← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

ယွမ်ကျိုး အပိုင်း(၁၅၁)

"နည်းပြချန်၊ ခွက်က အရမ်းသေးလွန်းတယ်။ ၅၀ မီလီမီတာပဲဆန့်တယ်"

ကျောင်းသား ကွမ်းဝေက ကြည့်ကောင်းသော ရုပ်ရည်ရှိသည်။

"၅၀ မီလီမီတာက နည်းပါ့မလား။ မင်းက တအားကို လောဘကြီးတာပဲ။ တစ်ပုလင်းလုံးမှ ၂၀၀ မီလီမီတာပဲ ပါတာလေ။ မင်းတို့နှစ်ယောက်ကို တစ်ယောက်ချင်းစီ ၅၀ မီလီမီတာ ပေးထားတော့ ငါ့အတွက် ၁၀၀ မီလီမီတာပဲ ကျန်တာလေ"

ထိုစကားကို ပြောပြီးနောက် ချန်းဝေက ပုလင်းကို အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။

"နေဦး နေဦး။ မင်းနဲ့ ငါနဲ့က ညီအစ်ကိုတွေလေ။ ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလေ"

ခံတွင်းအပြည့် အရက်များကို မျိုချပြီးနောက် သုန်သုန်က မျက်မှောင်ကြုံ့ကာ မကျေနပ်ဟန်ဖြင့် ပြောသည်။

"သုန်သုန် မင်းက အရက်သောက်ရတာ မကြိုက်ပါဘူး။ ဒါကြောင့်မို့လို့ ငါနဲ့မယှဉ်ချင်နဲ့"

ချန်းဝေက အရက်နောက်တစ်ငုံကို သောက်ပြီး ပြောသည်။

"ဒါက သစ်တော်သီးဖျော်ရည်နဲ့တောင် တူတယ်။ အရက်က ချိုမြပြီးတော့ ခံတွင်းထဲတောင် လန်းဆန်းသွားတာပဲ။

သောက်လိုက်တဲ့အခါ

လည်ချောင်းထဲကိုလည်း ရှင်းလင်းသွားတာပဲ"

"ဒီအရက်တွေက အစာအိမ်ထဲရောက်သွားတဲ့အခါမှာ အစာအိမ်ကို နွေးထွေးစေတယ်။ ဒါအရက်နဲ့တောင် မတူဘူး။ ၅၀ မီလီမီတာဆိုတဲ့ ပမာဏက ငါ့အတွက် နည်းပါးလွန်းတယ်"

သုန်သုန်က နောက်တစ်ငုံကို သောက်လိုက်ပြီးတော့ ဆက်လက်ပြောဆိုသည်။

"ဒီလို စကားလှလှတွေကို သုံးပြီးတော့ ကောင်းကောင်း စကားပြောတတ်တာပဲ။ ညီအစ်ကိုဆိုတဲ့ မျက်နှာကို ထောက်ထားပြီးတော့ မင်းကို တစ်ငုံစာ ထပ်တိုက်မယ်"

"ဒီထက်ပိုပြီး ထပ်မရဘူးနော်။ မင်းကတော့ မေ့လိုက်တော့"

"နည်းပြချန်၊ ဒါပေမယ့် ကျွန်တော့ရဲ့ခွက်ထဲမှာ ၇၅ မီလီမီတာ လောင်းထည့်ထားပြီးသား"

ကျောင်းသားကွမ်းဝေက ခွက်တစ်ဝက်ခန့်ကို အရင်ဆုံး တိတ်တဆိတ် သောက်ပြီးနောက် တခြားသူများ သတိမထားမိခင် ခွက်ကို ထပ်ဖြည့်လိုက်ခြင်း ဖြစ်သည်။

"ကောင်စုတ်ကလေး၊ မနက်ဖြန် မင်းရဲ့လေ့ကျင့်ရေး အစီအစဥ်က အရမ်း အရေးကြီးတယ် ဆိုတာ မင်းမသိဘူးလား"

"ဒီလို အရက်တွေ အများကြီးသောက်ထားရင် ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်နိုင်တယ်"

"အရက်တွေကို အိုးထဲပြန်လောင်းထည့်စမ်း။ မြန်မြန်လုပ်စမ်း"

လေးနက်သော အမူအရာနှင့် ချန်းဝေက မှန်ကန်သကဲ့သို့ ပြောဆိုနေသည်။ ထို့နောက် သူက ကွမ်းဝေ၏ ခွက်ထဲမှ အရက်များကို အိုးထဲ ချက်ချင်း လောင်းထည့်လိုက်သည်။

"နည်းပြချန်၊ ကျွန်တော်အရက် အများကြီး သောက်နိုင်ပါတယ်။ ကိစ္စမရှိဘူး"

ကွမ်းဝေက ချန်းဝေနှင့် ပြိုင်ဘက် မဖြစ်နိုင်သည့်တိုင် အရှုံးမပေးချင်ပေ။

အခြားတစ်ဖက်တွင်မူ တစ်ဖက်စားပွဲဝိုင်းမှ ဖောက်သည်များကလည်း ပုလင်းထဲမှ အရက်များကို ခွက်ထဲ ဖြည့်ကြသည်။

"အရက်နဲ့တောင် မတူဘူး။ အရက်ရဲ့ ခါးသက်သက် အရသာ မရှိပဲနဲ့ ချိုမြပြီး မွှေးကြိုင်နေတာပဲ။ တကယ့်ကို အရက်ကောင်းပဲ"

ကျန်းရှန်းက တစ်ငုံသောက်ပြီးနောက် သိမ်မွေ့စွာပြောသည်။

"ဒါက အိုက် မိသားစုရဲ့ သစ်တော်သီးဖျော်ရည်နဲ့ ကြံပျားရည်လိုပဲ မွှေးကြိုင်နေတာပဲ။ ဒါပေမယ့် အရက်ရဲ့ မွှေးရနံ့တော့ ရှိတယ်"

ဝေဟွားက ရက်ရက်ရောရော ချီးမွမ်းစကား ပြောသည်။

"တကယ်ကော အရသာရှိလို့လား"

