← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အပိုင်း(၁၃၆)

ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ယွမ်ကျိုးကမစ်ရှင်ပြီးမြောက်မည့်အဖြေကို တွေးတောချင်းဖြင့်အလုပ်ရှုပ်နေစဉ် တခြားတစ်ဖက်မှ တစ်စုံတစ်ယောက်ကလဲ သူ့အကြောင်းတွေးတောနေသည်။

"ရှောင်ကွမ်၊ ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ နောက်ခံအကြောင်း မင်းကို စုံစမ်း ထားခိုင်းတယ်လေ" သေသပ်ကျနစွာ ၀တ်ဆင်ထားသော အမျိုးသားက ဟိတ်ဟန် အပြည့်ဖြင့် ဖုန်းပြောသည်။

"ဘာဖြစ်လို့လဲ" ဖုန်း၏ တစ်ခြားတစ်ဖက်မှ နွမ်းလျသောအသံကို ကြားနိုင်သည်။ အသံကို နားထောင်သည့် မည်သူမဆို တစ်ဖက်သူသည် အိပ်မှုန်စုံမွှားဖြစ်နေမှန်းသိနိုင်သည်။

"ရှောင်ကွမ်၊ မင်းအခုထိအိပ်နေတုန်းလား" အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်သောအမူအရာကိုပြသသည်။

"ရှဲရွှယ်စစ်၊ ဒီအချိန်ဆို ငါ အမြဲ အိပ်နေတယ်ဆိုတာ မင်းမသိဘူးလား"

ရှောင်ကွမ် အမည်ရှိသောအမျိုးသားသည် စိတ်အခြေအနေမကောင်းသောကြောင့် ချက်ချင်း ပြန်အော်သည်။

"ဝမ်ဖန်ကွမ်၊ မင်းဒီလို ဆက်ပြုမူနေရင် မင်းဘ၀ မကြာခင်အဆုံးသတ် တော့မယ်"

ရှဲရွှယ်စစ်က မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်တွင်ရှိသော ကားလမ်းကြောပိတ်ဆို့နေခြင်းကို ငေးမောကြည့်ပြီး ခြိမ်းခြောက်ဟန်ဖြင့်ပြောဆိုသည်။

"ငါဘာသာ အိပ်တာ၊မအိပ်တာ မင်းရဲ့ အလုပ်မဟုတ်ဘူး အဓိက ကိစ္စကိုသာ ပြော"

၀မ်ဖန်ကွမ်က ညအိပ်၀တ်စုံကို ၀တ်ဆင်ထားကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ဂွမ်းစောင်ကိုဖယ်ရှားလိုက်ပြီး ခြေဗလာဖြင့် အခန်းထဲ လမ်းလျှောက်လိုက်သည်။

"ထောင်ရှီးလမ်းမှာ ဖွင့်ထားတဲ့ ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ နောက်ခံကို စုံစမ်းဖို့ကူညီပေး" ရှဲရွယ်စစ်က အဓိက အချက်ကို ပြောလိုက်သည်။

"ကောင်းပြီ တစ်နာရီကြာရင် လိုအပ်တဲ့ အချက်အလက်တွေ မင်းကို ပို့ပေးမယ်" ဖုန်း၏ တခြားတစ်ဖက်မှ အာမခံ သော အပြောအဆို ကို ရရှိသွားသောအခါ ရှဲရွှယ်စစ်က ဖုန်းချလိုက်သည်။

သူကထိုင်ခုံမှာပြန်ထိုင်လိုက်ပီး သစ်သားစားပွဲခုံကို လက်ချောင်းကလေးများဖြင့် ခေါက်နေရင်း ‌'ဒေါက်၊ဒေါက်၊ဒေါက်' ဟူသော ခုံခေါက်သံလဲ ထွက်ပေါ်နေသည်။

ဆိုင်၏ရောင်းရသောအမြတ်ငွေ လျော့ကျသွားသည့်အပြင် ရောင်းရနှုန်းမှာလဲ အရမ်းကို နည်းပါးလွန်းသည်။

ထို့ကြောင့်

ရှဲရွှယ်စစ်က စုံစမ်းရန်အတွက် အထွေထွေမန်နေဂျာ ကို ဆင့်ခေါ်ခဲ့သည်။

ထိုမှသာ အဖြစ်အပျက်၏အကြောင်းအရင်းကို သူသိရလိမ့်မည်ဖြစ်သည်။

ရှဲရွှယ်စစ်သည် World Foodie Hotel ၏ သူဌေးဖြစ်သည်။ World Foodie Hotel၏ စားသောက်ဆိုင်သည် သူ့အဖေ ပိုင်ဆိုင်မှုတွေထဲကတစ်ခုလဲ ဖြစ်သည်။

သူက အလုပ်သင်အနေဖြင့် အလုပ်လုပ်ကိုင်နေစဉ် ရောင်းရငွေအမြတ် ရုတ်တရက်

ထိုးကျသွားခြင်းက လက်သင့်မခံနိုင်သောကိစ္စရပ်ဖြစ်နေလေသည်။

"ယွမ်ကျိုး" စီးပွားရေး စီမံချက် ကို ဖတ်ရှုနေစဉ် ရှဲရွှယ်စစ် က တိုးလျသော အသံဖြင့် ရေရွတ်လိုက်သည်။

အုပ်ချုပ်မှုနဲ့ သက်ဆိုင်သောအဖွဲ့က အစီအရင်ခံစာနှစ်ခုကို ပေးပို့ထားသည်။ပထမတစ်ချက်သည် သက်ဆိုင်သောအချက်အလက်ကို စုံစမ်းရန်နှင့် အရည်အချင်း ရှိသော စားဖိုမှူး များကို စုဆောင်းရန်ဖြစ်သည်။

ရှဲရွှယ်စစ်က အစီအရင်ခံစာများကို တွေးတော ကြံဆနေစဉ် ၀မ်ဖန်ကွမ်က ရွေးချယ်မည့်သူ၏နောက်ကြောင်းကို စုံစမ်းရန် ကူညီပေးနေသည်။

ကောင်းမွန်သော ကံတရားများသည် တပြိုင်နက်ထဲ ရောက်လာလေ့မရှိသော်လည်း ကံဆိုးမှုများကတော့ အမြဲတမ်း တစ်ဦးထဲရောက်ရှိလာလေ့ရှိသည်။

ဤခံစားချက်ကို

ယွမ်းကျိုး ယနေ့ ခံစားရမည်။

နေ့လည်ခင်းဆိုင်ဖွင့်ချိန် ပိတ်ရန် မိနစ်ပိုင်းအလိုတွင် ပုံမှန်ဖောက်သည် များနှင့် အတူ တစ်ခြားသော ဖောက်သည်များလဲ ရှိနေသည်။

"ဒီဆိုင်မှာလာစားတဲ့ သူတွေကို ပန်းစည်းလက်ဆောင်ပေးတယ်လို့ သတင်းကြားတယ် အဲဒါ ဟုတ်လား သူဌေးယွမ်" ဝူဟိုင်းက ပြုံးရွှင်စွာဖြင့် ကျီစယ်လိုက်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် ခင်‌ဗျားနဲ့ မဆိုင်ပါဘူး"လို့ ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် ဖြည့်စွက်ပြောသည်။

"ဟား...ဟား... ကံဆိုးလိုက်တဲ့ အစ်ကိုဝူ။ ကျွန်မလည်း တစ်ခုရထားတယ်" မန်မန် က ၀င့်ကြွားသောအမူအရာကို ဖော်ပြသည်။

"သူဌေးယွမ် ဒါက ဘာသဘောလဲ။ ကျွန်တော်နဲ့

မဆိုင်ဘူးလို့ ဘာလို့ပြောရတာလဲ" ဝူဟိုင်းက ဤစကားများကို ပြောလိုက်စဉ် ဖုန်းသံ ရုတ်တရက်မြည်လာသည်။

"အားနာပါတယ်" ကျွန်တော့်ဖုန်းပါ ယွမ်ကျိုးက အားတုံ့အားနာ ဟန်ဖြင့် ပြောလိုက်ပြီး ချက်ချင်း ဖုန်းချ လိုက်သည်"

"ကိစ္စမရှိဘူး ဖုန်းသွားကိုင်လို့ရပါတယ်" ပုံမှန်ဖောက်သည် တစ်ချို့က အကြံပေးသည်။

"ကိစ္စမရှိဘူး နောက်မှ ပြန်ခေါ်လဲ ရတယ်လေ။ဆိုင်ပိတ်ဖို့ ငါးမိနစ်လောက်ဘဲ လိုတော့တယ်" ယွမ်ကျိုးက ဂရုမစိုက်ဟန်ဖြင့်ပြောဆိုလိုက်သည်။

"အွန်း..."

