အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အပိုင်း(၁၃၉)
ပုစွန်တစ်ကောင်သည် စဉ့်တီတုံးပေါ်မှာ ရုတ်တရက် ထခုန်လိုက်ပြီး မြေကြီးကိုထိလုနီးပါးဖြစ်နေသည်။ မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ယွမ်ကျိုးက အရသာ ကင်းမဲ့သောဇွန်းဖြင့် ပုစွန်ကိုအတိအကျ ဖမ်းယူလိုက်သည်။ ထို့နောက် ဇွန်းဖြင့်
စဉ့်နီတုံးပေါ် ပြန်တင်လိုက်ပြီး အခွံချွတ်ခြင်းလုပ်ငန်းကိုစတင်သည်။
"သူဌေးယွမ်ရဲ့ လှုပ်ရှားမှုက တကယ့်ကို တိကျတယ်"
ဂိမ်းတိုက်ရိုက် ထုတ်လွှင့်သော အမျိုးသားက တအံ့တသြဖြစ်နေသည်။
"သူ့မှာ စူးရှတဲ့အမြင်အာရုံလည်းရှိတယ်။ ကျွမ်းကျင်တဲ့ လက်တစ်စုံလည်းရှိတယ်"
တခြား မိန်းမချောလေးတစ်ဦးကလည်း အပြုံးလေးဖြင့် ချီးမွမ်းသည်။
"သူဌေးယွမ်က ဒီထက်တောင်အရည်အချင်းရှိသေးတယ်" မန်မန်က ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
"ငါတို့က နင့်ကိုချီးမွမ်းနေတာမဟုတ်ဘူး။ ဘာလို့အရမ်းကြွားဝါနေရတာလည်း ..." အဆိုအပိုင်းတိုက်ရိုက်ထုတ်လွှင့်သူက သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် စကားပြောသည်။
" ငါတစ်ကယ်ပြောတာ မယုံရင် အပြင်ဘက်က ပုံဖော်ထားတဲ့ ပန်းပွင့်တွေကို ကြည့်စမ်းပါဦး။ဒါတွေအားလုံးကို သူဌေးယွမ် လုပ်ထားတာ "
အပြင်ဘက်တွင်ရှိသောပန်းခြင်းကို ညွှန်ပြရင်း မန်မန်က ယွမ်ကျိုး၏ စစ်မှန်သောအရည်အချင်းကို သက်သေပြသည့်စကားပြောသည်။
"ဒါတွေက ပန်းအစစ်မဟုတ်ဘူးလား" တိုက်ရိုက်ထုတ်လွှင့်သူအဖွဲ့က ချက်ချင်းတအံ့တသြ ဖြစ်သွားသည်။
ထို့နောက်သူတို့က တံခါးအပြင်ဘက်တွင် အလှဆင်ထားသော ပန်းပွင့်များကို သွားရောက်ကြည့်ရှုကြသည်။
" ဟား...ဟား...ဟား... နင်က ငါ့တို့ကို အရူးလုပ်ချင်တာလား" တိုက်ရိုက်ထုတ်လွှင့်သူအဖွဲ့သည် ပန်းပွင့်များကို ထိတွေ့ခဲ့သည်။
"ဒါက ဥနီတွေကို ပုံဖော်ထားတဲ့ ပန်းတွေဘဲ။ ပန်းအစစ်နဲ့တူတယ်မလား"
မန်မန်က ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားသည်။
"ဟုတ်လို့လား "
တစ်ခြားသော တိုက်ရိုက်ထုတ်လွှင့်သူနှစ်ဦးသည်လည်း ပန်းပွင့်များကို ထိတွေ့ချေသည်။
" ဥနီတွေကို အသုံးပြုပြီးပုံဖော်ထားတာဘဲ။ သူ့ရဲ့လက်က တစ်ကယ့်ကို ကျွမ်းကျင်မှုရှိတယ်" ဂိမ်းတိုက်ရိုက်
ထုတ်လွှင့်သည့် အမျိုးသားသည် အွန်လိုင်းဂိမ်း ကစားခြင်းတွင် အတွေ့အကြုံကြွယ်ဝသောကြောင့် ကျွမ်းကျင်သောလက်တစ်စုံ၏ အရေးပါမှုကို ကောင်းကောင်းသိသောကြောင့် ယွမ်ကျိုးကို တခမ်းတနား ချီးမွမ်းစကားပြောသည်။
"ဒါပေါ့... ဟေ့လူတွေ ပြန်လာကြတော့။ အစားသောက်တွေ အဆင်သင့်ဖြစ်နေပြီ "
တစ်ခြားသူနှစ်ယောက်သည် ပန်းပွင့်များကို ဆက်လက်လေ့လာနေခြင်းကို မြင်တွေ့သောအခါ မန်မန်က အလောတကြီးပြောသည်။
"လာပြီ ... လာပြီ"
ယွမ်ကျိုးက ဟင်းပွဲများကို မီးဖိုချောင်ထဲမှ တစ်ဆင့် သယ်ယူလာခြင်းကို မြင်တွေ့ရသောအခါ သူတို့နှစ်ဦးက သူတို့ ထိုင်ခုံသို့ပြန်လာကြသည်။ ဟင်းပွဲတိုင်းသည် ထူးခြားမှုရှိပြီး ရနံ့မွှေးကြိုင်နေသည်။
" ငါတို့အားလုံးကို အခုလိုဧည့်ခံတဲ့အတွက် သူဌေးယွမ်ကို အရင်ဆုံးကျေးဇူးတင်ပါတယ် " မန်မန်က ပြုံးကာရွှင်ကာဖြင့် ယွမ်ကျိုးကို ကျေးဇူးတင်ကြောင်းအရင်ပြောကြားသည်။
"အခုလိုတွေပြောဖို့မလိုပါဘူး"
"ငါတော့ဒီလိုစကားတွေမပြောချင်ဘူး အရမ်းဗိုက်ဆာနေပြီ "
ပွင့်လင်းရိုးသားလွန်းသော အမူအရာဖြင့် စွန်းမင်က စကားပြောရင်း တူကိုကောက်ကိုင်ကာ ချက်ချင်းစားသောက်ရန်ပြင်ဆင်သည်။
"နေပါဦး "
ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူသည် ရုတ်ရက် ထအော်သည်။ မိတ်ကပ်နှင့်ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်သော ကောင်မလေးသည် လန့်ဖျပ်သွားပြီး ငေးကြောင်ကြည့်နေစဉ် ၎င်းအမျိုးသားသည် ပန်းကန်ပြားထဲမှ ပုံဖော်ထားသော ပန်းပွင့်လက်ကျန်ကို လှမ်းဆွဲလိုက်သည်။
"နင် ငါတို့ကို လှည့်စားတာဘဲ တအားလွန်သွားပြီနော် " သူမကဒေါသထွက်နေသော်လည်း မိန်းမချောလေး၏ မျက်နှာက လှပနေသေးသည်။
နောက်ဆုံးလက်ကျန် ဟင်းပွဲကို မြိုချပြီးမှသာ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သော အမျိုးသားသည် စကားပြောချိန်ရသည်။
"သူဌေးယွမ်ရဲ့ စားသောက်ဆိုင်က အရမ်းကိုသန့်ရှင်းတယ်လို့ဘဲ ပြောချင်တယ်"
"ဒီကိစ္စကို ဘယ်သူက မသိလို့လဲ" မိတ်ကပ် တိုက်ရိုက်ထုတ်လွှင့်သူသည် ဒေါသထွက်သော အမူအရာကို ပြသသည်။
"ဒါပေမယ့် ငါက အရင်ဆုံး ဒီစကားကိုပြောတာလေ"
ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူ၏ မျက်နှာပေါ်တွင် မဲ့ရွဲ့သော အမူအယာများဖြစ်ပေါ်လာသည်။
" အင်း ... "
မိတ်ကပ်တိုက်ရိုက်ထုတ်လွှင့်သူသည် စကားဆက်မပြောချင်၍ သူနဲ့အပြိုင် မပြောတော့ပေ။
