← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အပိုင်း(၁၁၂)

ယွမ်ကျိုးက စားသောက်ဆိုင် ထပ်မဖွင့်ခင် အပေါ်ထပ်တက်ပြီး အနားယူရန် သစ်သားဘူးကို ပိတ်လိုက်သည်။

...

တံခါး ပြန်ဖွင့်လိုက်သောအခါ သူ့ဝန်ထမ်း မုရှောင်ယွမ်အပါအဝင် ဖောက်သည်အများအပြားက ဆိုင်ပေါက်ဝမှာ စုဝေးနေသည်။

"သူဌေးယွမ်၊ ပြိုင်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ ပြဿနာ မရှိဘူးမလား" လူ၁၀ဦးအနက် အဘိုးအိုက အရင်ဆုံးမေးမြန်းသည်။

အဘိုးအိုက မနက်စာ လာစားချိန်မှ အတွေ့အကြုံဖလှယ်ပွဲအကြောင်း သိရခြင်း ဖြစ်သည်။ သူ့သူငယ်ချင်းက ပြိုင်ပွဲရှိကြောင်း ပြောခဲ့ဖူးပြီး စားဖိုမှူးယွီပြောသော လိပ်စာက သူဌေးယွမ်၏ စားသောက်ဆိုင် ဖြစ်နေသည်။ သူဌေးယွမ်၏စားသောက်ဆိုင်သို့ လာဖူးသော အကဲဖြတ်ဒိုင်လူကြီးမင်းက သူ့သူငယ်ချင်းမှ လွဲ၍ တခြားသူ မဖြစ်နိုင်ချေ။

"ဟင့်အင်း ပြဿနာ မရှိပါဘူး။ ကျေးဇူးပါ" ယွမ်ကျိုးက အရာအားလုံး အဆင်ပြေကြောင်း ခေါင်းညိတ်ပြသည်။

"သူဌေးယွမ် အနိုင်ရသွားတဲ့ သဘောလား" လူအုပ်စုထဲမှ တစ်စုံတစ်ယောက်က ချက်ချင်း မေးမြန်းသည်။

"ဟုတ်တယ်။ အခုတော့ ဆိုင်ဖွင့်ချိန် စတင်ပါပြီ"

မှန်ကန်တိကျသော အဖြေပေးပြီးနောက် ယွမ်ကျိုးက စကားဆက်ပြောသည်။

"လာ စားမယ်။ ငါ မင်းကို ပြောခဲ့ပြီးသားမလား။ သူဌေးယွမ်က ဘယ်လိုပြဿနာပဲ ရင်‌ဆိုင်ရ၊ ရင်ဆိုင်ရ ရှုံးနိမ့်စရာလား" မှန်ကန်တိကျသော အဖြေကို ရရှိပြီးနောက် ဝူကျိုးက ချက်ချင်း ပျော်ရွှင်စွာ စကားပြောကာ ဆိုင်ထဲသို့ ဝင်ရောက်သည်။

“ငါက မစိုးရိမ်ပါဘူး။ အတည်ပြုချင်ရုံပါ" တကယ်တမ်း ပုံမှန်ဖောက်သည်များက ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးပြီးသား ဖြစ်၍ မစိုးရိမ်ကြပေ။

"ဒီကနေ့တော့ ငါ့ပိုက်ဆံအိတ်ရဲ့ အလေးချိန်လျော့တော့မယ် ထင်တယ်" တစ်စုံတစ်ယောက်က ငြီးတွား ပြောဆိုသည်။

"လာစမ်းပါ။ မင်း ဒီဆိုင်ကို မလာတာ လဝက်ရှိပြီလေ" တခြားသူက သူ့ကို ချက်ချင်း လှောင်ရယ်သည်။

သူ့မျက်နှာပေါ်တွင် တည်ငြိ‌မ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး ထပ်မံ မေးမြန်းသည်။

"ငါက ပိုက်ဆံစုနေတာလေ။ ဒီကနေ့တော့ မတူညီတဲ့ ဟင်းနှစ်ပွဲကို မှာယူလို့ ရလား"

ယွမ်ကျိုးက ခေါင်းလှည့်ကာ ကြင်နာစွာ ပြုံးပြသည်။

ယနေ့ည ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ပုံမှန်ဖောက်သည်များဖြင့် တိုးကျိတ်နေပြီး အများစုက ပြိုင်ပွဲ အကြောင်း မေးမြန်းသည်။ ထို့အပြင် သူတို့အကြိုက်ဆုံး ဟင်းပွဲများကို ဝယ်ယူခဲ့၍ ပိုက်ဆံအိတ် ပြားကပ်သွားသည်။

နောက်တစ်နေ့မနက်ခင်း၊ မနက်ခင်း တစ်နာရီ ဆိုင်ဖွင့်ချိန် ကျော်လွန်ပြီးနောက် ယွမ်ကျိုးက အသီးအရွက်ဈေးတန်းသို့ သွားရန် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်။ ယွမ်ကျိုးက ပုံမှန်အားဖြင့် သူ့လက်တွန်းလှည်းကို ယူဆောင်ရန် မမေ့လျော့ခဲ့ပေ။

သို့သော်လည်း လမ်းတစ်ဝက်တွင် ယွမ်ကျိုး စိတ်ပြောင်းသွား၍ ဟင်းရွက်ဈေးတန်းအစား ကုန်စုံဆိုင်သို့ သွားသည်။ ကုန်စုံဆိုင်တွင် ရောင်းချသော ပစ္စည်းများက ဈေးနှုန်းသင့်တင့်သောကြောင့် ယွမ်ကျိုးက ၁၀၀ယွမ်ကျော် ဝယ်ယူခဲ့၍ လက်တွန်းလှည်း အပြည့်ဖြစ်သွားသည်။ ကုန်စုံဆိုင်ပိုင်ရှင်က ယွမ်ကျိုးကို လက်ကား ရောင်းချသူဟုပင် ထင်သွားသည်။

လက်တွန်းလှည်းတွင် ပုလင်းမျိုးစုံ၊ ဘူးမျိုးစုံ ပြည့်နှက်နေ၍ ယွမ်ကျိုးက အပြန်လမ်းတွင် သတိထား တွန်းရသည်။ ဆိုင်ရှင်က သဘောကောင်း၍ ပစ္စည်းများ ထိခိုက်မှု မရှိအောင် အကာအရံတချို့ ထည့်ပေးခဲ့သည်။

ယွမ်ကျိုးက အသုံးအဆောင်ပစ္စည်းများ ဝယ်ယူတိုင်း အရှေ့တံခါးပေါက်မှ ဝင်ရောက်လေ့ရှိသည်။ ဤတစ်ကြိမ်လည်း ခြွင်းချက် မဟုတ်ပေ။

ယွမ်ကျိုးက မီးဖိုချောင်ထဲ တန်းဝင်ရောက်ပြီးနောက် လက်တွန်းလှည်း‌ထဲမှ ပစ္စည်းများကို မိုးပြာရောင် ကောင်တာအပေါ်မှာ တင်လိုက်သည်။ ထို့နောက် ပန်းကန်ပြားငယ် အထပ်လိုက် ထုတ်လိုက်ပြီး အတန်းလိုက် နေရာချထားသည်။

