← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အပိုင်း(၁၀၆)

စားဖိုမှူးယွီက ဤအချက်ကို လက်မခံနိုင်ပေ။ သူ့စားသောက်ဆိုင်၏ အထွေထွေမန်နေဂျာက ဝင်ရောက်လာသောအခါ သူက အဝတ်အစားလဲခန်းထဲမှာ ထိုင်လိုက် ထလိုက် လုပ်နေသည်။

"စားဖိုမှူးယွီ၊ မင်းက မျှော်လင့်ထားတဲ့အတိုင်း အရည်အချင်းရှိတယ်။ ချန်ပီယံဆုတောင် ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်" သင့်တင့်လျှောက်ပတ်သော အဝတ်အစားကို ဝတ်ဆင်ထားသော အထွေထွေမန်နေဂျာက ဂုဏ်ပြုစကားပြောသည်။

"ကျေးဇူးပါပဲ" သို့သော်ငြားလည်း စားဖိုမှူးယွီက ပျော်ရွှင်သောအမူအရာကို မပြသဘဲ ဝတ်ကျေတန်းကျေ ပြန်ပြောသည်။

"ခင်ဗျား ဘာဖြစ်နေတာလဲ စားဖိုမှူးယွီ" အထွေထွေမန်နေဂျာက အရေးထားသောအမူအရာဖြင့် မေးမြန်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး" စားဖိုမှူးယွီက ဤပြဿနာရပ်သည် သူ့အတွက် မကောင်းမွန်သိသည့်အတွက်ကြောင့် အများသိအောင် ထုတ်မပြောချင်ပေ။

" ချန်ပီယံဆုရတာတောင် ခင်ဗျားပုံကြည့်ရတာ မပျော်မရွှင်ဖြစ်နေတယ်။ ဘာလို့လဲ " အထွေထွေမန်နေဂျာက သူ့ခေါင်းဆောင်စားဖိုမှူးနှင့် ပတ်သက်ပြီး အလေးထား ဆက်ဆံနေသေးသည်။ ချန်ပီယံဆိုသော စကားကို ပြောလိုက်သောအခါ စားဖိုမှူးယွီက မျက်မှောင်ကြုံ့လိုက်သည်။

" ခင်ဗျား မပြောပြရင် ကျွန်တော်က ဘယ်လို ကူညီဖြေရှင်းပေးလို့ရမှာလဲ " အထွေထွေမန်နေဂျာက ပျော့ပျောင်းသော လေသံဖြင့် စကားပြောသည်။ သူ့စိတ်ထဲ ထပ်တလဲလဲ တွေးမိသော အကြောင်းအရာကို ပြန်တွေးမိသောအခါ စားဖိုမှူးယွီက ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။ သို့တည်းမဟုတ်လျှင် သူ့ရင်ထဲ အဆင်မပြေသော ခံစားချက် ဖြစ်ပေါ်နေလိမ့်မည်။ အရေးကြီးဆုံးအနေဖြင့် အထွေထွေမန်နေဂျာက သူ့ဖက်မှ ရပ်တည်ပေးမည့်သူ ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ စားဖိုမှူးယွီက ဝမ်ရှုယွမ် နှင့် အခြားသော အကဲဖြတ်ဒိုင်လူကြီးမင်းတို့ ပြောဆိုနေသော အကြောင်းအရာကို သူ နားစွန်နားဖျားကြားခဲ့ကြောင်း ထုတ်ပြောသည်။ တကယ်တမ်း သူက ထိုစကားလုံးများကို အပြည့်အဝ ယုံကြည်မှု မရှိကြောင်းပါ ထည့်သွင်းပြောလိုက်သည်။

" ကြီးကြီးမားမား ပြဿနာထင်နေတာ။ ရိုးရှင်းတဲ့ ပြဿနာလေးပဲ "အဖြစ်အပျက် အလုံးစုံကို ကြားသိပြီးနောက် အထွေထွေမန်နေဂျာက ပြဿနာကြီးကြီးမားမား မဟုတ်ကြောင်း ဖော်ပြသည်။

" ဪ ဟုတ်လား " စားဖိုမှူးယွီက အနည်းငယ် သံသယဝင်မိသည်။ အထွေထွေမန်နေဂျာက သူ့ကို နှစ်သိမ့်စကားပြောဆိုနေသနည်း။ တကယ်တမ်း အထွေထွေမန်နေဂျာက သူတို့စကားကို အလေးအနက်မထားခဲ့ပေ။ သူက ကျောက်တုံးတစ်တုံးထဲဖြင့် ငှက်သုံးကောင်ကို တစ်ပြိုင်နက်တည်း ပစ်ရန် စီစဥ်ထားသည်။ ထို့ကြောင့်လည်း စားဖိုမှူးယွီက ထိုစကားများကို သတင်းရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှုယွမ်က သူပြောသောစကားများ လူသိရှင်ကြားဖြစ်သွားမှန်း ကြားလျှင် စားဖိုမှူးယွီကို အားတုံ့အားနာဖြင့် တောင်းပန်စကားပြောသည်။ ထို့အပြင် အထွေထွေမန်နေဂျာက နောက်တစ်ကြိမ် အကဲဖြတ်ဒိုင်လုပ်ရန် ပြောခြင်းကိုလည်း လက်ခံခဲ့သည်။ ထိုမှသာ သူတို့၏ဟိုတယ်ကို အခမဲ့ ကြော်ငြာခွင့် ရလိမ့်မည်။ အထွေထွေမန်နေဂျာ၏ အစီအစဥ်က အောင်မြင်နိုင်ချေရှိသည်ဟု ပြောနိုင်သည်။ ယွမ်ကျိုးက ဘာမှမပြောသေးသည့်တိုင် သူ့ မျှော်လင့်ချက်အားလုံး ပြီးပြည့်စုံရန် ရည်ရွယ်ထားသည်။

ယခုတော့ ယွမ်ကျိုးက စိန်ခေါ်မှုကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ သို့မှ သူ့ဂုဏ်သိက္ခာကို အဖက်ဆယ်နိုင်လိမ့်မည်။ ညနေအချိန်သို့ ရောက်ရှိလာသောအခါ ယွမ်ကျိုးက စားသောက်ဆိုင်ကို ထပ်ဖွင့်သည်။

" သူဌေးယွမ်၊ ခင်ဗျား စိန်ခေါ်ခံရတယ်လို့ သတင်းကြားတယ်။ အဲ့ဒါ ဟုတ်လား " ဝူဟိုင်းက ယွမ်ကျိုးကို နှစ်ထောင်းအားရသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

" မဟုတ်ဘူး " ယွမ်ကျိုးက ငြင်းဆန်သည်။

" သူဌေးယွမ် လိမ်မပြောသင့်ဘူးလေ။ ဒီအကြောင်းကို အားလုံး သိထားပြီးသားလေ " ထိုစကားကို ပြောနေစဥ် ဝူဟိုင်းသည် သူနှင့်အတူ ပါလာသော တခြားသောဖောက်သည်များကို လက်ညှိုးထိုးပြသည်။

" စိန်ခေါ်တယ်ဆိုတာထက် အတွေ့အကြုံ ဖလှယ်တာလေ " ယွမ်ကျိုးက တရားမဝင်သော ပြိုင်ပွဲကို ရည်ညွှန်းသည်။ ဝူဟိုင်းက စို့နစ်သွားပြီး စကားပြန်ပြောသည်။

" ဒါဆိုရင် အတွေ့အကြုံဖလှယ်တဲ့ ပြိုင်ပွဲကို ခင်ဗျား လက်ခံလိုက်ပြီလား " ဝူဟိုင်း မေးမြန်းမှုကို ကြားကြားချင်း စားသောက်ဆိုင်ထဲ ရောက်လာသောဖောက်သည်များက ယွမ်ကျိုးကို စိတ်ဝင်တစားကြည့်ကြသည်။ မုရှောင်ယွမ် ကိုယ်တိုင်ပင် ယွမ်ကျိုးကို မျှော်လင့်တကြီး ငေးကြည့်နေသည်။