"သူဌေးယွမ် ... ခင်ဗျားစိတ်ချလိုက်တော့။ ခင်ဗျားရဲ့ဆိုင်ကို အကောင်းဆုံး ကြော်ငြာပေးမယ် " ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သော အမျိုးသားသည် ပွင့်လင်းစွာ စကားပြောတတ်သည်။
သူက ဟင်းပွဲများကို ကျေနပ်အားရစွာ မြည်းစမ်းကြည့်ပြီးနောက် သူ၏ရည်ရွယ်ချက်ကိုထုတ်ပြောသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။သူက ခေါင်းညိတ်ရုံသာ ပြုမူနေသည်။
"လာကြတော့ ... ငါတို့ အိမ်ပြန်ပြီးတော့ သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်ကောင်းမွန်တာကို ကြော်ငြာပေးကြမယ်" ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူသည် အတော်အတန်စိတ်လှုပ်ရှားနေသည်။
မျှဝေခြင်းက အကောင်းမွန်ဆုံးသော အတွေ့အကြုံဖြစ်သည်။ အရသာရှိသောဟင်းပွဲများကို ပို၍ပင်ကြော်ငြာပေးသင့်သည်။
တခြားသောတိုက်ရိုက်လွှင့်သူအားလုံးလည်းထွက်ခွာသွားကြသည်။ သူတို့ မထွက်သွားခင် ကြော်ငြာရန် ကူညီပေး
မည့်အကြောင်းကို ထုတ်ပြောသွားသည်။
"ဒါဆိုရင် မင်းက ငါတို့ကို ကြောငြာပေးစေချင်တာပေါ့ ဟုတ်လား ..." စွန်းမင်တစ်ယောက်ထဲသာ တုံ့ပြန်လာသည်။
"မဟုတ်ရပါဘူး"
ယွမ်ကျိုးက ချက်ချင်းငြင်းပယ်သည်။
"မင်းက ဝန်မခံချင်တာလား။ ငါတို့က ညီအကိုတွေဘဲလေ အကူညီလိုအပ်ရင် ဒကာခံနေဖို့တောင် မလိုအပ်ပါဘူး"
စွန်းမင်က မယုံကြည်နိုင်သောအမူအရာကို ပြသသည်။
"ငါက အမြဲတမ်းရက်ရောတဲ့သူပါ " ယွမ်ကျိုးက ဟုတ်မှန်သောလေသံဖြင့်စကားပြောသည်။
"ဟားဟားဟား"
စွန်းမင်၏အမူအရာက သူ့ကိုနောက်ပြောင်နေသည်ဟူသော အမူအရာကိုဖော်ပြသည်။ ထို့နောက် သူဆက်လက်စကားပြောသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ၊ ငါနားလည်ပြီ"
"ဟုတ်ပါပြီ။ လမ်းခရီးမှာ ဂရုစိုက်ပြီးပြန်ကြပါ"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး သူတို့သုံးယောက်ကို လိုက်ပါပို့ဆောင်ပေးသည်။
ခုချိန်တွင် ယွမ်ကျိုးက တိုက်ရိုက်ထုတ်လွှင့်သူများ၏ ဘလော့ကို စောင့်ကြည့်ရန် တအားအာရုံစိုက်နေသည်။ ယွမ်ကျိုး၏ ဧည့်ခံပွဲသည် ငွေကုန်ကြေးကျများသည်။ ထို့ကြောင့် သူ့စားသောက်ဆိုင်ကိုကြော်ငြာပေးရန် လူရှာခြင်းက သိပ်မခက်ခဲချေ။
တခြားသူများ၏ ကြော်ငြာပေးခြင်း၏အကျိုးသက်ရောက်မှု ရလဒ်ကောင်းကို စောင့်မျှော်နေစဉ် ညအချိန်သို့ ကျရောက်လာသည်။
"သူဌေး ... ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ"
ဤတစ်ကြိမ်တွင် ပထမဦးဆုံး ဆိုင်သို့ရောက်ရှိလာသူက ဝူဟိုင်း မဟုတ်ပေ။ ထိုအစား ကိုယ်အလေးချိန်အတော်ကျသွားသော ဝတုတ်ကလေးဖြစ်သည်။ သူက ယခင်နဲ့ ခြားနားစွာ ဝိတ်ကျနေသည်။
"ခဏလေးစောင့်ပေးပါ " ယွမ်ကျိုးခေါင်းညိမ့်သည်။
၃မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ကို သူ့ဆီ သယ်ဆောင်လာသည်။ သို့သော်လည်း သူက ဤတစ်ကြိမ်တွင် အစာစားခြင်းကို အာရုံမစိုက်ခဲ့ဘဲ စိုးရိမ်တကြီး မေးမြန်းသည်။
"ငါကိုယ်အလေးချိန်ကျသွားလား"
ယွမ်ကျိုးက သူ့ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သောအခါ ၎င်းအမျိုးသားသည် ပို၍ပိန်ပါးသွားပြီး ခန္ဓာကိုယ်က ပို၍ ကြံ့ခိုင်လာသည်။
"ဟုတ်တယ် မင်းအရင်ကထက်စာရင် ပိုပိန်သွားတယ် " ယွမ်ကျိုးကခေါင်းညိမ့်ကာ အတည်ပြုလိုက်သည်။
"ခင်ဗျားရဲ့ ကြက်ဥထမင်းကြော်တွေ စားလို့ထင်တယ်။ ဒါကြောင့်မို့ ကျွန်တော်ပိန်သွားတယ်လို့ ခံစားမိတယ်" ၎င်းအမျိုးသားက ပြားချပ်နေသောသူ၏ဝမ်းဗိုက်ကိုပုတ်ပြီး လေးနက်စွာပြောသည်။
"မဟုတ်နိုင်ဘူး မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်မှာပါ " ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက အလေးအနက်မထားဟန်ဖြင့်ပြန်ပြောသည်။
"တကယ်လား"
ယခင်က ဝတုတ်ကလေးသည် ပိန်ပါးသွားသည်။
"ဟုတ်တယ် မင်းရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါ။ မင်းက ဒီကိုလာဖို့ဆိုရင် ခြေကျင်လမ်းလျှောက်လာရတာမလား။ ဒါကြောင့်မင်းပိန်သွားတာလေ "
ဝူဟိုင်းက စားသောက်ဆိုင်ထဲဝင်ဝင်ခြင်း လေးနက်သောစကားကိုပြောသည်။
"ဪဟုတ်တာဘဲ။
ဒါလည်းဖြစ်နိုင်တယ် "
သူ၏သံသယအားလုံးကို ဖယ်ရှားပြီးနောက် ပိန်ပါးကျစ်လစ်သော ကောင်လေးသည် ကြက်ဥထမင်းကြော်ကို စတင်စားသုံးသည်။
သူက တခြားသောကိစ္စများကို ဆက်လက်မတွေးတောတော့ပေ။
"ကြက်ဥထမင်းကြော်ဘဲ စားနေတုန်းလား "
သူ၏ပန်းကန်ပြားကိုကြည့်ပြီး ဝူဟိုင်းက အလိုက်သင့်မေးမြန်းလိုက်သည်။
ပိန်ပါးသောကောင်လေးသည် ယွမ်းကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်လည်းဖြစ်သည်။ သူသည်လွန်ခဲ့သော တစ်လကျော်ခန့်က ဒီဆိုင်သို့ရောက်ရှိလာပြီး ညနေဘက် ဆိုင်ဖွင့်ချိန်တိုင်း ကြက်ဥထမင်းကြော်ကို နေ့တိုင်း မှာစားလေ့ရှိသည်။