ဝေဟွားရဲ့သမီးက အနည်းငယ် သံသယဝင်နေသည်။

အရက်အကြောင်းပြောလာသောအခါ အရက်သည် ခါးသက်သက်နှင့် စူးရှသော အရသာရှိသည်ဟုသာ သူမကြားဖူးသည်။ သူတို့ပြောသကဲ့သို့ အရက်က ကောင်းမွန်နိုင်မည်နည်း။

"တကယ့်ကို အရက်ကောင်းပဲ။ အရောင်ကို ကြည့်ရတာ ပယင်းရောင်သန်းနေတယ်"

သူ့သမီး၏ မယုံကြည်နိုင်သောအမူအရာကို မြင်သောအခါ သူက သူတို့သားအဖ နှစ်ယောက်ကြားက တင်းမာမှု အခြေအနေကို လျော့ချရန်အတွက် ကောင်မလေးကို ရှင်းပြသည်။

သူမ၏ နာမည်ပြောင်က တန်တန်ဖြစ်သည်။ စကားလုံး တစ်လုံးတည်း၏ အဓိပ္ပါယ်က သကြားဖြစ်သည်။

နာမည်၏အဓိပ္ပာယ်သည် မိသားစု ၃ ဦး ၏ ချိုမြိန်သောဘဝကို ဖော်ပြခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူမကို ဤနာမည် မခေါ်ပဲ ဝေဝေဟုသာ ခေါ်ခြင်းဖြစ်သည်။

သူမက အရက်ကို သေချာအကဲခတ်ကြည့်သောအခါ အရက်၏အရောင်က အမှန်တကယ်ပင် ပယင်းရောင်နဲ့တူနေ၍ သူမက ခေါင်းညိတ် သဘောတူလိုက်သည်။

"အနံ့ကို ရှုကြည့်လိုက်ရင် မွှေးရနံ့က သဘာဝဆန်ပြီးတော့ လတ်ဆတ်တယ်။ ဒါကြောင့်မို့လို့ သစ်တော်သီးဖျော်ရည်နဲ့ တူတယ်လို့ ပြောတာလေ"

ဝေဟွားက အခုလိုလေသံမျိုးဖြင့် ရှင်းပြခြင်းက ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။

ဝေဝေက အရက်ကို စိတ်မဝင်စားသော်လည်း သူ့အဖေ ပြောသောစကားများကို လေးလေးစားစား နားထောင်နေသည်။

ဖခင်ဖြစ်သူသည် သူ့သမီးကို သေချာရှင်းပြပြီး သမီးဖြစ်သူကလည်း ဖခင်ပြောသည့်စကားကို နားထောင်နေသည်။ ဤမြင်ကွင်းက သဟဇာတဖြစ်သော ရှားရှားပါးပါး မြင်ကွင်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ကျန်းရှန်းက တစ်ယောက်တည်း ရှိနေသော်လည်း သူမက ပျော်ရွှင်ကြည်နူးစွာဖြင့် အရက်သောက်နေခြင်း မဟုတ်ပေ။ သို့တိုင် သူမက အရက်ခွက်ကို ကိုင်ပြီး သိမ်မွေ့စွာ ပြုံးနေသေးသည်။

ပထမတချီမှာပင် အရက်အိုး ၃ ပုလင်းလုံးသည် တစ်ဝက်စီ ကုန်ဆုံးသွားသည်။ ထိုစဉ်မှာပင် အရက်၏ နောက်ဆက်တွဲဆိုးကျိုးများ တဖြည်းဖြည်းခြင်း ပေါ်လာသည်။

ဝါးအရက်သည် ကြည်လင်သောကြောင့် ပုလင်း၏ အောက်ခြေကိုပင် မြင်နိုင်သည်။ အရက်သောက်နေစဉ် မက်မွန်ဖျော်ရည် သောက်နေသည်ဟုပင် ခံစားရစေသည်။

အရက်ဆိုင်ထဲ အရက်သောက်နေသည့် ပတ်ဝန်းကျင်ရှိ လူအားလုံး အပူချိန် မြင့်တက်လာသည်။

ယွမ်ကျိုး ထောက်ပံ့ထားသော အရက်က ပြုပြင်ထားသော ဝါးအရက် ဖြစ်သည့်အတွက်ကြောင့် နောက်ဆက်တွဲအခြေအနေ များစွာရှိသည်။

"ဟေ့လူတို့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားပြီလို့ ယူဆပြီးတော့ တူတူ တစ်ဝိုင်းထဲ စားကြမယ်"

ချန်းဝေက ကျယ်လောင်စွာ ထအော်သည်။

"ဟုတ်တာပေါ့ အရက်ကြီးပဲ သောက်နေရတာ ပျင်းစရာကောင်းတယ်။ နင်တို့တွေ ဘာဟင်းတွေ ယူလာလဲ"

သုန်သုန်က မတ်တပ်ရပ်လိုက်ပြီး စကားပြောသည်။

"ဒီအစ်မကြီးကတော့ ကြာမြစ်နုပ်နုပ်စင်းလေးကို ယူလာတယ်။ စားကြည့်ချင်လား"

ကျန်းရှန်းက ပြုံးလိုက်ပြီး ရှက်ကိုးရှက်ကန်း မျက်နှာ အမူအယာဖြင့် စကားပြောသည်။

"နဲနဲ မြည်းကြည့်လို့ရမလား"

ဝေဝေက ရှိုးတို့ရှန်းတန်း အမူအရာဖြင့် သူမ၏ ထိုင်ခုံမှာ ထိုင်နေသည်။

"ရတာပေါ့။ နင့်ဆီကို ပန်းကန်ပြားလေး ယူခဲ့မယ်"

ထိုစကားကို ပြောနေစဉ် ကျန်းရှန်းက မတ်တပ်ရပ်လိုက်ပြီး ကောင်မလေးဆီ သေးငယ်သော အိတ်ကလေး ယူဆောင်လာသည်။

"ကျေးဇူးတင်ပါတယ်"

ဝေဝေက မတ်တပ်ရပ်လိုက်ပြီး ဟင်းပွဲကို ယူလိုက်သည်။

ဝေဟွားနဲ့ သမီးဖြစ်သူ ဝေဝေတို့က မည်သည့်ဟင်းပွဲမှ မယူဆောင်လာ၍ အခြားသူများကို ကျွေးစရာ မရှိပေ။