" ဟုတ်တယ် " ယွမ်ကျိုး၏အဖြေက ယခင်အတိုင်း တိုတိုတုတ်တုတ် ဖြစ်သည်။

" ဒါဆိုရင် နေ့လည်ခင်း ပြိုင်ပွဲမှာ ဝင်ရောက်ပါဝင်မယ်ဆိုတဲ့ သဘောလား " သူ့နောက်မှာ ရှိသော ဖောက်သည်များကို ဝူဟိုင်းက ဒွိဟဖြစ်သောရည်ရွယ်ချက်ဖြင့် မေးမြန်းလိုက်သည်။

" အမှန်ပဲ သူဌေးယွမ်က နေ့လည်ခင်းမှာကျင်းပတဲ့ ပြိုင်ပွဲမှာ ဝင်ပါဖို့ ဆန္ဒရှိသွားပြီလား " မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးက လူအုပ်စုထဲမှ မတ်တပ်ထရပ်လိုက်ပြီး မေးမြန်းလိုက်သည်။

" ကြည့်စမ်းပါဦး သူဌေးယွမ်ရယ်။ သူဌေးယွမ် စိတ်ပြောင်းသွားရတဲ့ ပြိုင်ပွဲဝင်ပြိုင်တဲ့အကြောင်းကို သိချင်တဲ့သူတွေ အများကြီးပဲနော်။ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ဘူး " ဝူဟိုင်းက ဤအကြောင်းအရာကို စိတ်ဝင်စားနေသူက သူတစ်ယောက်တည်း မဟုတ်ကြောင်း ညွှန်ပြရန် သူ့နောက်မှာ ရှိသောလူများကို လက်ညှိုးထိုးပြသည်။

" သူ့ပုံစံကြည့်ရတာ ရိုးသားတဲ့ပုံ ပေါ်လို့လေ " ခဏတွေးကြံပြီးတော့ ယွမ်ကျိုးက ပြောသည်။

" ဟား ဟား ဟား ။ သူဌေးယွမ် ခင်ဗျားက တကယ့်ကို လူထုံလူအပဲ။ ခင်ဗျားကို စိန်ခေါ်စကားပြောတဲ့သူက ရိုးသားမှု ရှိပါ့မလား။ ခင်ဗျား ဒါလေးတောင် မသိဘူးလား " ဝူဟိုင်းက ယွမ်ကျိုးကို အပြစ်ရှာကာ ပြောဆိုသည်။

" မဟုတ်ဘူးလေ။ သူက အတွေ့အကြုံဖလှယ်မယ်လို့ပဲ ပြောတာလေ " ယွမ်ကျိုးက သူ့မှားယွင်းနေသော စကားကို ပြန်ပြုပြင်၍ ထပ်ပြောသည်။

" ကောင်းပါပြီ။ သူဌေးယွမ်ရဲ့ တွေးခေါ်မှုပုံစံက တကယ့်ကို ထူးခြားမှု ရှိတယ် " ဝူဟိုင်းက အရှုံးကို လက်ခဲလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်ရန် အရသာရှိသော ဟင်းပွဲများကို သုံးဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ကျိုး နှင့် ဝူဟိုင်းကြားက စကားဝိုင်းသည် နောက်တွင်ရှိသော ဖောက်သည်များ၏ သိလိုစိတ်ကို လှုံ့ဆော်ပေးသည်။ တခြားသော ဖောက်သည်များကလည်း သူတို့မှာယူမည့် ဟင်းပွဲများကို အော်ဒါတင်ကြသည်။ ထို့အပြင် သူတို့က အင်တာနက်ကို ဖွင့်လိုက်ပြီး တချို့သော သတင်းအချက်အလက်များတွင် မှတ်ချက်အချို့ ပေးကြသည်။

မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေးက အတက်ကြွဆုံးဖြစ်သည်။ သူမက World Foodie Hotel၏ တရားဝင်Websiteသို့ သွားလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။

" မင်းတို့ စိန်ခေါ်နေတဲ့ စားဖိုမှူးက စိန်ခေါ်မှုကို လက်ခံလိုက်ပြီ။ အရှုံးကို လက်ခံဖို့ အသင့်ပြင်ထားလိုက် "

ဤမှတ်ချက်တွင် ယဥ်ကျေးပျူငှာသော အမူအရာကို မတွေ့ရပေ။ လွန်ခဲ့သော ၂ရက်က ယွမ်ကျိုးသည် စိန်ခေါ်မှုကို လက်ခံမှု မရှိခဲ့၍ World Foodie Hotel က သူတို့ စိတ်ကြိုက်ပြုမူကာ ဂုဏ်ယူဝင့်ကြွားနေသည်။ ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ ဖောက်သည်များကလည်း ယွမ်ကျိုး၏သဘောထားကို မသိသေး၍ ဒေါသထွက်ရုံမှအပ ငြင်းဆန်ခြင်း၊ ငြင်းခုန်ခြင်းများ မလုပ်ဆောင်ခဲ့ပေ။

ပြိုင်ပွဲနှင့်ပတ်သက်၍ ယွမ်ကျိုး၏ အတည်ပြုချက်ကို ရရှိပြီးနောက် World Foodie Hotel၏ တရားဝင် Websiteတွင် သူတို့ထင်မြင်ယူဆချက်များကို ရေးသားကြသည်။ ထို့နောက် ယွမ်ကျိုးက ပြိုင်ပွဲကို ပါဝင်မည့်ကိစ္စကို အထွေထွေမန်နေဂျာ နှင့် စားဖိုမှူးယွီတို့ သိရှိသွားကြသည်။ သူတို့နှစ်ဦး တုံ့ပြန်မှုက ခြားနားသည်။ အထွေထွေမန်နေဂျာက သူ့လက်ထောက်ကို ညွှန်ကြားသည်။

" အရေအသွေးပြည့်မီတဲ့ ထိပ်တန်းပါဝင်ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ မီးဖိုချောင်က လူတွေကို ပြောထား။ ထပ်တူညီတဲ့ ဟင်းပွဲနှစ်ပွဲကို ဖန်တီးမယ်။ ပြီးတော့ ဒီပြိုင်ပွဲကို မှတ်တမ်းတင်ဖို့ လူထုတုံ့ပြန်ဌာနကိုလည်း အကြောင်းကြားထား။ ပြီးရင် ဒီကိစ္စကိုစိတ်ဝင်စားတဲ့ ဖောက်သည်ဆယ်ယောက်ကို မရွေးချယ်ခင်မှာ ကံစမ်းမဲအစီအစဥ်ကိုလည်း စီစဥ်ထား " အထွေထွေမန်နေဂျာ ချမှတ်ခဲ့သော အစီအစဥ်၂ခုကြောင့် ဌာန၂ခုက သက်ဆိုင်ရာအလုပ်များကို ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြသည်။

စားဖိုမှူးယွီကလည်း သူစော်ကားခံရသော ပြစ်တင်ဝေဖန်မှုများကို ရှင်းလင်းနိုင်မည်ဟူသော ခံစားချက်ကြောင့် ပျော်ရွှင်နေသည်။ အကဲဖြတ်ဒိုင်လူကြီး ၂ယောက်ပြောခဲ့သော စကားများကို ကြားပြီးနောက် သူ ရရှိသော ချန်ပီယံဆုသည် သူနှင့်မထိုက်တန်ဟု ခံစားမိသည်။ အခုတော့ သူနှင့် ထိုက်တန်သော အခွင့်အရေးကောင်းကို ရရှိရန် ပိုင်ဆိုင်လာ၍ ပျော်ရွှင်ကြည်နူးမိသည်။

