အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အပိုင်း(၁၄၈)
“သူဌေးယွမ်က ဒီလိုသေးသေးမွှားမွှားအကောင်လေးတွေကို ဘယ်လိုများပြုစုပျိုးထောင်ပေးလဲဆိုတာ ကျွန်တော် တကယ်သိချင်မိတယ်”
လူအိုကြီးက ယွမ်ကျိုးကို မျက်နှာချင်းဆိုင်ရန် ခေါင်းလှည့်လာပြီး စပ်စပ်စုစုအကြည့်ဖြင့် ကြည့်သည်။
“တစ်စုံတစ်ယောက်က ငါ့ကိုလက်ဆောင်ပေးတာပါ”
ယွမ်ကျိုးက ခေါင်းပင်မမော့ဘဲ ပြန်ဖြေသည်။
“ဟုတ်ရော ဟုတ်ရဲ့လား ”
၎င်းအမျိုးသားသည် တကယ့်ကို ယုံကြည်ရ ခက်ခဲနေသည်။
“ဟုတ်ပါတယ်”
ယွမ်ကျိုးက ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြသည်။
“ဒါကြောင့်မို့ ကျွန်တော် လက်ဆောင်ပေးတဲ့ငါးတွေကို ငြင်းဆန်တာလား”
၎င်းအမျိုးသားသည် သူလက်ဆောင်ပေးဖို့ရန် ကြံရွယ်ခဲ့ဖူးသော အကြောင်းအရာကို ထုတ်ပြောသည်။
“ဒီဆားဂျက်စ်ပုစွန်လေးတွေက ပြုစုပျိုးထောင်ရန် လွယ်ကူပါတယ်”
ယွမ်ကျိုးက မှန်ကန်သောအမူအယာကို ပြသသည်။
“ဖြစ်နိုင်ပါ့မလား။ ဆားဂျက်စ်ထက် ငါးတွေကို မွေးမြူရတာမှ ပိုလွယ်ကူအုန်းမယ်။ အပူချိန်ထိန်းချုပ်ရတာလည်း ကန့်သတ်ချက်တွေလည်း ရှိတယ်။ ရေရဲ့PH Level နဲ့ Oxygen ပါဝင်နှုန်းတွေကိုလည်း အသေးစိတ်စီစဉ်ရတယ်"
၎င်းအမျိုးသားသည် ယွမ်ကျိုးအနား လမ်းလျှောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ဒါတွေကို လုပ်ဆောင်ပေးဖို့ တခြားသူရှိတယ်လေ”
ယွမ်ကျိုးက အကြောင်းအရင်းအမှန်ကို ထုတ်ဖော်ပြောသည်။ သူ ကိုယ်တိုင်ဂရုစိုက်စရာ မလိုအပ်သည့်အတွက်ကြောင့် လွယ်ကူကြောင်း သူက ပြောကြားခြင်းဖြစ်သည်။
၎င်းအမျိုးသားသည် ယွမ်ကျိုး၏စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။အတွေးအခေါ်ရိုးရှင်းသော ယောက်ျားသည် ယွမ်ကျိုး၏တွေးခေါ်မှုကို လက်ခံလိုက်သည်။
“တံခါးနောက်ဖက်မှာ ဘာရှိတာလဲ”
ယင်ယာက တံခါး၏အနောက်ဖက်က တစ်စုံတစ်ရာကို လှမ်းမြင်လိုက်၍ မေးမြန်းလိုက်သည်။
“တံခါးနောက်မှာတစ်စုံတစ်ရာရှိတယ်လို့ ခံစားမိတယ်။ ဒီသေးသေးလေးတွေက ငါးကန်ထဲကတော့ မဟုတ်နိုင်ဘူး”
ကောင်လေးက တအံ့တဩအမူအယာဖြင့် အသေးစိတ်အကဲခတ်သည်။
“တံခါးရဲ့အနောက်ဖက်မှာ အရက်ဆိုင် ရှိပါတယ်”
ယွမ်ကျိုးက ဆရာကျကျလက်ပိုက်လိုက်ပြီး ခပ်တန်းတန်းပြန်ဖြေလိုက်သည်။
“အရက်ဆိုင်လား။ ဒါဆိုရင်အရက်ရောင်းနေပြီလား”
ယင်ယာက စပ်စပ်စုစုမေးမြန်းသည်။ သူမ၏အမြင်တွင် စားသောက်ဆိုင်က သောက်စရာဖျော်ရည်များ ရောင်းချတတ်သော်လည်း အရက်ရောင်းချခြင်းက
တွေ့ရခဲသည်။
“ဟုတ်တယ်။ မင်းတို့ရဲ့အနောက်မှာရှိတဲ့ တံခါးကနေအရက်ဆိုင်ကို သွားလို့ရတယ်”
ယွမ်ကျိုးက သူတို့နောက်ရှိနံရံ၏ဈေးနှုန်းစာရင်းတွင် အရက်ကိုပါထည့်သွင်းထားကြောင်း ညွှန်ပြသည်။ ထိုစဉ် ဝူဟိုင်းက ခေါက်ဆွဲပြုတ်၂ပွဲကို ကုန်အောင်စားပြီး၍ စကားမပြောခင် လေးကန်စွာ သက်ပြင်းချလိုက်သည်။
“သူဌေးယွမ် အရက်၁ပုလင်းပေးပါ။ ဝါးအရက်သောက်ချင်တယ်”
ယွမ်ကျိုးက မုရှောင်ယွမ်ကိုလက်ယပ်ခေါ်လိုက်ပြီး သေးငယ်သောဘူးလေးကို သယ်ဆောင်လာခိုင်းသည်။ ဘူး၏တစ်ဖက်တွင် အပေါက်၁ခုရှိပြီး လက်ဝင်နိုင်ရန် လုံလောက်သည်။ ဘူးပုံစံသည် စူပါမားကတ်တွင် ဖောက်သည်များကို ကံစမ်းမဲနှိုက်ခိုင်းသည့် ကံစမ်းမဲဘူးလေးနှင့် အမျိုးအစားတူညီသည်။
“သူယူလာတဲ့ဟာကဘာလဲ ”
ဝူဟိုင်းက ဒွိဟဖြစ်နေသည်။
“နေ့တိုင်း နေ့တိုင်း အရက်၃ပုလင်းပဲရောင်းပေးမယ်။ အဲ့အရက်၃ပုလင်းကိုဝယ်ခွင့်ရှိတဲ့သူက ဒီဘူးထဲမှာရှိတဲ့အနီရောင်တင်းနစ်ဘောလုံးကိုမဲပေါက်ရင် အရက်သောက်ခွင့်ရှိမယ်”
ယွမ်ကျိုးက အရက်သောက်ရန် ခွင့်ပြုထားသောစည်းမျည်းကို ထုတ်ပြောသည်။
“သူဌေးယွမ် ဒါက ရိုးသားမှု
မရှိဘူး။ ဒီလိုစည်းမျည်းတွေ ထုတ်စရာလား။ ၂၀၀မီလီမီတာပဲရှိတဲ့ အရက်ပုလင်းက လုံလောက်မှုမရှိဘူး။ ၃ပုလင်းဆိုတာ ငါ့အတွက် မလုံလောက်ဘူး”
ဝူဟိုင်းက တစ်ခွန်းမကျန်ငြင်းသည်။
“သောက်ကြည့်လိုက်ရင် သိသွားမှာပါ”
ယွမ်ကျိုးက နက်ရှိုင်းသောခံစားချက်ဖြင့် ပြောဆိုသည်။
“ခင်ဗျားက အမြဲတမ်းဒီလိုစကားမျိုးပဲပြောနေတာ။ ဒါဆိုရင် ကံစမ်းမဲကို တစ်နေ့ဘယ်နှကြိမ်နှိုက်လို့ရလဲ”
ယွမ်ကျိုးက စည်းမျဉ်းဘယ်တော့မှ မဖောက်ဖျက်မှန်း သိသောကြောင့် ဝူဟိုင်းက တခြားသော ဖြစ်နိုင်ချေအချက်များကို မေးမြန်းသည်။
“တစ်နေ့မှာ အခွင့်အရေးတစ်ကြိမ်ပဲ ရပါမယ်”
ထိုကဲ့သို့သော မေးခွန်းကိုကြုံတိုင်း ယွမ်ကျိုးက အခြေခံကျကျ ပြန်ဖြေသည်။
“ဒါဆိုရင် ဒီသေတ္တာထဲမှာ တင်းနစ်ဘောလုံး ဘယ်နှလုံးရှိလဲ”
ဝူဟိုင်းက အနုပညာလောကမှ ဖြစ်သော်လည်း ဖြစ်နိုင်ချေ အချက်အလက်များကို သိထားရန် လိုအပ်သည်ဟု
