ချုပ်နှောင်ခြင်းအတတ်၏ ချုပ်နှောင်မှုကို ခံထားရသော ရီဖူရှင်းကို ကြည့်လိုက်သည်။ ထိုချုပ်နှောင်မှုမှ ဖောက်ထွက်ရန် လွယ်ကူမည်မဟုတ်ပေ။ သူသည် ရီဖူရှင်းကို အခွင့်အရေးပေးမည်မဟုတ်ပေ။

All Chapters