ညဘက်ဆိုင်ဖွင့်ချိန်ကို ပိတ်ပြီးနောက် World Foodie Hotel၏ တရားဝင် Websiteကို သူ့ဖုန်းဖြင့် ကြည့်ပြီး ၎င်းတို့၏ စာမျက်နှာတွင် ကံစမ်းမဲအစီအစဥ်များလည်း ထည့်ထားကြောင်း တွေ့ရသည်။ ပထမဦးဆုံး ၁၀ယောက်က စားဖိုမှူး၂ယောက် ချက်ပြုတ်သည်ကို အနီးကပ်ကြည့်ရှုခွင့်ရမည်။ World Foodie Hotelက သူတို့ တောင်းဆိုချက်ကို ယွမ်ကျိုး လက်ခံသွားကြောင်း အတည်ပြုပြီးနောက်

လိုအပ်သော အခြေအနေများကို ပြင်ဆင်ထားမှန်း ယွမ်ကျိုး သိသွားသည်။ သို့တိုင် ယွမ်ကျိုးက သူ့ရည်ရွယ်ချက်ကို တခြားသူများအား ပြောပြမည့် အစီအစဥ် မရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူက အနာဂတ်တွင် ကျွမ်းကျင်စားဖိုမှူး ဖြစ်လာမည့်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အသေးစိတ်အစီအစဥ်များကို ဖောက်သည်များအား ပြောပြလိမ့်မည် မဟုတ်ချေ။ သူ့ကို စိန်ခေါ်သော အခြားလူများကိုလည်း သူ့ကိုယ်တိုင် အသိပေးစာ ပို့လိမ့်မည် မဟုတ်ချေ။ သူ၏ ဖောက်သည်များမှ တစ်ဆင့် တစ်ဖက်အဖွဲ့ကို သတိပေးခဲ့ခြင်း ဖြစ်သည်။ သိသင့်သိထိုက်သော အချက်အလက်များကို သိရှိပြီးနောက် ယွမ်ကျိုးက ညစာစားရန် ပြင်ဆင်သည်။

ခေါက်ဆွဲပြုတ်နှင့်အတူတူ ဆေးဖက်ဝင်လက်ဖက်ကြက်ဥကို ပြင်ဆင်လိုက်သည်။ ထိုမှသာ သူ့အတွက် လိုအပ်သော အာဟာရဓာတ်များ ရရှိလိမ့်မည်။ ပုံမှန်အတိုင်း ခေါက်ဆွဲစားပြီးနောက် ယွမ်ကျိုးသည် စွပ်ပြုတ်ရည်များကို နောက်တံခါးဖက်မှ ယူဆောင်ကာ ခွေးလေးဆီ သယ်ဆောင်ပြီးသွားသည်။

အမွှေးပွခွေးလေးက ယခင်နှင့်ကွာခြားစွာ သပ်ရပ်သန့်ရှင်းနေပြီး ချစ်စဖွယ်ကောင်းနေသည်။ ပုံမှန်အတိုင်း ယွမ်ကျိုးက ခွေးစာခွက်ထဲသို့ စွပ်ပြုတ်ရည် လောင်းချလိုက်သည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုးက ချက်ချင်း လှည့်ထွက်မသွားပေ။ သူက အမွှေးပွခွေးလေးကို စောင့်ကြည့်ရန် မတ်တပ်ရပ်နေသည်။

"မင်းက ဒီခေါက်ဆွဲက စွပ်ပြုတ်တွေ အားလုံးကို သောက်ပစ်လိုက်တာမလား" ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ ခွေးလေးက မြေကြီးပေါ်မှာ လှဲလျောင်းနေပြီး တုံ့ပြန်မှု မရှိဘဲ ယွမ်ကျိုးကို ကြည့်နေသည်။

"တစ်ခုခု ပြောဦးလေ။ ငါ မင်းကို နာမည်ပေးဖို့ စဉ်းစားနေတာ" ယွမ်ကျိုးက သူတစ်ယောက်တည်းစကားပြောနေသည်ဟု ခံစားမိသည်။

"ငါက မင်းကို စွပ်ပြုတ်လို့ ခေါ်မယ်။ မင်းက ဒီစွပ်ပြုတ်ရည်ကို သောက်ရတာကို ကြိုက်လို့ ဒီနာမည်ကို ပေးရတာ" ယွမ်ကျိုး၏ လက်တစ်ဖက်က ခေါက်ဆွဲခွက်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က သူ့နဖူးကို ထိတွေ့ကာ တည်ငြိမ်သော အမူအရာကို ပြသသည်။ အမွှေးပွခွေးလေးက သူပြောသောစကားကို နားလည်သကဲ့သို့ စွပ်ပြုတ်ရည်များကို သောက်လိုက်ပြီး ခွက်ကို မှောက်ပစ်လိုက်သည်။ ယွမ်ကျိုးက သူ့ကို စွပ်ပြုတ်ရည်ပဲ တိုက်ပေမယ့် အမွှေးပွခွေးလေးက အကုန်သောက်ပစ်လေ့ရှိသည်။ ယွမ်ကျိုး၏ စွပ်ပြုတ်ရည်က အရသာရှိသော စွပ်ပြုတ်‌ရည်ဖြစ်၍ သူသဘောကျနှစ်သက်နေမိသည်။

"ဒါဆိုရင် မင်းကို ပေးထားတဲ့ စွပ်ပြုတ်ဆိုတဲ့ နာမည်ကို မင်းက သဘောတူတယ်ဆိုတဲ့သဘောပေါ့" အမွှေးပွခွေးလေးက တုံ့ပြန်မှုမရှိတာကို မြင်တွေ့ရသောအခါ ယွမ်ကျိုးက ပိုချစ်သွားသည်။ ယခုတော့ သူက စိန်ခေါ်မှုကို လက်ခံလိုက်ပြီး စစ်မှန်သော သူ၏အရည်အချင်းကို ပြသရတော့မည်။

အပိုင်း(၁၀၆)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၀၇)

အမွှေးပွခွေးလေးက စွပ်ပြုတ်အရသာကို မြည်းစမ်းပြီးနောက် ပျော်ပျော်ရွှင်ရွှင် ပြန်အိပ်စက်သည်။

မနက်ဖြန်က အတွေ့အကြုံ ဖလှယ်ရန် သဘောတူထားသောနေ့ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက သူ့ဆိုင်ဖွင့်ချိန်ကို မပြောင်းလဲခဲ့ချေ။ တကယ်ကို ထူးဆန်းနေသည်။

ထို့အပြင် ယွမ်ကျိုးက မနက် ၆နာရီခွဲ နှိုးစက်ပေးထားပြီး မရောင်းချသည်မှာ ကြာပြီဖြစ်သော ရှောင်လုံပေါင်း ရောင်းချရန် ဆုံးဖြတ်ထားသည်။

“ကလင် ကလင် ကလင်” ယွမ်ကျိုးက ဒိတ်အောက်နေသော နှိုးစက်မြည်သံကို ပေးထားသည်။ ယွမ်ကျိုးက အိပ်ရာမှထလိုက်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ဆောင်သည်။

သူ အောက်ထပ်သို့ ရောက်သောအခါ မုန်ညှက် နယ်သည်။ မနက် ၈နာရီအချိန်အထိ အရသာရှိသော စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ခြင်းအာရုံထဲ နစ်မြောကာ ပျော်ရွှင်ကြည်နူးနေသည်။ ထို့နောက် ဘေစင် ရေပိုက်အောက်မှာ သူ့လက်ကို ချထားလိုက်ပြီး လက်သန့်ရှင်းရေး လုပ်ဆောင်သည်။

မုရှောင်ယွမ်က ဝင်ပေါက်နားမှာ မတ်တတ်ရပ်နေပြီး ဆိုင်တံခါးဖွင့်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