ခံယူထားသည်။
“စုစုပေါင်းဘောလုံးက အလုံး၅၀ရှိတယ်”
ဝူဟိုင်းကို တစ်ချက်ကြည့်ပြီးယွမ်ကျိုးက အသေးစိတ် ပြန်ဖြေပေးသည်။
“ဒါဆိုရင် ငါတို့နှိုက်ထားတဲ့ ဘောလုံးတွေကို ပြန်ပြီးတော့ဒီဘူးထဲထည့်မှာလား။ ဖယ်ထားမှာလား”
တခြားသော ဖြစ်နိုင်ချေအချက်ကို တွေးတောပြီး ဝူဟိုင်းက အသေးစိတ်မေးမြန်းပြန်သည်။
“အဲဒါတွေကို ဖယ်ထုတ်ထားလိုက်မှာပါ”
ယွမ်ကျိုးက သေချာပြန်ဖြေသည်။
“ကောင်းပြီ။ လာခဲ့ ဘယ်သူကံစမ်းမဲနှိုက်ချင်လဲ။ အလကား နှိုက်ရမှာနော် ”
ဝူဟိုင်းက မုရှောင်ယွမ်သယ်ဆောင်လာသော ဘူးလေး၏အကြောင်းကို အသေးစိတ်ရှင်းပြပြီး ကံစမ်းမဲနှိုက်ရန် ဖိတ်ခေါ်သည်။ စိတ်ဝင်စားသော ပုံမှန်ဖောက်သည်များက ကံစမ်းကြည့်ရန် ကြိုးစားကြသည်။
“ငါ အစမ်းနှိုက်ကြည့်မယ်"
သန့်ရှင်းသပ်ရပ်သော ကောင်လေးသည် ချက်ချင်းတုံ့ပြန်သည်။
“သူဌေးယွမ် ကျွန်တော်ကံစမ်းမဲပေါက်သွားရင် ကျွန်တော်နဲ့အတူတူ အရက်သောက်ဖို့ တခြားသူတွေကိုဖိတ်ခေါ်လို့ရလား”
ကောင်လေးက ကံစမ်းမဲနှိုက်နေစဉ် မေးမြန်းသည်။
“ရတာပေါ့။ ၁ဘူးမှာ၂၀၀မီလီမီတာ ပါတယ်။ မင်းကို စားပွဲခုံ၁လုံး၊ အိုး၁အိုးရယ်၊ ခွက်၁ခွက်ရယ် ပေးမယ်" ယွမ်ကျိုးက ကံစမ်းမဲထဲ ပါဝင်မည့်အချက်များကို ကောင်လေးအား ပြောပြသည်။
“ဒါဆိုရင် စိတ်ချရပြီ။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တစ်ယောက်ထဲ ဝယ်မသောက်နိုင်ဘူး။ ကံစမ်းမဲပေါက်ရင်တောင် ဝယ်သောက်ဖို့မလွယ်ကူဘူး။ ဒီလိုဆိုရင်တော့ တကယ့်ကို နှမြောစရာကောင်းတယ်”
ကောင်လေးက ပြုံးကာ ပြန်ဖြေသည်။
“မင်းတို့လို ကလေးတွေက အရက်ကို မသောက်နိုင်ပါဘူး။ ကံစမ်းမဲနှိုက်တာကိုသာ အာရုံစိုက်စမ်းပါ"
ဝူဟိုင်းက တခြားသူများကို ကံစမ်းမဲအရင်နှိုက်ခိုင်းရသည့် အကြောင်းအရင်းက အဖြူရောင်ဘောလုံးများ လျော့နည်းသွားစေလိုသည့်အကြံအစည် ဖြစ်သည်။
သို့သော်ငြားလည်း ကောင်လေးက အနီရောင်ဘောလုံးကို ကံစမ်းမဲပေါက်ကြောင်း ကြေငြာသည်။
“ဦးလေး၊ ခင်ဗျားက အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ ဒါပေမဲ့ ကျွန်တော်ကအမြဲတမ်း ကံကောင်းတဲ့သူလေ”
ကောင်လေးက ကောက်ကျစ်စဉ်းလဲဟန်
ပြုံးလိုက်သည်။
“ဟေ့ကောင်လေး မင်းရူးများသွားသလား။ မင်းကိုင်ထားတဲ့ ဘောလုံးကိုလည်း သေချာကြည့်စမ်းပါဦး”
ဝူဟိုင်းက သူ့လက်ထဲကဘောလုံးကို ထပ်တလဲလဲကြည့်ရှုသည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော်နှိုက်ထားတဲ့ဘောလုံးက အနီရောင်ဘောလုံးဘဲဖြစ်မှာပါ" ကောင်လေးက စက္ကန့်ပိုင်းကြာအောင် တုံ့ဆိုင်းနေပြီးမှ သူ့လက်သူကြည့်ကာ တအံ့တဩဖြစ်သွားသည်။
“ဒီဦးလေးကြီးက ငါ့ကိုကံဆိုးအောင်ပြောလို့ ငါအနီရောင်ဘောလုံးမပေါက်တာ။ ခင်ဗျားလည်း ခင်ဗျားကိုခင်ဗျား အရမ်းကံကောင်းတယ်ထင်နေရင် ကံစမ်းမဲနှိုက်ကြည့်ပါလား”
ကောင်လေးက မခံချင်စိတ်ဖြင့် တစ်ခွန်းမကျန်ပြန်ပြောသည်။
“ငါက အလျင်မလိုဘူး။ နောက်ဆုံးမှ အေးအေးဆေးဆေး
နှိုက်မယ်”
ဝူဟိုင်းက သူ့၏ရည်ရွယ်ချက်အစစ်အမှန်ကို မဖုံးကွယ်ခဲ့ပေ။ထိုစဉ် သူ့ဘေးနားက လူက သေတ္တာကိုသယ်သွားသည်။
“ဒါဆိုရင် ကျွန်တော် ကံစမ်းကြည့်မယ်”
ခြေထောက်မသန်သော ကောင်မလေးနှင့်အတူတူ ဆိုင်သို့ရောက်လာသော ဖခင်သည် ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်နေပါပြီ။သူက ကံစမ်းမဲနှိုက်ရန် ကြိုးစားကြည့်သည်။ ၂စက္ကန့်အတွင်း သူက ဘောလုံးကိုဖမ်းယူလိုက်ပြီး အတိအကျကောက်ယူလိုက်သည်။
“ ဝိုး အနီရောင်ဘောလုံးပဲ တကယ်ကံကောင်းတာပဲ”
ယင်ယာက တအံ့တဩ ထအော်သည်။
”ပထမဦးဆုံးအကြိမ် ကံစမ်းကြည့်တာ အနီရောင်ဘောလုံးကို ပိုင်ဆိုင်တာက ခပ်ရှားရှားပဲ”
“၃အိုးထဲက ၁အိုးကိုပိုင်ဆိုင်ခွင့်ရတော့ တကယ့်ကိုကံကောင်းတာပေါ့” ကောင်မလေးဖခင်၏တည်ငြိမ်သောမျက်နှာပေါ်တွင် အပြုံးလေး ခပ်လျော့လျော့ ပေါ်လာသည်။
“ခင်ဗျားက တကယ့်ကိုကံကောင်းတာပဲ”
ဝူဟိုင်းက ငြီးတွားပြောဆိုသည်။
“ဟားဟားဟား ... သူဌေးယွမ် ကျသင့်ငွေကို အရင်ဆုံးပေးဆောင်ဖို့လိုအပ်လား”
၎င်းအမျိုးသားသည် ပျော်ရွှင်စွာဖြင့် သူ့ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး ကျသင့်ငွေပေးဆောင်ရန် ပြင်ဆင်သည်။
“ဟုတ်ပါတယ်။ အွန်လိုင်းက တစ်ဆင့်လည်း ငွေပေးတာကိုလက်ခံပါတယ်”
ယွမ်ကျိုးခေါင်းညိတ်သည်။
“ဒါဆိုရင် ပိုအဆင်ပြေတာပေါ့။ အွန်လိုင်းက တစ်ဆင့်ငွေလွှဲမယ်။ ငွေသား အများကြီးမပါလာတော့ အွန်လိုင်းကတစ်ဆင့် ငွေလွှဲတာပိုအဆင်ပြေတယ်။ ဒါနဲ့ ကျွန်တော့်ကို ခေါက်ဆွဲပြုတ်၁ပွဲလည်း ပေးပါ။ ဒါဆိုရင် ဟင်းပွဲ၂မျိုးပေါင်းပြီးတော့ ကျသင့်ငွေကိုပေးမယ်”