ဤဟင်းပွဲကို စားသုံးပြီးနောက် သူက ချက်ချင်းထွက်သွားလေ့ရှိသည်။တစ်လအတွင်း သူ၏ခန္ဓာကိုယ်က ဝတုတ်တုတ်ခန္ဓာကိုယ်မှ ပိန်ပါးကျစ်လစ်သော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။တစ်နည်းဆိုရသော် ကြက်ဥထမင်းကြော်ကို
တစ်လလုံးလုံး စားသုံးခဲ့၍ဖြစ်သည်။
"မင်းက တကယ့်ကို သည်းခံနိုင်စွမ်းမြင့်မားတဲ့သူဘဲ"
တခြား ဘာဆိုဘာမှမစားဘဲ ကြက်ဥထမင်းကြော်တစ်ပွဲကို နေ့တိုင်းစားသည့်လူကို ဝူဟိုင်းချီးကျူးမိသည်။
"အင်း ... "
ယွမ်ကျိုးကလည်းခေါင်းညိမ့်သဘောတူသည်။
အရသာရှိသော ဟင်းပွဲများကို သူကိုယ်တိုင် ချက်ပြုတ်နေသည့်တိုင် ယွမ်ကျိုးက ဤဟင်းပွဲများကို ဆက်တိုက်စားချင်သောဆန္ဒရှိနေသေးသည်။
"ကျေးဇူးတင်ပါတယ် သူဌေး"
ပိန်ပိန်ပါးပါးကောင်လေးသည် ကြက်ဥထမင်းကြော်ကို စားသုံးပြီးနောက် ယွမ်ကျိုးနဲ့ ဝူဟိူင်းတို့ စကားပြောနေစဉ် ထွက်သွားရန်ပြင်ဆင်သည်။
"ဂရုစိုက်ပြီးပြန်ပါ "
သူ့နောက်တွင်ရှိသောကောင်မလေးက တာဝန်ကျေပွန်စွာ စကားပြန်ပြောသည်။
"ငါ ဟိုတစ်လောက
ပြောခဲ့တာကို မှတ်မိသေးရဲ့လား။ မင်းအရင်ထက်ပိုပြီးတော့ ပိန်လာတယ်နော် "
ပိန်ပိန်ပါးပါးကောင်လေးက သူ့အိမ်တံခါးကို ဖွင့်နေစဉ်
သူ့အိမ်ခန်းဘေးက အိမ်နီးနားချင်းက
တံခါးဖွင့်ကာ စကားလာပြောသည်။
"ဟုတ်တယ်။ အခုဆိုရင် ငါပိုပိန်သွားတယ် "
ပိန်ပိန်ပါးပါးကောင်လေးက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
"နာမည်မရှိတဲ့စားသောက်ဆိုင်လေးကနေကြက်ဥထမင်းကြော်ကို
နေ့တိုင်းဝယ်စားပုံဘဲ။ တကယ်အရသာရှိတာလား။ဒါကိုစားပြီးတော့ မင်းပိုပြီးတော့ပိန်သွားတာ အံ့သြစရာကောင်းတယ်"
သူ့ရဲ့အိမ်နီးနားချင်းက သူ့ကိုနောက်ပြောင်ကျီစယ်သည်။
"အဲ့လိုလည်း မဟုတ်ပါဘူး။ ကြက်ဥထမင်းကြော်ပဲ
စားလို့ ပိန်သွားတာမဟုတ်ဘူး။ ကျွန်တော်က လေ့ကျင့်ခန်းလည်း လုပ်တယ်လေ။ ခင်ဗျားသိတဲ့အတိုင်းဘဲ ၉လွှာကနေ မြေညီကို နေ့တိုင်း နေ့တိုင်း အသွားအပြန်လုပ်နေတော့ ပိန်လာတာပေါ့" ပိန်ပိန်ပါးပါးလူငယ်လေးက စိတ်အားထက်သန်စွာ စကားပြောသည်။
"ဟုတ်တယ် ဒါလည်းဖြစ်နိုင်တာဘဲ။ မင်းပိန်သွားတာ
အံ့သြစရာမရှိပါဘူး" သူ့အိမ်နီးနားချင်းက ဟုတ်မှန်သော အမူအရာကိုပြသပြီး ခေါင်းညိတ်သည်။
ထို့နောက် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဖောက်သည်အသစ်ရောက်လာသည်။ သူ့အမည်ကို ယွမ်ကျိုးမသိ၍ ဤဆိုင်သို့ ပထမဦးဆုံးလာရောက်ခြင်းဖြစ်ရမည်။
အပိုင်း(၁၃၉)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၄၀)
“သူဌေးယွမ်”
ဖောက်သည်အသစ်က ဖြူစင်ရိုးသားပြီး ရွှန်းလဲ့သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်သောကောင်မလေးဖြစ်သည်။ သူမက ယွမ်ကျိုးကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့၊ ဘာများသုံးဆောင်ချင်ပါသလဲ” ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပုံမှန်အတိုင်း မေးမြန်းသည်။
“သူဌေးယွမ်၊ ရှင့်မှာ တကယ့်ကို ကြည့်ကောင်းတဲ့မျက်နှာပိုင်ဆိုင်ထားတာပဲ”
ဖြူစင်ရိုးသားသည့်ပုံစံပေါ်သော ကောင်မလေးက ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်သည်။
“ကျေးဇူးပါပဲ၊ ဘာများသုံးဆောင်ချင်ပါသလဲ”
မိန်းမချောလေး၏ ချီးမွမ်းမှုကိုခံယူရသော ယွမ်ကျိုးက စိတ်ကောင်းဝင်နေသည်။
“ဆေးဖက်ဝင်လက်ဖက်ကြက်ဥ၊ ဖီးနစ်အမြှီးပုစွန်ဟင်း နဲ့ ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း(၁၀၀)ကျော်ထဲက တစ်ပွဲပေးပါ”
ဤတစ်ကြိမ်တွင် ကောင်မလေးက စိတ်အားထက်သန်သောအမူအရာဖြင့် ဟင်းပွဲများကို အော်ဒါတင်သည်။
“ကောင်းပါပြီ၊ စုစုပေါင်းကျသင့်ငွေက ၃၂၇၄ ယွမ်ပါ။ ငွေသားနဲ့ပေးမလား၊ အွန်လိုင်းက တစ်ဆင့် ပေးဆောင်မလား”
ယွမ်ကျိုးက စုစုပေါင်းကုန်ကျစရိတ်ကို ချက်ချင်းတွက်ချက်သည်။
ကောင်မလေးက အရှေ့သို့ကိုင်းလိုက်ပြီး သူမ၏ ဦးခေါင်းကို စားပွဲရှေ့ကြီးပေါ်တင်ကာ နူးညံ့ချောမွေ့သော ဆံပင်ရှည်ကြီးကို စားပွဲခုံပေါ် ဖြန့်ကျက်ထားလိုက်သည်။ လင်းလက်တောက်ပနေသော မျက်ဝန်း တစ်စုံဖြင့် သူမက စကားပြောသည်။
“သူဌေးယွမ်၊ ကျွန်မ ဒီနေ့ငွေမယူလာမိဘူး။ ဒါပေမယ့် ခန္ဓာနဲ့တော့ ပေးဆပ်နိုင်ပါတယ်။
ဒီစိတ်ကူးကို ဘယ်လိုထင်လဲ လက်ခံနိုင်လား”
ထိုစကားကိုပြောပြီးနောက် သူမက ညှို့ဓာတ်ပြင်းသော မျက်ဝန်းတစ်စုံဖြင့် ယွမ်ကျိုးကို စိတ်အားထက်သန်စွာ ငေးစိုက်ကြည့်နေသည်။
“မရပါဘူး”
ယွမ်ကျိုး၏ နှလုံးသား တင်းကျပ်လာသည်ဟု ခံစားမိသည်။ သူက ကောင်မလေးကို စိတ်အားထက်သန်စွာ ကြည့်လိုက်မိပြီး သူ့စိတ်ထဲ အတွေးပေါင်းများစွာ ဖြစ်ပေါ်လာသည်။ အဆုံးသတ်တွင်မူ သူက အချက်တစ်ချက်ကို အတည်ပြုလိုက်သည်။ ဒီကောင်မလေးက ငွေပေးရန် အင်တင်တင်ဖြစ်နေသည်ဟု တွေးလိုက်ခြင်းဖြစ်သည်။