ဖောက်သည်များက

ယွမ်ကျိုးကို လျစ်လျူရှုလိုက်ပြီး သူတို့ဘာသာသူတို့ စကားဆက်ပြောကြသည်။

ငါးမိနစ်လောက်ကြာပီးနောက် ဖောက်သည်အားလုံးထွက်သွားပြီးသောအခါ ယွမ်ကျိုးက ဖုန်းပြန်ခေါ်လိုက်သည်။

"ဟယ်လို! သူဌေးယွမ် အားနာပါတယ်။ ကျွန်တော့်ရဲ့ ဆိုင်ကို ပြန်လိုချင်လို့ပါ။ ဒါကြောင့်မလို့..."

ဖုန်း၀င်သွားသောအခါ ယွမ်ကျိုးက ဖုန်း၏တခြားတစ်ဖက်မှ သူ၏သတင်းဆိုးကိုကြားသိရသည်။

ဤဆိုင်ကို စနစ်ကပြုပြင်မွမ်းမံနေပြီး ယွမ်ကျိုးက ညဖက်တွင် စီးပွားရေး လုပ်ကိုင်ရန် ဤနေရာကို အသုံးပြု ရည်ရွယ်ထားသည်။

"ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ" ယွမ်ကျိုးက အဓိက အကြောင်းအရင်းကို မေးမြန်းသည်။

သူတို့ချင်း ငှားရမ်းသဘောတူစာချုပ်တွင်လက်မှတ်ထိုးထားသည်မှာ မကြာသေး၍စိတ်ပြောင်းသွားစရာ အကြောင်းမရှိချေ။

"ဒါဆိုရင် ကျွန်တော် ခင်ဗျားကို မဖုံးကွယ်တော့ပါဘူး။ တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ ဆိုင်ကို ၀ယ်ချင်နေလို့ပါ။ ဒါကြောင့် ကျွန်တော်လည်း ရောင်းချင်တယ်။ ခင်ဗျားပေးထားတဲ့ ငှားရမ်းခ ငွေတွေကို ပြန်ပေးပါမယ်။ ဒါဆို အဆင်ပြေတယ်မလား"

ဖုန်း၏တခြားတစ်ဖက်မှ

သူသည် အားတုံ့အားနာဟန်ဖြင့် ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း သူ၏အဓိက ရည်ရွယ်ချက်ကို တန်းပြောသည်။

"မရဘူးလေ။ ပြုပြင်တာတွေတောင် လုပ်နေပြီလေ"

ယွမ်ကျိုးက ချက်ချင်းငြင်းပယ်လိုက်သည်။

"ဝယ်ယူသူက ဈေးကြီးကြီးပေး၀ယ်နေလို့ပါ။ ရက်ပိုင်းလောက်ဘဲ ရှိသေးတယ်။

ဘာလို့ ဆိုင်ကို အလောတကြီး ပြုပြင်နေရတာလဲ သူဌေးယွမ်"

တစ်ဖက်သူကယွမ်ကျိုး၏စကားကို မယုံကြည်ပုံရသည်။

"ဒီလိုလုပ်ဗျာ၊ ကျွန်တော်လဲ ခင်ဗျားရဲ့ဆိုင်ကို ၀ယ်မယ်။ ဘယ်လောက်လိုချင်လဲ ဒါပဲပြော " ယွမ်ကျိုးက ခဏ တွေးကြံ ပြီးနောက် ဆိုင်ကိုအပြီး ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုမှသာ သူ့ကို စိတ်အနှောင့်အယှက်ပေးစေသော အကြောင်းအရာများမှ ကင်းဝေးလိမ့်မည်ဖြစ်သည်။

"တကယ်လား။ ဒါဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ် သူဌေးယွမ်၊ ခင်ဗျားက စီးပွားရေးကြီးကို လုပ်နေတာဆိုတော့ ငွေရေးကြေးရေးကို ဂရုမစိုက်မှန်း သိပါတယ်" အမျိုးသား၏အသံက မျက်နှာချိုသွေးသော အသံအဖြစ်သို့ ချက်ချင်းပြောင်းလဲ သွားသည်။

ထိုအပြင်သူက ယွမ်ကျိုးကို စကားလုံးပေါင်းများစွားဖြင့် ဆက်တိုက်ချီးမွမ်းစကားပြောဆိုနေလေသည်။

"ငါတို့ ဒီလိုစကားတွေပြောနေဖို့ မလိုအပ်ဘူး။ နေ့လည်သုံးနာရီကြရင် ရွှေရီလက်ဖက်ရည်ဆိုင်မှာ ခင်ဗျားနဲ့ ကျွန်တော် ဆုံမယ်။

လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကို ယူလာခဲ့ပေးဖို့မမေ့နဲ့"

ယွမ်ကျိုးက တွေ့ဆုံမည့်အချိန် နှင့် လိပ်စာကို ချက်ချင်းပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျွန်တော်ယူလာခဲ့မယ်" အမျိုးသားက ချက်ချင်းသဘောတူလိုက်သည်။

ဖုန်းချလိုက်သည်နှင့် တစ်ဖက်လူသည် အတော်လေးပျော်ရွှင်သွားပြီး သူ၏ဦးခေါင်းကို လှည့်လိုက်ပြီး ၀င့်ကြွားစွာဖြင့် ပြောသည်။

"တွေ့လား။ အချစ်ကလေး၊ ကိုတော်တယ်မလား။စုတ်ပြတ်နေတဲ့ဆိုင် ရောင်းထွက်သွားပြီ"

"ရှင် တော်တာမဟုတ်ပါဘူး ငါးလ လောက် ငှားလို့မရတဲ့ ဒီဆိုင်ကို ဘယ်သူငှားလဲ ဆိုတာ စုံစမ်းပေးတဲ့ ကျွန်မကပဲတော်တာပါ" ဇနီးသည် သည် ဖုန်းကို ကောက်ယူလိုက်ပြီး တစ်စုံတစ်ရာကို စတင်ရှာဖွေသည်။

"ဒီလူတန်း အရှည်ကြီးကို ကြည့်စမ်းပါဦး။ ကျွန်မတို့က သက်သောင့်သက်သာဖြစ်တဲ့ဘ၀မှာနေချင်လို့သာ ဒီဆိုင်ကို ရောင်းလိုက်တာ။ မဟုတ်ရင် အဲ့ဒီလူဆီ က စီးပွားရေးတွေကို ခိုးယူလိုက်တာ ကြာပေါ့ "

အမျိုးသမီးသည် သူမ၏ဖုန်းထဲမှ ယွမ်ကျိုးစားသောက်ဆိုင်၏ ၀င်ပေါက်နားက လူတန်းရှည်ကြီးကို ပြပြီး ခပ်ပြတ်ပြတ်လေသံ ဖြင့်ပြောဆိုသည်။

"အမှန်ဘဲ။ တခြားသူတွေပြောသလို အဲ့ဒီဆိုင်မှာ ရောင်းတဲ့ ဟင်းလျာတွေက အရသာရှိလို့လား" အမျိုးသားက တိုးလျသောလေသံဖြင့် ရေရွတ်လိုက်သည်။

"ဘာတွေရေရွတ်နေတာလဲ ဆိုင်ကိုရောင်းထွက်သွားတာ ကောင်းတာပေါ့။

သူ့ဆီက နည်းနည်းလေးဈေးပိုတင်ပြီး

တောင်းလိုက်တာလေ။ ဒီလိုမှမဟုတ်ရင် ငါတို့ တခြားသူကိုရောင်းမှာပေါ့"

