← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အပိုင်း(၁၁၈)

ရှုရှောင်က ယင်ကောင်ကဲ့သို့ သေးငယ်သော စားသောက်ဆိုင်ကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သနည်း။

ဒါရိုက်တာချီက သူ့စိတ်ထဲ မကျေနပ်သော်လည်း ပြုံးကာ စကားပြောသည်။

“ဒီဆိုင်ပါပဲ။ ဒီဆိုင်ကို ရှာဖို့ တော်တော်ခက်တာပဲ”

“အမှန်ပဲ။ တကယ်ကို ခက်ခက်ခဲခဲပဲ” သူဌေးကွမ် ဒွိဟဖြစ်နေသည်။ သူက ခမ်းနားထည်ဝါသော နေရာဒေသကိုပဲ နှစ်ခြိုက်သူ မဟုတ်သော်လည်း သူက လုပ်ငန်းကြီးများကို ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ အခြေခံကျသော လေးစားမှုက မရှိမဖြစ်လိုအပ်သည်။

သည်အစိုးရဝန်ထမ်းက အရမ်း ချွေတာလွန်းသည်လော။ သေးငယ်သော စားသောက်ဆိုင်လေး၏ ဆိုင်အတွင်းဘက် ဖွဲ့စည်းပုံက ခမ်းနားထည်ဝါသည်လော။

“ဒါရိုက်တာချီ၊ သူဌေးကွမ်။ ငါတို့အရှေ့က စားသောက်ဆိုင်ပါ။ အခုပဲ သွားကြမယ်” ရှုရှောင်က ဒါရိုက်တာချီ၏ သူ့ကို သတ်ချင်နေသော အကြည့်ကို သတိမပြုမိချေ။ ထို့ကြောင့် သူက ဆော်ဩနေသေးသည်။

သို့သော်ငြားလည်း သူ ဆော်ဩရသည့်အကြောင်းအရင်းရှိသည်။ ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို သဘောကျသွား၍ ညနေခင်းဘက်တွင် ဆိုင်တစ်ဆိုင်လုံးကို ငှားရမ်းမည်ဟု တောင်းဆိုခဲ့သော်လည်း သူဌေးယွမ်က ရက်ရက်စက်စက် ငြင်းပယ်ပစ်သည်။

တခြားစားသောက်ဆိုင်ကြီးဆိုလျှင် ရှုရှောင်က တစ်ဆိုင်လုံး ဘိုကင်တင်မိမည် မဟုတ်ချေ။ စားသောက်ဆိုင်သေးသေးလေး ဖြစ်သောကြောင့် ဆိုင်ရှင်သူဌေးကို ငွေပေးလိုက်လျှင် အလုပ်ဖြစ်မည်ဟု ထင်ထားသည်။ သို့တိုင် ဆိုင်ရှင်က တစ်ဆိုင်လုံး ဘိုကင်တင်ခွင့် မပေးသည့်အပြင် ကြိုတင် စာရင်းသွင်းခွင့်လည်း မပေးချေ။ သူ နေ့တိုင်း လာရောက် တောင်းဆိုသည့်တိုင် အခြေအနေက မပြောင်းလဲသွားခဲ့ပေ။

သို့သော်လည်း စားသောက်ဆိုင်သို့ မကြာခဏလာခဲ့၍ ဆိုင်ဖွင့်ချိန်ကို အသေးစိတ် သိခဲ့၍ တန်းစီစောင့်စရာ မလိုအပ်အောင် အချိန်ကို တွက်ဆနိုင်ခဲ့သည်။ ယွမ်ကျိုး ဆိုင်တံခါးဖွင့်ဖွင့်ချင်း ရောက်လာ၍ တန်းစီစောင့်စရာ မလိုအပ်ပေ။

“ကြည့်စမ်းပါဦး။ ဒီနောက်လိုက်က ငါတို့ကို အလောတကြီး တိုက်တွန်းနေတာပဲ။ ဒါဆိုရင် အခုပဲ ကျွန်တော်တို့တွေ ဆိုင်ထဲဝင်ကြမလား”

ဒါရိုက်တာချီက သူဌေးကွမ်နှင့်အတူတူ ဆိုင်ထဲသို့ ဝင်သည်။

ဆိုင်ထဲရောက်သွားသောအခါ သူတို့ ပို၍ပင် စိတ်ပျက်သွားသည်။ သူတို့မြင်နေရသော စားသောက်ဆိုင်က ဆိုင်နာမည်မရှိသည့် အပြင် တကယ်ကို ဆိုင်ကျဉ်းလွန်းသည်။ ဆိုင်ခန်းက မီတာ၃၀မကျော်ပေ။ ကွေးနေသော စားပွဲခုံရှည်တွင် ထိုင်ခုံလွတ် ၃ခုံသာ ရှိပြီး ဘေးဘက်ကျလွန်းသည်။

ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး သူဌေးကွမ် တကယ်ကို စိတ်ဆတ်လာသည်။ သူက ယွမ် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည့်သူ ဖြစ်သည်။ ဤကဲ့သို့ ရိုးရှင်းသော စားသောက်ဆိုင်မျိုးမှာ တစ်ခါမျှ မစားခဲ့ဖူးပေ။

သူ့သိက္ခာကို ငဲ့ကွက်သော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ထို့အစား သူက ဒါရိုက်တာချီ စကားပြောမည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ဒါရိုက်တာချီက အရင်ဆုံး ခေါင်းလှည့်လိုက်ပြီး ရှုရှောင်ကို လျှို့ဝှက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ပြုံးသည်။

“မစိုးရိမ်ပါနဲ့ သူဌေးကွမ်။ စားသောက်ဆိုင်က ကျဉ်းပေမဲ့ သူဌေးရဲ့လက်ရာ ကျင်လင်းဟင်းက အရမ်းအရသာရှိတယ်”

“အို့စ် တကယ်လား” သူဌေးကွမ်က ဝတ်ကျေတမ်းကျေ ပြန်ပြောသည်။

အရည်အချင်းရှိသော စားဖိုမှူးက သေးနုပ်သော စားသောက်ဆိုင်မှာ အလုပ်လုပ်စရာ အကြောင်းမရှိပေ။

“အရသာမြည်းစမ်းကြည့်ပြီးရင် သိသွားမှာပါ” ဒါရိုက်တာချီက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခုအချိန်မှာ သူကိုယ်တိုင်က ရှုံ့မဲ့နေရန် မသင့်လျော်ချေ။ အဆင့်အတန်းနိမ့်သည်ဟု ထင်ရသော စားသောက်ဆိုင်လေးက အရသာထူးကဲသော အစားအသောက်များကို ရောင်းချရန်သာ မျှော်လင့်မိသည်။ သို့သော်ငြားလည်း ဤတွေ့ဆုံပွဲပြီးလျှင် ရှုရှောင်ကို နစ်နစ်နာနာ ပြောဆိုမည်ဟု ဆုံးဖြတ်ထားသည်။

ရင်းနှီးမြှုပ်နှံမှုခေါ်ဆောင်ရေးအလုပ်သည် အမြင်ကျယ်ခြင်း နှင့် သဘောထားကြီးမြတ်ခြင်းဟူသော အချက်များ လိုအပ်သည်။ ဤအချက် နှစ်ခုအနက် တစ်ခုမရှိလျှင် ရာထူးတိုးပေးရန် မဖြစ်နိုင်ချေ။

“အိုကေ၊ မှော်ဆန်တဲ့အဖြစ်အပျက်လေး ဖြစ်လာမှာပါ” သူဌေးကွမ်က သူ့မကျေနပ်ချက်ကို ရှင်းရှင်းလင်းလင်း မဖော်ပြသော်လည်း သူ့စကားပြောပုံအမူအရာက ဖော်ရွေမှု မရှိတော့ပေ။