“ဆိုင်ထဲဝင်လာခဲ့လေ” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက သူ မနက်ခင်းတိုင်း လုပ်ဆောင်လေ့ရှိသော ကိစ္စရပ်ကို လုပ်ဆောင်ရန် ခေါင်းလှည့်ကာ ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်သည်။

“ဒီမနက်ခင်း ဆိုင်မဖွင့်ဘူးလို့တောင် ထင်နေတာပါ” သူမက ယွမ်ကျိုးနောက် တကောက်ကောက်လိုက်ပြီး တဗျစ်တောက်တောက် ပြောဆိုသည်။

“ဖုန်သုတ်အဝတ်စက ဟိုနားမှာ ရှိတယ်” ယွမ်ကျိုးက ကောင်တာအပေါ်မှ ဆေးကြောထားသော အဝတ်စကို ညွှန်ပြရင်း မုရှောင်ယွမ်၏ တဗျစ်တောက်တောက် ပြောဆိုမှုကို လျစ်လျူရှုထားသည်။

“အို့စ် ဟုတ်ကဲ့” ယွမ်ကျိုး၏အမြဲလိုလို တည်ငြိမ်နေသော မျက်နှာအမူအရာကို ခိုးကြည့်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်မလုပ်ခင် လေးကန်စွာ သက်ပြင်းချလိုက်သည်။

ခဏကြာပြီးနောက် ရှောင်လုံပေါင်း၏ရနံ့က လေထဲ စတင်ပျံ့လာသည်။ အကျိုးဆက်အနေဖြင့် မုရှောင်ယွမ်က တခြားဘာဆိုဘာမှ ဆက်မတွေးနိုင်ဘဲ သွားရည်မကျမိအောင် အလုပ်ကို အာရုံစိုက်ထားရသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏စိတ်အာရုံကို လွှဲပြောင်းပေးနိုင်သော တခြားသော ဖောက်သည်များလည်း ရှိမနေပေ။

ထိုစဉ် ပွယောင်းယောင် ရှပ် အင်္ကျီ နှင့် သပ်ရပ်သော စကတ်တိုကို ဝတ်ဆင်ထားသော ကောင်မလေးက ရံဖန်ရံခါ ခုန်ကြွ ခုန်ကြွ လမ်းလျှောက်ပြီး စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။

ယွမ်ကျိုးက အဖြူရောင်ရှပ်အင်္ကျီကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကာ မျက်မှောင်ကြုတ်သော်လည်း လမ်းလျှောက်မှုပုံစံကြောင့် သူ စိတ်အေးသွားသည်။

“သူဌေးယွမ်၊ ကျွန်မက တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ချင်လို့ ဒီဆိုင်ကို တကူးတက ရောက်လာတာပါ”

မန်မန်က ယွမ်ကျိုး၏ အနားချဉ်းကပ်လာပြီး သူ့ကို မျှော်တလင့်လင့် ငေးစိုက်ကြည့်နေသည်။

“အိုကေ၊ မင်း ဘာစားချင်လဲ” ယွမ်ကျိုးက ခေါင်းညိတ်ကာ မေးမြန်းသည်။

“ကျွန်မက နေ့လည်ခင်း ပြိုင်ပွဲအတွက် ပြောနေတာပါ။ ကျွန်မရဲ့ ပရိသတ်တွေနဲ့ ကျွန်မက ရှင့်ကို ဂုဏ်ပြုဖို့ ဒီနေရာအထိ လာခဲ့တာပဲ” မန်မန်က နားထောင်ချင့်စဖွယ်ဖြစ်အောင် စကားပြောသည်။

“ကိစ္စမရှိပါဘူး။ ရပါတယ်” ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်သည်။ ဤအပြုအမူက သူ့ကို အန္တရာယ်မရှိပေ။

“ကျေးဇူးပဲ သူဌေးယွမ်” မန်မန် ဝမ်းသာအားရ ထိုင်လိုက်ပြီး နှာခေါင်းရှုပ်လိုက်သောအခါ သူမ၏မျက်ဝန်းများက ချက်ချင်း လင်းလက်သွားသည်။

“သူဌေးယွမ်။ ဒီမွှေးရနံ့က မွှေးကြိုင်နေတာလဲ။ ဘာမွှေးရနံ့လဲ။ ဒီဟင်းပွဲရဲ့အရသာကို စားချင်တယ်”

ဝမ်မန် အမည်ရှိသော မန်မန်က တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်လည်း အရမ်း ချစ်စရာကောင်းသည်။ ထို့ကြောင့်လည်း သူမ၏ပရိသတ်များက သူမကို သဘောကျနှစ်သက်ခြင်း ဖြစ်သည်။

မည်သူကမှ မတုံးအကြပေ။ မန်မန်က အရမ်းချစ်စရာကောင်းချင်ယောင် ဟန်ဆောင်နေလျှင် သူမ၏လုပ်ရပ်ကို ပရိသတ်များက သိရှိသွားပြီး စွန့်ပစ်ခဲ့သည်မှာ ကြာပါပြီ။

“အိုကေ၊ ရှာလကာရည် ယူမလား” ယွမ်ကျိုးက ခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။

“ယူမယ်။ ဒါပေမဲ့ သူဌေးယွမ် အခုလို မေးခွန်းမျိုး မေးလာတာ တကယ်ကို နားဝင်ချိုလိုက်တာနော်” မန်မန်က ချိုသာသော စကားကို ပြောဆိုသည်။

“အွန်း၊ ခဏစောင့်ပေးပါ” ယွမ်ကျိုးက အမျိုးသမီးများကို ပုံမှန်အတိုင်း ဆက်ဆံတတ်သည်။ အထူးသဖြင့် ချစ်စရာကောင်းအောင် ပြုမူတတ်သော မိန်းကလေးများကို အထူးသတိထားဆက်ဆံသည်။

ခဏကြာပြီးနောက် မန်မန်က ကျေနပ်အားရသော အမူအရာဖြင့် ရှောင်လုံပေါင်းဖက်ထုပ်ကို စတင်စားသည်။

မန်မန် ရောက်လာခြင်းက အချက်ပြသော သင်္ကေတဖြစ်နေသည်။ တခြားဖောက်သည် တစ်ယောက်ပြီး တစ်ယောက် ဆိုင်ထဲ ရောက်လာသည်။ သိပ်မကြာခင်မှာပင် အချိန် တစ်နာရီ ကုန်လွန်သွားသည်။ မနက်ခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးသွားသည့် သဘောဖြစ်သည်။ သို့သော်လည်း မန်မန်က ဆိုင်မှ ထွက်သွားမည့် ရည်ရွယ်ချက် မရှိပေ။

“မင်းက ဆိုင်ထဲ ရှိနေသေးတာလား” ယွမ်ကျိုးက ခေါင်းမော့လိုက်ပြီး မန်မန်ကို ကြည့်သည်။

“ဟုတ်တယ်။ ကျွန်မက ရှင်နဲ့အတူတူ ပြိုင်ပွဲသွားမလို့လေ သူဌေးယွမ်ရဲ့” မန်မန်က ထိုင်ခုံမှာ ထိုင်နေရင်း အေးအေးချမ်းချမ်း စကားပြောသည်။

“ငါက အခုမသွားသေးဘူးလေ” ယွမ်ကျိုး ပြောလိုက်သော စကား၏အဓိပ္ပါယ်က ပေါ်လွင်လွန်းသည်။

“ငါ အခုမသွားသေးလို့ မင်း အခုတော့ ပြန်နိုင်ပြီ” ဟူသော သဘောဖြစ်သည်။

“ကိစ္စမရှိဘူး။ ကျွန်မ စောင့်နိုင်တယ်။ ရှင်က နေ့တိုင်းနေ့တိုင်း ပုံဖော်ထုဆစ်တဲ့ ပညာရပ်ကို လေ့ကျင့်တယ်လို့ ကြားတယ်။ ကျွန်မ ကြည့်ချင်တယ်” မန်မန်က သူမ၏ဆန္ဒကို ထုတ်ဖော်သည်။