၎င်းအမျိုးသားသည်
သူ့ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်ပြီး ဖုန်းကိုထုတ်ကာ အင်တာနက်မှတစ်ဆင့်
ငွေလွှဲလိုက်သည်။
“ကောင်းပါပြီ။ ခဏစောင့်ပေးပါ”
ယွမ်ကျိုးက အီလက်ထရောနစ်ဘဏ်ငွေလွှဲစာရွက်ကို တစ်ချက်ကြည့်လိုက်ပြီး တခြားသောဖောက်သည်များ ကံစမ်းမဲနှိုက်ခြင်းကို ထပ်မံစောင့်ကြည့်သည်။ ထို့နောက်သူက မီးဖိုချောင်ထဲ ပြန်သွားပြီး ဟင်းပွဲများ ပြင်ဆင်သည်။
“ငါလည်း ကံစမ်းကြည့်ချင်တယ်”
ယင်ယာက အရက်သောက်ခြင်းကို မနှစ်သက်တဲ့သူဖြစ်သည်။ သူငယ်ချင်းများ စုဝေးပွဲတွင်လည်း သူမကအရက်မသောက်ပေ။ သို့သော်လည်း လူသားသဘာဝအရ စပ်စုချင်သော စိတ်ဆန္ဒရှိသည်။ သူ၏ကံတရားကို ကံစမ်းချင်သော စိတ်ဆန္ဒရှိသည်။
“အနီရောင်ဘောလုံးကို ပိုင်ဆိုင်ခွင့်ရရင်တော့ ငါတကယ်ကို ကံကောင်းတာပဲ။ ကံကောင်းလို့ရတဲ့အရက်ကိုတော့ မြည်းစမ်းကြည့်ဖို့ ထိုက်တန်တယ်”
“ကိစ္စမရှိပါဘူး။ မိန်းမချောလေးက အရင်ဆုံး ကံစမ်းမဲနှိုက်နိုင်ပါတယ်”
အနီရောင်ဘောလုံး၁လုံးကို ကံစမ်းမဲပေါက်သွားသည်ကို မြင်သောအခါ ဝူဟိုင်းက အနည်းငယ် စိုးရိမ်မိသော်လည်း ကံစမ်းမဲဘူးကိုယင်ယာဆီ သယ်ဆောင်သွားပေးသည်။ နှင်းတမျှဖြူဖွေးသောတင်းနစ်ဘောလုံးလေးသည် ယင်ယာ၏လက်ထဲမှာ သိသာထင်ရှားနေသည်။ ယင်ယာက အဖြူရောင်ဘောလုံးကို ပိုင်ဆိုင်သွားခြင်း ဖြစ်ပါသည်။
“ငါ ကံမကောင်းဘူးဘဲ။ မနက်စာစားပြီးတော့ အလုပ်သွားတာပဲ ကောင်းတယ်။ မဟုတ်ရင် အလုပ်နောက်ကျတော့မယ်”
ယင်ယာက ရှုခင်းနံရံ အနောက်ဖက်ရှိ အတွင်းပတ်ဝန်းကျင်ကို ငေးမောကြည့်ကာ ဟင်းပွဲ မမှာခင် ထိုင်ခုံမှာ ထိုင်လိုက်သည်။
ဝူဟိုင်းက လေးကန်စွာသက်ပြင်းချပြီး တခြားသူများ အဖြူရောင်ဘောလုံး မဲပေါက်သွားခြင်းကိုသာ ဆက်လက်စောင့်ကြည့်နေသည်။ မနက်စာစားရန် ရောက်လာသောဖောက်သည်တိုင်းက ကံစမ်းမဲနှိုက်ကြသည်။ သို့သော်လည်း အများစုက အဖြူရောင်ဘောလုံးကိုသာ မဲပေါက်ကြသည်။ ကံစမ်းမဲနှိုက်သော ဖောက်သည်အများစုသည် အရက်သောက်ခြင်းကို နှစ်သက်ကြသူများဖြစ်သည်။သို့သော်လည်း မနက်စာစားရန် ရောက်လာသည့်ဖောက်သည်အများစုကမိန်းကလေးများဖြစ်သည်။ မနက်ခင်း ဆိုင်ဖွင့်ချိန် (၁)နာရီသည် ခဏလေးအတွင်းကုန်ဆုံးသွားသည်။
“ဆိုင်ဖွင့်ချိန်ပြည့်ပါပြီ။ နေ့လည်ခင်းကျမှ ပြန်လာခဲ့ကြပါ"
ယွမ်ကျိုးက ကျန်ရှိနေသော ဖောက်သည်များကို အသိပေးစကားပြောသည်။
“ကံစမ်းမဲနှိုက်ဖို့အတွက် ဆိုင်ကို နေ့တိုင်းလာခဲ့မယ်”
“ဒါပေမဲ့ သူဌေးယွမ်က အရင်အတိုင်းပဲ ရက်စက်တဲ့စည်းမျဉ်းတွေနဲ့ထိန်းချုပ်ဦးမှာဘဲ”
ပုံမှန်ဖောက်သည်တစ်ယောက်က သနားချင့်စဖွယ်အမူအယာဖြင့်စကားပြောသည်။
“ကဲ ကဲ အပိုစကားတွေမပြောနဲ့တော့။ နေ့လည်ခင်းမှ ပြန်လာခဲ့တော့”
ယွမ်ကျိုးက ကံစမ်းမဲဘူးကို သယ်ဆောင်နေသေးသည့်
ဝူဟိုင်းကို ကြည့်ပြီး မောင်းထုတ်သည်။
“ငါက မင်းကို လိုလိုလားလားနဲ့ ကူညီပေးတာလေ။ ဒါကိုမင်းက ငါ့ကိုမောင်းထုတ်ရက်တယ်လား။ ရက်စက်လှချည်လား”
ဝူဟိုင်းက ယွမ်ကျိုးဆီ သွားပြီး အရှက်မဲ့သောအမူအယာဖြင့် စကားပြောသည်။
“ ဆိုင်ဖွင့်ချိန်ပြည့်ပြီ။ ပြည့်ပြီ ပြန်တော့ ပြန်တော့။ နေ့လည်ခင်းမှ ပြန်လာခဲ့ ”
ယွမ်ကျိုးက ချက်ချင်းငြင်းပယ်သည်။
“နှလုံးသားမရှိ၊ အကြင်နာတရားမရှိတဲ့လူ။ ခင်ဗျားရဲ့ဆိုင် ပြုပြင်နေလို့ ၂ရက်လုံးလုံး ဆာလောင်မွတ်သိပ်တဲ့ခံစားချက်နဲ့နေခဲ့တယ်။ ဒါအတွက် ကျုပ်ကိုဘယ်လိုလျော်ကြေးပေးမှာလဲ”
ဝူဟိုင်းက ယွမ်ကျိုးကို
လှည့်ဖျားရန် ကြိုးပမ်းသည်။
“ဘူးထဲမှာ ဘောလုံး၃၂လုံးပဲကျန်တော့တယ်။ အနီရောင်ဘောလုံးက၂လုံးပဲ ကျန်တယ်။ မင်းကံစမ်းကြည့်ချင်လား” ယွမ်ကျိုးက
ဝူဟိုင်း၏အကြံအစည်ကို လျစ်လျူရှုလိုက်ပြီး ကံစမ်းမဲသေတ္တာကိုယူကာ ဝူဟိုင်းကိုမေးမြန်းသည်။
“မလိုအပ်သေးဘူး .. မလိုအပ်သေးဘူး။ နောက်ထပ် လူ(၅)ယောက် ကံစမ်းမဲနှိုက်မဲ့အချိန်ကို စောင့်အုံးမယ်။ ဒါမှ ငါ အနီရောင်ဘောလုံးကို ပိုင်မှာလေ”
လေးနက်သောအမူအရာဖြင့် ဝူဟိုင်းက ယွမ်ကျိုး၏တောင်းဆိုမှုကိုငြင်းပယ်လိုက်သည်။
အပိုင်း(၁၄၈)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၄၉)
အခြားသူများက အဖြူရောင်ဘောလုံးများကို မဲနှိုက်သွားလျှင် အနီရောင်ဘောလုံးကို ပိုင်ဆိုင်နိုင်သောအခွင့်အရေး ပို၍များပြားလာနိုင်သည်။
ဤအတွေးကြောင့် ဝူဟိုင်းက သူ၏ အနုပညာစတူဒီယိုသို့ ပြန်သွားပြီး နေ့လယ်ခင်းဆိုင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေလိုသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက ဆိုင်တံခါးကိုပိတ်ပြီး ကောင်းမွန်စွာ အနားယူနေသည်။ ဝါးအရက် ၂၀၀ မယ်ကို သောက်ပြီးနောက် သူက မနက်မိုးသောက်ချိန်အထိ အိပ်မောကျခဲ့သည်။