အရက်သောက်ခွင့် မရှိသော ဝေဝေက ဟင်းပွဲများကို မြည်းနေသည်။

"ဟေ့ကောင်မလေး၊ ဒီနားကိုလာလေ။ ငါတို့ဆီမှာ ဟင်းပွဲတွေ အများကြီးရှိတယ်။ ငါတို့ ဟင်းပွဲတွေ အများကြီး သယ်လာတယ်"

ကျောင်းသားလေး ကွမ်းဝေသည် ချက်ထားသော အသားဟင်းများထည့်ထားသော အိတ်ကို ကောက်ကိုင်လိုက်သည်။ သူမကို ရက်ရက်ရောရော လှမ်းပေးသည်။

"ကျေးဇူးတင်ပါတယ်"

ဝေဟွားက ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်ခံယူလိုက်သည်။

"အားနာဖို့ မလိုပါဘူး။ ငါတို့တွေ ဂိမ်းဆော့ရင် ကောင်းမလား။ ဒီအတိုင်းဆို ပျင်းစရာကြီးလေ။ ရှုံးတဲ့သူက အရက်တိုက်ရမယ်"

"ပွဲတစ်ပွဲကို ခွက်တစ်ဝက်လောက် တိုက်ရမယ်။ ဒီလိုဆိုရင်ကော သဘောတူလား"

ထို့နောက် ချန်းဝေက သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောသည်။

ကျန်းရှန်းက တစ်ယောက်ထဲ အရက်သောက်နေသည်။

ဝေဟွားမှာ သူနဲ့အတူတူ လိုက်ပါလာသော သမီးဖြစ်သူ ရှိသော်လည်း သူမက အရက်မသောက်သည့်အတွက် သူတစ်ယောက်ထဲ အရက်သောက်နေရသည်။

အခြားသူများက ၂၀၀ မီလီမီတာ အရက်ကို ၃ယောက် မျှသောက် နေရသော်လည်း သူက ၂၀၀ မီလီမီတာအရက်ကို တစ်ယောက်ထဲ သောက်ရ၍ လုံလောက်မှုရှိသည်။

ဂိမ်းကစားခြင်းဖြင့် အရက်သောက်ရခြင်းက သူ့အတွက် အလုပ် မဖြစ်ချေ။

"ဟေး စိတ်ဝင်စားကြလား"

"ငါ့အတွက်တော့ အဆင်ပြေတယ်။ ငါစိတ်ဝင်စားတယ်"

ကျန်းရှန်းက ချန်းဝေ၏ ရည်ရွယ်ချက်ကို ချက်ခြင်း သဘောတူလိုက်သည်။

ချန်းဝေ၏ ကြင်နာသော ကမ်းလှမ်းချက်ကို ဝေဟွားကလည်း သဘောတူလိုက်သည်။

ဂိမ်း၏စည်းမျဉ်းများက လွယ်ကူမှုရှိပြီး မျက်လုံးနှင့် လက်၏ လျင်မြန်မှုနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ယွမ်ကျိုးက ကောင်တာ ဘေးနားမှာ ထိုင်နေပြီး သူတို့ကို တိတ်တဆိတ် ကြည့်နေသည်။

ဤဖြစ်ရပ်က သူ့ကိုလည်း မလွဲဧကန် သက်ရောက်မှုရှိနိုင်သည်။

"သူဌေးယွမ်၊ ငါတို့ကို ဒီလိုပဲ ကြည့်မနေနဲ့လေ။ ငါတို့အဖွဲ့နဲ့ လာပူးပေါင်းပါလား"

ချန်းဝေက ယွမ်ကျိုးကို သူတို့ပွဲထဲ ဆွဲထည့်ရန် ကြိုးစားသည်။

"ငါ ဒီဂိမ်းကို ကောင်းကောင်းဆော့တတ်တယ်"

ယွမ်ကျိုးက တိုးလျသော လေသံဖြင့်ပြန်ဖြေသည်။

"တကယ်ကော ဟုတ်လို့လား"

ချန်းဝေက အနည်းငယ် သံသယဝင်မိသည်။ သူ့လို

ပရော်ဖက်ရှင်နယ်ကျသည့် လေ့ကျင့်ရေးသမားသာ မျက်လုံး၊ နားနှင့် လက်ကို အလိုက်သင့် လှုပ်ရှားနိုင်သည်။

ယွမ်ကျိုးက သာမန်လူဖြစ်မှန်း သိသာထင်ရှား၍ ဤအချက်က ဖြစ်နိုင်ချေရှိမည်နည်း။

"သူဌေးယွမ်ပြောတာ မှန်တယ်လို့ ကျွန်မထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက ဂုဏ်သတင်းကြီးမားတဲ့ စားဖိုမှူးပဲလေ"

ကျန်းရှန်းက ဟုတ်မှန်ကြောင်း ပြောဆိုသည်။ သူမက လက်ဦးမှုရထား၍ အချိန်တိုအတွင်း ခွက် ၂ခွက် အပြည့် လက်ခံရရှိထားသည်။

"ကောင်းပြီလေ"

ချန်းဝေက ယွမ်ကျိုးထံမှ အရက်တချို့ကို လှည့်ဖျားယူရန် မျှော်မှန်းထားသော်လည်း သူ၏ အကြံအစည်ကျရှုံးသွားသည်။

"တခြားဂိမ်း ပြောင်းဆော့ကြမယ်"

ယောကျာ်းသားများက တစ်ကြိမ်တစ်ခါမှ အနိုင်ရရှိခြင်း မရှိကြောင်း မြင်တွေ့ရသောအခါ ကျန်းရှန်းက အကြုံပြုသည်။

"ကဲ ဘယ်လိုဂိမ်းမျိုးကို ပြောင်းကစားချင်တာလဲ"

ချန်းဝေက ပထမဦးဆုံးသဘောတူလိုက်သည်။ သူက သဘောမတူစရာ အကြောင်းမရှိပေ။ ဤဂိမ်းကို ဆက်ဆော့နေလျှင် မိန်းမချောလေးက သူ့အရက်အားလုံးကို ကုန်အောင် သောက်သွားလိမ့်မည်။

