← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အပိုင်း(၁၂၇)

"အရက်ကောင်းတစ်ခွက်ပဲ" နောက်ဆုံးကျန်သောအရက်ကို ခံတွင်းအပြည့် မျိုချပြီးနောက် ချန်ဝေက ခွက်ကို အောက်ချလိုက်ပြီး ကျယ်လောင်သော လေသံဖြင့် စကားပြောသည်။ သူ၏တုံ့ပြန်မှုကြောင့် ဘေးပတ်ဝန်းကျင်မှာရှိသော တခြားဖောက်သည်များက သူ့ကို စပ်စပ်စုစု ဝိုင်းကြည့်နေခြင်းကို သတိရှိသွား၍ သူ့ခေါင်းသူ အလျင်စလိုပုတ်ကာ စကားပြန်ပြောသည်။

"အားနာပါတယ် .. အားနာပါတယ်။ အရသာအရမ်းကောင်းလို့ စိတ်မထိန်းနိုင်ဘဲ ထအော်မိတာပါ"

"ရပါတယ် .. ငါတို့ နားလည်ပါတယ်" တခြားသောဖောက်သည်များက နားလည်မှုရှိဟန်ဖြင့် ပြန်ပြောသည်။

"သူဌေးယွမ်၏ဝိုင်က တကယ့်ကို အရသာကောင်းပါတယ်။ ဒါပေမယ့် ပါဝင်တဲ့ပမာဏက အရမ်းနည်းလွန်းတယ်။ ခွက်လွတ်လေးကို ကြည့်ရင်း ချန်ဝေက ကူကယ်ရာမဲ့ပြောသည်။

"မနည်းပါဘူး။ လုံးဝ မနည်းဘူး" ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။

"၁၀၀ မီလီ လောက်ပဲ ပါတာလေ။ ဖြေးဖြေးချင်း သောင်လို့သာပေါ့။ မဟုတ်ရင် ကုန်သွားတာကြာပြီ" ချန်ဝေက သူ့ခေါင်းကိုထိလိုက်ပြီး အာခံသောအမူအရာဖြင့် ပြန်ပြောသည်။

"၁၀၀ မီလီက မနည်းဘူးလေ" ယွမ်ကျိုးက ‌အလေးအနက် ခေါင်းညိတ်သည်။

"ဟုတ်ပါပြီ။ ကောင်းပါပြီ။ နောက်တစ်ခွက် ထပ်ရောင်းပေးနိုင်မလား" ချန်ဝေက ယွမ်ကျိုး၏အရှေ့မှာ ချထားသော တခြားအရက်ခွက်များ ကို မြင်တွေ့၍ တောင်းဆိုခြင်းဖြစ်သည်။

"မရပါဘူး" ယွမ်ကျိုးက သူ၏စည်းမျဉ်းစည်းကမ်းအတိုင်း ချန်ဝေ၏တောင်းဆိုမှုကို ငြင်းပယ်သည်။

"သူဌေးယွမ်ရယ် ရောင်းပေးပါဗျာ။ ဒီရစ်ထုပ်ကြီး အရက်စွဲလမ်းနေတာကို မသိကျိုးကျွံပြုထားမလို့လား" ချန်ဝေက စိတ်ဓာတ်ကျနေသော အမူအရာဖြင့် စကားပြောသည်။

ထိုစဉ် သူ၏ ယောက်ျားဆန်သော မျက်နှာအမူအရာသည် ရှုံ့မဲသွားသည်။

"ဟင်းလျာတစ်ပွဲကို လူတိုင်းက တစ်ခါပဲ မှာလို့ရတယ်" ယွမ်ကျိုးက နံရံပေါ်မှာ ရေးသားထားသော စည်းမျဉ်းများကို ညွှန်ပြပြီး လေးနက်စွာပြောသည်။ ချန်ဝေက ရွေးချယ်စရာမရှိသည့်အဆုံး

လက်လျော့လိုက်ရသည်။ သို့သော်လည်း သူက တိုးလျသောလေသံဖြင့် အင်တင်တင် ငြီးတွားနေသေးသည်။

"ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်းလိုက်နာနေတာ ကောင်းတာလို့ မဟုတ်ဘူးလို့ထင်မိတယ်။ တစ်ခါတစ်ရံမှာ ငါတို့၏နှလုံးသားဆန္ဒကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လေ" သို့သော်ငြားလည်း သူပြောသည့်စကားကို ယွမ်ကျိုးက မကြားချင် ဟန်ဆောင်ပြီး တခြားသောဖောက်သည်များ မှာယူထားသော ဟင်းပွဲများကို ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေလိုက်သည်။

...

"ဖေဖေ ဒီညနေကျရင် ညစာအတူတူစားကြမယ်" ကျယ်ဝန်းသော်လည်း လူသူကင်းမဲ့နေသော ဧည့်ခန်းထဲတွင် အဖြူရောင်စကတ်ရှည်ကို ဝတ်ဆင်ထားသော ဆံပင်ခပ်တိုတို မိန်းကလေးက ဆိုဖာပေါ်မှာ ထိုင်ပြီး ခပ်တန်းတန်းအမူအရာဖြင့် စကားပြောသည်။

"ဒီညနေလား မသေချာဘူး။ အချိန်ပိုဆင်းရမလား မသိဘူး" ဆံပင်ကို အနောက်ဖက်သို့ အပြောင်သိမ်းထားသော အရွယ်ရောက်အမျိုးသားသည် အောင်မြင်ကျော်ကြားသောလူဟု ထင်ရပြီး ရှူးဖိနပ်ကို ဝတ်ဆင်ကာ အပြင်သွားဖို့ ပြင်ဆင်‌နေသည်။

"တစ်ပတ်တစ်ခါ သမီးနဲ့ တူတူ ညစာစားမယ်လို့ ကတိပေးထားတယ်လေ" ဆံပင်တိုတိုနှင့်ကောင်မလေးက ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် မျှော်လင့်တကြီး ပြောဆိုသည်။

"အွန်း ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆိုရင် ညနေကျရင် အဖေ သမီး ဖုန်းဆက်လိုက်မယ်။ အဖေ လာခေါ်မယ်" ၎င်းအမျိုးသားက မျက်မှောင်ကြုံ့လိုက်ပြီး အချိန်အတော်ကြာမှ စကားပြန်ပြောသည်။

"မရပါဘူး။ သမီး ကိုယ်တိုင် အဖေ့ရုံးခန်းကို လာခဲ့မယ်" ကောင်မလေးက အေးစက်သောလေသံဖြင့် ပြန်ဖြေသည်။

"ကောင်းပြီလေ။ တက္ကစီနဲ့ အဖေ့ဆီ လာခဲ့။ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ဖို့လဲ မမေ့နဲ့နော်" ခဏတွေးကြံပြီးနောက်

၎င်းအမျိုးသားက သူ့သမီး၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။

"အွန်း" ကောင်မလေးက ခေါင်းကိုလှည့်လိုက်ပြီး ခပ်တန်းတန်း အမူအရာဖြင့် ပြန်ပြောသည်။ ထို့နောက် အိမ်တံခါးကို ပိတ်လိုက်သည်။ အိမ်ထဲတွင် ကောင်မလေးတစ်ယောက်သာ ကျန်ခဲ့သည်။ ထို့နောက် သူမက ဖန်တီးထားသော ဘယ်ခြေထောက်အတုဖြင့် အိမ်ထဲ လမ်းလျှောက်သည်။

ထို့နောက် အိမ်ခန်း၏တခြားတစ်ဖက်တွင် ရှိသော အဖြူအမည်းဓာတ်ပုံနား သွားသည်။ ဓာတ်ပုံထဲတွင် မိန်းမချောလေးက သူမကို ပြုံးပြနေသည်။