“ဆိုင်ဖွင့်ချိန် ကုန်လွန်သွားပြီလေ” ယွမ်ကျိုးက ညှာတာမှုကင်းမဲ့စွာ ငြင်းပယ်နေဆဲ ဖြစ်သည်။

ထို့နောက် မန်မန်က ဝင်ပေါက် အရှေ့က အပြင်ဘက်မှာ စောင့်ဆိုင်းသည်။ ယွမ်ကျိုးက မုန်လာဥနီများကို ပုံဖော်လေ့ကျင့်နေစဉ် သူမက ဘေးဘက်ရွေ့ပေးပြီး သူ့အပြုအမူများကို စိတ်ဝင်တစား စောင့်ကြည့်သည်။

မနက်ခင်းက ကုန်ဆုံးချိန် မြန်ဆန်လွန်းသည်။ အံ့ဖွယ်ထုဆစ်ပညာရပ်က ရိုးရှင်းသော မုန်လာဥနီလေးကို ဆန်းကြယ်သော အနုပညာရပ်အဖြစ် ပြောင်းလဲပေးသော မြင်ကွင်းကို လုံလုံလောက်လောက် မြင်တွေ့ခွင့်ရခဲ့သည်။ ယွမ်ကျိုးက နေ့လည်စာအတွက် လိုအပ်သော ပါဝင်ပစ္စည်းများ ပြင်ဆင်ရန် မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။

“လေးနက်တည်ကြည်တဲ့ သူဌေးယွမ်က အရမ်းခန့်ညားတယ်”

ယနေ့ ထူးဆန်းနေသည်။ နေ့လည် ၁၂နာရီခွဲသည့်အထိ မည်သူမှ နေ့လည်စာ လာမစားကြပေ။ ယွမ်ကျိုးက စိုးရိမ်သည့် အမူအရာ မရှိဘဲ သူ့အထူးမွမ်းမံထားသော ထိုင်ခုံမှာ အေးအေးဆေးဆေး ထိုင်နေသည်။

သို့သော်ငြားလည်း ကောင်မလေး နှစ်ယောက်က ပို၍ စိုးရိမ်စိတ်များနေပြီး အပြင်ဘက်သို့ အချိန်တိုင်း ကြည့်နေသည်။

ဝူဟိုင်းက ခြေညှပ်ဖိနပ်ကို စီးပြီး လာနေကျ လမ်းအတိုင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အရပ်မှ လမ်းလျှောက်လာသည်။

“သူဌေးယွမ်၊ ခင်ဗျားက နေ့လည်ခင်းအထိ ဆိုင်ဖွင့်တုန်းလား” သူက ဟိတ်ဟန်အပြည့်ဖြင့် ထိုင်လိုက်ပြီးနောက် မေးမြန်းသည်။

“ဟုတ်တယ်လေ။ ဒီမနက်ခင်းတုန်းကလည်း ဆိုင်ဖွင့်တယ်လေ” ယွမ်ကျိုးက မတ်တတ်ရပ်ကာ ပြန်ဖြေသည်။

“ဒီကနေ့ ခင်ဗျား ပြိုင်ပွဲ ရှိတယ်မလား။ ဘာလို့ ဆိုင်ဖွင့်နေသေးတာလဲ။ နောက်မကျဖို့ပဲ ဂရုစိုက်လေ” ထိုစကားကို ပြောပြီးနောက် ဝူဟိုင်းက ဟင်းပွဲများကို အော်ဒါတင်လိုက်သေးသည်။

“အစုံလိုက်ကြက်ဥထမင်းကြော် နဲ့ ဖီးနစ်အမြှီး ပုစွန်ဟင်းတစ်ပွဲ”

ဟင်းပွဲအော်ဒါတင်ပြီးနောက် သူက ယွမ်ကျိုးကို ကူညီသော လေသံဖြင့် စကားပြောသည်။

“ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ တစ်ပွဲ အော်ဒါရတော့ ပြိုင်ပွဲ မဝင်ခင် လေ့ကျင့်သလိုတောင် ဖြစ်သေးတယ်”

“ခဏစောင့်ပေးပါ” ယွမ်ကျိုးက ဝူဟိုင်း၏ ထွေရာလေးပါး စကားများကို မကြားသကဲ့သို့ ပြုမူကာ ချက်ချင်း လှည့်ထွက်လာခဲ့သည်။

သို့သော်ငြားလည်း ဝူဟိုင်းကြောင့်သာ နေ့လည်ခင်းတွင် စီးပွားရေး မကောင်းရသည့် အကြောင်းအရင်းကို ချက်ချင်း သိသွားသည်။ ယွမ်ကျိုးက ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် နေ့လည်ခင်းတွင် ဆိုင်မဖွင့်ဟု ယူဆလိုက်၍ ဖောက်သည်များက ဆိုင်သို့ မလာခြင်း ဖြစ်သည်။

“ဟေ့ ကောင်မလေး။ မင်းက ဘာကြောင့် ဒီဆိုင်မှာ ရှိနေတာလဲ” ဝူဟိုင်းက သူ့စကားကို ယွမ်ကျိုး လုံးဝ စိတ်မဝင်စားမှန်း သိသွားသောအခါ မန်မန်ကို စကားလှည့်ပြောသည်။

“သူဌေးယွမ်ရဲ့ ခမ်းနားတဲ့အောင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ဒီနေရာကို ရောက်နေတာပဲ” မန်မန်က သူမ၏လက်သီးဆုပ်သေးသေးလေးကို ဆုပ်ကိုင်ကာ စိတ်အားထက်သန်စွာ စကားပြောသည်။

“အွန်း၊ သူဌေးယွမ်က သေချာပေါက် နိုင်မှာပါ။ သူ့ကို စိန်ခေါ်တဲ့ စားဖိုမှူးက သာမန်အဆင့်ပါပဲ” ဝူဟိုင်းက သူသည် အရာရာတိုင်းကို တတ်သိနားလည် သကဲ့သို့ သူ့ထင်မြင်ချက်ကို ထုတ်ပြောသည်။

“မုတ်ဆိတ်လေးက သိလှချည်လား။ ကျွန်မကိုလည်း ပြောပြပါဦး” မန်မန်က အရမ်းစိတ်လှုပ်ရှားသွား၍ ဝူဟိုင်း၏သီးသန့် နာမည်ပြောင်ကိုပင် အော်ပြောလိုက်သည်။

“မင်းက ငါ့ကို မုတ်ဆိတ်လေးကို ခေါ်လိုက်တာလား။ အဲလို မခေါ်သင့်ဘူးလေ။ မင်းက ငါ့ကို အန်ကယ်လို့ ခေါ်သင့်တယ်” ဝူဟိုင်းက ဒေါသထွက်ချင်ယောင် ဟန်ဆောင်သည်။

သူတို့ချင်း အပြိုင်အဆိုင် စကားပြောနေစဉ် တခြားဖောက်သည်များလည်း ဆိုင်ထဲ ရောက်လာသည်။

“အစတုန်းက သူဌေးယွမ် ဆိုင်မဖွင့်လောက်ဘူး ထင်ထားပေမဲ့ အတည်ပြုဖို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာပဲ။ ဆိုင်ဖွင့်ထားတော့ တကယ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အရမ်းပျော်ရပါတယ်” ဦးဆောင် ဝင်ရောက်လာသော အမျိုးသားက စကားပြောသည်။

“ဒါပေမဲ့ နေ့လည်ခင်း ဆိုင်ဖွင့်တာက သူဌေးယွမ်ရဲ့ အနိုင်ရနိုင်ချေ အခွင့်အရေးကို ထိခိုက်နိုင်မလား” သူ့နောက်ဘက်မှ တခြားတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းသည်။

