အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အပိုင်း(၁၀၉)
ပုံမှန်အားဖြင့် ဖီးနစ်အမြှီး ပုစွန်ဟင်းကို ဟင်းချက်စွမ်းရည် ပြသရာတွင် အသုံးပြုလေ့ မရှိပေ။ သို့သော်ငြားလည်း စားဖိုမှူးနှစ်ဦး၏ ခမ်းနားဖွယ် သရုပ်ဖော်မှုကြောင့် အမြင်တင့်တယ်မှု ရှိသည်။
ယွမ်ကျိုးက ပုစွန်တစ်ကောင်ချင်းစီကို စုတ်တံဖြင့် အသေးစိတ် သန့်ရှင်းရေး လုပ်ဆောင်ပြီး ရေသန့်ထည့်ထားသော ဖန်ဇလုံထဲ ထည့်သည်။
တခြားတစ်ဖက်တွင်မူ မန်မန်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ ပရိသတ်အရေအတွက် တိုးလာသည်။
[သူဌေးယွမ် တိုက်ချွတ် ဆေးကြောပေးနေတဲ့ ပုစွန်လေးပဲ ဖြစ်ချင်တော့တယ်] Little Chivalrous Swordsman
[ငါကတော့ ဗိုက်ဆာလာပြီး သူဌေးယွမ်ရဲ့ဟင်းချက်ဖို့ ပြင်ဆင်နေတဲ့ ပုံစံလေးကို ကြည့်ရုံနဲ့ ပုစွန်ဟင်းက အရမ်းအရသာရှိမယ်လို့ ခံစားမိတယ်]
I’m A Foodie.
[အမှန်ပဲ။ စားဖိုမှူးယွီကလည်း အရည်အချင်းရှိတဲ့ စားဖိုမှူး ဖြစ်မယ်လို့ ခံစားမိတယ်။ တကယ်တမ်း သူဌေးယွမ်က သူ့ထက် နည်းနည်း ပိုသာလွန်ရုံပဲ] Amisa
[သူဌေးယွမ်ရဲ့စားသောက်ဆိုင်ကို အတူတူသွားဖို့ လိုက်ချင်တဲ့သူတွေရှိလား] Irritable Me
မန်မန်က သူတို့စာတိုများကို အကြောင်းပြန်မည့်အစား စားဖိုမှူးနှစ်ယောက်၏ အံ့ဩဖွယ်ကောင်းသော ဟင်းချက်စွမ်းရည်များကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။
“ဒီလူငယ်လေးမှာ တကယ့်ကို စစ်မှန်တဲ့ အရည်အချင်းတချို့ရှိတယ်လို့ ခံစားမိတယ်” ဘေးဘက်မှာထိုင်ကြည့်နေသော စားသုံးသူ ဧည့်သည်များက တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကြသည်။
“ဟုတ်တယ်။ သေချာပေါက်ပဲ။ ဒါပေမဲ့ စားဖိုမှူးယွီ ချက်ပြုတ်ထားတဲ့ ဖီးနစ်အမြှီး ပုစွန်ဟင်းကလည်း တကယ် စားကောင်းတယ်။ ကျင်းလင်မြို့ကို သွားလည်ပတ်တုန်းကတောင် သူ့လောက် အရသာရှိတဲ့ ပုစွန်ဟင်းကို မစားနိုင်ခဲ့ဘူး” စားဖိုမှူးယွီ၏ လက်ရာကို စားဖူးသော စားသုံးသူများက စားဖိုမှူးယွီကို ယုံကြည်နေသေးသည်။
“ဟုတ်တယ်။ ဒါပေမဲ့ ငါက စားဖိုမှူးအသစ်လေးရဲ့ လက်ရာကို မျှော်လင့်နေတယ်။ ပုစွန်ဟင်းကို သူ ချက်ပြုတ်နေတဲ့ပုံစံကို ကြည့်စမ်းပါဦး” တချို့သူများက ယွမ်ကျိုး၏ ကျွမ်းကျင်မှုကို အတော်ကလေး စိတ်ဝင်စားလာသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူ ပရိသတ်များ နှင့် ဘေးဘက်မှ ကြည့်ရှုသူ ပရိသတ်များက စိတ်ဝင်တစား ကြည့်ရှုနေသည်။
စားဖိုမှူးယွီက တခြားသောပါဝင်ပစ္စည်းများကို ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။ သူက ရွှေပဲသီး နှင့် တခြားအသီးအရွက်များကို ပြုတ်လိုက်သည်။ ၁၀မိနစ်ခန့်ကြာပြီးနောက် သူက သန့်စင်ထားသော ပုစွန်အဖြူကို ထုတ်လိုက်သည်။
ထို့နောက် ပုစွန်များကို ရေထပ်ဆေးရန် ရေဇလုံထဲ ပစ်ထည့်လိုက်ပြီး ဝါးတူဖြင့် ရေကို နာရီလက်တံအတိုင်း ပတ်ကာ သေးငယ်သော ရေယက်လေး ဖြစ်ပေါ်စေသည်။ ဝါးတူအသစ်ဖြင့် ရေဝဲလေးထဲမှ ပုစွန်များကို ညှပ်ယူသည်။ ဤအသေးစိတ်ကျသော အပြုအမူကြောင့် ပုစွန်၏ အညှီနံ့များကို သန့်စင်နိုင်သည်။ အညှီနံ့လုံးဝ မရှိသည်အထိ ထပ်တလဲလဲ သန့်စင်ပေးသည်။ စားဖိုမှူးယွီက ပုစွန်များကို ဆေးကြော သန့်စင်ပြီးနောက် ပုစွန်များကို ကိုင်တွယ်ရန် ပြင်ဆင်သည်။
သို့သော်ငြားလည်း စားဖိုမှူးယွီ ပြင်ဆင်နေသော ပုစွန်များက ယွမ်ကျိုး၏ ပုစွန်များနှင့် ခြားနားသည်။ လက်တစ်ဖက်ဖြင့် ပုစွန်အမြှီးကို ကိုင်ထားစဉ် ကျန်လက်တစ်ဖက်၏လက်မ နှင့် လက်ညှိုးကို အသုံးပြုကာ အမြှီး၏ အလယ်သားအခွံကို ဖယ်ရှားပြီး နောက်သို့ ဆွဲဆန့်လိုက်သည်။ ထို့နောက် ပုစွန်ခေါင်း နှင့် အခွံ တစ်ခုလုံးကို ခွာထုတ်ပစ်လိုက်သည်။
သူ့နည်းလမ်းက လျင်မြန်တိကျသည်။ ပုစွန်အားလုံးကို အလျင်မြန်ဆုံး နည်းဖြင့် ကိုင်တွယ်သွားသည်။ ထိုမှသာ စားဖိုမှူးယွီက သူ့ဓားကိုင်ကျွမ်းကျင်မှုကို စတင် ပြသခွင့် ရလိမ့်မည်။ ပုစွန်အဖြူက နဂိုတည်းက မကြီးမား၍ စဥ်းနီတုံးပေါ် တင်လှီးရန် အဆင်မပြေချေ။ ထို့ကြောင့် စားဖိုမှူးယွီက တစ်ကောင်ချင်းစီကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ဆောင်ကာ နောက်ကျောခွဲသည်။ ပုစွန်ကို နှစ်ခြမ်း အညီအမျှ ပိုင်းဖြတ်လိုက်သည်။