အိပ်ရာမှ စောစောနိုးလာသောအခါ ခေါင်းကိုက်သောဝေဒနာကို မခံစားရပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ခြင်းက အရက်၏ ဘေးထွက်ဆိုးကျိုး မရှိသည့် အဓိပ္ပာယ်လည်း ဖြစ်သည်။
နေ့လယ်ခင်းဆိုင်ဖွင့်ချိန်စတင်သောအခါ ဝူဟိုင်းက ပုံမှန်အတိုင်း အချိန်မီရောက်လာ သည်။ သူက မုရှောင်ယွမ်ကို ပြောသည်။
“ဒီကနေ့ မဲနှိုက်တဲ့ တာဝန်ကို ငါဦးဆောင်ပြီးလုပ်ပေးမယ်”
ထိုစကားကို ပြောလိုက်စဉ် သူက လေးနက်သောအမူအရာဖြင့် သေးငယ်သော သေတ္တာလေးကို ယူလိုက်သည်။ ဒါပေမယ့် မုရှောင်ယွမ်က အားတုံ့အားနာဟန်ဖြင့် သူ့ကို ဟန့်တားရန်ကြိုးစားသည်။
“ကိစ္စမရှိဘူး ရှောင်ယွမ်၊ နင်အခြားအလုပ်တွေကို သွားလုပ်နိုင်တယ်။”
ယွမ်ကျိုးက မုရှောင်ယွမ်ကို ဟန့်တားသည်။
“ဟုတ်ကဲ့”
သဘောတူလိုက်ပြီး မုရှောင်ယွမ်က အဝတ်စုတ်ကလေးဖြင့် ခုံများကိုသုတ်သည်။ နေ့လယ်ခင်းတွင် ဆိုင်သို့ ပထမဦးဆုံးရောက်လာသည့် ဖောက်သည်က ဆန်အရက်အော်ဒါ တင်ထားသည့် ချန်းဝေဖြစ်သည်။ အယ်ကိုဟောပါဝင်မှုနှုန်းနည်းပါးပြီး ပမာဏနည်းသော်လည်း လတ်ဆတ်မှုနှင့်မွှေးရနံ့ကြောင့် အပြင်တွင် ရောင်းချသောအရက်များထက် သာလွန်မှုရှိသည်။
“ချန်းဝေ ဆန်အရက်မှာထားလို့လား”
ဝူဟိုင်းက ချန်းဝေကို ဟန့်တားလိုက်ပြီး အခိုင်အမာလေသံဖြင့် မေးမြန်းသည်။
“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
ချန်းဝေက ဝူဟိုင်းနဲ့ရင်းနှီးနေသူဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“ဒီကိုလာပြီး မဲနှိုက်၊ သူဌေးယွမ်က မီနူးထဲ အရက်ကိုလည်းထည့်ထားတယ်။ ဒီအရက်က အရသာကောင်းမယ့်ပုံပဲ။ တစ်နေ့မှ (၃)ပုလင်းပဲရောင်းမှာ၊ အနီရောင်ဘောလုံးကို မဲပေါက်တဲ့ သူပဲ အရက်ကို သောက်နိုင်တယ်။”
ဝူဟိုင်းက ကြင်နာစွာ ပြုံးလိုက်ပြီး ရင်းနှီးဖော်ရွှေစွာ စကားပြောသည်။
“တကယ်လား”
ချန်းဝေက သံသယဝင်သောအမူအရာဖြင့် ပြန်၍ မေးမြန်းသည်။
“ခင်ဗျား မယုံကြည်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် မေးမြန်းကြည့်လေ”
ဝူဟိုင်းက ချန်းဝေကို မကျေနပ်ဟန်ဖြင့် ပြန်ပြောသည်။
“တကယ်လား ဒါဆိုရင် ကံစမ်းမဲ နှိုက်ကြည့်မယ်လေ၊ အဆင်ပြေလား”
ချန်းဝေက ဈေးနှုန်းစာရင်းကို ကြည့်လိုက်သည်။ အရက်ဟူသော စကားလုံးက သူနှင့် အလွန်ရင်းနှီးနေသော်လည်း ဈေးနှုန်းစာရင်းက သူ့ကို လန့်ဖြတ်သွားစေသည်။
“ယောက်ျားဆိုတာ တွေဝေတာ မကောင်းဘူး၊ မြန်မြန် ကံစမ်းမဲနှိုက်လိုက်”
ဝူဟိုင်းက ရန်စသော အမူအရာဖြင့် ပြန်ပြောသည်။
“သူဌေးယွမ် အရက်သောက်
ဖို့တောင် ကံစမ်းမဲနှိုက်ဖို့ လိုအပ်တာလား”
ချန်းဝေက ကျယ်လောင်စွာအော်၍ မေးမြန်းလိုက်သည်။
“ဟုတ်တယ်၊ တနေ့မှ (၃)ပုလင်းပဲရောင်းပေးမှာ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြန်ဖြေသည်။ သူယခုလို တုံ့ဆိုင်းနေ ရသည့် အကြောင်းအရင်းရှိသည်။ ကံစမ်းမဲပေါက်သွားလျှင် အခကြေးငွေကို မတတ်နိုင်သောကြောင့်လည်းဖြစ်သည်။
“ကောင်းပြီလေ၊ ငါကံစမ်းကြည့်မယ်၊”
“ငါ့ကို ပြဦး၊ အဖြူရောင်ဘောလုံးမို့လား”
ဝူဟိုင်းက ကျေနပ်အားရစွာဖြင့် မေးမြန်းသည်။
“ငါ့လက်စေးကပ်ကပ်ဖြစ်နေလို့ မှားနှိုက်မိတာ၊ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မယ်။”
သူ့စကားအဆုံးမသတ်ခင် ချန်းဝေက ကံစမ်းမဲ ထပ်နှိုက်ရန် ကြိုးစားသည်။
“မရဘူး၊ ခင်ဗျားထပ်နှိုက်လို့ မရဘူး။ သူဌေးယွမ်က တစ်ယောက်ကို တစ်ခါပဲ နှိုက်ခွင့်ရှိတယ်လို့ စည်းမျဉ်း သတ်မှတ်ထားတယ်”
ကံစမ်းမဲသေတ္တာဘူးကို ကိုင်ဆောင်ထားသော ဝူဟိုင်းက စည်းမျဉ်းများကို ကြော်ငြာသည်။
“ဘာလို့ ဒီထူးဆန်းတဲ့စည်းမျဉ်းတွေ ရှိနေတာကို စောစောစီးစီး မကြေညာတာလဲ?”
ချန်းဝေက မကျေနပ်ဟန်ဖြင့် ပြောဆိုသည်။
“ခင်ဗျားလည်းမမေးဘူးလေ”
ဝူဟိုင်းက သူ့ကို လစ်လျှူရှုလိုက်သည်။ ယွမ်ကျိုးနှင့် ခင်မင်ရင်းနှီးလာသည်မှာ ကြာပြီဖြစ်၍ သူကလည်း ယွမ်ကျိုးနည်းတူ အခြားသူများကို အလွယ်တကူ လှည့်ဖျားတတ်သည်။
“ကောင်းပြီလေ”
ချန်းဝေက အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သော်လည်း အရက်အကြောင်းပြောလာသည့်အခါ အပြုအမူများက ပြောင်းလဲတတ်သွားသည်။ အထူးသဖြင့် ယွမ်ကျိုး၏ သာမန်ထက် လွန်ကဲသောအရက်ကို သူစွဲလမ်းနေမိသည်။
ဝူဟိုင်းက ပြုံးကာရွှင်ကာဖြင့် အခြားသူများ ကံစမ်းမဲနှိုက်မည့်အချိန်ကို ဆက်လက် စောင့်ဆိုင်းနေသည်။
“ဘာလဲ၊ ဘာတွေလုပ်နေကြတာလဲ?”