အမျိုးသမီးက မော်ကြွားပြီး လိမ္မာပါးနပ်ပုံပေါ်သည်။

သူမကခေါင်းကိုလှည့်လိုက်ပြီး သူ့ယောက်ျားကို ထပ်မံညွှန်ကြားသည်။

"သိပြီ။ မစိုးရိမ်နဲ့။ ဖုန်းကနေတစ်ဆင့် ဈေးညှိပြီးသွားပြီ။ ဒီလောက် အရေအတွက် တောင်းထားတယ်" အမျိုးသားက ဈေးနှုန်းကို ညွှန်ပြကာ ၀င့်ကြွားစွာ ပြောလိုက်သည်။

"ဒါဆို ကောင်းတာပေါ့ တိုက်ခန်း၀ယ်နိုင်ပြီလေ အိမ်အသစ်ပိုင်တော့မယ်"

ထို့နောက်သူတို့နှစ်ဦးသည် တိုက်ခန်းအသစ်၀ယ်ယူမည့်အကြောင်းကို စိတ်ကူးယဉ်နေ တော့သည်။ မြို့လယ်ခေါင်မှ တိုက်ခန်းတစ်ခန်းလုံးကို ၀ယ်ယူမည့်အပြင် ဆင်ခြေဖုံးရပ်ကွက် တွင်လဲ ၀ယ်ယူရန်လဲ ပြော‌ဆိုနေကြသည်။

သူတို့က ယွမ်ကျိုးထံမှ ငွေ အမြောက်အများကို ရယူလိုသော ဆန္ဒရှိသည်။

သို့သော်လည်း ယွမ်ကျိုးကသေချာမစုံစမ်းဘဲ ဆုံးဖြတ်ချက်ချမိသူမဟုတ်ပေ။

"ငွေရှာရ အရမ်းခက်ခဲတယ်"

အခြေအနေမှန်ကိုစုံစမ်းနေစဉ် ယွမ်ကျိုးက တွေးကြံလိုက်သည်။

တခြားတစ်ဖက်တွင်မူ ဝမ်ဖန်ကွမ်ကလဲ ယွမ်ကျိုး၏အကြောင်းကို စုံစမ်းနေသည်။

[စုံစမ်းထားတဲ့ အချက်အလက်တွေကို မင်းဆီ ပို့ပေးမယ်။ ဒါပေမယ့်မင်းစုံစမ်းနေတဲ့သူက ဘာမှထူးခြားမှုလဲ မရှိဘူး။

သူ့ရဲ့ ဘိုးဘေးတွေကလဲ

ဘာမှ ထူးခြားမှု မရှိဘူး]

သူက Email၏အစပိုင်းတွင် လှောင်ပြောင်သောစကားတချို့ကိုပင် ဖြည့်စွက်လိုက်‌သေးသည်။

[ဒါဆိုရင် တစ်ရက်ရက် ချိန်းဆိုပြီးတော့ ညစာစားကြတာပေါ့]

ရှဲရွယ်စစ်က Emailပေါ်တွင် စကားလုံးအချို့ကို အလိုက်သင့်ရေးပီး

၀မ်ဖန်ကွမ်ကို စာပြန်ပို့လိုက်သည်။

ထို့နောက် သူကအချက်အလက်များကို လေ့လာကြည့်သည်။ရှဲရွှယ်စစ် လက်ခံရရှိသော အချက်အလက်များသည် ယွမ်ကျိုးကိုယ်တိုင်ထက်ပင် ပို၍သိနေသော အချက်အလက်များဖြစ်သည်။ အချက်အလက် ဖိုင်ထဲတွင် ဆုံးပါးသွားသော မိဘများအကြောင်းလဲ ပါ၀င်နေသည်။

Emailထဲတွင် ပါ၀င်သော အကြောင်းအရာများသည် ယွမ်ကျိုး၏ငယ်ဘ၀ အကြောင်းအရာများဖြစ်ပြီး အရေးကြီးသည့် ဟင်းချက်စွမ်းရည်နှင့် ပက်သက်သော အချက်အလက်များမပါ၀င်ပေ။

"သူက ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ရဲ့မီးဖိုချောင်မှာ အလုပ်လုပ်ခဲ့တယ်။ ဟင်းချက်စွမ်းရည်နဲ့ ပက်သက်တဲ့ အရည်အချင်းက မသိရဘူး။ ဘယ်သူ့ဆီကမှလဲ ဟင်းချက်တဲ့ပညာရပ်ကို သင်ယူထားတဲ့ မှတ်တမ်းလဲ မရှိဘူး။

ဒီဆိုင်ကို ဖွင့်တဲ့ အချိန်မှ သူ့ဂုဏ်သတင်းကြီးမားလာတာ။ဒါပေမယ့် အခုချိန်ထိ သူက ဘာမှမဟုတ်‌သေးဘူး" မှတ်ချက်များကို ဖတ်ရှုနေစဉ် ရှဲရွှယ်စစ်က သူ၏အကျင့်အတိုင်း လက်ချောင်းထိပ်ကလေးများဖြင့် စားပွဲခုံကို ခေါက်သည်။

ဤသည်ကား တစ်စုံတစ်ရာကို တွေးတောနေသည့်သူ၏အလေ့အထဖြစ်သည်။

အပိုင်း(၁၃၆)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၃၇)

"ငါ့ရုံးခန်းကိုခဏလာခဲ့ပေးပါ"

ရှဲရွှယ်စစ်က မန်နေဂျာကို

သူ့ရုံးခန်းထဲဆင့်ခေါ်လိုက်သည်။

ခဏလေးအတွင်း ရုံးခန်းအပြင်ဘက်က တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"အထဲဝင်လာခဲ့ပါ"

ရှဲရွှယ်စစ်ကစာရွက်စာတမ်းများကိုသိမ်းဆည်းလိုက်သည်။

"ဒီစာရွက်ထဲမှာ ငါ့ရဲ့ထင်မြင်ယူဆချက်‌တွေကို ရေးသားထားတယ်။ ငါ့ရဲ့ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ပါ။ ပြဿနာကြုံလာရင် ငါ့ကိုစကားပြောလို့ရတယ်။ ဒီတစ်ခေါက်တော့ အလုပ်ကောင်းကောင်းလုပ်ဖို့ မျှော်လင့်တယ်"

ရှဲရွှယ်စစ်က အသက်ငယ်ရွယ်သော်လည်း ကောင်းမွန်စွာ

စီမံခန့်ခွဲနိုင်သည်။ သူက

တာဝန်မကျေပွန်သောမန်နေဂျာကို အပြစ်မတင်သော်လည်း

တာဝန်ပြီးမြောက်ရန် တခြားအခွင့်အရေးတစ်ခုကိုကမ်းလှမ်းခဲ့သည်။

သူ့ရည်ရွယ်ချက်က ရိုးရှင်းသည်။ မန်နေဂျာကို

အမှားပြုပြင်‌စေလိုသောရည်ရွယ်ချက်ဖြစ်သည်။

"စိတ်ချပါ သူဌေး။ အရည်အချင်းရှိတဲ့သူတွေကိုစုဆောင်းတဲ့နေရာမှာ

ကျွန်‌တော်က အတွေ့အကြုံရှိပါတယ်"

မန်နေဂျာက စာရွက်စာတမ်းများကို လက်ကမ်းယူလိုက်ပြီး လေးနက်ခိုင်မာသောစကားကို မပြောခင် တစ်ချက်ကြည့်လိုက်သည်။

"အွန်း ငါယုံကြည်ပါတယ်"

ရှဲရွယ်စစ်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်ရေးကိုယ်တာကိစ္စများကို စတင်လုပ်ဆောင်သည်။ မန်နေဂျာက

တွေးတွေးဆဆဖြင့်

အပြင်ဘက်သို့ထွက်သွား၍ သူတစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။

ရွှေရီလက်ဖက်ရည်ဆိုင် နေ့လည်သုံးနာရီအချိန် ယွမ်ကျိုးနှင့်စုတ်ချာသောဆိုင်၏ပိုင်ရှင်စုံတွဲသည် မျက်နှာချင်းဆိုင်ထိုင်နေသည်။

ယွမ်ကျိုးကလက်ဖက်ရည်ဆိုင်၏အနီးအနားတွင်နေထိုင်သောကြောင့် ဆိုင်ရှင်စုံတွဲထက် အရင်ရောက်ရှိနေသော်လည်း လက်ဖက်ရည်ကိုမမှာယူခဲ့ပေ။

