အခန်း (၁၄၅-၁၄၇)
Vol. 10 Ch. 145-147
အပိုင်း(၁၄၅)
ယွမ်ကျိုးက အလှဆင်ခြင်းအလုပ်ဖြင့် အလုပ်ရှုပ်နေစဉ် ဝူဟိုင်းကလည်း အနုပညာဖန်တီးခြင်း အလုပ်ကို အာရုံစိုက်မရချေ။ သူက တစ်နေ့ခင်းလုံး ဘာဆိုဘာမှ မစားဘဲ ရေပဲ သောက်နေခြင်းကြောင့် ဖန်တီးနိုင်စွမ်း လျော့နည်းနေသည်။ ဝူဟိုင်း၏ကိုယ်စားလှယ်အမည်က ကျန်းကျဝေဖြစ်ပြီး မိန်းမဆန်သော ပုံပန်းသဏ္ဍာန်ရှိသည်။
"ဝူဟိုင်း၊ နင်နဲ့ငါနဲ့ အလုပ်တွဲလုပ်လာတာ နှစ်ပေါင်းများစွာရှိပြီ။ အခုတလော မင်းရဲ့ အစာအိမ်ရောဂါက ပိုပြီးတော့ သက်သာလာတယ်။
ဒီရောဂါကို ထပ်ဖြစ်အောင် မင်းကိုယ်မင်း ဒုက္ခပေးနေတာလား" ကျန်းကျဝေက ဝမ်းနည်းပူဆွေးသောအကြည့်ဖြင့် ဝူဟိုင်းကို ငေးကြည့်ပြီး သူ့မျက်ဝန်းမှ ကျဆင်းလာသော မျက်ရည်စက်များကို သုတ်သည်။
“မင်းကို ပုံမှန်အတိုင်းစကားပြောဖို့ ဘယ်နှခါလောက် သတိပေးရမလဲ။
ဒီလိုပုံစံမျိုးနဲ့ စကားဆက်ပြောနေရင် ဒီနေရာက ထွက်သွားလိုက်တော့” ဝူဟိုင်းက သနားညှာတာမှု ကင်းမဲ့စွာပြောသည်။
“ကိစ္စမရှိပါဘူး။ ငါ့ဘာသာငါ ဘာမှမစားဘဲနဲ့လည်း နေနိုင်တယ်”
“ဘာမှမစားလို့ရမလား။ ဒါကဟွမ်ထင်းဟိုတယ်ကနေ ဝယ်လာတဲ့ဟာ။ မင်းစားကြည့်လိုက်။ အရင်က မင်းအရမ်းကြိုက်ခဲ့တဲ့ ပင်လယ်ခရုပေါင်းထမင်းလေ။ ကြည့်ပါဦး။ လတ်ဆတ်ပြီး တော့ ပူပူနွေးနွေးလေး”
ဝူဟိုင်း၏ဒေါသကြီးသော အမူအရာကို မကြောက်ဟန်ဖြင့် ကျန်းကျဝေက ကြင်နာသော အမူအရာဖြင့် သူ့ကို ဖျောင်းဖျရန် ကြိုးစားသည်။
“ခင်ဗျားကို ကျွန်တော်ပြောပြီးသားလေ။ ကျွန်တော်ဘာမှ မစားချင်ဘူးလို့။ မနက်ဖြန်မှပဲ စားမယ်”
ဟင်းပွဲကို တစ်ချက်ပင် မကြည့်ပဲ ဝူဟိုင်းက သူ့ခုံဘေးနားတွင်ရှိသော အနုပညာမဂ္ဂဇင်းကို အမြန်လှန်လှောဖတ်ရှုနေသည်။ ကျန်းကျဝေသည် သတိထားသောအမူအရာဖြင့် ခြေနှစ်လှမ်းတိုးလိုက်ပြီး ဝူဟိုင်း၏လက်ထဲမှ မဂ္ဂဇင်းကို ဆွဲယူလိုက်သည်။
“ခင်ဗျားကို ကျွန်တော် တစ်ခုတော့ပြောမယ်။ ခင်ဗျား ဒီလိုအကျင့်တွေကို မလုပ်သင့်ဘူး။ ပန်းချီပြပွဲက မကြာခင်စတော့မယ်။ မပြီးသေးတဲ့ ပန်းချီကားက ငါးချပ်တောင်ရှိသေးတယ်။ ဒီလိုမျိုး ထမင်းမစားဘဲ အခြားဘာအစားမှ မစားဘဲနေရင် ရောဂါဖြစ်တော့မယ်။ ခင်ဗျား ဘာဖြစ်ချင်နေတာလဲဆိုတာ ကျုပ်ကိုပြောစမ်းပါ”
သူ့အမြင်အာရုံထဲ ရှုပ်ထွေးနေသော အလုပ်ခန်းကိုကြည့်ပြီး ကျန်းကျဝေက မနေနိုင်၊ မထိုင်နိုင် ငြီးတွားပြန်သည်။ ပုံမှန်ပြောရမည်ဆိုလျှင် တိုက်ခန်းနှစ်ခန်းစလုံးက အလွှာတစ်ခုထဲမှာသာရှိနေသည်။ သို့သော်ငြားလည်း ဝူဟိုင်းက အလွှာတစ်ထပ်လုံးကို ဝယ်ယူထားသည်။ ဒုတိယထပ်ရှိ တိုက်ခန်းနှစ်ခုစလုံးကို ဝယ်ယူထားခြင်းဖြစ်သည်။ တစ်ခန်းကို အလုပ်ခန်းအဖြစ် အသုံးပြုပြီး အခြားတစ်ခန်းကို အနားယူရန်အတွက် အသုံးပြုသည်။ ပုံမှန်အချိန်ဆိုလျှင် ပန်းချီခန်းသည် သပ်ရပ်သန့်ရှင်းပြီး ပစ္စည်းအားလုံး နေသားတကျရှိသည်။ ယခုတော့ ပန်းချီ စာရွက်များက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး တချို့သောစာရွက်များကို တစစီ စုတ်ဖြဲထားသည်။
“နင်ပြန်ချင်ပြန်တော့ အရမ်းကို နားငြီးတယ်”
မဂ္ဂဇင်းစာအုပ်ကိုယူပြီးနောက် ဝူဟိုင်းက တံခါးကိုဖွင့်ပေးပြီး စကားပြောသည်။
“ဝူဟိုင်းရယ် တစ်ခုခုတော့
စားပါ။ ငါတောင်းဆိုပါတယ်”
အရွယ်ရောက်အမျိုးသား ကျန်းကျဝေက နွမ်းလျသောလေသံဖြင့် ပြောဆိုသည်။
ဝူဟိုင်းက သူ၏စကားပြောဆိုပုံ နှင့် နေသားမကျသေးဘူးဆိုလျှင် ကြက်သီးမွှေးညှင်းများ ထသွားနိုင်သည်။
“စိတ်ပျက်စရာကောင်းလိုက်တာ။ ဘယ်လို လေသံမျိုးနဲ့ပြောနေတာလဲ။ ရှောင်လင်းက နင့်လိုကောင်မျိုးကို ကြိုက်ရတယ်လို့။ ဘာကိုများကြည့်ပြီး ကြိုက်သလဲ မသိဘူး”
ဝူဟိုင်းက မတ်တပ်ရပ်လိုက်ပြီး ဆတ်ဆတ်ထိမခံသော လေသံဖြင့်ပြောလိုက်သည်။
“ငါက တာဝန်သိတတ်တဲ့လူလေ။ ဒါ့ကြောင့်မို့ ငါရဲ့အချစ်ကလေးက ငါ့ကိုချစ်တာပေါ့”
သူ့ကောင်မလေးအကြောင်းပြောသောအခါ ကျန်းကျဝေက ချိုမြိန်သောအပြုံးလေးကို ချက်ချင်း ဖော်ပြသည်။
"ရွံစရာကောင်းလိုက်တာ။ အခုချက်ချင်း ထွက်သွားစမ်းပါ" ဝူဟိုင်းက ဆက်သည်းမခံနိုင်သည့်အဆုံး စကားပြန်ပြောသည်။
“ကောင်းပြီ ဝူဟိုင်း။ ယွမ်ကျိုးရဲ့စားသောက်ဆိုင်က ပြုပြင်ဖို့အတွက် ခဏပိတ်ထားတယ်။ ဒါ့ကြောင့်မလို့ ငါ့စကားကိုနားထောင်ပြီး တခုခုလေး စားလိုက်ပါလား။