စားသောက်ဆိုင်ထဲဝင်လာသည့် အခြားသောဖောက်သည်များက မေးမြန်းသည်။
“အရက်သောက်ဖို့အတွက် ကံစမ်းမဲနှိုက်တာလေ၊ အရင်ဆုံး ဈေးနှုန်းစာရင်းကို ကြည့်ပေးပါ”
ဝူဟိုင်းက ဈေးနှုန်းစာရင်းကို ညွှန်ပြပြီး ချက်ခြင်းပြန်ပြောသည်။
“သူဌေးယွမ်က အရက်လည်းရောင်းနေပြီလား၊ အားနာပါတယ်။ ဒါပေမယ့် ကျွန်တော် ဝယ်မသောက်နိုင်ဘူး၊ ကြက်ဥထမင်းကြော်တစ်ပွဲပဲ ပေးပါ”
သူတို့က အံ့ဩတုန်လှုပ်သော အမူအရာကို ဖော်ပြပြီး ကြက်ဥထမင်းကြော်ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
ကံစမ်းမဲနှိုက်ရန် ရောက်လာသူအများစုက အရက်သောက်ခြင်းကို စွဲလမ်း နှစ်သက်သူများဖြစ်သည်။ သာမန်လူများက ကံစမ်းမဲ မနှိုက်ကြပေ။
၅၈၈၈ ယွမ် တန်ကြေးက ဈေးပေါသည့် တန်ကြေးမဟုတ်ပေ၊ သာမန်လူမဆိုထားဘိ လူချမ်းသာများပင် အရက်ပုလင်းကို ဝယ်သောက်ရန် အင်တင်တင်ဖြစ်နေလိမ့်မည်။
သိပ်မကြာခင်မှာပင် နေ့လယ်ခင်းဆိုင်ဖွင့်ချိန် တဝက်ခန့် ကုန်လွန်သွားခဲ့သည်။ ထိုစဉ် ချန်းဝေက တခြားသူ (၁၀)ယောက်ကို ခေါ်ဆောင်လာပြီး စားသောက်ဆိုင်ထဲ ပြန်ရောက်လာသည်။ ဤလူ(၁၀)ယောက်က လူငယ်များ ဖြစ်ကြသည်။
“သူဌေးယွမ်၊ အခြားသူကို ကံစမ်းမဲနှိုက်ခွင့်မပေးဘူးလို့ စည်းမျဉ်းမသတ်မှတ်ထားဘူး မို့လား”
သူရောက်ရောက်ခြင်း ချန်းဝေက ဝူဟိုင်းကို မေးမြန်းသည်။
“အဲလိုတော့ မသတ်မှတ်ထားပါဘူး၊ ကံစမ်းမဲ ထပ်နှိုက်ချင်လို့လား”
ဝူဟိုင်းက ချန်းဝေ၏ နောက်ဘက်ကို စပ်စပ်စုစု ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် ငါကံစမ်းမဲနှိုက်မှာမဟုတ်ဘူး၊ ဒီလူငယ်လေးတွေ နှိုက်မှာ”
ချန်းဝေက ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်ရှိပြီး ထက်မြက်သူဖြစ်သည်။ ခဏလေး အတွင်း သူ၏ကျောင်းသားများကို ကံစမ်းမဲနှိုက်ရန် ခေါ်ဆောင်လာသည်။
အနီရောင်ဘောလုံးကို ကံစမ်းမဲပေါက်သည့် မည်သူ့ကိုမဆို သူနှင့်အတူတူ အရက်သောက်ရန် ဖိတ်ကြားမည်။ ထိုမှသာ သူက အရက်သောက်ခွင့်ကို ရရှိမည်ဖြစ်သည်။
“ကောင်းမွန်တဲ့နည်းလမ်းပဲ”
ဝူဟိုင်းက အနည်းငယ်နောင်တရမိသည်။ သူက ဤစိတ်ကူးကို မတွေးမိခဲ့ပေ။
“ဟုတ်တယ်၊ ဒါကအကြံကောင်းပဲ”
“လာကြ၊ အားလုံးလာကြ၊ အနီရောင် ဘောလုံးပေါက်တဲ့ ဘယ်သူမဆို ဒီည ငါနဲ့အရက်သောက်ခွင့် ရှိမယ်”
ချန်းဝေကအော်ပြောလိုက်သည်နှင့် နောက်ဘက်တွင်ရှိသော ကျောင်းသားများက ချက်ခြင်းပင် တန်းစီစောင့်ကြပြီး ကံစမ်းမဲနှိုက်ရန် နာခံစွာ စောင့်ဆိုင်းနေသည်။ ပုံမှန်အချိန်တွင် ချန်းဝေက စည်းကမ်းတင်းကျပ်ပြီး ခက်ထန်သူဖြစ်သော်လည်း အခုတော့ အခြားသူနှင့် ခြားနားနေသည်။
“ကံစမ်းမဲနှိုက်တာကိုပဲ အာရုံစိုက်၊ စိတ်အေးအေးထား၊ မစိုးရိမ်နဲ့”
ချန်းဝေက ဘေးဘက်မှာ မတ်တပ်ရပ်နေပြီး လေးနက်စွာပြောသည်။
“နည်းပြချန်က အရင်ကဆိုရင် စကားပြောရ အဆင်ပြေပါတယ်။ အခုက ဘယ်လိုဖြစ်ရတာလဲ? သူ့ရဲ့ပုံစံကိုကြည့်ရတာ ငါတော့ ကြောက်လာပြီ”
တစုံတယောက်က အခြားသောကျောင်းသားကို တီးတိုးပြောသည်။
“ဒါပေါ့ ငါတို့နည်းပြကြီးက အရက်သောက်တာ အရမ်းကြိုက်တယ်လေ။”
လူငယ်လေးက တိုးလျသောအသံဖြင့် ပြန်ဖြေသည်။
“ဘာပဲဖြစ်ဖြစ် အနီရောင်ဘောလုံးပေါက်အောင် ကြိုးစားကြတာပေါ့။ ဒါဆိုရင် ငါတို့အပေါ်ထားရှိတဲ့ သူ့ရဲ့အမြင်တွေလည်း ကောင်းမွန် လာနိုင်တယ်”
တစုံတယောက်က ချန်းဝေကို မျက်နှာချိုသွေးရန် ရည်ရွယ်သည်။
“ဟုတ်တယ်၊ ငါလည်းဒီလိုပဲထင်တယ်။ နည်းပြချန်မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ်လို့ ခံစားမိတယ်။”
အခြားသူတစ်ယောက်ကလည်း သူ၏နည်းပြကို ကောင်းမွန်စွာ နားလည်သကဲ့သို့ ပြန်ပြောသည်။
“နည်းပြချန်က ငါတို့ကို ကြည့်နေတယ်။ ဒီစကားက ငါတို့အတွက် အကျိုးသက်ရောက်မှု ရှိပုံပဲ။”
သူတို့၏ အပြုအမူက အတန်းပိုင်ဆရာမ လာမည့်အချိန်ကို စောင့်ဆိုင်းနေသော ကျောင်းသားများနှင့်တူနေလေသည်။ ချန်းဝေ၏ ဆိုးဝါးသောကံတရားများသည် သူ၏ ကျောင်းသားများထံသို့ ကျရောက်လာသည်။ နောက်ဆုံးသုံးယောက်သာ ကျန်ရှိသော်လည်း တစ်ယောက်မှ အနီရောင် ဘောလုံးကို ကံစမ်းမဲ မပေါက်ခဲ့ပေ။
“လာကြ၊ လာကြ နင်တို့သုံးယောက်ပဲကျန်တယ်။ မြန်မြန်ကံစမ်းမဲ နှိုက်ကြ”
ဝူဟိုင်း၏မျက်နှာပေါ်က အပြုံးက ပို၍ ပို၍ သိသာထင်ရှားလာသည်။ အဖြုရောင် ဘောလုံး များများကံစမ်းမဲနှိုက်သွားလျှင် အနီရောင်ဘောလုံးကို သူကံစမ်းမဲ ပေါက်နိုင်သော အခွင့်အရေးပို၍ မြင့်မားလာသည်။
“ငါကြိုးစားကြည့်မယ်”
အငယ်ဆုံးကျောင်းသားလေးသည် သေတ္တာအနီးနားသို့သွားပြီး ယုံကြည်မှုလွန်ကဲသော အမူအရာဖြင့် စကားပြောသည်။ ဆံပင်ခပ်တိုတိုနှင့် ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့် ရှိသောကြောင့် သူက ချန်းဝေနှင့် တူညီသော်လည်း ချန်းဝေထက် ခန္ဓာကိုယ် အနည်းငယ် သေးသည်။
သေတ္တာထဲ သူ့လက်ကို ချက်ခြင်းထည့်လိုက်ပြီး ဘောလုံးကို မကောက်ယူခင် ဘောလုံးတစ်လုံးကို သာမန်ကာလျှံကာ ထိတွေ့လိုက်သည်။
“ဘာလဲဟ”
လူငယ်လေးက စိတ်လှုပ်ရှားသော အမူအရာဖြင့် တအံ့တဩ ထအော်သည်။
“ဘာဖြစ်လို့လဲ။ မင်းဘာကံစမ်းမဲ ပေါက်လို့လဲ?”