"သူဌေးယွမ် ရှင်က ငယ်ရွယ်ပြီးတော့ အောင်မြင်နိုင်ခြေရှိတယ်။ စားပွဲထိုး ဘာဖြစ်လို့လက်ဖက်ရည်မချပေးသေးတာလဲ"

မြေပိုင်ရှင်အမျိုးသမီးသည် လိမ္မာပါးနပ်ပုံပေါ်သည်။ထိုင်ခုံမှာ ထိုင်ပြီးနောက်

သူမက ယွမ်ကျိုးကို ချက်ချင်း ချေမှုန်းစကားပြောပြီး အလုပ်ကောင်းကောင်းမလုပ်သည့် စားပွဲထိုးကိုအပြစ်တင်လိုက်‌လေသည်။

"မလိုအပ်ဘူး ငါကလက်ဖက်ရည်မကြိုက်ဘူး"

ယွမ်ကျိုးကအေးစက်သောလေသံဖြင့်ငြင်းဆန်သည်။

"ဪ ဟုတ်ကဲ့။ သူဌေးယွမ်က ဒီဆိုင်က လက်ဖက်ရည်ကိုမကြိုက်ပုံဘဲ ဒါဆိုရင်လည်း ဈေးစကားပဲပြောကြတာပေါ့ "

မြေပိုင်ရှင်အမျိုးသမီးသည် စကားပြောသည်။

သူမ၏ဘေးနားတွင် ရောင်းချမည့်ဆိုင်၏ ပိုင်ရှင်အမျိုးသားကနှုတ်ဆိတ်ကာထိုင်နေသည်။

"ကောင်းပြီလေ ဒါကသတ်မှတ်ထားတဲ့ဈေးနှုန်းပါ တစ်ချက်ကြည့်ပေးပါ"

ယွမ်ကျိုးက ပြင်ဆင်လာသောစာချုပ်ကိုထုတ်ပြသည်။ ၎င်းဈေးနှုန်းသည် ဈေးကွက်ထဲ ရောင်းချနေသည့် တန်ကြေးအတိုင်းဖြစ်သည်။

ဈေးနှုန်းတန်ကြေးက

မမြင့်မားသော်လည်း

အရမ်းကြီးကြေးမမြင့်ချေ။

"သူဌေးယွမ် ခင်ဗျားကရိုးသားမှုမရှိဘူးဘဲ။ ဒီလိုဆိုရင် ကျုပ်ရဲ့ဆိုင်ကို တခြားသူတွေကိုပဲရောင်းလိုက်တော့မယ်"

မြေပိုင်ရှင်သည် ဈေးနှုန်းကိုမြင်သောအခါ သုန်မှုန်နေသောမျက်နှာအမူအယာဖြင့်သူ့ဇနီးကိုလှမ်းမေးသည်။

"သူတို့က ဒီလိုဆိုရင်တော့ ကျွန်တော်က တခြားအစီအစဉ်ကို ချပြရတာပေါ့"

ယွမ်ကျိုးက ယခင်စာချုပ်နှင့်ပတ်သက်သောမိတ္တူများ

စုစည်းထားသောအချက်အလက်ဖိုင်ကို

ထုတ်ပြသည်။ ထို့အပြင်

စာချုပ်ပါစည်းမျဉ်းများကိုဖောက်ဖျက်သည့် အကျိုးဆက်ကိုလဲ‌ရေးသားထားသောအကြောင်းအရာများပါဝင်သည်။

"ဒါကဘာသဘောလဲ သူဌေးယွမ်"

မြေရှင်အမျိုးသားသည် ယွမ်ကျိုး၏ခြိမ်းခြောက်မှုကြောင့်လန့်ဖြန့်သွားသည်။

ယွမ်ကျိုးက သူတို့ကိုတရားစွဲဆိုရန် ရည်ရွယ်လာသောအခါ

မကျေနပ်သောအမူအယာဖြင့် သူက ချက်ချင်းမေးမြန်းသည်။

"တရားဥပဒေအရပဲစကားပြောကြတာပေါ့။

ငါတို့ရဲ့သဘောတူစာချုပ်ကို ခင်ဗျားတို့ဘက်က

ချိုးဖောက်ဖို့ ကြံရွယ်ထားရင်တော့ ကျွန်တော်ကတော့ ရှေ့နေနဲ့တရားဥပဒေအရ ရင်ဆိုင်သွားမှာဘဲ။ မစိုးရိမ်နဲ့နော်။ ကျွန်တော့်မှာ

ငွေတွေအများကြီးရှိလို့ တရားစွဲဆိုဖို့လဲ မမှုဘူး"

ယွမ်ကျိုးက လေးနက်သောအမူအယာကိုဖော်ပြသည်။

သူက နောက်ပြောင်ကျီစယ်နေခြင်း လုံးဝမဟုတ်ချေ။

"ဪ ပြောဖို့မေ့တော့မလို့ ငါ့မှာရှိတဲ့ ငွေတွေနဲ့ အချိန်အများကြီးဖြုန်းစရာတောင်

မလိုဘူး။ တရားစွဲဆိုမှုက ခဏလေးနဲ့ နိုင်သွားမှာဘဲ"

ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြောပြီး သူ့လက်ထဲမှာဖုန်းကိုကောက်ယူလိုက်သည်။

"အွန်း"

တစ်ဖက်က မြေပိုင်ရှင်လင်မယားသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး တွေးကြံနေကြသည်။

သူတို့က အမြတ်ထုတ်ရန်အကြံအစည်ဖြင့် ဤနေရာကိုရောက်လာသော်လည်း တရားရုံးသွားရမည့်အခြေအနေဖြစ်နေ၍

အခြေနေမကောင်းချေ။

"ဒါနဲ့ ငါ့မှာ အချိန်အများကြီးမရှိဘူး ခင်ဗျားတို့ကို

စဉ်းစားဖို့ အချိန်ငါးမိနစ်ပေးမယ်။ ငါးမိနစ်ပြည့်သွားလို့ လိုအပ်တဲ့အဖြေမရရင်တော့ ဒီအမှုကို ကျွန်တော့်ရှေ့နေလက်ထဲအပ်ရလိမ့်မယ်"

ယွမ်ကျိုးက အချိန်ကိုတစ်ချက်ကြည့်ပြီးအေးအေးဆေးဆေးပြောသည်။

ငါးမိနစ်ကြာပြီးနောက် မြေပိုင်ရှင်လင်မယားသည်

အရောင်းစာချုပ်မှာ လက်မှတ်ထိုးရန်အတွက် အင်တင်တင်ဖြင့်

သဘောတူလိုက်သည်။

"အခုလိုမျိုး ပူးပေါင်းပေးလို့

ခင်ဗျားတို့နှစ်‌ယောက်ကို

ကျေးဇူးပါဘဲ"

ယွမ်ကျိုးက မတ်တပ်ရပ်ပြီးထွက်မသွားခင် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ

အလုပ်ကိစ္စအဆုံးသတ်ရန်အတွက်

အသွားအပြန်ကြာချိန်က

မိနစ်နှစ်ဆယ်သာရှိသည်။

ထို့နောက် သူက လိုအပ်သောစာရွက်စာတမ်းအားလုံးကို‌ ‌ ကျေနပ်ဟန်ဖြင့်သိမ်းဆည်းလိုက်သည်။

ငွေလွှဲပြောင်းရေးလုပ်ငန်းစဉ်အတွက် ယွမ်ကျိုးကအေဂျင်စီ ငှားယမ်းထားသည်။

အေဂျင်စီက

ကောင်းမွန်သောဂုဏ်သတင်းရှိပြီး အလုပ်ကို လျင်မြန်စွာလုပ်ဆောင်သည်။

တခြားဆိုင်ကို ရင်ဆိုင်ရလွယ်ကူသည်။

ယွမ်ကျိုးက‌ နောက်ထပ်ဆိုင်တစ်ဆိုင်ကိုဝယ်ယူချင်သည့်ဟုပြောလျှင်၊ ဆိုင်ပိုင်ရှင်က ပုံမှန်ဈေးကွက်ဈေးနှုန်းအတိုင်း ရောင်းချပေးလိမ့်မည်။