ဘာလို့များ ဘာမှမစားရတာလဲ။ ဒီလိုမျိုးသာ ဆက်လုပ်နေရင် မင်း ပန်းချီဆက်ဆွဲနိုင်ပါတော့မလား”
ကျန်းကျဝေက သူ့ကို ဖျောင်းဖျရန်အတွက် အကောင်းဆုံးကြိုးစားသည်။
“မရဘူး။ စားလဲ မစားချင်ဘူး။ ငါ့အိမ်ကနေ ချက်ချင်းထွက်သွား” ဝူဟိုင်းက ခက်ထန်သောအမူအရာကို ပြသနေသေးသည်။
“စိတ်ပျက်လိုက်တာ။ ဒီလိုဆိုရင်တော့ အကူအညီတောင်းဖို့ ရှောင်လင်းကို လှမ်းခေါ်ရ တော့မယ်။ သူ့အစ်ကိုကို လာကြည့်ခိုင်းရမယ်။ မင်းကြောင့်နဲ့ သူ့ကို မစိုးရိမ်စေချင်ဘူး။ ဒါပေမယ့်လည်း ... ”
ဝူဟိုင်း၏ဆုံးဖြတ်ချက် ခိုင်မာသောအပြုအမူကြောင့် ကျန်းကျဝေက ဖုန်းကို ယူလိုက်ပြီး ဖုန်းခေါ်ရန် ပြင်ဆင်သည်။
“ကောင်းပြီ။ ကောင်းပြီ။ ငါသဘောပေါက်ပြီ။ ငါစားလိုက်မယ်။ ခုချက်ချင်း ပြန်သွားတော့ ဟုတ်ပြီလား”
ဝူဟိုင်း၏လေသံက ပို၍ ဆိုးရွားလာပြီး ဒေါသတကြီး ထအော်သည်။
“လိမ္မာတယ်။ မင်းရဲ့အစာအိမ်အတွက် အထောက်အကူဖြစ်အောင် စွပ်ပြုတ်ရည်လေးကို အရင်ဆုံးသောက်။ ပြီးတော့မှ ဟင်းပွဲတွေကိုစား။ အစားစားပြီးရင် စောစောအိပ်ရာဝင်ဦး”
ကျန်းကျဝေက ပြောလိုက်ပြီး အသေးစိတ်ညွှန်ကြားသည်။ ဤဖြစ်စဉ်အတောအတွင်း ဝူဟိုင်းက တစ်ချိန်လုံး နှုတ်ဆိတ်နေသည်။ သူက ကျန်းကျဝေ၏စကားများကို မကြားသကဲ့သို့ ပြုမူနေသည်။ တံခါးပိတ်သံ ထွက်ပေါ်လာသည်။ ကျန်းကျဝေက စိတ်ချယုံကြည်စွာဖြင့် ထွက်သွားခြင်းဖြစ်သည်။ ရှောင်လင်း၏ နာမည်ကိုသုံး၍ ဝူဟိုင်းကို ခြိမ်းခြောက်တိုင်း ဝူဟိုင်းက ပို၍ နာခံလာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ နည်းလမ်းက အလုပ်မဖြစ်ခဲ့ချေ။ ကျန်းကျဝေ စိတ်ချလက်ချထွက်သွားသည်နှင့် ဝူဟိုင်းက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး စားပွဲခုံပေါ်တင်ထားသော ဟင်းပွဲများကို အနံ့ရှုကြည့်သည်။
“အနံ့ကလည်း ဆိုးဝါးလိုက်တာ။ အချိုမှုန့်တွေ အများကြီး သုံးထားပုံပဲ”
ထို့နောက် ဝူဟိုင်းက ဟင်းပွဲကို စက်ဆုပ်ရွံရှာသော အမူအရာဖြင့် အမှိုက်ပုံးထဲပစ်လိုက်သည်။ ဖိနပ်ပါးကို ဝတ်ဆင်ထားသော ဝူဟိုင်းက သူ၏နားနေခန်းသို့ လမ်းလျှောက်သွားပြီး အိပ်ယာပေါ်ပစ်လှဲကာ ငေးကြောင်ကြည့်နေသည်။ သူကအနုပညာရှင်ဖြစ်သည်။ လူငယ်မျိုးဆက်သစ်များအကြား ထိပ်တန်းအနုပညာရှင်လည်းဖြစ်သည်။ ဒုတိယအကြိမ်မြောက် ပန်းချီပြပွဲက သူ့ဘဝအတွက် အရေးပါဆုံးလည်းဖြစ်သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်က မဖွင့်သောကြောင့် အခြားသော အစားအသောက်များကို စားသောက်ရန် ခက်ခဲနေသည်။ အနုပညာပြခန်း မကျင်းပမီ (၂)လလောက်အလိုထဲက ဝူဟိုင်းသည် ပန်းချီကားများကို ကြိုတင်ပြင်ဆင်ကာ ရေးဆွဲထားသည်။ အနုပညာရှင်တစ်ယောက်သည် စိတ်ကူးဉာဏ်ကွန့်မြူးရန်က အရေးပါဆုံး ဖြစ်သည်။ သူက ဘာဆိုဘာမှမစားပဲ ဆာလောင်သောအခြေအနေဖြင့် ဆက်လက်နေထိုင်နေလျှင် စိတ်ကူးဉာဏ် မည်သို့ ကွန့်မြူးနိုင်မည်နည်း။
“တကယ့်ကို စိတ်ပျက်စရာကောင်းလိုက်တာ”
ဝူဟိုင်းက အိပ်ယာပေါ်မှာ လဲလျောင်းနေသော်လည်း ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ကျယ်လောင်စွာ
ထအော်သည်။ လက်ရှိအချိန်တွင် ဝူဟိုင်း၏မျက်နှာ တစ်ပြင်လုံးကလည်း ဆေးစက်များ စွန်းထင်းနေပြီး သူ မြတ်နိုးတန်ဖိုးထားရသည့် မုတ်ဆိတ်များပင် ရှုပ်ပွကာ ဆံပင်ကလည်း ငှက်သိုက်နှင့်တူနေသည်။ ထို့နောက်
သူက ပြတင်းပေါက်နားသို့ လမ်းလျှောက်သွားသည်။
ယွမ်ကျိုး၏စားသောက်ဆိုင် အပြင်ဘက်ကို ငေးကြည့်လိုက်သောအခါ အလှဆင်သော အလုပ်သမားများဖြင့် ရှုပ်ယှက်ခတ်နေခြင်းကို သူမြင်တွေ့ရသည်။ ထို့နောက် သူက ပြီးလုနီးပါး ဖြစ်နေသော ပန်းချီကားတစ်ချပ်ကို စုတ်ဖြဲလိုက်သည်။
ဝူဟိုင်း၏မျက်မုန်းကျိုးခြင်းကို ခံနေရသော ယွမ်ကျိုးသည် စနစ်မှ ပေးအပ်သော အပိုဆုကြေးအထုပ်ကို မယူရသေးပေ။ မစ်ရှင်ပြီးမြောက်ပြီးနောက် အလုပ်ရှုပ်နေ၍ ဆုလာဒ်ကို လက်မခံရသေးခြင်း ဖြစ်သည်။
ဆုလာဒ်သည် အပိုဆုကြေးအထုပ်ဟူသော အမည်ဖြင့် ထိုက်တန်မှုရှိသည်။ အထုပ်ထဲတွင် အရာဝတ္ထုနှစ်ခု ပါဝင်သည်။ တစ်ခုက အရက်ထည့်သော ခွက်များဖြစ်ပြီး အခြားတစ်ခုက အဓိကအခန်းကဏ္ဍဖြစ်သည့် အရက် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ပေးအပ်သော အရက်ခွက်များက အရက်သောက်ရန်အတွက် အကောင်းဆုံး သင့်တော်သည်။ ထို့အပြင် စနစ်က