“ဟုတ်တယ် နည်းပြ၊ ကျွန်တော် မဲပေါက်သွားပြီ”
ကျောင်းသားလေးက သူ့ရဲ့ဘောလုံးလေးကို ချန်းဝေဆီ ရင်တမမဖြင့် လှမ်းပေးလိုက်သည်။
“တော်တယ် ငါ့တပည့်၊ ညကျရင် အရက်တူတူသောက်ကြမယ်”
ချန်းဝေက သူ့ပခုံးကို ပုတ်လိုက်သည်။
“ဟုတ်ကဲ့”
အငယ်ဆုံးကျောင်းသားလေးက ပျော်ရွှင်စွာ ခေါင်းညိတ်သည်။
“လာကြ၊ ကျသင့်ငွေကို ပေးကြမယ်”
ချန်းဝေက ပျော်ရွှင်သောအမူအရာဖြင့် အရက်၏ကျသင့်ငွေကို ပေးဆောင်ရန် သူ၏ကျောင်းသားလေးကို ခေါ်ဆောင်သွားသည်။ ကျန်ရှိသောကျောင်းသားများသည် လူစုခွဲကြပြီး အပြင်ဘက်မှ စောင့်ဆိုင်း နေသည်။
“အနီရောင်ဘောလုံးကို အလွယ်တကူပေါက်လိုက်တယ်ဆိုတော့ အရမ်းကံကောင်းတာပဲ”
ဝူဟိုင်းက တိုးလျသောလေသံဖြင့် တီးတိုးရေရွတ်ပြီး သူကိုယ်တိုင် ကံစမ်းမဲနှိုက်ရန် ပြင်ဆင်သည်။
ယခုအချိန်တွင် သေတ္တာထဲတွင် အနီရောင်ဘောလုံး တစ်လုံးတည်းသာရှိသည်။ ယခုအချိန်တွင် ကံစမ်းမဲ မနှိုက်လျှင် အခြားသူ ကံစမ်းမဲပေါက်သွားနိုင်သည်။
“တစိတ်လောက်၊ ကျွန်မတခုလောက် မေးခွင့်ရှိမလား။ အနီရောင် ဘောလုံးကို ကံစမ်းမဲပေါက်သွားလျှင် အရက်သောက်ခွင့် ရမှာလား၊ အလကား သောက်ခွင့်ရမှာလား”
သိမ်မွေ့သော အမူအရာရှိသော မိန်းကလေးသည် ရုတ်တရက် စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။
“မဟုတ်ပါဘူး၊ သူဌေးယွမ်က တစ်နေ့မှ အရက်ပုလင်း သုံးပုလင်းကိုပဲ ရောင်းချပေးတာပါ၊ ဒါ့ကြောင့်မို့လို့ အနီရောင်ဘောလုံးကို ကံစမ်းမဲနှိုက်တဲ့ သူတိုင်း အရက်သောက်ခွင့် ရှိပါတယ်။ ဒီပြင် အရက်အိုးတစ်အိုးလျှင် ဈေးနှုန်းက ၅၈၈၈ ယွမ်ပါ”
ဝူဟိုင်းက စိတ်ရှည်ရှည် ရှင်းပြသည်။ ဝူဟိုင်း၏စကား အဆုံးသတ်သွား သောအခါ မိန်းမချောလေးသည် သူ၏ သေးသွယ်သော လက်ကလေးကို လှမ်းလာပြီး ဘောလုံးကို နှိုက်လိုက်သည်။
အနီရောင်တောက်နေသော တင်းနစ် ဘောလုံးလေးက ဝူဟိုင်း၏ရှေ့ ပေါ်လာသည်။ ထို့နောက် မိန်းမချောလေးက ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြောသည်။
“ဒီဘောလုံးလား”
“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ၊ ခင်ဗျား ကံစမ်းမဲနှိုက်လိုက်ရလား?”
ဝူဟိုင်းက မယုံကြည်နိုင် ဖြစ်နေသည်။
ကျန်ရှိနေသော ဘောလုံးတစ်လုံးကို မိန်းမပျိုလေးက ကံစမ်းမဲနှိုက်သွားသည်။
“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ။ အရက်သောက်ချင်တဲ့ဆန္ဒ ရုတ်တရက် ဖြစ်လာလို့လေ”
မိန်းမချောလေးက ယဉ်ကျေးစွာ ရှင်းပြသည်။
“ခင်ဗျား မှားတော့မှားနေပြီနော်။ မိန်းကလေးတွေက အရက်သောက်စရာလား?”
အနီရောင် တင်းနစ်ဘောလုံးကို ငေးစိုက်ကြည့်ပြီး ဝူဟိုင်းက သူ့အရှုံးကို လက်မခံနိုင် ဖြစ်နေသည်။
“ဝိုး ဝိုး ဝိုး ဝိုး ဒီလိုပုံစံနဲ့ ရှင်က စကားပြောနေတော့ ရှင်က မိန်းကလေးတွေပေါ် အထင်သေးတဲ့ပုံစံပဲ ဟုတ်လား”
မိန်းမပျိုလေးက သူ့ရဲ့ဆံပင်ကို နားဘက် သပ်လိုက်ပြီး အဖြူရောင် လက်သည်းခွံပေါ်မှာ အနီရောင် လက်သည်းဆေးဆိုးထားသည်ကို မြင်တွေ့ရသည်။ ၎င်းလက်သည်းခွံပေါ်မှ ဆေးနံ့များ ခပ်ရေးရေး ထွက်ပေါ်နေသည်။
အပိုင်း (၁၄၉)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၅၀)
“အရက်က မိန်းကလေးတွေသောက်ဖို့ မသင့်လျော်လို့ ဒီလို စကားမျိုး ပြောရတာပါ။ ဒီအနီရောင်ဘောလုံးလေးကို ငါ့ကို ပေးလိုက်ပါလား”
ဝူဟိုင်းက အရှက်မဲ့သော အမူအရာဖြင့် ပြောဆိုသည်။
“ဒီအစ်မကြီးက ရှင့်ကို ပြန်ပြီးတော့ နားလည်အောင် ပြောပြမယ်နော်။ အရက်က မိန်းကလေးတွေရဲ့ အလှအပနဲ့ ငယ်ရွယ်မှုကို ထိန်းသိမ်းဖို့အတွက် ကောင်းမွန်တယ်။ ရှင့်ဘာသာရှင် ကံစမ်းမဲ နှိုက်လိုက်ရင် ပိုကောင်းမယ်”
သူမ၏စကားပြောသော အမူအရာက သိမ်မွေ့ပြီး ယဉ်ကျေးသော်လည်း ဝူဟိုင်းကို စိတ်ရှုပ်ထွေးသော ခံစားချက် ဖြစ်ပေါ်စေသည်။
“ဟုတ်ပါပြီ။ မိန်းမတွေက တကယ့်ကို ပြဿနာအိုးပဲ။ ပြဿနာအိုးဆိုတဲ့ နာမည်နဲ့ တကယ့်ကို လိုက်ဖက်တယ်”
ဝူဟိုင်းက မကျေနပ်သော အမူအရာဖြင့် ရေရွတ်ပြောဆိုသည်။
“နေပါဦး နေပါဦး”
ဝူဟိုင်းက တစ်စုံတစ်ရာကို ရုတ်တရက် တွေးတောမိသွားသည်။
“ဟေး အလှလေး နေပါဦး နေပါဦး”
သူက ခေါင်းလှည့်လိုက်ပြီး မိန်းမချောလေးကို လှမ်းအော်သည်။
“ဘာကိစ္စလဲ၊ ဘာလိုချင်တာ ရှိသေးလို့လဲ”
မိန်းမချောလေးက ပုံမှန် လေသံဖြင့် ပြန်ဖြေသည်။
“ဒီအရက်ရဲ့ ကျသင့်ငွေကို ငါပေးဆောင်နိုင်တယ်။ မင်းကိုလည်း ဒကာခံနိုင်ပါတယ်။ ဒီလိုဆိုရင်ကော ဘယ်လို သဘောရလဲ”
ဝူဟိုင်းက စိတ်ပြောင်းသွား၍ ဖျောင်းဖျဟန် လေသံဖြင့် ပြောဆိုသည်။