ပန်းကန်ပြားငယ်ပေါ်မှာ မတူညီသော ဟင်းခတ်အမွှေးအကြိုင်များကို လောင်းထည့်သည်။ ကျန်နေသေးသည့် ပန်းကန်ပြားများကို သိမ်းဆည်းပြီး အံဆွဲထဲ ထည့်ထားသည်။

ပန်းကန်ပြား အချပ်၂၀ကျော် ရှိသည်။ ယွမ်ကျိုးက ထိုင်ခုံမှာ ထိုင်ရင်း မနေ့ညတုန်းက သူ့ကို စက်ဆုပ်သော ခံစားချက် ဖြစ်ပေါ်စေခဲ့သည့် စနစ်၏ဆုလာဘ် အရသာကင်းမဲ့တူကို ထုတ်လိုက်သည်။

ဆိုင်ဖွင့်ချိန် ရောက်ရှိရန် နာရီဝက် လိုသေးသည်။ ဤအချိန်တွင် တူ၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် အကောင်းဆုံးဟု ယူဆလိုက်သည်။

ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ လက်ဖက်ရည် အစရှိသော ပန်းကန်ပြားများက ရှေ့ဆုံးတန်းမှာ အချိုးအဆ တူညီစွာ ရှိသည်။

တခြားသော ပန်းကန်ပြားများတွင်လည်း တခြားအရသာများကို ထည့်ထားသည်။ ရေတစ်ခွက်ကိုပင် ဘေးနား ချထားသေးသည်။

သူက ပထမဦးဆုံး ဆီကို စမ်းသပ်ကြည့်သည်။ တူကို ဆီထဲ နှစ်ပြီးနောက် သူ့ခံတွင်းထဲ ထည့်ကြည့်သည်။ အရသာက ပြောင်းလဲမှု မရှိပေ။ ထို့နောက် ရှာလကာပန်းကန်ပြားထဲသို့ တူကို နှစ်လိုက်ပြီး ခံတွင်းထဲ ထည့်ကြည့်ပြန်သည်။ ဆီ အနံ့အသက် မရှိဘဲ ရှာလကာရည် အနံ့အသက်သာ ရှိသည်။

အရသာကင်းမဲ့တူ ဟူသော အမည်နှင့် ထိုက်တန်မှု ရှိ၍ ယွမ်ကျိုး ပိုစိတ်ဝင်စားသွား၍ တစ်ပန်းကန်ချင်းစီ စမ်းသပ်မှု လုပ်ဆောင်ပြီး ပျော်ရွှင်စွာ ဆော့ကစားနေသည်။

သူ့စားသောက်ဆိုင်နား ချဉ်းကပ်လာသည့် ဒေါက်ဖိနပ်သံကို ကြားနိုင်သည်။ ယွမ်ကျိုး ခေါင်းမော့ကြည့်လိုက်သောအခါ လှိုင်းတွန့်ဆံပင်ကောက်ဖြင့် မိန်းမချောလေး ဖြစ်နေ‌သည်။

ယွမ်ကျိုးက သူမကို ခေါင်းမော့ကြည့်ခြင်းကို သတိပြုမိသော်လည်း သူမက စကားတစ်ခွန်းမျှ မပြောဘဲ အနီးအနားရှိ ထိုင်ခုံမှာ ထိုင်လိုက်သည်။ ထို့နောက် သူမ၏ ဖြူသွယ်သွယ် လက်ချောင်းလေးများဖြင့် စားပွဲခုံကို တ‌ဒေါက်ဒေါက် လုပ်နေသည်။

"ဆိုင်ဖွင့်ချိန်မဟုတ်ဘူး" ယွမ်ကျိုးက အရသာကို ဆက်လက်မြည်းစမ်းပြီး ခေါင်းငုံ့ကာ စကားပြောသည်။

"ရှင့်လို သူဌေးက ဒီလို ဆော့နေရင် ရှင့်ဆိုင်က ဖောက်သည် ရှိပါ့မလား။ ကျွန်မက အနားယူဖို့ ဒီဆိုင်ကို ရောက်လာတာပဲ" မိန်းမချောလေးက မော်ကြွားသော အပြုအမူဖြင့် စကားပြောသည်။

"ဪ" ယွမ်ကျိုးက ဆိုင်မဖွင့်ခင် ဆိုင်ထဲသို့ စားသုံးသူ ဝင်ရောက်ခြင်းကို သဘောမကျပေ။ သို့သော်ငြားလည်း ဆိုင်ဖွင့်ချိန် နီးကပ်နေ၍ ဘာမှ ဆက်မပြောခဲ့ပေ။ သူ့အလုပ်သူ ဆက်လုပ်နေခဲ့သည်။

မိန်းမချောလေးက အစပိုင်းတွင် သူ့အပြုအမူကို စိတ်ဝင်တစား စောင့်ကြည့်နေသော်လည်း တူညီသော အပြုအမူကို ထပ်တလဲလဲ လုပ်ဆောင်နေ၍ ငြီးငွေ့ကာ စိတ်မရှည် ဖြစ်သွားသည်။

သူမက ဖော်ရွေသော အကျင့်စရိုက် ရှိသော်လည်း ယနေ့တော့ သူမက ထူးထူးခြားခြား စိတ်ဆတ်နေသည်။

မိန်းမချောလေးယွဲ့ယွဲ့လီအတွက် ယနေ့က အလွန်အမင်း စိတ်ပျက်ဖွယ်နေ့ ဖြစ်သည်။ သူ့စိတ်ဖိစီးမှု လျော့ကျအောင် ကားမောင်းထွက်ခဲ့သည်။ သို့သော်လည်း ကားဘီးပေါက်သွား၍ ကားပါကင်ထိုးကာ ပြင်ဆင်ရေးကုမ္ပဏီသို့ ဖုန်းဆက်ပြီး စိတ်ကူးပေါက်ရာ ဦးတည်ရာမဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။

သူမက သန့်ရှင်းသပ်ရပ်သော ရိုးရိုးရှင်းရှင်း စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လိုက်ပြီး ဆိုင်ပိုင်ရှင်က ကျပ်မပြည့်သူ ဖြစ်နေသည်။

"ဟေ့၊ ရှင် ဘာလုပ်နေတာလဲ" ယွဲ့ယွဲ့လီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“...” ယွမ်ကျိုးက ဘာဆိုဘာမှ ပြန်မပြောခြင်းဖြင့် တုံ့ပြန်သည်။ ကျန်ရှိနေသော အချိန်ကို တူ တစ်စုံဖြင့် အလုပ်ရှုပ်နေသည်။

"ကျွန်မက ဟင်းပွဲတချို့ အော်ဒါတင်ချင်တယ်" စားသောက်ဆိုင်တွင် ရောင်းချသော ဟင်းပွဲများကို မသိ၍ သာမန်ကာလျှံကာ ပြောလိုက်သည်။

“အခုအချိန်က ဆိုင်ဖွင့်ချိန် မဟုတ်သေးပါဘူး" ယွမ်ကျိုးက ဖောက်သည်၏ မေးခွန်းကို ဖြေပေးနေသေးသည်။

