အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အပိုင်း(၁၃၀)
"အရသာက ကောင်းတယ်"
အမဲသားနုပ်နုပ်စင်း နှင့် ဘလူးဘယ်ရီယို အသားညှပ်ပေါင်မုန့် နောက်ဆုံး တစ်လုပ်ကို စားပြီးနောက် ယွမ်ယွမ်က ကျေနပ်တင်းတိမ်စွာ စကားပြောသည်။
"တကယ် အရသာရှိတာလား"
ယွမ်ယွမ်၏မျက်နှာပေါ်မှ ကျေနပ်သောအမူအရာကိုကြည့်ပြီး လန်လန်က စပ်စပ်စုစု မေးမြန်းသည်။
"ဟုတ်တယ်။ အရမ်း အရသာရှိတယ်။ ပေါင်မုန့်အပိုင်းအစ နည်းနည်းပဲ ကျန်တယ်။ အရသာ မြည်းကြည့်ချင်လား" ယွမ်ယွမ်က ပေါင်မုန့်အပိုင်းအစ အကြွင်းအကျန်ကို ထုတ်လိုက်သည်။
"အမ် မလိုအပ်ပါဘူး" ခဏတွေးကြံပြီးနောက် လန်လန်က ချက်ချင်း လက်လျှော့လိုက်သည်။
ဤဖြစ်စဉ်တစ်ရပ်လုံးကို စောင့်ကြည့်နေသော ယွမ်ကျိုးက သူကိုယ်တိုင် အရသာမြည်းစမ်းချင်သော ဆန္ဒ မရှိခဲ့ပေ။ သူ့အရသာက ပုံမှန်ဖြစ်သည်။
ကောင်မလေး သုံးယောက် ထွက်သွားပြီး သိပ်မကြာလိုက် စားသောက်ဆိုင်ထဲမှာ ဖောက်သည် တိုးလာသည်။
သူက ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေစဉ် စနစ်က ရုတ်တရက် အသံထွက်လာသည်။
စနစ် "ဆိုင်ရှင်ရဲ့ကောင်းမွန်တဲ့ သရုပ်ဖော်မှုကြောင့် အချိန်အကန့်အသတ်နဲ့ အထူးကိရိယာ ထောက်ပံ့ပေးလိုက်ပါတယ်။ဆုလာဘ်ကို ထောက်ပံ့ပေးလိုက်လို့ လက်ခံယူလို့ ရပါပြီ"
[ဆုလာဘ် : ၁၂ရာခိုင်နှုန်း လျှော့ဈေးကတ်]
(ဆုလာဘ်အညွှန်း : အထူးဆုလာဘ် ရရှိသွားလို့ ဂုဏ်ပြုပါတယ်။ လျှော့ဈေးကတ်ကို တတ်နိုင်သလောက် မြန်မြန် အသုံးပြုပေးပါ။ တစ်ရက်အတွင်း အသုံးပြုရပါမယ်။ ဒါကြောင့်မို့ အကောင်းဆုံး အသုံးပြုပေးပါ)
သူက ဘာဆိုဘာမှမဖြစ်သကဲ့သို့ ဟင်းပွဲများကို ဖောက်သည်များထံ ချက်ချင်း သယ်ဆောင်သွားသည်။
ဆိုင်ဖွင့်ချိန် အတောအတွင်း ယွမ်ကျိုးက စပ်စုလိုသည့်တိုင် ဆုလာဘ်ကို ဖွင့်မကြည့်ခဲ့ပေ။ ထို့အစား သူက ဟင်းပွဲများကို လေးနက်စွာ ချက်ပြုတ်နေသည်။
ဆိုင်ဖွင့်ချိန်ပြီးဆုံးမှသာ ယွမ်ကျိုးက ဆုလာဘ်ကို စစ်ဆေးကြည့်သည်။
သို့သော်လည်း သူက သုံးကြိမ်တိုင်တိုင် အသေးစိတ် စစ်ဆေးကြည့်ပြီးသည့်တိုင် ဆုလာဘ်ကို လက်ခံ မရခဲ့ပေ။
"ဟာသပဲ။ စနစ်က သုံးစား မရတာပဲ အမြဲပေးနေသည်။ စနစ်က သူ့ကို မည်သည့်အချိန်မှ အလကားအနေဖြင့် ဆုလာဘ်ပေးမည်နည်း။
မူမမှန်သော အငွေ့အသက်ကို ခံစားမိသည်"
ဂုဏ်ပုဒ်နှင့် ရှောင်လုံပေါင်းဖက်ထုပ် ချက်ပြုတ်နည်းကို ပထမဆုံးအကြိမ် ဆုလာဘ်အနေဖြင့် ရရှိစဉ်က ဆိုင်ဖွင့်ချိန် ကန့်သတ်ခံခဲ့ရသည်။
"စနစ်၊ လျှော့ဈေးကတ်က ဘာလဲ" ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက စနစ်ကို ပွင့်လင်းစွာ မေးမြန်းလိုက်သည်။
စနစ် "၁၂နာရီအတွင်း ရောင်းချထားတဲ့ ဟင်းပွဲအားလုံးအတွက် ဖောက်သည်က လျှော့ဈေး ၁၂ရာခိုင်နှုန်း ရပါမယ်"
ယွမ်ကျိုးက အစပိုင်းတွင် ပျော်ရွှင်သွားသော်လည်း လျှော့ဈေးကြောင့် သူ့ရောင်းရသော အမြတ်ငွေ လျော့နည်းသွားမည်ကို စိုးရိမ်မိသည်။
"ဒါဆိုရင် လျှော့ဈေးကြောင့် ငါ့အမြတ် ရှယ်ယာ ထိခိုက်သွားမှာလား" ယွမ်ကျိုးက ပွင့်လင်းစွာ မေးမြန်းသည်။
စနစ် "လျှော့ဈေးပမာဏက စနစ်ရဲ့ရှယ်ယာ ၈၀ရာခိုင်နှုန်းကနေ ပေးတာပါ။ ဒါကြောင့်မို့ ဆိုင်ရှင်ရဲ့ ရှယ်ယာကို လုံးဝ မထိခိုက်ပါဘူး"
"ဒါဆိုရင် ပါဝင်ပစ္စည်းအတွက် မင်း ယူထားတဲ့ ရှယ်ယာကနေ လျှော့ဈေးပေးတယ်ပေါ့။ ငါ့ရှယ်ယာကို
လုံးဝ မထိခိုက်ဘူးပေါ့ ဟုတ်လား" ယွမ်ကျိုးက တခြားတစ်နည်းဖြင့် ထပ်ပြောသည်။
စနစ်
"ခင်ဗျားပြောတာ မှန်ပါတယ်"
"စနစ်၊ မင်း ဒီလို မူမမှန်တဲ့ ပုံစံနဲ့ စကားပြောရင် ငါက ပိုစိတ်ရှုပ်ထွေးလာတယ်"
ယွမ်ကျိုးက စနစ်နှင့် ပတ်သက်ပြီး ငြီးတွားပြောဆိုသည်။
သို့သော်လည်း စနစ်က ယွမ်ကျိုး၏စကားကို အလေးအနက် မထားခဲ့ပေ။
သူ့နဖူးကို ထိတွေ့နေရင်း ယွမ်ကျိုးက ဆုလာဘ် ထပ်မရနိုင်မှန်း သေချာသွားသည်။ မည်သည့် တောင်းဆိုချက်မှ မတောင်းဆိုဘဲ စနစ်က ကောင်းမွန်သော ဆုလာဘ်ကို ပေးသနားခြင်း ဖြစ်သည်။