ခွက်ဒီဇိုင်း (၃)စုံကို တစ်ပြိုင်နက်ထဲ ပေးအပ်ခဲ့သည်။ အရက်ပုလင်းကလည်း ၂၅၀ မီလီမီတာ ပါဝင်သောကြောင့် ခွက်(၃)ခွက်ထည့်နိုင်သည့် ပမာဏဖြစ်သည်။
“သင်္ကေတလေးမျိုးဖြစ်တဲ့ မက်မွန်ပန်းရယ်၊ သစ်ခွရယ်၊ ဂန္ဓမာပန်းရယ်၊ ဝါးရယ် (၄)မျိုးရှိပြီးတော့ ဘာဖြစ်လို့ ခွက်က (၃)စုံပဲ ရှိရတာလဲ”
ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။ စနစ်က သူ့ကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။
“သူဌေးယွမ်၊ ကျေးဇူးပြုပြီး လာစစ်ဆေးပေးပါဦး။
ဒီနေရာမှာ ဖုန်တွေ အများကြီးရှိနေလို့ တစ်ခုခု နဲ့ ဖုံးထားဖို့ လိုအပ်လား"
ယွမ်ကျိုးက လူကြီးမင်းဖန်၏ အောက်ထပ်မှအော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
ယွမ်ကျိုးက လျင်မြန်သော ခြေလှမ်းများဖြင့် အောက်ထပ်သို့ အလောတကြီး ပြေးဆင်း လာသည်။
“အပြင်ဘက်မှာ ပြီးသွားပြီလား”
ယွမ်ကျိုးက အနည်းငယ် အံ့အားသင့်သွားသည်။
“ဟုတ်တယ် ပြီးသွားပါပြီ။ အခြောက်ခံဖို့ပဲ လိုအပ်တယ်။ ခဏနေရင် ခြောက်သွားမှာပါ။ ဒါက အသေးအမွှားလုပ်ငန်းလေးပါ။ အရမ်းကို လွယ်ကူပါတယ်။ ဖုန်တွေ စားသောက်ဆိုင်ထဲ မဝင်အောင် ကာဖို့ လိုအပ်လားပဲ စစ်ဆေးပေးပါ”
လူကြီးမင်းဖန်သည် ပြုံးကာပြောသည်။ သူ၏ခန္ဓာကိုယ်တွင် ဘိလပ်မြေများ စွန်းထင်းနေသည်။
“လူကြီးမင်းဖန်က တကယ့်ကို ကျွမ်းကျင်ပါတယ်။ အခုလို အနှောင့်အယှက် ပေးမိလို့ အားနာမိပါတယ်။ မီးဖိုချောင်ကို ဖုန်မဝင်အောင် ကာကွယ်ပေးပါ” ယွမ်ကျိုးက ခေါင်းညိတ်သည်။ ထို့နောက် သူက ကောင်တာ၏ အတွင်းဘက်မှာရှိသော လေးလံသော ကန့်လန့်ကာကို ထုတ်ပေးပြီး မီးဖိုချောင်ကို ကာရန် စတင်သည်။
“ကျွန်တော်ကူညီပေးမယ် ... သူဌေးယွမ်။ ဒါက ဒီကနေ့အတွက် လုပ်ငန်းရဲ့နောက်ဆုံး အပိုင်းပဲ။ မနက်ဖြန်ကျရင် လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်လိမ့်မယ်”
လူကြီးမင်းဖန်သည် လေးလံသော ကန့်လန့်ကာကို ယူလိုက်ပြီး ယွမ်ကျိုးကို အသေးစိတ် ပြောပြသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ အလုပ်လုပ်တာ ကျွမ်းကျင်မှုရှိပါတယ်”
ယွမ်ကျိုးက ယဉ်ကျေးစွာ ပြန်ပြောသည်။
“မလိုအပ်ပါဘူး။ သူဌေးယွမ်က တကယ့်ကို စဉ်းစားတွေးခေါ်တတ်တဲ့သူမျိုးမို့ ကျွန်တော်တို့အဖွဲ့ကို ငှားတာပါ။ ကျွန်တော်တို့အဖွဲ့က စေတနာထားပြီးတော့ အသေးစိတ် လုပ်ဆောင်ပေးပါတယ်။ မစိုးရိမ်ပါနဲ့။ ခင်ဗျားရဲ့အရက်ဆိုင်က လှပစေရမယ်လို့ အာမခံတယ်”
လူကြီးမင်းဖန်သည် ပွင့်လင်းစွာ ပြောဆိုသည်။ မီးဖိုချောင်ကို လေးလံသော ကန့်လန့်ကာ ဖြင့် ဖုံးကွယ်ပြီးသွားသောအခါ လူကြီးမင်းဖန်သည် သူ၏အလုပ်သမားများအား နံရံကို အင်္ဂတေ ကိုင်ရန် ခေါ်ဆောင်သွားသည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သူ၏ ဆုလာဒ်အသစ်ကို စစ်ဆေးရန် လုပ်ဆောင်နေသည်။
စနစ်မှပြောပြသည်။
“အရက်ဆုလာဒ်က ဝါးအရက် ဖြစ်ပါတယ်။ ဝါးတွေနဲ့ အရက်ပြုလုပ်ရမယ့်သဘောပါ”
ဝါးအစစ် ဟူသည့် သဘောက အရက်ဆိုင်၏ ဒုတိယထပ်တွင် စိုက်ပျိုးထားသော ဝါးများကို ဆိုလိုခြင်းဖြစ်နိုင်သည်။
အပိုင်း(၁၄၅)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၄၆)
ခဏကြာပြီးနောက် လူကြီးမင်းဖန်သည် အုတ်အားလုံးကို အောက်သို့ နေရာချထားသည်။ ထို့နောက် သူက အုတ်အားလုံးကို အရောင်တင်ပြီး နံရံမှာ အသေးစိတ်စီသည်။
“သူဌေးယွမ်၊ ခဏနေရင် ဒီနေရာမှာ ဖုန်တွေအရမ်းများတော့မယ်။ ဒါ့ကြောင့်မို့လို့ အပေါ်ထပ်ကိုသွားပြီး အနားယူဖို့ အကြံပေးပါရစေ”
လူကြီးမင်းဖန်သည် ခေါင်းလှည့်လာပြီး ယွမ်ကျိုးကို စကားပြောသည်။
“အွန်း ... ဒါဆိုရင်တော့ ခင်ဗျားတို့ပဲ ဆက်လုပ်လိုက်တော့ လူကြီးမင်းဖန်”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးတော့ သူ၏ဆုလာဒ်ကို လေ့လာရန် အပေါ်ထပ်သို့ တက်သွားသည်။
ဝူဟိုင်းက ဟင်းပွဲကို အမှိုက်ပုံးထဲပစ်လိုက်ပြီးနောက် သူ၏ အစာအိမ်မှ 'ဂွီ ဂွီ ဂွီ' ဟူသော အသံက ရုတ်တရက်မြည်လာသည်။ သူ့ကို အစာစားရန် လိုအပ်ကြောင်း အသိပေးခြင်းလည်း ဖြစ်သည်။