‌

ငွေလွှဲပြောင်းသောလုပ်ငန်းစဉ်ကိုလဲ တူညီသောအေဂျင်စီတစ်ခုထဲကိုသာအပ်နှံထားသည်။

ယွမ်ကျိုးကသူ့စားသောက်ဆိုင်သို့ပြန်ရောက်လာချိန် ညနေလေးနာရီခန့်သာရှိသေးသည်။

သူက အပေါ်ထပ်သို့တန်းတက်သွားပြီး မန်မန်၏ဘလော့ကိုရှာဖွေရန် ကွန်ပျူတာကိုဖွင့်လိုက်သည်။

မန်မန်၏အသက်မွေးလမ်းကြောင်းအလုပ်သည် တိုက်ရိုက်ထုတ်လွှင့်သူဖြစ်သည်။

ထို့ကြောင့် သူမ၏ဘလော့များသည် လူစိတ်ဝင်စားမှုများပြားသည်။ ယွမ်ကျိုးက သူမကို

သီးသန့်စာတို

ပေးပို့ချင်ခဲ့သည်။

သို့သော်ငြားလည်း သူဝင်ရောက်လိုက်သော စာမျက်နှာက အသိပေးစာဝင်လာသည်။

"သင်က စာရင်းမသွင်းထားရသေးသည့်အတွက် ဤလုပ်ဆောင်ချက်များကို အသုံးမပြုနိုင်သေးပါ"

"ဒါဆိုရင် အရင်ဆုံးစာရင်းသွင်းဖို့လိုအပ်တာလား"

ထို့နောက် ယွမ်ကျိုးက စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို အရင်ဆုံး လုပ်ဆောင်လိုက်သည်။

"ဝမ်မန် မနက်ဖြန်‌ နေ့လည်ခင်းကျရင် တိုက်ရိုက်ထုတ်လွှင့်မှုက သူငယ်ချင်းတချို့ကိုခေါ်လာပေးပါ။ အားလုံးကိုနေ့လည်စာကျွေးချင်လို့ပါ.

ရက်ရောသောသူဌေးယွမ် "

တိုက်တိုက်ဆိုင်ဆိုင် ဝမ်မန်ကသူမ၏ဘလော့သို့ပေးပို့လာသော သီးသန့်စာတိုကိုဖတ်ရှုနေသည်။နာမည်ကို

မြင်တွေ့လိုက်သောအခါ

သူမက စာတိုကို ထိလိုက်ပြီး ချက်ချင်းစစ်ဆေးကြည့်သည်။

"ရှင်က ယွမ်ကျိုးလား။ သူဌေးယွမ်လား"

ဝမ်မန်က မေးမြန်းသည်။

ဝမ်မန်က ကွန်ပျူတာရှေ့မှာထိုင်နေပြီး ဒွိဟဖြစ်သောခံစားချက်ဖြင့်

ခေါင်းကိုကုတ်နေသည်။

သူဌေးယွမ်တစ်ယောက်ထဲသာ၊ သူမသိသည့်သူ‌ဌေးယွမ်က ယွမ်ကျိုးဖြစ်သော်လည်း၊ ယွမ်ကျိုးက သူမကို

နေ့လည်စာကျွေးရန် ဖိတ်ခေါ်ခြင်းက လုံးဝမဖြစ်နိုင်သောကိစ္စရပ်ဖြစ်သည်။

"ဟုတ်တယ် မနက်ဖြန်

နေ့လည်ခင်းလာခဲ့ပေးပါ။ မင်းရဲ့သူငယ်ချင်းတွေကိုလဲခေါ်လာခဲ့ပေးပါ.

ရက်ရောသောသူဌေးယွမ်"

"ရှင်က သူဌေးယွမ် လုံးဝမဖြစ်နိုင်ဘူး။ ဘယ်လိုသက်သေပြမှာလဲ"

ဝမ်မန်က ချက်ချင်း ယုံကြည်တတ်သူမဟုတ်ဘဲ ယွမ်ကျိုးလျော့ဈေးပေးတုန်းကလည်းသူမက လွယ်လင့်တကူမယုံကြည်ခဲ့ပေ။

"တကယ်ပြောနေတာပါ မနက်ဖြန်နေ့လည်ခင်းကျရင်မင်းရဲ့သူငယ်ချင်းနဲ့အတူလာခဲ့ပေးပါ တိုက်ရိုက်ထုတ်လွှင့်မှုကသူငယ်ချင်း‌တွေဖြစ်ပါစေ

ငါးယောက်ထပ်တော့မနည်းစေနဲ့ .

ရက်ရောသောသူဌေးယွမ် "

မျက်မှောင်ကြုတ်ရင်း ယွမ်ကျိုးက စာသားတချို့ကိုထပ်မံရေးသားသည်။

"တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။ သူဌေးယွမ်က ငါ့ကို နေ့လည်စာဖိတ်ကျွေးနေတယ်။ ပြီးတော့ငါ့သူငယ်ချင်းတွေကိုပါ

ကျွေးမယ်လို့ပြောတယ်။

သူ့ရဲ့အကောင့် ခိုးခံရတာလား"

ဝမ်မန်က မယုံကြည်နိုင်ဖြစ်နေသည်။

"အစားအသောက်တွေကို

အလဟဿ ဖြစ်ခွင့်မပြုပါဘူး .

ရက်ရောသောသူဌေးယွမ် "

ထို့နောက် ယွမ်ကျိုးက

အွန်လိုင်းပေါ်မှဆင်းသွားသည်။ကွန်ပျူတာရှေ့မှာ

ထိုင်နေသော ယွမ်ကျိုးကတခြားမည်သူ့ကို ဆက်သွယ်ရမလဲဟု တွေးကြံနေသည်။

"ဝူဟိုင်းကို ဆက်သွယ်ရင်ကောင်းမလား"

ယွမ်ကျိုးက

သူ့စားသောက်ဆိုင်၏

မျက်နှာချင်းဆိုင်မှာ

နေထိုင်သောဝူဟိုင်း၏

အကြောင်းကို တွေးနေမိသည်။ ဝူဟိုင်းက သူ့ဆိုင်ကိုနေ့တိုင်းလာလေ့ရှိပြီး၊ ငွေရေးကြေးရေးကောင်းမွန်သူဟု ထင်ရသည်။

သို့သော်ငြားလည်း စက္ကန့်ပိုင်းခန့်ကြာပြီးနောက် ယွမ်ကျိုးက ဤအတွေးကို လက်လျော့လိုက်သည်။ ဝူဟိုင်းက

သူ့ဆိုင်မှာနေ့တိုင်းလာစားလေ့ရှိသော်လည်း

သူငယ်ချင်းများကိုခေါ်လာလေ့မရှိပေ။

ဝူဟိုင်းကို ဒကာခံရန်ဆိုခဲ့ခြင်းက အသုံးမဝင်နိုင်ချေ။

ယွမ်ကျိုးက ဝူဟိုင်းကို ကပ်စေးနှဲသူအဖြစ် တံဆိပ်ကပ်လိုက်သည်။

ယွမ်ကျိုးက သူ့ဖုန်းကို လှန်‌‌လျောကြည့်ရှုနေစဉ် အစားအသောက်ဂရု၏အဖွဲ့ဝင်ဖြစ်သော သူ့သူငယ်ချင်းစွန်းမင်အကြောင်းကို

ရုတ်တရက် အမှတ်ရသွားသည်။

"စွန်းမင် မနက်ဖြန်နေ့လည်ခင်းကျရင် ငါ့ဆိုင်မှာ

နေ့လည်စာလာစား "

ဖုန်းဝင်ဝင်ချင်း ယွမ်ကျိုးကချက်ချင်းပြောသည်။

"ဘာလဲ

မင်းဒကာခံမလို့လား"

စွန်းမင်က သူ့အကြံအတိုင်း ယွမ်ကျိုးကို ခနဲ့လိုက်သည်။

" ဟုတ်တယ် မင်းကိုဒကာခံမယ် "

ယွမ်ကျိုးကအထိုက်အလျောက်ပြန်ဖြေသည်။

"အဟွတ် အဟွတ် မင်းကယွမ်ကျိုးဟုတ်ပါတယ်နော် "

စွန်းမင်က လန့်ဖြန့်သွားပြီး ချောင်း‌ခြောက်ဟန့်ပြုသည်။

သို့သော်လည်း သူက ဟုတ်မှန်ကြောင်းအတည်ပြုလိုက်‌လေသည်။

"မနက်ဖြန်ကျရင်

အချိန်မှီလာခဲ့ပါ။ ဟင်းပွဲသစ်တွေလည်း ရှိတယ် "

