← Chapters

အခန်း (၂၈၄)

Vol. 28 Ch. 284

အခန်း (၂၈၄)

Vol. 28 Ch. 284

လီယောင်းသည် ရှန်းယွီ၏ ပုံရိပ်ယောင်လေးကို သူမ၏ ရင်ခွင်ထဲတွင် အတင်းအကျပ် ထည့်ကာ အားပါပါ ဖက်ထားသည်။ ဤသို့ အချိန်အတော်ကြာ ဖက်ထားခြင်း ခံနေရသဖြင့် ရှန်းယွီမှာလည်း ပြန်လည်ခုခံရန် လုံးဝလက်လျှော့သွားခဲ့ပြီ ဖြစ်သည်။

“အရူးမလေး နင် ဘာလုပ်နေတာလဲ”

အပြင်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ရင်း လီယောင်းက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။

“ဓားကို အဲဒီလို ကိုင်ရတာ မဟုတ်ဘူးလေဟ”

သူမက စိတ်မရှည်စွာ ပြောလိုက်၏။

စက္ကန့်အနည်းငယ် ထပ်မံစောင့်ကြည့်ပြီးနောက် သူမက ပို၍ပင် ဒေါသတကြီးဖြင့် ထပ်မံအော်ဟစ်ပြန်သည်။

“ဓားကိုတောင် ဘယ်လိုလုပ်ပြီး လွတ်ကျအောင် လုပ်ရတာလဲ။ နင့်မှာ လုပ်စရာဆိုလို့ ဒါပဲရှိတာကို”

ယောင်းယောင်းသည် နတ်ဘုရားဓားဖြင့် တိုက်ခိုက်သည့်အခါတိုင်း အလွဲလွဲအချော်ချော် ဖြစ်နေသည်ကို ကြည့်ကာ လီယောင်းက ညည်းတွားနေမိသည်။

ဧကရီသည် ဤမြင်ကွင်းကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ထို့နောက် စိတ်ပျက်နေသော လီယောင်းဘက်သို့ လှည့်ကာ [မင်းက သူမဆီကနေ နယ်ပယ်ကို အမွေမရခဲ့သလိုပဲ သူမကလည်း မင်းဆီကနေ ဓားသိုင်းပညာကို အမွေမရခဲ့ဘူးလေ] ဟု ပြောလိုက်သည်။

“အခုတော့ ဘာဖြစ်ကုန်ပြီလဲ မူလအခြေအနေကို ပြန်ရောက်သွားသလိုပဲ”

ရှန်းယွီက စိုးရိမ်တကြီး ပြောလိုက်သည်။ လီယောင်းသည် နတ်ဘုရားဓားရှိရုံဖြင့်ပင် အလွန်

သန်မာခဲ့ပြီးဖြစ်ရာ ပြိုင်ဘက်၏ နယ်ပယ်ကို တန်ပြန်ရန်အတွက် နယ်ပယ် တစ်ခုသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု နယ်ပယ်ကို အသုံးပြုနိုင်ချိန်တွင်မူ သူမ၏ ကျွမ်းကျင်လှသော ဓားသိုင်းပညာများ အားလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

[အဲဒီလိုလည်း မဟုတ်သေးပါဘူး]

ဧကရီက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် ယောင်းယောင်းလေးကို တိုက်ရိုက်လှမ်း၍ [ဓားကို ကောင်းကောင်းမကိုင်နိုင်ရင် ဆက်သုံးဖို့ မကြိုးစားနဲ့တော့။ အဲဒီအစား မင်းရဲ့ နယ်ပယ်စွမ်းရည်တွေကိုပဲ သုံးလိုက်] ဟု အကြံပေးလိုက်သည်။

ရှန်းယွီသည် ထိုအကြံပြုချက်ကို ကြားသောအခါ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်

လိုက်သည်။ ယောင်းယောင်းလေးသည် ဓားသိုင်းနှင့် ပတ်သက်၍ ဘာမှမသိသဖြင့် ဓားနှင့် ဆက်လက်ရုန်းကန်နေခြင်းက သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလဟဿ အားနည်းစေရုံသာ ရှိသည်။