"အချိန် ကန့်သတ်ချက်က ၁၂နာရီ ဖြစ်ပေမဲ့ ငါ့ဆိုင်ဖွင့်ချိန်က ၆နာရီပဲလေ။ ဒါဆိုရင် ဒီကတ်ကို နှစ်ကြိမ် သုံးခွင့်ရှိတဲ့ သဘောလား။ တစ်ခါသုံးရင် ၆နာရီလား"
ယွမ်ကျိုးက ခဏတွေးကြံပြီး ပထမဆုံး ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။
စနစ် "ဆိုင်ရှင်၊ ကတ်ကို တစ်ခါတည်း အသုံးပြုပေးပါ"
"ကောင်းပြီလေ၊ အခုမှ စနစ်ရဲ့ ပုံစံအစစ်အမှန်ပဲ"
စနစ်က ယခင်နှင့် ခြားနားမှု မရှိကြောင်း ယွမ်ကျိုးက နောက်ဆုံးတော့ အတည်ပြုနိုင်ခဲ့သည်။
"ဒါနဲ့ ငါစားတဲ့ ဟင်းပွဲအတွက်ရော လျှော့ဈေးရနိုင်မလား"
မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုးက သူကိုယ်တိုင် ချက်ပြုတ်သော ဟင်းပွဲများအတွက် အခကြေးငွေပေးဆောင်ရသော သနားချင့်စဖွယ် စားဖိုမှူးလေး ဖြစ်သည်။
စနစ် "စားသောက်ဆိုင်က ပံ့ပိုးပေးထားတဲ့ အစားအသောက် နဲ့ ဟင်းပွဲတွေ ဖြစ်နေသရွေ့ အဆင်ပြေပါတယ်"
"အဲလိုလား" ယွမ်ကျိုးက ခဏတွေးကြံလိုက်သော်လည်း ဆုလာဘ်ကို လက်မခံသေးပေ။
ယွမ်ကျိုးက ညနေခင်း ဆိုင်ဖွင့်ချိန် အဆုံးသတ်မည့် အချိန်အထိ စောင့်ဆိုင်းပြီး အိပ်ရာထဲ ဝင်မှသာ စနစ်၏ဖန်သားပြင်ခလုတ်ကို ထိလိုက်သည်။ ဆုလာဘ်က ယခုထိတိုင် ရှိနေသေးသည်။
"တစ်ခါတည်းပဲ ဆုလာဘ်ကို လက်ခံလိုက်မယ်"
[၁၂ရာခိုင်နှုန်းလျှော့ဈေးကတ်၊ အသုံးပြုရန် ခွင့်ပြုချိန် ၁၂နာရီဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၆ရက်အတွင်း အသုံးပြုရမည်]
"ဒါဆိုရင် မနက်ဖြန်ပေါ့။ မနက်ဖြန်မှ လက်ခံရင် နောက်တစ်နေ့အထိ အသုံးပြုလို့ ရတယ်လား" ယွမ်ကျိုးက တအံ့တဩ မေးမြန်းသည်။
စနစ် "ဆိုင်ရှင်က ဆုလာဘ်ကို လက်ခံလိုက်တည်းက လျှော့ဈေးကတ်ရဲ့ အချိန်ကို စတင် တွက်ချက်ပါတယ်"
"ငါ့အထင် မှန်ကန်နေတာပေါ့။ စောစော သိရင် နောက်တော့မှ လက်ခံပါတယ်" စနစ်ကို မကျေမနပ် ပြောဆိုပြီးနောက် ယွမ်ကျိုးက တခြားတောင်းဆိုချက် ရှိ/မရှိ တစ်ချက် စစ်ဆေးသည်။
ယွမ်ကျိုးက အချိန်သတ်မှတ်ချက်နှင့် စည်းမျဉ်းမိတ်ဆက်ခြင်းကို ထပ်ကြည့်ပြီး သူ့အတွက် ဆုံးရှုံးမှု မရှိဟု ခံစားမိသည်။ သူ့ကို လက်ဆောင်အနေဖြင့် ဆုပေးခြင်း ဖြစ်ပြီး ပုံမှန် ခံစားချက်နှင့် ခြားနားမှု ရှိသည်။
ဆုလာဘ်ကိုကြည့်ပြီး ယွမ်ကျိုး စိတ်လှုပ်ရှားသွားသည်။ လျှော့ဈေးပေးသည့်သတင်းကို ဖောက်သည်များအား အရင်ဆုံး အသိပေးရန် လိုအပ်သည်။ နှုတ်ဖြင့် အသိပေးခြင်းက လုံလောက်မှု မရှိ၍ စာရေးသားအသိပေးရမည်။
"ဒုန်း" ယွမ်ကျိုးက အိပ်ရာပေါ်မှ ခုန်းဆင်းလိုက်ပြီး ဆိုင်းဘုတ် ပြုလုပ်ရန် အသုံးပြုနိုင်သော ပစ္စည်းကို အခန်းထဲ ရှာဖွေသည်။
သို့သော်ငြားလည်း အခန်းထဲ နေရာမလပ် ရှာဖွေပြီးသည့်တိုင် ပျဉ်ပြား မဆိုထားဘိ သင့်တော်သော ဆိုင်းဘုတ်ပင် ရှာမရချေ။
"ဘယ်နားသွားရှာရမလဲ" ယွမ်ကျိုးက နဖူးကို ထိတွေ့နေစဉ် တွေးတောသည်။
ယွမ်ကျိုးက တခြားအခန်းသို့ သွားသည်။ တံခါးလက်ကိုင်မှာပင် ဖုန်ထူနေသည်။
တံခါးပေါက်နားမှာ အချိန်အတော်ကြာအောင် မတ်တတ်ရပ်ပြီးနောက် ယွမ်ကျိုးက သူ့လက်ကို ဆန့်တန်းလိုက်ပြီး တံခါးဖွင့်သည်။
တံခါးက ဖွင့်မရ ဖြစ်နေသည်။
"အို့စ် စိတ်ပျက်ပါ့။ သော့ မယူလာမိဘူး" တံခါးကို သူကိုယ်တိုင် သော့ခတ်ထားခြင်းကို ရိပ်မိ၍ ယွမ်ကျိုးက သူ့ပခုံးသူ လက်ဖြင့် နှစ်ချက် ရိုက်ချလိုက်သည်။
သူက သော့ရှာဖွေရန် သူ့အိပ်ခန်းထဲသို့ အလောတကြီး ပြန်သွားသည်။ သူက သော့ဖြင့် တံခါးကို နောက်တစ်ကြိမ် ဖွင့်လိုက်သောအခါ သူ့စိတ်ထဲ ပူဆွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
တံခါးဘေးနားတွင် သူ့မိဘများ ယခင်က အသုံးပြုခဲ့သော LEDစာတန်းထိုးသည့်အပြား ရှိနေသည်။
တံခါးပိတ်လိုက်သောအခါ ယွမ်ကျိုးက သူ့အခန်းကို ပြန်သွားလိုက်ပြီး ဖန်သားပြင်ပေါ်မှ ဖုန်မှုန့်များကို သေချာဂရုတစိုက် သုတ်လိုက်သည်။
ဖန်သားပြင်၏ ညာဘက်တွင် အသစ်ရရှိသော ကင်းမွန်ခေါက်ဆွဲ ဟင်းပွဲဟူသော စကားလုံးက ရှိနေသေးသည်။
သူက ဖုန်မှုန့်များကို အရင်ဆုံး ဖယ်ရှားပြီးနောက် ယွမ်ကျိုးက မျက်နှာပြင်ပေါ်မှာ စာလုံးများကို ရေးသားသည်။
