← Chapters

အခန်း (၂၉၀)

Vol. 29 Ch. 290

အခန်း (၂၉၀)

Vol. 29 Ch. 290

ရွှေအပ်များ ရောက်ရှိလာသည်နှင့် ချန်စီဟိုင်သည် အပ်စိုက်ရန် ပြင်လိုက်တော့သည်။

ချီထျန်းနှင့် ချန်စီဟိုင်တို့ လျှို့ဝှက်စွာ မျက်ရိပ်ပြနေကြသည်ကို မြင်လိုက်ရသောအခါ ယွင်ရှန်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အရောင်အဝါတစ်ခု ဖျတ်ခနဲ လက်သွားသည်။ သူမသည် င်္အကျီလက်အောက်မှနေ၍ သူမ၏ မှော်လှံတံကို အသာအယာ ဝေ့ယမ်းလိုက်ရာ မြေစူးသေးသေးလေးတစ်ခုမှာ လယ်သမားရှိရာသို့ ဦးတည်ကာ လျင်မြန်စွာ ထွက်ပေါ်သွားတော့သည်။

ထိုစဉ်က လယ်သမားမှာ နာကျင်မှုကြောင့် သတိလွတ်လုနီးပါး ဖြစ်နေသော်လည်း ရုတ်တရက် သူ၏အောက်ဘက်မှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ကို နောက်ကျောမှနေ၍ အတင်းဆောင့်တွန်းလိုက်သကဲ့သို့ပင်။

သူသည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရင်း ဘေးမှထိန်းထားသော အင်အားနည်းလှသည့် ဆေးတိုက်သားများ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး အပ်စိုက်ရန် ငုံ့နေသော ချန်စီဟိုင်ကို ဦးခေါင်းဖြင့် အားကုန် ဆောင့်တိုက်လိုက်တော့သည်။

ချန်စီဟိုင်မှာ ကံဆိုးသွားရှာသည်။ လယ်သမား၏ ရုတ်တရက် အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် သူသည် ထိတ်လန့်သွားပြီး ကိုင်ထားသော အပ်ဖြင့် သူ့၏မျက်နှာကိုပင် သူပြန်၍ စိုက်မိသွားတော့သည်။

ဆေးဧကရာဇ်ခန်းမမှ ထုတ်လုပ်သော မေ့ဆေးမှာ ယွင်ရှန်း၏ သီးသန့် မှော်မေ့ဆေးကဲ့သို့ အစွမ်းမထက်သော်လည်း တော်တော်လေးတော့ အာနိသင်ရှိသည်။ ကံဆိုးချင်တော့ ထိုအပ်မှာ မျက်နှာပေါ်ရှိ အာရုံကြောအမှတ်တစ်ခုကို တည့်တည့်ထိမှန်သွားသဖြင့် ချန်စီဟိုင်သည် သူ၏မျက်နှာတစ်ခုလုံး ထုံကျင်သွားကာ တစ်ခြမ်းလုံး လှုပ်မရတော့ဘဲ ဖြစ်သွားရသည်။

သူ၏ မျက်နှာတစ်ခြမ်းမှာ ရယ်လို့လည်းမရ၊ ငိုလို့လည်းမရဘဲ မျက်နှာလေဖြတ်နေသူ တစ်ဦးနှင့်ပင် တူသွားတော့သည်။ သူသည် သူ၏မျက်နှာကို လက်ညှိုးထိုးပြရင်း တစာစာနှင့် စကားတွေပြောနေသော်လည်း ထစ်ထစ်အအ ဖြစ်နေကာ စကားတစ်လုံးမှ အဖတ်မတင်တော့ချေ။

ဆေးဧကရာဇ်ခန်းမမှ ဆေးတိုက်သားများနှင့် ဆရာဝန်များမှာ ထိတ်လန့်တကြား ဖြစ်သွားကြပြီး ချန်စီဟိုင်၏ အခြေအနေကို ကြည့်ရန် အပြေးအလွှား ရောက်ရှိလာကြသည်။

အခြေအနေများမှာ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။

ဆေးဧကရာဇ်ခန်းမမှ ဝန်ထမ်းများမှာ ချန်စီဟိုင်၏ အခြေအနေကို စစ်ဆေးရန် ပျာပျာသလဲ ဖြစ်နေကြပြီး တစ်ဖက်တွင်လည်း လယ်သမားမှာ သူ၏ဦးခေါင်းကို အတင်းဆုပ်ကိုင်ကာ နာကျင်လွန်းသဖြင့် မြေကြီးပေါ်တွင် လူးလှိမ့်နေဆဲပင်