"မေမေ ဒီနေ့က သမီးရဲ့မွေးနေ့လေ။ သမီးကို မွေးပေးလို့ ကျေးဇူးတင်ပါတယ်" သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှု အမူအရာများ မရှိပေ။ သူမက ခပ်ယဲ့ယဲ့လေး ပြုံးနေသည်။ ထို့နောက် သူမက အိမ်မှာ မထွက်သွားခင် သူ့အမေကိုဖြင့် ပူဇော်သည်။

"ဒုန်း ဒုန်း ဒုန်း" ဖန်တီးထားသော ခြေထောက်အတုက လေးလံသောကြောင့် လမ်းလျှောက်တိုင်း ကြမ်းပြင်နှင့် ထိတွေ့၍ ဒုန်းဒုန်းဒုန်း အသံထွက်ပေါ်လာသည်။ ကောင်မလေးက သူမ၏အိပ်ခန်းထဲသို့ ပြန်သွားပြီး ကွန်ပျူတာကိုဖွင့်ကာ မန်မန်နှင့်တခြားသူများ အပြန်အလှန်စကားပြောနေသော တိုက်ရိုက်ထုတ်လွှင့်မှုအသစ်ကို ဖွင့်ကြည့်သည်။

ကောင်မလေးက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ သွားချင်ခဲ့သည်။ သူမက မန်မန်အစားစားပြသောဗီဒီယိုကို ကြည့်တိုင်း ထိုနေရာသို့ သွားချင်သောဆန္ဒ ဖြစ်ပေါ်လာသည်။ သူမတစ်ယောက်တည်း သွားလျှင်လည်း အဆင်ပြေသော်လည်း သူမ၏အဖေနဲ့ အတူတူသွားချင်သည်။ သူမ၏အဖေက သူမခြေထောက်တစ်ဖက် ဆုံးရှုံးသွားပြီး မတော်တဆမှုဖြင့် မိခင် သေဆုံးသွားကတည်းက သူမကို မျက်နှာချင်းဆိုင်လေ့ မရှိပေ။ အပြန်အလှန်စကားပြောခြင်းက ရှားရှားပါးပါး ဖြစ်သည်။

လွန်ခဲ့သောနှစ်ပတ်ကျော်ခန့်ကတည်းက ညစာစားရန် သူမ၏အဖေကို တောင်းဆိုခဲ့သည်။ ယနေ့မှသာ သူမ၏တောင်းဆိုမှုကို သဘောတူခဲ့ခြင်းဖြစ်သည်။

သူမ၏မွေးနေ့ဖြစ်သောကြောင့်သာ ညစာ စားရန် သဘောတူလိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း သူမ၏အစီအစဉ်က အောင်မြင်လိမ့်မည်ဟု ယုံကြည်ရ ခက်ခဲနေသည်။

အချိန်အတော်ကြာအောင် အိမ်ထဲ လမ်းလျှောက်နေပြီးမှ သူမကို လာခေါ်မည့် တက္ကစီကို ဆက်သွယ်လိုက်သည်။ ထို့နောက် သူမ၏ခြေထောက်အတုကို စစ်ဆေးပြီး ပိုက်ဆံအိတ်ကို ယူကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ နှစ်ပတ်

ကျော်ကြာအောင် အိမ်ထဲ အောင်းနေပြီးမှ ပထမဦးဆုံးအကြိမ် အိမ်အပြင်သို့ ထွက်ခြင်းဖြစ်သည်။ သူမအဖေ အပါအဝင် သူမကိုယ်တိုင်ကလည်း အမှန်တရားကို မရင်ဆိုင်ရဲပေ။ သူမက ခြေလှမ်း ဖြေးဖြေးချင်းလှမ်းပြီး သာမန်လူတစ်ယောက်လို

ပြုမူသည်။ သူမက မသန်မစွမ်းဖြစ်ကြောင်းကို တခြားသူများ သိသွားမည်ကို မလိုလားချေ။ သူမက တက္ကစီပေါ် တက်လိုက်ပြီး ပင့်သက်ရှိုက်ကာ စကားပြောသည်။

"စက်မှုအဆောက်အဦးသို့ ပို့ပေးပါ"

"ကောင်းပါပြီ" တက္ကစီယာဉ်မောင်းက သဘောကောင်းသည်။ သူက ကောင်မလေး ဖြေးဖြေးချင်း လမ်းလျှောက်ရသည့်အကြောင်းအရင်းကို မမေးမြန်းခဲ့ပေ။ သတ်မှတ်ထားသော နေရာ‌သို့ ခဏလေးအတွင်း ရောက်ရှိသွားသည်။ သူမ၏အဖေက သူမကို အေးတိအေးစက် မဆက်ဆံဘဲ ရုံး၏အပြင်ဘက်တွင် စောင့်ဆိုင်းနေ၍ တအံ့တဩဖြစ်ခဲ့ရသည်။

"အွန်း သမီး ရောက်လာပြီလား။ သွားကြမယ်" သူ၏ လက်ကိုင်အိတ်ကို ယူဆောင်ပြီး လေသံတွင် စိတ်မရှည်သော အမူအရာကို ပြသနေသော်လည်း သူ့သမီး ကားပေါ်မှ ဆင်းလာမည့်အချိန်အထိ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။ ကားပေါ်တက်ပြီးနောက် ဖခင်ဖြစ်သူက ခက်ထန်သောအမူအရာဖြင့် စကားပြောသည်။

"ခါးပတ်ပတ်။ မြန်မြန်ပတ်" ကောင်မလေး၏မျက်နှာပေါ်မှာ ချိုသာသော အမူအရာများ ပြယ်လွင့်သွားပြီး ခပ်တန်းတန်းအမူအရာဖြင့် ပြန်ဖြေသည်။

"ညစာစားဖို့ ဘယ်နေရာကို သွားမှာလဲ" ကားစက်နှိုးပြီးနောက် သူက သူ့သမီး၏ ဖြူဖျော့နေသောမျက်နှာကို ကြည့်ကာ စိတ်မရှည်ဟန် စကားပြောသည်။

"ထောင်ရှီးလမ်း အိမ်နံပါတ်(၁၄)မှာ ရောင်းတဲ့ ဟင်းလျာတွေက အရသာရှိတယ်လို့ ကြားတယ်" ကောင်မလေးက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ကြုံတောင့်ကြုံခဲ ချီးကျူးစကားပြောသည်။

"သူချက်တဲ့အရသာက မင်းအမေချက်တဲ့လက်ရာလောက် အရသာရှိလို့လား" ၎င်းအမျိုးသားက ပြောနေကြပုံစံအတိုင်း စကားပြောသည်။ ထိုစကားလုံးများ ထွက်သွားသောအခါ သူတို့နှစ်ဦးစလုံး အပ်ကျသံပင်မကြားလောက်အောင် နှုတ်ဆိတ်သွားသည်။

ကောင်မလေး၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး အမျိုးသားကြီးကလည်း နောင်တရဟန်ဖြင့် မျက်မှောင်ကြုံ့လိုက်သည်။ လမ်းခရီးတစ်လျှောက်လုံး နှစ်ဦးစလုံး နှုတ်ဆိတ်နေပြီး ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ရောက်ရှိသွားကြသည်။

ဆိုင်ဖွင့်ချိန်စောသေး၍ တန်းစီစောင့်နေသောလူအများကြီး မရှိသေးပေ။ ၎င်းအမျိုးသားက အနီးအနားတွင် ကားပါကင်ထိုးလိုက်သည်။ ကောင်မလေးက ကားတံခါးကို ဖွင့်ကာ စကားပြောသည်။

"ဒီစားသောက်ဆိုင်က အမေ့အကြိုက်ဆုံးဟင်းဖြစ်တဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းကို ရောင်းတယ်" ကောင်မလေးက ခေါင်းပင်လှည့်မကြည့်ဘဲ ရှေ့ဆက်သွားသည်။