"စာအရေးအသားကောင်းတယ်။ ဒါက သတင်းကောင်းပဲလေ" သပ်ရပ်နေသော LEDစာတန်းထိုးသည့် မျက်နှာပြင်ကို ကြည့်ကာ ယွမ်ကျိုးက မနေနိုင် မထိုင်နိုင် စကားပြောသည်။
ထို့နောက် ယွမ်ကျိုးက သူ့အိပ်ရာပေါ်မှ အဖြူရောင် ဖောင်တိန်ကို ယူပြီး မနက်ဖြန်အတွက် လျှော့ဈေး အသိပေးစာကို ရေးသားသည်။
အပိုင်း(၁၃၀)
ပြီးပါပြီ။
အပိုင်း(၁၃၁)
နောက်တစ်နေ့မနက်ခင်းတွင် လင်းလက်တောက်ပနေသော LEDအပြားသည် ဝင်ပေါက်၏အပြင်ဘက်တွင် သိသာထင်ရှားစွာ တည်ရှိနေသည်။
"သူဌေးယွမ်၊ ဘာဖြစ်သွားတယ်လို့ထင်လဲ" ခေတ်ဟောင်း
စတိုင်LEDအပြားကို လက်ညှိုးထိုးပြပြီး ဖောက်သည်တစ်ဦးက ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
"သူဌေးယွမ် ရူးများသွားသလားကွာ" ရောင်စုံလင်းလက်နေသော LEDအပြားကို ငေးကြည့်ပြီး တခြားဖောက်သည်တစ်ဦးကလည်း စမ်းတဝါးဝါးဖြင့် စကားပြောသည်။
"အတော်လေးကို ထူးဆန်းနေတယ်" ဤဖောက်သည်ကလည်း တခြားသူများနည်းတူ
ခံစားမိသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်သည်
မူလက အဆင့်အတန်းမြင့်သော စားသောက်ဆိုင်မဟုတ်ခဲ့သည့်တိုင် ကျော့ရှင်းပြီး သဘာဝဆန်သော စားသောက်ဆိုင်ဖြစ်သည်။ ယခုတော့ မီးရောင်စုံလင်းလက်နေသော LEDအပြားသည် ဆိုင်၏အပြင်ဘက်တွင်ရှိနေပြီး ဤLEDအပြားက နေရာမှား၍ ရောက်လာသည်ဟု ဖောက်သည်များက သံသယဝင်မိသည်။
"ဟေ့ ဒီအပြားပေါ်က စာတွေကို နင်တို့တွေ မဖတ်ကြည့်ဘူးလား" မန်မန်က အံ့ဩမှင်တက်သော အမူအရာဖြင့် ပြောသည်။
"ဟိတ်ဟန်ရှိတဲ့ဟာကိုပဲ ငါတို့က စိတ်ဝင်စားနေတာလေ" အသိပေးချက်ကြောင့် တခြားသော ဖောက်သည်အားလုံးက
ဖန်သားပြင်ပေါ်မှ အကြောင်းအရာများကို စတင်ဖတ်ရှုသည်။ ထည်ဝါသော LEDအပြားက ဖောက်သည်များကို သံသယဝင်စေလျှင် ဖန်သားပြင်ပေါ်တွင် ရေးသားထားသော အကြောင်းအရာများက ယွမ်ကျိုး ရေးသားထားသည် မဟုတ်ဟု ပို၍ပင် သံသယဝင်မိသည်။ ဖန်သားပြင်ပေါ်တွင် ရေးသားထားသော အကြောင်းအရာက "ယနေ့ လျော့ဈေးရရှိနိုင်သည့် အကြောင်းအရာ" ဖြစ်သည်။
ထို့အပြင် ၁၂ရာခိုင်နှုန်းအထိ လျော့ဈေးပေးမည်ဖြစ်သည်။
"ငါတို့ကို နောက်ပြောင်နေတာလား" အကြောင်းအရာကို ဖတ်ရှုပြီးနောက် မန်မန်က မယုံကြည်နိုင် ဖြစ်သွားသည်။
"ဟုတ်သားပဲ သူဌေးယွမ်က ဒီလိုမျိုး လျော့ဈေးပေးနိုင်ပါ့မလား" ယွမ်ကျိုးက ရှားရှားပါးပါး လျော့ဈေးပေးသည့်တိုင် မည်သူကမျှ သူ့ကို မယုံကြည်ကြပေ။ သူ့ကို ယုံကြည်သော တစ်ဦးတည်းသောသူက စကားလုံးအမှားအယွင်းကို ပြုပြင်ရန် ကြိုးစားလာသည်။
"သူဌေးယွမ် အပြင်မှာရှိတဲ့ LEDအပြားပေါ်မှာ ရေးထားတဲ့စာတွေက ရှင် ရေးထားတာတွေလား" သူမက ဆိုင်ထဲကို ဝင်ဝင်ချင်း မည်သည့်ဟင်းပွဲကိုမှ မမှာယူခင် မေးမြန်းလိုက်သည်။
ယွမ်ကျိုးက ယင်ယာကို ပြန်ဖြေခါနီး အနည်းငယ် တုံ့ဆိုင်းနေသည်။
"ဟုတ်တယ် ကျွန်တော်ရေးထားတာပါ"
"အရေးအသားတွေက မှားယွင်းနေတယ်။ ကျွန်မ ပြုပြင်ပေးလို့ရမလား" ယင်ယာက စိတ်အားထက်သန်စွာကမ်းလှမ်းသည်။
"စာအရေးအသားမှားနေတာ သေချာလို့လား" ယွမ်ကျိုးက ဤစာကို မရေးသားခင် ကြော်ငြာပေါင်းများစွာကို ကြည့်ရှုပြီးမှ ရေးသားထားခြင်းဖြစ်သည့်အတွက် မှားယွင်းသည်ဟု မခံစားရပေ။
"တခြားအပိုင်းတွေက မှားတယ်လို့ မဆိုလိုဘူး။ လက်မှတ်ထိုးတဲ့အပိုင်းမှာပဲ မှားနေတယ်လို့ ပြောတာ။ နောက်ဆုံးအနေနဲ့ ရေးထားတဲ့ လက်မှတ်နေရာမှာ ငါ ဆိုတဲ့ အသုံးအနှုန်းက ဘယ်သူ့ကို ပြောတာလဲ" ယင်ယာက အမှား၏ အဓိကအချက်ကို ထောက်ပြသည်။
"ဟုတ်တယ်လေ။ ဒီစာကို ရေးထားတဲ့သူက ကျွန်တော်လို့ ပြောတာလေ" ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
"ဒါဆိုရင် ငါဆိုတဲ့အသုံးအနှုန်းက ဘယ်သူလဲဆိုတာ ရှင်းပြပေးလို့ရမလား" ယင်ယာက သူမ၏နဖူးလေးကို လက်ဖြင့် ထောက်ထားသည်။ ဤအပြုအမူက မိန်းကလေးများအတွက် ရိုင်းပျသော်လည်း သူမအတွက် သင့်လျော်မှု ရှိနေသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် ရည်ညွှန်းတာပေါ့" ယွမ်ကျိုးက ယင်ယာကို ထူးဆန်းသောအကြည့်ဖြင့် ငေးစိုက်ကြည့်သည်။