“မလိုအပ်ပါဘူး။ ဒီအရက်လောက်တော့ ကျွန်မ ဝယ်သောက်နိုင်ပါတယ်”
မိန်းမချောလေးက ငြင်းဆန်သော အမူအရာဖြင့် ပြုံးကာ ပြန်ဖြေသည်။
“ကျွန်တော်က သဘောရိုးနဲ့ ဖိတ်ခေါ်တာပါ။ တကယ်ပါ။ အရက်ရဲ့ ကျသင့်ငွေကို ပေးဆောင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပေးနိုင်မလား”
“အားနာပါတယ်။ ကျွန်မ ရှင်နဲ့အတူတူ အရက်မသောက်နိုင်ဘူး။ ရှင့်ရဲ့ပိုက်ဆံတွေကို အခြားနေရာမှာပဲ သုံးလိုက်ပါ။ နောက်တစ်ခေါက်ဆိုရင်တော့ စဉ်းစားပေးပါမယ်”
မိန်းမပျိုလေးက ငြင်းပယ်လိုက်သည်။ ဝူဟိုင်းက အခြားနည်းလမ်း စဉ်းစား မရပေ။ အခွင့်အရေး သုံးခုလုံးက အခြားသူ လက်ထဲ ကျရောက်သွား၍ သူ အချိန်ကုန် သွားသည်သာ အဖတ်တင်သည်။
“ညနေခင်း ၈နာရီခွဲကျရင် လာခဲ့ပေးပါ။ နောက်ကျတဲ့သူကိုတော့ မစောင့်ပါဘူး။ တစ်ယောက်ချင်းစီကို အရက်ပုလင်း တစ်ပုလင်းရယ်၊ ခွက်တစ်ခွက်ရယ်၊ ထိုင်ခုံ သုံးခုံရယ် ပေးပါမယ်။ စားသောက်ဆိုင်ကို သုံးနာရီ ဖွင့်ပေးမယ်”
ယွမ်ကျိုးက ဖောက်သည် တစ်ဦးချင်းစီကို ပြန်လည်ပြောကြားသည်။
“ကိစ္စမရှိပါဘူး။ ဒါနဲ့ အရက်နဲ့တွဲသောက်ဖို့ အခြားသော ဟင်းလျာတွေရော ရောင်းပေးမှာလား”
ချန်းဝေက အရက်သောက်ရင်း အမြည်း စားရန် ရည်ညွှန်းခြင်းဖြစ်သည်။
“အခုတော့ မရောင်းပေးသေးဘူး”
ယွမ်ကျိုးက အမှန်အတိုင်း ပြန်ဖြေသည်။
“ဒါဆိုရင် ငါ့ဘာသာငါ ယူလာလို့ ရလား”
အနီရောင်ဘောလုံးလေးကို စောနလေးတွင်မှ ကံစမ်းမဲပေါက်သွားသော မိန်းမပျိုလေးက စပ်စပ်စုစု မေးမြန်းသည်။
“ဟုတ်ကဲ့ ရပါတယ်”
ယွမ်ကျိုး ခေါင်းညိတ်သည်။
“ဒါဆိုရင် အဆင်ပြေတာပေါ့၊ ငါတို့ဘာသာ ငါတို့ ဟင်းပွဲအချို့ ယူလာမယ်”
ချန်းဝေက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။
ကံစမ်းမဲ အခု ၅၀ သည် မနက်ခင်းနှင့် နေ့လည်ခင်းတွင် အပြီးသတ် ပြီးဆုံးသွားသည်။
ည ၈နာရီ ချန်ထူးမြို့၏ ညအချိန်က မှောင်မိုက်နေသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ခဏပိတ်ထား၍ မုရှောင်ယွမ်က သူမ၏အိမ်ကို ပြန်ရောက်နေသည်။
ညဘက် ဆိုင် ၃ နာရီ ဖွင့်ရန်အတွက် ယွမ်ကျိုးက မုရှောင်ယွမ်ကို ဆိုင်သို့ မလာခိုင်းခဲ့ပေ။ ညဘက်အချိန် အိမ်ပြန်ရခြင်းက မိန်းကလေးအတွက် မလုံခြုံ၍လည်း ဖြစ်သည်။
ယွမ်ကျိုးက ပုစွန်နံရံပန်းချီကားကို တွန်းဖွင့်လိုက်ပြီး အတွင်းဘက် ပတ်ဝန်းကျင်ကို ဖွင့်ဟလိုက်သည်။
“ကောင်းသော ညနေခင်းပါ သူဌေးယွမ်”
ကြည်လင်ချိုသာသော မိန်းကလေးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
အနီရောင်ဘောလုံးကို ကံစမ်းမဲပေါက်သွားသော ဖခင်က သူ၏သမီးကို ခေါ်ဆောင်လာပြီး အတူ ရောက်လာခြင်းဖြစ်သည်။
“မင်္ဂလာညနေခင်းပါ။ ဒုတိယလွှာ အပေါ်ထပ်ကို တက်ပေးပါ။ ဒါက ဝင်ပေါက်ပါ။ ကိုယ့်ထိုင်ခုံမှာ ကိုယ်နေရာယူ ပေးကြပါ”
ယွမ်ကျိုးက လှပသော ခြံဝန်းလေးကို ညွှန်ပြရင်း စကားပြောလိုက်သည်။
“အရမ်းလှတာပဲ၊ ဟုတ်တယ်မို့လား”
သမီးဖြစ်သူက ပြောဆိုသည်။
“ဘယ်သူ့ကို အတူခေါ်လာရမလဲ စဉ်းစားမရ ဖြစ်နေတာ။ သမီးလေးကိုပဲ ခေါ်လာခဲ့တယ်လေ။”
သူ့သမီးနှင့် မည်သို့စကားပြောရမည်မှန်း မသိသောကြောင့် အဖေဖြစ်သူသည် ယွမ်ကျိုးကို စကားလှမ်းပြောသည်။ ကောင်မလေး၏ ရည်ရွယ်ချက်က ပို၍ ရိုးရှင်းသည်။
အရက်သောက်ထားသောလူက ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောသဘော ရှိတာကြောင့် သူ၏ဖခင်နှင့် အတူလိုက်လာခြင်းဖြစ်သည်။
“အထဲဝင်ကြပါ”
ယွမ်ကျိုးက အထဲဝင်ရန် အချက်ပြသည်။
“သူဌေးယွမ်၊ ငါတို့ရောက်ပြီ”
ချန်းဝေက ဝင်ပေါက်သို့ ရောက်ရောက်ချင်း ကျယ်လောင်စွာ ထအော်သည်။ သူ့နောက်တွင် လူနှစ်ယောက်လည်း ပါလာသည်။
တစ်ယောက်က ချန်းဝေအသေးစားလေး ဖြစ်ပြီး အနီရောင်ဘောလုံးကို နေ့လယ်က ကံစမ်းမဲပေါက်သွားသူလည်းဖြစ်သည်။ တခြားတစ်ယောက်က ခက်ထန်သော မျက်နှာထားရှိသူ ဖြစ်သည်။
“အထဲဝင်လာခဲ့လေ”
ယွမ်ကျိုးက တူညီသောစကားကိုသာ ထပ်တလဲလဲ ပြောဆိုသည်။
“သွားကြမယ်၊ သူဌေးယွမ်ရဲ့အရက်က သာမန်ထက် ကောင်းမွန်မှာသေချာတယ်”
အခြားသူနှစ်ယောက်ကို လက်ယပ်ခေါ်ပြီး ချန်းဝေက အတည်ပြုဟန်ပြောဆိုသည်။
နောက်ဆုံးကျန်ရှိသော အနီရောင် ဘောလုံးလေးကို ကံစမ်းမဲပေါက်သွားသော မိန်းမချောလေးက အခြားဘယ်သူ့ကိုမှ မခေါ်ပဲရောက်လာသည်။
ယွမ်ကျိုးက စားသောက်ဆိုင်အရှေ့ တံခါးကို ပိတ်လိုက်သည်။ လူစုံသွားသောကြောင့် စားသောက်ဆိုင်တံခါးကို ပိတ်လိုက်ခြင်းဖြစ်သည်။
“ပတ်ဝန်းကျင်က အရမ်းလှတယ်။ ဒါတွေက ဝါးပင်တွေလား”
ချန်းဝေက ချီးမွမ်းစကားပြောဆိုသည်။