ယွဲ့ယွဲ့လီက စားသောက်ဆိုင်၏ ဆိုင်ဖွင့်အချိန်အတိအကျကို အကဲခတ်ရန် ခေါင်းလှည့်ကြည့်လိုက်စဉ် နံရံပေါ်ရှိ ဟင်းပွဲ ဈေးနှုန်းများကြောင့် အားရပါးရ ရယ်မောလိုက်သည်။

"ဒီလို ဈေးနှုန်းနဲ့ဆိုရင် ရှင့်ဆိုင်မှာ လာစားတဲ့သူ ရှိရဲ့လား"

"အားနာပါတယ်။ မင်း စားချင်တာ ရှိရင် ဆိုင်ဖွင့်ချိန်မှ အော်ဒါတင်ပေးပါ။ အဲဒီလိုမှ မဟုတ်ရင် ထွက်သွားပေးပါ" ယွမ်ကျိုး စိတ်ကောင်းဝင်ခြင်းက ရှားရှားပါးပါး ဖြစ်၍ စာကြောင်းအရှည်ကြီး ပြောလိုက်သည်။

"ရှင်က ဆိုင်ဖွင့်ထားပြီး စီးပွားရေးမလုပ်ဘူးလား။ ဒီ့ပြင် ဈေးနှုန်းတွေက အရမ်းများလွန်းတယ်။ လူအများစု ဝယ်မစားနိုင်လောက်ဘူး။ ဒါပေမဲ့ ငါ့စိတ်နောက်ကျိနေလို့ ဖရဲသီးဖျော်ရည်ကို အင်တင်တင်နဲ့ အော်ဒါတင်မယ်"

ယွဲ့ယွဲ့လီက မကျေမနပ် မျက်မှောင်ကြုတ်ကာ စကားပြောသည်။

"နေ့လည်ခင်း၊ ဆိုင်ဖွင့်ချိန်အထိ စောင့်ရမယ်" ယွမ်ကျိုးက ထုံးစံအတိုင်း ပြန်ပြောသည်။

"ဒီလိုဆိုရင်လည်း အနားယူဖို့ ဒီနေရာမှာ ခဏ‌ထိုင်မယ်" ယွဲ့ယွဲ့လီက ဒေါသထွက်သော အမူအရာဖြင့် စိတ်မရှည်ဟန် စကားပြောသည်။

“ခဏနေရင် ငါ့ဖောက်သည်တွေ တိုးကျိတ်ရောက်လာတော့မယ်။ ငါ့ဆိုင်က သေးတော့ ထိုင်ခုံ မလောက်ငှဘူး။ အနားယူချင်ရင် မင်း တခြားနေရာ သွားလိုက်ပါလား" ပြောင်းလဲခြင်း မရှိသည့် တည်ငြိမ်သော အမူအရာဖြင့် ယွမ်ကျိုးက သူမကို မျက်နှာသာ မပေးချေ။

ယွမ်ကျိုး၏ စည်းမျဉ်းများက လူပုဂ္ဂိုလ်ပေါ် မူတည်ပြီး ပြောင်းလဲသွားမည် မဟုတ်ချေ။

အပိုင်း(၁၁၂)

ပြီးပါပြီယွမ်ကျိုး အပိုင်း(၁‌၁၃)

ယွဲ့ယွဲ့လီက မိန်းကလေးဖြစ်နေသောကြောင့် သူဌေး၏ ထွက်သွားရန် ထပ်တလဲလဲတောင်းဆိုမှုကို ခံရသောအခါ မကျေမနပ်ရေရွတ်ပြီး လှည့်ထွက်သွားရန် ရည်ရွယ်သည်။

"ဒီလိုဈေးကြီးတဲ့ဟင်းလျာတွေ၊ ဒီလိုဆိုင်သေးသေးလေးနဲ့ လာစားတဲ့သူတောင် ရှိပါ့မလား" သို့သော်လည်း ဤစကားကို ပြောလိုက်ပြီးနောက် စားသောက်ဆိုင်ရှေ့မှာ စားသောက်ရန်စောင့်နေသော လူအုပ်စုကြီးကို မြင်သွား၍ သူမ ချက်ချင်း အံ့အားသင့်သွားသည်။

ခဏကြာအောင် စားသောက်ဆိုင်ဝင်ပေါက်မှာ မတ်တပ်ရပ်ပြီးနောက် စားသောက်ဆိုင်လေးမှာ ကြိတ်ကြိတ်တိုး တန်းစီနေသော ဖောက်သည်များကြောင့် သူမ မှင်သက်သွားရသည်။

"ငါပြောတဲ့စကားတွေကို သူဌေး မကြားသွားလို့ ကံကောင်းတယ်" ထိုစကားကို ပြောပြီးနောက် ယွဲ့ယွဲ့လီက ဟိုဟိုဒီဒီလျှောက်သွားချင်သော စိတ်ဆန္ဒ မရှိတော့ပေ။ သူမက လမ်းမေးလိုက်ပြီး အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။ ဤလူအုပ်စုသည် မနေ့က Liveထုတ်လွှင့်မှုမှ ပရိသတ်များ ဖြစ်သည်။ သူတို့ကို လူချမ်းသာAmisaက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာရောက်ရန် လူစုပေးထားခြင်းဖြစ်သည်။ ပြိုင်ပွဲ၏အကူအညီနှင့် ဖောက်သည်(၁၀)ယောက်၏ စူးစမ်းမှုကြောင့် ယွမ်ကျိုး၏မစ်ရှင်တတိယအဆင့် ပြီးမြောက်သွားသည်။ ထို့ကြောင့် မစ်ရှင်မှ ပေးအပ်သော ဆုလာဘ်ကို လက်ခံရရှိသွားသည်။

"ဒီတစ်ခေါက် ပေးထားတဲ့ဆန်က ဘယ်လို အမျိုးအစားလဲ" ယွမ်ကျိုးက ယာယီမစ်ရှင်မှရရှိသော အရသာကင်းမဲ့တူကြောင့် နှလုံးသားထိခိုက်နာကျင်နေစဉ် သူ့နှလုံးသားကို နှစ်သိမ့်ရန် ထိပ်တန်းအရည်အသွေးရှိသော ဆုလာဘ်ကို ရယူရန် လိုအပ်သည်။

စနစ်က ဖော်ပြသည်။

"ဒီတစ်ခေါက် ပံ့ပိုးပေးထားတဲ့ဆန်က ယန်ရှီကျောင် မျိုးစိတ်ပါ။ သူက ကျင်းရှန်ချောင်မျိုးနွယ်စုလည်း ဖြစ်တယ်။ ပြည်တွင်းမှာ ရှိတဲ့ တခြားမျိုးစိတ်တွေလိုပဲ သူက ရိတ်သိမ်းပါတယ်။ နောက်ပြီး ဆန်လုံးက ရှည်ပြီး သေးသွယ်တယ်။ အရောင်လဲတောက်တယ်။ ကြည်လင်သန့်ရှင်းနေပြီး အရသာလဲရှိတယ်။ ချက်လိုက်ရင်လည်း စေးကပ်မှုလဲ မရှိဘူး။ မွှေးပျံ့ပြီးတော့ အရသာလဲ ရှိတယ်။ ဒါကြောင့်မို့လည်း မင်မင်းဆက် အစောပိုင်းကာလက တော်ဝင်မင်းဆက်‌တွေကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သဖို့အတွက် အသုံးပြုပါတယ်"