“အရမ်းကို ဗိုက်ဆာလိုက်တာ”
ဝူဟိုင်းက သူ၏ဝမ်းဗိုက်ကို ထိပြီး အစားအသောက်မှာယူသော အပလီကေးရှင်းကို မဖွင့်ခင် ဖုန်းကို ထုတ်လိုက်သည်။ ဝက်ဆိုဒ်စာမျက်နှာတွင်ရှိသော သာမာန်ထက်ထူးခြားသော ဟင်းပွဲများ၏ ပုံရိပ်များကိုကြည့်ပြီး ဝူဟိုင်းက သူ့စိတ်ကို ကျေနပ်စေသော ဟင်းပွဲများကို ရွေးချယ်ရန်
ဖြည်းဖြည်းချင်း ကြိုးစားသည်။ ဟင်းပွဲများကို ငေးကြည့်နေစဉ် သူက ဖုန်းကို ရုတ်တရက် လွှင့်ပစ်လိုက်သည်။
“စိတ်ပျက်စရာကြီး။ ဘာတွေမှန်းကို မသိဘူး။ အရသာရှိမယ့်ပုံလည်း မပေါ်ဘူး”
သူက မတ်တပ်ရပ်လိုက်ပြီး စိတ်မရှည်စွာဖြင့် အခန်းထဲ လမ်းပတ်လျှောက်နေသည်။ ရုတ်တရက် သူ့စိတ်ထဲ အကြံတစ်ခုပေါ်လာသည်။ ဝူဟိုင်းက အမှိုက်ပုံးထဲပစ်လိုက်သော ဟင်းပွဲကို ပြန်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကြယ်ငါးပွင့်ဟိုတယ်မှ ပြင်ဆင်ထားသော ဟင်းပွဲသည် သပ်ရပ်သန့်ရှင်းမှု ရှိသည်။ အမှိုက်ပုံးထဲ ပစ်လိုက်သည့်အတိုင်း ပြန့်ကျဲသွားခြင်း မရှိပေ။ ထို့အပြင် သစ်သားဘူးနှင့် စနစ်တကျ ထည့်ထားသောကြောင့် ညစ်ပတ်စရာအကြောင်း မရှိပေ။ ဆန်နှင့် သစ်သား၏ မွှေးရနံ့ကြောင့် ဟင်းလျာကို ပို၍ မွှေးပျံ့စေသည်။ သို့သော်လည်း ထိပ်တန်းအဆင့်ရှိသော ကျင်ရှန်းချောင်ဆန်ကို စားထားသော ဝူဟိုင်းက တခြားသောဆန်များ၏ အားနည်းချက်များကို သိမြင်နိုင်သည်။ ထို့ကြောင့် လတ်တလောရှိနေသောဆန်က သူ့စိတ်ကို မတင်းတိမ်နိုင်ချေ။
“အရမ်းဗိုက်ဆာတဲ့ အခြေအနေကို မရောက်သေးလို့ ကံကောင်းတယ်”
ဝူဟိုင်းက သူ့အခန်းထဲ တစ်ပတ်ပြည့်အောင် ပတ်လျှောက်လိုက်ပြီး သူ့လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဘုရားရုပ်ထုကို ရုတ်တရက်ဆွဲချွတ်လိုက်သည်။ ထို့နောက် သူဖတ် လက်စ မဂ္ဂဇင်းများကို ယူလိုက်ပြီး ပုံလိုက်သည်။ ထို့နောက် မဂ္ဂဇင်းစာအုပ်များအပေါ်မှာ ဆေးလိပ်ဘူးလေးကို တင်ထားလိုက်သည်။ ဆေးလိပ်ဘူး၏ ဘေးနားမှာ ကျောက်စိမ်းဘုရား ရုပ်တုကို နေရာချထားလိုက်သည်။ ကြယ်ငါးပွင့်အဆင့်ဟိုတယ်မှ ဝယ်လာသောဟင်းပွဲကို မဂ္ဂဇင်း၏ အရှေ့ဘက်တွင် ချထားလိုက်ပြီး စီးကရက်သုံးလိပ်ကို ထုတ်ကာ မီးညှိသည်။ သူက ဘုရားဝတ်ပြုမည့် အပြုအမူကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့နောက် သူက ရေရွတ်သည်။
“ဘုရားရှင်၊ သူဌေးယွမ် မနက်ဖြန်ဆိုင်ဖွင့်ဖို့ ကူညီမစပေးပါ။ သူဌေးယွမ် ခင်ဗျားအတွက်လည်း မီးပူဇော်ပေးပါတယ်”
ထိုစကားလုံးအချို့ကို ပြောပြီးနောက် ဝူဟိုင်းက စကားလုံးအချို့ကို ထပ်မံပြောင်းလဲပြောဆိုသည်။
“သူဌေးယွမ် မနက်ဖြန်ဆိုင်ဖွင့်ဖို့ အမွှေးတိုင်ထွန်းပြီးတော့ ပူဇော်ပါတယ်။ သူဌေးယွမ် အတွက်လည်း အမွှေးတိုင်ပူဇော်ပေးပါတယ်။ မနက်ဖြန်ကျရင် ဆိုင်ဖွင့်ပေးပါ”
ထိုစကားများကို ရေရွတ်ပြီးနောက် ဝူဟိုင်းက ယုံကြည်သက်ဝင်သော အမူအရာကို ဖော်ပြသည်။ သို့သော်လည်း ယွမ်ကျိုးက ဝူဟိုင်း ယခုလို ဆုတောင်းမှု ပြုနေမှန်း သိလျှင် နောက်ထပ်နှစ်ရက် အနားယူလိမ့်မည်။ ယွမ်ကျိုးက အသက်ရှင်လျက်ရှိနေသေးသော်လည်း ဝူဟိုင်းက သူ့ကို သေလူကဲ့သို့ သဘောထားကာ ဆုတောင်းပေးနေသည်။
နောက်တစ်နေ့ မနက်ခင်းတွင် ယွမ်ကျိုးက ဝေ့ချန်းပြည်နယ်၏ စက်မှုလက်မှုနှင့် အခွန်ဌာနသို့ သွားရောက်ပြီး အရက် ရောင်းချခွင့်လိုင်စင်ကို လျှောက်ထားသည်။ အစားအသောက်ဖြန့်ဝေရေးလိုင်စင် နှင့် အခြားသော စာရွက်စာတမ်းအားလုံး သူ့လက်ထဲတွင် ပါလာသောကြောင့် လိုင်စင်လျှောက်ထားရတာ
လွယ်ကူသည်။
“အရက်နဲ့ပတ်သက်တဲ့ဖောင်တွေကို ပြပေးပါ”
ဝန်ထမ်းက စာရွက်များကို တစ်ရွက်ချင်း စစ်ဆေးပေးသည်။
"ဒါတွေ အားလုံးပါ"
ယွမ်ကျိုးက ဖောင်များကို ထုတ်ပေးပြီး သူ့ကို ကမ်းပေးသည်။ (၂)နာရီအတွင်း ယွမ်ကျိုးက လိုင်စင်အသစ်ကို လက်ခံရရှိသွားသည်။
သူ ဆိုင်သို့ အလောတကြီး ပြန်ရောက်လာသောအခါ လူကြီးမင်းဖန်က အလုပ်များကို လက်စသတ်ရန် ကြိုးစားနေသည်။ အလုပ်ပြီးမြောက်အောင် စောင့်ဆိုင်းနေစဉ် ယွမ်ကျိုးက တစ်စုံတစ်ရာကို ပုံမှန်အတိုင်း စားသုံးနေသည်။ နေ့လည် (၃)နာရီခန့်တွင် လူကြီးမင်းဖန်သည် အလုပ်အားလုံးကို အပြီးသတ်သွားသည်။