ပုစွန်အသား နှင့် တခြားအသီးအရွက်များကို အသေးစိတ် ကိုင်တွယ်နိုင်မှုကြောင့်သာ သူ့ကို စားဖိုမှူးခေါင်းဆောင် ရာထူးကို ထိုက်ထိုက်တန်တန် ပေးထားခြင်း ဖြစ်သည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးကလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်။သူကလည်း စားဖိုမှူးယွီနည်းတူ တစ်ထပ်တည်း လုပ်ဆောင်သည်။ နောက်ဘက်တွင် ရှိသော အမည်းရောင် အစာကြောကို မပေါက်သွားအောင် အပြီးတိုင် ထုတ်လိုက်သည်။
ကျောပြင်ကို ခွဲပြီးနောက် အခွံခွာရန် ပို၍ လွယ်ကူသွားသည်။ ယွမ်ကျိုးက ပုစွန်၏အသား ပဲ့ထွက်သွားမည်ကို စိုးရိမ်၍ ဓားမသုံးဘဲ လက်ဖြင့် အခွံခွာလေ့ရှိသည်။
အမြှီးတွင် အခွံကျန်သော ပုစွန်များကို ထုံးစံအတိုင်း ပန်းကန်ပြားအဖြူပေါ်မှာ သေသပ်ကျနစွာ တင်ထားသည်။ ပုစွန်အသား၏ အရည်အသွေးက စနစ်မှ ပေးအပ်ထားသော ပုစွန်ကဲ့သို့ မကောင်းမွန်သော်လည်း ပုစွန်က လတ်ဆတ်သည်။ ယွမ်ကျိုးက သူ့အရည်အချင်းတချို့ကို ထုတ်သုံးပြီး ပုစွန်အမြှီးကို တည့်မတ်နေအောင် အမြှီး၏ အခွံကို ကိုင်တွယ်သည်။
ထို့နောက် ယွမ်ကျိုးက လက်တစ်ဖက်ဖြင့် ကြက်ဥကို ခွဲလိုက်ပြီး အကာရည်ကို သပ်သပ် ဖယ်ထုတ်ထားသည်။ ကျန်လက်တစ်ဖက်က ပုစွန်ပေါ် ဆားဖြူးလိုက်သည်။ ကြက်ဥအကာရည်ထဲ ပုစွန်ကို နှစ်လိုက်သည်။
စားဖိုမှူးယွီ၏ ချက်ပြုတ်မှုကလည်း တစ်မူထူးခြားသည်။ သူက အခွံခွာထားသော ပုစွန်များကို ဖန်ဇလုံထဲ ထည့်သည်။ သူက ကြက်ဥအကာ သုံးမည့်အစား ပြောင်းကော်မှုန့်ကို အသုံးပြုသည်။ ထို့နောက် ဆားအနည်းငယ် နှင့် ဟင်းချက်ဝိုင်အရက် အနည်းငယ်ထည့်ကာ ပုစွန်အသားထဲ အရသာဝင်အောင် ရောမွှေပြီး နှပ်ထားလိုက်သည်။
အသားနှပ်ခြင်း ပြီးဆုံးပြီးနောက် စားဖိုမှူးနှစ်ယောက်စလုံးက တိုင်ပင်စရာပင် မလိုအပ်အောင် အလှဆင်မည့် ဟင်းသီးဟင်းရွက်များကို ပုံဖော်ထုဆစ်ခြင်း စတင်လုပ်ဆောင်သည်။ စားဖိုမှူးယွီ၏ ကျွမ်းကျင်မှုကို ပုံဖော်ထုဆစ်သော အရည်အချင်းကို ကြည့်ရုံဖြင့် သိနိုင်သည်။ သူက ခရမ်းချဉ်သီးဖြင့် ယုန်တစ်ကောင်ကို ဖန်တီးလိုက်ပြီး လိုက်ဖက်ညီအောင် ပန်းအစစ်များကို အသုံးပြုသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက စားသုံးသူဖောက်သည်များကို ချပြရမည့် အရည်အချင်း များစွာ ရှိနေသေးသည်။ သူက ဓားကို ကောက်ယူလိုက်ပြီး ကြွပ်ဆတ် နူးညံ့သော မုန်လာဥနီကို ရွေးချယ်လိုက်သည်။ မုန်လာဥနီများကို ပန်းပွင့်ပုံစံ ပုံဖော်ရန် အများဆုံး အသုံးပြုသည်။ လက်တလော ပေးထားသော မုန်လာဥနီများက သာမန်မုန်လာဥနီများ ဖြစ်နေသောကြောင့် ယွမ်ကျိုးက အလယ်သားကို ပုံဖော်ရန် အသုံးပြုသည်။
ပန်းကန်ပြားပေါ်မှာ နေရာချထားသော ပွင့်ချပ်များက ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာပြီး ပိုးချည်မျှင်ကဲ့သို့ ခံစားချက် ဖြစ်ပေါ်စေသည်။
ယွမ်ကျိုးက ပြုတ်ထားသော သစ်အယ်သီးကို ရေစစ်ထုတ်ပြီးနောက် အညိုရောင် အခွံမာကို ခွာပြီး နူးညံ့သော အညိုရောင် အပြင်ခွံကိုသာ ချန်ရစ်ထားသည်။ အခွံခွာလိုက်သော်လည်း သစ်အယ်သီးက ပူနွေးနေဆဲဖြစ်သည်။ ထိုစဉ် ယွမ်ကျိုးက အခွံပျော့ကိုလည်း ခွာထုတ်ပြီး ဆော့နှင့် စိစိညှက်ညှက်ကြေအောင် ရောမွှေသည်။ ထို့နောက် သစ်အယ်သီးနှင့် ဆော့စ်ရောမွှေထားသော ခွက်ထဲသို့ စွပ်ပြုတ်ရည် လောင်းထည့်သည်။
တခြားတစ်ဖက်တွင်မူ စားဖိုမှူးယွီက အခွံခွာထားသော ပုစွန်များကို ဆီပူပူထဲ ထည့်ကြော်၍ မွှေးကြိုင်သော ရနံ့ထွက်ပေါ်လာသည်။
ယွမ်ကျိုးက ပန်းပွင့်အလှဆင်မှု နှင့် စားဖိုမှူးယွီ၏ ပုစွန်ကြော် မွှေးရနံ့တို့က ဘေးနားတွင်ရှိသော လူအားလုံး၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
“ငါ အရမ်းဗိုက်ဆာနေပြီ။ ဘယ်အချိန်မှ ငါတို့က စားရမှာလဲ” လူငယ်လေးက မနေနိုင် မထိုင်နိုင် မေးမြန်းသည်။
“ခဏနေရင် အဆင်သင့်ဖြစ်တော့မှာပါ။ ဖီးနစ်အမြှီးပုစွန်ဟင်း ပြင်ဆင်တာက သိပ်မကြာပါဘူး။ စားဖိုမှူးနှစ်ယောက်စလုံးရဲ့ အံ့မခန်း ဟင်းချက်စွမ်းရည်ကြောင့် ငါတို့အားလုံး ဗိုက်ဆာလာပြီ” တံတွေးများကို မျိုချလိုက်ပြီး တခြားလူက တည်ငြိမ်စွာ ဆန်းစစ်ဝေဖန်သည်။
ဝမ်ရှုယွမ်က သူ့ထိုင်ခုံမှာ မလှုပ်မယှက် ထိုင်နေသည်။ သူက ယွမ်ကျိုးကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