“ဒါဆိုရင် အခုပဲ ဟင်းလျာ အော်ဒါတင်ကြတာပေါ့။ စားပွဲထိုး ဘယ်မှာလဲ” ဒါရိုက်တာချီက သူဌေးကွမ်၏သဘောထားကို ဂရုမစိုက်တော့ဘဲ စားပွဲထိုးကို ခေါ်လိုက်သည်။

ထိုမှသာ မုရှောင်ယွမ်က သူတို့အနား လာရဲသည်။ ဖောက်သည်သုံးဦးထံမှ ကို့ရို့ကားရားနိုင်သော အခြေအနေကြောင့် သူမက အနားမကပ်ရဲခြင်း ဖြစ်သည်။ ထို့အပြင် ယွမ်ကျိုးကလည်း ဟင်းချက်ကို အာရုံစိုက်နေ၍ အခြေအနေကို သတိမပြုမိချေ။

“လေးစားရတဲ့လူကြီးမင်းတို့ ဘာများသုံးဆောင်ချင်လဲ” မုရှောင်ယွမ်၏အသံက မကျယ်လောင်သော်လည်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

“မီနူး ဘယ်မှာလဲ” ဒါရိုက်တာချီက သူတို့လက်ထဲ မီနူးရောက်လာလျှင် ပိုကောင်းမွန်မည်ဟု ခံစားမိသည်။

“ဒါရိုက်တာချီ၊ မီနူးက နောက်ဘက်က နံရံပေါ်မှာလေ” ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာဖူးသော ရှုရှောင်က မုရှောင်ယွမ်၏ကိုယ်စား ပြန်ပြောလိုက်သည်။

“သူဌေးကွမ်။ ကျွန်တော်တို့နောက်ဘက်က မီနူးကို တစ်ချက်ကြည့်ပြီး စားချင်တဲ့ ဟင်းလျာကို မှာယူရင် မကောင်းဘူးလား” ဒါရိုက်တာချီက သူဌေးကွမ်ကို စကားပြောသည်။

“အွန်း။ ဒီဆိုင်မှာ ဘယ်လို စားကောင်းသောက်ဖွယ်တွေ ရောင်းချလဲဆိုတာ ကြည့်ရတာပေါ့” သူဌေးကွမ်၏ စကားပြောသော အမူအရာတွင် မကျေနပ်သော ခံစားချက် အနည်းငယ် ပါဝင်နေသေးသည်။

“တကယ်ကို ထူးခြားတဲ့ စားသောက်ဆိုင်ပဲ။ ဟင်းလျာဈေးနှုန်းတွေကလည်း အံ့မခန်းပဲ” ဈေးနှုန်းကို မြင်တွေ့သောအခါ သူဌေးကွမ် နည်းနည်း အံ့အားသင့်သွားသည်။ သေးနုပ်သော စားသောက်ဆိုင်၏နံရံပေါ်တွင် ရေးထားသော ဈေးနှုန်းက သူ့ဟိုတယ်၏ ထိပ်တန်း ဟင်းလျာများနှင့် ဈေးတူနေသည်။ တချို့ဟင်းလျာများက တန်ဖိုးကြီးသော ပါဝင်ပစ္စည်းများကို အသုံးပြုထား၍ သူ့ဟိုတယ်ထက် ပိုဈေးကြီးနေသေးသည်။

နာမည်ကြီး ဟင်းလျာ၏ဘေးနားတွင် သာမန်ဟင်းလျာများ ဖြစ်သည်။ မီနူးဘေးနားက စည်းမျဉ်းများကိုလည်း လေးလေးနက်နက် ဖတ်ရှုလိုက်သည်။

“ဆိုင်ရှင်ရဲ့စိတ်နေသဘောထားက တကယ်ကို ထူးခြားတာပဲ” သူဌေးကွမ် ခနဲ့လိုက်သည်။

“ဒါဆိုရင် ငါ့ကို ကျင်းလင်မြက် သုံးပွဲ နဲ့ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ” လူချမ်းသာသူဌေးကွမ်က ဈေးနှုန်းကို ဂရုမစိုက်တတ်ပေ။

“မစားရတာကြာတဲ့ ခေါက်ဆွဲပြုတ် စားချင်လို့ ခေါက်ဆွဲပြုတ်ရယ် ဖီးနစ်အမြှီးပုစွန်ဟင်းပဲမှာမယ်” ဒါရိုက်တာချီက သူဌေးကွမ်ကို ပြုံးရွှင်ကာ စကားပြောသည်။

တခြားသူနှစ်ယောက် အော်ဒါတင်ပြီးသွား၍ ရှုရှောင်က အော်ဒါတင်သည်။

“အစုံလိုက်ကြက်ဥထမင်းကြော်နဲ့ ခံတွင်းထဲ အရည်ပျော်သွားတဲ့ ကြက်ခြေထောက်ဟင်းပေးပါ”

အော်ဒါတင်ပြီးနောက် သူက ပြုံးရွှင်ကာ စကားပြောသည်။

“ခံတွင်းထဲ အရည်ပျော်သွားတဲ့ ကြက်ခြေထောက်ဟင်းက အရမ်းအရသာရှိတယ်လို့ ပြောကြတယ်”

“အို့စ်၊ မင်း စိတ်ကျေနပ်ရင် စားပေါ့” ဒါရိုက်တာချီက ဟန်လုပ်ပြုံးကာ ပြန်ပြောသည်။

“ဟုတ်လား။ စည်းမျဉ်းကို ကြည့်ပါဦး။ အစားအသောက်တွေကို အလဟဿဖြစ်ခွင့် မပေးဘူးလို့ ရေးထားတယ်” သူဌေးကွမ်က အသေးစိတ် ဂရုစိုက်ဟန်အမူအရာဖြင့် စကားပြန်ပြောသည်။

သို့သော်လည်း ငတုံးရှုရှောင်က တခြားသူနှစ်ယောက်၏ ထူးဆန်းသော သဘောထားကို သတိထားမိသည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်သော ခံစားချက် ဖြစ်ပေါ်လာသည်။ သို့တိုင် သူဌေးယွမ်၏ ထူးကဲသော ဟင်းချက်လက်ရာကို တွေးမိသောအခါ သူ့စိတ် အေးချမ်းသွားသည်။ တခြားသူနှစ်ယောက်၏စိတ်ကို ဟင်းပွဲများဖြင့် ညှို့ယူနိုင်လျှင် ပြဿနာက ရှင်းလင်းသွားလိမ့်မည်။

ရှုရှောင်က ဒါရိုက်တာချီ၏အနား တိုးကပ်ကာ လေညှင်းသံဖြင့် စကားပြောသည်။

“ဒါရိုက်တာချီ။ သူဌေးယွမ်က World Foodie Hotelရဲ့စားဖိုမှူးယွီကို အနိုင်ရထားတာနော်။ ပေါ့တန်တန် မဟုတ်ဘူး။ စားသောက်ဆိုင်က ကျဉ်းပေမဲ့ သပ်ရပ်နေတာပဲ”

ဒါရိုက်တာချီက ထိုင်ခုံမှာ တည့်တည့်မတ်မတ် ထိုင်ကာ ရှုရှောင်ပြောလိုက်သည့် စကားကို မကြားသကဲ့သို့ ပြုမူသည်။ သို့တိုင် သူက ရှုရှောင် ပြောသည့်စကားအတိုင်း ပြောကာ ဆိုင်ရှင်၏ကောင်းကွက်များကို ထုတ်ပြောသည်။