“ဟားဟားဟားဟား သူဌေးယွမ်၊ ရှင်က ကျွန်မလိုကောင်မလေးကို သဘောမကျဘူးပဲ” ကောင်မလေးက ဒွိဟဖြစ်သွားသည်။
“အစားအသောက်တွေကို မှာယူပြီးသွားရင် ကျသင့်ငွေကို ပေးဆောင်ရပါတယ်”
ယွမ်ကျိုး၏စိတ်ထဲ အတွေးတစ်ခု ထပ်မံဖြစ်ပေါ်လာပြန်သည်။ ငွေမပေးချင်၍ လိမ်လည်နေသည်ဟု ခံစားမိခြင်းဖြစ်သည်။
“သူဌေးယွမ်၊ ရှင်က ဟာသဉာဏ်နဲနဲလေးတောင် မရှိဘူးလား”
ကောင်မလေးက ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး ယွမ်ကျိုးကို လူရိုးလူအကြီးဟု သတ်မှတ်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။
“ဆန်အခြေပြုအမျိုးပေါင်း (၁၀၀)မှာ မင်းက ဘယ်လိုပုံစံမျိုးကို စားချင်တာလဲ”
ယွမ်ကျိုးက မတုန်လှုပ်သော အမူအရာကို ဆက်လက်ထိန်းထားသည်။
“သူဌေးယွမ်၊ အနက်ရောင်သကြားဆန်ကိတ်ကိုသိလား၊ အဲဒီဟင်းပွဲကို စားချင်တယ်”
ကောင်မလေးက ကောက်ကျစ်စဉ်းလဲသောအပြုံးကို ဖော်ပြလိုက်သည်။ ယွမ်ကျိုး ရှုံးနိမ့်မည့်အချိန်ကို စောင့်မျှော်နေသည်။
“ကောင်းပြီ၊ ခဏပဲစောင့်ပေးပါ” သို့သော်ငြားလည်း ယွမ်ကျိုးက ချက်ချင်းသဘောတူလိုက်ပြီး ဟင်းပွဲများကို ပုံမှန်ထက် မြန်ဆန်စွာပြင်ဆင်ရန် လှည့်ထွက်သွားသည်။
“သူဌေးယွမ်၊ ရှင်က လူပျိုကြီးမဟုတ်လား။ ကျွန်မခန့်မှန်းတာ မှန်တယ်မို့လား။ ရှင်က အသက် (၃၀)အရွယ်ထိ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အရိုးထုတ်နေတာမို့လား။ လူပျိုဘဝကို ထိန်းသိမ်းနေတာမဟုတ်လား” ကောင်မလေးက နောင်တရသောလေသံဖြင့် စကားပြောသည်။
“မင်းက သူဌေးယွမ်ကို တကယ်သဘောကျနေတာလား” ခမ်းနားဖွယ်မြင်ကွင်းကို ဘေးဘက်မှာစောင့်ကြည့်နေသော ဝူဟိုင်းက အပြုံးဖြင့် မေးမြန်းသည်။
“မဟုတ်ဘူးဆိုရင်ကော၊ ဟုတ်တယ်ဆိုရင်ကော ဘာဖြစ်လို့လဲ" ကောင်မလေးက လက်တစ်ဖက်ဖြင့် မေးဖျားကို ထောက်လိုက်ပြီး ကျန်လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ မေးမြန်းသည်။
ကျော့ရှင်းသော အမူအရာဖြင့် ဆွဲဆောင်မှုရှိသော အပြုအမူကို အခြားသူများကလည်း အမြဲတမ်းပြုမူလေ့ရှိသော်လည်း ကောင်မလေးလောက် ခမ်းနားထည်ဝါမှု မရှိပေ။ ကောင်မလေးက လှပတင့်တယ်သောမျက်နှာနှင့် လိုက်ဖက်ညီသော အပြုအမူကို လုပ်ဆောင်၍ သဘာဝဆန်ပြီး သူမ၏ ခံစားချက်ကို လွတ်လပ်စွာဖော်ပြနေသည်။
“တကယ်လား”
ဝူဟိုင်းက ပို၍ စပ်စုချင်စိတ်ဖြစ်လာသည်။ အံ့အားသင့်စွာဖြင့် ယွမ်ကျိုးကို နှစ်သက်နေသော ကောင်မလေးရှိနေခြင်းက တအံ့တဩ ဖြစ်ရပ်ဖြစ်သည်။
“အဲ့ဒီလိုလည်းမဟုတ်ပါဘူး”
ကောင်မလေးက ခေါင်းလှည့်လိုက်ပြီး ဝူဟိုင်းကို ကြည့်သည်။ ထို့နောက် ဝူဟိုင်း ဒွိဟ ဖြစ်သွားပြီး ကောင်မလေးလိုချင်သည့် အချက်ကို အတိအကျမသိတော့ပေ။ ကောင်မလေး၏ အမည်က ကျန်းချန်ရှီဖြစ်ပြီး သူမသူငယ်ချင်းများ၏ မိတ်ဆက်ပေးမှုကြောင့် ယွမ်ကျိုး၏ဆိုင်ကို သိရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက သူမကို အမှန်တကယ်မသိခြင်းဖြစ်သည်။ သူမ၏ မျက်နှာက ငယ်ရွယ်နုပျိုသည်ဟု ထင်ရသော်လည်း တကယ်တမ်း အသက်(၃၀)နီးပါး ဖြစ်နေပါပြီ။ သူမက ပွင့်လင်းရိုးသားလွန်းသည့်အမျိုးသမီးဟူသောအမည်ကို ပေးထားခြင်းခံရသည်။ သူမ၏ခင်ပွန်းဟောင်းကြောင့် သူမက အတက်ပညာပေါင်းစုံကို တတ်ကျွမ်းသွားပြီး အိမ်ထောင်ကွဲဖြစ်သည့်အပြင် ခင်ပွန်းသည်ကြောင့် အပျိုသည်ဘဝကို ဆုံးရှုံးထားသူလည်းဖြစ်သည်။
“သူဌေးယွမ်၊ ချစ်သူရွေးတဲ့ ရှင့်ရဲ့အမြင်ကို ပြောပေးနိုင်မလား” ကောင်မလေးက စပ်စပ်စုစု မေးမြန်းကြည့်နေသည်။
“သူဌေးယွမ်မှာ ချစ်တဲ့သူရှိမယ်လို့ မထင်ဘူး”
ဝူဟိုင်းက ဘေးဘက်မှနေ၍ ကိုယ်စားဖြေပေးနေသည်။
“မုတ်ဆိတ်လေး၊ ရှင်ရဲ့တူကိုင်တဲ့ ပုံစံကိုကြည့်ရတာ ရှင်လည်း လူပျိုပဲမဟုတ်လား”
သူမက ရုတ်တရက်လှည့်လိုက်ပြီး ဝူဟိုင်းကိုကြည့်ကာ မေးမြန်းလိုက်သည်။
“အွန်း၊ ဒါပေမယ့် လူပျိုဘဝနဲ့ နေရတာပိုကောင်းတယ်လို့ ခံစားမိတယ်လေ”
ဝူဟိုင်း၏ မျက်နှာက ဝင့်ကြွားသောအမူအရာများဖြင့် လင်းလက်နေသည်။
“ဟုတ်တာပေါ့၊ ဒါကလည်း ကောင်းပါတယ်။ ရှင့်ရဲ့ ဘယ်လက် နဲ့ ညာလက်ကို အလုပ်ခိုင်းထားရတာ တအားပင်ပန်းမှာပေါ့။ တစ်နေ့လုံးအလုပ်ကြိုးစားနေရတာ ညဘက်တောင် အချိန်ပိုဆင်းနေတယ်မို့လား။ ကြည့်ပါဦး ရှင့်ရဲ့လက်တွေက အလုပ်လုပ်ရလွန်းလို ပိန်ပါးနေပြီ”
ကျန်းချန်ရှီက လျှို့ဝှက်သောအပြုံးလေးကို ဖော်ပြသည်။
“အမ်”
သူမပြောချင်သော သဘောကို ချက်ခြင်း သဘောပေါက်သွားသည်။ သူက ဖြူစင်ရိုးသားသောအနုပညာရှင်ဖြစ်သည့်အတွက် မိန်းကလေး၏ ပွင့်လင်းပြီး ဗြောင်ကျကျ အပြောအဆိုကို သည်းမခံနိုင်ပေ။ ပွင့်လင်းရိုးသားလွန်းသော အမျိုးသမီးက အရွယ်ရောက် အမျိုးသားကို အရှက်ရအောင် ပြုလုပ်နိုင်ခဲ့၍ သူမကိုသူမ ဂုဏ်ယူဝင့်ကြွားနေသည်။ ဝူဟိုင်းက နာခံသောအမူအယာဖြင့် နှုတ်ဆိတ်သွားသည်ကို တွေ့ရသောအခါ ကျန်းချန်ရှီက ယွမ်ကျိုးကို စကားဆက်ပြောသည်။