စားဖိုမှူးယွီက သူ့လက်ထောက်စားဖိုမှူးအကူအညီဖြင့် သုံးပြီးသမျှ ပစ္စည်းတိုင်းကို ပြန်သိမ်းဆည်းရန် မလိုအပ်ပေ။ ယွမ်ကျိုးက ပစ္စည်းတစ်ခုကို အသုံးပြုပြီးသည့်တိုင် သူ့နေရာသူ ပြန်ထားသည်။ အကျိုးဆက်အနေဖြင့် ယွမ်ကျိုး၏လုပ်ဆောင်ချက်များက စားဖိုမှူးယွီထက် ခြေတစ်လှမ်း နောက်ကျနေသည်။
သိပ်မကြာလိုက် ယွမ်ကျိုးက ပုစွန်ပေါ်မှာ အကြော်ခံမှုန့်ဖြူးလိုက်ပြီး ဆီပူထဲ ထည့်ကြော်သည်။ စားဖိုမှူးယွီ ပုစွန်ကြော်သောအခါ ပြင်းထန်သော ရနံ့က တစ်ခန်းလုံး ပြည့်သွားသော်လည်း ယွမ်ကျိုးက တူညီသော အပြုအမူကို လုပ်ဆောင်သောအခါ ရနံ့ထွက်ပေါ်လာခြင်း မရှိပေ။
နှစ်ဦးစလုံး၏ တခြားသော အပြုအမူများက အခြေခံအားဖြင့် တူညီသည်။ သိပ်မကြာလိုက် သူတို့ဟင်းပွဲများက စားသုံးရန် အဆင်သင့်ဖြစ်သွားသည်။
ထိုစဉ် ဘေးဘက်မှာ တစ်ချိန်လုံး ရှိနေသော အထွေထွေမန်နေဂျာက ကြေညာချက် ထုတ်ပြန်သည်။
“စားဖိုမှူးနှစ်ယောက်ရဲ့ အထူးလက်ရာတွေက အဆင်သင့်ဖြစ်နေပြီ။ ဝိုး ရနံ့က မွှေးကြိုင်နေတာပဲ။ လူတိုင်းရဲ့ အရသာမြည်းချင်တဲ့စိတ်ကို မတားဆီးနိုင်လောက်တော့ဘူး။ ဝူလေးရေ ၊ ဟင်းပွဲ နှစ်ပွဲစလုံးကို ဒီနေရာ သယ်လာပြီး ပန်းကန်ပြားငယ်ထဲမှာ အချိုးကျ ခွဲဝေပေးလိုက်တော့”
“ဒါက နားဝင်ချိုစေတဲ့စကားပဲ အထွေထွေမန်နေဂျာရေ။ ငါ တကယ် ဗိုက်ဆာနေပြီ။ ခဏနေရင် တစ်ခုခု စားရမယ်။ ဒီလိုမှ မဟုတ်ရင် ငါ အိမ်ပြန်နိုင်တော့မှာ မဟုတ်ဘူး” တစ်စုံတစ်ယောက်က နောက်ပြောင်သော စကားလုံးများကို အလိုက်သင့် ပြောဆိုသည်။
“သေချာတာာပေါ့။ အထွေထွေမန်နေဂျာ။ မင်း ငါတို့ကို လျှော့ဈေးပေးရမယ်။ မင်းရဲ့စားဖိုမှူးက အလုပ်အရမ်းကြိုးစားတော့ ငါတို့တွေကို ဗိုက်ဆာတဲ့ ခံစားချက် ဖြစ်စေတယ်။ ငါတို့တွေ နေ့လည်စာ စားထားတာတောင် မကြာသေးဘူး” တခြားသူက ပြုံးရွှင်ကာ စကားပြောသည်။
သူတို့က အချင်းချင်း စနောက်ပြောဆိုနေစဉ် မန်မန်ကလည်း ခပ်တိုးတိုးလေသံဖြင့် သူ့ပရိသတ်များနှင့် စကားပြောသည်။
“မန်မန် အရမ်း ဗိုက်ဆာနေပြီ။ ရှင်တို့အားလုံးရော ဗိုက်ဆာနေပြီလား”
အပိုင်း(၁၀၉)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၁၀)
[ငါ ဗိုက်ဆာနေတာ ကြာပြီ။ ဒုတိယတစ်ခါတောင် ညစာစားတော့မယ်။ လာကြ ... လာကြ ငါ့ကားပေါ် တက်ကြ] Boundary of Firmament
[ဟေ့ လူချမ်းသာကြီး ဘယ်မှာ ညစာသွားစားကြမှာလဲ။ ငါရော လိုက်ခဲ့လို့ရလား] Amisa
[မင်းလည်း လူချမ်းသာပဲလေ။ ငါတို့နဲ့ အတူတူလိုက်ခဲ့ပေါ့] Boundary of Firmament
[မင်းကမှ တကယ့်ကို ချမ်းသာတဲ့ လူချမ်းသာပါ။ လိပ်စာကိုပြော။ ငါတို့ လာခဲ့မယ်] Accompanying You
[တကယ် အရေးကြီးတဲ့အကြောင်းအရာကိုပဲ ဆက်ပြောကြမယ်၊ မန်မန်။ ငါတို့ အားလုံး ဗိုက်ဆာနေပြီ။ မင်းရော ငါတို့နဲ့အတူတူ ညစာလိုက်စားချင်လား] Shime
[ဒီလူက ကောက်ကျစ်တယ်။သူတို့နဲ့ မလိုက်နဲ့။ ငါတို့နဲ့ လိုက်ခဲ့။ သူဌေးယွမ်ရဲ့ စားသောက်ဆိုင်က အစားအသောက်တွေကို ဝယ်ကျွေးမယ်] Boundary of Firmament
အွန်လိုင်းမှတစ်ဆင့် မန်မန့်ကို ငွေလွှဲသည့်စာများ ဝင်ရောက်လာသည်။
[ဟုတ်တယ်။ မင်းက ငါတို့နဲ့ လိုက်ခဲ့သင့်တယ်။ လာပါ ... လာပါ] Amisa
အကြောင်းအရာက ယွမ်ကျိုး၏စားသောက်ဆိုင်မှ မန်မန့်ကို ဒကာခံမည့် အစီအစဉ်အဖြစ် ပြောင်းလဲသွားသည်။
အကဲဖြတ်ဒိုင်လူကြီးများက စားဖိုမှူးနှစ်ယောက် ချက်ပြုတ်ထားသော စတင်မြည်းစမ်းနေသည်။
ယွမ်ကျိုး၏ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲတွင် စုစုပေါင်းပုစွန်(၈)ကောင် ရှိသည်။ ဝမ်ရှုယွမ်က ပုစွန်တစ်ကောင် နှင့် ဖီးနစ်သစ်ပင်ပေါ်မှ အလှဆင်ထားသော ပန်းကန်ပြားထဲရှိ ဖီးနစ်သစ်ပင်၏ အလှဆင်ထားသော ပုံပန်းသွင်ပြင်ကို လုံးဝဖျက်ဆီးပစ်လိုက်သည်။ သို့တိုင် ဝမ်ရှုယွမ်က သူဂုဏ်သိက္ခာကို ဂရုစိုက်သေးပြီး အလှဆင်ထားသော ပစ္စည်းအားလုံးကို မယူသွားခဲ့ပေ။
"အလှဆင်ထားတဲ့ဟာတွေကို မင်းက ဘာလို့ယူသွားတာလဲ။ကြည့်ပါဦး ပုံစံပျက်သွားပြီ" ဟင်းလျာပုံစံကို သဘောကျသော လူတချို့က ဓာတ်ပုံရိုက်ကူးရန် ကြိုးစားသော်လည်း ဝမ်ရှုယွမ်၏ လုပ်ရပ်ကြောင့် သူတို့၏ရည်ရွယ်ချက် ပျက်စီးသွားရသည်။ ဝူလေးက လူတိုင်း၏ ပန်းကန်ချပ်ထဲသို့ ပုစွန်များ ခွဲဝေပေးသည်။ စားဖိုမှူးယွီ၏ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲတွင် ပါဝင်သော ပုစွန်အရေအတွက်က များပြား၍ လူတိုင်းကို အရေအတွက် ၂ခုဖြင့် မျှမျှတတ ခွဲဝေပေးနိုင်သည်။ သို့သော်လည်း ယွမ်ကျိုး ချက်ပြုတ်ထားသောဟင်းပွဲတွင် စုစုပေါင်း ပုစွန်(၈)ကောင်သာ ရှိ၍ အခြားသော ဧည့်သည်များကို ခွဲဝေပေးရန်အတွက် ဝူလေး အခက်တွေ့နေသည်။ ကို့ရို့ကားယားအခြေအနေကို မြင်တွေ့ရသောအခါ တချို့သော ဧည့်သည်များက သူ့ကို အထိုက်အလျောက် စကားပြောသည်။