ဒါရိုက်တာချီက ကို့ရို့ကားရားနိုင်သော ပတ်ဝန်းကျင်ကို သက်သောင့်သက်သာဖြစ်အောင် အကောင်းဆုံးကြိုးစားနေပြီး သူဌေးကွမ်ကလည်း ဝတ်ကျေတမ်းကျေ စကားပြန်ပြောသည်။ ထိုစဉ် ယွမ်ကျိုး နှင့် မုရှောင်ယွမ်တို့က ဟင်းလျာများကို သယ်ဆောင်လာသည်။

“မင်းတို့ မှာယူထားတဲ့ ဟင်းလျာတွေ ရပါပြီ။ သုံးဆောင်ကြပါ”

ဤတစ်ကြိမ်တွင် ဖော်ရွေလွန်းသော ဒါရိုက်တာချီက စကားမပြောတော့ပေ။ ဟင်းလျာများက တကယ် အရသာရှိ/ မရှိ မသိသော်လည်း ဤဟင်းပွဲများက သူတို့ချင်း နားလည်မှုလွဲသွားခြင်းကို ဖြေဖျောက်ပေးရန်သာ မျှော်လင့်မိသည်။

“အစ်ကိုကွမ်၊ ဒီစားဖိုမှူးယွမ် ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို အရသာမြည်းကြည့်ရအောင်လား” ဒါရိုက်တာချီက ပြုံးရွှင်ကာဖြင့် သူ့ကို တူကမ်းပေးလိုက်သည်။

“ရပါတယ်။ အတူတူ အရသာမြည်းကြည့်တာပေါ့” သူဌေးကွမ်က ယဉ်ယဉ်ကျေးကျေး တူကို လက်ခံလိုက်ပြီး သူမှာယူထားသော ဟင်းလျာများကို ကြည့်လိုက်သည်။

သူ့အမြင်အာရုံထဲ ပထမဆုံး ဝင်ရောက်လာသော ဟင်းပွဲက ရွှေရောင်သန်းနေသော ကြက်ဥထမင်းကြော် ဖြစ်သည်။ စားကောင်းသောက်ဖွယ်များကို အလှဆင်ထားသော ဓာတ်ပုံဟုပင် ထင်မှတ်မိသည်။ ကျင်းလင်မြက်ဟင်းပွဲက ပို၍ပင် ခမ်းနားထည်ဝါသေးသည်။ စိမ်းစိုနေ၍ ပန်းချီကားဟုပင် စိတ်ထဲ ထင်မိသည်။

မျက်စိပသာဒ အဖြစ်ဆုံး ဟင်းပွဲက ဖီးနစ်အမြှီးပုစွန်ဟင်းဖြစ်သည်။

သူ့ဟိုတယ်က နိုင်ငံထိပ်တန်းအဆင့် စားဖိုမှူးပင် ဤဟင်းပွဲကို ဆွဲဆောင်မှုရှိအောင် မချက်ပြုတ်နိုင်ပေ။ တကယ်တမ်း အရသာကိုတော့ မြည်းစမ်းကြည့်ပြီးမှ သိနိုင်မည်။ ပြင်ဆင်ထားပုံကို ကြည့်ရုံဖြင့် အရသာရှိမည်ဟု ခံစားမိသည်။

သူတို့ဘေးနားက ရှုရှောင်က စတင်စားသောက်နေသည်။

ရနံ့မွှေးကြိုင်လွန်းသော ဟင်းပွဲများကြောင့် ဒါရိုက်တာချီ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ထိုစဉ် သူဌေးကွမ်က တူကို ကောက်ကိုင်လိုက်ပြီး သူ ဟင်းပွဲကို မြည်းစမ်းရန် ပြင်ဆင်နေစဉ် ဒါရိုက်တာချီက သူ မှာယူထားသော ဟင်းပွဲများကို တုံ့ဆိုင်းစွာဖြင့် စတင် မြည်းစမ်းသည်။ ရေကျဲကျဲ အရသာ မရှိသော ခေါက်ဆွဲကို သူက နောက်ဆုံးမှ စားကြည့်မည်။

အပိုင်း(၁၁၈)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၁၉)

လှပစွာ ပြင်ဆင်ထားသော ဟင်းပွဲများကို သူဌေးကွမ်က ဒါရိုက်တာချီထက် အရင်ဆုံး မြည်းစမ်းသည်။

သူက သူဌေးကြီး ဖြစ်သော်လည်း ဟင်းသီးဟင်းရွက် စားသုံးရခြင်းကို နှစ်သက်သည်။ သို့သော်လည်း ဒါရိုက်တာချီက သူ့စိတ်‌နေသဘောထားကို မသိခဲ့ပေ။ သူ့သဘောဆိုလျှင် စားပွဲအပြည့် အရွက်ဟင်းများ အော်ဒါတင်လိမ့်မည်။

ထို့ကြောင့် သူဌေးကွမ်က ကျင်းလင်မြက်ဟင်းပွဲကို အရင်ဆုံး မြည်းစမ်းသည်။ စိမ်းစိုနေသော အာတီမီးဆီယား ဆယ်လီဂျန်ဆစ်ကို အညိုရောင်တူဖြင့် ညှပ်လိုက်သည်။ အရောင်ကွာခြားမှုက သိသာ ထင်ရှားလွန်းပြီး ဟင်းပွဲက အရသာရှိမည်ဟု ခံစားမိသည်။ ထို့နောက် သူက တစ်လုပ်စားကြည့်သည်။

အာတီမီးဆီယား ဆယ်လီဂျန်ဆစ်ထဲ ပါဝင်သော အရည်များက သူ့ခံတွင်းထဲ စီးဝင်သွားသည်။ ကြွပ်ဆတ် လတ်ဆတ်သော အရသာက သူ့တံတွေးထဲ စီးမြောနေသည်။

ခံတွင်းထဲအရည်ပျော်သွားသော ကြက်ခြေထောက်ဟင်း ချက်ပြုတ်ပုံက ထူးခြားမှုရှိသည်။ လင်းလက်နေသော အညိုရောင် ကြက်ခြေထောက်များကို မြင်မြင်ချင်း အဆီများမည့် အချက်ကို စိုးရိမ်မိသော်လည်း ကျင်းလင်မြက်အကြောင်း တွေးမိသောအခါ တုံ့‌ဆိုင်းမှု မရှိဘဲ ကြက်ခြေထောက် တစ်ချောင်း ကောက်ကိုင်လိုက်သည်။

ကြက်ခြေထောက်ကို ပထမဆုံးအကြိမ် ကောက်ကိုင်လိုက်သောအခါ ထူးခြားမှု မတွေ့ရပေ။ တစ်ချက် စုပ်စားလိုက်ရုံဖြင့် ကျောက်စိမ်းကဲ့သို့ ကြက်အရိုး ပေါ်လာသည်။ သူက စပ်စုလိုသော ဆန္ဒဖြင့် အရိုးကို ဝါးလိုက်သောအခါ သလင်းကဲ့သို့ ရိုးတွင်းချဉ်ဆီက သူ့လည်ချောင်းထဲ စီးဝင်သွားသည်။ သူ့အစာအိမ်ထဲမှာ ရေခဲတမျှ အေးစက်သော ခံစားချက်က ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ပူပြင်းသော ရာသီဥတုမှာ ရေခဲစိမ်ထားသော ဖရဲသီးကို စားလိုက်ရ သကဲ့သို့ သက်သောင့်သက်သာ ခံစားချက် ဖြစ်ပေါ်သွားသည်။

သူဌေးကွမ်က စောနတုန်းက ကျင်းလင်မြက်ကို စားလိုက်သကဲ့သို့ အမြန်စားချင်သော ဆန္ဒကို ဖိနှိပ်ထားရသည်။ နောက်ထပ်မြည်းစမ်းမည့် ဟင်းပွဲက ကျင်းလင်ဟင်းပွဲများအနက် အထူးဟင်းလျာဖြစ်သော ဖီးနစ်အမြှီးပုစွန်ဟင်း ဖြစ်သည်။ ဤဟင်းလျာကို အကြိမ်ပေါင်းများစွာ စားဖူးသည်။