"ဒါဆိုရင် တော်ဝင်မင်းဆက်တွေ အသုံးပြုတဲ့ ဆန်ပဲပေါ့" ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် သူ့ကိုယ်သူ ပြောဆိုသည်။

ကြက်ဥထမင်းကြော်အတွက် အသုံးပြုသောဆန်၏ ဘေးနားအပေါ်ဘက်တွင် ထမင်းအခြေပြုချက်နည်းပေါင်း(၁၀၀) စကားလုံးကို ရေးထိုးထားသော အံဆွဲတစ်ခု ပေါ်လာသည်။ ယခုလို ဟင်းလျာမျိုးကို ယွမ်ကျိုးက မကြားဖူး၍ အမြင်ကျယ်သွားသည်ဟုပင် ခံစားရသည်။ ထို့ကြောင့် နံရံပေါ်ရှိ မီနူးပေါ်တွင် ထမင်းအခြေပြုချက်နည်း(၁၀၀)စကားလုံးကို ထပ်ပေါင်း ထည့်ထားသည်။ ဤဟင်းပွဲသည် တစ်ပွဲလျှင် (၉၈)ယွမ် ဖြစ်သည်။ နေ့လည်ခင်းဆိုင်ဖွင့်ချိန် ပြီးဆုံးပြီးနောက် ညနေ ၅နာရီတွင် ယွမ်ကျိုးက စီးပွားရေးစတင်လုပ်ဆောင်သည်။ ယနေ့က စနေနေ့ဖြစ်သောကြောင့် ပုံမှန်လာနေကြဖြစ်သော ဧည့်သည်နှစ်ယောက်သည် စနေနေ့တွင် ထပ်မံရောက်လာမည့်အကြောင်းကို ယွမ်ကျိုး မေ့လျော့နေသည်။

"မူမူ ကိုယ်ပြောတာ နားထောင်နော်။ မနေ့တုန်းက သူဌေးယွမ်က ဟင်းချက်ပွဲမှာ အနိုင်ရသွားတယ်။ တကယ့် အံ့မခန်းပဲ။ ကိုယ်တို့တွေ အိမ်ပြန်ရောက်သွားရင် အဲ့ဒီ ဗီဒီယိုကို အတူတူ ကြည့်ကြမယ်နော်။ ကိုယ့်ကို ဒေါသမထွက်ရဘူးနော်။ ဟုတ်ပြီလား" ဝူကျိုး၏ ဝမ်းဘဲ တဂတ်ဂတ်နှင့်တူသော အသံကို အဝေးမှပင် ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

ယွမ်ကျိုးက ဝူကျိုး တမင်တကာ အသံတိုးပြီး ချစ်စရာကောင်းစွာ ဟန်ဆောင်နေသောအသံကို ကြားသောအခါ ဝမ်းဘဲ တဂတ်ဂတ် အော်သံနှင့် နှိုင်းယှဉ်မိသည်။

"ဒါဆိုရင် အခုကစပြီးတော့ ရှင်က ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလား၊ မဆက်ဆံဘူးလား၊ ပြော" ဝူကျိုး၏ လက်ကောက်ဝတ်ပေါ်မှာ နူးညံ့သောအသားလေးကို ဆိတ်ပြီး ကျွမ်းရှင်းမူက ခြိမ်းခြောက်သည်။

"ဒါပေါ့ ကိုယ်က ချစ်လေးပေါ် ကောင်းမှာပါ" နာကျင်မှုကို အံတုပြီး ဝူကျိုးက သနားချင်စဖွယ်ကောင်းသော အမူအရာဖြင့် သဘောတူလိုက်သည်။

အော်ဟစ်ရယ်မောသံများကို ကြားနေရစဉ် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ လူနှစ်ယောက် ချဉ်းကပ်လာသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။

"ဘာများသုံးဆောင်ချင်လဲ ခင်ဗျာ"

"သူဌေးယွမ်က အရင်လိုပဲ လေးနက်တည်ကြည်နေတုန်းပဲ။ ဒါက ခင်ဗျားအတွက် မကောင်းဘူးနော်။ ပျော်ပျော်ရွှင်ရွှင် ပြုံးနေတဲ့မျက်နှာလေးနှင့် နေသင့်တယ်" ဝူကျိုးက သူ့ဘေးနားတွင် သူ့ကောင်မလေးရှိနေ၍ ယွမ်ကျိုးကို နောက်ပြောင်ကျီစယ်နေသည်။

"မလိုအပ်ပါဘူး" ယွမ်ကျိုး၏လေသံက ပို၍ တည်ငြိမ်သွားပြီး သူ၏ အကြံပြုချက်ကို ပိုင်ပိုင်နိုင်နိုင် ငြင်းပယ်လိုက်သည်။

"ကောင်းပါပြီ"

"ထိုင်စရာရှိတာ မြန်မြန်ထိုင်။ ဒီလိုမှမဟုတ်ရင် တခြားဖောက်သည်တွေ များလာရင် ထိုင်စရာ နေရာမရှိဖြစ်သွားမယ်" ဘေးနားတွင် မတ်တပ်ရပ်နေသော ကျွမ်းရှင်းမူက ဝူကျိုး၏ အင်္ကျီစကို ဆွဲလိုက်သည်။

"ဟုတ်ပါပြီ မူမူရယ်။ မူမူလေး ဘာစားချင်လဲဆိုတာ ကိုယ့်ကိုပြောဖို့ကို မီနူးကို ကြည့်လိုက်ဦး"

အလိုလိုက်၊ အကြိုက်ဆောင်သော အမူအရာကို ထိန်းသိမ်းထားပြီး ဝူကျိုးက ကျွမ်းရှင်းမူ ဟင်းပွဲ ရွေးချယ်မယ့်အချိန်ကို စောင့်ဆိုင်းနေသည်။ ဝူကျိုး၏ ခွေးကလေးနှင့်တူသော အပြုအမူကြောင့် ယွမ်ကျိုးက စက်စုပ်ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီး ‌ပုံမှန်အတိုင်း လေးနက်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်။

"ထမင်းအခြေပြုချက်နည်း(၁၀၀)ဆိုတာက ဘာလဲ။ ဒါက ဟင်းပွဲအသစ်လား။ ဒါက ဘာတွေကို ချက်ပြုတ်ထားတာလဲ" ကျွမ်းရှင်းမူက ယွမ်ကျိုး၏မီနူးနှင့် အတော်လေး ရင်းနှီးနေပြီးဖြစ်၍ မီနူးအသစ်ကို မေးမြန်းလိုက်သည်။

"နာမည်အရတော့ ဆန်တွေကို ချက်ထားတာ ဖြစ်နိုင်တယ်" ဝူကျိုးက မဝံ့မရဲပြန်‌ပြောသည်။ သူ့ကောင်မလေးက သူ၏ ချင့်ချိန်ဝေဖန်မှုကို မယုံကြည်သောကြောင့် ယွမ်ကျိုးကို တိုက်ရိုက်မေးမြန်းရန် ပြင်ဆင်သည်။

"သူဌေးယွမ်၊ ထမင်းအခြေပြုချက်နည်း(၁၀ဝ)က ဘာဟင်းပွဲများလဲ" ကျွမ်းရှင်းမူက မေးမြန်းသည်။