"ဆရာဝန်ကြီးတို့... ကူညီကြပါဦး"

လယ်သမား၏ဇနီးမှာလည်း ထိတ်လန့်တကြား ဖြစ်နေရသည်။ ဆေးဧကရာဇ်ခန်းမမှ ဆရာဝန်များပင် သူမခင်ပွန်း၏ရောဂါကို မကုသနိုင်ဟု သူမ မယုံကြည်နိုင်ဘဲ ဖြစ်နေရသည်။

"ယွင်ရှန်း... ဒီလူမှာ တကယ်ပဲ ဘာဖြစ်နေတာလို့ နင်ထင်သလဲ"

လယ်သမားကို အကဲခတ်နေသော ယွင်ရှန်းကို ဂူဖုန်းက ဆွဲကာ မေးလိုက်သည်။

"သူက ဖျားနာနေတာတော့ မဟုတ်ဘူး"

ယွင်ရှန်းက သူမ၏ မှော်လှံတံကို ဝေ့ယမ်းလိုက်ရာ ရုတ်တရက်ဆိုသလိုပင် ရေဒြပ်စင်

မှော်များ ထွက်ပေါ်လာပြီး ကြိုးတစ်မျှင်အဖြစ် ပြောင်းလဲသွားကာ မြေကြီးပေါ်တွင် ရုန်းကန်နေသော လယ်သမားကို တုပ်နှောင်လိုက်သည်။

"ဘာလုပ်တာလဲ"

သူမ၏ခင်ပွန်းကို အပြာနုရောင် ကြိုးကဲ့သို့ အရာတစ်ခုဖြင့် တုပ်နှောင်ထားသည်ကို မြင်လိုက်ရသောအခါ လယ်သမား၏ဇနီးသည် ယွင်ရှန်းကို ရင်ဆိုင်ရန် အလျင်အမြန် ချဉ်းကပ်လာသည်။

"မင်းတို့တွေပဲလား ဒါက ဆေးဧကရာဇ်ခန်းမရဲ့ လူနာပဲ။ စီအန်းဆေးတိုက်နဲ့ ဘာဆိုင်လို့လဲ"

ချန်စီဟိုင်ကို ပြုစုပြီးနောက် ချီထျန်းနှင့် ဆရာဝန်အချို့ လှည့်ကြည့်လိုက်သောအခါ ယွင်ရှန်းနှင့် သူမ၏အဖော်များ ရောက်နေသည်ကို သတိပြုမိသွားကြသည်။

"ရယ်စရာပဲ... ရှင်တို့မှာ ဒီလူနာကို ကုနိုင်တဲ့ နည်းလမ်းမရှိတာ ထင်ရှားနေတာတောင် ဆေးဧကရာဇ်ခန်းမရဲ့ လူနာလို့ ပြောနေသေးတယ်ပေါ့။ ရှင့်ဆရာကိုပဲ အရင်သွားကြည့်လိုက်ပါဦး။ ကြွက်သားပျော့ဆေးသုတ်ထားတဲ့ အပ်က အာရုံကြောအချက်ကို ထိသွားတာဆိုတော့ အချိန်မီ မကယ်နိုင်ရင် ရှင့်ဆရာရဲ့ မျက်နှာလေဖြတ်တာက အခုချက်ချင်း ပြန်ကောင်းလာမှာ မဟုတ်ဘူးနော်"

ယွင်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ သူမသည် ချန်စီဟိုင်၏ ယုတ်ညံ့သော လုပ်ရပ်များကို ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။

"ဟုတ်တယ် ခုနက လူတိုင်းမြင်လိုက်တာပဲ။ ရှင့်ဆရာက သူ့ကို မကယ်နိုင်တဲ့အပြင် အခုတော့ သူ့ကိုယ်သူတောင် မနည်းပြန်ကုနေရတယ် မဟုတ်လား"

လင်းယောင်ယောင်ကလည်း မီးလောင်ရာလေပင့်၍ ပြောလိုက်သည်။

အခြေအနေများကြောင့် အကျပ်ရိုက်နေသော ချီထျန်းသည် မျက်နှာလေဖြတ်နေသည့် သူ၏ဆရာ ချန်စီဟိုင်ထံမှ အကူအညီတောင်းခံလိုက်သည်။ ချန်စီဟိုင်၏ မျက်ဝန်းထဲတွင် ဒေါသများ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို အော်ဟစ်ပြောဆိုနေသော်လည်း ထွက်လာသော အသံများမှာမူ အလွန်ပင် ရယ်စရာကောင်းနေတော့သည်။