"ပုစွန်တွေက တခြားဟင်း နှစ်ပွဲလောက် အရသာ ရှိပါ့မလား" သူဌေးကွမ်က ဟင်းပွဲ၏အရသာကို ရုတ်တရက် တွေးတောမိသွားသည်။

သူဌေးကွမ်က ထူးကဲစွာ အလှဆင်ထားသော ပုစွန်ကို တူဖြင့် ညှပ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

"ဒါရိုက်တာချီ၊ ဒီဆိုင်က ဟင်းလက်ရာတွေက တကယ်ကောင်းတယ်။ အရသာက အံ့မခန်းပဲ" သူဌေးကွမ်က ကျေနပ်အားရစွာ မျိုချလိုက်ပြီး စကားပြောသည်။

"ဒီဆိုင်ရှင်ယွမ်က World Foodie Hotelရဲ့ နာမည်ကျော်စားဖိုမှူးယွီကို အနိုင်ရထားတယ်လို့ ပြောတယ်မလား။ ကျွန်တော်တို့ဘက်က အစ်ကိုကွမ်ကို ညစာကျွေးမယ် ပြောတည်းက အကောင်းဆုံး ဆိုင်မှာပဲ ကျွေးမှာပါ"

စွပ်ပြုတ်ရည်သောက်ရန် အင်တင်တင် ဖြစ်နေသော ဒါရိုက်တာချီက ခဏကြာမှ စကားပြန်ပြောပြီး ရှုရှောင်ကို ပြုံးပြသည်။

"ဒီစားသောက်ဆိုင်က ရှာရခက်ပေမဲ့ အရသာ ထိပ်တန်းအဆင့်ရှိတယ်"

"ဒါတော့ အမှန်ပဲ။ ဒါရိုက်တာချီ ကျေးဇူးပါပဲ။ ဟင်းချက်လက်ရာက ငါ့ကျွင်းယာဟိုတယ်ထက်တောင် ပိုလက်ရာကောင်းသေးတယ်" သူဌေးကွမ်၏မကျေနပ်သော ခံစားချက် အားလုံး ပြယ်လွင့်သွားသည်။

"လာလာ စားစရာရှိတာ မြန်စားမယ်။ ဒီလိုစားကောင်း သောက်ဖွယ်တွေကို မစားဘဲ ချန်ထားခဲ့လို့ မကောင်းဘူး" သူဌေးကွမ်က စကားပြောနေရင်း အစားအသောက်အားလုံး စားလို့ကုန်မှ စကားဆက်ပြောရန် အချက်ပြသည်။

"အိုကေ၊ အစ်ကိုကွမ် သဘောပါပဲ။ အရင်ဆုံး စားကြမယ်" ဒါရိုက်တာချီက သူ့အကြံပြုချက်ကို သဘောတူလိုက်သည်။

ရှုရှောင်က အစတည်း သူ့ဟင်းပွဲသူ စားနေသည်။ ဒါရိုက်တာချီ နှင့် သူဌေးကွမ်တို့ ရံဖန်ရံဖန် စကားပြောလျှင် သူ့ပါးစပ်ထဲက ဟင်းများကို ဖြည်းဖြည်းချင်း ဝါးကာ နာခံစွာ မော့ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပင် စားပွဲပေါ်မှ ဟင်းပွဲများကို သူတို့သုံးဦးက အပြတ်ရှင်းလိုက်သည်။ ယခုလို အရသာရှိသော စားကောင်းသောက်ဖွယ်များကို မစားရသည်မှာ ကြာပါပြီ။ ယခင်က သူ့ကို ညစာဖိတ်ကျွေးလျှင် အရက်သောက်ပြီး အလုပ်ကိစ္စ ဆွေးနွေးလေ့ရှိပြီး ယခုလို အစားအသောက်ကို အလေးထားသော ညစာစားပွဲမျိုး မကြုံခဲ့ဖူးပေ။

သူက ကျေနပ် အားရသော အမူအရာဖြင့် သူ့ဗိုက်သူ ပုတ်လိုက်သည်။

"အစ်ကိုကွမ်၊ ဟင်းပွဲတွေက ဘယ်လိုလဲ စားကောင်းရဲ့လား။ စားသောက်ဆိုင် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တယ်။ အပြင်ဘက်မှာ တန်းစီစောင့်နေတဲ့ ဖောက်သည်တွေတောင် ရှိသေးတယ်" ဒါရိုက်တာချီက ရင်းနှီးမြှုပ်နှံမှုခေါ်ဆောင်ရေး အေဂျင်စီ၏ တာဝန်ကျေပွန်သော ဝန်ထမ်းဖြစ်ပြီး သူ့မြို့ကို အမြဲတစေ ချီးမွမ်းလေ့ရှိသည်။

"သူဌေးကွမ်၊ တခြား ဘာစားချင်သေးလဲ" ဒါရိုက်တာချီက မျက်နှာရိပ်မျက်နှာကဲပြ၍ ရှုရှောင်က မေးမြန်းလိုက်သည်။

"ဒီဆိုင်မှာ အရက်ရောင်းလား။ ဒါဆိုရင် ငါတို့တွေ သောက်လို့ ရတာပေါ့" သူဌေးကွမ်က စပ်စပ်စုစု မေးမြန်းသည်။

"ဒီဆိုင်မှာ ရောင်းသမျှကို မီနူးမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူဌေးကွမ်က ဖရဲသီးဖျော်ရည်ကို စမ်းသောက်ကြည့်ချင်လား" ရှုရှောင် အကြံပြုသည်။

"ဟုတ်တယ်။ ဒီကနေ့ အရက်မသောက်ဖို့ အကြံပြုချင်တယ်။ သောက်စရာ တခြားတစ်ခုခု သောက်မယ်" ဒါရိုက်တာချီက စကားပြောသွက်လတ်သည်။

"ကောင်းပြီလေ။ သောက်ကြတာပေါ့" သူဌေးကွမ်က ပုံမှန်အတိုင်း ပြောသည်။

"သူဌေးယွမ်ရောင်းတဲ့ ဖရဲသီးဖျော်ရည်က ခွက်နဲ့ပဲ။ အခုပဲ မှာလိုက်မယ်။ မစိုးရိမ်နဲ့" ရှုရှောင်က တုံ့ဆိုင်းခြင်း မရှိဘဲ ဖရဲသီးဖျော်ရည် အော်ဒါတင်ခြင်း တာဝန်ကို လက်ခံယူလိုက်သည်။

"အိုကေ၊ မင်း မှာလိုက်တော့" ဤဆိုင်၏အရသာကို မြည်းစမ်းပြီးနောက် ဒါရိုက်တာချီက ရှုရှောင်၏ အရည်အချင်းကို ယုံကြည်သွားသည်။ စားသောက်ဆိုင်က အဆင့်အတန်းနိမ့်သည်ဟု ထင်ရသော်လည်း ဟင်းပွဲများက ထိပ်တန်းအဆင့် ဖြစ်သည်။

သူတို့သုံးဦးက ဖရဲသီးဖျော်ရည်သောက်ကာ အလုပ်ကိစ္စဆွေးနွေးကြသည်။ သူဌေးကွမ်က ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ပြီး ရန်ပုံငွေ လွှဲပြောင်းရန်သာ လိုအပ်တော့သည်။

သူတို့ ထွက်မသွားခင် သူဌေးကွမ်က ယွမ်ကျိုးကို အထူးတလည် ဆင့်ခေါ်သည်။

"သူဌေးယွမ်၊ မင်းက အရမ်းငယ်ရွယ်ပေမဲ့ မင်းရဲ့ဟင်းချက်စွမ်းရည်က လက်ဖျားခါလောက်တယ်။ တကယ်ကို အထင်ကြီး လေးစားစရာကောင်းတယ်" သူဌေးကွမ်က ချီးမွမ်းစကား အရင်ဆုံး ပြောသည်။