“သူဌေးယွမ်၊ အလုပ်အားလုံးအပြီးသတ် ပြီးသွားပါပြီ။ ဘိလပ်မြေတွေက ခဏနေရင် ခြောက်တော့မယ်”
လူကြီးမင်းဖန်က ယွမ်ကျိုးကို စိတ်အားထက်သန်သော အမူအရာဖြင့် သူ၏ အလုပ် အခြေအနေကို အစီရင်ခံပါသည်။
“ကောင်းပါပြီ။ ဒါက နောက်ဆုံးပေးချေရမယ့် ငွေပမာဏပါ။ လူကြီးမင်းဖန် မှန်၊မမှန် တစ်ချက်စစ်ဆေးကြည့်ပေးပါ”
ယွမ်ကျိုးက ငွေသားကို ထုတ်လိုက်ပြီး လူကြီးမင်းဖန်ကို ကမ်းပေးသည်။
“ကိစ္စမရှိပါဘူး သူဌေးယွမ်။ ကျွန်တော်က ခင်ဗျားကို ယုံကြည်ပါတယ်”
လူကြီးမင်းဖန်သည် ငွေကိုလက်ခံယူလိုက်ပြီးနောက် ငွေကို ရေတွက်နေစဉ် ပြုံးပြသည်။
“ဟုတ်ပါပြီ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပိုက်ဆံရေတွက်ပြီးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ထို့နောက် လူကြီးမင်းဖန်တို့ ထွက်သွားသောအခါ ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ပိတ်လိုက်သည်။ တံခါးပေါက်လုပ်ထားသောနံရံကို ငေးကြည့်နေစဉ် သူက ဆုလာဒ်ကို လက်ခံယူရန် ဖန်သားပြင်ကို ထိတွေ့လိုက်သည်။
ထို့နောက် ယွမ်ကျိုးက စားသောက်ဆိုင်အတွင်းရှိ ဖုန်မှုန့်များကို လှည်းကျင်းပြီး လေးလံသော ကန့်လန့်ကာကို ဖယ်ရှားလိုက်သည်။ (၂)နာရီကြာအောင် အနားမယူခဲ့ဘဲ သန့်ရှင်းရေးလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက လုံ့လဝီရိယရှိသော ပျားလေးနဲ့တူသည်။ နောက်ဆုံးတွင်မူ သူ၏အင်္ကျီနဲ့ ဘောင်းဘီအားလုံး ညစ်ပတ်စွန်းထင်းသွားသည်။ ယွမ်ကျိုးက အပေါ်ထပ်သို့ အလျင်အမြန်တက်ပြီး သူ့ကိုယ်သူ သန့်ရှင်းရေးပြုလုပ်ရန် ရည်ရွယ်ထားသည်။
အောက်ထပ်သို့ နောက်တစ်ကြိမ် ပြန်ဆင်းလာသောအခါ စနစ်မှ ပေးအပ်သော နံရံရှုခင်းကို ရုတ်တရက်တွေးမိသွား၍ တစ်ချက်စစ်ဆေးကြည့်သည်။
“စနစ်က တကယ့်ကို ဩဇာတိက္ကမရှိတဲ့ စနစ်ပဲ"
ယွမ်ကျိုးက ယခုလိုစကားမျိုးပြော၍သာ သက်ပြင်းချနိုင်သည်။ နံရံရှုခင်းသည် အကောင်းကြီး မဟုတ်ချေ။ လက်ရှိ ရှုခင်းလေးသည် ခြံဝန်း၏ လှပသောရှုခင်းနှင့် လိုက်ဖက်ညီစွာ ပြုပြင်ထားသည်။ ရေထဲတွင် ကူးခတ်နေသည့် ပန်းရောင် ပုစွန်လေးများ နှင့် စိမ်းစိုနေသော မြက်ခင်းများကို ပုံဖော်ထားခြင်းဖြစ်သည်။
ဖန်သားပြင်ကို ဖြည်းညှင်းစွာ ထိတွေ့လိုက်ယုံဖြင့် လေးလံသော ဖန်သားပြင်သည် အလွယ်တကူ ပွင့်သွားပြီး လမ်းပွင့်သွားသည်။ ယွမ်ကျိုးက ခေါင်းကို ငုံ့လိုက်ပြီး ခြံဝန်းထဲသို့ လမ်းလျှောက်သွားသည်။ အရက်ဆိုင်ဆိုသည်ထက် လှပကျော့ရှင်းသော နယ်မြေလေးထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားမိသည်။ ယွမ်ကျိုး ခေါင်းလှည့်ကြည့်သောအခါ နံရံရှုခင်းသည် အလိုအလျောက် ပိတ်သွားသည်။
“တကယ့်ကို ကျွမ်းကျင်ပြီး ကောင်းမွန်တဲ့အကြံအစည်ပဲ”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ချီးမွမ်းစကားပြောသည်။ ယခုလို အကြံအစည်မျိုးကို တွေးမိသည့် သူ့ကိုသူ ချီးမွမ်းခြင်းသာဖြစ်သည်။
အခန်းကို လှည့်ပတ်လမ်းလျှောက်ပြီးသောအခါ ယွမ်ကျိုးက တံခါးနားတွင်ရှိသော မထင်မရှား ခလုတ်လေးကို တွေ့သွားသည်။ ဖွဖွလေး ဖိနှိပ်လိုက်ရုံဖြင့် တံခါးသည် အလိုအလျောက် ပိတ်သွားသည်။ တံခါးပေါက်နားတွင် အခြားတစ်ယောက် မတ်တပ်ရပ်မှသာ တံခါးပြန်ပွင့်လာမည်ဖြစ်သည်။ ထိုမှသာ စားသောက်ဆိုင် ထဲသို့ ရုန်းရင်းဆန်ခတ် ဝင်ရောက်ခြင်းမှ ဟန့်တားနိုင်လိမ့်မည်။
သူ့မီးဖိုချောင်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာသောအခါ ယွမ်ကျိုးက အရက်နှင့် လိုက်ဖက်သော ခံတွင်းထဲ အရည်ပျော်သွားသော ကြက်ခြေထောက်ဟင်းနှင့် ဖီးနစ်အမြှီးပုစွန်ဟင်းကို ချက်ပြုတ်ရန်ပြင်ဆင်သည်။
ချက်ပြုတ်ထားပြီးသော ဟင်းပွဲပေါ်များကို ဗန်းပေါ်တင်ပြီးနောက် အနီးအနားရှိအရက်ဆိုင်သို့ သွားရောက်ရန် နံရံကပ်ရှုခင်းကို ဖြတ်ကျော်ကာ သွားသည်။ ကောင်းကင်ယံတွင် လမင်းကြီးထိန်ထိန်လင်းနေသည်။ ရာသီဥတု အခြေအနေလည်း ကောင်းမွန်သောကြောင့် အရက်သောက်ရင်း အရသာရှိသော ဟင်းပွဲများကို စားသောက်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