“ခင်ဗျား ခန့်မှန်းတာ မှန်တယ်။ အပြင်အဆင်က ဝတ္ထုဆန်တယ်မို့လား”
အလယ်ဘက်ထိုင်ခုံတွင် ထိုင်နေသော ဖခင်ဖြစ်သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ချီးမွမ်းသည်။ ဒုတိယထပ်တွင် ရှိသော မီးလုံးသေးသေးလေးများသည် ဝါးပင်လေးများနှင့်အပြိုင် လှပနေသည်။
“ငါတို့ပဲရှိတာလား။ ဒါဆိုရင် အရက်သောက်ရင်း တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်စကား ပြောကြမယ်လေ”
ချန်းဝေက ပုံမှန်အတိုင်း ပြောဆိုသည်။
“ဒီလူက ငါ့အကိုလေ။ ခက်ထန်တဲ့ မျက်နှာ အမူအရာရှိပေမယ့် သဘောကောင်းပါတယ်။ သူ့ကို သုန်သုန်လို့ ခေါ်လို့ရတယ်။ ဒါကတော့ ငါ့ရဲ့ ကျောင်းသားလေး ကွမ်းဝေ၊ နင်တို့တွေ သူ့ကို သိမှာပါ”
ချန်းဝေက ဦးစွာ အရင်ဆုံး မိတ်ဆက်စကားပြောသည်။ ချန်းဝေက မိန်းမချောလေးများ ကိုယ်စား အရင်ဆုံး မိတ်ဆက်စကားပြောသည်။
“ငါ့ရဲ့ မျိုးရိုးနာမည်က ဝေ ပါ၊ ဒါက ငါ့ရဲ့ သမီးလေး”
ချန်းဝေက စိတ်အားထက်သန်စွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်စကား ပြောသော်လည်း ဖခင် ဝေက သူ့အကြောင်းကို အသေးစိတ် မိတ်ဆက်ချင်သောဆန္ဒ မရှိပေ။
“ငါက ကျန်းရှန်ပါ။ ငါက နင်တို့အားလုံးထက် အသက်ကြီးတဲ့အတွက်ကြောင့် အမကြီးလို့ ခေါ်လို့ရတယ်”
ကျန်းရှန်က အပြုံးလေးကို လှစ်ဟာပြပြီး သိမ်မွေ့စွာပြောသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းက ငါတို့ထက် လုံးဝ အသက်မကြီးဘူး။ သူဌေးယွမ်က ပိုပြီး အသက်ကြီးနိုင်တယ်။”
ချန်းဝေက တစုံတရာကို ပြောခါနီး ယွမ်ကျိုးက အပေါ်ထပ်သို့ တက်လာသည်။ ယွမ်ကျိုးက စကားအများကြီး မပြောပဲ ထိုင်ခုံ သုံးခုံအတွက် ဝိုင်ပုလင်းနှင့် ခွက်များကို နေရာချပေးသည်။
“ခင်ဗျားတို့အကြိုက် အရက်ပုံစံပုလင်းကို ရွေးချယ်နိုင်ပါတယ်။”
“ဒါဆို ငါအရင်ဆုံး ရွေးကြည့်မယ်”
ထိုစကားကို ပြောလိုက်စဉ် ချန်းဝေက မက်မွန်ပန်းပွင့်ပုံစံ ဖော်ထားသော ဝိုင်ပုလင်းကို ကောက်ယူလိုက်သည်။
“ဒီပုလင်းက အရမ်းကို သေးလွန်းတယ်”
သူ့နောက်တွင်ရှိသော ကျန်ရှန်က သစ်ခွပန်းပုံဖော်ထားသော အရက်ပုလင်းကို ယူပြီး ဝေးဟွာက ဝါးပုံစံဖော်ထားသော အရက်ပုလင်းကို ယူသည်။
“ဝါးအရက်က ဝါးရဲ့ အတွင်းဘက်အခြမ်းကို အသုံးပြုပြီး ပြုလုပ်ထားတာ၊ အရသာ ထူးခြားမှု ရှိတယ်”
ယွမ်ကျိုးက သူတို့ကို ရှင်းပြနေစဉ် ချန်းဝေရဲ့ မက်မွန်ပန်းပွင့် အရက်အိုးကို ယူပြီး ခွက်ထဲ အရက်ကို ဖြည့်လိုက်သည်။
“အရက်ကောင်းပဲ၊ မွှေးနေတာပဲ”
ချန်းဝေက အရက် ယစ်မူးနေသူ ဖြစ်သောကြောင့် အရက်ကို ချီးမွမ်းစကား ပြောသည်။
“ရနံ့က မွှေးကြိုင်နေတာပဲ အရက်နဲ့တောင် မတူဘူး”
ဝေးဟွာရဲ့သမီးက ချက်ခြင်း ပြန်ပြောသည်။
“မွှေးနေရင်တောင် သမီးသောက်လို့ မရဘူး”
ဝေးဟွာက ညှိနှိုင်းခွင့် မပေးပဲ ချက်ခြင်း ငြင်းပယ်သည်။
“အရက်သောက်ချင်တယ်လို့လည်း တခါမှ မပြောခဲ့ပါဘူး”
ကောင်မလေးက အေးစက်စွာ ပြောသည်။
ခဏကြာပြီးနောက် အရက်ကို ၈၀% နှုန်းအထိ ဖြည့်လိုက်သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ယွမ်ကျိုးက အရက်ကို အတိအကျ ဖြည့်ထားမှန်း သိသာ ထင်ရှားသည်။
ထိုစဉ် အရက်၏ မွှေးရနံ့က ပို၍ ပြင်းထန်လာပြီး ခြေလှမ်းတစ်ရာ အကွာအဝေးမှပင် အနံ့ကို ရရှိနိုင်သည်။
“လာကြ သောက်ကြမယ်”
ချန်းဝေက အရက်အိုးကို မြှောက်ကိုင်လိုက်ပြီး သူ့ထိုင်ခုံမှာ ထိုင်သည်။
ထို့နောက် သူက အရက်ကို ခွက်ထဲ အပြည့် ဖြည့်လိုက်သည်။
“ပေးရတဲ့ဈေးနဲ့တန်ပါတယ်၊ အရက်ကောင်းပဲ”
ချန်းဝေက အရက်ကို မသောက်ကြည့်ရသေးခင် ချက်ခြင်း ချီးမွမ်းစကားပြောသည်။
“လာကြ လာကြ မင်းတို့သောက်မယ့် အရက်ကို မင်းတို့ဘာသာ ငှဲ့ကြ၊ ငါကတော့ သောက်တော့မယ်”
ထိုစကားကို ပြောနေစဉ် ချန်းဝေက ခွက်ကို မြှောက်ကိုင်လိုက်ပြီး တခါတည်းဖြင့် အရက်ခွက် တစ်ဝက်ခန့်ကို သောက်လိုက်သည်။
ချန်းဝေက အရက်ကို ဦးစွာသောက်သွားသော မြင်ကွင်းကို မြင်ရသောအခါ သူ့ဘေးနားမှာ ထိုင်သော ကျောင်းသားများကလည်း ဖန်ခွက်များကို ကိုင်ဆောင်ပြီး အရက်ငှဲ့ရန် ပြင်ဆင်သည်။
“ပေါ့ပေါ့ပါးပါးနေ၊ သောက်ကြ သောက်ကြ နဲနဲလေးတော့ ချန်ထားဦး”
ချန်းဝေနှင့် သုန်သုန်က တစ်ယောက်ခွက် တစ်ယောက် ငေးစိုက်ကြည့်ကြပြီး တခြားစားသောက်ဆိုင်မှာဆိုလျှင် တစ်အိုး ကုန်သွားလျှင် နောက်တစ်အိုး ထပ်မှာနိုင်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်မှာဆိုလျှင် အရက်အိုး ကုန်သွားလည်း မှာယူ၍ မရနိုင်ချေ။
အပိုင်း(၁၅၀)
ပြီးပါပြီ။