"ငါတို့ကို တစ်ခုပေးဖို့ မလိုအပ်ဘူး။ စားဖိုမှူးယွီ ချက်ထားတဲ့ပုစွန်တွေဘဲ လိုချင်တယ်" ယွမ်ကျိုး ချက်ပြုတ်ထားသော ပုစွန်များကို ကျန်ရှိသော ဧည့်သည်များဆီ တစ်ကောင်ချင်းစီ အညီအမျှ ခွဲဝေပေးသည်။ ဝမ်ရှုယွမ်က စားဖိုမှူးယွီ ချက်ပြုတ်ထားသော ဟင်းပွဲကို အရင်ဆုံး မြည်းစမ်းကြည့်သည်။ အရသာက အရင်ပြိုင်ပွဲတုန်းက ချက်ပြုတ်ထားသော အရသာနှင့် တစ်ထေရာတည်းတူသည်။ အပေါ်ယံမျက်နှာပြင်သည် အညိုရောင်သန်းပြီး ကြွတ်ဆပ်ကာ အသားက နူးညံ့သည်။ လတ်ဆတ်မှုနှင့် အဆီမပါဝင်သော ပါဝင်ပစ္စည်းများ ပေါကြွယ်ဝ၍ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ၏အရသာကို ထူးကဲစေသည်။
"ဒီလူငယ်လေးက ဘယ်ဆိုင်က စားဖိုမှူးများလဲ။ အလှဆင်ထားတဲ့ ဒီမုန်လာဥနီကတောင် အရမ်းအရသာရှိတယ်။ ငါတို့ ဒီအလှဆင်တာကို ကြည့်နေတုန်းက ဒီလောက်အရသာရှိမယ်လို့ မထင်ထားဘူး" ဟင်းပွဲ၏နောက်ဆုံးတစ်လုပ်ကို စားလိုက်သော ဖောက်သည်က စိတ်အားထက်သန်စွာ ပြောဆိုသည်။
"ငါလည်း ဘယ်သိပါ့မလဲ။ ဒီအံ့ဩစရာကောင်းတဲ့အရသာက ငါ့ကို စွဲငြိစေတယ်" သူက ဘေးနားတွင်ရှိသော လူတစ်ယောက်၏လက်မောင်းကို ထိလိုက်ပြီး တိုးလျသောလေသံဖြင့် စကားပြောသည်။
"နှိုင်းယှဉ်ကြည့်လိုက်လျှင်တော့ စားဖိုမှူးယွီ ချက်ထားတဲ့ပုစွန်တွေက နည်းနည်းဆီများပြီးတော့ မလတ်ဆတ်ဘဲ အေးစက်စက်လို ခံစားရတယ်"
"ငါလည်း ဒီလိုပဲထင်တယ်။ အရင်တုန်းကတော့ စားဖိုမှူးယွီ ချက်ထားတဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းက ယှဉ်လို့ မရဘူးလို့ ထင်ခဲ့တာ။ အခုတော့ တခြားစီပဲ" တခြားလူတစ်ယောက်ကလည်း သူ့အနား ချဉ်းကပ်လာပြီးတော့ သဘောတူလိုက်သည်။
"တော်လိုက်တော့။ ဆက်မပြောနဲ့တော့။ ငါတို့နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပေးဖို့ လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီလိုမျိုး ဆက်ပြောနေရင် စားဖိုမှူးယွီရဲ့ မျက်နှာအမူအရာ မကောင်းလောက်တော့ဘူး။ စားဖိုမှူးယွီ စိတ်ထိခိုက်သွားနိုင်တယ်"
မည်သို့ပင်ဆိုစေကာမူ စားဖိုမှူးယွီ သူတို့အကြိုက်နှစ်သက်ဆုံး စားဖိုမှူးဖြစ်ခဲ့ဖူးသည်။ အထွေထွေမန်နေဂျာ၏ မျက်နှာလည်း သိပ်မရွှင်လန်းပေ။ ရလဒ်က သိသာထင်ရှားလွန်းနေသည်။ စားဖိုမှူးယွီ၏ဟင်းပွဲထဲမှာ ပုစွန်အချို့ ကျန်ရှိနေသေးပြီး ယွမ်ကျိုး၏ဟင်းပွဲထဲတွင် တခြားသောဖောက်သည်များက အလုအယက်ယူထား၍ သန့်ရှင်းသပ်ရပ်နေသည်။
ဝမ်ရှုယွမ်က လူတိုင်း သိချင်နေသော ရလဒ်ကို ကြေညာပေးမည့်အချိန်ကို ဖောက်သည်များက စောင့်ဆိုင်းနေကြသည်။
"ဒီနေ့ပွဲက အတွေ့အကြုံဖလှယ်ပွဲဆိုတာ ဒီလူအိုကြီး သိပါတယ်။ ဒါကြောင့်မို့ ဒီရလဒ်က အရေးမပါပါဘူး။ လေးလေးနက်နက်ပြောရရင်တော့ စားဖိုမှူးနှစ်ယောက်စလုံးက ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြပါတယ်။ စားဖိုမှူးယွမ်က နည်းနည်းလေး ပိုသာနေရုံပါပဲ" ဝမ်ရှုယွမ်က မတ်တပ်ရပ်လိုက်ပြီး ယဉ်ကျေးသောလေသံဖြင့် ကြေညာသည်။
ဘေးဘက်မှာထိုင်နေသော ဖောက်သည်များက အရသာမြည်းစမ်းရန်အတွက်သာ ရောက်လာခြင်း ဖြစ်သော်လည်း ဝမ်ရှုယွမ်၏ ချင့်ချိန်ပြောဆိုသော အပြောအဆိုကြောင့် ကျေနပ်မိသည်။ သို့သော်လည်း စားဖိုမှူးနှစ်ယောက်၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ ယွမ်ကျိုးက ယခင်အတိုင်း တည်ငြိမ်သောမျက်နှာအမူအရာကို ထိန်းထားသည်။ သူသည် ဤပွဲသို့ရောက်လာသော မျက်နှာအမူအရာနှင့် ခြားနားမှု မရှိပေ။ စားဖိုမှူးယွီက မပျော်ရွှင်သောအမူအရာရှိသော်လည်း ကျက်သရေတင့်တယ်သောအမူအရာဖြင့် ပေါ့ပေါ့ပါးပါး ပြုံးနေသည်။
"စားဖိုမှူးယွမ်က မျှော်လင့်ထားတဲ့အတိုင်း အရည်အချင်း ရှိပါတယ်။ သူချက်ပြုတ်ထားတဲ့ ဟင်းပွဲရဲ့အရသာကို ဒီတစ်ခေါက် ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းခွင့် မရပေမယ့် အချိန်ရရင်တော့ စားဖိုမှူးယွမ်ရဲ့ဆိုင်ကို လာစားပါဦးမယ်။ ဖောက်သည်တွေရဲ့ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် စားဖိုမှူးယွမ်က အရည်အချင်းရှိတယ်လို့ ထင်မိပါတယ်" စားဖိုမှူးယွီက ပြုံးနေသောအမူအရာဖြင့် ယဉ်ကျေးစွာ ပြောသည်။