သူ့က အခြားသူ၏ အရက်ကို သောက်ရမည့် အခွင့်အရေး ကြုံမည် မဟုတ်ချေ။

"ဒါဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဂိမ်းကလေးကို ပြောင်းဆော့ကြမယ်။ ငါတို့တွေအားလုံးက ဝါးအရက် အကြောင်း ကောင်းကောင်းသိတယ်လေ"

"ဒါကြောင့်မို့လို့ အရက်ချက်တဲ့ အကြောင်းနဲ့ အရက်အကြောင်းကို ဘယ်လောက်တောင် သိထားလည်းဆိုတာယှဉ်ပြိုင်ကြမယ်"

"သူဌေးယွမ်၊ ရှင်က အကဲဖြတ်ဒိုင်အနေနဲ့ လုပ်ပေးနိုင်မလား"

သူမက နှုတ်ကို ဖွင့်ဟလိုက်သည်နှင့် အကြံပြုသည်။

"အရက်အကြောင်း ကောင်းကောင်းသိတဲ့သူက အရက်သောက်ရတာ ပိုကောင်းတာပေါ့။ အရက်ကောင်းတွေကို သောက်ရတာ ကောင်းမွန်တဲ့ အခြေအနေပဲလေ"

ဝေဟွားက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

အရက်အကြောင်း နားလည်သဘောပေါက်မှု နှင့်ပတ်သက်လာလျှင် ချန်းဝေက တခြားသူများထက် ပို၍ အတွေ့အကြုံ ကြွယ်ဝသောကြောင့် ချက်ခြင်းသဘောတူလိုက်ခြင်းဖြစ်သည်။

"ကဲ ရတာပေါ့၊ ဒါဆိုရင် ပြိုင်ပွဲကို အခုပဲ စတင်လို့ရပြီ"

ယွမ်ကျိုးက အကဲဖြတ်ဒိုင်လူကြီးဖြစ်ရန် လိုလိုလားလား လက်ခံလိုက်သည်။

"ဒါဆိုရင် ဝါးအရက်အကြောင်းကို ဆွေးနွေးကြတာပေါ့"

ကျန်းရှန်းက အစပြုကာ မေးမြန်းလိုက်သည်။

"ဟုတ်တာပေါ့ ဒီလိုမေးခွန်းမျိုးက မေးထိုက်တယ်"

ယွမ်ကျိုးက ခေါင်းညိတ်ကာ သဘောတူသည်။

"ထန်မင်းဆက်က ကဗျာဆရာ တုကိုက ပင်ရွဲ ပြည်နယ်က ရာအန်ငါးတွေနဲ့ ဝါးအရက်ကို သဘောကျတဲ့အတွက်ကြောင့် ကဗျာထဲ ထည့်ရေးရင်းနဲ့ ဝါးအရက်က နာမည်တွင်လာတယ်လို့ ထင်တယ်"

ဝေဟွားက သူ့အင်္ကျီကို သပ်ရပ်အောင် ဆွဲချလိုက်ပြီး သူ့စိတ်ကူးကို ထုတ်ပြောသည်။

"ဒါလည်းဟုတ်တာပေါ့"

ယွမ်ကျိုးက ဝေဟွား၏စကားကို ထပ်မံအတည်ပြုပေးသည်။

"နင်တို့တွေက အဓိက အချက်ကို မပြောဘူး။ အရက်အကြောင်း ပြောရင် သူ့ရဲ့ အရသာကိုလည်း ထည့်ပြောသင့်တယ်လေ"

"မလိုအပ်တဲ့ဟာတွေ ထည့်ပြောနေဖို့ လိုအပ်လို့လား"

ချန်းဝေက ကျယ်လောင်စွာ စကားပြောသည်။

"ဒါဆိုရင် အကိုချန်းရဲ့ ကြွယ်ဝတဲ့ အကြံဉာဏ်တွေကို နားထောင်ရတာပေါ့"

ကျန်းရှန်းက သူမ၏ ဖြူဖွေးလှပသော လက်ကလေးကို ဆန့်တန်းလိုက်ပြီး ဆက်ပြောရန် အချက်ပြသည်။

"ပြောပါ။ အရက်က ပယင်းရောင်ရှိပြီးတော့ အရသာကလည်း သောက်လိုက်ရင် လန်းဆန်းတဲ့ ခံစားချက် ဖြစ်စေတယ်"

ထိုစကားကို ပြောလိုက်စဉ် ချန်းဝေက အရက်တစ်ငုံကို သောက်လိုက်ပြီး ဆက်ပြောသည်။

"ပထမဦးဆုံး တစ်ငုံသောက်လိုက်ရင် အဲ့ဒီအရက်က တံတွေးတွေနဲ့ရောသွားပြီး လည်ချောင်းထဲ အေးပြီးတော့ ဆင်းသွားတယ်"

"အရသာကလည်း ချိုမြပြီးတော့ အသက်ရှူလိုက်တိုင်း အေးမြတဲ့ခံစားချက်ကို ဖြစ်စေတယ်။ အစာအိမ်ထဲရောက်သွားရင်တော့ အဲ့အရက်က ပူသွားတယ်"

ထို့နောက် ချန်းဝေက ခွက်ထဲ အရက် ထပ်ဖြည့် လိုက်ပြီး ခါလိုက်သည်။

"မွှေးရနံ့ရှိပုံရရင် သူဌေးယွမ်က ဒီအရက်ထဲမှာ ပန်းပွင့်လေးတွေ ထည့်ထားပြီး အရသာရှိအောင် ပြုလုပ်ထားတာ ဖြစ်ရမယ်"

ချန်းဝေက အရက်အကြောင်း အသေးစိတ် မိတ်ဆက်ပေးနေသည်ကို မြင်ရသောအခါ အခြားသူများက တအံ့တဩ ငေးကြည့်နေကြသည်။

ထို့နောက် ခွက်ထဲထည့်ထားသော အရက်များကို တစ်ငုံသောက်ကြည့်ပြီး အရသာကို မြည်းစမ်းကြည့်ကြသည်။

ဂိမ်းပွဲကို ဆက်လက်ကစားကြသည်။ သူ့တို့ အားလုံးက အရက်သောက်ခြင်းကို ကြိုက်နှစ်သက်သော်လည်း အရက်၏ အချက်အလက်များကို ချက်ချင်းဖော်ပြရန် မလွယ်ကူကြပေ။