"ငါဆိုတဲ့နေရာမှာ နာမ်စားနေရာမှာ နာမ်တစ်ခုခုကို အစားထိုးသင့်တယ်။ ဥပမာပြောရရင် ရှင့်ရဲ့နာမည် သို့မဟုတ် စားသောက်ဆိုင်ရဲ့နာမည်။ အဲ့ဒါမှ အဆင်ပြေမှာလေ" ယင်ယာက ယွမ်ကျိုးနှင့် စကားဆက်ပြောလျှင် အဆင်မပြေမှန်း ခံစားမိ၍ အဓိကအချက်ကိုသာ ပွင့်ပွင့်လင်းလင်း ထောက်ပြသည်။
သူနှင့် အပြိုင်ပြောနေလျှင် အကျိုးမရှိပေ။
"အွန်း ကျွန်တော် သဘောပေါက်ပြီ" ယွမ်ကျိုးက သူ့စာအရေးအသားအမှားအယွင်းကို ချက်ချင်း သဘောပေါက်သွားသည်။
"ကျေးဇူးတင်ပါတယ်။ အခုပဲ သွားပြင်လိုက်ပါဦးမယ်" ယင်ယာကို ကျေးဇူးတင်စကားပြောပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်အပြင်ဘက်ထွက်ပြီး သူ၏ မပြောပလောက်သော အမှားအယွင်းကို ပြင်ဆင်ရန် ကြိုးစားသည်။
အပြင်သို့ထွက်လိုက်စဉ် ယွမ်ကျိုးက စားသောက်ဆိုင်မှာ မနက်စာစားရန် ရောက်လာသော ဖောက်သည်များနှင့် ပက်ပင်းတိုးသွားသည်။ သူတို့က ယွမ်ကျိုးကို ချက်ချင်း ဝိုင်းလာသည်။ ယွမ်ကျိုးက ပုံမှန်ဆိုလျှင် မော်ကြွားသောအမူအရာဖြင့် မီးဖိုချောင်ထဲမှာသာ မတ်တပ်ရပ်နေလေ့ရှိသည်။ ယခုတော့ သူတို့နှင့် နီးကပ်လာ၍ ဖောက်သည်များက ယွမ်ကျိုးကို အသေးစိတ် အကဲခတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် စကားပြန်ပြောသည်။
"အမှားလေး သွားပြင်ချင်လို့ပါ။ ရှောင်ယွမ်ရေ သူတို့ကို နှုတ်ဆက်စကားပြောလိုက်ပါဦး"
"ဟုတ်ကဲ့ပါ သူဌေး" မုရှောင်ယွမ်က ချက်ချင်းရောက်လာပြီး ယွမ်ကျိုးကို ကူညီရန် ကြိုးစားသည်။
"အားလုံးပဲ ထိုင်ခုံမှာ နေရာယူပြီးတော့ ဟင်းပွဲတွေကို အော်ဒါတင်ပေးပါ။ သူဌေးက မကြာခင် ပြန်လာမှာပါ"
မုရှောင်ယွမ်က ကျယ်လောင်သောအသံဖြင့် စကားပြောသည်။ ဤမြင်ကွင်းကြောင့် ဖောက်သည်များက ပို၍ စိတ်ရှုပ်ထွေးသွားသည်။
သို့သော်လည်း ယွမ်ကျိုးက ဤအခွင့်အရေးကို အသုံးချပြီး အပြင်ဘက်သို့ ထွက်သွားပြီး LEDအပြားပေါ်မှ အသိပေးစာအမှားအယွင်းကို ပြင်ဆင်သည်။
သူက ငါဆိုသော စကားလုံး၏နေရာတွင် စားသောက်ဆိုင်၏သူဌေးဟူသော စကားလုံးကို ပြောင်းလဲလိုက်သည်။ ထို့နောက် ယွမ်ကျိုးက သူ့အသိပေးစာ၏အခြေအနေကို ကျေနပ်သွား၍ စားသောက်ဆိုင်သို့ ပြန်လှည့်လာခဲ့သည်။
"အပြင်ဘက်မှာ ချိတ်ထားတဲ့ LEDအပြားပေါ်က အသိပေးစာက သူဌေးယွမ် ရေးထားတာလား" တစ်စုံတစ်ယောက်က ယွမ်ကျိုး စားသောက်ဆိုင်သို့ ပြန်လာသောအခါ မေးမြန်းလိုက်သည်။
"ဟုတ်တယ် ကျွန်တော်ရေးထားတာပါ" ယွမ်ကျိုးက ခေါင်းညိတ်သည်။
"အိုး လက်ရေးလှသားပဲ"
ယွမ်ကျိုး ရေးသားထားသည်ဟု ပြောသောအခါ ဖောက်သည်များက သူတို့ဒွိဟဖြစ်သော အခြေအနေကို အတည်ပြုနိုင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ချီးမွမ်းစကားကို တုံ့ပြန်ရန် ဝန်လေးနေမည့်သူ မဟုတ်ပေ။
"ဒါဆိုရင် ဒီနေ့ လျော့ဈေးပေးတာ တကယ်ပေါ့" မန်မန်က ဦးစွာ မေးမြန်းလာသည်။
"ဟုတ်ပါတယ်။ ဒီနေ့ တကယ် လျော့ဈေးပေးပါတယ်" ယွမ်ကျိုးက မှန်ကန်ကြောင်း ပြန်ဖြေသည်။ ထို့နောက် ဖောက်သည်များ၏ အကြည့်က ပို၍ ရှုပ်ထွေးလာသည်။ သူတို့က ယွမ်ကျိုးကို မယုံကြည်နိုင်သော အမူအရာဖြင့် ငေးကြောင်ကြည့်နေကြသည်။ တချို့ဖောက်သည်များက နေထွက်ရာအရပ်သို့ပင် ပြန်လှည့်ကြည့်ပြီး ယွမ်ကျိုးကို ရူးများနေသလား အမူအရာဖြင့် ကြည့်လာကြသည်။
အလွန်အမင်း စည်းကမ်းလိုက်နာသော သံလိုက်အိမ်မြှောင်ကြီးက လျော့ဈေးပေးနေ၍ဖြစ်သည်။ ထို့နောက် ယွမ်ကျိုးက သူ့နည်းတူ ခံစားနေရသောဖောက်သည်များကို နားလည်ပေးလိုက်သည်။ ကပ်စေးနဲသော စနစ်က ကြင်နာသနားဟန်ဖြင့် လျော့ဈေးပေးခဲ့၍ သူလည်း လျှို့ဝှက်ကြံစည်ခံရသည်ဟု ခံစားခဲ့ဖူးသည်။
"ဒါဆိုရင် ဟင်းပွဲအားလုံးအတွက် လျော့ဈေးရတာလား" မန်မန်က မယုံကြည်နိုင်သော အမူအရာကို ပြသသော်လည်း မလျော့စတမ်း မေးမြန်းသည်။
"ဟုတ်ပါတယ်။ အချိန်ကန့်သတ်ချက်တော့ ရှိပါတယ်။ ဒီနေ့တစ်ရက်တည်း လျော့ဈေးပေးတာပါ" ယွမ်ကျိုးက အချိန်ကန့်သတ်ချက်ကို ထည့်ပြောသည်။
“မယုံကြည်နိုင်စရာပဲ” မန်မန်က သူ့ကိုယ်သူ ရေရွတ်သည်။
“စမ်းကြည့်ကြတာပေါ့ ဒါဆိုရင် အမှန် ဟုတ်လား မဟုတ်လား ငါတို့ သိသွားမယ်လေ”