"ကျွန်တော်ဆုအနေနဲ့ ပေးမယ့် ဒီဓားလေးကို စားဖိုမှူးယွမ် သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ ဒါက မှော်ဆန်တဲ့လက်နက်မဟုတ်ပေမယ့် ကျွန်တော် အသုံးပြုရအဆင်ပြေတဲ့ ဓားလေးပါ" စားဖိုဖူးယွီက သစ်သားသေတ္တာလေးကို ထုတ်လိုက်ပြီးတော့ အင်တင်တင်နှင့် စကားပြောသည်။ ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံလိုက်လျှင် စားဖိုမှူးယွီကို ရက်ရောသူဟု လူတိုင်းက တွေးထင်သွားလိမ့်မည်။
စားဖိုမှူးယွီက စားဖိုမှူးအလုပ်ကို စတင်လုပ်ကိုင်ကတည်းက ဒီဓားလေးကို ရတနာတစ်ပါးကဲ့သို့ ထူးထူးခြားခြား အသုံးပြုခဲ့သည်ကို လူတိုင်း နီးပါး သိနေခဲ့သည်။ ဤဓား၏ တန်ကြေးနှင့် ပတ်သက်လျှင် ဓားသည် စားဖိုမှူးတစ်ယောက်၏ ထူးခြားလက္ခဏာရှိသည်။ ယွမ်ကျိုးက ခေါင်းမော့ကြည့်လိုက်ပြီး စားဖိုမှူးယွီကို စိတ်အားထက်သန်စွာ စကားပြောလိုက်သည်။
"ဒီလိုပေးဖို့ မလိုအပ်ပါဘူး။ အတွေ့အကြုံဖလှယ်ပွဲမှာ ဆုလာဘ်တွေ မလိုအပ်ဘူး"
"မဟုတ်ဘူး မဟုတ်ဘူး စားဖိုမှူးယွမ်။ ဒါက ကျွန်တော်ပေးမယ်လို့ ကတိပေးထားလို့ပါ။ ဒီပွဲမှာ နိုင်တဲ့သူက ဓားပိုင်ရှင်ဖြစ်နိုင်ပါတယ်။ ပြီးတော့ စားဖိုမှူးယွမ်က ကျွန်တော့်ဆီကနေ ချန်ပီယံဆုကြီးကိုလည်း ပိုင်ဆိုင်သွားတာပါ။ ဒီချန်ပီယံဆု ပိုင်ရှင်ကလည်း စားဖိုမှူးယွမ်ပဲ ဖြစ်သင့်တာလေ။ ဒီဓားသေးသေးလေးက မပြောပလောက်ပါဘူး" စားဖိုမှူးယွီက ယွမ်ကျိုး၏ ငြင်းဆန်မှုကြောင့် အနည်းငယ်ဒေါသထွက်မိ၍ မကျေနပ်သော လေသံဖြင့် စကားပြောသည်။
"ချန်ပီယံဆုက ..." ယွမ်ကျိုးက သူပြောသည့်စကားကို အာရုံမစိုက်သကဲ့သို့ ခပ်တန်းတန်းအမူအရာဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်တယ်။ ချန်ပီယံဆုလေ။ မြို့တော်အဆင့်က ရတဲ့ ချန်ပီယံဆုအသစ်လေ။ ဒီဆုတံဆိပ်နဲ့ဆိုရင် မင်းက စီရင်စုအဆင့် ဟင်းချက်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တယ်။ အဲ့ဒီက တစ်ဆင့် နိုင်သွားရင် နိုင်ငံအဆင့်ဟင်းချက်ပြိုင်ပွဲတောင် ပါဝင်နိုင်သေးတယ်လေ"
စားဖိုမှူးယွီက သူ့ဟင်းချက်စွမ်းရည် တိုးတက်ရန်အတွက်သာ တစ်ဘဝလုံး ကြိုးစားခဲ့သည်။ သို့သော်ငြားလည်း သူအသစ်ရရှိထားသော ချန်ပီယံဆုသည် တခြားသူအတွက် အခွင့်အလမ်းပေးသွားသည့် သဘောဖြစ်၍ ထိုအကြောင်းကို တွေးမိသောအခါ စားဖိုမှူးယွီ စိတ်ပျက်အားငယ်မိသည်။
"ဟင်းချက်တဲ့နယ်ပယ်မှာ ချန်ပီယံဆိုတာ မရှိဘူး" ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် စကားပြောသည်။
"ဒီလိုပြောဖို့ လိုအပ်တယ်ဆိုရင်တောင် ခင်ဗျားက စားသုံးသူဖောက်သည်တွေ ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ရင် ခင်ဗျားက ချန်ပီယံပဲ" စားဖိုမှူးယွီက နှုတ်ဆိတ်သွားပြီး ယွမ်ကျိုး၏ အဓိပ္ပာယ်ရှိသော စကားသံများကြောင့် ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
ယွမ်ကျိုးက အဆင့်သတ်မှတ်ခြင်းနှင့်ပတ်သက်လာလျှင် ယွမ်ကျိုးက သူချက်ပြုတ်ထားသော ဟင်းပွဲများကို ဖောက်သည်များ ကျေနပ်အားရလျှင် အဆင်ပြေသည်ဟု ခံယူထားသည်။
"စားဖိုမှူးယွမ်က ကျွန်တော့်ကို အမြင်ကျယ်စေတယ်။ ငါတို့တွေ အားလုံးက စားဖိုမှူးတွေပဲလေ။ ဒါကြောင့်မို့လို့ စားသုံးသူတွေ ကျေနပ်အောင် ကြိုးစားသင့်တယ်။ ကျွန်တော်ရဲ့ အတွေးအခေါ်တွေ မှားယွင်းသွားခဲ့တယ်" စားဖိုမှူးယွီက မှန်ကန်သော တွေးခေါ်မှုကို တွေးတောမိသွားသကဲ့သို့ ခံစားရသည်။ သူ ရှုံးနိမ့်သွားသော်လည်း သူ့ဟင်းပွဲကို သဘောကျသည့်ဖောက်သည်များ ရှိနေသေးသည်။ ဤသည်က တခြားသော အောင်မြင်မှု အမျိုးအစားလည်း ဖြစ်သည်။ ယွမ်ကျိုးက စားဖိုမှူးယွီ၏ စိတ်လှုပ်ရှားသောအမူအရာကို သတိပြုမိပြီးနောက် ဘာစကားတစ်ခွန်းမှ မပြောပဲ လှည့်ထွက်လာခဲ့သည်။
ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသော မန်မန်က သွက်လက်သော ခြေလှမ်းများဖြင့် ပြေးလိုက်လာသည်။
"သူဌေးယွမ်၊ ကျွန်မကို စောင့်ပါဦး" စားဖိုမှူးယွီ နှင့် ယွမ်ကျိုးတို့၏ အပြန်အလှန်ပြောဆိုမှုကို ကြားသွားသော လူအများကြီး ရှိသည်။ ယွမ်ကျိုး၏ပုံရိပ်က စစ်မှန်သော စားဖိုမှူးအစား တတ်သိနားလည်သော ဆရာအဖြစ်သို့ ပြောင်းလဲသွားသည်။
"သူဌေးယွမ်၊ ရှင့်ကို မေးခွန်းတချို့ မေးလို့ ရမလား" မန်မန်က သူသိလိုသော မေးခွန်းကို ယွမ်ကျိုးအား မေးမြန်းရန် ကြိုးစားသည်။