"ကျေးဇူးပါ" ယွမ်ကျိုးက ခေါင်းညိတ်ပြကာ ချီးမွမ်းစကားကို လက်ခံလိုက်သည်။

"ဒီဆိုင်က မင်းပိုင်ဆိုင်တာလား။ ဒါမှမဟုတ်..." ထို့နောက် သူက အရေးကြီးဆုံးအချက်ကို မေးမြန်းသည်။

"ဟုတ်တယ်။ ကျွန်တော် ပိုင်တာပါ" ယွမ်ကျိုးက တစ်ဖက်သူ၏ ရည်ရွယ်ချက်ကို သိနေသော်လည်း သူ့ဘက်က အရင်ဆုံး ငြင်းပယ်မည့် ရည်ရွယ်ချက် မရှိပေ။

"မင်းရဲ့ဖုန်းနံပါတ်ပေးလို့ ရမလား" သူဌေးကွမ်က သူ့ရည်ရွယ်ချက်ကို ချက်ချင်းထုတ်ဖော်သည်။

"အားနာပါတယ်။ ကျွန်တော် ဖုန်းမသုံးဘူး" ယွမ်ကျိုးက သူ့ကို ခပ်တန်းတန်း ငြင်းပယ်လိုက်သည်။ သူတို့စကားဝိုင်းကို နားစွင့်နေသော ဖောက်သည်များက သူ့ကို ပြဿနာရှာလိမ့်မည်။

"ကိစ္စမရှိဘူး။ ရတယ်။ ဒါဆိုရင် ငါတို့က မင်းရဲ့စီးပွားရေးကို မနှောင့်ယှက်တော့ဘူး။ ဒီည မင်းကို ဆက်သွယ်လိုက်မယ်" ကြီးမားသော စီးပွားရေးကို တည်ထောင်ထားသော သူဌေးကွမ်က အရည်အချင်း အစစ်အမှန် ရှိသည်။

သူဌေးယွမ်၏ဖုန်းနံပါတ်ကို စုံစမ်းခြင်းက သူ့အတွက် ခက်ခဲသော ကိစ္စရပ် မဟုတ်ပေ။

စကားဝိုင်း အဆုံးသတ်ပြီးနောက် သူဌေးကွမ်၊ ဒါရိုက်တာချီ နှင့် ရှုရှောင်တို့က စားသောက်ဆိုင်မှ အတူတူ ထွက်သွားကြသည်။ ဖောက်သည် အရေအတွက် တိုးလာပြီး သူတို့အလုပ်ကိစ္စ ဆွေးနွေးမှုလည်း အဆုံးသတ်သွားသည်။ သူတို့ထိုင်ခုံကို တခြားဖောက်သည်များက နေရာယူသွားသည်။

ယွမ်ကျိုးက ညနေခင်း ဆိုင်ဖွင့်ချိန်ပြည့်သွားသောအခါ ဆိုင်တံခါးကို ပိတ်သည်။ ပုံမှန်ဖောက်သည်များက ဆိုင်ဖွင့်ချိန် အချိန်ဇယားကို သိနေပြီးသား ဖြစ်သည်။

"စနစ်၊ ခုတလော မစ်ရှင်အသစ် မရှိပါလား" ခုတလော တိတ်ဆိတ်နေသော စနစ်ကို ယွမ်ကျိုးက မေးမြန်းလိုက်သည်။

ယွမ်ကျိုး၏မေးမြန်းမှုကို စနစ်က တိတ်ဆိတ်ခြင်းဖြင့် ပြန်လည်တုံ့ပြန်သည်။

"ဒင် ကလင် ကလင်" ဒိတ်အောက်နေသော ဖုန်းမြည်သံ မြည်လာသည်။ ယွမ်ကျိုးက ဖုန်းကို ထုတ်လိုက်ပြီး နောက်ဆုံးဂဏန်း ၆၆၈ အမည်ရှိသော ဖုန်းနံပါတ်ကို တအံ့တဩ ကြည့်လိုက်သည်။

"ဟယ်လို"

"သူဌေးယွမ်၊ ကျွန်တော်က ကွမ်ဖန်းပါ။ ဒီနေ့ည မင်းဆိုင်မှာ ညစာလာစားတဲ့ စားသုံးသူပါ"

"ဟယ်လို" ယွမ်ကျိုးက ခပ်တန်းတန်း လေသံဖြင့် ပြန်ပြောသည်။

"မင်းကို စိတ်အနှောင့်အယှက် ပေးမိရင် အားနာပေမဲ့ မင်းကို ပြောချင်တာလေး တစ်ခုတော့ ရှိတယ်" သူဌေးကွမ်က ပွင့်ပွင့်လင်းလင်း တည့်တိုးပြောလိုက်သည်။

သူဌေးကွမ်က ယွမ်ကျိုးနှင့် ပတ်သက်သော အခြေခံအချက်အလက်များကို သိထား၍ သူ့အသံတွင် ယုံကြည်မှုလွန်ကဲသော ခံစားချက်ကို ခံစားမိသည်။

"အိုကေ၊ ဆက်ပြောလေ" ဖုန်းကို နားနှင့် ပခုံးကြား ညှပ်ထားပြီး ယွမ်ကျိုးက သူ့လက်တစ်ဖက်က စွပ်ပြုတ်ခွက်ကို သယ်ဆောင်လာပြီး အမွှေးပွခွေးလေးကို အစာကျွေးရန် ပြင်ဆင်သည်။

"သူဌေးယွမ်က ကြယ်ငါးပွင့်ဟိုတယ်ရဲ့ မီးဖိုချောင်ကို ထိန်းချုပ်ဖို့ စိတ်ဝင်စားလား" ယွမ်ကျိုး အလုပ်လုပ်ဖူးသော ဟိုတယ်က ကြယ်သုံးပွင့် အဆင့်ရှိသောကြောင့် ကြယ်ငါးပွင့် အဆင့်ဟိုတယ်ကို စိတ်ဝင်စားလိမ့်မည်ဟု သူဌေးကွမ် ထင်မိသည်။

"စိတ်မဝင်စားဘူး" ယွမ်ကျိုးက နောက်တံခါးကို ဖွင့်ပြီး အပြင်ထွက် လမ်းလျှောက်ရင်း ငြင်းပယ်ပစ်သည်။

"သူဌေးယွမ်က ကျွန်တော် ဆိုလိုချင်တဲ့ သဘောထားကို နားမလည်ပုံပဲ။ ကြယ်ငါးပွင့်ဟိုတယ်ရဲ့ ခေါင်း‌ဆောင်စားဖိုမှူး လုပ်ပြီး မီးဖိုချောင်ကို ထိန်းချုပ်မလား ပြောတာလေ" သူဌေးကွမ်က အေးအေးလူလူ ပြောသည်။

"ငါ စိတ်မဝင်စားဘူးလို့ ပြောတယ်လေ" ယွမ်ကျိုးက စိတ်မရှည်တော့ပေ။ သူက ထပ်တလဲလဲ ပြောဆိုရခြင်းကို မနှစ်သက်ပေ။

"ပွင့်ပွင့်လင်းလင်း ပြောမိလို့ ခွင့်လွှတ်ပေးပါဗျာ။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို အဲဒီဟိုတယ်ရဲ့ သူဌေး အနေနဲ့ ဖိတ်ခေါ်ချင်တာပါ" သူဌေးကွမ်က ပို၍စိတ်ဝင်စားဖွယ်ကောင်းသော ကမ်းလှမ်းမှုဖြင့် ဆက်လက်ကမ်းလှမ်းသည်။