ထို့နောက် ယွမ်ကျိုးက ဒုတိယထပ်သို့ တက်ရောက်ရန် လှေကားထစ်ပေါ် လမ်းလျှောက် သွားသည်။ ဒုတိယထပ်တွင် သူဝယ်ယူထားသော ဝါးပင်များကို စနစ်မှ စနစ်တကျ စိုက်ပျိုးပေး ထား၍ အထိုက်အလျောက် ကြီးထွားနေသည်။ ဟင်းပွဲများကို ကျောက်စားပွဲပေါ်တွင် နေရာချ ပြီးနောက် ယွမ်ကျိုးက အရှေ့ဘက်တွင်ရှိသော ကောင်တာအနားသွားပြီး အံဆွဲထဲမှ အရက်ထည့်ထားသောခွက်ကို ယူလိုက်သည်။ ထို့နောက် စားပွဲခုံနား ပြန်လာခဲ့သည်။ ယွမ်ကျိုးက အရက်နံ့ကို ရှူရှိုက်ပြီးနောက် သူ့ကိုယ်သူရေရွတ်သည်။
“အရက်က သောက်လို့ရလားမသိဘူး”
အရက်မကြိုက်တဲ့သူက ခပ်ရှားရှားဖြစ်သည်။ အရက်ကောင်းဆိုလျှင် မဆိုထားပေ။ စည်းကမ်းလိုက်နာတက်သော ယွမ်ကျိုးက ဟင်းပွဲများနှင့် အရက်ပုလင်းကို အသင့်ယူဆောင် လာသည်။ ယူဆောင်လာသောအရက်ပုလင်းသည် ဝါးပုံစံအမှတ်တံဆိပ် ရေးထိုးထားသည်။ ၎င်းပုလင်းထဲမှ အရက်များကို ခွက်ထဲလောင်းထည့်လိုက်သည်။ အရက်များက ခွက်ထဲ
ဖြည်းဖြည်းချင်း စီးကျသွားသောအခါ ရနံ့က ပို၍ ပြင်းထန်လာသည်။ လတ်ဆတ်မှုနှင့် သဘာဝဆန်သော ခံစားချက်ကို ပေးစွမ်းသည်။
အပိုင်း(၁၄၆)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၄၇)
ဝါးသစ်တောထဲမှာ တစ်ယောက်ထဲ အရက်သောက်နေရင်း ယွမ်ကျိုးမှာ အတူသောက်မည့်မိတ်ဆွေ မရှိခဲ့ပေ။ ထို့ကြောင့် သူက လမင်းကြီးနှင့် သူ၏အရိပ်ကို စားတော်ပွဲသို့ ဖိတ်ခေါ်ပြီး သုံးယောက် ပျော်ပွဲရွှင်ပွဲကျင်းပမည် ဟူသော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
“အရက်သောက်ရင်း အမြည်းစားပါ” ယွမ်ကျိုးက အရက်သောက်ရင်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုသောဆန္ဒ ဖြစ်ပေါ် လာသောကြောင့် ရုတ်တရက် ကဗျာရွတ်ဆိုလိုက်ခြင်းဖြစ်သည်။ အရက်၏ အရှိန်ကြောင့်သာ ယခုလိုမျိုး ပြုမူခဲ့ခြင်းဖြစ်သည်။ ပုံမှန်အချိန်ဆိုလျှင် ယွမ်ကျိုးက အရက်သောက်ပြီး ကဗျာရွတ်ဆိုရဲသောဆန္ဒ ရှိမည်နည်း။
မနက်စောစောပိုင်းတွင် ယွမ်ကျိုးက သေတ္တာသေးသေးလေးကို ထုတ်ယူလိုက်ပြီး အောက်ထပ်သို့ဆင်းလာသည်။ သေတ္တာထဲမှ ပစ္စည်းကို မည်သူမှ မသိနိုင်ချေ။ မနက်စောစော အချိန်ဖြစ်သောကြောင့် ယွမ်ကျိုးက ရှောင်လုံပေါင်းဖက်ထုပ်ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်လုံပေါင်းဖက်ထုပ်ကို စားချင်၍ မနက်ခင်းပိုင်းတွင် ရောက်လာကြသည့် ဖောက်သည်များစွာ ရှိသည်။ ရှောင်လုံပေါင်းဖက်ထုပ် မရကြောင်း ကြေငြာလိုက်တိုင်း သူတို့မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမှာ တော်တော်များများ ဖြစ်သည်။ ယွမ်ကျိုးက ဂျုံမှုန့်ရွက်ကို လှိမ့်နေသည်။ ထိုစဉ် မုရှောင်ယွမ်က ဆိုင်ထဲသို့ ရောက်ရှိလာသည်။ ပြုံးစိစိအမူအရာဖြင့် မေးမြန်းသည်။
“သူဌေး ဒီကနေ့ ရှောင်လုံပေါင်းဖက်ထုပ် ရောင်းမလို့လား”
“ဟုတ်တယ်လေ”
မျက်နှာဖုံးတပ်ထားသော ယွမ်ကျိုးက ခေါင်းညိတ်သည်။ ယွမ်ကျိုးက ဟင်းချက်ရာတွင် အာရုံစိုက်ချင်သောကြောင့် စကားမပြောချင်မှန်း မုရှောင်ယွမ် သိသည်။ ထို့ကြောင့် သူမက အဝတ်စုတ်ကို ကောက်ယူလိုက်ပြီး စားပွဲခုံနှင့် ထိုင်ခုံများကို ဖုန်သုတ်သည်။ သူမ ဖုန်သုတ်နေစဉ် ဆိုင်၏ အပြင်အဆင် ပြောင်းလဲသွားခြင်းကို သတိပြုမိသည်။
“အပြင်အဆင်ပြောင်းသွားတာ အရမ်းလှတယ်"
မုရှောင်ယွမ်က ဖန်သားပြင်ကို ထိကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောခြင်းဖြစ်သည်။ ဖန်သားပြင်အရှေ့နံရံမှ မတ်တပ်ရပ်နေသော
မုရှောင်ယွမ်က သုန်မှုန်သောအကြည့်ဖြင့် ဖန်ထားပြင်အထဲတွင် ကူးခတ်နေသော ပုစွန်လေးများကို ငေးစိုက်ကြည့်နေသည်။
“ဒီဟာ ဒီပုစွန်တွေက တကယ့်ပုစွန်အစစ်တွေလား။ အရမ်း ချစ်စရာကောင်းတယ်”
နံရံလေးထဲတွင်ရှိသော ပုစွန်လေးများက ပန်းရောင်အဆင်းရှိပြီး ပန်းရောင်ပုစွန်သည် အလွန်ပင် သေးငယ်သောအရွယ်အစားရှိသော်လည်း ပန်းချီကားထဲမှ ပန်းရောင်ပုစွန်က ပို၍ သေးငယ်သည်။ ပို၍ သေးငယ်သောပုစွန်များ၏ အရောင်က ပန်းနုရောင်ဖြစ်သည်။
ယွမ်ကျိုးက ကျွမ်းကျင်စွာဖြင့် ရှောင်လုံပေါင်းဖက်ထုပ်များကို ပြုလုပ်သည်။ ပေါင်းအိုးထဲသို့ နေရာချထား လိုက်သည်။ ရှောင်လုံပေါင်းဖက်ထုပ်များကို ပေါင်းပြီးမှသာ ယွမ်ကျိုးက Maskကို ချွတ်လိုက်ပြီး စကားပြောလိုက်သည်။