သူ့ဆရာ၏ အမူအရာကို ကြည့်ကာ အားတက်သွားသော ချီထျန်းသည် ယွင်ရှန်းတို့အုပ်စုကို မထေမဲ့မြင် ကြည့်လိုက်သည်။ သူသည် အမျိုးသမီး မှော်ဆရာမလေး တစ်ယောက်ကို မယှဉ်

နိုင်စရာ အကြောင်းမရှိဘူးဟု ယုံကြည်နေသည်။

"ဆေးဧကရာဇ်ခန်းမက မကုနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ငါ အခုပဲ အပ်စိုက်ပြမယ်။ ကြည့်ထားလိုက်"

ချန်စီဟိုင်၏ သင်ကြားမှုအောက်တွင် ချီထျန်း၏ အပ်စိုက်ပညာမှာလည်း အတော်အတန် ကျွမ်းကျင်မှု ရှိသည်။

လူအများအပြားက လယ်သမားကို ဝိုင်းဝန်းဖိထားသော်လည်း သူက အသည်းအသန် ရုန်းကန်နေဆဲဖြစ်ရာ အပ်စိုက်ရန်မှာ အလွန်ခက်ခဲနေသည်။ သို့သော် ယခုအခါ ယွင်ရှန်းက ရေနွယ်တုပ်နှောင်ခြင်းမှော်ဖြင့် ထိန်းထားပေးသဖြင့် အပ်စိုက်ရသည်မှာ ပို၍လွယ်ကူသွားသည်။

ချီထျန်းသည် သူ၏ ငွေအပ်ကို ထုတ်ယူကာ လယ်သမားထံသို့ ချဉ်းကပ်သွားသည်။ သူသည် ချန်စီဟိုင် သင်ကြားထားသည့်အတိုင်း နားထင်အနီးရှိ အာရုံကြောအချက်နှင့် နားနောက်ဘက်ရှိ အချက်များသို့ အပ်နှစ်စိုက် ထိုးစိုက်လိုက်သည်။

အပ်မစိုက်ခင်အထိတော့ ဘာပြဿနာမှ မရှိသေးပေ။ သို့သော် အပ်စိုက်လိုက်သည်နှင့် တစ်ပြိုင်နက်...

ငြိမ်သက်နေသော လယ်သမားသည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ သူ၏ နားအစုံမှ သွေးများ စိမ့်ထွက်လာပြီး နာကျင်မှုမှာလည်း ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။

ချီထျန်းမှာ အံ့အားသင့်ကာ မှင်တက်သွားရသည်။

ဘာတွေဖြစ်ကုန်တာလဲ။

သူသည် သူ၏ဆရာ သင်ကြားပေးထားသည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့ပါလျက်နှင့် လူနာ၏ အခြေအနေမှာ ဘာကြောင့် ပိုမိုဆိုးရွားသွားရတာလဲ။

"ဖယ်စမ်း"

ယွင်ရှန်းက မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလာပြီး လမ်းပိတ်နေသော ချီထျန်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။

"ဒါ... ဒါ ဘာလို့ ဒီလိုဖြစ်သွားတာလဲ"

ချီထျန်းသည် ဘာမှမလုပ်တတ်တော့ဘဲ လေဖြတ်နေသည့် သူ၏ဆရာ ချန်စီဟိုင်ကို ကြည့်လိုက်သော်လည်း ချန်စီဟိုင်၏ တောင့်တင်းနေသော မျက်နှာမှာ မည်သည့်အဖြေမှ မပေးနိုင်ခဲ့ချေ။

သူက လယ်သမား၏ မခံမရပ်နိုင်အောင် ခေါင်းကိုက်နေမှုမှာ တစ်ခြမ်းစောင်းခေါင်းကိုက်

ဝေဒနာကြောင့် ဖြစ်သည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုဝေဒနာသာ မှန်ကန်ပါက အပ်အနည်းငယ် စိုက်လိုက်ရုံနှင့် နာကျင်မှုမှာ သိသိသာသာ လျော့ပါးသွားရမည်ဖြစ်ပြီး နားမှ သွေးထွက်ခြင်းမျိုး လုံးဝ မဖြစ်နိုင်ပေ။