သို့သော်လည်း ကျန်းရှန်းက အခြားသူများထက် ဗဟုသုတ ပိုကြွယ်ဝသောကြောင့် ကဗျာရွတ်ဖတ်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အခြားသူများကို အနိုင်ယူသွားသည်။

အကျိုးဆက်အနေဖြင့် အရက်အားလုံးကို ကျန်းရှန်း သောက်ခွင့်ရရှိသွားသည်။

အပိုင်း(၁၅၁)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၅၂)

အရက် ၃ အိုးက ၃ နာရီအတွင်း ကုန်ဆုံးသွားသည်။ သူတို့အားလုံးက ကျန်းရှန်းကို တိတ်တဆိတ် ငေးကြည့်နေသည်။

"အလှလေး မင်းက တရုတ်စာသင်တဲ့ ဆရာမလား "

သုန်သုန်က အမှန်တရားကို လက်ခံရန် အင်တင်တင် ဖြစ်နေသောကြောင့် မေးမြန်းလိုက်သည်။

"မင်းက ဘာမှတောင် တွေးစရာမလိုပဲနဲ့ ကဗျာတွေကို ရွတ်ဖတ်နိုင်တာလား"

ကွမ်းဝေက စိတ်ရှုပ်ထွေးသောလေသံဖြင့် ပြောဆိုသည်။

"မင်းက ကောင်းမွန်တဲ့အရက်တွေ အားလုံးကို အကုန်သောက်သွားတယ်။ ဘယ်နေရာသွားသွား ကဗျာတွေကိုပဲ လေ့လာစုဆောင်းနေတာလား"

ဝေဟွားကလည်း ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားမိသည်။

"အားနာပါတယ်။ ကျွန်မက အရင်ကဆိုရင် ဝါးအရက်အကြောင်းကို ကြားတောင် မကြားဖူးဘူး။ ကြိုတင်လည်း မပြင်ဆင်လာပါဘူး"

"နေ့လည်ခင်းမှ ဒီဆိုင်ကိုရောက်လာတာ။ ဒါ့ကြောင့်မို့ အခုလိုမျိုးကောင်းမွန်တဲ့အရက် ကျွန်မကို တိုက်လို့ ကျေးဇူးတင်ပါတယ်"

သိမ်မွေ့စွာပြုံးလိုက်ပြီး ကျန်းရှန်းက ရိုးသားစွာဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။

"သူဌေးယွမ်၊ သူက မင်းရဲ့အငယ်ဆုံး ညီမလား။ ခင်ဗျားနဲ့ အကျင့်စရိုက် တူနေတယ်နော်"

ချန်းဝေက ပွင့်လင်းစွာ ပြောဆိုသည်။

"ငါ့မှာ ညီမ မရှိဘူး။ ညီမရှိတယ်လို့ ကြားဖူးလို့လား"

ယွမ်ကျိုးက လေးနက်သောအဖြေကို ပြန်ဖြေလိုက်၍ ချန်းဝေက ဆို့နစ်သွားသည်။

အရသာရှိသော ဟင်းပွဲများသည် အစားအသောက် ဝါသနာရှင်များထံမှ ဂုဏ်သတင်း ရရှိလာခြင်း ဖြစ်သည်။

အရက်ကောင်းများသည်လည်း အရက်သမားများ၏ ကြော်ငြာမှုကြောင့်သာ နာမည်တွင် လာခြင်းဖြစ်သည်။

သာမန်ထက်ပို၍ကောင်းမွန်သော ဝါးအရက်ကို ရောင်းချပေးသည့် ယွမ်ကျိုးအကြောင်းက အရက်စွဲလမ်းသူများကြား ပျံ့နှံ့သွားသည်။

ထို့ကြောင့် အရက်သောက်ရန် လာရောက်သည့် ဖောက်သည်များ များပြားလာသည်။

ကံစမ်းမဲ အခု ၅၀ သည် နေ့တိုင်း နေ့တိုင်း လျင်မြန်စွာ ကုန်ဆုံးသွားသည်။

"သူဌေးယွမ်၊ ဒါက အကျိုးအကြောင်း ဆီလျော်မှု မရှိဘူးနော်"

"အရက်ကို ဒီလိုပုံစံမျိုးနဲ့ ရောင်းရလား"

အရက်သမား ချန်းဝေက မကျေနပ်သော လေသံဖြင့် ပြောဆိုသည်။

"ဝါးအရက်က အကန့်အသတ်နဲ့ပဲရှိတာ။ ဒါကြောင့်မို့လို့ ခွဲတမ်းနဲ့ပဲ သောက်လို့ရမယ်"

ယွန်ကျိုးက ဈေးနှုန်းစာရင်းတွင် ရေးသားထားသော

စည်းမျဥ်းကို ညွှန်ပြပြီး စကားပြောသည်။

"ဒါတော့မဖြစ်နိုင်ဘူး။ ခင်ဗျားက ဒီအရက်ကိုပဲ ဒီလိုပုံစံမျိုးနဲ့ ရောင်းမှာလား"

"ငါ့လို တစ်ကိုယ်တည်းသမားကိုတောင် ဝဝလင်လင် သောက်ခွင့်မပြုနိုင်ဘူးလား"

"ငါတို့အပေါ် ရက်စက်တော့မယ့်သဘောလား။ ဒီလိုမျိုးကိုတော့ လက်မခံနိုင်ဘူး"

အရက်သမားများက လက်လျော့ရန် အင်တင်တင်ဖြစ်နေသောကြောင့် သူ့ကို ဆက်လက်မေးမြန်းသည်။

"ဒါက စည်းမျဉ်းပါပဲ။ ခင်ဗျား လိုက်နာရရင် ခင်ဗျား သောက်ရမယ်။ ခင်ဗျား မလိုက်နာဘူး ဆိုရင် စားသောက်ဆိုင်က ထွက်သွားပေးပါ။ ဆိုင်ဖွင့်ချိန် မပြည့်သေးပါဘူး"

ယွမ်ကျိုးက လေးနက်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့၏ မကျေမနပ် ပြောဆိုသံများကို လစ်လျူရှုထားသည်။