“မစိုးရိမ်ပါနဲ့။ သူဌေးယွမ်ရဲ့ သာမန်ထက် လွန်ကဲတဲ့ ဟင်းချက်စွမ်းရည်ကြောင့် အဲဒီလူက သူဌေးယွမ်ကို မယှဉ်နိုင်ပါဘူး။ မြန်မြန်စားကြမယ်။ ဆာလွန်းလို့ သေမတတ်ပဲ” ပြိုင်ပွဲကို စိတ်မဝင်စားသော လူအများစု ရှိသေးသည်။ သူတို့က နေ့လည်စာ စားရန် စောင့်ဆိုင်းနေကြသည်။

ထို့နောက် ယွမ်ကျိုး၏ စီးပွားရေးက ပိုကောင်းမွန်လာသည်။

နေ့လည် ၂နာရီ အချိန် ရောက်လုနီးပါး ဖြစ်သော်လည်း ယွမ်ကျိုးက ဆိုင်မှ ထွက်သွားမည့်အခြေအနေ မရှိသေးပေ။ ဖောက်သည်များက ယွမ်ကျိုးကို နောက်မကျစေရန် တစ်ယောက်ပြီး တစ်ယောက် ဖျောင်းဖျ ပြောဆိုသည်။

သို့သော်ငြားလည်း ယွမ်ကျိုးက နေ့လည်ခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးမည့် အချိန်အထိ စောင့်ဆိုင်းခဲ့သည်။ သူက ဆိုင်တံခါးမပိတ်ခင် အပေါ်ထပ်သို့ တက်သွားပြီး ရေမိုးချိုးကာ အဝတ်အစားလဲသည်။ တကယ်တမ်း ဤတစ်ကြိမ်တွင် သူ့လှုပ်ရှားမှုက မြန်ဆန်သောကြောင့် ၁၀မိနစ်အတွင်း ပြီးစီးသွားသည်။

“မြန်မြန် ဆင်းလာပါ သူဌေးယွမ်ရယ်။ ငါတို့တွေ နောက်ကျတော့မယ်။ တက္ကစီနဲ့ သွားရင်တောင် နာရီဝက် ကြာတယ်” သူ့ဘေးနားက မန်မန်က သူ့ကို ဆော်ဩသည်။

“အချိန်မီပါသေးတယ်” ထိုစဉ် ယွမ်ကျိုးက အောက်ထပ်ဆင်းလာပြီး မိနစ် ၅၀ ကျန်သေး၍ တက္ကစီဖြင့် သွားလျှင် အချိန်မီ ရောက်နိုင်သည်။

“သူဌေးယွမ်၊ ကျွန်မတော့ အခုမှ ဆိုရိုးစကားတွေ နားလည်သွားပြီ” မန်မန်က လမ်းဆုံမှာ တက္ကစီကို စောင့်ဆိုင်းနေစဉ် ရုတ်တရက် စကားပြောသည်။

“ဘာများလဲ” ယွမ်ကျိုးက ထူးထူးဆန်းဆန်း မေးမြန်းသည်။

“မိန်းမစိုးက စိုးရိမ်စိတ်များနေစဉ် ဧကရာဇ်က တည်ငြိမ်နေသတဲ့။ အခုတော့ ကျွန်မက မိန်းမစိုးကြီးနဲ့ တူနေပြီလေ” မန်မန်က တဖွဲ့တနွဲ့ ပြောဆိုနေသည်။

“ငါတို့ အချိန်မီ ရောက်မှာပါ” ယွမ်ကျိုးက တက္ကစီ တားလိုက်သည်။

ကားက သူတို့နှစ်ယောက်၏အရှေ့ ရပ်လိုက်သည်။

ယွမ်ကျိုးက တက္ကစီပေါ်တက်လိုက်စဉ် စားဖိုမှူးယွီက သူ့ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။ သို့သော်လည်း အထွေထွေမန်နေဂျာက နည်းနည်း စိုးရိမ်စ ပြုလာသည်။

အပိုင်း(၁၀၇)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၀၈)

“စားဖိုမှူးယွီ၊ အဲဒီလူ ရောက်လာပါ့မလား” အထွေထွေ မန်နေဂျာက စားဖိုမှူးယွီ ဘေးနား နှစ်ပတ်ပြည့်အောင် လမ်းလျှောက်ရင်း မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။

“သူ လာမှာပါ” စားဖိုမှူးယွီက လေးနက်စွာ ပြောသည်။

“မင်းက ဘယ်လိုသိနေတာလဲ” အထွေထွေမန်နေဂျာက စားဖိုမှူးယွီ၏ မျက်နှာအမူအရာကို ကြည့်ပြီး စပ်စပ်စုစု မေးမြန်းသည်။

“မနေ့တုန်းက ငါ့စီနီယာ ဝမ်ရှုယွမ်က သူနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံး ငါ့ကို ပြောထားတယ်။ ဒါကြောင့်မို့ သူက ဒီကို သေချာပေါက် လာလိမ့်မယ်” ထိုစကားကို ပြောလိုက်စဉ် စားဖိုမှူးယွီက ယွမ်ကျိုးနှင့်ပတ်သက်ပြီး ဝမ်ရှုယွမ်၏မှတ်ချက်ကို ပြန်လည်စဉ်းစားကြည့်သည်။

ဝမ်ရှုယွမ်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြောထားသည်။

“လူငယ်လေးယွမ်က အရည်အချင်းရှိတဲ့ ထိပ်တန်း စားဖိုမှူးပဲ။ ဒီ့အပြင် သူက သူ့အလုပ်ကို လေးလေးနက်နက် လုပ်တယ်။ မင်းလည်း ထူးချွန်တဲ့ အရည်အချင်း ရှိပေမဲ့ မင်းက အရည်အချင်း အစစ်အမှန် မရှိဘူး။ ထိပ်တန်းစားဖိုမှူး ဖြစ်လာနိုင်တဲ့လေးနက်မှုမျိုး မရှိဘူး”

“သူက စီနီယာဆီကနေ ကောင်းမွန်တဲ့ မှတ်ချက်မျိုးရတော့ သူက သေချာပေါက် လာမှာပါ” စားဖိုမှူးယွီက သူ့စိတ်ထဲ တွေးတောနေသည်။

စားဖိုမှူးယွီက ဝမ်ရှုယွမ်၏မှတ်ချက်များကို ယုံကြည်သက်ဝင်သော်လည်း သူ့ဂုဏ်သိက္ခာသူ ရှိသေး၍ အပြည့်အဝ လက်မခံပေ။

“ကောင်းပြီလေ” စားဖိုမှူးယွီက စကားဆက်မပြောချင်မှန်း သိလိုက်၍ အထွေထွေ မန်နေဂျာက သူ့နောက်က တခြားဝန်ထမ်းကို ညွှန်ကြားရုံသာ တတ်နိုင်သည်။

“လိုအပ်တဲ့ ဟင်းချက်အသုံးအဆောင်ပစ္စည်းတွေကို သွားပြင်ဆင်ထားတော့”

ပြိုင်ပွဲမစတင်ခင် မိနစ် ၂၀အလိုတွင် လိုအပ်သော ပစ္စည်းအားလုံးကို ကြိုတင်ပြင်ဆင်မှု ပြီးစီးသွားသည်။

အလယ်မှာထိုင်နေသော ဝမ်ရှုယွမ်က စိတ်လှုပ်ရှားခြင်း နှင့် အရှက်ရသော ခံစားချက် နှစ်မျိုးစလုံးကို ခံစားနေရသည်။ ဤပြဿနာရပ်က နဂိုတည်းက ယွမ်ကျိုးနှင့် သက်ဆိုင်မှု မရှိပေ။ သူ့အမှားကြောင့်သာ ယခုလို အခြေအနေမျိုး ကြုံတွေ့ရခြင်း ဖြစ်သည်။