"သူဖြစ်နေတာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ မဟုတ်ဘူး။ ရှင်က အဲဒီအမှတ်နှစ်ခုကို အပ်စိုက်လိုက်တာက သွေးတွေကို နားဆီကို တိုက်ရိုက် တိုးဝင်စေလိုက်တာပဲ။ အဲဒါကြောင့် သွေးထွက်တာက သဘာဝပဲလေ"

ယွင်ရှန်းသည် တည်ငြိမ်စွာဖြင့် လယ်သမား၏ သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်းတို့ကို စစ်ဆေးပြီးနောက် သူ၏ မျက်ခွံကို လှန်ကြည့်လိုက်သည်။

လယ်သမား၏ဇနီးသည် အလွန်အမင်း ထိတ်လန့်နေသော်လည်း သူမခင်ပွန်းကို စစ်ဆေးပေးနေသော ယွင်ရှန်း၏ တည်ငြိမ်သောအမူအရာကို မြင်လိုက်ရသောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင် မနားတမ်း အသနားခံတော့သည်။

"ဆရာဝန်မလေး... ကျွန်မယောက်ျားရဲ့ရောဂါကို ကုပေးနိုင်မလားဟင်။ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဦး။ ကျွန်မတို့ မိသားစုဝင်ငါးယောက်လုံးက သူ့ကိုပဲ အားကိုးနေရတာပါ။ ကူညီပါဦးရှင်"

"အမကြီး... စိတ်မပူပါနဲ့။ အရင်ဆုံး ကျွန်မကို ပြောပြပါဦး။ အမကြီးယောက်ျားမှာ အရင်

ကတည်းက စွဲနေတဲ့ရောဂါမျိုးရှိလား။ ဒါမှမဟုတ် မကြာခင်ကမှ ကုသထားတာမျိုး ရှိလား" ယွင်ရှန်းသည် လယ်သမား၏ဇနီးကို ထူပေးရင်း ကြင်နာစွာ မေးလိုက်သည်။

ယွင်ရှန်းသည် ငှက်ပျောရွက်ရွာမှ လာသူဖြစ်သဖြင့် သူမရှေ့မှ လယ်သမားဇနီးမောင်နှံကို မြင်ရသောအခါ သူမ၏ ရွာမှ အိမ်နီးချင်းဟောင်းများကို သတိရမိသွားပြီး အလွန်ယဉ်ကျေးစွာ ပြောဆိုနေခြင်းဖြစ်သည်။

လယ်သမား၏ဇနီး ကြုံဖူးသမျှ ချန်စီဟိုင်ကဲ့သို့သော ဆရာဝန်များမှာ မာနတံခွန် ထောင်လွှားနေတတ်ကြပြီး အခမဲ့ဆေးကုသချိန်မှာပင် ယခုကဲ့သို့ ကြင်နာသောစကားမျိုး တစ်ခါမျှ မပြောဖူးကြချေ။ ညဉ့်မှောင်မှောင်ကဲ့သို့ နက်မှောင်သော ယွင်ရှန်း၏ မျက်ဝန်းများကို ကြည့်ရင်း ကြင်နာသောစကားများကို ကြားရသောအခါ လယ်သမားဇနီး၏ ထိတ်လန့်တုန်လှုပ်နေသော စိတ်အစဉ်မှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

"စွဲနေတဲ့ရောဂါလား... ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်မယောက်ျားက အရင်က နားထဲမှာ အသံတွေမြည်တဲ့ နားအူရောဂါဖြစ်ဖူးတယ်။ ဒါပေမဲ့ ဒါက ရောဂါအသေးအဖွဲလေးပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ယွီကျင်းမြို့မှာ အခမဲ့ဆေးကုသပွဲတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒါ ဆေးဧကရာဇ်ခန်းမက ဦးစီးတာလို့ မှတ်မိပါတယ်။ အဲဒီတုန်းက ဆရာဝန်တစ်ယောက်က ကျွန်မယောက်ျားကို အပ်အနည်းငယ် စိုက်ပေးပြီး ကုသပေးလိုက်တာ အဲဒီနောက်ပိုင်း ရောဂါပျောက်သွားခဲ့တယ်"