သို့သော်လည်း သူက ရလဒ်အတွက် စိုးရိမ်နေဆဲပင်။ သူ၏ တွက်ချက်မှုများအရ ဤပုံစံဖြင့် လီယောင်းသည် ဟင်းလင်းပြင်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ရင်ဆိုင်အနိုင်ယူရန် အင်အားမလုံလောက်သေးကြောင်း သူ သိထားသည်။ သူမသည် လိုအပ်သော အင်အား၏ ထက်ဝက်ခန့်ပင် မရှိသေးချေ။

အကြီးအကဲသည် လီယောင်းက တိုက်ခိုက်မှုတစ်ခုကို အလွဲလွဲအချော်ချော် ကာကွယ်နေသည်ကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ သူမအနေဖြင့် ဘာမှမဟုတ်တာကို စိုးရိမ်နေခဲ့မိသည်ဟု တွေးလိုက်၏။ လီယောင်း အသွင်ပြောင်းကာစက သူမသည် လီယောင်း ပို၍သန်မာလာမည်ကို ကြောက်ရွံ့ခဲ့ခြင်းဖြစ်သည်။

လီယောင်းသည် ပို၍စွမ်းအားကြီးလာပြီး မြန်လာသည်မှာ မှန်သော်လည်း သူမ၏ အဓိက လက်နက်ဖြစ်ခဲ့သော ထူးချွန်လှသည့် ဓားသိုင်းပညာများ လုံးဝပျောက်ဆုံးသွားပုံရရာ ထိုအချက်ကပင် အကြီးအကဲကို အသာစီးပြန်ရစေခဲ့သည်။

သူမ ထိုသို့တွေးနေစဉ်မှာပင် လီယောင်းသည် သူမ၏ဓားကို ဓားအိမ်ထဲသို့ လုံးဝပြန်ထည့်

လိုက်သည်ကို တွေ့လိုက်ရသည်။

“သူ အခု ဘာလုပ်ဖို့ ကြံနေပြန်တာလဲ”

သူမက အံ့ဩနေမိတော့သည်။

“ဘာပဲဖြစ်ဖြစ်လေ...”

သူမက မထီမဲ့မြင် တွေးလိုက်ရင်း သူမ၏ နယ်ပယ်ကို ထိန်းချုပ်ကာ ဧရာမ မီးလျှံလက်သီးပေါင်း ရာနှင့်ချီကို လီယောင်းရှိရာသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

တိုက်ခိုက်မှုများမှာ သူမ၏အပေါ်သို့ ကျရောက်လုနီးပါး ဖြစ်နေသော်လည်း လီယောင်းသည် ကာကွယ်ရန်အတွက် မည်သည့်လှုပ်ရှားမှုမျှ ပြုလုပ်ပုံမရပေ။ အကြီးအကဲက ပြုံးလိုက်၏။

“နောက်ဆုံးတော့ နင် အရှုံးပေးလိုက်ပြီပေါ့”

သို့သော် အမှန်တကယ် ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားတော့သည်။ ပြင်းထန်လှသော လက်သီးကြီးများမှာ လီယောင်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိချိန်တွင် သူမ၏ တစ်ကိုယ်လုံးမှာ စင်ကြယ်သော လျှပ်စီးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် သူမ၏ နောက်ကျောဘက်မှ တစ်စုံတစ်ယောက်၏ ကလေးဆန်သော ရယ်သံလေးကို ကြားလိုက်ရသည်။ သူမသည် အလျင်အမြန် လှည့်ကြည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်

သော်လည်း အစောပိုင်းကကဲ့သို့ပင် ထိုပုံရိပ်မှာ လျှပ်စီးအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြန်သည်။

“ဒါက ဘာ...”

သူမ ဇဝေဇဝါဖြင့် စကားစလိုက်မိသည်။ ဘာဖြစ်နေသလဲဆိုသည်ကို အသည်းအသန် နားလည်ရန် ကြိုးစားနေစဉ်မှာပင် သူမ၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကလေးငယ်တစ်ယောက်၏ ရယ်သံများက ပို၍ပို၍ ထွက်ပေါ်လာတော့သည်။

အရပ်မျက်နှာ အနှံ့အပြားတွင် လီယောင်းနှင့် တစ်ထပ်တည်းတူသော ကိုယ်ပွားပေါင်း ရာနှင့်ချီ၍ လေထဲတွင် ဝဲပျံနေကြသည်ကို သူမ တွေ့လိုက်ရပြီး အားလုံးက တခိခိ ရယ်မောနေကြ၏။