အပိုင်း(၁၁၉)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၂၀)

“မလိုအပ်ဘူး။ ဘာဆိုဘာမှ စိတ်မဝင်စားဘူး” ယွမ်ကျိုးက စွပ်ပြုတ် ပန်းကန်ကို သယ်ဆောင်ပြီး အမွှေးပွခွေးလေးဆီ လမ်းလျှောက်သွားကာ ဖုန်းဆက် နားထောင်နေသည်။ သူက သူဌေးကွမ်၏ ဦးစားပေးသော ကမ်းလှမ်းမှုကို ကြားသော်လည်း ယိမ်းယိုင်သော အမူအရာကို မပြသခဲ့ပေ။

သူဌေးကွမ်က တခြားတိုက်ကွက်ပြောင်းပြီး လက်မလျော့ခဲ့ပေ။ ထို့နောက် သူက ဆက်ပြောသည်။

“သူဌေးယွမ်က ကျွန်တော်ပြောမယ့် စကားကို ဆက်နားထောင်ပေးပါဦး”

“အိုကေ၊ ငါ့ကို ပြောပါ” ယွမ်ကျိုးက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ ထိုစဉ် သူက မလှုပ်မယှက် လှဲလျောင်းနေသော အမွှေးပွခွေးလေးကို ကြည့်လိုက်သည်။

သူက ခါးကိုင်းလိုက်ပြီး ခွေးစာခွက်ထဲ စွပ်ပြုတ်ရည်ကို လောင်းထည့်ပေးသည်။ ထို့နောက် သူ့စားသောက်ဆိုင်သို့ သူ ပြန်သွားသည်။

“အလေးအနက် ပြောရရင် ငါက မင်းကို စိတ်ရင်းနဲ့ ဖိတ်ခေါ်တာပါ။ ဒီစားသောက်ဆိုင်သေးသေးလေးက မင်းရဲ့အရည်အချင်းနဲ့ တကယ်ကို မထိုက်တန်ပါဘူး” သူဌေးကွမ်က ယွမ်ကျိုးအား ဦးစွာ ချီးမွမ်းစကားပြောသည်။

ယွမ်ကျိုးဘက်က တုံ့ပြန်မှု မရှိသောအခါ သူဌေးကွမ်က ဆက်ပြောသည်။

“ငါ့ရဲ့ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်အသစ်ကို အဲဒီနေရာမှာ ဗဟိုပြုပြီး တည်ဆောက်ဖို့ အဲဒီအနီးအနားတစ်ဝိုက်က မြေတွေကို ဝယ်ထားတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး အဓိကထားပြီး ရင်းနှီးမြှုပ်နှံချင်တယ်”

“မင်းရဲ့ဟင်းချက်စွမ်းရည်ကြောင့် ငါ့ဟိုတယ်အသစ်ရဲ့ ရှယ်ယာရှင်အနေနဲ့ မင်းကို ဖိတ်ခေါ်ချင်တယ်။ မင်းကို ရှယ်ယာ ၈ရာခိုင်နှုန်းကို အလကားပေးမယ်။ ဒီလိုဆိုရင် မင်းကျေနပ်လား”

သူဌေးကွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးသည်။ ကြယ်ငါးပွင့် ဟိုတယ်တည်ဆောက်ရန် အနည်းဆုံး ယွမ် သန်း တစ်ရာကျော် လိုအပ်သည်။ ယွမ်ကျိုးက ရှယ်ယာ ၈ရာခိုင်နှုန်းရရှိလျှင် ယွမ် ၁၀သန်းကျော်ရရှိမည့် သဘောဖြစ်သည်။ ဤရက်ရောသော အပြုအမူက သာမန်ထက် ထူးခြားမှုရှိသည်။

တခြားရှုထောင့်မှ ကြည့်လျှင် ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်က ယုံကြည်လက်ခံနိုင်ကြောင်း ပြသခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ဖုန်း၏တစ်ဖက်ခြမ်းမှ

သူက ယခုထိတိုင် အဖြေပြန်မပေးသေးချေ။

ယွမ်ကျိုးက ကြယ်ငါးပွင့်ဟိုတယ် ဆောက်လုပ်လျှင် ယွမ် သိန်းသန်းချီ ကုန်ကျမည့် အချက်နှင့် ဆောက်လုပ်ရေး အခက်အခဲများကို အနည်းအကျဉ်း သိသည်။ ရှယ်ယာ ၈ရာခိုင်နှုန်းက သူ့ကို ငွေလက်ဆောင်ပေးခြင်းနှင့် တူသည်။ ထို့အပြင် ကြီးမားသော လက်ကမ်းမှုဖြစ်ပြီး နောင်အနာဂတ်တွင် နှစ်စဥ်နှစ်တိုင်း အကျိုးအမြတ်ရရှိလိမ့်မည်။

ယွမ်ကျိုးက နောက်တံခါးကို ပိတ်လိုက်သည်။ ထို့နောက် သူ့စိတ်ကို ရှယ်ယာပမာဏက လွှမ်းမိုးနေသည့်တိုင် သူ့ဟင်းချက်စွမ်းရည်ကို မျှဝေရမည့် အချက်ကို တွေးမိသောအခါ စိတ်လှုပ်ရှားသော ခံစားချက် တည်ငြိမ်သွားသည်။

“ငါ့ရဲ့ဟင်းချက်စွမ်းရည်ကို မျှဝေရမယ်လား။ ဟင်းပွဲ သုံးမျိုးပဲ ချက်တတ်တဲ့ ခေါင်းဆောင် စားဖိုမှူးလေ။ ခေါင်းဆောင်စားဖိုမှူးက အနည်းဆုံးတော့ ဟင်းပွဲ ၁၀မျိုး ချက်တတ်သင့်တယ်မလား” ယွမ်ကျိုးက အကြိမ်ပေါင်းများစွာ သူ့ကိုယ်သူ ထပ်တလဲလဲ ပြောဆိုပြီး ငွေဖြင့် ဖြားယောင်းသော ထောက်ချောက်မှ လွတ်မြောက်သွားသည်။

“အခုလို ရက်ရက်ရောရော ကမ်းလှမ်းလို့ ကျေးဇူးပါပဲ။ ဒါပေမဲ့ ငြင်းပါရစေ။ အားနာပါတယ်” ယွမ်ကျိုးက သူ့အထူးထိုင်ခုံမှာ ထိုင်လိုက်ပြီး သူ့ပခုံးနှင့် ခေါင်းကြား ဖုန်းကို ညှပ်ကာ လက်ချောင်းလေးများဖြင့် တွက်ချက်မှု လုပ်ဆောင်သည်။

သူ လွဲချော်သွားနိုင်သော ငွေပမာဏကို အသေးစိတ် တွက်ချက်သည်။ နှစ်စဉ် သူ ရရှိနိုင်မည့် ရှယ်ယာအကျိုးအမြတ်ကို တွက်ကြည့်သောအခါ ယွမ်ကျိုးက သူ့လက်ချောင်းများဖြင့် တွက်ချက်ရန်မလုံလောက်ပေ။ သူ့ခြေချောင်းများကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်ပြီးနောက် သူက မီးဖိုချောင်ထဲ ရောက်နေ၍ ခြေချောင်းများကိုထိချင်စိတ်ကို ထိန်းချုပ်ထားရသည်။

ယွမ်သိန်းသန်းချီ ဆုံးရှုံးရမည့်အချက်ကို တွက်ချက်မိသောအခါ ယွမ်ကျိုးက အလျင်စလို ငြင်းဆန်မိ၍ နောင်တရမိသည်။