မျက်မှောင်ကြုံ့ရင်း ၎င်းအမျိုးသားက အိတ်ကို ယူဆောင်ကာ ကားတံခါးကို လော့ခ်ချလိုက်ပြီး တန်းစီသောနေရာသို့ သူ့သမီးနှင့်အတူတူ သွားသည်။ ငါးမိနစ်ကြာပြီးနောက် ၎င်းအမျိုးသားက ရုတ်တရက် စကားပြောလာသည်။

"အဖေပဲ စောင့်လိုက်မယ်။ သမီးက ကားထဲမှာ သွားစောင့်လိုက်"

"မလိုအပ်ပါဘူး။ ရတယ်" ကောင်မလေးက ပြတ်ပြတ်သားသားငြင်းဆန်သည်။

"ဒီနေရာမှာ မတ်တပ်ရပ်နေရင်တောင် စောင့်နေဦးမှာပဲလေ"

၎င်းအမျိုးသားက မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုံ့သည်။

"ကားထဲမှာ သွားစောင့်နေရလည်း ခုလို စောင့်နေရဦးမှာပဲလေ" ကောင်မလေးက ခေါင်းကြောမာမာဖြင့် ပြန်ဖြေသည်။

"နင်က ဘယ်တော့မှ နာခံမှု မရှိဘူး" ၎င်းအမျိုးသားက နှုတ်မှ ရုတ်တရက် လွတ်ခနဲ ထွက်သွားသည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ကောင်မလေးက သူ့ရဲ့အားနည်းချက်ကို မပြသချင်ဘဲ အင်တင်တင်ဖြင့် စကားပြန်ပြောသည်။

"ကျေးဇူးမသိတတ်တဲ့ သမီး" ၎င်းအမျိုးသားက အရမ်းကို ဒေါသထွက်နေပြီး စကားထပ်မပြောတော့ပေ။ ကောင်မလေးက ဒေါသထွက်နေသော သူမ၏အဖေကို မသိကျိုးကျွံပြုကာ ဆက်လက်စောင့်ဆိုင်းနေသည်။ သူတို့အလှည့်ရောက်ရင် အကြာကြီး မစောင့်ခဲ့ရပေ။

တိုက်တိုက်ဆိုင်ဆိုင် ထိုင်ခုံအလွတ်နှစ်ခုကို တွေ့၍ သူတို့နှစ်ယောက်က ၎င်းထိုင်ခုံအလွတ်နှစ်ခုကို ယူလိုက်သည်။

"သူဌေး မီနူးပေးပါ" ၎င်းအမျိုးသားက ရိုင်းပျသောအမူအရာဖြင့် စကားပြောသည်။

"နံရံပေါ်မှာ ရှိပါတယ်" ယွမ်ကျိုးက နံရံကို အေးတိအေးစက် လက်ညှိုးထိုးပြလိုက်သည်။

"ဒီဆိုင်မှာ မီနူးတောင် မရှိဘူးလား" ၎င်းအမျိုးသားက မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုံ့လိုက်သော်လည်း သူ့သမီး ဘေးနားမှာ ရှိနေသေး၍ သူ့စိတ်ကို ထိန်းကာ နံရံပေါ်မှ ဈေးနှုန်းစာရင်းကို ကြည့်လိုက်သည်။

"ဟင်းချက်လက်ရာက ဘယ်လိုလဲ မသိပေမယ့် ဈေးနှုန်းစာရင်းကတော့ ကြယ်ငါးပွင့်အဆင့်ပဲ" အမျိုးသား၏‌လေသံတွင် သံသယဝင်သော ခံစားချက်များ ပြည့်နှက်နေသည်။ ယွမ်ကျိုးက ဖြေရှင်းချက်မပေးဘဲ

သူ့နေရာမှာတင် မတ်တပ်ရပ်နေသည်။ သို့သော်ငြားလည်း ကောင်မလေးက သူ့အဖေ၏ ဇီ‌ဇာကြောင်သောအပြုအမူကြောင့် အားတုံ့အားနာဖြစ်မိသည်။

"သူဌေး၊ ကျွန်မတို့ကို ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပွဲ နဲ့ အစုံလိုက် ခေါက်ဆွဲစွပ်ပြုတ်အချို(၂)ပွဲပေးပါ" ကောင်မလေးက ဟင်းပွဲများကို အော်ဒါတင်လိုက်သည်။

"ကောင်းပြီလေ။ နင်ကြိုက်တာ နင် မှာလိုက်တော့" အမျိုးသားကြီးက သူ့သမီး မှာသောဟင်းပွဲများကို မငြင်းဆန်ခဲ့ပေ။ သူတို့နှစ်ဦးကြား ပတ်ဝန်းကျင်အခြေအနေက အတော်လေးကို ထူးဆန်းနေသည်။ တစ်ယောက်နှင့်တစ်ယောက် စကားပြောခြင်းလည်း မရှိပေ။ အမျိုးသားကြီးက သူ့ဖုန်းကို ကိုင်ပြီး အလုပ်ကိစ္စများနှင့် အလုပ်ရှုပ်နေစဉ် ကောင်မလေးကလည်း သူမ၏ဖုန်းကို ကိုင်ဆောင်ထားပြီး တစ်နေရာကို ငေးကြောင်ကြည့်နေသည်။ ခဏကြာပြီးနောက် ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်အချို(၂)ပွဲနှင့် ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပွဲကို ယူဆောင်လာသည်။

"မင်းတို့မှာထားတဲ့ ခေါက်ဆွဲစွပ်ပြုတ်အချို နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းပါ။ သုံးဆောင်ကြပါ" ယွမ်ကျိုးက ဟင်းလျာများကို စားပွဲပေါ်တင်ပေးသည်။

"ကျေးဇူးတင်ပါတယ်" ကောင်မလေးက ‌ခေါက်ဆွဲစွပ်ပြုတ်ကို လက်ခံယူလိုက်ပြီးနောက် ချက်ချင်း တစ်ငုံသောက်လိုက်သည်။ အရသာက သာမန်ထက် ထူးကဲသည်။ သူမ၏ မျက်နှာပေါ်မှ ဖြူဖျော့သောအရောင်ကလည်း ခေါက်ဆွဲပြုတ်တစ်ငုံ သောက်လိုက်ရုံဖြင့် သူမ၏မျက်နှာပေါ်မှ ဖြူဖြူဖျော့ဖျော့အရောင်များ ပြယ်လွင့်သွားသည်။

ထိုစဉ် အမျိုးသားကြီးက ခေါင်းမော့လာပြီး "ဝေဝေ ကုမ္ပဏီမှာ အရေးပေါ်ကိစ္စပေါ်လာတယ်။ အရင်ဆုံး အလုပ်ကို ပြန်တော့မယ်"

ထိုစကားကို ‌ပြောပြီးနောက် သူက ထွက်သွားရန် အဆင်သင့်ပြင်သည်။ ကောင်မလေး၏မျက်နှာက ထင်ထားတဲ့အတိုင်းပဲ ဟူသည့် အမူအရာကို ပြသသည်။ ကောင်မလေးက ခေါင်း‌ငုံ့ပြီး ဘာမှဆက်မပြောပေ။ ယွမ်ကျိုးက တစ်စုံတစ်ရာကို ဝင်ရောက်ပြောဆိုသည်။

အပိုင်း(၁၂၇)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၂၈)