“ဒီနားမှာ ဘူးသေးသေးလေးရှိတယ်။ ဝါးအရက်ကို မှာတဲ့ ဘယ်သူမဆို မဲနှိုက်ခွင့်ရှိတယ်။ အနီရောင်ဆိုတဲ့ သဘောက ညဘက်ကျရင် အရက်လာသောက်လို့ရတဲ့သဘောဖြစ်တယ်။ အဖြူရောင်ဆိုတဲ့သဘောက ညဘက်ကျရင် အရက်လာသောက်ခွင့်မရှိတဲ့သဘော”
“သူဌေး၊ သူဌေး ဟင်းပွဲ အသစ်ထွင်လိုက်လို့လား။ ဒါဆိုရင်ကောင်းတာပေါ့”
မုရှောင်ယွမ်က ပျော်ရွှင်စွာပြန်ပြောသည်။
“ဟုတ်တယ်။ ငါပြောတာကို သေချာမှတ်ထားနော်”
ယွမ်ကျိုးက အသေးစိတ် ညွှန်ကြားသည်။
“ကိစ္စမရှိပါဘူး သူဌေး၊ သူဌေးခိုင်းတဲ့အတိုင်း ဖြစ်စေရမယ်။ ဒါလေးတွေက ပုစွန်တွေလား”
မုရှောင်ယွမ်က ပုစွန်များရှိနေသော ဖန်နံရံကို လက်ညှိုးထိုးပြီး စပ်စပ်စုစုမေးမြန်းသည်။
“ဟုတ်တယ် ပုစွန်တွေ”
ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ခေါင်းညိတ်သော်လည်း သူမကို ရှင်းပြချင်သော ရည်ရွယ်ချက် မရှိခဲ့ပေ။ မုရှောင်ယွမ်က ဆက်လက်မေးမြန်းရန် ပြင်ဆင်သော်လည်း ဝူဟိုင်းက လေးကန်သောခြေလှမ်းများဖြင့် စားသောက်ဆိုင်ထဲ လမ်းလျှောက်ဝင်လာသည်။
“ဒီကနေ့ ဆိုင်ဖွင့်တာလား”
နွမ်းလျသောအကြည့်ဖြင့် ဝူဟိုင်းက သူမေးမြန်းသည့်အကြောင်းအရာကို ယွမ်ကျိုး မဖြေလျှင် ထသတ်မည့်သဘောရှိသည်။
“ဟုတ်တယ်။ ဒီကနေ့ဆိုင်ဖွင့်တယ်။ ဒီပြင် ရှောင်လုံပေါင်းဖက်ထုပ်လည်း စားလို့ရတယ်။”
မုရှောင်ယွမ်က အလောတကြီးရောက်လာပြီး သူ့ကို နှုတ်ဆက်စကားပြောသည်။ ဘေးဘက်မှာရှိနေသော ယွမ်ကျိုးက ခေါင်းညိတ်သည်။
“တကယ့်ကို အံ့ဩစရာပဲ၊ ရှောင်လုံပေါင်းဖက်ထုပ်နဲ့ အစုံလိုက်ကြက်ဥထမင်းကြော် စားချင်တယ်”
ဝူဟိုင်းက ခက်ထန်သောအပြုံးကို ဖော်ပြပြီး စကားပြောသည်။
“စည်းမျဉ်းကတော့ ပုံမှန်အတိုင်းပဲ။ ကြက်ဥထမင်းကြော်မရပါဘူး။ ရှောင်လုံပေါင်း ဖက်ထုပ်ပဲ
ရပါတယ်”
ယွမ်ကျိုးက ဝူဟိုင်း၏ ကြောက်ခမန်းလိလိ မျက်နှာအမူအရာကို လျစ်လျူရှုပြီး တည်ငြိမ်စွာ ပြောသည်။
“ရှောင်လုံပေါင်းဖက်ထုပ်တစ်လုံးထဲနဲ့ ငါဗိုက်မဝဘူး။ နှစ်ရက်လုံးလုံး ဘာမှမစားရသေးတာကို ခင်ဗျားလည်း သိပါတယ်”
ဝူဟိုင်းက ကုလားထိုင်ကို ရိုက်ချလိုက်ပြီး ခက်ထန်စွာ ကြည့်သည်။
“ကောင်းပြီလေ။ ဒါဆိုရင် ခင်ဗျားက ခေါက်ဆွဲပြုတ်ကို မှာနိုင်တယ်”
ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက ကြိုတင်ပြင်ဆင်ထားသောအကန့်ထဲ ခေါက်ဆွဲရှိနေသေးကြောင်း သတိရသွား၍ လေးနက်စွာပြန်ပြောသည်။
“တကယ့်ကို အားရစရာပဲ။ ခေါက်ဆွဲစွပ်ပြုတ် နှင့် အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်၊ ရှောင်လုံပေါင်းဖက်ထုပ်ရယ်ပေး”
ဝူဟိုင်းက ကျောကိုဆန့်လိုက်ပြီး ဟင်းပွဲသုံးပွဲကို တစ်ပြိုင်တည်းမှာလိုက်သည်။
“ခဏစောင့်ပေးပါ”
ယွမ်ကျိုးက ရှောင်လုံပေါင်းဖက်ထုပ်ကို သူ့ဆီ သယ်ဆောင်လာသည်။ ဝူဟိုင်းက ရှာလကာရည်နဲ့တွဲဖက်ပြီး ရှောင်လုံပေါင်းဖက်ထုပ်ကို စားရခြင်းကို မနှစ်သက်ချေ။ ဤအချက် ကို သိနေသောကြောင့် ယွမ်ကျိုးက ဝူဟိုင်းကို မမေးမြန်းခဲ့ပေ။ ထို့နောက် ဝူဟိုင်း၏ အငမ်းမရ စားသုံးနေသော အမူအရာများကို ဆိုင်ထဲတွင်ရှိသော ယွမ်ကျိုးနှင့် မုရှောင်ယွမ်တို့ မြင်တွေ့နိုင်သည်။ ခဏလေးအတွင်း ဝူဟိုင်းက ရှောင်လုံပေါင်းဖက်ထုပ်ကို စားကုန်သွားသည်။
“နောက်ဆုံးတော့ ငါရှင်သန်နိုင်သွားပြီ”
ဝူဟိုင်းက သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး လေးကန်စွာ သက်ပြင်းချသည်။
“အစ်ကို၊ အစ်ကိုဝူက ဘာဖြစ်လို့လဲ” မုရှောင်ယွမ်က စပ်စုသောအမူအရာဖြင့် မေးမြန်းသည်။
“သူဌေးယွမ် ခင်ဗျားထပ်ပြီးတော့ ဆိုင်ပိတ်ရင် ကျွန်တော်က ခင်ဗျားဆိုင်ဝင်ပေါက်နားမှာ ထိုင်ပြီးတော့ ဆိုင်ဖွင့်မယ့်အချိန်ထိ စောင့်နေမယ်”
ဝူဟိုင်းက ခေါက်ဆွဲပြုတ်ပြင်ဆင်နေသော ယွမ်ကျိုးကိုကြည့်ပြီး လေးနက်သောအသံဖြင့် စကားပြောနေသည်။
“အစ်ကို၊ အစ်ကိုဝူဟိုင်းက ဘာဖြစ်နေတာလဲ”
မုရှောင်ယွမ်က ထပ်မံမေးမြန်းသည်။
“ဪ ရှောင်ယွမ်လေးလဲရောက်နေတာပဲ။ ဘာမှတော့မဟုတ်ပါဘူး။ နှစ်ရက်လောက် အစားမစားရတော့ ဗိုက်ဆာနေတာပါ”
ဝူဟိုင်းက ခေါင်းကိုလှည့်လိုက်ပြီး သနားချင်စဖွယ်ကောင်းသောအသံဖြင့် စကားမပြောခင် မုရှောင်ယွမ်ကို ကြည့်လိုက်သည်။
“ဘာကြောင့် မစားရတာလဲ”
မုရှောင်ယွမ်က ဝူဟိုင်းသည် ချမ်းသာသူမှန်းသိသည်။ သူက ကုန်ကျစရိတ်ပေးတိုင်း တွန့်တိုခြင်း မရှိပေ။ သူက မည်သည့်ဟင်းပွဲမဆို ဝယ်စားနိုင်သည့်သဘောဖြစ်သည်။