“ဘာလို့လဲ။ မင်းက ကမ်းလှမ်းချက်ကို လုံးဝ မစဉ်းစားပေးဘူးလား”

သူဌေးကွမ်က ခဏစဉ်းစားခွင့်ပေးပါဟု အဖြေကြားရမည်ဟု တွေးထားသူ ဖြစ်သည်။ ယွမ်ကျိုးက သူ့ကို ချက်ချင်း ငြင်းပယ်ပစ်လိမ့်မည်ဟု စိတ်ကူးပင် မယဉ်ဖူးချေ။

“ကောင်းသောညပါ” ယွမ်ကျိုးက သူဌေးကွမ်ကို လုံးဝ မျက်နှာသာ မပေးချေ။ သူ ထပ်တလဲလဲ စဉ်းစားကြည့်လျှင် သူ့အဖြေ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ယွမ်ကျိုးက ချက်ချင်း ဖုန်းချလိုက်သည်။

“စိတ်ဝင်စားစရာကောင်းတယ်” သူဌေးကွမ်က စီးပွားရေးစလုပ်တည်းက အနယ်နယ်၊အရပ်ရပ်မှ အရည်အချင်းရှိသော စားဖိုမှူးများကို သူကိုယ်တိုင် စုဆောင်းလေ့ရှိသည်။ဤတစ်ကြိမ်တွင် သူ ကျရှုံးသွားသော်လည်း ပို၍ ကောင်းမွန်သော စိန်ခေါ်မှုဟု ယူဆလိုက်သည်။

သူက တခြားသူကို ဖုန်းဆက်လိုက်သည်။

“မင်း စီစဉ်စရာရှိတာ စီစဉ်ထားပေးဦး။ ဒီကနေ့ည သွားစားခဲ့တဲ့ စားသောက်ဆိုင်ကို ဒီရက်ပိုင်းအတွင်း ထပ်သွားစားချင်တယ်”

တခြားတစ်ဖက်မှ အတည်ပြုချက်ကို ရရှိပြီးနောက် သူဌေးကွမ်က ဖုန်းချလိုက်ပြီး တချို့ စာရွက်စာတမ်းများကို ဖတ်ရှုသည်။

ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး မအိပ်စက်ခင် ရေမိုးချိုး သန့်စင်ရန် အပေါ်ထပ်သို့တက်သည်။

ထို့နောက် သူက အိပ်ရာပေါ်မှာ ဟိုလှည့်သည်လှည့်လုပ်ကာ လူးလိမ့်နေသည်။ ထို့နောက် သူ အိပ်မောကျသွားသည်။ နှိုးစက်မြည်သံကြောင့် ယွမ်ကျိုး လန့်နိုးသွားသည်။ မနေ့ညက အိပ်မက်ဆိုးကြောင့် ယွမ်ကျိုး အရမ်း လန့်ဖျပ်သွားပြီး မူးနောက်နောက် ဖြစ်နေသည်။

အိပ်မက်ထဲတွင် သူပိုင်ဆိုင်သောငွေအားလုံးက ရုတ်တရက် ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားသည်။ သူက စိုးရိမ်တကြီးဖြင့် ငွေနောက် ပြေးလိုက်သော်လည်း လက်လွှတ် ဆုံးရှုံးသွားသည်။ တစ်ညလုံး ငွေနောက်ပြေးလိုက်သည့်တိုင် သူ့အိပ်ကပ်ထဲ ဘာဆိုဘာမှ မကျန်ခဲ့ပေ။

ဤအိပ်မက်က တကယ်ကို ကြောက်လန့်ဖွယ်ကောင်းသည်။

ယွမ်ကျိုးက သူ့ခေါင်းကြည်အောင် နဖူးကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော ခံစားချက် ပြယ်လွင့်သွားမှ တည်ငြိမ်သော အမူအရာ ပြန်ဖြစ်သွားသည်။

ယွမ်ကျိုးက မှန်အရှေ့မှာ ခဏကြာ မတ်တတ်ရပ်နေပြီး သူ ပြုံးနေသော မျက်နှာအမူအရာက သူ့ရဲ့တည်ငြိမ်သော မျက်နှာအမူအရာကဲ့သို့ ကြည့်မကောင်းကြောင်း လက်ခံမိသည်။

သူဌေးကွမ်က ငါးရက်ဆက်တိုက် လက်မလျှော့ခဲ့ပေ။ သူ အချိန် အားလပ်တိုင်း ယွမ်ကျိုး၏စားသောက်သို့ လာသည်။ သူက ဆိုင်သို့ ရောက်တိုင်း အရင်ဆုံး အစားအသောက်ဝယ်စားပြီး ယွမ်ကျိုးကို သူ့စားဖိုမှူးခေါင်းဆောင် လုပ်ရန် ဖျောင်းဖျသည်။ တကယ်တမ်း သူ ကမ်းလှမ်းချက်က တစ်နေ့ထက် တစ်နေ့ ပို၍ ပို၍ ကောင်းမွန်လာသည်။ ကမ်းလှမ်းသော ရှယ်ယာရာခိုင်နှုန်းက အတူတူ ဖြစ်သော်လည်း အထူးအခွင့်အရေး အနေဖြင့် အလုပ်လုပ်ချိန်ကို လျှော့ချပေးပြီး စားဖိုမှူးခေါင်းဆောင်၏ ဟင်းပွဲ မီနူးကို တစ်ပတ်လျှင် တစ်ကြိမ်သာ ချက်ပြုတ်ပေးရန် ဖြစ်သည်။

သို့သော်လည်း ယွမ်ကျိုး၏ အဖြေက ပြောင်းလဲခြင်း မရှိဘဲ ငြင်းပယ်မြဲ ငြင်းပယ်သည်။

ယွမ်ကျိုးက သူ့စိတ်ပြောင်းလဲသွားမည်ကို စိုးရိမ်သောကြောင့် စကားအများကြီး မပြောခဲ့ပေ။

သူဌေးကွမ်က ယွမ်ကျိုး၏ဆိုင်သို့ မကြာခဏရောက်လာပြီး စကားလာပြော၍ သူတို့ပြောနေသော အကြောင်းအရာကို တခြားသူများ ကြားသွားမည်မှာ မလွဲဧကန်ပင်။ သူဌေးကြီးက ယွမ်ကျိုးကို သူ့စားဖိုမှူးအနေဖြင့် သိမ်းသွင်းရန် နည်းမျိုးစုံဖြင့် ကမ်းလှမ်းနေကြောင်း သိရှိသူ ပိုများလာသည်။

ထို့ကြောင့် မန်မန်ဦးဆောင်သော ဝူဟိုင်း နှင့် ဝူကျိုးတို့အဖွဲ့က ယွမ်ကျိုးကို ကယ်တင်နိုင်သော အကြံအစည်များကို ပြင်ဆင်ကြသည်။

လူတိုင်း အဆင်ပြေပြေ ဆက်သွယ်နိုင်အောင် သူတို့က Wechat Groupပင် တည်ထောင်လိုက်ပြီး ‘သူဌေးယွမ်အတွက် ကယ်ဆယ်ရေးစင်တာ’ ဟုပင် ရိုးရိုးရှင်းရှင်း အမည်ပေးလိုက်သေးသည်။

[ဒီကနေ့ သတင်းအသစ်ရတယ်၊ ကျောက်မီးသွေးတွင်း သူဌေးက သူဌေးယွမ်ကို တစ်ပတ်မှ တစ်ရက်ပဲ ဟင်းချက်ခိုင်းတယ်လေ။ အရမ်း စက်ဆုပ်စရာကောင်းလိုက်တာ]