တူကို အောက်ချလိုက်ပြီး မယုံကြည်နိုင်သောအမူအရာကို ပြသသည်။ သူမက စကားတစ်ခွန်းမှ မပြောသော်လည်း ခေါင်းငုံ့ရုံသာငုံ့ထားသည်။ တစ်ဖက်အမျိုးသားက လှည့်ထွက်သွားခါနီး ယွမ်ကျိုးက မထိရသေးသော ယင်းပန်းကန်ကို လက်ညှိုးထိုးပြပြီး စကားပြောသည်။

"အားနာပါတယ်။ ခင်ဗျားမှာထားတဲ့ ဟင်းပွဲတွေကို ပြီးအောင် မစားဘူးဆိုရင် ခင်ဗျားကို နာမည်ပျက်စာရင်းထဲထည့်ပြီး ဒီနေရာကနေ ခင်ဗျားကို ဘယ်တော့မှ မကြိုဆိုတော့ဘူး" ယွမ်ကျိုး၏ နှုတ်ထွက်စကားကြောင့် ၎င်းအမျိုးသားက ဒေါသထွက်သော အမူအရာဖြင့် လှည့်ကြည့်လာသည်။

"ငါစားတာ၊ မစားတာက မင်းအလုပ်မဟုတ်ပါဘူး။ ကျသင့်ငွေကို ငါ ပေးပြီးသားလေ"

"ဒါက ငါ့စားသောက်ဆိုင်ရဲ့စည်းမျဉ်းပါ" ယွမ်ကျိုးက စုတ်တံဖြင့် ရေးသားထားသော အမဲရောင်စာလုံးများကို ညွှန်ပြရင်း စကားပြောသည်။ သူက ၎င်းအမျိုးသား၏ဒေါသနှင့် ပြောသော လေသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိခဲ့ပေ။

"ဒီလို စုတ်တိစုတ်ချာ ဆိုင်သေးသေးလေးက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လား။ အားတော့နာပါတယ်။ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး" ထိုစကားကို ပြောလိုက်စဉ် ၎င်းအမျိုးသားက လှည့်ထွက်သွားရန် ကြံရွယ်သည်။

"အားနာပါတယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးဆိုရင် ခင်ဗျားရော ဒီကောင်မလေးကိုရော နာမည်ပျက်စာရင်းထဲမှာ ထည့်ပစ်မယ်။ ခင်ဗျားတို့ နှစ်ယောက်စလုံးကို ဒီဆိုင်က လုံးဝမကြိုဆိုဘူး"

ယွမ်ကျိုးက အေးအေးဆေးဆေး အမူအရာဖြင့် စကားပြောပြီး သူ့သမီးကိုလည်း နာမည်ပျက်စာရင်းထဲ ထည့်မည့်အကြောင်းကို ရှင်းပြသည်။ ဤအချက်က သူလက်ခံရန် ခက်ခဲသည်။

"ဒါက ဘာသဘောလဲ။ မင်းက စီးပွားရေးလုပ်ဖို့အတွက် ဆိုင်ဖွင့်ထားတာ မဟုတ်ဘူးလား။ ငါက ကျသင့်ငွေကို ပေးပြီးသွားပြီဆိုရင် ငါ ကြိုက်သလို လုပ်နိုင်တယ်လေ"

"စီးပွားရေးလုပ်နေလို့ပဲ ဒီစကားပြောရတာလေ။ ဒါကြောင့်ပဲ ငါက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေတာပေါ့" ယွမ်ကျိုးက တည်ငြိမ်စွာ ပြောသည်။ ၎င်းအမျိုးသား အခက်တွေ့နေသည်။ သူ့သမီး မျက်နှာပေါ်မှ ပျော်ရွှင်ကြည်နူးသော အမူအရာကို ကြည့်ပြီး ဤဆိုင်၏ ဟင်းချက်လက်ရာများကို ကြိုက်နှစ်သက်ခြင်းက အတုအယောင် မဟုတ်မှန်း သူသိသည်။ ထို့အပြင် ဤစားသောက်ဆိုင်မှာ ညစာသွားစားရန်အတွက် သူ့ကို ခဏခဏ မေးမြန်းပြီးမှသာ ဤဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။ သူ့ကြောင့် သူ့သမီးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။ သို့သော်လည်း ဤဆိုင်တွင် ပြန်ထိုင်ရန် အင်တင်တင် ဖြစ်နေမိသည်။ သူ့အခြေအနေက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေသည်။

ယွမ်ကျိုးက သူ၏ဟင်းချက်လက်ရာကို မမြည်းစမ်းရသေးသည့် ဖောက်သည်ဆုံးရှုံးရခြင်းကို ဂရုစိုက်နေမည် မဟုတ်ချေ။

"မင်းက တော်တော် စိတ်အနှောင့်အယှက်ပေးတာပဲ" ၎င်းအမျိုးသားက ယွမ်ကျိုးကို ဒေါသတကြီး ပြစ်တင်ခါနီး ကောင်မလေးက သူ့အင်္ကျီစကို ရုတ်တရက် လှမ်းဆွဲလာသည်။

"ဖေဖေ" ကောင်မလေးက ခေါင်းငုံ့ထားသည်။ မည်သူကမှ သူမ၏မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း အဲ့ဒီလေသံက အထီးကျန်သောခံစားချက်ကို ဖော်ပြသည်။ ၎င်းအမျိုးသားက ကောင်မ‌လေးကို ငုံ့ကြည့်လိုက်သောအခါ ကောင်မလေးက စကားပြောသည်။

"ဒီနေ့က သမီးရဲ့မွေးနေ့လေ" ကောင်မလေး၏စကား အဆုံးသတ်သည်နှင့် ဖခင်ဖြစ်သူသည် မနှစ်က ကောင်မလေး၏မွေးနေ့ကို မိသားစု၃ဦး အတူတူ ကျင်းပခဲ့သည့်အဖြစ်အပျက်ကို ပြန်လည်မြင်‌ယောင်သွားသည်။ ပုံမှန်ဆိုလျှင် သူ၏ဇနီးသည်က သက်တော်ရာရှည်ခေါက်ဆွဲဟု အမည်ပေးထားသော ခေါက်ဆွဲပြုတ်ကို အိုးအပြည့်ချက်ပြုတ်ပြီး သူတို့သားအဖကို ကုန်အောင် စားခိုင်းလေ့ရှိသည်။ ပူ‌ပူနွေးနွေးခေါက်ဆွဲစွပ်ပြုတ်(၂)ပွဲကို ကြည့်ပြီး ၎င်းအမျိုးသားက သက်ပြင်းချကာ စကားပြော၍လိုက်သည်။

"ကောင်းပြီ။ ညစာစားပြီးမှ ထွက်သွားတော့မယ်" တစ်ဖက်သူက ပြန်ထိုင်ရန် ပြင်ဆင်သည်ကို မြင်ရသောအခါ ယွမ်ကျိုးက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး တခြားဖောက်သည်များ မှာယူထားသောဟင်းပွဲများကို ပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်သွားသည်။

"ကျေးဇူးတင်ပါတယ်" ကောင်မလေးက တိုးလျသောလေသံဖြင့် စကားပြောသည်။

"ဟူး ဒါဆိုရင်လဲ ..."