"သူဌေးယွမ် ငါ့ကိုကြည့်ပါဦး ငါက ပုံမှန်အတိုင်း စကားပြောနေတာပါ"

"ငါ ဒီစကားတွေကို လေးလေးနက်နက် သဘောမထားဘူးလား"

"အနီရောင်ဘောလုံးတွေကို မဲပေါက်သွားတဲ့ သူတွေကလည်း လွယ်လွယ်ကူကူ ပေါက်သွားတာ မဟုတ်ဘူးလေ"

"အနီရောင်ဘောလုံး ကံစမ်းမဲပေါက်ဖို့ကလည်း လွယ်ကူတဲ့အလုပ် မဟုတ်ဘူးလေ"

အရက်သမားက သူ့ရဲ့လည်ပင်းကို ကုတ်ပြီးတော့ နာခံဟန် အမူအရာဖြင့် ပြောဆိုသည်။

"ခင်ဗျားပြောတာတော့ မှန်ပါတယ်"

"ဒီအနီရောင်ဘောလုံး ကံစမ်းမဲပေါက်သွားတာ လျှို့ဝှက်ချက်လည်း မဟုတ်သလို လွယ်လည်း မလွယ်ကူဘူး"

ယွမ်ကျိုးက ထိုစကားကို ပြောပြီးနောက် ဖောက်သည်များ မှာယူထားသော ဟင်းပွဲများကို ပြင်ဆင်ရန် လှည့်ထွက်သွားသည်။

"ဟူး"

အရက်သမားများ ချက်ချင်း ဆို့နင့်သွားသည်။

"ငါပြောတာကို မမှတ်ထားဘူးလား။ ဒီလိုစကားမျိုး ပြောနေလည်း အလုပ်မဖြစ်ဘူးလေ"

သူ့ဘေးနားက အခြားတစ်ယောက်က ယွမ်ကျိုး၏ စားသောက်ဆိုင် အပြင်ဘက်သို့ သူ့ကို ဆွဲခေါ်သွားသည်။

"ဆိုင်ဖွင့်ချိန်မှာဆိုရင် သူဌေးယွမ် နှင့် စကားပြောရတာ မလွယ်ကူဘူးလေ။ စကားပြောရတာ လက်ပေါက်ကပ်တယ်"

အရက်သမားက ပြောဆိုသည်။

"ဆိုင်မဖွင့်တဲ့အချိန်ကော သူဌေးယွမ်ကို အပြင်မှာ မြင်နိုင်လို့လား။ သူ့ကို စကားပြောဖို့ အခွင့်အရေးကော ရှိလို့လား"

သူ့သူငယ်ချင်းက သူ့ကို စကားစစ်ထိုးသည်။

"ဟူး သူဌေးယွမ်က အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်တတ်တဲ့အပြင် အရက်ကောင်းကိုလည်း ချက်လုပ်တတ်တယ်"

"တကယ့်ကို အထင်ကြီး လေးစားစရာကောင်းတယ်"

အရက်သမားက လေးကန်စွာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့ ပြောသည်။

"ဒါကတော့အမှန်ပဲ။ ထည့်ပေးထားတဲ့ အရက်ပမာဏက နည်းလွန်းတယ်"

ထိုစကားကိုပြောနေစဉ် သူ့သူငယ်ချင်းက ဝါးအရက်၏ အရသာရှိသော ခံစားချက်ကို ပြန်လည်မြင်ယောင်ပြီး တံတွေးမျိုချလိုက်သည်။

ဤယစ်ထုပ်များ၏ တုံ့ပြန်မှုက ပုံမှန်ဖြစ်သည်ဟု ယူဆနိုင်သည်။

အရက်သမားများသည် ရိုးရာနည်းအတိုင်း ချက်လုပ်ထားသော အရက်ကို ရောင်းချသည့် ဖန်းမိသားစု၏ အရက်ဆိုင်တွင် အရက်သောက်သူများဖြစ်သည်။

ဤအရက်ဆိုင်သည် လမ်း၏တောင်ဘက်၊ ယွမ်ကျိုးစားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်ဘက်တွင်ရှိသည်။

အရက်ဆိုင်၏ စီးပွားရေးလုပ်ငန်းသည် ယခင်က ကောင်းမွန်သော်လည်း ပုံမှန်ဖောက်သည်များက လတ်တလော ထူးထူးဆန်းဆန်း ပြုမူနေကြသည်။

အထူးသဖြင့် ချန်းဝေနှင့်

စောနတုန်းက စကားပြောနေသောအဖွဲ့ဖြစ်သည်။

"သူဌေး အရက်နဲ့ ဟင်းပွဲတချို့ကို ပါဆယ် ထုတ်ပေးပါ"

"ကောင်းပါပြီ။ ဘာများမှာယူချင်ပါသလဲ လူကြီးမင်းတို့"

စားပွဲထိုးက ယဉ်ကျေးစွာ မေးမြန်းသည်။

"ရှာလကာရည်မြေပဲ ၁ ပွဲ၊ အမဲသား ၁ ကီလို၊ ဘဲလျှာနှပ် ၂ ပွဲ နဲ့ ပင်လယ်ရေညှိခြောက် ၁ ပွဲပေးပါ"

သူတို့က ဟင်းပွဲများကို လျင်မြန်စွာ မှာယူပြီး အပြင်မှာ စောင့်ဆိုင်းနေကြသည်။

"ဟုတ်ပြီ ခဏစောင့်ပေးပါ။ ခဏနေရင် ရပါ့မယ်"

စားပွဲထိုးက သူတို့ပြောသွားသော ဟင်းပွဲများကို မှတ်သားသည်။

ထိုစဉ် အရက်ဆိုင်၏သူဌေး ဖန်းဟွမ်က အပြင်ဘက်သို့ လမ်းလျှောက် ထွက်လာသည်။

လူအများစုက သူသိထားပြီးသားသူများ ဖြစ်သော်လည်း သူက ယဉ်ကျေးမှုအရ နှုတ်ဆက်စကား ပြောသည်။

"ဟေး ကိုယ့်လူတို့ ဆိုင်ကိုရောက်လာကြပြီလား။ ဒီနေ့ကော ဘာသောက်ကြမှာလဲ"