သူမသည် သူမ၏ နယ်ပယ်ကို ထပ်မံထိန်းချုပ်ကာ ပြင်းအားကောင်းသော မီးလျှံတိုက်ကွက် ရာပေါင်းများစွာကို ထိုကိုယ်ပွါးများထံသို့ ပစ်လွှတ်လိုက်သည်။ သို့သော် တိုက်ခိုက်မှုများက လီယောင်း၏ ကိုယ်ပွားအချို့ကို ဖျက်ဆီးပစ်လိုက်သည့်အခါတိုင်း အဆုံးမရှိသော သံသရာတစ်ခုကဲ့သို့ အခြားသော ကိုယ်ပွါးနှစ်ခုက ချက်ချင်းပင် အစားထိုး နေရာယူလာကြသည်။

ထို့နောက်တွင်မူ ကိုယ်ပွါးများက စတင်လှုပ်ရှားလာတော့သည်။ တစ်ကြိမ်လျှင် ဆယ်ယောက်ခန့် ပါဝင်သော အုပ်စုများက သူမရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြ၏။ သူမကမူ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး ဝင်လာသော တိုက်စစ်ကို တန်ပြန်ရန် သူမ၏ လက်သီးကို အသင့်ပြင်လိုက်သည်။

သို့သော် ထိုကိုယ်ပွါးများ သူမ၏ အနားသို့ ရောက်ရှိလာချိန်တွင်မူ အားလုံးက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။ ထိုပေါက်ကွဲမှု၏ ကြီးမားသော အရှိန်အဟုန်က သူမကို နောက်သို့ ခြေလှမ်းပေါင်းများစွာ လွင့်ထွက်သွားစေပြီး ခေတ္တမျှ ကြောင်အသွားစေခဲ့သည်။

သူမကိုယ်သူမ ပြန်လည်ထိန်းကျောင်းကာ ဟန်ချက်ညီအောင် ကြိုးစားနေစဉ်မှာပင် ပိုမိုများပြားသော ကိုယ်ပွါးများမှာ အရပ်မျက်နှာ အသီးသီးမှနေ၍ သူမထံသို့ တဟုန်ထိုး ပြေးဝင်လာကြပြန်သည်။ သူမသည် အခြားတစ်ဖက်သို့ ထွက်ပြေးရန် ကြိုးစားသော်လည်း ပို၍များပြားသော ပုံရိပ်များမှာ သူမ၏ နေရာသစ်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ဝန်းရံမိသွားကြသည်။

ဤသို့ မနားတမ်းတိုက်ခိုက်မှုများကို မိနစ်အနည်းငယ်ကြာ ခံလိုက်ရပြီးနောက် အကြီးအကဲ၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာအတော်များများ ရရှိသွားခဲ့သည်။ သို့သော် ထိုဒဏ်ရာများမှာ အသေးစား ဒဏ်ရာများသာ ဖြစ်နေသေး၏။

သူမသည် အဆုံးမရှိ စီးဆင်းလာနေသော ကိုယ်ပွါးများကို ကြည့်ရင်း မည်သည့်အရာမှာ လီယောင်း၏ အစစ်အမှန်ပုံစံ ဖြစ်နိုင်သလဲဟု တွေးတောနေမိသည်။ သူမသည် မူလကိုယ်ထည်ကို ရှာဖွေရန် အပြင်းအထန် အာရုံခံကြည့်နေသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းတို့အားလုံးမှာ တစ်ခုနှင့်တစ်ခု လုံးဝဥဿုံ တူညီနေကြသည်။ အားလုံးမှာ အစစ်အမှန်များ ဖြစ်နေနိုင်သလို အားလုံးမှာ အတုအယောင်များလည်း ဖြစ်နေနိုင်သည်။

...