"ပေးထားတဲ့ နာမည်အတိုင်းပဲလေ" ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

"အမ် ထမင်းကို အသုံးပြုပြီး ချက်တာလား" ဝူကျိုးက သူ့ခန့်မှန်းချက် မှန်ကန်သည်ဟု ယုံကြည်နေသေးသည်။

"ထမင်းကိုမူတည်ပြီး ချက်ပြုတ်နည်း(၁၀၀)ရှိသင့်တယ်လေ။ ဟုတ်တယ်မလား" ခဏတွေးကြံပြီးနောက် ကျွမ်းရှင်းမူက ယွမ်ကျိုးကို စကားပြောသည်။

ဤတစ်ကြိမ်တွင် ယွမ်ကျိုးက

ရိုးရှင်းစွာ ခေါင်းညိတ်ပြီး သူမ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။

"ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီး ချက်ပြုတ်မှာလဲ။ ဆန်ပြုတ်ရော ပါလား" တကယ်တမ်း ကျွမ်းရှင်းမူက ဆန်ပြုတ်သောက်ရခြင်းကို ကြိုက်နှစ်သက်သည်။ သူမအမေက တောင်ပိုင်းသူဖြစ်သောကြောင့် မနက်စာအတွက် အမြဲတမ်းလိုလို ဆန်ပြုတ်စားလေ့ရှိသည်။ ဆန်ပြုတ်က တောင်ပိုင်းသရေစာအစားအစာလဲ ဖြစ်သည်။

"ဟင့်အင်း အဲ့ဒီထဲမှာ ဆန်ပြုတ်မပါဘူး။ ထမင်းကို အသုံးပြုပြီး ချက်ပြုတ်နည်းက အကန့်အသတ်ရှိတယ်။ မင်း ကြိုက်တဲ့ဟင်းလျာတွေကို ပေါင်းထည့်နိုင်တယ်။ အရံဟင်းလျာတွေကိုတော့ မရနိုင်ဘူး" ယွမ်ကျိုးက ထပ်မံရှင်းပြသည်။

"ကောင်းပြီလေ။ ဒါဆိုရင် ဆန်မုန့်ကြော် စားချင်တယ်။ သူဌေးယွမ်က အဲ့ဒီချက်ပြုတ်နည်းကို သိတယ်မလား" ကျွမ်းရှင်းမူက လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။ ဤနေရာက အနောက်တောင်အရပ်တွင် ရှိ၍ ယွမ်ကျိုးက ဤဟင်းလျာနှင့် ပတ်သက်ပြီး မသိနိုင်ဟု ယူဆကာ ကျွမ်းရှင်းမူက တမင်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ယွမ်ကျိုးက သူမချက်ပြုတ်နိုင်သော ဟင်းလျာအကြောင်းကို ကြားသောအခါ ဖြစ်ပေါ်လာမည့် မျက်နှာအမူအရာကို သူမ မြင်ချင်မိသည်။

ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် စကားပြန်ပြောလိမ့်မည်ကို သူမ မတွေးထင်ခဲ့ပေ။

"ကောင်းပြီလေ ... ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ဤဟင်းလျာချက်ပြုတ်နည်းကို သိနေမှန်း သိရှိသွားသောအခါ သူမ အနည်းငယ်အံ့ဩသင့်မိသည်။ ကျင်းလင်ဟင်းလျာအကြောင်း တွေးမိသောအခါ သူမ ချက်ချင်း နားလည်သွားသည်။ ဝူကျိုးက ဘေးဘက်မှာ မတ်တပ်ရပ်နေပြီး သူတို့ကို စောင့်ကြည့်နေသည်။ သူလည်း ယခင်က ဆန်မုန့်ကြော်ကို မစားဖူးသောကြောင့် အလျင်စလို ပြောလိုက်သည်။

"ငါလည်း အဲ့ဒီဟင်းပွဲတစ်ပွဲ လိုချင်တယ်" သူ့ဟင်းပွဲကို အော်ဒါတင်ပြီးနောက် သူက ထိုင်ခုံမှာ ထိုင်ကာ စောင့်ဆိုင်းနေသည်။ ဆန်မုန့်ကြော်သည်

ရိုးရာသရေစာမုန့်ဖြစ်ပြီး တောင်ပိုင်းနယ်မြေတွင် နာမည်ကျော်သည်။ မနက်စာအတွက် ဆန်မုန့်ကြော်ကို ကြော်စားလေ့ရှိသည်။ တောင်ပိုင်းသားများက မနက်စာအတွက် ဆန်မုန့်ကြော်ကို

ကြော်စားလေ့ရှိသည်။ တကယ်တမ်း ယွမ်ကျိုးက သရေစာမုန့်နှင့်ပတ်သက်၍ အတော်ကလေး ဗဟုသုတကြွယ်ဝသည်။ ပြီးပြည့်စုံသော ဆန်မုန့်ကြော်ကို ရရှိရန် အပြင်ဘက်အသားသည် ရွှေရောင်သန်းနေရမည်ဖြစ်ပြီး အတွင်းဘက်အသားသည် နှင်းတမျှ ဖြူဖွေးနေရပါမည်။ ထို့အပြင် မွှေးပျံ့သော အနံ့အရသာနှင့် ကြွပ်ဆတ်သောခံစားချက်ကိုလည်း တစ်ကိုက်စားကြည့်တိုင်း ဖြစ်ပေါ်စေရမည်။ ခံတွင်းထဲ ဝါးလိုက်သောအခါ ဆန်မုန့်ကြော်သည် ကြွပ်ဆတ်ပြီး ငံကျိကျိလတ်ဆတ်သော အရသာရှိရမည်။ ဆီကို အသုံးပြုထားပြီး ကြော်သည့်အတိုင်း ဆီများသောခံစားချက်ကို မဖြစ်ပေါ်ရပေ။ သူက ကျင်းရှန်ချောင်ဆန်ကို ယူလိုက်ပြီး ရေဆေးကာ နို့နှစ်ရောင်ရှိသော ထမင်းပေါင်းအိုးထဲထည့်ပြီး အပူချိန်မြင့်မြင့်မားမားပေးကာ ထမင်းအိုးတည်လိုက်သည်။ ရေကို ၅စင်တီမီတာခန့်ထည့်ထားပြီး ဆားအနည်းငယ်လည်း ထည့်ထားသည်။ ၁၀မိနစ်ခန့် ကြာသောအခါ ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်။ ထိုမှသာ ဆန်၏မွှေးကြိုင်သောရနံ့ကို ဆိုင်ထဲရှိ လူအားလုံး ခံစားနိုင်လိမ့်မည်။

"ဒါက ဘယ်လို ဆန်အမျိုးအစားလဲ။ မွှေးလှချည်လား။ ဒီလိုဆန်မျိုးနဲ့သာ ထမင်းစားရမယ်ဆိုရင် နှစ်ပန်းကန်လောက် ကုန်အောင် စားနိုင်တယ်" မွှေးကြိုင်သောရနံ့ကို ရှူရှိုက်လိုက်ပြီး ဝူကျိုးက ချက်ချင်းပြောသည်။ သို့သော်လည်း ယွမ်ကျိုးက ဝူကျိုးပြောသည့်အကြောင်းအရာကို မကြားသကဲ့သို့ လျစ်လျူရှုကာ ပြန်ဖြေခြင်း မရှိခဲ့ပေ။