"မေးပါ" ယွမ်ကျိုးက သူမ၏ အရှေ့မှ ခပ်သွက်သွက် လမ်းလျှောက်နေသည်။
"နေ့လည်ခင်းတုန်းက ဒီနေရာကို ဘာဖြစ်လို့ စောစောမလာရတာလဲ။ ရှင်က ရှင့်ရဲ့ပြိုင်ဖက်ကို မလေးစားတဲ့သဘောလား" မန်မန်က ပွင့်ပွင့်လင်းလင်း မေးမြန်းသည်။
"တခြားစားဖိုမှူးတစ်ယောက်ကို လေးစားတာက လောကဝတ်ဆိုပေမယ့် စားသုံးသူဖောက်သည်တွေကို လေးစားတာက စားဖိုမှူးတစ်ယောက်ရဲ့ အခြေခံအရည်အချင်းပဲ။ ဒါက လောကဝတ်ထက် ပိုပြီးတော့ အရေးပါတယ်။ ဒီ လောကဝတ်နဲ့ အခြေခံအရည်အချင်းတို့ ထိပ်တိုက်ဆုံလာရင်တော့ ငါကတော့ စားဖိုမှူးအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာကို စွန့်လွှတ်မယ်"
"ဒါဆိုရင် ရှင်က ရှင်ရဲ့ပြိုင်ဖက်ကို မလေးစားတဲ့ သဘော မဟုတ်ဘူးပေါ့။ ဆိုင်ဖွင့်ချိန် ကျော်လွန်ပြီးမှ ဒီကို လာချင်တဲ့ သဘောပေါ့။ ဟုတ်လား"
"ငါက ငါ့ရဲ့စားသုံးသူတွေကို လေးစားမိလို့ ငါက စည်းစနစ်မကျတဲ့ လောကဝတ်ကို နားမလည်တဲ့ စားဖိုမှူးဖြစ်သွားရင်လည်း ကိစ္စမရှိပါဘူး" စားဖိုမှူးတစ်ယောက်က သူ့ရဲ့စားသုံးသူဖောက်သည်များကို လေးစားသင့်သည်။ မန်မန် နှုတ်ဆိတ်သွားရသည်။ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်အားပေးနေသော ပရိသတ်များအားလုံးနှင့် သူမနည်းတူ တအံ့တဩဖြစ်သွားရသည်။
အပိုင်း(၁၁၀)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၁၀)

ယွမ်ကျိုး အပိုင်း(၁၁၁)
ယွမ်ကျိုး၏မှန်ကန်ဖြောင့်မတ်သော စကားလုံးများက မန်မန် နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသူများကို အံ့အားသင့်စေသည်။
တကယ်တမ်း ဤအချက်ကို သဘောတူသူ ရှိသကဲ့သို့ သဘောမတူသူများလည်း ရှိသည်။
[သူဌေးယွမ်က အကြောင်းပြချက် သက်သက်ပေးတယ်လို့ပဲ ထင်တယ်။ နားဝင်ချိုပေမဲ့ အကြောင်းပြချက်ထက် မပိုပါဘူး။ သူသာ ငါတို့ကို တကယ်လေးစားရင် စားသုံးသူရဲ့တောင်းဆိုချက်အတိုင်း ဟင်းပွဲတွေကို မရောင်းပေးဘူးလေ။ ဖောက်သည်တစ်ယောက်ချင်းစီက ဟင်းပွဲတစ်မျိုးကို တစ်ကြိမ်ပဲ မှာခွင့်ရှိတဲ့ စည်းမျဉ်းကို သတ်မှတ်ပေးထားတယ်လေ]
An Pang
ဖန်သားပြင်ပေါ်တွင် ယွမ်ကျိုးကို မကျေနပ်သော စာတိုများ ပြည့်နေသည်။ ခဏကြာပြီးနောက် တခြားကြည့်ရှုသူက သူ့ကို ပြန်ဖြေသည်။
[ငါတော့ အဲဒီလို မထင်ဘူး။ သူဌေးယွမ်ရဲ့စကားပြောတဲ့ ပုံစံကို ဘေးဖယ်ထားလိုက်ဦး။ စည်းမျဉ်းစည်းကမ်းအကြောင်းပဲ ဆက်ပြောကြမယ်။ စားဖိုမှူးမှာ သူ့ကိုယ်ပိုင် အလေ့အကျင့် နဲ့ စည်းမျဉ်းတွေ ရှိတာ သဘာဝပဲ။ တူညီတဲ့ ဟင်းပွဲကို ထပ်တလဲလဲ စားရင် ငြီးငွေ့သွားမှာစိုးလို့ သူဌေးယွမ်က အခုလို စည်းမျဉ်းမျိုး ချမှတ်တယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ ငါတော့ သူ့ဟင်းပွဲတွေစားရင် ငြီးငွေ့သွားမယ်လို့ မထင်ပါဘူး] Amisa
[ဒီ့အပြင် တစ်ပွဲက တစ်ယောက်စာ လုံလောက်ပါတယ်။ အခုဆိုရင် မတူညီတဲ့ တခြားဟင်းပွဲတွေကိုလည်း ဝယ်စားနိုင်ပြီလေ။ သူဌေးယွမ်က အစားအသောက်တွေကို တန်ဖိုးထားလို့ အလဟဿ မဖြစ်စေဖို့လည်း ငါတို့ကို ပြောတယ်]Shime.
[သူဌေးယွမ်က လေလွင့်ခွေးလေးကို အစာကျွေးနေတာကို ငါ မြင်ဖူးတယ်။ သူက ကြင်နာတတ်တဲ့သူပါ] Boundary of Firmament.
[သူဌေးယွမ်ရဲ့ အလေးအနက် ဟင်းချက်နေတဲ့ ပုံစံကို မြင်တိုင်း ဒီစည်းမျဉ်းအားလုံးက လက်သင့်ခံနိုင်တယ်လို့ ခံစားမိတယ်] Warwolf Thunderclap
[ကောင်းပြီလေ။ စည်းမျဉ်းတွေ အကြောင်း ဆက်မပြောတော့ဘူး။ ကျော်တယ်။ ဒါပေမဲ့ မနက်ခင်းဆိုရင် ဆိုင်ဖွင့်ချင် ဖွင့်တယ်။ မဖွင့်ချင်ရင် မဖွင့်ပြန်ဘူး။ ဒီကိစ္စကိုရော မင်း ဘယ်လိုများ ဝေဖန်ချင်လဲ] An Pang.
ဤလူက မကျေနပ်ချက် များနေပုံပေါ်သည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် ပွဲရှာနေသည်။ မနက်ခင်း အစောကြီး ဆိုင်သို့သွားတိုင်း ဆိုင်တံခါးပိတ်ထား၍ မပျော်မရွှင်ပြန်ခဲ့ရသူများ ရှိသည်။
[ဒီလူရဲ့ လိုအပ်ချက်တွေက တော်တော်များနေတယ်လို့ ခံစားမိတယ်။ သူဌေးယွမ်က သူ့တစ်ယောက်တည်းနဲ့ စားသောက်ဆိုင်အလုပ်တွေကို လုပ်နေရတာလေ။ တစ်ခါတလေ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတာတို့ ရှိမှာပေါ့။ သူ့ကြိုးစားအားထုတ်မှုတိုင်းကို ငါတို့က မြင်ရတာမှ မဟုတ်တာလေ။ နားလည်ပေးလိုက်ပေါ့။ တစ်ခါတစ်ရံ မနက်ခင်း ဆိုင်ဖွင့်တာ မဖွင့်တာက ကြီးကြီးမားမား ပြဿနာရပ် မဟုတ်ပါဘူး] Red Candle Devil.