မည်သည့်စကားကို ဆက်ပြောရမှန်း မသိ၍ ၎င်းအမျိုးသားက လေးကန်စွာ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့သမီးကို အမှန်တကယ် လျစ်လျူမရှုနိုင်ပေ။ သူက ခေါင်းကို စောင်းငဲ့လိုက်ပြီး သူ့သမီးကို ကြည့်လိုက်ကာ ခေါက်ဆွဲကို စတင်စားသည်။ ခေါက်ဆွဲက စွပ်ပြုတ်‌ရည်ထဲ

နစ်မြှုပ်နေသည်။

"လက်လုပ်ခေါက်ဆွဲမှာ အသုံးပြုထားတဲ့ ခေါက်ဆွဲက အရမ်းအရသာကောင်းတယ်။

ဂျုံရဲ့လက်ရာကလည်း လတ်ဆတ်မှုရှိတယ်" ဟူသော

သူ့ဇနီးပြောခဲ့ဖူးသော စကားကို ပြန်လည်မြင်ယောင်ပြီး ခေါက်ဆွဲပြုတ်၏အရသာကို မြည်းစမ်းသည်။ သူ့သမီးအပေါ် အပြစ်ရှိသော ခံစားချက်နှင့် ဇနီးသည်နှင့်ပတ်သက်သော အမှတ်တရများကို ပြန်လည်မြင်ယောင်ရင်း ခေါက်ဆွဲပြုတ်ကို ပလုပ်ပလောင်းစားနေသည်။

သူ့နှလုံးသားမှ ထွက်ပေါ်လာသော အမျိုးမျိုးသောခံစားချက်များ နှင့် ရှုပ်ထွေးသောစိတ်ခံစားချက်များကြောင့် ခေါက်ဆွဲ၏အရသာက အရသာမျိုးစုံဖြစ်ပေါ်နေသည်။

"ဖီးနစ်အမြှီးပုစွန်ဟင်းကိုလည်း စားဦးလေ"

ဖီးနစ်အမြှီးပုစွန်ဟင်းကို သူ့ပန်းကန်ထဲ ထည့်ပေးသည်။

"သမီးလည်း စားလေ" အနည်းငယ်တုံ့ဆိုင်းပြီးနောက် အမျိုးသားက ပုစွန်လက်ခံပြီး စကားပြောသည်။

"သမီးလည်း စားမယ်" ကောင်မလေး၏မျက်နှာပေါ်တွင် အပြုံးလေးခပ်ယဲ့ယဲ့ ပေါ်လာသည်။ ထို့နောက် သူမက ‌ခေါင်းငုံ့လိုက်ပြီး သူမ ထည့်ထားသော ပုစွန် နှင့် ခေါက်ဆွဲကို ရောကာ စားသည်။ အစားအသောက်စားသောက်ရန် ကြာချိန်က အလွန်တိုတောင်းသည်။ ဆယ်မိနစ်အတွင်း အစားအသောက်များ စားလို့ကုန်သွားသည်။ ကောင်မလေးက အရင်ဆုံး စားလို့ပြီးသည်။ သူမ၏ မျက်နှာပေါ်တွင် နီမြန်းနေသော အမူအရာရှိပြီး လေးတွဲသော လေသံဖြင့် သူမက စကားပြောသည်။

"သမီး စားလို့ပြီးသွားပြီ။ ပြန်ကြမယ်" ထို့နောက် သူမက မတ်တပ်ရပ်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်သို့ ဖြေးဖြေးချင်း လမ်းလျှောက်သွားသည်။

"ကောင်းပြီလေ။ သွားကြမယ်" ‌ခွက်ထဲမှ စွပ်ပြုတ်ရည်ကို အပြီးသတ်သောက်ပြီးနောက် ၎င်းအမျိုးသားက ပြေးလိုက်ကာ စားသောက်ဆိုင်မှ ထွက်သည်။ ယွမ်ကျိုးက သူတို့သားအဖ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အချိန်အထိ ဖောက်သည်များထံ ဟင်းပွဲများကို သယ်ဆောင်သွားခြင်း မရှိပေ။

"ပျော်ရွှင်ဖွယ်ရာ နေ့ရက်ကလေး ဖြစ်ပါစေ"

ယွမ်ကျိုးက တခြားသူများ မှာယူထားသော ဟင်းပွဲများကို ချပေးပြီး ဖောက်သည်အသစ်များကို နှုတ်ဆက်စကားပြောဆိုရန် သူ နေနေကြနေရာမှာ မတ်တပ်ရပ်လိုက်သည်။

"သူဌေးယွမ် ဒါ တမင်တကာလုပ်တာလား" အနီးအနားတွင်ရှိသော ဖောက်သည်က စပ်စပ်စုစု မေးမြန်းသည်။

"တမင်တကာလုပ်တယ်ဆိုတဲ့ စကားက ဘာသဘောလဲ" ယွမ်ကျိုးက တည်ငြိမ်နေသော အမူအရာဖြင့် ပြန်မေးမြန်းသည်။

"ဒီသားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးက မကောင်းဘူးဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ လူတိုင်းသိတယ်လေ" ဖောက်သည်က သားအဖနှစ်ယောက် ထိုင်ခဲ့သော နေရာကို ညွှန်ပြသည်။

"ဒါပေါ့ သူဌေးယွမ်က လျှာစောင်းထက်ပေမယ့် နှလုံးသားက ကြင်နာတတ်တယ်။ ဟုတ်တယ်မလား" ဝူဟိုင်းကလည်း ဝင်ရောက်ပြောဆိုသည်။

"ဒါက ငါ့ရဲ့စည်းမျဉ်းပဲလေ" ယွမ်ကျိုးက သူ၏ကြိုးစားအားထုတ်မှုကို မျှဝေချင်သော အကြံအစည်မရှိပေ။

"ဟုတ်လို့လား။ အစားအသောက်တွေကို အလဟဿလုပ်ရင် မိသားစုဝင်တွေပါ အကျိုးသက်ရောက်တဲ့စည်းမျဥ်းက ရှိခဲ့လို့လား" ဝူဟိုင်းက ယွမ်ကျိုးကို အကဲခတ်ပြီး ထိုစကားကို ပြောလိုက်သည်။

"ယခင်ကတော့ မရှိခဲ့ပါဘူး" ယွမ်ကျိုးက အထာကျကျဖြင့် လက်ပိုက်လိုက်ပြီး ဝူဟိုင်းကို တစ်ချက်ကြည့်ကာ စကားဖြတ်ပြောသည်။

"လက်ရှိထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း‌ထဲမှာ ဒီအချက်ကို ထပ်ထည့်နိုင်တာပဲလေ"

"သူဌေးယွမ်၊ ခင်ဗျားက ဘာလို့ ဝန်မခံနိုင်ရတာလဲ။ ဒီကောင်မလေးကို သူ့အဖေနဲ့အတူတူရှိစေချင်လို့ ခင်ဗျား ကူညီပေးခဲ့တာပါ" ဝူဟိုင်းက ယွမ်ကျိုး၏အတွေးကို သိနေသကဲ့သို့ စကားပြောသည်။

"ဪ ဟုတ်လား။ ငါက သူ့ကို ဆိုင်မှာနေဖို့ ဘာလို့ ဆွဲထားရမှာလဲ" ယွမ်ကျိုးက သိမ်မွေ့သောလေသံဖြင့် နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။

"သူဌေးယွမ်က ယောက်ျားကောင်းတစ်ယောက်ဖြစ်နေလို့လေ" ဤကိစ္စရပ်ကို အစပျိုးသောဖောက်သည်က ယွမ်ကျိုးကို ယောက်ျားကောင်းဟူသော အမှတ်တံဆိပ် ခတ်နှိပ်လိုက်သည်။

"မဟုတ်ဘူး။ ငါက ယောက်ျားကောင်းတစ်ယောက် မဟုတ်ဘူး။ ငါက စားဖိုမှူးအပြင် စီးပွားရေးလုပ်ငန်းရှင်" ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူဟာ ကောင်မလေးပင် မရသေးဘဲ တခြားသူတစ်ယောက်က ယောက်ျားကောင်းဆုတံဆိပ်ပေးနေခြင်းကို လက်မခံနိုင်ချေ။

"ဪ ဒီလိုလည်း ပြောနိုင်တာပဲလေ။ ဒါပေမယ့် ရှင်က ငွေကို လောဘကြီးပေမယ့် လူကောင်းပါ" မန်မန်က ရုတ်တရက် ဝင်ပြောသည်။