"ဆန်အသစ် ဖြစ်နိုင်တယ်။ တောင်ပိုင်းနယ်မြေက ဆန်အသစ်ထွက်တယ်လို့ အမေပြောတာကို ကြားထားတယ်။ မွှေးနေတာပဲနော်" ကျွမ်းရှင်းမူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောသည်။

"မူမူလေးက အမြဲတမ်း မှန်တယ်" ဝူကျိုးက မျက်နှာချိုသွေးကာ စကားပြန်ပြောသည်။

"ဒီလောက်တောင် မွှေးနေပုံပေါက်ထောက်ရင် ဆန်အသစ်ကို တောင်ကျစမ်းရေနဲ့ ချက်ထားတာဖြစ်ရမယ်" ကျွမ်းရှင်းမူ၏မျက်နှာက ပို၍ လေးနက်သွားသည်။

ထမင်းကျက်သွားသောအခါ ယွမ်ကျိုးက ချက်ထားသော ထမင်းများကို စတုရန်းပုံစံ သစ်သားပြားပေါ်မှာ လောင်းချလိုက်ပြီး အရွယ်အစားတူညီသော ဆန်မုန့်နှစ်ခုကို ပုံသွင်းသည်။ အအေးခံရန်အတွက် သတ်မှတ်ထားသောနေရာတွင် နေရာချပြီးနောက် ယွမ်ကျိုးက ဆန်မုန့်ကြော်ရန်အတွက် ဒယ်အိုးနှင့်ဆီကို ပြင်ဆင်မှု စတင်သည်။

ဒယ်အိုးထဲသို့ ယွမ်ကျိုး လောင်းချလိုက်သောဆီသည် ဆပ်ပြာခဲအရွယ်အစားရှိသော ထောင့်မှန်စတုဂံပုံအနေအထားရှိသော ဆန်မုန့်နှစ်ခု နစ်မြှုပ်ရန် လုံလောက်မှု ရှိသည်။ ဆီကို ပွက်ပွက်ဆူသည်အထိ အပူပေးပြီးသောအခါ ပုံသွင်းထားသော ဆန်မုန့်သည် သင့်လျော်အောင် အအေးခံထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက အသင့်ပြင်ထားသော ဆန်မုန့်နှစ်ခုကို ကြော်ရန်အတွက်

ဒယ်အိုးထဲ ထည့်လိုက်သည်။

ဤဖြစ်စဉ်အတွင်း ဆီများကို ဇွန်းဖြင့် မွှေသည်။ ထိုစဉ်အတောအတွင်း ပင်မခန်းမဆောင်အတွင်းသို့ ဆီညှော်နံ့များ ပျံ့လွင့်သွားခြင်း မရှိပေ။ ရွှေအိုရောင်သန်းလာသောအခါ ယွမ်ကျိုးက ဆန်မုန့်ကြော်နှစ်ခုကို ဇွန်းဖြင့် ခပ်လိုက်ပြီး ဆီများ ကုန်စင်သွားအောင် ခါပေးလိုက်သည်။ ထို့နောက် စတုရန်းပုံစံ ပန်းကန်ပြားပေါ် နေရာချထားလိုက်သောအခါ ဆီပိုဆီလျှံမရှိဘဲ ရွှေဝါရောင်သန်းပြီး အရသာရှိသော ဆန်မုန့်ကြော်သာ ကျန်ရစ်ခဲ့သည်။ ၎င်းမှ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်နေသည်။

အပိုင်း(၁၁၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၁၄)

“မင်းတို့မှာ အော်ဒါတင်ထားတဲ့ အစားအသောက်ရပါပြီ။ သုံးဆောင်ပါ” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“သူဌေးယွမ်။ ဒီမုန့်ကို လုပ်နိုင်တယ်ဆိုတော့ အတွေ့အကြုံများပြီး ဗဟုသုတကြွယ်တာပဲ။ ဖရဲသီးဖျော်ရည် ၂ခွက်လည်း ပေးပါ” ကျွမ်းရှင်းမူက ဆန်မုန့်ကြော်က အရည်သောက် တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးမှသာ ပိုကောင်းမွန်မှန်း သိနေသည်။ သို့တည်းမဟုတ်လျှင် ခြောက်ကပ်ကပ် အရသာကြောင့် လည်ပင်းထဲ စေးကပ်ကပ် ဖြစ်နေလိမ့်မည်။

“အိုကေ၊ ခဏစောင့်ပေးပါ” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

ယွမ်ကျိုးက အံဆွဲထဲမှ ဖရဲသီး ၂လုံးကို ထုတ်လိုက်ပြီး ဖျော်ရည်စစ်ထုတ်ရန် ပြင်ဆင်သည်။

“မူမူ၊ ဒါက ဆန်မုန့်ကြော်လား။ စေးကပ်ကပ် ဆန်မုန့်ပဲ” ဝူကျိုးက ပန်းကန်ပြားပေါ်မှ ရွှေဝါရောင် ဆန်မုန့်ကြော်ကို တို့ကြည့်လိုက်စဉ် စပ်စပ်စုစု မေးမြန်းသည်။

“မြင်နေရကျ ဆန်မုန့်ကြော်တွေနဲ့ မတူဘူးး။ ဒါက ထမင်းနဲ့ လုပ်ထားတာ။ အရသာချင်းကွာခြားတယ်။ ကိုယ့်ဘာသာစားကြည့်လိုက်လေ” ဝူကျိုးက ယခင်တုန်းက ဤမုန့်ကို မစားဖူးမှန်း သိ၍ ကျွင်းရှင်းမူက သေချာ ရှင်းပြသည်။

“မူမူ ပြောသမျှ မှန်ကန်တယ်။ အခုပဲ စားကြည့်တော့မယ်” ကျွင်းရှင်းမူကို မျက်နှာချိုသွေးသော စကားများကို ပြောပြီးနောက် ဝူကျိုးက မုန့်၏အရသာကို မြည်းစမ်းကြည့်ရန် ပြင်ဆင်သည်။

ယွမ်ကျိုး ပြင်ဆင်ထားသော ဆန်မုန့်ကြော်က အပြင်မှာ ရောင်းချသော ဆန်မုန့်ကြော်များနှင့် အရွယ်အစား တူညီသော်လည်း အရသာပိုကောင်းမွန်မည်ဟု ထင်မိသည်။

သို့သော်ငြားလည်း ယွမ်ကျိုး ဖန်တီးထားသော ဆန်မုန့်ကြော်က မွှေးရနံ့ မရှိပေ။

ဝူကျိုးက ဆန်မုန့်ကြော်ကို တစ်ကိုက် ကိုက်ကာ သူ့ခံတွင်းထဲ ထည့်လိုက်သည်။

အပြင်ဘက်အလွှာက အဝါရောင်သန်းပြီး ကြွပ်ဆတ်သော်လည်း အတွင်းအလွှာက အဖြူရောင်ရှိပြီး နူးညံ့သည်။ ဆန်၏ စေးကပ်ကပ် အရသာကိုလည်း ခံစားမိသည်။