“သူဌေးယွမ်၊ ကျွန်မလို
မိန်းမက အရာရာတိုင်းကို တတ်ကျွမ်းနားလည်ပါတယ်”
ထိုစကားကိုပြောပြီးနောက်က သူမက ယွမ်ကျိုးကို မျက်တောင်ခတ်ပြလိုက်ပြီး အရှက်သည်းသောအမူအရာကို ဖော်ပြသည်။ ယွမ်ကျိုးက သူ့ကို ဤကောင်မလေးက အရုပ်ကဲ့သို့ ကစားနေမှန်း သဘောပေါက်သွားသည်။ ချက်ပြုတ်ခြင်းကိုသာ အာရုံစိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ခံစားမိ၍ ဟင်းလျာများကို စိတ်နှစ်၍ ချက်ပြုတ်နေသည်။ ထိုမှသာ ကျန်းချန်ရှီ၏ စကားများကို လစ်လျူရှုနိုင်ရန် လုံလောက်သော အကြောင်းပြချက်
ရှိလိမ့်မည်။ အစပိုင်းတွင် သူမက ယွမ်ကျိုးကို စပ်စုနေသည်။ နောက်ပိုင်းတွင် သူမ၏ အပြုအမူများက အတင့်ရဲလာသည်။ ယွမ်ကျိုးက သူမကို လစ်လျူရှုထားခြင်းကို မြင်တွေ့ရသောအခါ သူမက စကားဆက်မပြောတော့ဘဲ ယွမ်ကျိုး ဆန်ကိတ်ပြုလုပ်နေခြင်းကို စောင့်ကြည့်လာသည်။ တကယ်တန်း ကျန်းချန်ရှီက ထမင်းစားရခြင်းကို ငြီးငွေ့နေသူဖြစ်သည်။ ဆန်အခြေပြုဟင်းလျာများက သူမအတွက် ငြီးငွေ့ဖွယ်အကောင်းဆုံးဟင်းပွဲဖြစ်သည်။
အနက်ရောင် သကြားဆန်ကိတ် ချက်ပြုတ်နည်းက အလွန့်ကို ရိုးရှင်းသည်။ ပထမဦးဆုံးအနေဖြင့် အသုံးပြုရမည့် ပါဝင်ပစ္စည်းများ ရွေးချယ်ခြင်းဖြစ်သည်။ စနစ်မှ ပံ့ပိုးပေးထားသော ပါဝင်ပစ္စည်းများကို အသုံးပြုရမည်။ ဒုတိယအချက်အနေဖြင့် ချက်ပြုတ်နည်းက ယွမ်ကျိုးအတွက် အလွန့်ကိုရိုးရှင်းသည်။ ပထမဦးဆုံး ကျင်ရှန်းချောင်ဆန်ကို ရေစိမ်ရမည်။ သေးငယ်သောခွက်ကလေးထဲတွင် ရေကိုထည့်ပြီး ဆန်ကို ရေစိမ်မည်။ ထို့နောက် ကျောက်ဆုံကို ပြင်ဆင်ပြီး ဆန်နှင့်ရေကို ဖြည်းဖြည်းချင်း လောင်းချပြီးမှ ကြိတ်မည်။ ပထမတစ်ကြိမ် ကြိတ်ပြီးနောက် အနက်ရောင်သကြားကို ထည့်ကာ နောက်တစ်ကြိမ် ထပ်မံကြိတ်မည်။ ရေအတော်အတန်ထည့်ထားသောကြောင့် ဆန်နှစ်က ပျစ်လာပြီး အရောင်တောင်လာသည်။သို့သော်ငြားလည်း ကျင်ရှန်းချောင်ဆန်က ကစီဓာတ်များစွာပါဝင်သောကြောင့် ဂျုံမှုန့်ထည့်စရာမလိုဘဲ ဆန်ကို ပေါင်းနိုင်သည်။ နောက်ဆုံးတွင်မူ ပေါင်းအိုးထဲသို့ ခွက်တစ်ခွက်ကို မထည့်ခင် ဆန်ထဲသို့ တစေးထည့်ကာ သမအောင် မွှေလိုက်သည်။ ထို့နောက် ရောစပ်ထားသော ပါဝင်ပစ္စည်းများကို ခွက်ထဲသို့ ၈၀ရာခိုင်နှုန်းခန့် ထည့်လိုက်သည်။ ကြီးမားသောအပေါက်ပါသည့် ပေါင်းအိုးကို စာရွက်ဖြင့် ဖုံးအုပ်သည်။ ထို့နောက် ယွမ်ကျိုးက လုံးဝန်းသောခွက်ကို ပေါင်းအိုးထဲနေရာချပြီး ဟင်းပွဲကို မပေါင်းခင် သွားကြားထိုးတံလေးများဖြင့် ဆန်ထဲ အပေါက်ငယ်လေးဖောက်သည်။ မြင့်မားသောအပူချိန်ပေးထားသောကြောင့် ပေါင်းသောအချိန်သည် ဆယ်မိနစ်ခန့်ပင် မကြာချေ။ ချိုမြပြီး မွှေးကြိုင်သော အနက်ရောင်သကြားဆန်ကိတ်ကို ရရှိသွားပါပြီ။ တစ်ချိန်တည်းမှာပင် သူမမှာယူထားသော တခြားဟင်းလျာများလည်း အဆင်သင့်ဖြစ်နေပါပြီ။
“သုံးဆောင်ပါ”
သူ့လက်ထဲမှာရှိသောဗန်းကိုနေရာချပြီး ယွမ်ကျိုးက သူမနှင့် ခပ်လှမ်းလှမ်း ချက်ခြင်းသွားပြီး တခြားသောဖောက်သည်များကို မိတ်ဆက်ရန် ပြင်ဆင်သည်။
“သူဌေးယွမ် ဘာလို့ အဝေးကြီးကို လျှောက်သွားရတာလဲ။ ရှင်နဲ့ ဆွေးနွေးချင်တာလေးတွေ ရှိသေးတယ်လေ”
ကျန်းချန်ရှီက အံကြိတ်သည်။
“ဘာလဲ”
ယွမ်ကျိုးက ခပ်တည်တည်မျက်နှာထားဖြင့် လေးနက်စွာမေးမြန်းလိုက်သည်။
“ဆန်ကိတ်က အရမ်းကိုလှတယ်။ ဒါပေမယ့် ပူနေသေးတယ်။ ဒါကိုဘယ်လိုစားရမလဲ” သူမက နီညိုရောင်သန်းနေသော ဆန်ကိတ်ကို လက်ညှိုးထိုးပြပြီး စိုးရိမ်တကြီး မေးမြန်းသည်။
“တူကိုအသုံးပြုနိုင်ပါတယ်”
ယွမ်ကျိုး၏ အဖြေက ရိုးရှင်းသည်။
“ကောင်းပြီ။ အခုသိသွားပြီ။ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်လို့ရပြီ” ယွမ်ကျိုး မည်သို့တုံ့ပြန်မလဲ သူမမြင်ချင်၍ ဖြစ်သည်။ ဝူဟိုင်းက မရယ်မိအောင်သာ ထိန်းချုပ်ထားရသည်။ ယွမ်ကျိုးကတော့ စကားတစ်ခွန်းမှ မပြောပဲ မီးဖိုချောင်ထဲပြန်သွားပြီး အပြင် မထွက်ရန်သာ ဆုံးဖြတ်ထားသည်။ ဧည့်သည်များကို နှုတ်ဆက်သည့်အလုပ်ကို မုရှောင်ယန်ထံ လွှဲပြောင်းထားပြီး ချက်ပြုတ်ခြင်းကို အာရုံစိုက်နေသည်။ ဖြူစင်ရိုးသားသောမျက်နှာအမူအရာဖြင့် ပေါက်ပန်းလေးဆယ်ပြောတတ်သော မိန်းကလေးက ခပ်ရှားရှားဖြစ်သည်။ ဟင်းပွဲများရောက်ရှိလာသောအခါ သူမက အစားအသောက်ကိုသာ အာရုံစိုက်သွား၍ သူမ၏ အပြုအမူက ညင်သာပြီး ကျော့ရှင်းသွားသည်။ ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း(၁၀၀)တွင် ပါဝင်သောဟင်းပွဲသည် ပါဝင်ပစ္စည်း(၃)မျိုးကို