[သူဌေးယွမ်က ဆိုင်ဖွင့်ချိန်ဆိုရင် တလေးတစား အလုပ်လုပ်ပါတယ်။ သူ့အလုပ်ကိစ္စပေါ်လို့ ဆိုင်ပိတ်ရင်တောင် အစားထိုးပြန်ဖွင့်ပေးတာက စားသုံးသူကို လေးစားတာပဲလေ။ မိုးရွာတဲ့နေ့တုန်းကဆိုရင် သူဌေးယွမ်က သူ ချစ်မြတ်နိုးတဲ့ ငွေကြေး ဆုံးရှုံးရမှာကို မမှုဘဲ သဘက်တစ်ထည်စီ လက်ဆောင်ပေးပြီး ခေါက်ဆွဲပြုတ် ပူပူလေး သောက်ဖို့တောင် တိုက်တွန်းလိုက်သေးတယ်။ ဒီအဖြစ်အပျက်ကို အခုထိတိုင် မမေ့သေးဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် စားဖိုမှူးက စားသုံးသူကို လေးစားတဲ့ သဘောပဲ] Full Flowers In this Invisible World
ဟန်ဆောင်မှုကင်းသော ဇာတ်ကြောင်းပြန်ခြင်းက တခြားကြည့်ရှုသူများကို အာစေးမိသွားစေသည်။ ယွမ်ကျိုး၏ မော်ကြွားသော အပြုအမူ နှင့် နားဝင်ဆိုးသော စကားလုံးများကို လျစ်လျူရှုထားလိုက်လျှင် ယွမ်ကျိုးက ဟင်းချက်ပြုတ်တိုင်း လေးနက်မှု ရှိသည်ဟု ခံစားမိသည်။
သို့သော်ငြားလည်း မန်မန်က တခြားသူများ နည်းတူ စာတိုများကို ကြည့်ပြီး နှုတ်ဆိတ်နေသည်။ သူ့ပရိသတ်များ ပြောနေသည့် အကြောင်းအရာတိုင်းက တကယ့် အမှန်တရား ဖြစ်သည်။
ယွမ်ကျိုးက တခြားသူများ၏ သူ့အပေါ်ထားရှိသော အမြင်ကို အလေးအနက် သဘောမထားတတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့ခံစားချက်ဆိုင်ရာ ဉာဏ်ရည်အရ ဤအချက်များကို မသိစရာ အကြောင်းမရှိပေ။ ထို့ကြောင့် သူက ဝင်ပေါက်သို့ တန်းလမ်းလျှောက်သွားသည်။ ညဘက် ဆိုင်ဖွင့်ရန် အချိန်မီသေး၍ သူက စာအုပ်ဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
စာဖတ်ရှုရခြင်းကို နှစ်သက်သော လူငယ်လေး ယွမ်ကျိုးက စာအုပ်ဆိုင်များက လျှော့ဈေးပေးချိန် နှင့် အဖွဲ့ဝင်များ၏နေ့ရက် ရောက်တိုင်း ရံဖန်ရံခါ စာအုပ်ဝယ်လေ့ ရှိသည်။
တကယ်တမ်း ယနေ့က စာအုပ်ဆိုင်၏ အဖွဲ့ဝင်များနေ့ ဖြစ်သည်။
ယွမ်ကျိုး၏နောက်မှာ နောက်ကောက်ကျန်ခဲ့၍ မန်မန်က သူ့ကို အမှီမလိုက်နိုင်ချေ။ ထို့အစား သူမက သူမ၏ပရိသတ်များကို နှုတ်ဆက်စကား ပြောပြီးနောက် အိမ်ပြန်လိုက်သည်။
ယွမ်ကျိုး သွားလေ့ရှိသော စာအုပ်ဆိုင်၏အမည်က BuK Book Cityဖြစ်ပြီး စာအုပ်အများအပြား ရောင်းချသော စာအုပ်ဆိုင် ဆိုင်ခွဲဖြစ်သည်။ အကယ်၍ ဝယ်သူ လိုချင်သော စာအုပ်က ဤဆိုင်တွင် မရှိလျှင် ဝန်ထမ်းက တခြားဆိုင်ခွဲကနေ ယူပေးလေ့ရှိသည်။
သူ ရောက်နေသော နေရာနှင့် နီးသောကြောင့် ခြေလျင်သွားလိုက်သည်။
စာအုပ်ဆိုင်၏အဖွဲ့ဝင်နေ့ ဖြစ်သောကြောင့် အဖွဲ့ဝင်ကတ်ရှိသူက စာအုပ်တစ်အုပ်လျှင် ၂၀ရာခိုင်နှုန်း လျှော့ဈေးရှိသည်။ ယွမ်ကျိုးက သူ့စိတ်ခွန်အားကို တိုးတက်စေသော စာအုပ်တချို့ကို ရွေးချယ်ရန် ပြင်ဆင်ထားသည်။
BuK Book Cityစာအုပ်ဆိုင်က မြို့လယ်ခေါင်မှာ ရှိသော World Foodie Hotel ၏ မလှမ်းမကမ်းတွင် တည်ရှိပြီး BuKဆိုင်ခွဲများအနက် အကြီးမားဆုံး စာအုပ်ဆိုင် ဖြစ်သည်။ စုစုပေါင်း အလွှာ ၄လွှာရှိသည်။ ပထမထပ်တွင် ငွေရှင်းကောင်တာ တစ်ဝက် နှင့် လှေကားနောက်ဘက်တွင် စာဖတ်မှုများ အေးအေးဆေးဆေး စာထိုင်ဖတ်ရန် ကြိမ်ခုံများ ချထားပေးသည်။
ဒုတိယထပ်၊ တတိယထပ် နှင့် စတုတ္ထထပ်တွင် စာအုပ်မျိုးစုံ အပြည့်ဖြည့်ထားသည်။ ပုံမှန်အားဖြင့် ဒုတိယထပ်တွင် ကျောင်းသားများနှင့် သက်ဆိုင်သော စာအုပ်များ ရှိသည်။ ၎င်းတို့အနက် ကိုးကားစာအုပ်များ၊ သင်ကြားရေးလက်စွဲ စာအုပ်များ နှင့် ဖတ်စာအုပ်များ ဖြစ်သည်။ တတိယထပ်တွင် အတတ်ပညာရပ်ဆိုင်ရာ ကိုးကားစာအုပ်များ အများဆုံးရှိသည်။ ယွမ်ကျိုးက အလွှာ၂လွှာကို ကျော်လိုက်ပြီး စတုတ္ထထပ်သို့ သွားသည်။
ဤအလွှာတွင် စာပေနှင့် ဝတ္ထုမျိုးစုံရှိသည်။ ထုတ်ဝေပြီးသား အွန်လိုင်းဝတ္ထုများ၊ လူငယ်စာပေ နှင့် တချို့သော အတ္ထုပ္ပတိ အစရှိသဖြင့် ဖြစ်သည်။
ယွမ်ကျိုးက ဤစာအုပ်များကို ဖြတ်ကျော်ပြီး စိတ်ကူးဉာဏ်ကွန့်မြူးစေသော စာအုပ်များဆီသို့ တိုက်ရိုက်လမ်းလျှောက်သွားသည်။
သူက အဆင်ပြေလောက်သော စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး စာအုပ်ခေါင်းစဉ် နှင့် ဈေးနှုန်းကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ယွမ်ကျိုးက သူ လိုချင်သည့် စာအုပ်ဟူသော သဘောဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပုံစံတူ စာအုပ်၃အုပ်ကို ယူပြီးနောက် တခြားစာအုပ်အမျိုးအစားကို ရှာကြည့်သည်။
တခြားအမျိုးအစားများက သူ့လိုအင်နှင့် မကိုက်ညီသောအခါ ယွမ်ကျိုးက သူ ရွေးချယ်ထားသော စာအုပ်များကိုယူကာ ငွေပေးချေရန် ပထမလွှာသို့ ပြန်သွားသည်။