သေချာ လေ့လာဆန်းစစ်ပြီးနောက် ဝူကျိုးက နောက်တစ်ကိုက် ထပ်စားကြည့်သည်။

ထမင်းစေ့ တစ်ဝက်ခန့်က ရွှေဝါရောင်သန်းပြီး ကျန်တစ်ဝက်က နူးညံ့သော အဖြူရောင်ဖြစ်သည်။ ထို့အပြင် မွှေးကြိုင်သောထမင်းများကို ရောထွေးလိုက်သောအခါ အငန်ဓာတ်အနည်းငယ်ရပြီး ထူးခြားသော အနေအထား ဖြစ်ပေါ်လာပြီး ကြွပ်ဆတ်မှု နှင့် နူးညံ့သော ခံစားချက်နှစ်မျိုးစလုံးကို ပေးစွမ်းသည်။

တစ်ကိုက်ပြီး တစ်ကိုက် ဆက်တိုက်စားနေသောကြောင့် ဝူကျိုး၏ ဆန်မုန့်ကြော်က ခဏလေးအတွင်း ကုန်သွားသည်။

“မူမူ၊ မင်း အရမ်းတော်တယ်။ ဒီဆန်မုန့်ကြော်က အရမ်းအရသာရှိတယ်။ ဒီလို နည်းလမ်းမျိုးနဲ့ ချက်ထားတာတောင် အရသာရှိနေတယ်နော်” ဝူကျိုးက နောက်ဆုံးကျန်သော ပါးစပ်အပြည့် အစားအသောက်များကို မျိုချလိုက်ပြီး အထင်ကြီး လေးစားဟန်ဖြင့် ပြောသည်။

သို့သော်ငြားလည်း ကျွမ်းရှင်းမူက သူ့ကို ပြန်ဖြေချိန် မရ၍ အွန်းဟူသော အသံဖြင့် မပီမပြင် တုံ့ပြန်သည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ ရောင်းချသော ဟင်းလျာအားလုံးက အရသာရှိသည်ဟု ဝူကျိုးက ခံယူထားသူ ဖြစ်သည်။ ဆန်မုန့်ကြော် တစ်မျိုးတည်း ထူးထူးကဲကဲ အရသာရှိနေခြင်း မဟုတ်ချေ။

သို့သော်လည်း ကျွင်းရှင်းမူ၏ အတွေးက သူနှင့် ခြားနားသည်။ သူမက သူမ၏အိမ်တွင် ကိုယ်တိုင် ပြုလုပ်သော ဆန်မုန့်ကြော်ကို မကြာခဏ စားဖူးသည်။ ထို့ကြောင့်လည်း ဤမုန့်နှင့် ပတ်သက်ပြီး နက်နက်နဲနဲ နားလည်သည်။

ဆန်မုန့်ကြော်က သရေစာမုန့် မုန့်အမျိုးအစား ဖြစ်သည်။ မုန့်ပြုလုပ်ရာတွင် အခက်အခဲ တချို့ရှိသော်လည်း မပြောပလောက်ချေ။ သူ့တစ်မျိုးတည်း စားလျှင် အဆီများပြီး ခြောက်ကပ်ကပ်ဖြစ်သောကြောင့် ပဲနို့နှင့် တွဲဖက်စားလျှင် ပိုကောင်းမွန်သည်။

သို့သော်လည်း ယွမ်ကျိုး ချက်ပြုတ်ထားသော ဆန်မုန့်က ဤဆိုးကျိုးသက်ရောက်မှုမျိုး မရှိပေ။ ဆန်မုန့်ကို ဝါးနေသည့်တိုင် ထမင်းစေ့ တစ်စေ့ချင်းစီတိုင်းက အစိုဓာတ်လုံလုံလောက် စုပ်ယူထား၍ ပြီးပြည့်စုံသော ခံစားချက် ဖြစ်ပေါ်စေသည်။ ပန်းကန်ပြား နှင့် တူမှာပင် အဆီတဝင်းဝင်း ခံစားချက်ကို မခံစားရပေ။

“သူဌေးက တောင်ပိုင်းနယ်မြေရဲ့ အစားအသောက်တွေကို စားဖူးတာလား” ကျွမ်းရှင်းမူက မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။

“တစ်ခါမှ မစားဖူးဘူး” ယွမ်ကျိုးက ပြတ်ပြတ်သား ပြန်ဖြေသည်။

ကျွမ်းရှင်းမူ၏စိတ်ထဲ အတော်လေး အံ့အားသင့်သွားသည်။ သူဌေးယွမ်က သူ တစ်ခါမှ မစားဖူးသော မုန့်ကို ဒေသခံလူမျိုးများထက် ပို၍ ကောင်းမွန်အောင် ချက်ပြုတ်နိုင်သည်။ တကယ်ကို မယုံကြည်နိုင်စရာကောင်းသည်။

“ဆန်မုန့်ကြော်ရဲ့အရသာကို ကြိုသိထားရင် ဖရဲသီးဖျော်ရည်အစား တခြားဟင်းလျာ တစ်မျိုးမျိုးကို ဝယ်စားပါတယ်” ဆန်မုန့်ကြော် နှစ်ပွဲ နှင့် ဖရဲသီးဖျော်ရည်က ၂၀၀ယွမ် ကုန်ကျသွား၍ ယခုတော့ တခြားဟင်းလျာများကို မမှာယူနိုင်တော့ပေ။

“ကိစ္စမရှိဘူး။ မူမူ စားချင်ရင် နောက်တစ်မျိုး ထပ်မှာလိုက်လေ” ဝူကျိုးက သူ့ကောင်မလေး၏ သဘောထားကို ကောင်းကောင်းသိနေ၍ ချက်ချင်း ပြောသည်။

“ဟင့်အင်း။ နောက်တစ်ခေါက် ချိန်းတွေ့မှပဲ တခြားဟင်းလျာတွေကို ဝယ်စားမယ်” ကျွမ်းရှင်းမူက

ပြတ်ပြတ်သားသား ငြင်းပယ်သည်။ ဝူကျိုး စိတ်မကောင်း ဖြစ်သွားမှန်း သိ၍ သူမက ချိုသာသော လေသံဖြင့် ခပ်တိုးတိုးလေး ပြောသည်။ “နောက်တစ်ခေါက် ထပ်ဒိတ်ဦးမယ်လေ”

နောက်ဆုံး ပြောလိုက်သော စကားကို ခပ်တိုးတိုးပြောသော်လည်း နား နှင့် မျက်လုံးကောင်းသော ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း သိသွားသည်။

အကျိုးဆက်က စိတ်ပျက်ဖွယ်ကောင်းသည်။ သူ့အရှေ့မှာ ကြည်နူးနေသော ချစ်သူစုံတွဲကို မည်သို့ မောင်းထုတ်သင့်လဲ တွေးကြံနေရသည်။ ချစ်သူ နှစ်ယောက်က ထိုင်ခုံ နေရာ အကြာကြီးယူသည်ဟူသော အကြောင်းပြချက်ဖြင့် မောင်းထုတ်ရန် သေချာ အစီအစဉ်ချနေသည်။

သို့တိုင် သူ့အတွေးကို ထုတ်မပြောဘဲ အသင့်ပြင်ဆင်ထားသော ဖရဲသီးဖျော်ရည်အား သူတို့နှစ်ယောက်ကို ပေးလိုက်သည်။