“နင် ဘာလုပ်နေတာလဲ”

လီယောင်းက တိုက်ပွဲကိုကြည့်ရင်း ပိုမိုစိတ်တိုလာကာ မေးလိုက်သည်။

“တိုက်ခိုက်နေတာလေ”

ယောင်းယောင်းက ဘာမှမဖြစ်သလို ပြန်ဖြေသည်။

“အေးပါ နင့်တိုက်ခိုက်မှုက တစ်ကမ္ဘာမှာ တစ်ခါလောက်ပဲ ဒဏ်ရာရစေတာနော်”

လီယောင်းက ခပ်ငေါ့ငေါ့ ပြန်ပြောလိုက်၏။

“ဟွန့်”

ယောင်းယောင်းက မထီမဲ့မြင် ပြုလိုက်သည်။

“နင်...”

လီယောင်းမှာ အလွန်ဒေါသထွက်နေသော်လည်း ဘာမှလုပ်၍မရသဖြင့် ပို၍ပင် နာကျည်းနေမိသည်။

“စိတ်အေးအေးထားပါ”

ရှန်းယွီက ချော့မော့သည့်လေသံဖြင့် ပြောရင်း သူမ၏ဒေါသများ ပြေလျော့သွားစေရန် သူမ၏ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

“ပြီးတော့ ငါ့ကိုလည်း အဲဒီလောက်ကြီး အတင်းမညှစ်ပါနဲ့ဦး ငါ အသက်ရှူရတာ ခက်နေပြီ”

သူက စိတ်ထဲမှ တွေးလိုက်သော်လည်း အပြင်သို့ ထုတ်မပြောဝံ့ပေ။

အပြင်ဘက်တွင်မူ ယောင်းယောင်းက အကြီးအကဲကို စိုက်ကြည့်လိုက်သည်။ သူမ၏ အကြီးစားဗားရှင်း ပြောသည်မှာ မှန်သည်။ အကြီးအကဲမှာ သူမ၏ လျှပ်စီးကိုယ်ပွါး တိုက်ခိုက်မှုများကြောင့် သိသာထင်ရှားသော ထိခိုက်ဒဏ်ရာမျိုး ရရှိပုံမပေါ်ပေ။

သူမသည် သူမ၏ နယ်ပယ်အတွင်းရှိ စည်းမျဉ်းများကို အသုံးပြုကာ ဒဏ်ရာရအောင် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ချေ။ သူမ၏ နယ်ပယ်မှာ ဖိနှိပ်ခံထားရခြင်းကြောင့် ဤအခြေအနေအောက်တွင် ဤသို့လုပ်ဆောင်နိုင်ခြင်းကပင် သူမအတွက် အစွမ်းကုန် ကြိုးစားထားခြင်းပင်။

ရုတ်တရက်ဆိုသလို သူမ၏ခေါင်းထဲတွင် ပြောင်မြောက်သောအကြံတစ်ခု ပေါ်လာပြီး မျက်လုံးများ ဝင်းပသွားသည်။

"ဟုတ်သားပဲ စီနီယာအစ်ကို့ကို အကူအညီတောင်းရမယ်"

သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စီနီယာအစ်ကိုက ဓားကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်လေ။ သူက ကျွန်မကို ကူတိုက်ပေးနိုင်တာပဲ"

စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ လီယောင်းက သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"စီနီယာအစ်ကို့ကို အကူအညီတောင်းမယ်။ သူက ဒီနေရာနဲ့ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာမှာ ရှိနေတာကို။ နင် သူ့ကို ဘယ်လိုများ အကူအညီတောင်းမှာလဲ"

အပြင်ဘက်တွင်မူ ယောင်းယောင်းက သူမကို လုံးဝဥဿုံ လျစ်လျူရှုထားသည်။ သူမသည် လက်ဝါးနှစ်ဖက်ကို စုစည်းကာ အာရုံစူးစိုက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ခွာလိုက်ရာ သူမ၏ လက်ဝါးကြားတွင် လျှပ်စီးများဖြင့် ပြုလုပ်ထားသော အရုပ်ကလေးတစ်ခု စတင်ပေါ်ပေါက်လာသည်။

ထိုလျှပ်စီးရုပ်လေးမှာ အရွယ်အစားအားဖြင့် တစ်ပေခွဲခန့် မီတာဝက်ခန့် ရှိပြီး ခေါင်းကြီးကြီးနှင့် ကိုယ်ထည်သေးသေး ဖြစ်သည်။ ၎င်းမှာ ရှန်းယွီ၏ စိတ်ဝိညာဉ်အစအနနှင့် အတော်ပင် ဆင်တူလှ၏။