အသုံးပြုရသည်။ ဆန်၊ အမဲရောင်သကြားနှင့် တစေးတို့ဖြစ်သည်။သို့သော်ငြားလည်း ဖန်တီးထားသောပုံစံသွင်ပြင်သည် ပန်းအရိုင်းလေးနှင့်တူသည်။ ပွင့်ချပ်ခြောက်ခုရှိသော ဆန်ကိတ်သည် ပန်းကန်ပြားပေါ်တွင် နေရာတကျရှိနေသည်။ ကျန်းချန်ရှီသည် သေးငယ်သောအပိုင်းအစတစ်ခုကို တူဖြင့်အလွယ်တကူ ကောက်ယူလိုက်လေသည်။ သူမက ဆန်ကိတ်၏ နူးညံ့မှုကို တူ၏ အကူအညီဖြင့် လေ့လာနိုင်သည်။ အနီးကပ်ကြည့်ရှုသောအခါ ဆန်ကိတ်၏အတွင်းတွင် သေးငယ်သော အပေါက်ကလေးများကိုတွေ့နိုင်သည်။ သူမက မစားခင် မျက်စိဖြင့် အရင်ဆုံး အကဲခတ်ပြီး နှာခေါင်းဖြင့် လေ့လာလေ့ရှိသည်။ ဆန်ကိတ်နှင့် အနက်ရောင်သကြား ရောယှက်ထား၍ ချိုမြသည့် မွှေးရနံ့က သူမ၏ နှာခေါင်းထဲ ဝင်ရောက်လာသည်။ သူမက သေးငယ်သော အပိုင်းအစကို ပါးစပ်ထဲထည့်လိုက်ပြီး ဝါးကြည့်သောအခါ ဆန်ကိတ်၏ နူးညံ့မှုက သူ့ခံတွင်းထဲ ပြန့်လွှင့်လာသည်။ ဝါးစရာမလိုအပ်အောင် နူးညံ့နေသော်လည်း သူမနဲနဲဝါးကြည့်လိုက်သည်။ ဆန်ကိတ်က သူမ၏ လည်မျိုထဲဆင်းသက်သွားသောအခါ ခံတွင်းထဲ လတ်ဆက်မွှေးကြိုင်သော ကြာပန်းရနံ့သာ ကျန်ရစ်ခဲ့သည်။
“သူဌေးယွမ် ချက်ပြုတ်ထားတဲ့ဆန်ကိတ်က အရမ်းကို အရသာရှိတယ်။ အနက်ရောင် သကြားရဲ့ခါးသက်တဲ့အရသာကို လုံးဝမခံစားရဘူး” ကျန်းချန်ရှီက ရက်ရက်ရောရောချီးမွမ်းစကားပြောလိုက်သည်။
အပိုင်း(၁၄၀)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၄၁)
“ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။
“သူဌေးယွမ်၊ ရှင်က ချက်ပြုတ်တဲ့နေရာမှာ အရမ်းကို အရည်အချင်းရှိတယ်။ သွက်လက် ကျွမ်းကျင်တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထားတာလားဟင်”
အရသာရှိသော စားကောင်းသောက်ဖွယ်များကို စားသုံးနေစဉ် သူမက ပြုံးကာရွှင်ကာဖြင့် ယွမ်ကျိုးကို ပလူးပလဲလုပ်ရန် မမေ့လျော့ခဲ့ပေ။ ယွမ်ကျိုးက နာခံစွာဖြင့် မီးဖိုချောင်ထဲမှာသာ နေပြီး ချက်ပြုတ်ခြင်းကိုသာ အာရုံစိုက်နေသည်။
တခြားသော တိုက်ရိုက်ထုတ်လွှင့်သူများသည် ယွမ်ကျိုး ဧည့်ခံကျွေးမွေးစဉ်က ပြောခဲ့သည့်အတိုင်း ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ကြော်ငြာ ပေးရန် ကူညီကြသည်။ သူတို့လေးယောက်လုံးက ဘလော့များကို တင်ကြသည်။
“ဒီကနေ့ အရသာရှိတဲ့ ဟင်းပွဲတွေကို စားခဲ့ရတယ်။ ဈေးနည်းနည်း ကြီးပေမယ့် အရသာနဲ့ ပေးရတဲ့ဈေးက
တကယ့်ကို တန်ပါတယ်”
Online Game တိုက်ရိုက်ထုတ်လွှင့်သူ၏ဘလော့က အရိုးသားဆုံးနှင့် အပွင့်လင်းဆုံး ဖြစ်သည်။ သူသည် ရိုးသားပွင့်လင်းသူဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ကြော်ငြာပေးခြင်း ဖြစ်သည်။ သူက ယွမ်းကျိုး၏ စားသောက်ဆိုင်ကြော်ငြာကို ညနေခင်းဂိမ်းပြိုင်ပွဲတွင် ကြော်ငြာ ပေးသည်။
“ကောင်းတဲ့အရာတွေ တွေ့ရင် မျှဝေပါဆိုတဲ့စည်းမျဉ်းအတိုင်း မင်းတို့ကို စားသောက်ဆိုင် တစ်ခုကို လမ်းညွှန်ပေးချင်တယ်။ အဲ့ဒီစားသောက်ဆိုင်ရဲ့ လက်ရာတွေက အရမ်းကို ကောင်းတယ်။ မင်းတို့ မြည်းစမ်းကြည့်ပြီးသွားရင်တော့ နောင်တရမှာ မဟုတ်ဘူး။ လိပ်စာကိုတော့ ကျွန်တော့်ရဲ့ Postမှာ တင်ပေးထားပါတယ်”
Online Game တိုက်ရိုက်ထုတ်လွှင့်သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ယခုလို ကြော်ငြာပေးခဲ့ခြင်းဖြစ်သည်။
“တခြားသူတွေအတွက် တိုက်ရိုက်ထုတ်လွှင့်သူတွေက ဘာ့ကြောင့် ကြော်ငြာပေး နေရတာလဲ။ ကြော်ငြာခရလို့လား”
ကန့်ကွက်တဲ့သူများ ချက်ချင်းပေါ်လာသည်။
“ကြော်ငြာကောဟုတ်ရဲ့လား”
“ကျွန်တော်က ကြော်ငြာပေးလို့ ငွေတစ်ခါမှတောင် မရခဲ့ဖူးပါဘူး။ အဲ့ဒီဆိုင်က ဟင်းလျာ တွေကို သွားစားကြည့်ပြီးသွားရင် နားလည်သွားလိမ့်မယ်။”
Online Game တိုက်ရိုက်ထုတ်လွှင့်သူသည် လေးနက်ခိုင်မာသော အမူအရာဖြင့် စကား ပြန်ပြောသည်။ ထိုစကားလုံးများက ပရိသတ်များအကြား ပျံ့နှံ့သွားခဲ့ပြီး ယုံကြည်သူများ ရှိသကဲ့သို့ မယုံကြည်သူများလည်း ရှိသည်။ သို့သော်ငြားလည်း Online Game တိုက်ရိုက် ထုတ်လွှင့်သူသည် အခြားသော Post (၂)ခုကို ထပ်မံတင်သည်။ တိုက်ရိုက်ထုတ်လွှင့်သူ လောကသည်လည်း ပရိသတ်အပေါ် မူတည်ရသောကြောင့် တိုက်ရိုက်ထုတ်လွှင့်သော အစီအစဉ်ကို ကြည့်ရှုသည့် ပရိသတ်ရှိရန်အတိုင်း အရေးကြီးသည်။ ကြော်ငြာကြည့်ရှုပြီးသွားသော အခိုင်အမာ ပရိသတ်(၂)ဦးသည် သူတို့၏ တိုက်ရိုက်ထုတ်လွှင့်သူ လမ်းညွှန်ထားသော ဆိုင်၏ဟင်းလျာများကို သွားရောက်မြည်းစမ်းရန် ချိန်းဆိုကြသည်။ ထို့အပြင် ၎င်းစားသောက်ဆိုင်သည် သူတို့ရှိနေသော နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသောကြောင့်လည်း ဖြစ်သည်။
“ဝမ်ဖန် မင်းရောက်နေပြီလား”