လယ်သမား၏ဇနီးက ပြန်ပြောင်းသတိရကာ ပြောပြသည်။

နားအူခြင်းမှာ ပြင်းထန်သောရောဂါ မဟုတ်သဖြင့် ယွင်ရှန်းက မမေးမချင်း သူမ၏စိတ်ထဲတွင် ထည့်မထားခဲ့မိပေ။

"လွန်ခဲ့တဲ့တစ်နှစ်က အပ်စိုက်ကုသခဲ့တာမှာ ပြဿနာရှိနိုင်မယ်လို့ ကျွန်မထင်တယ်။ အဲဒီတုန်းက ဘယ်ဆရာဝန်က ကုပေးခဲ့တာလဲဆိုတာ မှတ်မိသေးလား"

ယွင်ရှန်းက ညင်သာစွာ ဆက်မေးလိုက်သည်။

ချန်စီဟိုင်က လယ်သမား၏ အစားအသောက်နှင့် ရောဂါရာဇဝင်ကို မေးမြန်းသော်လည်း အဖြေမထွက်ခဲ့သည်ကို သူမ သတိထားမိသည်။ ယခု ဤမေးခွန်း၏ အဖြေကို ရလိုက်သောအခါ ရောဂါ၏အရင်းအမြစ်မှာ ထိုစဉ်က ဆေးကုသမှုမှ စတင်ခဲ့ကြောင်း သူမ အသေအချာ သိရှိသွားပြီဖြစ်သည်။

"ဆရာဝန်ရဲ့ မျိုးရိုးနာမည်က ဝမ်လို့ ထင်ပါတယ်"

လယ်သမားဇနီးက အစွမ်းကုန် ကြိုးစားသတိရကာ ဖြေလိုက်သည်။

"မဟုတ်မဟတ် စွပ်စွဲချက်ပဲ မင်းတို့ ဘာကြံစည်နေလဲဆိုတာ ငါတို့ မသိဘူးများ မှတ်နေလား။ ငါတို့ ဆေးဧကရာဇ်ခန်းမရဲ့ နာမည်ကို တမင်ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ"

ချီထျန်းနှင့် ဆေးဧကရာဇ်ခန်းမမှ ဝန်ထမ်းများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ဒေါသတကြီး ဖြစ်ကုန်ကြသည်။ သူတို့၏ ကုသမှုကြောင့် လယ်သမားမှာ ရောဂါဖြစ်ရသည်ဟု စီအန်းဆေးတိုက်က အရဲစွန့်ပြောဆိုနေခြင်းကို သူတို့ လက်မခံနိုင်ကြချေ။

"ဒါက စွပ်စွဲချက် ဟုတ်မဟုတ်ဆိုတာ အရာအားလုံးကို ရှင်းလင်းပြီးရင် ကျွန်မ သိပါလိမ့်မယ်။ အကယ်၍ ရှင်တို့ရဲ့ အမှားမဟုတ်ဘူးဆိုရင် ကျွန်မကပဲ တောင်းပန်ပါ့မယ်"

ယွင်ရှန်းက ခပ်ပြတ်ပြတ်ပြောဆိုပြီးနောက် လယ်သမား၏ နားအတွင်းပိုင်းကို အသေအချာ စစ်ဆေးလိုက်သည်။

သူမ၏ ရှန်းနုန်မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားပြီး လယ်သမား၏ နားအတွင်းပိုင်းကို စူးစိုက်ကာ ကြည့်ရှုနေတော့သည်။

"အမကြီး... ပြန်စဉ်းစားကြည့်ပါဦး။ အဲဒီတုန်းက ဆရာဝန်ဝမ် သုံးသွားတဲ့ အပ်တွေက ဘယ်လိုမျိုးလဲဟင်"

လယ်သမား၏ဇနီးမှာ ရိုးသားသော တောသူတစ်ဦးဖြစ်သဖြင့် ဆေးပညာနှင့် ပတ်သက်၍ ဘာမျှ နားမလည်ပေ။ သူမသည် ထိုစဉ်က သုံးခဲ့သော အပ်အမျိုးအစားကို အတိအကျ မမှတ်မိနိုင်ချေ။

"ကျွန်မ သိပ်မမှတ်မိတော့ဘူး... ဒါပေမဲ့ အခု ဆရာဝန်နှစ်ယောက် သုံးသွားတဲ့ အပ်တွေနဲ့တော့ လုံးဝမတူတာ သေချာတယ်"

သူမက ယွင်ရှန်းကို ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

All Chapters