ထိုင်ခုံမှာ ထိုင်နေသော ယင်ယာက တည်ငြိမ်စွာ ပြောသည်။
“ဟုတ်တယ် ယင်ယာ နင် အရမ်းတော်တယ်”
မန်မန်လည်း အသိပေးစာတွင် ရေးထားသော အကြောင်းအရာကြောင့် အရမ်းအံ့ဩနေရသည်။
မန်မန်က ယင်ယာကို မြင်သောအခါ သူမအနား ချက်ချင်း လမ်းလျှောက်လာပြီး သူမ၏ဘေးနား ထိုင်လိုက်သည်။ မိန်းမချောလေးနှစ်ယောက် အတူထိုင်နေသော မြင်ကွင်းက မျက်စိပသာဒ ရှိစေ၍ အနီးအနားတွင် ရှိသော အမျိုးသားဖောက်သည်များက သူတို့ထိုင်ခုံကို လိုလိုလားလား ကမ်းလှမ်းကြသည်။
“ယင်ယာ ငါတို့တွေ ဒီကနေ့ ဘာဟင်းပွဲ မှာစားရင် ကောင်းမလဲ” မန်မန်က ဈေးနှုန်းစာရင်းကို စပ်စပ်စုစု ကြည့်ပြီး မေးမြန်းလိုက်သည်။
“အွန်း” ယင်ယာက ခေါင်းညိတ် သဘောတူသည်။
“ငါတော့ ခေါက်ဆွဲပြုတ် မှာချင်တယ်။ နင်က ဘာမှာချင်လဲ” မန်မန်က သူ တတ်နိုင်သော ဟင်းပွဲကို အော်ဒါတင်သည်။
“ငါလည်း ခေါက်ဆွဲပြုတ်ပဲ မှာမယ်” ယင်ယာကလည်း ရိုးရှင်းသော ဟင်းပွဲကို ရွေးချယ်လိုက်သည်။
“တစ်ပွဲအတွက် ၂၃၅.၈၄ယွမ်ပါ။ ဒသမနောက်က သတ်မှတ်ချက်တွေကို ဖယ်လိုက်ပြီး ၂၃၅ယွမ်ပဲ ပေးပါ” စနစ်က သတ်မှတ်ပေးသော လျော့ဈေး ဈေးနှုန်းကို ယွမ်ကျိုးက ပြောပြသည်။
“လျော့ဈေး တကယ်ပေးတာပဲ။ အကြွေစေ့လေးတွေကိုတောင် လျော့ပေးလိုက်သေးတယ်” ယင်ယာက အဖျားကြီး ဖျားသွားသည်ဟုပင် ခံစားမိသည်။
မန်မန်ကလည်း ဒွိဟဖြစ်သော ခံစားချက်ဖြင့် ယင်ယာ၏ပြောဆိုမှုကို ထောက်ခံသည်။
“ဟုတ်တယ်။ သူဌေးယွမ် ဒီကနေ့ စိတ်ကောင်းဝင်နေလို့ ဖြစ်ရမယ်”
ယင်ယာက လျော့ဈေးပေးကြောင်း ယုံကြည်သွားသည့်တိုင် ယွမ်ကျိုး၏ပုံစံဖြင့် မပြောပလောက်သော အကြွေစေ့ကို လျော့ပေးမည့် သဘောမရှိချေ။ ထို့ကြောင့် မန်မန်က တအံ့တဩဖြစ်နေခြင်း ဖြစ်သည်။
“လျော့ဈေးတကယ်ပေးတာပဲ။ ဒါဆိုရင် တခြားဟင်းပွဲတွေ မှာကြည့်မယ်”
ယွမ်ကျိုးက ဟင်းပွဲအားလုံးကို ၁၂ရာခိုင်နှုန်း လျော့ဈေးပေးကြောင်း သေချာသွားသောအခါ အနီးအနားရှိ ဖောက်သည်များကလည်း တစ်ယောက်နှင့် တစ်ယောက် တီတိုးပြောကြသည်။
“သူဌေးယွမ်၊ ကျွန်တော်လည်း အော်ဒါမှာချင်တယ်” တခြားသူများကလည်း ရက်ရက်ရောရော ပြောဆိုကြသည်။
ယွမ်ကျိုး၏သဘောထားက ယနေ့တွင် သာမန်ထက် ပိုကောင်းမွန်နေသည်။
“ဖီးနစ်အမြှီးပုစွန်ဟင်း၊ ကျင်းလင်မြက် နဲ့ ခံတွင်းထဲ အရည်ပျော်သွားတဲ့ ကြက်ခြေထောက်ပေါင်းအပြင် အစုံလိုက်ကြက်ဥထမင်းကြော် တစ်ပွဲလည်း ပေးပါ”
ပထမဦးဆုံးလူက သူ့အကြိုက် ဟင်းလျာများကို အော်ဒါတင်သည်။ နောက်ကောက်မကျချင်၍ တခြားသော ဖောက်သည်များကလည်း သူတို့စားချင်သော ဟင်းပွဲများကို တစ်ယောက်ပြီး တစ်ယောက် အော်ဒါတင်သည်။
“ယနေ့က လျော့ဈေးပေးတဲ့ အထိမ်းအမှတ်နေ့ပဲ။ ဖောက်သည်အားလုံးက မီနူးထဲမှာ ရှိတဲ့ ဟင်းပွဲအားလုံးကို ၁၂ရာခိုင်နှုန်း လျော့ဈေးရပါမယ်။ လျော့ဈေးသတ်မှတ်ချိန်က ယနေ့ တစ်ရက်တည်းပါ။ဤစာကို ရေးသားသူက စားသောက်ဆိုင်ရဲ့သူဌေးပါ” ဟူသော စာသားကို တံခါးတွင် ချိတ်ဆွဲထားသည်။
ယွမ်ကျိုးက မနက်ခင်းတွင် ဟင်းပွဲ တစ်မျိုး၊ နှစ်မျိုးခန့်သာ ရောင်းချရန် ကြံရွယ်ထားသော်လည်း လျော့ဈေးကို ကောင်းမွန်စွာ အသုံးပြုချင်၍ ဟင်းပွဲအားလုံးကို လျော့ဈေးပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ဒါနဲ့ သူဌေးယွမ်၊ ဒီဟင်းပွဲတွေကို သူဌေးကိုယ်တိုင် ချက်ပြုတ်တာတော့ ဟုတ်ပါတယ်နော်” လျော့ဈေးက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖောက်သည်များက တခြားသော ကိစ္စရပ်များကိုလည်း စိုးရိမ်စပြုလာသည်။
“ဟုတ်တယ်။ ဒါပေါ့” ယွမ်ကျိုးက သူ့ကို မယုံကြည်သေးသော ဖောက်သည်များကို မှန်ကန်ကြောင်း ပြန်ဖြေသည်။
လျော့ဈေးက အစစ်အမှန်ဖြစ်သည်။ အကျိုးအမြတ်ကို ပထမဆုံး ခံစားခွင့်ရရှိသူက ယွမ်ကျိုး ဖြစ်သည်။ ယွမ်ကျိုးသည် မနက်ခင်းတွင် ရှောင်လုံပေါင်း ဖက်ထုပ် ၄ခု၊ အစုံလိုက်ကြက်ဥထမင်းကြော်တစ်ပွဲ နှင့် ဆေးဖက်ဝင်လက်ဖက်ကြက်ဥ တစ်လုံးကို မနက်စာ အနေဖြင့် သုံးဆောင်ခဲ့သည်။ ထို့ကြောင့် သူက လျော့ဈေး၏အကျိုးအမြတ်ကို ပထမဆုံး ခံစားခွင့်ရခြင်း ဖြစ်သည်။