ယွမ်ကျိုး၏တုံ့ပြန်မှုက ပုံမှန်ဖြစ်သည်။ သူမက သူ့ကို ယောက်ျားကောင်းတံဆိပ် မခတ်နှိပ်၍ လက်ခံလိုက်ခြင်းဖြစ်သည်။

"အပြိုင်အဆိုင် ငြင်းခုန်တာ‌တွေ ရပ်တော့။ သူဌေးယွမ်က ငါတို့ ‌ပြောတာကို ကြားသွားဦးမယ်" ဝူဟိုင်းက စကားဝိုင်းကို ရပ်တန့်စေသည်။

"ဟုတ်လို့လား။ ငါတို့ ဒီတိုင်းပဲ ပုံမှန်ပြောနေကြလေ။ သူဌေးယွမ်က အမြဲကြားနေတယ်ဆိုတဲ့သဘောလား" မန်မန်က

မယုံကြည်နိုင်စွာ မေးမြန်းသည်။

"ဟေ့ ကောင်မလေး။ မင်း တစ်ခုခုတော့ လွဲချော်နေပြီထင်တယ်" ဝူဟိုင်းက မန်မန့်ကို လှောင်ရယ်သော အမူအရာဖြင့် လှည့်ကြည့်လာသည်။

"သူဌေးယွမ်၊ ကျွန်မတို့ ပြောနေတဲ့စကားတွေကို ရှင် အမြဲကြားနေတာလား" မန်မန်က ယွမ်ကျိုးကို တအံ့တဩ အမူအရာဖြင့် ကြည့်သည်။

"မကြားပါဘူး" ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

"ဒါဆိုရင် အဆင်ပြေတာပေါ့" မန်မန်က စိတ်သဘောထားရိုးရှင်းသူ ဖြစ်သောကြောင့် ယွမ်ကျိုးပြောသောစကားကို ယုံကြည်သွားသည်။

"ဒီနေ့ ဘာစားချင်လဲ" ဖောက်သည်အသစ်များက စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါ ယွမ်ကျိုးက ဝူဟိုင်းတို့ကို လျစ်လျူရှုပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

...

တခြားတစ်ဖက်တွင်မူ ကောင်မလေးတို့ သားအဖသည် သူတို့အိမ်သို့ သူတို့ ပြန်သွားကြသည်။ ကားထဲတွင်ရှိသော ပတ်ဝန်းကျင်အခြေအနေသည် ယခင်နှင့် ခြားနားမှု မရှိစွာ ဝမ်းနည်းညှိုးငယ်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ မည်သူကမျှ အရင်ဆုံး စကားမပြောကြပေ။ အိမ်ရှေ့သို့ ရောက်ရှိသောအခါ အမျိုးသားက စကားပြောသည်။

"နောက်တစ်လကျရင်လည်း အဲ့ဆိုင်ကို သွားစားကြမယ်"

"ဟုတ်ကဲ့" ကောင်မလေးက ခေါင်းညိတ် သ‌ဘောတူလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ခပ်တန်းတန်းအမူအရာ ရှိနေသော်လည်း သူမ၏မျက်ဝန်းများက မျှော်လင့်တကြီး အမူအရာကိုဖော်ပြနေသည်။

"ရောက်ပြီ။ ကားပေါ်က သေချာဆင်း" အမျိုးသားက ကားကို ကားပါကင်ထိုးလိုက်ပြီး တံခါးဖွင့်ပေးရန် ကားတစ်ဖက်ခြမ်းသို့ သွားလိုက်ပြီး ကောင်မလေး ကားပေါ်မှဆင်းမယ့်အချိန်ကို စောင့်ဆိုင်းနေသည်။

သူ၏ ခြေထောက်အတုကို ရွေ့လျားပြီး ကားပေါ်မှ ဖြေးဖြေးချင်းဆင်းသည်။ သူ့အဖေကို သူမအား တွဲရန် အကူအညီ မတောင်းခဲ့ပေ။ ကောင်းမွန်ခါစရှိသော သူတို့၏ဆက်ဆံရေးကို ကိုးရို့ကားယားနိုင်သော အခြေအနေသို့ ပြန်မရောက်ချင်ပေ။ သူ့သမီးက စိတ်ဓာတ်ကြံ့ခိုင်သည်ကို မြင်ရသောအခါ ၎င်းအမျိုးသားကြီးက သူမကို မတားဆီးခဲ့ပေ။ ထိုအစား သူ့သမီးလေး လှဲကျသွားမည်ကို စိုးရိမ်ရင်း ဂရုတစိုက်စောင့်ကြည့်နေသည်။ ဓာတ်လှေကားထဲသို့ ဝင်ရောက်သွားသောအခါ ကောင်မလေးက ရုတ်တရက် စကားပြောသည်။

"စားဖိုမှူးချက်တဲ့ ခေါက်ဆွဲပြုတ်က အမေချက်ထားတာနဲ့ တော်တော်လေး ဆင်တယ်"

"ဟုတ်တယ်။ တော်တော်လေး အရသာချင်းဆင်တယ်" ၎င်းအမျိုးသားက ပြန်မဖြေခင် အချိန်ခဏကြာအောင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

အပိုင်း(၁၂၈)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၂၉)

အိပ်ရာဝင်ချိန်မတိုင်ခင် ယွမ်ကျိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး ၆နာရီ နှင့် ၇နာရီခွဲကြား နှိုးစက်ပေးရန် စီစဉ်သည်။

“ဒီရက်ပိုင်းအတွင်း ရှောင်လုံပေါင်း ချည်းပဲ စားနေရတော့ ငြီးငွေ့နေလောက်ပြီ။ ကြက်ဥထမင်းကြော် ပြောင်းမယ်”

ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ၇နာရီခွဲ နှိုးစက်ပေးရန် ဆုံးဖြတ်လိုက်သည်။

ပုံမှန်အားဖြင့် အစားအသောက်ကို ငြီးငွေ့မှု ရှိ/မရှိခြင်းက ဖောက်သည်များသာ သိလိမ့်မည်။

နှိုးစက်အသံမြည်နေစဉ် ယွမ်ကျိုးက အိပ်ရာမှထပြီး နေ့အသစ်ကို စတင်သည်။

“မင်္ဂလာနံနက်ခင်းပါ၊ သူဌေး” မုရှောင်ယွမ်က အချိန်မီရောက်လာသည်။ သူမက ဤဆိုင်မှာ အလုပ်စလုပ်တည်း တစ်ခါမှ အလုပ်မနောက်ကျခဲ့ပေ။

“မင်္ဂလာနံနက်ခင်းပါ။ မနက်စာ စားပြီးပြီလား” ယွမ်ကျိုးက အလိုက်သင့် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့ စားပြီးပါပြီ” မုရှောင်ယွမ်က ချိုသာစွာ ပြုံးလိုက်သည်။

“ကောင်းတယ်။ ဒါဆိုရင် ငါ အရင်ဆုံး မနက်စာ စားလိုက်ဦးမယ်” ယွမ်ကျိုးက ခပ်တည်တည် မျက်နှာထားဖြင့် ခေါက်ဆွဲပြုတ် ချက်ပြီး စတင်စားသည်။

"....."