ပြိုင်ပွဲက တရားဝင် မဟုတ်ဘဲ အတွေ့အကြုံ ဖလှယ်ပွဲဖြစ်၍ ဝမ်ရှုယွမ် အနည်းငယ် စိတ်သက်သာရာ ရသည်။

သူ့ကိုယ်ပိုင် မီးဖိုချောင် နေရာထဲရောက်နေသော စားဖိုမှူးယွီ နှင့် သူ့မျက်နှာချင်းဆိုင်မှ နေရာလွတ်ကို ဝမ်ရှုယွမ် ကြည့်ကာ ယွမ်ကျိုး လာ/ မလာကို စိုးရိမ်စပြုလာသည်။ မည်သို့ပင်ဆိုစေကာမူ သူ့မိတ်ဆွေကောင်းက ယွမ်ကျိုး၏ စိတ်နေသဘောထားကို တခမ်းတနား ချီးမွမ်းပေးထားသည်။

ပွဲစောင့်ကြည့်ရန် ရောက်လာသော ဘေးဘက်မှ ပရိသတ်များလည်း အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

“စားဖိုမှူး နောက်တစ်ယောက်က ဘာလို့ မရောက်သေးတာလဲ။ ပြိုင်ပွဲကို ၃နာရီစတင်မယ်လို့ ပြောထားတယ် မဟုတ်ဘူးလား”

World Foodie Hotel၏ အမာခံ ဖောက်သည်က သူ့ဘေးနားကလူကို တီးတိုးပြောသည်။

သူ့ဘေးနားက တစ်ယောက်ကလည်း အတော်လေး စပ်စုသည်။ သူက ဝင်ပေါက်နေရာသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ မည်သူ့ကိုမှ မတွေ့ရ၍ ပြန်ဖြေသည်။

“ငါလည်း သေချာမသိပါဘူး။ ခဏနေရင်တော့ ရောက်လာလောက်ပါတယ်”

“ဒါပေမဲ့ သတ်မှတ်ချိန် ပြည့်ခါနီးပြီလေ” တစ်စုံတစ်ယောက်က အချိန်ကြည့်လိုက်ပြီ မယုံသင်္ကာဟန် ပြောသည်။

ကြည့်ရှုသူ ပရိသတ်များက စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် ယွမ်ကျိုးက မန်မန်နှင့်အတူတူ World Foodie Hotelထဲသို့ အေးအေးလူလူ လမ်းလျှောက်ဝင်လာသည်။

“သူဌေးယွမ်၊ အချိန် ၁၀မိနစ်ပဲ ကျန်တော့တယ်။ ပြိုင်ပွဲကို အချိန်မီရောက်နိုင်ပါ့မလား” မန်မန်က ယွမ်ကျိုးကို ဆက်တိုက် မေးမြန်းနေသည်။

“အင်း။ ရောက်နိုင်ပါတယ်။ အချိန်ကိုက်ပဲလေ” ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။

ယွမ်ကျိုး ရောက်ရှိချိန်က ပြီးပြည့်စုံသည်။ သူက မီးဖိုချောင်သို့ မသွားဘဲ ဧည့်တွေ့ခန်းမဆောင်သို့ တန်းသွားသည်။ ထို့ကြောင့် သူက မီးဖိုချောင်ငယ်သို့ မရောက်ခင်အထိ ကြည့်ရှုသူ ပရိသတ်များက သူ့ကို မမြင်ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း မန်မန်က ယွမ်ကျိုးကို အနှောင့်အယှက် မပေးမိအောင် သူမက အပြင်ဘက်မှာ မတ်တပ်ရပ်စောင့်နေခဲ့သည်။

“ငါတို့ စောနတုန်းက ကြည့်တော့ မမြင်မိပါဘူး။ အခုတော့ သူက ရောက်နေပြီ။ စားဖိုမှူးက အသက်ငယ်တယ်” ဟိုတယ်၏ပုံမှန်ဖောက်သည်များက ယွမ်ကျိုးကို စပ်စပ်စုစု အကဲခတ်နေသည်။

“အမှန်ပဲ။ ရုပ်ရည်က ကြည့်လို့ မဆိုးပါဘူး”

“ဒါပေမဲ့ ဒီလူငယ်လေးရဲ့ရောက်လာချိန်က တွက်ချက်ကြည့်ရင် အတိအကျပဲ။ အချိန်မီရောက်လာတာပဲ”

ယွမ်ကျိုးက ရိုးရှင်းသော စားဖိုမှူး ယူနီဖောင်းကို ဝတ်ဆင်လိုက်ချိန် ၃နာရီတိတိ ထိုးသွား၍ တစ်မိနစ် မစော သကဲ့သို့ တစ်မိနစ်လည်း နောက်မကျခဲ့ပေ။

“မင်းက လူငယ်လေးယွမ်မလား” ယွမ်ကျိုးက သူ့ကို နှုတ်ဆက်မည့် ရည်ရွယ်ချက် မရှိမှန်း စားဖိုမှူးယွီ နားလည်လိုက်၍ သူက အရင်ဆုံး စကားအစပျိုးလိုက်သည်။

“ငါတို့ စတင်တော့မလား” ယွမ်ကျိုးက စားဖိုမှူးယွီ၏ လောကဝတ်ပြုမှုကို မတုံ့ပြန်ခဲ့ပေ။

“လူငယ်ယွမ်က စိတ်ဆတ်သလိုပဲ” စားဖိုမှူးယွီဘက်ကလည်း ယဉ်ကျေးနေမည့် အတွေးမရှိပေ။ သူတို့က ဟင်းချက်စွမ်းရည် ယှဉ်ပြိုင်မည့် ပြိုင်ဘက် ဖြစ်သည်။

ယွမ်ကျိုးက သူ့နေရာမှာတင် တိတ်တဆိတ် မတ်တတ်ရပ်နေပြီး တစ်ဖက်လူ၏ မေးမြန်းမှုကို မဖြေဘဲ စားဖိုမှူးယွီ စတင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ယွမ်ကျိုး၏ မဖော်ရွေသော အပြုအမူကြောင့် စားဖိုမှူးယွီ တအံ့တဩ ဖြစ်နေမိသည်။

“အခုပွဲကို လာရောက်ပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်ပွဲမှာတော့ စားဖိုမှူးနှစ်ယောက်က ဖီးနစ်အမြှီးပုစွန်ဟင်းကို သီးခြားစီ ချက်ပြုတ်မှာပါ။ အရသာမြည်းစမ်းပြီးသွားရင် အထောက်အကူပြုတဲ့ အကြံဉာဏ်မျိုးပေးဖို့ မျှော်လင့်ပါတယ်”

စားဖိုမှူးယွီက ယဉ်ကျေးသောအမူအရာဖြင့် ပြောဆိုနေသော်လည်း ပတ်ဝန်းကျင် အခြေအနေက သဟဇာတ မဖြစ်မှန်း လူတိုင်း သိသည်။

သို့သော်ငြားလည်း ယခုလို ဟင်းချက်ပြိုင်ပွဲက စောင့်ကြည့်ရကျိုး ထိုက်တန်သည်။ ဘေးဘက်မှာ ထိုင်နေသူ ၁၀ဦးက ကံစမ်းမဲတွင် ပါဝင်ခွင့်ရမည်။

၎င်းတို့အနက် အစားအသောက် ရှိုးလ်ပွဲ၏ထုတ်လုပ်သူ ဝမ်ရှုယွမ်လည်း ရှိသည်။ တရားမျှတသော အကဲဖြတ်ဒိုင်များ ပါဝင်သည့် သဘောလည်း ဖြစ်သည်။