လျော့ဈေးပေးခြင်းသည် အကောင်းဆုံးဖြစ်ပြီး စားသုံးသူများ၏ စိတ်ဆန္ဒကို လှုံ့ဆော်ပေးသည့် အထိရောက်ဆုံး ကိရိယာဟု ပြောလျှင် မှန်ကန်လိမ့်မည်။
အပိုင်း(၁၃၁)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၃၂)
“ဟယ်လို ယွီနာ။ ဒီကနေ့ နင့်ကို နေ့လည်စာ ဝယ်ကျွေးမယ်။ ဟုတ်တယ် ယွမ်ကျိုးရဲ့စားသောက်ဆိုင်မှာပဲ။ ကုမ္ပဏီနဲ့ သိပ်မဝေးဘူး” ဖောက်သည်များက ကျသင့်ငွေကို ပေးဆောင်ပြီး အစားအသောက်များကို စားပြီးနောက် သူတို့ပထမဆုံး ပြုလုပ်သော အပြုအမူက Wechatတွင် ပို့စ်တင်ခြင်း ဖြစ်သည်။
“မူမူရေ၊ ဒီကနေ့ စားနေကျ စားသောက်ဆိုင်ကို လာခဲ့ပါလား။ အရသာရှိတဲ့ တစ်ခုခု ဝယ်စားကြမယ်” ဝူကျိုးက ဖုန်းခေါ်သည်။
“ဝူကျိုးရေ၊ အခုမှ အင်္ဂါနေ့ပဲ ရှိသေးတယ်။ နောက်တစ်ခေါက်မှ စားကြမယ်” ကျွမ်းရှင်းမူက စားကောင်းသောက်ဖွယ်များကို နှစ်သက်သော်လည်း သူမက ချွေချွေတာတာ သုံးစွဲတတ်သူ ဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ တစ်ပတ်တစ်ခါ ဝယ်စားခြင်းက အလွန်အကျွံ သုံးစွဲခြင်း ဖြစ်နေပါပြီ။
“ဒီကနေ့ ၁၂ရာခိုင်နှုန်း လျှော့ဈေးပေးတယ်” ဝူကျိုးက ရင်တမမဖြင့် စကားပြောသည်။
“မနေ့ညတုန်းက အချိန်ပိုအရမ်းဆင်းရလို့ စိတ်ကစဥ့်ကလျား ဖြစ်သွားလား” သူက တောင်အရပ်မှ နေထွက်သည်ဟု ပြောလျှင်ပင် ပို၍ ယုံကြည်မိလိမ့်မည်။
“မူမူ၊ ဒီသတင်းက အမှန်တကယ်ပါ။ ကိုယ်က စောနလေးတင် ရှောင်လုံပေါင်း ဝယ်စားခဲ့တယ်။ အရသာရှိတဲ့ အစားအသောက်တွေ စားဖို့ လာခဲ့ပါ မူမူရယ်” ဝူကျိုးက မှန်ကန်သောလေသံဖြင့် စကားပြောသည်။
“အိုကေ၊ ဒါဆိုရင် ဒီကနေ့ အလုပ်စောစော ဆင်းလာခဲ့မယ်” သူမက မယုံသင်္ကာဟန်ဖြင့် သဘောတူလိုက်သည်။
ကမ္ဘာကြီးပျက်သုန်းသွားသည့် သတင်းထက် ယွမ်ကျိုး၏စားသောက်ဆိုင်က လျော့ဈေးပေးသည့်သတင်းက မယုံကြည်နိုင်ဖွယ် ပိုကောင်းသည်။
ထို့နောက် သတင်းသိသိချင်း လူတချို့က သူ့ကိုယ်သူ ဆိတ်ခြင်းနှင့် တခြားသူများကို ဆိတ်ခြင်းဖြင့် သတင်းမှန်/မမှန် အတည်ပြုကြသည်။
ဝူအန်လု အလုပ်လုပ်သော အရောင်းကုမ္ပဏီလည်း တစ်ခု အပါအဝင်ဖြစ်သည်။
“သူဌေးရေ ဒီကနေ့ဆိုရင် ယွမ်ကျိုးရဲ့စားသောက်ဆိုင်က လျော့ဈေးပေးတယ်လို့ သတင်းကြားတယ်။ အဲဒါ အမှန်ပဲလား” မားဝေက အစီအရင်ခံစာကို ကမ်းပေးပြီးနောက် နည်းနည်း တုံ့ဆိုင်းမိသော်လည်း မေးမြန်းလိုက်သည်။
“ဒီသတင်းကို မင်းတို့လည်း ကြားထားပြီသားမလား။ တစ်ခုခု ဝယ်စားချင်လို့လား” ဝူအန်လုက ခေါင်းမော့လိုက်ပြီး မားဝေကို ကြည့်သည်။ သူ့လက်အောက်ငယ်သား အားလုံးက အလုပ်ကြိုးစားလုပ်ချင်ယောင် ဟန်ဆောင်နေသော်လည်း ရုံးခန်းထဲမှ အသံကို နားစွင့်နေသည်။
“ကျွန်တော်တို့တွေ အော်ဒါကြီးကြီးမားမား ရတာ မကြာသေးဘူးလေ။ သူဌေးရော ဘယ်လိုထင်လဲ” မားဝေက မော်ကြွားဟန် ပြုံးသည်။
“ကောင်းပြီလေ ငါ့တပည့်တို့ရေ။ အဲဒီဆိုင်မှာ မင်းတို့ကို နေ့လည်စာ ကျွေးမယ်။ မင်းတို့စားချင်တာ စားလို့ရတယ်” ဝူအန်လုက ရက်ရက်ရောရော စကားပြောသည်။
“တကယ့်ကို အံ့မခန်းပဲ။ အချိန်ပို ဆင်းရရင်တောင် ပြဿနာမရှိဘူး သူဌေး” မားဝေက သတင်းကောင်းကို သူ့အပေါင်းအဖော်များအား မျှဝေရန် ပျော်ရွှင်စွာ ပြေးထွက်သွားသည်။
“တံခါးပိတ်သွားဦး” ဝူအန်လုက အသိပေးသည်။
တံခါးပိတ်သွားမှ ဝူအန်လုက ဖုန်းချက်ချင်း ထုတ်လိုက်ပြီး တခြားသူများ၏ Wechatပို့စ်မှ စာပို့လိုက်သည်။
[စားသောက်ဆိုင်က တကယ်လျော့ဈေးပေးတာာလား။ ငါ့လက်အောက်ငယ်သားတွေကို ကြိုက်တာ ဝယ်စားခွင့်ပေးမယ်လို့ ကတိပေးလိုက်တယ်] ခို့ထျန်းခယ် (ဝူအန်လု၏ နာမည်ပြောင်)
[မစိုးရိမ်နဲ့။ အခုလေးတင် မတူညီတဲ့ ဟင်းပွဲ သုံးမျိုး ဝယ်စားခဲ့တယ်။ ဗိုက်မပြည့်သေးလို့ ထပ်စားဖို့တောင် စဉ်းစားနေတယ်။ နေ့လည်စာ ထပ်သွားစားဦးမယ်] Kiss Naitou.
[အဆင်ပြေတာပေါ့။ ဘာလို့များ ငါ့ကို စောစော မပြောရတာလဲ။ အဲဒီဆိုင်ကို မသွားတာ ကြာပြီ] ခို့ထျန်းခယ်
[အခုပြောပြီလေ။ နေ့လည်မှ တွေ့ကြမယ်။ ဒီဇိုင်း ဆက်ဆွဲလိုက်ဦးမယ်] Kiss Naitou.