ယွမ်ကျိုးက သူကိုယ်တိုင်ကြော်ငြာခွင့်မရှိ၍ ရိုးရှင်းသောစကားလုံးတချို့ကိုသာပြောနိုင်သည်။

" ကြောက်ဖို့ကောင်းလိုက်တာ ထိတ်လန့်စရာပဲ။ မင်းဖျားများဖျားနေတာလား "

စွန်းမင်က ယွမ်ကျိုး၏

ပြောဆိုမှုကို

မယုံကြည်နိုင်ဖြစ်နေသေးသည်။

"တကယ်ပြောတာပါ မနက်ဖြန်ကျရင်တွေ့ကြမယ်"

ထိုစကားကိုပြောပြီးနောက်ယွမ်ကျိုးဖုန်းချလိုက်သည်။

"ဒီကောင်ရူးသွားတာလား သူက ဘာလို့ငါ့ကို ရုတ်တရရက် ဒကာခံမယ်လို့

ပြောရတာလဲ "

လန့်ဖြန့်သွားသောစွန်းမင်ကတအံ့တဩပြောဆိုနေသည်။

ယွမ်ကျိုး၏ဆက်သွယ်မှုနှစ်ခုက အထိုက်အလျောက် အကျိုးသက်ရောက်မှုရှိသည်။

ဝမ်မန်က ယွမ်ကျိုးပြောဆိုတဲ့အချက်အလက်ကိုလုံးဝမယုံကြည်နိုင်ပေ။ နောက်ဆုံးအနေဖြင့် သူမက ဆက်သွယ်လာသောဘလော့၏အမည်ကို ထပ်တလဲလဲစစ်‌

ဆေးကြည့်သည်။

ယွမ်ကျိုးက သူ့၏တည်နေရာအချက်အလက်ကိုမပိတ်ထား၍ သေချာအတည်ပြုနိူင်ခဲ့သည်။

တစ်ဖက်တွင်လည်း စွန်းမင်ကယွမ်ကျိုး၏စားသောက်ဆိုင်သို့ညနေဘက်တွင်သွားရန်ဆုံးဖြတ်လိုက်သည်။

သူ့သူငယ်ချင်အပြင်းအထန်ဖျားနေလျှင် သူငယ်ချင်းတစ်ယောက်အနေဖြင့် ယွမ်ကျိုးကိုသွားကြည့်ရမည့်တာဝန်ရှိသည်ဟု ခံယူလိုက်သည်။

အပိုင်း(၁၃၇)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၃၈)

ညအချိန်ကျရောက်လာသည့်အခါ စွန်းမင်က ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ အလောတကြီး ကားမောင်းထွက်လာသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်ရှိသောအခါ စားသောက်ဆိုင်ဝင်ပေါက်တွင် တန်းစီစောင့်နေသော ဖောက်သည်များကို မြင်တွေ့ရသည်။

သူက သူ့ညီအစ်ကိုလိုခင်ရသော သူငယ်ချင်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စိုးရိမ်သော်လည်း ပုံမှန်အတိုင်း ဆိုင်ဖွင့်နိုင်ပြီး စိုးရိမ်စရာ မလိုကြောင်း သိရှိသွားသည်။

နာရီဝက်ခန့် ကြာပြီးနောက် စွန်းမင်၏ အလှည့်သို့ ကျရောက် လာသည်။

“မင်းအဆင်ပြေရဲ့လား”

ထိုင်ခုံမှာ ထိုင်ထိုင်ချင်း စွန်းမင်က မေးမြန်းသည်။

“ဘာလို့မေးတာလဲ”

ယွမ်ကျိုးက မိုးပြာရောင်ကျောက်တုံးကောင်တာထက်ပေါ်တွင် မီးဖိုချောင် အသုံးအဆောင်ပစ္စည်းများကို တင်လိုက်ပြီးနောက် စပ်စပ်စုစုမေးမြန်းသည်။

“မင်းက ငါ့ကိုဒကာခံမယ်ပြောလိုက်တော့ မင်းရဲ့ဦးနှောက်က အဖျားပိုးကြောင့် ပျက်စီး သွားတာလားလို့ သိချင်လို့ပါ”

စွန်းမင်က ယွမ်ကျိုးကို သေချာအကဲခတ်ပြီးနောက် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရှိသွား၍ စိတ်အေးသွားရသည်။

“မဟုတ်ပါဘူး၊ မနက်ဖြန်လာဖို့ မမေ့နဲ့နော်”

ယွမ်ကျိုးက မဖော်ရွေသောလေသံဖြင့် စကားပြောသည်။

“သေချာပါတယ်နော်”

စွန်းမင်က အနည်းငယ်သံသယဝင်နေသေးသည်။

“သေချာတာပေါ့၊ မင်းက ဒီဆိုင်ကို အစားစားဖို့လာတာလား။ ပေါက်ပန်းလေးဆယ်ပြောဖို့ လာတာလား”

ယွမ်ကျိုးက ချက်ခြင်းမေးမြန်းသည်။

“အစားစားဖို့လာတာပေါ့၊ ဒီဆိုင်ကို အစားစားဖို့လာတာလေ၊ ဒီဆိုင်ကို မလာတာကြာပြီ” ယွမ်ကျိုး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း အတည်ပြုပြီးနောက် စွန်းမင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ဘာဖြစ်တာလဲ”

ယွမ်ကျိုးက သမားရိုးကျအမူအရာဖြင့် မေးမြန်းလိုက်သည်။

“ဟင်းပွဲအသစ်တွေရှိတယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား။ အဲ့ထဲက တစ်ခုကို အရသာ မြည်းကြည့်မယ်လေ”

စွန်းမင်က စပ်စုသောအမူအရာကို ထုတ်ဖော်ပြသည်။

“ဈေးနှုန်းစာရင်းကို အရင်ဆုံးကြည့်ပြီးမှ ဆုံးဖြတ်”

ယွမ်ကျိုးက စွန်းမင်၏ နောက်တွင်ရှိသော နံရံကို လက်ညှိုးထိုးပြသည်။

“ဈေးကြီးတယ်၊ ဈေးကြီးနေတယ်မို့လား”

စွန်းမင်က လှည့်ကြည့်လိုက်သည်။

“ဒါဆိုရင်တော့ အရွက်ဟင်းပွဲကိုပဲ စားတော့မယ်။ ကျေးဇူးပါပဲ”

ပုံမှန်မဟုတ်သော ဈေးနှုန်းကို စစ်ဆေးကြည့်ပြီးနောက် စွန်းမင်က သူ့စိတ်ကိုချက်ခြင်းပြောင်းလဲလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် မကြာခင်ရစေရမယ်။”

ယွမ်ကျိုး ခေါင်းညိတ်သည်။

“ဟေး ညီကို မနက်ဖြန် ငါစားချင်တာ စားလို့ရလား”

စွန်းမင်က ယွမ်ကျိုးသူ့ကို မနက်ဖြန် ဒကာခံမည့် အကြောင်းကို တွေးတောမိသောအခါ မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ မင်းစားချင်တာစားလို့ရတယ်။ ဒါပေမယ့် ပုံမှန်အတိုင်းပဲနော်။ အလဟဿ အဖြစ်မခံဘူး။”

ယွမ်ကျိုးက မက်စ် မတပ်ခင်တွင် ပြန်ပြောသည်။

“ကိစ္စမရှိပါဘူး၊ ငါက အစားအသောက်တွေကို တန်ဖိုးအထားဆုံးပဲ”

စွန်းမင်က ချက်ချင်းသဘောတူလိုက်သည်။

ယွမ်ကျိုးက တရားဝင်ဖိတ်ကြားစာမပို့သော်လည်း သူတို့အားလုံးကို ပြင်ဆင်ရန်အချိန် လုံလုံလောက်လောက်ပေးခဲ့သည်။ ထို့အပြင် ပုံမှန်ဧည့်ခံကျွေးမွေးမှုမျိုးလည်း မဟုတ်သောကြောင့်