မုရှောင်ယွမ် နှုတ်ဆိတ်သွားသည်။ ယွမ်ကျိုးက ယခုလို ပုံစံမျိုးဖြင့် စကားပြောလျှင် တစ်သက်လုံး ချစ်သူ မရနိုင်ဟု ခံစားမိသည်။

ကောင်မလေးပင် အချစ်၏သဘောကို နားလည်သည်။

တကယ်တမ်း သူဌေးယွမ်က သူ၏သံလိုက်အိမ်မြှောင် အကျင့်စရိုက်ကို နားမလည်ခဲ့ပေ။

မနက်စာ စားပြီးနောက် ယွမ်ကျိုးက ပုံမှန်အတိုင်း ကျန်ရှိသော စွပ်ပြုတ်ကို ခွေးလေးစွပ်ပြုတ်အားကျွေးရန် ပြင်ဆင်သည်။ ခွေးလေးစွပ်ပြုတ်က စွပ်ပြုတ်ရည်ကို ကြိုက်သော်လည်း တခြားသူချက်ထားသော စွပ်ပြုတ်ကို မနှစ်သက်ချေ။

“ကိုးယို့ကားရားနိုင်လိုက်တာနော်။ သူ့ကို ခေါက်ဆွဲလို့ ခေါ်ရင် ကောင်းမလား”

ယွမ်ကျိုးက လေးလေးနက်နက် တွေးတောနေသည်။

“သူဌေး” ယွမ်ကျိုးက သူတစ်ကိုယ်တည်း စကားပြောနေခြင်းကို မြင်တွေ့သောအခါ မုရှောင်ယွမ်က မနေနိုင်မထိုင်နိုင် မေးမြန်းသည်။

“အွန်း .. ခွေးကို နာမည်ဘယ်လိုပေးသင့်တယ်လို့ ထင်လဲ” ယွမ်ကျိုးက ကောင်မလေး၏အမြင်ကို မေးမြန်းသည်။

“ခွေးကိုလား။ စားသောက်ဆိုင်စောင့်နေတဲ့ ခွေးကို ဆိုလိုတာလား။ ဒါဆိုရင် သူဌေးက ခွေးမွေးထားတယ်ဆိုတာ တကယ်လား”

မုရှောင်ယွမ်က သူမ နေ့တိုင်း မြင်တွေ့နေရသော ခွေးအကြောင်း ရုတ်တရက် ပြန်လည်မြင်ယောင်လာသည်။

“မဟုတ်ပါဘူး။ ခေါက်ဆွဲ နဲ့ စွပ်ပြုတ် နာမည်မှာ ဘယ်နာမည်က ပိုကောင်းမယ် ထင်လဲ” ယွမ်ကျိုးက စိတ်လိုလက်ရ မေးမြန်းသည်။

“နှစ်ခုလုံး မကောင်းဘူး”

မုရှောင်ယွမ်က ယခုလို ပြန်ဖြေချင်သော ရည်ရွယ်ချက်ရှိသော်လည်း

ယွမ်ကျိုး၏စိတ်အားထက်သန်စွာ အမူအရာကို မြင်သောအခါ သူမက စိတ်ပြောင်းလဲလိုက်ပြီး မဝံ့မရဲ ပြန်ပြောသည်။

“စွပ်ပြုတ်ဆိုရင်ရော”

“အွန်း စွပ်ပြုတ်နာမည်က

ခေါ်ရတာ ပိုအဆင်ပြေတယ်”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး အမြင်ရှိသည်ဟူသော အမူအရာကို ထုတ်ဖော်သည်။

"..." မုရှောင်ယွမ်က အမှန်တရားကို ထုတ်မပြောရန် ဆုံးဖြတ်ထားသည်။

ခွေးလေးစွပ်ပြုတ်ကို အစာကျွေးပြီးနောက် စားသောက်ဆိုင်ထဲသို့ ခြေချချချင်း ဖောက်သည်သုံးဦးက ဆိုင်ထဲနေရာယူကြကာ မုရှောင်ယွမ်က ဧည့်ခံထား၍ ဟင်းပွဲများကို အော်ဒါတင်သည်။

“ယွမ်ယွမ်၊ ဟင်းပွဲအသစ်ကို ကြည့်ပါဦး။ ယိုနှစ်ခုကို ပေါင်းပြီး တစ်ပွဲလုပ်ထားတဲ့ ဟင်းပွဲ မှာလို့ရလား” အရပ်ရှည်ရှည်ကောင်မလေးက သူ့ဘေးနားက ချစ်စရာကောင်မလေး၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်ပြီး စကားပြောသည်။

“ဟုတ်မယ် ထင်တယ်။ ဒါပေမဲ့ နည်းနည်း ပိုဈေးကြီးနေတယ်” ချစ်စရာကောင်းမလေး ယွမ်ယွမ်က ဈေးနှုန်းစာရင်းကို မြင်တွေ့သွားသည်။

အမဲသားနုပ်နုပ်စဉ်း နှင့် ဘလူးဘယ်ရီယိုက ပွဲသေး တစ်ပွဲ ၁၂၈ယွမ် ဖြစ်သည်။

“ဒါဆိုရင် အဲဒီပွဲမှာချင်တယ်။ ရှုအာ၊ လန်လန်၊ နင်တို့ရော ဘာစားချင်လဲ” ယွမ်ယွမ်က ခေါင်းလှည့်ကာ မေးမြန်းလိုက်သည်။

“ဘလူးဘယ်ရီယိုကို ပိုနှစ်သက်တယ်” ရှုအာက ပွစိပွစိ ပြောတတ်သော်လည်း အပြောင်းအလဲကို သဘောမကျပေ။

“ငါလည်းပဲ နှစ်မျိုးရောပွဲကို မှာချင်ပေမဲ့ အရသာရှိပါ့မလား” လန်လန်က စပ်စပ်စုစု ပြောသည်။

“ငါတော့ အဲဒီလို မထင်ဘူး။ သူဌေးယွမ်က ဟင်းပွဲ နှစ်ပွဲကို ရောလိုက်ရုံပဲဆိုရင်ရော။ နင် ဘယ်လိုစားမလဲဆိုတာ ငါတို့ကြည့်ချင်တယ်”

ရှုအာ၏မျက်နှာပေါ်တွင်

နှစ်ထောင်းအားရသော အမူအရာကို မြင်တွေ့ရသည်။

“သာမန်တော့ မဖြစ်နိုင်ပါဘူး။ ဒီဆိုင်မှာရောင်းတဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိတယ်” လန်လန်က လေးနက်စွာ ပြောသည်။

“ဒါပေမဲ့ ငါက ဟင်းနှစ်ပွဲအရောကို စားချင်တယ်”

ယွမ်ယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တအံ့တဩ ပြောဆိုသည်။

“ယွမ်ယွမ်” တခြားမိန်းကလေးနှစ်ယောက်က ထအော်သည်။ ယွမ်ယွမ်မှာ ယခုလို ထူးဆန်းသော အရသာခံအာရုံရှိနေခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။

“အိုကေ အိုကေ။ ငါက ဒီအတိုင်း ပြောရုံပါ” ယွမ်ယွမ်က တိုးလျသောအသံဖြင့် ရှင်းပြသည်။

ထို့နောက် တခြားကောင်မလေးနှစ်ယောက်က ယိုအကြောင်း ဆက်မပြောဘဲ တခြားခေါင်းစဉ် လွှဲပြောသည်။

“အိုကေ ဒီဟင်းပွဲအားလုံးကို စားချင်တယ်” ယွမ်ယွမ်က မုရှောင်ယွမ်ကို အပြုံးလေးဖြင့် ပြောသည်။

“ကောင်းပြီလေ။ မကြာခင်

ရစေရမယ်” မုရှောင်ယွမ်က အော်ဒါတင်ထားသော ဟင်းပွဲများကို ယွမ်ကျိုးအား အသိပေးသည်။

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး လက်ဆေးသည်။ ယွမ်ကျိုးက လက်ကို ငါးကြိမ်တိုင်တိုင် ဆေးကြောခဲ့သည်။ ထို့နောက် သူက ပန်းကန်ပြားထဲသို့ ယိုကို ထည့်သည်။