ဖန်းဟွမ်က သူ့ဖောက်သည်များ ပါဆယ်ထုတ်သွားခြင်းကို မသိကျိုးကျွံပြုကာ အပြုံးလေးဖြင့် မေးမြန်းသည်။

"ဒီကနေ့ အရက်သောက်ဖို့ လာတာမဟုတ်ဘူး။ ဟင်းပွဲတွေ အော်ဒါမှာချင်လို့ပါ"

လူအုပ်စုကြီးထဲမှ တစ်ယောက်က ယွမ်ကျိုး စားသောက်ဆိုင်၏ ဝါးအရက် တစ်ပုလင်းကို ကံစမ်းမဲပေါက်ထားသောကြောင့် သူ၏ ရည်ရွယ်ချက်ကို မဖုံးကွယ်ချင်၍ ချက်ချင်း ပြောလိုက်သည်။

တရုတ်ရိုးရာဓလေ့အတိုင်း အရက်ချက်လုပ် ရောင်းချသော ဖန်းမိသားစု အရက်ဆိုင်သည် အရက်အပြင် သာမန်ထက် ထူးခြားကောင်းမွန်သော ဟင်းပွဲများကိုလည်း ရောင်းချသည်။

အရက်သမား အများစုက ဤဆိုင်၏ ဟင်းပွဲများကို စားနေကြဖြစ်သောကြောင့် အရက်နှင့် တွဲဖက်စားမည့် အစားအသောက်များကို ဝယ်ယူတိုင်း ဤဆိုင်သို့ ရောက်လာလေ့ရှိသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် အရံဟင်းပွဲများနှင့် အမြည်းဟင်းပွဲများကို မရောင်းချသေး၍သာ ဤဆိုင်မှ လာရောက်ဝယ်ယူခြင်း ဖြစ်သည်။

"ခင်ဗျားတို့ကို ဒီရက်ပိုင်း မတွေ့တာ ကြာပြီနော်။ အလုပ်များနေတာလား"

ဖန်းဟွမ်က ပြုံးကာရွှင်ကာဖြင့် ဂရုစိုက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

ပုံမှန်ဆိုလျှင် ဤလူများသည် ညနေခင်းတိုင်း ရောက်လာကြပြီး အရက်သောက်လေ့ရှိသည်။

သို့သော်လည်း ပျောက်နေသည်မှာ ၅ ရက်ခန့် ရှိနေပါပြီ။ ထို့ကြောင့်လည်း ဖန်းဟွမ်က မေးမြန်းလိုက်ခြင်းဖြစ်သည်။

"မဟုတ်ဘူး။ တကယ်မဟုတ်ဘူး။ တရုတ်အရက်က သောက်ပြီးရင် အရသာပြင်းတယ်လေ။ ဒါ့ကြောင့်မို့လို့ လျော့သောက်နေတာ"

တစ်စုံတစ်ယောက်က အဓိပ္ပါယ်မရှိသော စကားကို မျက်တောင်ပင် မခတ် ပြောဆိုလိုက်သည်။

"ဟုတ်တယ်။ မင်းပြောတာ မှန်တာပေါ့"

"ကျုပ်တို့ဆိုင်က ရောင်းတဲ့အရက်မျိုးကို ဒီလို အကြံပြုချက်တွေ ပေးတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ဒီလို ဆိုးကျိုးတွေ မရှိအောင် လိုက်နာပေးရမှာပေါ့"

"ကျုပ်ရဲ့စီးပွားရေးလုပ်ငန်းက ခင်ဗျားတို့အပေါ်ပဲ မှီခိုနေတာလေ"

ဖန်းဟွမ်က အလိုက်သင့် ပြောဆိုသည်။

"မဟုတ်ရပါဘူး လူအိုကြီးဖန်းရယ်။ ခင်ဗျားရဲ့ အရက်လည်း ကောင်းပါတယ်။ အရက်သောက်ပြီး နောက်တစ်နေ့ကျရင် ခေါင်းကိုက်သလို ခံစားရယုံပါပဲ"

ထိုအကြောင်းကို တွေးမိသောအခါ လူတစ်ယောက်ကပြန်ပြောသည်။

လူအများစုက အရက်သောက်ခြင်းကို နှစ်သက်ကြသည်။ မရပ်မနား သောက်တတ်ကြသည်။

"ဟုတ်တယ် ခင်ဗျားပြောတာအမှန်ပဲ။ ဒါပေမယ့် ငါတို့ အရက်ဆိုင်က ဆေးဖက်ဝင်အရက်ကို

ရောင်းချပေးနေပြီ။ ခင်ဗျားတို့တွေ နည်းနည်း သောက်ကြည့်ချင်လား"

ဖန်းဟွမ်က သူ၏ထုတ်ကုန်အသစ်ကို ကြော်ငြာရန် ပြုံးကာရွှင်ကာဖြင့် အစပျိုးသည်။

"ဟိုင်း လူကြီးမင်းတို့မှာယူထားတဲ့ ဟင်းပွဲတွေရပါပြီ၊ ၁၆၁ ယွမ်ကျပါတယ်။ ၁၆၀ ယွမ်ပဲ ပေးပါ"

သူဌေးလည်းရှိနေ၍ စားပွဲထိုးက ကျယ်လောင်သောအသံဖြင့် ယဉ်ကျေးစွာ ပြောဆိုသည်။

"အိုကေ ကျေးဇူးတင်ပါတယ်"

ဤလူက ထုပ်ပိုးထားသော ဟင်းပွဲများကို လက်ခံယူလိုက်ပြီးနောက် ဖန်းဟွမ်ကို စကားပြောသည်။

"သူဌေးဖန်း၊ ကျွန်တော်တို့တွေ သွားတော့မယ်"

ထို့နောက် သူတို့က ဖန်းမိသားစု၏ အရက်ဆိုင်မှ အတူတကွ အပြင်ထွက်သွားကြသည်။

"သူတို့ကို ကြည့်ရတာ စကားပြောရမှာ အားတုံ့အားနာ ဖြစ်နေသလိုပဲ"