[အိုကေ။ မင်း ဒီဇိုင်းဆွဲတာကို ဆက်အနှောင့်အယှက် မပေးတော့ဘူး] ခို့ထျန်းခယ်
“ဟူး” လျော့ဈေးကို အတည်ပြုပြီးနောက် ဝူအန်လုက စိတ်သက်သာဟန် သက်ပြင်းချလိုက်ပြီး အလုပ်ဆက်လုပ်သည်။ သူက နေ့လည်ခင်းမှာ အများဆုံး ဝယ်စားရန် သေချာသွားသည်။
ငါးမိနစ်ခန့်ကြာပြီးနောက် သူက တစ်စုံတစ်ရာကို တွေးမိ၍ မားဝေကို သူ့ရုံးခန်းထဲ ဆင့်ခေါ်သည်။
“သူဌေး၊ ဘာကိစ္စရှိလဲ” မားဝေက သူ့ရုံးခန်းထဲ ဝင်ရောက်လာသောအခါ ချက်ချင်း မေးမြန်းသည်။
“ဈေးကွက်ရှာဖွေတဲ့ လုပ်ငန်းကို ဆက်မလုပ်နဲ့တော့။ နေ့လည်ခင်း စောစော သွားပြီး ငါတို့ကိုယ်စား တန်းစီပေး” ဝူအန်လုက အဓိကအချက်ကို ပြောသည်။
“အိုကေ၊ သူဌေး ပြဿနာမရှိဘူး” မားဝေက ဒွိဟဖြစ်သော ခံစားချက်ဖြင့် ရုံးခန်းမှ ထွက်လာခဲ့သည်။
“မင်း ဘာဖြစ်နေတာလဲ” ရှောင်လုက မူမမှန်သောအမူအရာဖြင့် လမ်းလျှောက်လာသောမားဝေကို မြင်သောအခါ အလိုက်သင့် မေးမြန်းလိုက်သည်။
“အခုလေးတော့ ငါတို့သူဌေး ပြောလိုက်တာက …” မားဝေက အနှစ်ချုပ် ရှင်းပြသည်။
“မင်း ရူးသွားတာလား။ ငါတို့သူဌေးက မင်းကို ငါတို့အားလုံးကိုယ်စား စားသောက်ဆိုင်မှာ သွားတန်းစီခိုင်းတာလား” ရှောင်လျှို့က မားဝေ၏ပခုံးကို ပုတ်လိုက်ပြီး အထင်မြင်သေးဟန် အမူအရာဖြင့် စကားပြောသည်။
“အို့ ဟုတ်တာပေါ့ အံ့ဩစရာ မရှိပါဘူးလေ” မားဝေးက နောက်ဆုံးတော့ တုံ့ပြန်လာသည်။
“ဒါဆိုရင် နေ့လည်ခင်းကျရင် စောစောသွားဦး။ တခြားသူတွေလည်း အဲဒီဆိုင်သွားဖို့ ပြောဆိုနေကြတဲ့ ပို့စ်တွေကို မြင်မိတယ်”
ရှောင်လျှိုက စိုးရိမ်တကြီး ပြောသည်။
“ကိစ္စမရှိဘူး။ ငါ လုပ်လိုက်မယ်” မားဝေက အတော်အတန် ယုံကြည်မှု ရှိသည်။
ဤသည်ကား အရောင်းကုမ္ပဏီ၏ အခြေအနေဖြစ်သည်။ အင်တာနက်ပေါ်တွင် ပို၍ ဆူညံနေသည်။
[မန်မန်ရေ၊ ဒီကနေ့ပဲ သူဌေးယွမ်ရဲ့ဆိုင်မှာ တိုက်ရိုက်ထုတ်လွှင့်ပေးပါ။ သူက လျော့ဈေးပေးနေတယ် ကြားတယ်] Shime.
[တကယ်လား။ သူဌေးယွမ်က လျော့ဈေးပေးရလောက်တဲ့အထိ ရက်ရောနေပြီလား] မန်မန်
[ဟုတ်တယ်။ အမှန်ပဲ။ မန်မန်ရေ၊ နေ့လည်ခင်းကျရင် အဲဒီဆိုင်ကို သွားပြီး ငါတို့အတွက် တိုက်ရိုက်ထုတ်လွှင့်ပေးပါဦး။ သူဌေးယွမ် လျော့ဈေးပေးတာက ရှားရှားပါးပါးပဲ။ ဒီလိုမျိုးက စောင့်ကြည့်ဖို့ ထိုက်တန်တယ်] ယွဲ့လီ
[ကောင်းပြီ။ နေ့လည်ကျရင် သွားလိုက်မယ်။ ကျွန်မနဲ့အတူတူ တိုက်ရိုက်ထုတ်လွှင်မှုကို ကြည့်ဖို့ မမေ့နဲ့နော်] မန်မန်
[မစိုးရိမ်နဲ့။ ငါတို့အားလုံးက မန်မန် နဲ့ သူဌေးယွမ် လျော့ဈေးပေးတာကို စောင့်ကြည့်မှာပါ] Shime.
"သူဌေးယွမ်က လျော့ဈေးပေးတဲ့အထိ ရက်ရောပါ့မလား” ဖုန်းကို အောက်ချလိုက်ပြီးနောက် ဝမ်မန်လည်း အတော်လေး သိချင်စိတ် ဖြစ်မိသည်။
“ဟယ်လို၊ လင်းဟုန်ရေ”
ရေဘဝဲက လင်းဟုန်ကို ဖုန်းဆက်သည်။
“အေး၊ ဘာကိစ္စလဲ” ဆိုဖာပေါ်မှာ ထိုင်နေရင်း လင်းဟုန်က စိန်ပြေနပြေ စကားပြောသည်။
“ဟိုစားသောက်ဆိုင်လေးက ဒီကနေ့ လျော့ဈေးပေးတယ်” ရေဘဝဲက မော်ကြွားသော အမူအရာဖြင့် စကားပြောသည်။ လင်းဟုန်က ယွမ်ကျိုး၏ဆိုင်ဖွင့်ချိန် တိုးမြှင့်ရန် ပြောရန်ခဲ့သော်လည်း ယွမ်ကျိုးက သဘောမတူခဲ့ပေ။ ယခုတော့ ယွမ်ကျိုးက ထူးထူးဆန်းဆန်း လျော့ဈေးပေးနေသည်။
“သေချာပေါက် မဖြစ်နိုင်ဘူး။ အဲဒီလူက ငွေတအားမက်မောတယ်။ သူ့ဆီက လျော့ဈေးရနိုင်ပါ့မလား။ အရမ်းကို ခက်ခဲလွန်းတယ်” လင်းဟုန်ကအလေးအနက် ပြောသည်။
“မင်းကို အချက်အလက်တချို့ ပို့ပေးမယ်။ မင်းဘာသာမင်း ကြည့်လိုက်တော့။ ဒါဆိုရင် အမှန်လားဆိုတာ မင်း သိသွားမယ်”
ရေဘဝဲက ထပ်မံ မရှင်းပြဘဲ အဓိကအချက်ကို ပြောသည်။
“အိုကေ” လင်းဟုန်က မျက်မှောင်ကြုတ်ရင်း သဘောတူလိုက်ကာ ချက်ချင်း ဖုန်းချသွားသည်။
ခဏလေးအတွင်း ဖုန်းမြည်လာသည်။
“ဒင်…”
လင်းဟုန်က စာတိုကို ဖွင့်ကြည့်လိုက်သည်။ ပို့စ်တစ်ခုကို Ss ရိုက်ထားခြင်း ဖြစ်သည်။ မန်မန်ထံမှဖြစ်၍ အယုံကြည်ရဆုံး အသိပေးစာ ဖြစ်သည်။ သူမကိုယ်တိုင် ယွမ်ကျိုး၏စားသောက်ဆိုင်ကို သွားမည်ဟု ရှင်းရှင်းလင်း ပြောထားသည်။