မန်မန်က ဖုန်းဖြင့် စာရိုက်ပြီး စိတ်ဆတ်သော အမူအရာ အီမိုဂျီကို ပို့လိုက်သည်။

[အံမယ် တစ်ရက်တည်းလား။ တစ်နေ့ သုံးနပ်စားတဲ့ ငါက ဘယ်လိုစားရမလဲ] ဝူဟိုင်း ဗျာပါဒများလာသည်။ ယွမ်ကျိုးက အခုအချိန်တွင် ရံဖန်ရံခါ အနားယူတတ်သော်လည်း ပုံမှန်ဆိုင်ဖွင့်သေးသည်။ ယွမ်ကျိုးက ကြယ်ငါးပွင့်ဟိုတယ်မှာ အလုပ်သွားလုပ်လျှင် အစားအသောက် ရွေးချယ်လွန်းသော ဝူဟိုင်း ငတ်သေလိမ့်မည်။

[ကျောက်မီးသွေးသူဌေးက ချမ်းသာတော့ ငါတို့ ဘယ်လိုရင်ဆိုင်မလဲ။ သူဌေးယွမ် စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။ ငါတို့က သူ့ရဲ့အမာခံ စားသုံးသူဖောက်သည်တွေလေ]

တချို့သူများကလည်း သံသယဝင်သော အမူအရာဖြင့် စကားပြောလာသည်။

[နင် ဆိုရင်ရော အဲဒီဟိုတယ်မှာ အလုပ်သွားလုပ်မလား] မန်မန်က သူ့ကို ဖြေရခက်သော မေးခွန်းမေးမြန်းလာသည်။

.......

အားကြိုးမာန်တက် ဆွေးနွေးပြီးနောက် အဖွဲ့ဝင်များက သူဌေးယွမ်၏ တစ်နေ့ထက် တစ်နေ့ အပြုအမူများကို လေ့လာပြီး အဖွဲ့ထဲမှာ သတင်းအချက်အလက်များ မျှဝေလေ့ရှိသည်။

နောက်တစ်နေ့တွင် ယွမ်ကျိုးက သာမန်ထက်ထူးခြားနေသော ဝူဟိုင်းနှင့် ပက်ပင်းတိုးသည်။

“သူဌေးယွမ်၊ ကျုပ် အများကြီး ဝယ်စားထားတာ သိပ်မကြာသေးပေမဲ့ ဒီကနေ့တော့ အရမ်းဆာလောင်နေသလို ခံစားမိတယ်။ အရင်ဆုံး ဆေးဖက်ဝင်လက်ဖက်ကြက်ဥ အရင်ပေး၊ အစုံလိုက်ကြက်ဥထမင်းကြော်ရယ် နောက်ဆုံးတစ်ပွဲက ဖီးနစ်အမြှီးပုစွန်ဟင်းပေး။ ဖရဲသီးဖျော်ရည်လည်း သောက်မယ်။ ပြီးတော့ ခေါက်ဆွဲစွပ်ပြုတ် တစ်ပွဲလည်းပေး” ဝူဟိုင်းက ဟင်းပွဲများကို ဖောဖောသီသီ အော်ဒါတင်သည်။

“ဒါတွေအားလုံး စားလို့ကုန်လို့လား။ အစားအသောက်တွေကို အလဟသ ဖြုန်းတီးတဲ့ အကျိုးဆက်ကို သိပါတယ်နော်” ယွမ်ကျိုးက ဝူဟိုင်းကို အကဲခတ်လိုက်သည်။ ပုံမှန်အားဖြင့် ဤလူက သူ့အကြိုက် အာသီသ ဖြစ်သော ဟင်းပွဲများကိုသာ မှာယူလေ့ရှိသည်။ မည့်သည့်အတွက်ကြောင့် ရူးကြောင်ကြောင် လုပ်ရပ်များကို လုပ်ဆောင်နေသနည်း။

ဝူဟိုင်းက သူလည်း ချမ်းသာကြောင်းနှင့် ဟင်းပွဲအများကြီး ဝယ်စားနိုင်ကြောင်း သိစေချင်သော သဘောဖြစ်သည်။ သို့သော်ငြားလည်း အကျိုးဆက်အနေဖြင့် ယွမ်ကျိုးက သူ့ဉာဏ်ရည်ကို သံသယဝင်သွားသည်။

ထို့ကြောင့် ဝူဟိုင်းက သူ့အရှုံးကို လက်ခံသွားသည်။ နောက်ဆုံးအနေဖြင့် ပရောပရည်အမူအရာလုပ်နေသော မန်မန်ကို ယွမ်ကျိုးက ရူးနေသည်ဟုပင် ထင်သွားသည်။ ယနေ့ အိမ်မှထွက်လာတည်းက မန်မန်သည် သူ့ဦးနှောက်သူ မေ့ကျန်ခဲ့သည်ဟုပင် ယွမ်ကျိုး တွေးသွားသည်။

“မန်မန်၊ မင်း ပေါင်မုန့် ဖုတ်နေတုန်းက အရမ်းပူသွားတာလား” ယွမ်ကျိုးက ယနေ့ ပုံစံအရမ်းပြောင်းနေသော မန်မန်ကို စပ်စပ်စုစု မေးမြန်းလိုက်သည်။

“မဟုတ်ပါဘူး။ ငါ စားမယ့် ဟင်းပွဲ မှာမယ်”

သူမ၏ပရောပရည် အမူအရာ ရှုံးနိမ့်သွား၍ မန်မန် အထိနာသွားသည်။

အကြောင်းအရင်းကို သေချာမသိသော ဝူကျိုးက သူ့ဆက်ဆံရေးကို ကြွားဝါသော နည်းလမ်းကို အသုံးပြုသော်လည်း ယွမ်ကျိုး၏ စက်ဆုပ်မှုကိုသာ ရရှိခဲ့သည်။

“ကြွားဝါတာလည်း သတိထားကြွားဦး။ ဒီနေရာမှာ တခြားကောင်မလေးတွေ ရှိနေသေးတယ်” ယွမ်ကျိုးက မှန်ကန်ဖြောင့်မတ်သော အမူအရာဖြင့် စကားပြောသည်။

သူတို့အားလုံး အရှုံးကို လက်ခံပြီးနောက် တည့်တိုးမေးမြန်းသည့် နောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုမည်။

ဝူဟိုင်း၊ ဝူကျိုး၊ မန်မန် နှင့် ကျောင်ယင်ကျွင်းတို့ ဦးဆောင်ကာ ဆိုင်သို့ လူအရမ်းမကျသေးခင် ယွမ်ကျိုးကို ပွင့်ပွင့်လင်းလင်း မေးမြန်းသည်။

“သူဌေးယွမ်က သူဌေးကွမ်ကို ဘယ်လို သဘောထားလဲ ရှင်းရှင်းလင်းလင်း ပြောပါ”

“ပုံမှန်ဖောက်သည်ပဲလေ”

“သူဌေးယွမ်၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။ ခင်ဗျား အလုပ်ပြောင်းတော့မှာလား” စိတ်မရှည်သော ဝူဟိုင်းက အဓိကအချက်ကို ပြောလိုက်သည်။

ယွမ်ကျိုးက မျက်ခုံးပင့်လိုက်ပြီး ပြန်ဖြေသည်။

“ဘာလို့လဲ။ ဒါက ငါ့စားသောက်ဆိုင်လေ”

“အမ်၊ သူဌေးယွမ်က သူဌေးကွမ်အတွက် အလုပ်လုပ်ပေးတော့မှာလား” မန်မန်လည်း စိတ်မရှည်ဖြစ်လာသည်။

“သူ့ဆီမှာ အလုပ်သွားလုပ်မယ်လို့ ဘယ်အချိန်တုန်းက ပြောမိလို့လဲ” ယွမ်ကျိုးက ချက်ချင်း ပြန်မေးမြန်းသည်။

အပိုင်း(၁၂၀)

ပြီးပါပြီ။

All Chapters