နေ့လည်(၁၁)နာရီသို့ သတ်မှတ်လိုက်သည်။

စွန်းမင်နှင့် မန်မန်တို့ (၂)ဦးစလုံးသည် အချိန်မီ ရောက်ရှိလာခဲ့သည်။

မန်မန်နှင့်အတူတူပါလာသော ဧည့်သည်များသည် တိုက်ရိုက်ထုတ်လွှင့်သူများဖြစ်ပြီး သူမနှင့်ကုမ္ပဏီတစ်ခုထဲတွင် အလုပ်လုပ်ကိုင်သည့် လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်သည်။ သူတို့အားလုံးသည် ပုံမှန်အချိန်တွင် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ တခါတလေ အတူတွဲပြီးတိုက်ရိုက်ထုတ်လွှင့်မှုရှိသောကြောင့် ပရိတ်သတ်အတူတူလည်းဖြစ်သည်။

စွန်းမင်က သူနဲ့အတူတူ ကျန်းတာ့မင်နှင့် မျောက်ကြီးတို့ကို ခေါ်ဆောင်လာသည်။

အချိန်စောသေးသောကြောင့် စားသောက်ဆိုင်တွင် အခြားသောဖောက်သည်များ မရှိသေးချေ။ သူတို့အုပ်စု(၂)ခုရောက်ရှိလာသောအခါ တစ်ယောက်နှင့်တစ်ယောက် မယုံသင်္ကာဟန်ဖြင့် ကြည့်ကြသည်။

“ဒီလူတွေကိုကော သူဌေးယွမ်က ဖိတ်ကြားထားတာလား”

စွန်းမင်နှင့် မန်မန်တို့သည့် အလယ်ထိုင်ခုံ၌ နေရာယူလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက် စကားပြောကြသည်။

“သူဌေးယွမ်က ငါတို့အားလုံးကို ဒကာခံမှာလား”

ချစ်စဖွယ်ကောင်းသော ကောင်မလေး မန်မန်က စပ်စပ်စုစုမေးမြန်းသည်။

စွန်းမင်က တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်သည်။

ယွမ်ကျိူးကို မနေ့ညတုန်းက အခြေအနေ ကောင်း/မကောင်း လာကြည့်စဉ်က ပုံမှန်ဖြစ်သည်။

သို့သော်လည်း မန်မန်နှင့်သူ့သူငယ်ချင်းအဖွဲ့ကို မြင်တွေ့ရသောအခါ ပုံမှန်မဟုတ်ဟု ခံစားမိသည်။

စုစုပေါင်း (၈)ယောက်ခန့်ရှိပြီး မန်မန်၏ဘက်မှ (၅)ယောက်ခန့်နှင့် သူ့ဖက်မှ (၃)ယောက်ဖြစ်သည်။ ယွမ်ကျိုးက သူ့ကို ညီအစ်ကိုလိုခင်သည့်ခံစားချက်ကြောင့် နေ့လယ်စာ ဒကာခံခြင်းဖြစ်သော်လည်း ဒီကောင်မလေး အဖွဲ့ကို ဒကာခံသည့် အကြောင်းရင်းကို မသိရချေ။

ယွမ်ကျိုးက လုံးဝပုံမှန် မဟုတ်ချေ။ သူ့ဦးနှောက်က ယာယီပျက်ဆီးသွားသည်ဟုပင် ခံစားမိသည်။

စွန်းမင်နှင့်မန်မန်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီးနောက် သူတို့သူငယ်ချင်း အဖွဲ့ကိုကြည့်ကာ နောက်ဆုံးတွင်မူ ယွမ်ကျိုးကို ကြည့်လိုက်သည်။

“ရှင်အရင်မေးကြည့်ပါလား”

မန်မန်က သူ့ကိုအချက်ပြသည်။

“မင်းမေးတာပိုကောင်းမယ်။ မင်းခေါ်လာတယ်သူတွေက ပိုများတယ်လေ”

စွန်းမင်က ကောင်မလေးကို ညှာတာမည့် အပြုအမူကို မပြသပေ။

“ဒါပေမယ့် ရှင်နဲ့သူဌေးယွမ်က ညီအကိုလိုခင်တယ်လို့ သတင်းကြားတယ်နော်”

အချိန်အတော်ကြာအောင် နှုတ်ဆိတ်ပြီးနောက် မန်မန်က စွန်းမင်နှင့်ယွမ်ကျိုး၏ ဆက်ဆံရေးကို သိကြောင်း ထုတ်ဖော်ပြောသည်။

“ဒါဆိုရင် တူတူမေးကြမယ်လေ”

စွန်းမင်က ခဏတွေးကြံပြီးနောက် တိုးလျသောအသံဖြင့် စကားပြောသည်။

“အွန်း”

မန်မန်က လေးနက်စွာခေါင်းညိတ်သည်။ သူတို့(၂)ဦးသာ အကြည့်ခြင်းဖလှယ်ကာတိုင်ပင်နေသော်လည်း သူတို့အဖွဲ့မှ အခြားသူငယ်ချင်းများက တုံ့ပြန်မှု မရှိပေ။

“သူဌေးယွမ်က ငါတို့ကို တကယ်ဒကာခံမှာသေချာရဲ့လား” မျောက်ကြီးက မယုံကြည်နိုင် ဖြစ်နေသည်။

“ငါလည်းမသိပါဘူး၊ ဒါပေမယ့် ငါတို့က ဒီကိုလာတဲ့ရည်ရွယ်ချက်က တစ်ခုခု ဝယ်စားဖို့လေ”

ကျန်းတာ့မင်က ဒကာခံသည့်အကြောင်းအရာကို လုံးဝဂရုမစိုက်ပေ။ ထို့အပြင် သူက သူ့နောက်တွင်ရှိသော ဈေးနှုန်းစာရင်းကို ငေးစိုက်ကြည့်ပြီး မည်သည့်ဟင်းပွဲအသစ်ကို ရွေးချယ်ရမလဲ၊ ရွေးချယ်သင့်လဲ အကြံထုတ်နေသည်။

“ကောင်းပြီလေ”

ကျန်းတာ့မင်က ဤပြဿနာရပ်ကို အလေးမထားသောအချက်ကို မြင်တွေ့ရသောအခါ မျောက်ကြီးကလည်း ဆက်မတွေးတော့ပဲ ဟင်းပွဲအသစ်များကို လေ့လာနေသည်။

တစ်ဖက်တွင်ရှိသော တိုက်ရိုက်ထုတ်လွှင့်သူများသည် စွန်းမင်တို့အဖွဲ့နှင့် ခြားနားသည်။ သူတို့သည် အတော်အတန်ဂုဏ်သိက္ခာရှိသော တိုက်ရိုက်ထုတ်လွှင့်သူများဖြစ်၍ သိပ်မကျော်ကြားသော စားသောက်ဆိုင်များက သူတို့ဆိုင်ကို ကြော်ငြာပေးရန်အတွက် ဖိတ်ခေါ်လေ့ရှိသည်။ ထို့ကြောင့် ဤကဲ့သို့သော ဒကာခံခြင်းက သူတို့အတွက် ထူးဆန်းသော ကိစ္စရပ်မဟုတ်ပေ။ သူတို့က တိုးလျသောလေသံဖြင့် စကားပြောနေသည်။

ဟင်းပွဲများ အကြောင်းကို လုံးဝဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ မန်မန်၏ ကြင်နာသော ဖိတ်ကြားမှုကြောင့်သာ ဆိုင်သို့ရောက်လာခြင်းဖြစ်သည်။ ဤဆိုင်မှစားသောက်ပြီးနောက် ပြန်သွားလျှင် စားသောက်ဆိုင်နှင့်ပတ်သတ်သော ဘလော့လေးကို ပို့စ်တင်ပေးမည်။ လတ်တလောတွင် မန်မန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ကျော်ကြားနေ၍ သူမ၏ ဖိတ်ကြားမှုကို လက်ခံသင့်သည်။

“ကျေးဇူးတင်ပါတယ်၊ အခုလိုဖိတ်ကြားပေးလို့ ကျေးဇူးပါပဲ”

မန်မန်နှင့် စွန်းမင်က အထိုက်အလျောက်ပြောဆိုသည်။

“ဖိတ်ကြားမှုကိုလာပေးလို့ မင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ မင်းတို့ကြိုက်တဲ့ ဟင်းပွဲတွေကို ကြိုက်သလိုမှာယူနိုင်ပါတယ်။ စည်းမျဉ်းတစ်ခုထဲကိုပဲ လိုက်နာရမယ်။ အစားအသောက်တွေကို အလဟဿအဖြစ်မခံပါဘူး”