“ဒီလူ တကယ်လျော့ဈေးပေးနေတာလား” ထပ်မံမျက်မှောင်ကြုတ်ရင်း လင်းဟုန်က သူကိုယ်တိုင် နေ့လည်ခင်းတွင် သွားစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
မနက် ၁၁နာရီခွဲတည်းက ယွမ်ကျိုး၏ စားသောက်ဆိုင်ဝင်ပေါက်မှာ တန်းစီစောင့်နေသော ဖောက်သည်များ ပြည့်နှက်နေခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
“ငါ ဘာလုပ်သင့်လဲ။ ဒီနေရာမှာ လူအများကြီး ရှိနေမယ်မှန်း ကြိုသိရင် သေချာပေါက် စောစောလာပါတယ်” အနည်းဆုံး လူ၅၀ခန့်ရှိသော သူ့အရှေ့က လူတန်းကြီးကို ကြည့်ကာ မားဝေ သက်ပြင်းချသည်။
“ရှောင်လျှို၊ အခုဆိုရင် လူအရမ်းများနေတယ်။ မင်းတို့တွေ မြန်မြန်လာခဲ့တော့။ ငါ တန်းစီထားပြီးပြီ” မားဝေက ရှောင်လျှိုကို ဖုန်းဆက်လိုက်သည်။
“ဟေ့လူ၊ သူဌေးက တခြားသူအတွက် ကိုယ်စားတန်းစီပေးတာကို ခွင့်မပြုတာ မသိတာလား။ မင်း တစ်နေရာစာ ယူပြီးရင် မင်းအတွက်ပဲ ရမယ်။ မင်းမှာ တခြားသူငယ်ချင်းအတွက် တန်းစီစောင့်ရင် ငါတို့ကို မင်းကို ကျော်တက်ခွင့်ရှိတယ်” စုံတွဲက စကားဖြတ်ပြောသည်။
“မရဘူး။ ငါ့သူငယ်ချင်းတွေ အများကြီး လာဦးမယ်” မားဝေက အလွယ်တကူ ဖယ်ပေးမည့် စိတ်ကူး မရှိပေ။
“မင်း ငါပြောတာကို မယုံကြည်ရင် ဟိုဘက်ကို တစ်ချက် ကြည့်လိုက်ဦး” ချစ်သူစုံတွဲက ယွမ်ကျိုး၏စားသောက်ဆိုင် တံခါးပေါ်မှ ကြီးမားသော စာလုံးကို ညွှန်ပြရင်း စကားပြောသည်။
“တကယ်လား” မားဝေက တံခါးကို လှမ်းကြည့်သည်။
တံခါးပေါ်မှာ ကပ်ထားသော စာပါ အကြောင်းအရာက
“တစ်ကိုယ်စာပဲ တန်းစီပေးပါ။ တစ်ယောက်စာအတွက် ပိုပြီး နေရာယူစောင့်တာကို ခွင့်မပြုပါဘူး။ မင်း အဲဒီလိုလုပ်ရင် မင်းဦးထားတဲ့ နေရာကို အတည်မသတ်မှတ်ဘူး။ သူ့နောက်က တခြားသူတွေက သူ့နေရာကို ယူနိုင်ပါတယ်”
“ဘာလဲဟ။ တကယ်လား” မားဝေက ဖုန်းကို ကိုင်ဆောင်ရင်း စိတ်ဒုက္ခရောက်လာသည်။ သူ့နောက်တွင်လည်း လူ ဒါဇင်ခန့် ရှိနေသည်။
“ရှောင်လျှို၊ ဆိုင်ရှင်က တခြားသူအတွက် ကိုယ်စားတန်းစီခွင့် မပေးဘူး။ ငါတို့ ဘာဆက်လုပ်မလဲ” မားဝေက အမှန်တရားကို ဖုန်းမှတဆင့်သာ ပြောနိုင်သည်။
“ငါတို့သူဌေးကို ငါ သွားမေးလိုက်မယ်” ရှောင်လျှိုက ချက်ချင်း တုံ့ပြန်သည်။
“မေးပေးဦး” မားဝေ ပြန်ဖြေသည်။
သူ့နောက်ဘက်မှ စုံတွဲက သူပြောနေသော အကြောင်းကို ဂရုတစိုက် နားစွင့်နေသည်။ သူတို့က တစ်ယောက်စာ ကျော်တက်ချင်သော ရည်ရွယ်ချက် ဖြစ်သည်။
“အရင်ဆုံး ပြန်လာခဲ့တော့။ ငါတို့တွေ နောက်မှပဲ သွားတော့မယ်လို့ သူဌေးက ပြောတယ်”
ခဏအကြာတွင် ရှောင်လျှို၏အသံက ဖုန်း၏တခြားတစ်ဖက်မှ လွင့်မြောလာသည်။
“အိုကေ” မားဝေက သူ့အရှေ့က ဖောက်သည်များကို တစ်ချက်ကြည့်ပြီး တန်းစီနေသော နေရာမှ ထွက်လာခဲ့သည်။
“ကောင်းတာပေါ့။ ငါတို့တော့ အခုဆိုရင် ကြာကြာစောင့်စရာ မလိုတော့ဘူး” ချစ်သူစုံတွဲက ပျော်ရွှင်စွာဖြင့် ရှေ့တစ်လှမ်း တိုးလိုက်သည်။
မန်မန်နှင့် လင်းဟုန်တို့ကလည်း သူတို့နောက်မှာ ရောက်နေပါပြီ။
ဝင်ပေါက် အရှေ့ဘက်တွင် ဖောက်သည်များဖြင့် ပြည့်နှက်နေသည်။
ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲမှာ သူ စားချင်သော အစားအသောက်များကို ပြင်ဆင်နေသည်။ အရှေ့ဘက်မှာ စောင့်ဆိုင်းနေသူများက မွှေးအနံ့ကို ရ၍ ပိုဆာလောင်လာသည်။
ယွမ်ကျိုး၏စားပွဲပေါ်မှာ ကျင်းလင်မြက်၊ ဖီးနစ်အမြှီး ပုစွန်ဟင်း၊ ကြက်ခြေထောက်ပေါင်း၊ အမဲသား နုပ်နုပ်စင်း၊ ဘလူးဘယ်ရီယို၊ အစုံလိုက် ကြက်ဥထမင်းကြော် နှင့် ဆေးဖက်ဝင်လက်ဖက်ကြက်ဥတို့ ရှိသည်။
ယွမ်ကျိုးက ပထမဆုံးအကြိမ် ကောင်းကောင်းမွန်မွန် စားသောက်ခြင်း ဖြစ်သည်။ လျော့ဈေးကြောင့် သူ့ဝင်ငွေ မထိခိုက်၍ အပျော်လွန်နေသည်။ အပေါ်ထပ်မှ လှမ်းမြင်နေရသော တန်းစီစောင့်နေသည့် ဖောက်သည်များကြောင့် သူ့စီးပွားရေးက ပုံမှန်ထက် သုံးဆ တိုးတက်နိုင်သည်ဟု ယွမ်ကျိုး ခံစားမိသည်။
"ဝိုး ပိုက်ဆံအများကြီးရပြီ" ယွမ်ကျိုး၏ အမြင်အာရုံမှာ တစ်စုံတစ်ရာ လင်းလက်နေသည်ဟု ယွမ်ကျိုးကိုယ်တိုင် ခံစားမိသည်။
အပိုင်း(၁၃၂)
ပြီးပါပြီ