ငွေရှင်းကောင်တာမှ ဝန်ထမ်းများက စာအုပ်များကို သီးခြားခွဲလိုက်သည်။ ပထမစာအုပ်က အဖြူရောင်မျက်နှာဖုံး အသုံးပြုထားသော‘99 Tips to Become a Prince Charming’စာအုပ် ဖြစ်သည်။ မူလဈေးနှုန်းက ၂၀ယွမ် ဖြစ်ပြီး လျှော့ဈေးပေးလျှင် ၁၆ယွမ်ဖြစ်သည်။ ဒုတိယစာအုပ်က ‘108 Methods to Get Up Early’ စာအုပ်ဖြစ်ပြီး ၂၃ယွမ်တန်ကြေးရှိပြီး လျှော့ဈေးပေးလျှင် ၁၈.၄ယွမ် ဖြစ်သည်။ နောက်ဆုံး စာအုပ်က အနီရောင်မျက်နှာဖုံးကို သုံးထားသော ‘A Valuable Book for Curing Late Stage Cancer of Laziness’ စာအုပ်ဖြစ်သည်။
ယွမ်ကျိုးက လူချမ်းသာပုံစံပေါက်နေသော်လည်း ဈေးလျှော့ပေးသော စာအုပ်များကို ဝယ်ယူ၍ ငွေကိုင်ကောင်တာမှ ကောင်မလေးက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။ သူက မသိကျိုးကျွံပြုပြီး စာအုပ်ဆိုင်မှ ထွက်လာခဲ့သည်။
ယွမ်ကျိုးက လမ်းလျှောက်နေစဉ် စနစ်မှ ပေးအပ်သောဆုလာဘ်က ရယူနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက စားသောက်ဆိုင် ပြန်ရောက်မှသာ ဆုလာဘ်ကို လက်ခံလေ့ရှိသည်။
ယခင်လိုပဲ ယွမ်ကျိုးက တက္ကစီ စီးပြီး စားသောက်ဆိုင်သို့ပြန်သည်။
ယွမ်ကျိုးက ခပ်တည်တည် မျက်နှာထားကို ပြုမူနေသော်လည်း ကျွမ်းကျင်စားဖိုမှူးအစုံလိုက် ဆုလာဘ်ကို အတိအကျ သိချင်မိသည်။ အွန်လိုင်းဂိမ်းထဲမှာ အသုံးပြုလေ့ရှိသော သံချပ်ကာ အမျိုးအစား ဖြစ်နေမည်လော။
ယွမ်ကျိုး၏ အွန်လိုင်းဂိမ်းဆော့သော အရည်အချင်းက မူလတန်းကျောင်းသားနှင့် အဆင့်တူသည်။ ကလေးထက်ပင် ပိုမထူးချွန်နိုင်ပေ။
“ရောက်ပါပြီ” တက္ကစီယာဉ်မောင်းက ကားကိုရပ်လိုက်ပြီး သူ့ကို လှည့်ကာ စကားပြောသည်။
“ကျေးဇူးပါ။ ဒီမှာ ၂၃ယွမ် အတိအကျပါ” ကျသင့်ငွေကိုခရီးအကွာအဝေးနှင့် သတ်မှတ်ငွေတောင်းခံသော စက်ကို ကြည့်ကာ ပေးပြီးနောက် ယွမ်ကျိုးက တက္ကစီပေါ်မှ ဆင်းလာသည်။
သူက နောက်တံခါးမှ တဆင့် စားသောက်ဆိုင်ထဲ ပြန်ဝင်ပြီး စနစ်၏ဆုလာဘ်ကို ဖွင့်မကြည့်ခင် ဒုတိယထပ်သို့ တက်သည်။
[ယာယီမစ်ရှင်] စားဖိုမှူးယွီနှင့် ယှဉ်ပြိုင်ပွဲတွင် အနိုင်ရရှိအောင် ကြိုးစားပါ
(မစ်ရှင်အညွှန်း : တခြားသူက မင်းကို စိန်ခေါ်နေပြီဆိုတော့ အနာဂတ် ကျွမ်းကျင် စားဖိုမှူး တစ်ယောက်အနေနဲ့ အခုကစပြီးတော့ မင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်သင့်တယ် လူငယ်လေးရေ)
[မစ်ရှင်အခြေအနေ : ပြီးမြောက်သည်]
[မစ်ရှင်ဆုလာဘ် : ကျွမ်းကျင်စားဖိုမှူးအစုံလိုက်၏ အပိုင်းအစတစ်ခု]
“လက်ခံမယ်” ယွမ်ကျိုးက ထိုစကားကို ပြောလိုက်ခြင်းက ရူးမိုက်သော ဆုံးဖြတ်ချက်မှန်း ချက်ချင်း သဘောပေါက်သွားသည်။ ဆုလာဘ်ပေါ်လာတိုင်း မီးဖိုချောင်ထဲမှာ ပေါ်လာလေ့ရှိသည်။ ယခုအချိန်တွင် သူက ဒုတိယထပ်မှာ ရှိနေ၍ အောက်ထပ်သို့ ဆင်းရဦးမည်။
ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ မြန်မြန်ရောက်အောင် ဒုန်းစိုင်းကာ အောက်ထပ်သို့ ဆင်းသွားသည်။
သန့်ရှင်းသော မိုးပြာရောင်ကောင်တာအပေါ်တွင် ပြားချပ်နေသော သစ်သားဘူးလေးရှိပြီး ၂၅စင်တီမီတာရှည်သည်။
ဘူးကို သေချာ ထုပ်ပိုးထား၍ ယွမ်ကျိုးက မည်သို့ ဖွင့်ရမလဲ မသိဖြစ်နေသည်။ သူ့လက်ထဲမှ ဘူးကို ဟိုသည်လှည့်ပြီးနောက် သေးငယ်သော ခလုတ်ကို ရှာတွေ့သွားသည်။ ဖိကြည့်လိုက်သောအခါ ဘူး ဖွင့်သွားသည်။
“စနစ်၊ ဒါက ဘာလဲ” ယွမ်ကျိုးက မျက်လုံးကလည်ကလည်ဖြင့် မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
“အရသာမဲ့တဲ့တူပါ၊ ကျွမ်းကျင်စားဖိုမှူးအစုံလိုက်မှာ ပါဝင်တဲ့ ပစ္စည်းပါ”
“အေးလေ။ ဒါတွေက တူ ဖြစ်မှန်းတော့ သိတာပေါ့။ ဒါတွေက မင်းတို့ပေးတဲ့ နာမည်ကြီးပစ္စည်းလား” ယွမ်ကျိုးက သူ့ကို လှောင်ရယ်နေသည်ဟု ခံစားမိ၍ နဖူးပေါ်မှာ သွေးပြန်ကြောများပင် ပေါ်လာသည်။
စနစ်က ဖော်ပြသည်။ “တူတွေကို ရနံ့ကင်းတဲ့ သစ်သားနနဲ့ ပြုလုပ်ထားလို့ ဘာအရသာ အနံ့အသက်မှ မရှိပါဘူး။ ဒါကြောင့်မို့လည်း ‘အရသာကင်းမဲ့တူ’လို့ နာမည်ပေးထားတာပါ။ ဆိုင်ရှင်ကို ဟင်းပွဲတွေ မြည်းစမ်းနိုင်အောင် ကူညီပေးမှာပါ”
“ကျေးဇူးတင်ပါတယ် ဘွားတော်ရယ်”
စနစ်က ဖော်ပြသည်။ “ဆိုင်ရှင်၊ စနစ်က မင်းရဲ့အဘွားမဟုတ်ပါဘူး။ စနစ် နဲ့ ဆိုင်ရှင်ရဲ့ ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပေးပါ”
“အခုလို ကြင်ကြင်နာနာ သတိပေးလို့ ကျေးဇူးပဲ”
ယွမ်ကျိုးက ဒေါသတကြီး မကျေမနပ် အံကြိတ်သည်။ သူက သာမန်ဝါးတူ နှင် ခြားနားမှု မရှိသော တူကို ငေးကြောင်ကြည့်နေသည်။
အပိုင်း(၁၁၁)
ပြီးပါပြီ။