“လူငယ်လေးယွမ် ဒီကနေ့ ဟင်းလျာအသစ် ထွက်တာလား” အဘိုးအို၏ ခွန်အားပြည့်နေသော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“မဟုတ်ဘူး” ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

“သူဌေး၊ ဆိုင်မှာ ဆန်အခြေပြု ချက်ပြုတ်နည်း ၁၀၀ ရှိတယ်မလား” မုရှောင်ယွမ်က ခေါင်းမော့လိုက်ပြီး ယွမ်ကျိုးကို ဒွိဟဖြစ်သော ခံစားချက်ဖြင့် ငေးစိုက်ကြည့်လိုက်သည်။

“လူငယ်လေးယွမ်၊ အဘိုးကို ဒီလို ပြောရလား။ ဟင်းလျာအသစ်ထွက်တာကို အဘိုးမသိအောင် ဖုံးကွယ်ထားချင်တာလား” အဘိုးအိုက စိတ်ဆိုးခြင်း မရှိသော အမူအရာဖြင့် ပြုံးရွှင်ကာ မေးမြန်းသည်။

“ဒါက ဆန်လေ၊ ဟင်းလျာ မဟုတ်ဘူး” ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

“အွန်း၊ ဟုတ်သားပဲ။ တကယ်လည်း ဟင်းလျာမှ မဟုတ်တာနော်” အဘိုးအို နည်းနည်း စို့နင့်သွားသည်။ သို့သော်လည်း သူက သဘောထားကြီးမြတ်သူ ဖြစ်၍ အရှက်ရဖွယ် အခြေအနေကို လျစ်လျူရှုကာ စကားပြန်ပြောသည်။

“ထမင်းဆိုရင်လည်း ကောင်းတာပဲ။ ကျင်းလင်မြက်နဲ့ ထမင်းဖြူတစ်ပွဲ ပေးပါ”

“မီနူးကို သေချာကြည့်ပါဦး” ယွမ်ကျိုးက သူတို့နောက်က မီနူးကို စစ်ဆေးကြည့်ရန် အချက်ပြသည်။

“အဘိုး၊ သူဌေးက ဆန်အခြေပြုဟင်းလျာ အမျိုးပေါင်း ၁၀၀မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကိုပဲ ရောင်းပါတယ်”

ခဏတွေးကြံပြီးနောက် မုရှောင်ယွမ်က သူ့သူဌေးကိုယ်စား ရှင်းပြသည်။

“ဒါဆိုရင်လည်း ထမင်းဖြူ တစ်ပွဲပေး” အဘိုးအိုက ဈေးနှုန်းကို တစ်ချက် ကြည်ပြီးနောက် ပြောင်းလဲခြင်းမရှိ ပြန်ပြောသည်။

“ခဏစောင့်ပေးပါ” အဘိုးအိုက ဈေးနှုန်းကို သိသွားမှ ယွမ်ကျိုးက သဘောတူလိုက်သည်။

ထမင်းချက်ရခြင်းက အလွယ်ကူဆုံး နှင့် အမြန်ဆန်ဆုံး ဖြစ်သည်။ ယွမ်ကျိုးက ဆန်ဆေးလိုက်ပြီး ဆေးကြောထားသော ဆန် နှင့် ရေကို ထမင်းပေါင်းအိုးထဲ ထည့်လိုက်သည်။

ဖိအားသုံး ပေါင်းအိုးက ဆန်စေ့မှ အာဟာရဓာတ်များ ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်သည်။ အရသာ နှင့် မွှေးရနံ့ကလည်း အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးသည်။

ထမင်းအိုးတည်ထားစဉ် ယွမ်ကျိုးက ကျင်းလင်မြက် ဟင်းပွဲကို ပြင်ဆင်သည်။ တကယ်တမ်း ယွမ်ကျိုးက ကျင်းလင်မြက်ဟင်းပွဲ ချက်ပြုတ်ပြင်ဆင်ရခြင်းကို မနှစ်သက်ပေ။ အနည်းငယ်မှ အမှားအယွင်း မခံဘဲ သေချာ ဂရုစိုက် ပြင်ဆင်ပေးရသည်။ ယွမ်ကျိုးကို ထိန်းချုပ်တတ်သော နည်းလမ်း လေ့ကျင့်ပေးခြင်း ဖြစ်သည်။

ကျင်းလင်မြက်ကို ကြော်ပြီးနောက် ထမင်းဖြူကလည်း အဆင်သင့်ဖြစ်နေပါပြီ။ ထမင်းပေါင်းအိုးထဲမှ ထမင်းကို ခပ်လိုက်ပြီး ပန်းကန်လုံးငယ်အပြည့် ဖြည့်လိုက်သည်။

“ဒီထမင်းက စားကောင်းမယ့်ပုံပဲ” အဘိုးအိုက ယွမ်ကျိုး ထမင်းခပ်နေခြင်းကို မြင်တွေ့သောအခါ ချီးမွမ်းလိုက်သည်။

“သုံးဆောင်လို့ရပါပြီ” ယွမ်ကျိုးက အဘိုးအို၏အရှေ့သို့ ဟင်းပွဲများ သယ်ဆောင်သွားပေးသည်။

“ပန်းကန်လုံးလေးက ကြည့်ကောင်းပြီ။ ထမင်းကလည်း ကောင်းတယ်” အဘိုးအိုက ကျေနပ်အားရစွာ ချီးမွမ်းစကားပြောသည်။

ချီးမွမ်းစကားပြောပြီးနောက် အဘိုးအိုက စတင်စားသည်။

ကျင်းရှန်ချောင်ဆန်က မွှေးကြိုင်သောရနံ့ နှင့် အရသာရှိသောကြောင့် လူထုကြား နာမည်ကြီးသည်။ ကျိချွဲသော အရသာမရှိပေ။

“ကျွန်မက အချိန်ကိုက် ရောက်လာပုံပဲ”

ယင်ယာ၏ ကြည်လင် နားဝင်ချိုသောအသံက တံခါးအပြင်ဘက် ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည်။

“ဒီကနေ့ ဘာစားချင်လဲ”

ယွမ်ကျိုးက မုရှောင်ယွမ်

မမေးခင် အရင်ဆုံး နှုတ်ဆက်စကားပြောလိုက်သည်။

“ထမင်းလည်း ရောင်းပြီလား။ အရံဟင်းနဲ့အတူတူ ထမင်းတစ်ပွဲ လိုချင်တယ်”

ယင်ယာက ပြုံးရွှင်ကာ ပြောသည်။

“အွန်း၊ ဆန်အခြေပြု ချက်ပြုတ်နည်း အမျိုးပေါင်း(၁၀၀)" ယွမ်ကျိုးက စကားပြန်ပြောသည်။

“တကယ် အမျိုးပေါင်း(၁၀၀)လား” ယင်ယာက ချက်ချင်း ပြန်မေးသည်။

“ဟုတ်တယ်။ မင်း ဘာစားချင်လဲ” ယွမ်ကျိုး ခေါင်းညိတ်သည်။

......

အပိုင်း(၁၁၄)

ပြီးပါပြီ။

All Chapters