“မင်းတို့တွေ မှာယူထားတဲ့ ဟင်းပွဲပါ” ယွမ်ကျိုးက ပန်းကန်ပြားများကို ကောင်မလေးနှစ်ယောက်၏ စားပွဲရှေ့ သယ်သွားသည်။

“ကျေးဇူးပါပဲ” သူတို့သုံးယောက်က တစ်ပြိုင်နက်တည်း ပြောဆိုသည်။

“ယွမ်ယွမ် မျှော်လင့်ထားသလို မဖြစ်လို့ ကံကောင်းတာပေါ့” လန်လန် နှင့် ရှုအာက သက်မချပြီး ကျေးဇူးတင်ဟန်ဖြင့် စကားသည်။

“ကောင်းပြီလေ။ ငါ့ဘာသာငါ လုပ်နိုင်တယ်” ထိုက်ချီပန်းကန်ပြားကို ခဏကြာ ငေးစိုက်ကြည့်ပြီးနောက် ယွမ်ယွမ်က သူ့ကိုယ်သူ ပြောသည်။

“အို့ ဒါချည်းပဲ” ရှုအာက သူ့နဖူးသူ ကူကယ်ရာမဲ့ထောက်ပြီး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ယွမ်က သူ့ပိုက်ဆံအိတ်ထဲမှ ပေါင်မုန့်မီးကင်ကို ထုတ်ပြီး ဘလူးဖယ်ရီပေါင်မုန့်သုတ်ကို ပျော်ရွှင်ကြည်နူးစွာ စားသောက်ရန် ပြင်ဆင်သည်။ ကြက်ဥကြော်ပါ ရှိလျှင် ပိုအဆင်ပြေလိမ့်မည်။

“ယွမ်ယွမ်၊ နင်က နင့်စိတ်ကြိုက်ပုံစံနဲ့စား၊ ငါလည်း ငါ့နည်းငါ့ဟန်နဲ့စားမယ်”

လန်လန်က သူ့အတွေးကို ထုတ်ပြောသည်။

ထို့နောက် သူက ဘလူးဘယ်ရီပေါင်မုန့်မီးကင် နှင့် အမဲသားနုပ်နုပ်စင်း ပေါင်မုန့်မီးကင်တို့ကို တစ်ခုစီ ပြင်ဆင်သည်။ ယခုလို ပုံစံမျိုးဖြင့် တွဲဖက်စားခြင်းက ပိုကောင်းမွန်သည်ဟု ခံစားမိသည်။

“အိုကေ၊ နင် စမ်းစားကြည့်မလား” ယွမ်ယွမ်က စပ်စပ်စုစု မေးမြန်းသည်။

"အားနာပါတယ်။ ကျေးဇူးပါပဲ” တခြားသူများကို ကျေးဇူးတင်ဟန် ထုတ်ဖော်သော်လည်း ငြင်းဆန်သောအမူအရာဖြင့် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

ယွမ်ယွမ်က ပခုံးဆတ်ခနဲ တွန့်လိုက်ပြီး သူ့ပေါင်မုန့်မီးကင်ကို မြည်းစမ်းရန် ပြင်ဆင်သည်။

သူတို့က ယိုသုတ်ဝယ်စားရောက် တကူးတက ရောက်လာ၍ ပေါင်မုန့်မီးကင်ကိုလည်း ကြိုတင်ပြင်ဆင်လာသည်။ တကယ်တမ်း ယွမ်ယွမ်က နို့ပေါင်မုန့်မီးကင်ကို ပို၍သဘောကျသည်။

သူက လက်တစ်ဖက်ဖြင့် ဇွန်းသေးလေးကို ကိုင်ဆောင်ကာ ကျန်လက်တစ်ဖက်ဖြင့် ပေါင်မုန့်မီးကင်ကို ကိုင်ဆောင်ပြီး ပေါင်မုန့်ပေါ် ယိုများ ဖြန့်ကျက်သည်။တစ်ခြမ်းကို ဘလူးဘယ်ရီယို သုတ်ပြီး ကျန်တစ်ခြမ်းကို ပူစပ်စပ် အရသာရှိသော အမဲသားနုပ်နုပ်စင်းကို သုတ်လိုက်သည်။

နောက်ထပ်ပေါင်မုန့် မီးကင်ကို အပေါ်မှ အုပ်လိုက်ပြီးနောက် ယွမ်ယွမ်က ပေါင်မုန့်မီးကင်အသစ်ပေါ်မှာ ယိုများ ထပ်သုတ်သည်။ ဤသို့ဖြင့် ပေါင်မုန့်သုံးထပ်ဖြင့် ဆန်းဝှစ် ပြုလုပ်သည်။

“သူဌေးယွမ်၊ ဓားခဏလေး ငှားပေးနိုင်မလား” ယွမ်ယွမ်က ယိုသုတ်ထားသော ပေါင်မုန့်မီးကင်ကို ပျော်ရွှင်ကြည်နူးစွာ ဆုပ်ကိုင်ထားသည်။

“အိုကေ ရတယ်” ယွမ်ကျိုးက စက္ကန့်ပိုင်းခန့်ကြာအောင် စဉ်းစားပြီးနောက် ယွမ်ယွမ်ကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် သူက လွှာသွားပုံဓားကို ထုတ်လိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်" သူမက ဓားကို ပျော်ပျော်ရွှင်ရွှင် လက်ခံယူလိုက်သည်။

ပြင်ဆင်ထားသော အသားညှပ်ပေါင်မုန့်အောက်မှာ ပေါင်မုန့်ထည့်လာသော အိတ်ကို ချထားလိုက်ပြီး လေးပိုင်း ဖြတ်တောက်လိုက်သည်။

"ရှင့်ဓား ပြန်ယူလို့ရပြီ" ယွမ်ယွမ်က ယွမ်ကျိုးကို လွှာသွားပုံဓား ပြန်ပေးပြီး ခဏကြာတွေးကြံကာ မဝံ့မရဲ မေးမြန်းသည်။

"စားကြည့်ချင်လား"

"မစားတော့ပါဘူး။ ဒါပေမဲ့ မင်း လှီးဖြတ်တဲ့ပုံစံက တကယ်ကောင်းတယ်" ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်ပြီး အထိုက်အလျောက် ပြန်ပြောသည်။

"ချီးမွမ်းပေးလို့ ကျေးဇူးပါပဲ" ယွမ်ယွမ်က အပြုံး‌လေးဖြင့် စကားပြန်ပြောသည်။ ထို့နောက် သူမက အသားညှပ်ပေါင်မုန့် တစ်ပိုင်းကို ယူလိုက်သည်။

ထို့နောက် သူမ၏မျက်နှာပေါ်မှ အမူအရာက တောက်ပရွှန်းလဲ့လာပြီး သုန်မှုန်သော အမူအရာ မရှိတော့ပေ။

"လန်လန်၊ ရှုအာ။ ဒါက အရမ်းအရသာကောင်းတယ်။ နင်တို့တွေ မမြည်းကြည့်ချင်ဘူးလား" မိ‌တ်ဆွေကောင်းများကြား အစားအသောက် မျှဝေသော ဥပဒေသကို လိုက်နာကာ ယွမ်ယွမ်က ရက်ရက်ရောရော ပြောသည်။

"မစားတော့ဘူး။ ငါတို့လက်ထဲမှာ ရှိနေတဲ့ အစားအသောက်တွေနဲ့တင် ဗိုက်ပြည့်တယ်"

သူတို့နှစ်ယောက်က ယွမ်ယွမ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ အကြည့်လွှဲလိုက်ပြီး သူတို့၏ စားကောင်းသောက်ဖွယ်များကို အာရုံစိုက် စားသောက်ခြင်းဖြင့် ပျော်မွေ့လိုက်သည်။

အပိုင်း(၁၂၉)

ပြီးပါပြီ

All Chapters