“မင်းရဲ့သူဌေးက ဆိုင်မဖွင့်တော့ ဘယ်နေရာသွားစားရမှာလဲ”
ဝူဟိုင်းက ချက်ချင်း ပြန်မေးမြန်းသည်။
“ဒါပေမယ့် ကတိပေးထားတဲ့အတိုင်း ဆိုင်ပြန်ဖွင့်လို့ ကံကောင်းတာပေါ့။ လွန်ခဲ့တဲ့ နှစ်ရက်လုံးက သူ့အတွက် ဝတ်ပြုဆုတောင်းခဲ့လို့ အခုလို ကောင်းမွန်တဲ့ရလဒ် ပိုင်ဆိုင်ရတာ နေမှာပေါ့”
“ဘယ်လို ဘယ်လို”
မုရှောင်ယွမ်က တအံ့တဩ ဖြစ်သွားသည်။
“ဘာမှမဟုတ်ပါဘူး”
ဝူဟိုင်းက သူ၏လက်ကို ခါရမ်းလိုက်သည်။ ထို့နောက် မုရှောင်ယွမ်က သူ့ကို မည်သို့ တုံ့ပြန်ရမှန်းလည်းမသိ၍ လျစ်လျူရှုလိုက်သည်။ ထို့နောက် သူမက ဈေးနှုန်းစာရင်းကို ညွှန်ပြပြီး ဆက်ပြောသည်။
“အခုဆိုရင် မီနူးအသစ် ရနေပြီ။ အရက်လည်း ရနေပြီ”
“တကယ်လား။ အရက် ရနေပြီဆိုတော့ အံ့ဩစရာပဲ”
ဝူဟိုင်းက စပ်စပ်စုစုခေါင်းလှည့်လိုက်ပြီး ကြည့်လိုက်သည်။ နံရံပေါ်မှာ ရေးထိုးထားသော ဈေးနှုန်းက ရှင်းလင်းသည်။ ၂၀၀ မီလီမီတာ ပါတဲ့ ဝါးအရက် တစ်ပုလင်း ၅၈၈၈ ယွမ် ဖြစ်သည်။
“ဒါက ဘယ်လိုအရက်အမျိုးအစားလဲ"
ဝူဟိုင်းက အရက်ကို နှစ်သက်သူဖြစ်သည်။ သို့သော်လည်း ဤအရက်အကြောင်းကို သူ
မကြားဘူးချေ။
“သောက်ကြည့်လိုက်ရင် သိလိမ့်မယ်”
ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ပန်းကန်ကို သယ်လာခါနီး ပြန်ဖြေသည်။
“အရက်အကြောင်း နောက်မှပြောကြမယ်။ အခု သေမတတ် ဗိုက်ဆာနေတယ်”
သူ့စကား အဆုံးမသတ်ခင် ဝူဟိုင်းက တူကို ကောက်ကိုင်လိုက်ပြီး ခေါက်ဆွဲပြုတ်ကို စားသည်။
“သူဌေးယွမ်က တကယ့်ကို လျှို့ဝှက်တတ်တာပဲ။ သူဌေးယွမ်က စကားလည်း တည်တယ်။ ဒါကြောင့်မို့လို့ ဆိုင်ကို အသစ်ပြုပြင်လိုက်တာလား”
ထိုစဉ် လူတစ်ယောက်က အပြင်ဘက်ကနေ စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။ သူသည် ဆံပင်ခပ်တိုတိုရှိပြီး အပြာရောင်တီရှပ် နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည်။
“ဟုတ်တယ်။ ဆိုင်ကိုပြုပြင်ထားတာ မိုက်တယ်မို့လား”
မုရှောင်ယွမ်က ဂုဏ်ယူဝံ့ကြွားစွာပြောသည်။
“တကယ့်ကို ကြည့်ကောင်းပါတယ်။ ဒါပေမယ့် ဖန်နံရံထဲမှာ ပန်းပွင့် ပွင့်ချပ်တွေ ရှိနေတာလား”
လူတစ်ယောက်က စပ်စပ်စုစု မေးမြန်းသည်။
“အဲလိုတော့မဟုတ်ပါဘူး။ အထဲထဲမှာ သတ္တဝါလေးတွေကို မြင်နေရတယ်”
မုရှောင်ယွမ် တစ်စုံတစ်ရာကို မပြောခင် သူတို့၏နောက်မှ ယင်ယာ၏ အသံထွက်ပေါ်လာသည်။
“ဟုတ်တယ်။ အရှင်တွေလား”
ယင်ယာက သူမ မြင်သောအချက်ကို ယွမ်ကျိုးအား မေးမြန်းသည်။
“ဟိုအရင်တစ်ခေါက်တုန်းက ဆိုင်ကို လာစားတဲ့လူ ဝယ်ခဲ့တဲ့ ပုစွန်လား"
စာဖိုးမှူးယွီ၏သား ဝယ်ယူသွားသော ပုစွန်ကို ရည်ညွှန်းခြင်းဖြစ်သည်။
“ပုစွန်ကို အဲ့ထဲထည့်ထားခဲ့တာလေ။ အဲ့ပုစွန်က ရှားရှားပါးပါးဖြစ်တော့ အလှပြဖို့ အထဲ ထည့်ထားလိုက်တာ”
ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။
“သူဌေးယွမ်၊ ခင်ဗျားက ခင်ဗျားရဲ့အရည်အချင်းတွေကို ဖုံးကွယ်ထားတာပဲ။ ဒီအကောင်သေးသေးလေးတွေက ဒီစီရင်စုမှာ ဖမ်းရမလွယ်ကူဘူး။ ကျွန်တော့လို ကျွမ်းကျင်ပညာရှင်တောင် ဖမ်းဖို့ မလွယ်ကူခဲ့ဘူး”
၎င်းအမျိုးသားက သိမ်မွေ့သော အမူအရာဖြင့် ထကာ ပြောဆိုသည်။
“ခင်ဗျားအရမ်းသိနေတယ်ဆိုရင် သူဌေးယွမ်ပြထားတဲ့ ပန်းချီကားထဲက ပုစွန်တွေက ဘာပုစွန်တွေလဲဆိုတာ ငါတို့ကို ပြောပြလေ”
“ဒါပေါ့ ဒီပုစွန်တွေကို ဆားဂျက်စ်လို့လဲ ခေါ်တယ်။ သူ့ရဲ့ အရောင်က ဆာကူရာပန်း အရောင်ရှိတယ်။ ထူးခြားတဲ့အရောင်နဲ့ အရွယ်အစားကြောင့် သူက ရှားပါးမျိုးစိတ်ဖြစ်တယ်”
“ခင်ဗျားက ရေထွက်ကုန်လုပ်ငန်းကို လုပ်တာလား”
ကောင်လေးက ဆားဂျက်စ်များကို တချက်ကြည့်လိုက်ပြီးတော့ ၎င်းအမျိုးသားကို ကြည့်သည်။
“မဟုတ်ရပါဘူး။ တကယ်မဟုတ်ပါဘူး။ အလှမွေးတိရစ္ဆာန်လေးတွေကို သဘောကျလို့ လေ့လာခဲ့တာပါ”
၎င်းအမျိုးသားက ပြုံးကာ ပြန်ဖြေသည်။
“သူဌေးယွမ်က ဒီလို သေးသေးမွှားမွှား အကောင်လေးတွေကို ဘယ်လိုများ ဖမ်းလဲ ဆိုတာပဲ သိချင်တယ်”
ထိုစကားကို ပြောလိုက်စဉ် သူဌေးယွမ်ကို လှည့်ကြည့်သည်။ ယွမ်ကျိုးက ဘာမှစကားမပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။
အပိုင်း(၁၄၇)
ပြီးပါပြီ