ယွမ်ကျိုးက သူကိုယ်တိုင် နှုတ်ဆက်စကားပြောသည်။

“ခဏနေပါဦး ယွမ်ကျိုး၊ မင်းနေကောင်းပါတယ်နော်”

တခြားလူအများကြီးရှိနေသေး၍ စွန်းမင်က ယဉ်ယဉ်ကျေးကျေးသုံးနှုန်းကာ မေးမြန်းသည်။

“ဟင်းပွဲတွေကို မှာပေးပါဗျာ”

ယွမ်ကျိုးက ဇီဇာကြောင်လွန်းသောအဖွဲ့ကို စိတ်ပျက်နေသည်။

ယွမ်ကျိုးက စကားဆက်မပြောချင်မှန်း မြင်တွေ့ရသောအခါ မန်မန်နှင့် စွန်းမင်တို့သည့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သူတို့စားသုံးမည့်ဟင်းပွဲများကို စိတ်အားထက်သန်စွာ စတင်မှာယူသည်။

ယွမ်ကျိူး၏ အလေ့အကျင့်အရ ပုဇွန်ဟင်းပွဲများကို (၃၀၀)ဂရမ်ထက် ပို၍ မှာယူမရချေ။ ထို့ကြောင့် လူတစ်ဦးချင်းစီသည် မတူညီသော ဟင်းပွဲများကို မှာယူကြသည်။

မှာယူထားသောဟင်းပွဲများကို သေချာမှတ်သားပြီးနောက် ယွမ်ကျိုးက သူ့အိတ်ထဲမှ ပိုက်ဆံကို ထုတ်လိုက်ပြီး ပိုက်ဆံပုံးထဲ ထည့်လိုက်သည်။ ဤတစ်ကြိမ်တွင် စနစ်က သူ၏အပြုအမူကို ငြင်းဆန်ခြင်းမရှိဘဲ ပြန်အမ်းငွေကို ထုတ်ပေးသည်။

ထိုစဉ် မျောက်ကြီးက သူ့ကိုခနဲ့သည်။

“ဘာလဲ သူဌေးယွမ်က ဒီဒကာခံတာအတွက်လည်း အခကြေးငွေ ပေးရတာလား”

“ဒါကစည်းမျဉ်းပဲလေ”

ယွမ်ကျိုးက ပုံမှန်အတိုင်းပြန်ဖြေသည်။

“ဒီစားသောက်ဆိုင်ကို မင်းပိုင်ဆိုင်တာတောင် မင်းကအခကြေးငွေ ပြန်ပေးနေ သေးတာလား။ မင်းရဲ့ညာဘက်အိတ်ကပ်ထဲက ပိုက်ဆံကို ဘယ်ဘက်အိတ်ကပ်ထဲပြောင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

မျောက်ကြီးက ယွမ်ကျိုး၏ အပြုအမူကို ဝေဖန်သည်။

“ဒါမှလည်း ငွေရေးကြေးရေး ရှင်းရပိုလွယ်မှာပေါ့။ ဒါတွေက စည်းမျဉ်းပဲလေ”

ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ဖြေသည်။

“ဒီလိုလုပ်တာ မှန်ကန်ပါတယ်။ ဒါစည်းကမ်းလိုက်နာတဲ့ပုံစံလည်း ပိုပေါက်တာပေါ့”

စားသောက်ဆိုင်ဖွင့်သည့် အတွေ့အကြုံရှိသည့် စွန်းမင်က သဘောတူလိုက်သည်။

တခြားသူ အားလုံးသည် သူတို့၏ အတွေးအမြင်များကို အပြိုင်အဆိုင် ပြောဆိုကြသည်။

တခြားတဖက်တွင်မူ ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်သည်။

“စနစ်ရေ အရင်တစ်ခေါက်တုန်းက စွန်းမင်တို့အဖွဲ့ကို ထမင်းကြော်ကျွေးဖို့ကြံရွယ်တုန်းက မင်းက ဟန့်တားခဲ့တယ်။ အခုရော သူတို့အတွက် ငါက ပေးလို့ရပါ့မလား”

ယွမ်ကျိုးက သံသယဝင်သောလေသံဖြင့် ပြောဆိုသည်။

စနစ်ကဖော်ပြသည်။

“ဆိုင်ရှင် အရေအတွက်ကို အခြေခံတဲ့ မစ်ရှင်တွေကိုပြီးမြောက်ဖို့ဆိုရင် အခုလိုမျိုး ကျွေးမွေးတာက ထည့်တွက်လို့မရပါဘူး”

“ဒါဆိုရင် သူတို့အတွက်ကော ငါက အခကြေးငွေပေးလို့ရလား” ခဏတာတွေးကြံပြီး နောက် ယွမ်ကျိုးက ရှင်းလင်းသောအဖြေကိုရရှိရန် မျှော်လင့်တကြီး မေးမြန်းသည်။

စနစ်ကဖော်ပြသည်။

“အရေအတွက်ကို အခြေခံတဲ့ မစ်ရှင်ကာလမှာ ခွင့်မပြုပါဘူး”

“အင်း”

ယွမ်ကျိုးက နားလည်ဟန် အမူအရာ ဖော်ပြသည်။ ယွမ်ကျိုးက ဒုတိယနည်းလမ်းကို အသုံးပြုရန် မရည်ရွယ်သော်လည်း ဒကာခံရသည့် အကြောင်းအရင်းကို အမှတ်ရမိသည်။ သူက မစ်ရှင်ပြီးမြောက်ရန်အတွက် မိတ်ဆွေဖွဲ့လိုသော ရည်ရွယ်ချက်ဖြစ်သည်။

ထို့နောက် သူ၏ လက်ကိုဆေးကြောလိုက်ပြီး ဟင်းပွဲများကို ချက်ပြုတ်ရန်ပြင်ဆင်သည်။

ဟင်းပွဲအားလုံးအတွက် ကုန်ကျငွေကို စွန်းမင်နှင့် မန်မန်၏ လက်ထဲသို့ထည့်ပေးပြီး စနစ်မှ သတ်မှတ်ထားသော ငွေပုံးထဲသို့ ထည့်စေသည်။ ထိုမှသာ ယခင်က ကဲ့သို့ ပိတ်ပင်ထားသော ပိတ်ပင်မှုမျိုးကို စနစ်မှ

မလုပ်ဆောင်နိုင်ချေ။

လူ(၈)ယောက်မှာယူထားသော ဟင်းပွဲများသည် စုစုပေါင်း (၁၁)ပွဲဖြစ်သည်။ တချို့သောဟင်းပွဲများသည် အသင့်ရှိနေပြီးသားဖြစ်သည်။ အကျော်ကြားဆုံးဟင်းပွဲများက အဆင်သင့်အနေဖြင့် တစ်ဝက်ခန့်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဥပမာပြောရမည်ဆိုလျှင် ခံတွင်းထဲ အရည်ပျော်သွားသော ကြက်ခြေထောက်ပေါင်းဟင်းပွဲ(၃)ပွဲက ဒယ်အိုးထဲမှာ အသင့်ရှိပြီးသား ဖြစ်ပြီး ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ(၂)ပွဲကို လုပ်ဆောင်နေပါသည်။

ယွမ်ကျိုးက ကိစ္စရပ်တိုင်းကို သူကိုယ်တိုင် လုပ်ဆောင်လေ့ရှိသည်။ ထို့အပြင် စားသုံးသူများ သုံးဆောင်မည့်ဟင်းပွဲများကို သူကိုယ်တိုင် ထိတွေ့လေ့မရှိပေ။ ထိုမှသာ လတ်ဆက်မှုကို ထိမ်းသိမ်းနိုင်မည့်အပြင် အခြားသူ၏ အငွေ့အသက်များ လွမ်းမိုးခြင်းကို ကာကွယ်နိုင်လိမ့်မည်။

ရုတ်တရက်မမျှော်လင့်ထားသော ကိစ္စရပ်တစ်ခုက စဉ့်နီတုံးပေါ်တွင် ဖြစ်ပေါ်သွားသည်။

အပိုင်း(၁၃၈)

ပြီးပါပြီ။

All Chapters