ပိန်ပိန်ပါးပါးကောင်လေးသည် မျက်မှန်ကို တပ်ဆင်ထားပြီး အမဲရောင် ကျောပိုးအိတ်ကို သယ်ဆောင်ကာ သူ၏သူငယ်ချင်းနှင့် ဖုန်းပြောနေသည်။
“ဟုတ်တယ်။ ငါဒီနေရာကို ရောက်နေပြီ”
ဝမ်ဖန်၏နောက်ဘက်မှ အသံထွက်ပေါ်လာသည်။
“မင်းက ငါ့ကို လန့်ဖျပ်အောင် လုပ်တာပဲ။ ငါတို့ရှေ့ဆက်သွားကြမယ်”
အမဲရောင်ကျောပိုးအိတ်ကို လွယ်ထားသောကောင်လေးသည် ခေါင်းလှည့်လိုက်ပြီး သူ့နောက်မှာ မတ်တပ်ရပ်နေသည့် ကျောင်းဝတ်စုံဝတ်ဆင်ထားသော ဝမ်ဖန်ကို တွေ့သွားသည်။
“ယခုလို အချိန်လေးအတွင်း နေရာရှာတာ အရမ်းတော်တယ်”
“ရှောင်လု မင်းက အချိန်တိုလေးအတွင်း နေရာရှာတာတော်တယ်။ အဲ့ဒါကြောင့်မို့လို့ မင်းကိုရှောင်လုလို့ နာမည်ပေးထားတာ အံ့ဩစရာ မရှိဘူး”
ရှောင်လု ဟူသောစကားလုံးသည် တရုတ်ဘာသာစကားတွင် လမ်းများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဝမ်ဖန်က သူ့ဘေးနားရှိ ရှောင်လု၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။
“တော်စမ်းပါ၊ အမဲကောင်ပြောတဲ့ဆိုင်က တကယ့်ကို အရသာကောင်း မကောင်း သွားကြည့်ဖို့ ဒီကိုရောက်လာတယ်ဆိုတာ မမေ့နဲ့ဦး”
ရှောင်လုက ဝမ်ဖန့်၏လက်ကို ဖယ်ထုတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ငါသိပါတယ်။ ငါသိပါတယ်။ အမဲကောင်က လိမ်ညာမှာတော့ မဟုတ်ပါဘူး။ ငါတို့ အဲ့ဒီဆိုင်ကိုသွားကြည့်ပြီးသွားရင် သိမှာပေါ့”
အမဲကောင်၏ ပြောစကားအရ ဝမ်ဖန်ကလည်း ဤစားသောက်ဆိုင်သို့သွားရန် တက်ကြွနေသည်။
ကောင်လေးနှစ်ယောက်သည် အထက်တန်းကျောင်း ဒုတိယနှစ် ကျောင်းသားများ ဖြစ်ပြီး LOLKH ကို ကြိုက်နှစ်သက်သူများလည်း ဖြစ်သည်။ သူတို့က အမဲကောင်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို အမှတ်တမဲ့ ကြည့်ရှုပြီးနောက် အမဲကောင်၏ ဂိမ်းကစားပုံများကို နှစ်သက်သော ကြောင့် အထင်ကြီးလေးစားသော ခံစားချက်များဖြစ်ကာ အမဲကောင်ကို အားပေးသည့် ပရိသတ် များဖြစ်လာသည်။ ထို့နောက် သူတို့က လမ်းညွှန်ထားသည့်လိပ်စာသို့ ဆက်လက်သွားကြသည်။ကောင်လေးနှစ်ယောက်သည် ငွေပိုငွေလျှံရှိတိုင်း အမဲကောင်ကို သဒ္ဓါကြေး လှူဒါန်းလေ့ ရှိသည်။
“အဲ့ဒီစားသောက်ဆိုင်က ဘာဖြစ်လို့ ဆိုင်းဘုတ်မရှိရတာလဲ။ အမဲကောင် လမ်းညွှန်တဲ့ နေရာကော ဟုတ်ရဲ့လား?”
ဝမ်ဖန်က စုတ်ချာသော ယွမ်ကျိုး၏ စားသောက်ဆိုင်ကို သံသယမျက်ဝန်းဖြင့် ငေးစိုက်ကြည့် လိုက်သည်။
“နံပါတ် ၁၄ လို့ ရေးထားတာပဲ။ ကြည့်စမ်းပါဦး”
ရှောင်လုက လမ်းနံပါတ်ကို ညွှန်ပြရင်း အတိအကျပြောသည်။
“အထဲကို ဝင်သွားသင့်သလား၊ ပတ်ဝန်းကျင်ကို စူးစမ်းဦးမလား”
ဝမ်ဖန်က လမ်းလျှောက်ရင်း မေးမြန်းသည်။
“ဟုတ်တယ်။ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ဦးမယ်”
ရှောင်လုကလည်း ဆိုင်ထဲသို့ ဝင်ရန် ပြင်ဆင်သည်။ သူတို့နှစ်ဦး ဝင်ပေါက်နားသို့ လမ်းလျှောက်လာသောအခါ စားသောက်ဆိုင်မှာ တန်းစီစောင့်နေသည့် ဖောက်သည်အချို့သာ ရှိနေသေးသော်လည်း ထိုင်ခုံအားလုံးကို နေရာယူထား၍ သူတို့နှစ်ဦးက အပြင်မှာ စောင့်ဆိုင်းနေရဦးမည်။ စားသောက်ဆိုင်ထဲ ဝင်မစားနိုင်သေးသောကြောင့် သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်နေကြသည်။ ယနေ့ခေတ် လူအများစုသည် ဓာတ်ပုံသက်သေမရှိလျှင် စိတ်ဝင်စားမှု မရှိကြပေ၊ ဆိုင်၏ အတွင်းပြင်ဆင်မှုသည် ထူးခြားသည်ဟု မယူဆနိုင်ပေ။ ရိုးရှင်းပြီး ပုံမှန်ထက် သန့်ရှင်းနေသည့် ပုံစံသာပေါ်သည်။ ထို့ကြောင့် ကောင်လေးနှစ်ယောက်သည် ပန်းများကို အရင်ဆုံး ဓာတ်ပုံရိုက်သည်။ သူတို့ဓာတ်ပုံရိုက်သောနည်းလမ်းက ပရော်ဖက်ရှင်နယ် မကျသော ကြောင့် ပုံထဲတွင်ရှိသော အလှတရားကို ကောင်းမွန်စွာ ရိုက်ကူးနိုင်ရန် မလွယ်ကူပေ။
“ဝမ်ဖန်၊ ငါ့နှလုံးသား ပြိုလဲသွားသလို ခံစားရတယ်”
ရှောင်လုက ဓာတ်ပုံရိုက်နေသော ဝမ်ဖန်ကို လှမ်းဆွဲပြီး စကားပြောသည်။
“ဘာဖြစ်လို့လဲ”
စားပွဲခုံနှင့် ထိုင်ခုံများကို ဓာတ်ပုံရိုက်ကူးနေသော
ဝမ်ဖန်က ဒွိဟဖြစ်သောခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
“အဲ့ဒီနေရာကို ဓာတ်ပုံရိုက်လိုက်ရင် မင်းသိသွားလိမ့်မယ်”
ရှောင်လုက နံရံပေါ်မှ သိသာထင်ရှားသော ဈေးနှုန်းစာရင်းကို လက်ညှိုးထိုးပြသည်။
“ဘယ်လို၊ ဘယ်လို ဒါအမှန်ရော ဟုတ်ရဲ့လား”
သို့သော်ငြားလည်း ဝမ်ဖန်က လှည့်စားခံရသော ခံစားချက်ကို မခံစားရပေ။ ဈေးနှုန်းစာရင်းက အမှန်မဟုတ်ဟုလည်း ယူဆထားသည်။
“ဟဲလို ဘာများ သုံးဆောင်ချင်ပါသလဲ”
မုရှောင်ယွမ်၏ နှုတ်ဆက်စကားက ကောင်လေးနှစ်ယောက်၏ အံ့ဩတုန်လှုပ်နေသော ခံစားချက်ကို အနှောက်အယှက်ပေးသွားသည်။
“ဒါဆိုရင် နံရံပေါ်မှာ ပြထားတဲ့ ဈေးနှုန်းတွေက ဒီဆိုင်ရဲ့ဟင်းလျာ ဈေးနှုန်းတွေလား”