ရှန်းယွီသည် ၎င်းကို မြင်လိုက်ရသောအခါ သူမ ဘာလုပ်ရန် ကြံစည်နေသည်ကို ချက်ချင်းပင် သဘောပေါက်သွားသဖြင့် ပြုံးလိုက်မိသည်။ သူမသည် သူ၏ ဒြပ်စင်ကိုယ်ပွါးများ ဖန်တီးသကဲ့သို့ပင် သူ ဝင်ရောက်ပူးကပ်ရန်အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးနေခြင်း ဖြစ်သည်။

ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလားဟု သူ တွေးနေမိသည်။ သူသည် လီယောင်း၏ ဆုပ်ကိုင်ထားမှုအတွင်းမှ ပျောက်ကွယ်သွားပြီး အပြင်ဘက်သို့ ထွက်လာကာ သူ့အတွက် ပြင်ဆင်ထားသော လျှပ်စီးခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လိုက်သည်။

ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ချိန်တွင် ထိုခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် သက်သောင့်သက်သာရှိနေသဖြင့် သူ အမှန်တကယ်ပင် အံ့ဩသွားရသည်။ ၎င်းတွင် အသားမျှင်များ မရှိဘဲ စင်ကြယ်သော ဒြပ်စင်စွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားသော်လည်း အလွန်ပင် သဘာဝကျကာ လိုသလို လှုပ်ရှားနိုင်သည်ဟု ခံစားရသည်။

သူသည် လက်မောင်းများ ရှိလာစေရန် စိတ်ကူးဖြင့် စမ်းသပ်ကြည့်လိုက်ရာ သူ စိတ်ကူးထားသည့်အတိုင်းပင် လျှပ်စီးခန္ဓာကိုယ်မှ လက်မောင်းများ ချက်ချင်း ထွက်ပေါ်လာသည်။ ဤပုံစံမှာ သူ၏ စိတ်ဝိညာဉ်အစအနအတိုင်းပင် ဖြစ်သည်ဟု သူ တွေးလိုက်မိ၏။

"စီနီယာအစ်ကို ကြိုက်ရဲ့လား"

သူမက မျှော်လင့်တကြီး မေးလိုက်သည်။

"အင်း အရမ်းကြိုက်တာပေါ့။ ယောင်းယောင်းက တကယ်ကို တော်တာပဲ"

ရှန်းယွီက နွေးထွေးစွာ ပြောရင်း သူမ၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။

"ဟိဟိ... စီနီယာအစ်ကို ကြိုက်မယ်ဆိုတာ ကျွန်မ သိသားပဲ"

သူမက သူ၏ ချီးမွမ်းမှုကြောင့် တခိခိ ရယ်မောနေတော့သည်။

ရှန်းယွီသည် ဟင်းလင်းပြင်ဓားဆီသို့ လက်လှမ်းကာ ဓားကို ဆွဲထုတ်လိုက်သည်။ အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် တကယ့်တိုက်ပွဲကို ပြန်လည်ရင်ဆိုင်ရတော့မည်ဟု သူ တွေးလိုက်မိ၏။

အံ့ဩစရာကောင်းသည်မှာ ပြိုင်ဘက်မှာ အင်အားကြီးလှသော ဟင်းလင်းပြင်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေသော်လည်း သူ လုံးဝ မကြောက်ရွံ့ပေ။ ဤယုံကြည်မှုမှာ သူကိုယ်တိုင် လူသားခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ရောက်ရှိနေခြင်း မဟုတ်သည့် အချက်ကြောင့်လည်း ဖြစ်နိုင်သည်။

သူသည် နတ်ဘုရားလက်နက်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီးနောက် ဓားအိမ်ကို ယောင်းယောင်းလေးထံသို့ ပစ်ပေးလိုက်သည်။

"ဒါကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနော်"

သူ ညွှန်ကြားလိုက်၏။

ထို့နောက် သူသည် ထူးဆန်းသော ပုံစံဖြင့် ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဟန်ချက်ကို စမ်းသပ်လိုက်သည်။

"ကဲ... ငါ့ရဲ့ အရည်အချင်းတွေ ကျန်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့..."

All Chapters