[ဒါက မန်မန်ရဲ့တိုက်ရိုက် ထုတ်လွှင့်မှုပါ။ သူဌေးယွမ် နဲ့ စားဖိုမှူးယွီရဲ့ ပြိုင်ပွဲ စတင်တော့ပါမယ်။ ဘယ်ဘက်ကနေ တိုက်ရိုက် ထုတ်လွှင့်စေချင်လဲ] ပတ်ဝန်းကျင် အခြေအနေက တိတ်ဆိတ်နေသည်။ မန်မန်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် စကားမပြောရဲပေ။ သူက ဖုန်းကို အသံပိတ်ထားလိုက်ပြီး စာရိုက်သည်။

[တိုက်ရိုက်ထုတ်လွှင့်ပြီလား။ ငါက သူဌေးယွမ်ကိုပဲ ကြည့်ချင်တယ်။ စားဖိုမှူးယွီ မဟုတ်ဘူးနော်]

Irritable Me

[ငါက သူဌေးယွမ်ကိုပဲ ကြည့်ချင်တယ်။ ဒါက တရားမျှတမှုမရှိတဲ့ ပြိုင်ပွဲပဲ။ စားဖိုမှူးယွီရဲ့လက်ရာကို အရင်က စားခဲ့ဖူးပေမဲ့ သူဌေးယွမ်က စားဖိုမှူးယွီကို အပီအပြင် ရိုက်ချဖို့ပဲ မျှော်လင့်တယ်] Amisa

[အမ်၊ World Foodie Hotelက ကြယ်အဆင့်ရှိတဲ့ ဟိုတယ်လား]

[ဟေ့ လူချမ်းသာတွေ၊ မင်းတို့ရော သွားမကြည့်ဘူးလား] လျန်ရွှမ်

[စကားလမ်းကြောင်း မလွှဲနဲ့။ ငါလည်း သူဌေးယွမ်ကိုပဲ ကြည့်ချင်တယ်။ သူဌေးယွမ်ကို လက်တစ်ဖက်တည်းနဲ့ ဟင်းချက်ပြဖို့ အခိုင်အမာ တောင်းဆိုပါရစေ။ ဘာပဲဖြစ်ဖြစ် ငါက သူဌေးယွမ်ရဲ့ ဟင်းပွဲတွေကို စားဖူးလို့ သူ့ဟင်းချက်စွမ်းရည်ကို သိတယ်] Boundaries of Firmament.

[ဒါဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မယ်နော်]

ဤစာတိုကို ပို့ပြီးနောက် မန်မန်က သူ့ကင်မရာကို ယွမ်ကျိုးဘက် လှည့်လိုက်ပြီး စားဖိုမှူးယွီကို ကွယ်ထားလိုက်သည်။ စားဖိုမှူးယွီက ဗီဒီယိုထဲ ပါဝင်စရာ အကြောင်းမရှိပေ။

နောက်ဆုံးတွင်မူ စားဖိုမှူးယွီက သူ့ကျေးဇူးတင်စကားများကို အဆုံးသတ်လိုက်ပြီး ယွမ်ကျိုးကို ကြည့်ကာ စကားပြောသည်။

“ဒါဆိုရင် အခုပဲ စတင်မယ်။ အသုံးပြုမယ့် ပစ္စည်းအားလုံးက စားပွဲပေါ်မှာ ရှိတယ်။ အထူးမီးဖိုချောင် အသုံးအဆောင်ပစ္စည်းတို့ ဒါမှမဟုတ် အသုံးပြုမည့် ပါဝင်ပစ္စည်း တစ်ခုခု လိုချင်ရင် အခုပဲ သူတို့ကို တောင်းဆိုနိုင်တယ်”

ယွမ်ကျိုးက ဖြန့်ကျက် ကြည့်ရှုလိုက်ပြီး တည့်တိုးပြောသည်။

“မလိုအပ်ဘူး။ အဆင်ပြေတယ်”

“ကောင်းပြီလေ။ ဒါဆိုရင် ပြိုင်ပွဲစတင်မယ်” စားဖိုမှူးယွီက စတင်ကြောင်း ကြေညာသည်။

စားဖိုမှူးယွီမှာလည်း သူ့ကိုယ်ပိုင် ကျွမ်းကျင်မှုရှိသည်။ သာဓကဆိုသော် ပုစွန်ရွေးချယ်သည့် အပိုင်းဖြစ်သည်။ ဟိုတယ်က ပုစွန်မျိုးကွဲ သုံးမျိုးကို ပံ့ပိုးပေးထားသည်။ ၎င်းတို့မှာ မွေးမြူရေး ပုစွန်ဖြူ၊ ပုစွန်ဆိတ်၊ ကျားပုစွန်တို့ဖြစ်သည်။ စားဖိုမှူးယွီက အလယ်အလတ် အရွယ်အစားရှိသော မွေးမြူရေး ပုစွန်ဖြူကို ရွေးချယ်လိုက်သည်။

ပုစွန်ရွေးချယ်ပြီးနောက် သူက အစိမ်းရောင်ပဲ၊ လတ်ဆတ်သော ပြောင်းဖူးစေ့ အနည်းငယ် နှင့် ကြက်သားစွပ်ပြုတ်ကို ရွေးချယ်သည်။

ယွမ်ကျိုးက အသုံးပြုမည့် ပါဝင်ပစ္စည်း ရွေးချယ်သည့် နည်းလမ်းက ပို၍ လွယ်ကူသည်။ သူက အကြီးမားဆုံး ကျားပုစွန်ကို အသုံးပြုရန် ချက်ချင်း ရွေးချယ်လိုက်သည်။ သေးငယ်သော ငါးဖမ်းပိုက်ဖြင့် အရွယ်အစားတူညီသော ပုစွန် ၈ကောင်ကို ဖမ်းလိုက်သည်။

ပုစွန်ဖမ်းပုံဖမ်းနည်းကို ကြည့်ရုံဖြင့် လက်နှေးသော စားဖိုမှူးယွီထက် ပို၍ ကျွမ်းကျင်ပုံပေါက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များက ပွဲဆူနေစဉ် ဘေးဘက်မှာ ထိုင်နေသူများက တိတ်ဆိတ်နေသည်။

မတူညီသော ပုစွန်များ၏ အမြှီးကို သန့်ရှင်းရေးလုပ်ဆောင်ရန် လိုအပ်သည်။ ထိုကဲ့သို့ စေ့စပ်သေချာသော အလုပ်ကို စုတ်တံသေးသေးလေး အသုံးပြုလျှင် အဆင်ပြေသည်။ ယွမ်ကျိုးက သေးငယ်သော စုတ်တံကို ကောက်ကိုင်လိုက်ပြီး ပုစွန်တစ်ကောင်ချင်းစီကို စုတ်တံဖြင့် ဖြည်းဖြည်းချင်း သန့်ရှင်းရေး လုပ်ဆောင်ပေးသည်။

တခြားတစ်ဖက်တွင်မူ စားဖိုမှူးယွီက သူ အသုံးပြုမည့် ပုစွန်များကို ဖမ်းယူလိုက်ပြီး ယွမ်ကျိုးထက် နှစ်ဆ ပိုများသည်။ စားဖိုမှူးယွီက တစ်ကောင်ချင်းစီ သန့်ရှင်းရေး ပြုလုပ်မည့် အတွေး မရှိပေ။

သန့်ရှင်းသော ဖန်ခွက်ထဲ ပုစွန် ၊ ဆား နှင့် ဆီအနည်းငယ် လောင်းထည့်သည်။ ထို့နောက် ဖန်ခွက်ထဲမှ ပုစွန်များကို သမအောင် ရောမွှေသည်။ ထိုမှသာ ပုစွန်၏ ခန္ဓာကိုယ်ထဲမှ သဲနှင့် နုန်းများ ထွက်လာလိမ့်မည်။

အပိုင်း(၁၀၈)

ပြီးပါပြီ။

All Chapters