ဝမ်ဖန်က သူနှင့်သက်တူရွယ်တူ မုရှောင်ယွမ်ကို မြင်တွေ့ ရသောအခါ အရှက်သည်းနေသည်။
“ဟုတ်ပါတယ်။ ဘာများသုံးဆောင်ချင်ပါသလဲ”
မုရှောင်ယွမ်းက ယဉ်ကျေးသိမ်မွေ့စွာ ထပ်မံ မေးမြန်းလိုက်သည်။
“မစားတော့ဘူး။ ငါတို့နှစ်ယောက်ညှိနှိုင်းရဦးမယ်။ နောက်မှဆုံးဖြတ်မယ်”
ဝမ်ဖန်က ဟင်းပွဲများကို ဝယ်စားရန် ငွေအလုံအလောက် မရှိပေ။ သူ၏ အိတ်ကပ်ထဲ ယွမ် ၁၀၀ ခန့်သာရှိသည်။ ယခင်က ယွမ် ၁၀၀ ခန့်သည် ဟင်းပွဲများကို ဝယ်စားရန် လုံလောက်မည်ဟု တွေးထားသော်လည်း စိတ်ကူးနှင့်လက်တွေ့က ခြားနားနေသည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်လုက စိတ်တည်ငြိမ်သွားသောအခါ သူ့ကို တရွတ်တိုက်ဆွဲခေါ်သွားသည်။
“မြန်မြန်ထွက်လာလို့ ကံကောင်း ... မဟုတ်ရင် အရှက်ကွဲတော့မယ်”
ဝမ်ဖန်က စိတ်သက်သာရာရဟန် သက်ပြင်းချ လိုက်ပြီး ယွမ်ကျိုး၏ စားသောက်ဆိုင် ဝင်ပေါက်ကို ငေးကြည့်ကာ မကျေနပ်သော အမူအရာကို ပြသသည်။
“အမဲကောင်က ငါတို့ကို လှည့်စားတာလား။
ဒီအခြေအနေကို လူသိရှင်ကြားဖြစ်အောင် လုပ်ပေးရမယ်”
ရှောင်လုက စကားအများကြီး မပြောသော်လည်း အဓိက အချက်ကို ပြောသည်။ သူအရမ်းကို ဒေါသထွက်နေပါသည်။
“နေပါဦး။ အမဲကောင်ကလည်း ငါတို့ကိုလှည့်စားတာ ဟုတ်ပါ့မလား”
သို့သော်ငြားလည်း ဝမ်ဖန်က အတော်အတန် အကောင်းမြင်ဝါဒီရှိသူဖြစ်သည်။
“ဒါဆိုရင် ငါတို့က ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင်လုပ်ပြီးတော့ အမဲကောင်ကိုလည်း သိအောင်လုပ်ရမယ်”
ရှောင်လုက မလျော့စတမ်းပြောသည်။
“အွန်း။ ဟုတ်တယ်။
ပညာသားပါတဲ့ စကားလုံးတွေကိုတော့ အသုံးပြုနော်”
ခဏတွေးကြံပြီးနောက် ဝမ်ဖန်က သဘောတူလိုက်သည်။
“ဈေးနှုန်းစာရင်းကို ဓာတ်ပုံရိုက်ထားရဲ့လား။ စောနက တွေ့တဲ့ လမ်းနံပါတ်ကိုလည်း ဓာတ်ပုံရိုက်ထား”
ရှောင်လုက အသေးစိတ်ပြောသည်။
“ဟုတ်တယ်။ ငါရိုက်ထားပါတယ်။ အဲ့ဒီဓာတ်ပုံတွေကို တူတူကြည့်ကြမယ်။ ပြီးရင် အဲ့ဒီ ဓာတ်ပုံတွေကို မင်းကိုပို့လိုက်မယ်”
“ကောင်းပြီလေ”
ရှောင်လုသဘောတူလိုက်တယ်။ သူတို့နှစ်ဦးထဲသာ
ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ တခြားသူများလည်း ဤဆိုင်သို့ ရောက်လာပြီး လိမ်လည်ခံခဲ့ရလျှင် အကျိုးဆက်က မတွေးဝံ့ စရာပေ။ ထို့ကြောင့် အသိပေးချက်က မရှိမဖြစ် လိုအပ်သည်။ ညနေခင်းတွင် ရှောင်လုက သူ၏ User Name ကို အသုံးပြုပြီး ဘလော့(၁၀)ခုကို ဆက်တိုက်တင်ခဲ့ပြီး အမဲကောင်နှင့် အခြား သူငယ်ချင်းများကိုလည်း ဖြစ်စဉ်နှင့်တကွ ဓာတ်ပုံအား Tag တွဲတင်ခဲ့သည်။ ဤပြဿနာရပ် ကြောင့် အမဲကောင်၏ ဘလော့တွင် စာတိုများ ပြည့်နှက်နေ၍ အမဲကောင်က ပြန်ဖြေရမည့် တာဝန်ကျရောက်လာသည်။ အမဲကောင်၏အဖြေက တည့်တိုးဆန်ပြီး ပွင့်လင်းသည်။
“ညစာအတူတူစားဖို့အတွက် ပရိသတ် အယောက်(၂၀)ကို ဖိတ်ခေါ်ပါတယ်။ သူဌေးယွမ်ရဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ကိုယ်တိုင် မြည်းစမ်းကြည့်ပါ။ ဒါဆိုရင် ဒီပေးရတဲ့ဈေးနှုန်းနဲ့ ဟင်းပွဲက တန်လား၊မတန်ဘူးလားဆိုတာ လူတိုင်းသိသွားမှာပါ။ဒါဆိုရင် ကျွန်တော်ရဲ့ ပရိတ်သတ် အယောက်(၂၀)နဲ့ ကျွန်တော် အဲ့ဒီဆိုင်မှာ သွားစားတဲ့ဟာကို တိုက်ရိုက်ထုတ်လွှင့် ပေးပါ့မယ်”
သူ၏ဘလော့က ပို၍ လူသိများ ထင်ရှားလာပြီး ဘေးမှ ဝိုင်းကြည့်သူများက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော် နေကြသည်။ အမဲကောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘက် ခြမ်းတွင် အတော်အတန် ပွက်လောရိုက်နေသည်။ ထိုစဉ် အခြားသော တိုက်ရိုက်ထုတ်လွှင့်သူ များဘက်ကိုလည်း သက်ရောက်မှုရှိသည်။ သူတို့လေးယောက်စလုံးက ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တခါတရံ ပူးတွဲ Live လွှင့်မှုများ ရှိသောကြောင့် ပရိသတ်အတူတူပင်ဖြစ်သည်။ ဆက်တိုက်ဆိုသလို တိုက်ရိုက်ထုတ်လွှင့်သူ လေးယောက်စလုံးက ကြော်ငြာခပေး၍ ကြော်ငြာ ပေးခြင်းမဟုတ်ကြောင်း ပြိုင်တူ ငြင်းဆန်ကြသည်။ နောက်ဆုံးတွင်မူ မန်မန်ကလည်း ၎င်း တိုက်ရိုက်ထုတ်လွှင့်သူများကို အားပေးထောက်ခံသည်။ ထို့အပြင် မန်မန်၏ ပရိသတ်အများစု သည် ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် သွားစားဖူးသည့်ဖောက်သည်များဖြစ်သည်။ ထို့ကြောင့် ဘလော့တွင် မှတ်ချက်ပေးသူများတွင် အုပ်စုကွဲကြပြီး တချို့က သူတို့ယုံကြည်ရာဘက်ကို အားပေးထောက်ခံကြသည်။ မန်မန်ကလည်း တခြားသူများနည်းတူ သူမ၏ ဘလော့တွင် စာတင်သည်။
“ယွမ်ကျိုးရဲ့စားသောက်ဆိုင်ကိစ္စကို ရှင်းလင်းဖို့အတွက် အမဲကောင်နဲ့အတူတူ အဲဒီဆိုင်မှာ တိုက်ရိုက်ထုတ်လွှင့်ပေးပါ့မယ်။ စောင့်မျှော်ပေးကြပါ”
ထိုမှသာ သဘောထားကွဲလွဲမှုများသည် ယာယီ တည်ငြိမ်သွားသည်။
အပိုင်း(၁၄၁)
ပြီးပါပြီ