သူတို့ ထွက်သွားပြီးသောအခါ ဖန်းဟွမ်က တီးတိုးပြောဆိုသည်။

ထို့နောက် ဖန်းဟွမ်က စားသောက်ဆိုင်ထဲ ဝင်လာသော တခြားသူကို မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။

စားသောက်ဆိုင်ထဲ ဝင်လာသူက ဝူဟိုင်းနှင့် သူ၏ အေးဂျင့်ဖြစ်သည်။ ဝူဟိုင်းက အရက်ဆိုင်၏ ပုံမှန်ဖောက်သည် မဟုတ်သော်လည်း သူ၏အေးဂျင့်က ဖန်းဟွမ်နှင့် ရင်းနှီးသည့်အပြင် ကောင်းမွန်သောဆက်ဆံရေးလည်း ရှိသည်။

"ကျာဝေ ဒီနေ့ အားလပ်ရက်ရလို့ အရက် လာသောက်တာလား"

ဖန်းဟွမ်က လာရောက်နှုတ်ဆက်သည်။

"မဟုတ်ဘူး။ ဝူဟိုင်းကို အရက် နဲ့ ဟင်းပွဲတွေ ဝယ်ဖို့အတွက် အဖော်လိုက်လာခဲ့ပေးတာ"

ကျန်းကျာဝေက ဝူဟိုင်းကို လက်ညှိုးထိုးပြပြီး ပြုံးကာရွှင်ကာဖြင့် စကားပြောဆိုခဲ့သည်။

"ဒါဆိုရင် သူက ခင်ဗျား ပြောပြောနေတဲ့ ဝူဟိုင်းလား။ ဝူဟိုင်းအကြောင်းကို ကြားဖူးနေတာ ကြာပြီ"

ဖန်းဟွမ်က လက်ကို ဆန့်တန်းလိုက်ပြီး ဝူဟိုင်းနှင့် လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားသည်။

"လက်ဆွဲနှုတ်ဆက်ဖို့ မလိုအပ်ဘူး။ အရက်နဲ့ တွဲသောက်ဖို့ အမြည်းကိုပဲ လာဝယ်တာ။ အမြည်းရောင်းပေးရင် ရပြီ"

ဝူဟိုင်းက မျက်မှောင်ကြုတ်လိုက်ပြီး မဖော်ရွှေသော အမူအရာဖြင့် စကားပြန်ပြောသည်။

"ဟုတ်ပါပြီ။ ငါတို့အားလုံးက မိတ်ဟောင်း ဆွေဟောင်းတွေ ဆိုတော့ မင်းဆိုင်ရဲ့ လျှို့ဝှက်ဟင်းလျာဖြစ်တဲ့ ရေခူနုပ်နုပ်စင်းလေးကို ငါတို့အတွက် အကောင်းဆုံး ပြင်ဆင်ပေး"

ကျန်းကျာဝေက ဝူဟိုင်း၏ စိတ်နေသဘောထားကို သိနေသည်။ ထို့ကြောင့် သူက ဝူဟိုင်းကိုယ်စား ဖန်းဟွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ဟင်းပွဲ မှာယူသည်။

"မင်းရဲ့သူဌေးက တကယ်ကို ဒေါသကြီးတာပဲ။ ရေခူနုပ်နုပ်စင်းက ငါတို့ဆိုင်ရဲ့ အထူးဟင်းလျာဖြစ်တဲ့အတွက်ကြောင့် အကောင်းဆုံးပြင်ဆင်ပေးမယ်။ မစိုးရိမ်နဲ့"

"ဒါပေမယ့် မင်းတို့တွေ အရက် နဲ့ တွဲသောက်ရတဲ့ အမြည်းပဲ ဝယ်ရတဲ့အကြောင်းရင်းကို ငါနားလည်အောင် အထိုက်အလျောက် ရှင်းပြပေးဦး"

ဖန်းဟွမ်က ဝူဟိုင်း၏ ရိုင်းပျသောအပြုအမူကို စိတ်ထဲမထားပေ။ သူက ကျန်းကျာဝေ ကို ဆွဲခေါ်သွားပြီး အကြောင်းအရင်းကို မေးမြန်းသည်။

"မင်း မြန်မြန်လုပ်"

ဝူဟိုင်းက သူ၏အေးဂျင့် ကျန်းကျာဝေကို ဆော်ဩပြီး ပင်မခန်းမဆောင်ထဲ မတ်တပ်ရပ်နေတာ ထိုင်ခုံမှာထိုင်မည့် အကြံအစည် မရှိပေ။

"မစိုးရိမ်ပါနဲ့ ဝူဟိုင်းရယ်။ ဟင်းပွဲပြင်ဆင်ရတာ အချိန် သိပ်မယူရပါဘူး"

ကျန်းကျာဝေက ခေါင်းလှည့်လိုက်ပြီး ဖန်းဟွမ်ကို မကြည့်ခင် ဝူဟိုင်းကို စကားလှည့်ပြောသည်။

"ဘာကို ဆိုလိုချင်တာလဲ။ ခုနောက်ပိုင်း မင်းလို ပုံမှန်ဖောက်သည်တွေက အရက်မဝယ်သောက်ကြတော့ပဲနဲ့ အရက်နဲ့ တွဲသောက်ရတဲ့ အမြည်းတွေပဲ ဝယ်ကြတော့တယ်။ ဒါက ဘာကြောင့်လဲ ဆိုတာ ပြောပြပေးပါဦး"

ဖန်းဟွမ်နှင့် ကျန်းကျာဝေ၏ ဆက်ဆံရေးသည် ကောင်းမွန်သောကြောင့် သူသိလိုသောကိစ္စကို မဖုံးကွယ်ပဲ တိုက်ရိုက်မေးမြန်းခြင်း ဖြစ်သည်။

"အော် ဒီကိစ္စလား။ ဝူဟိုင်းရဲ့ အနုပညာ စတူဒီယို မျက်နှာချင်းဆိုင်မှာရှိတဲ့ စားသောက်ဆိုင် သေးသေးလေးကြောင့် ဖြစ်မယ်"

ဝူဟိုင်းက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမှသာ သူကစိတ်အေးရသည်။

"ဝူဟိုင်းက အရသာမြည်းစမ်းဖို့အတွက် ငါ့ကို အဲ့ဒီဆိုင်ခေါ်သွားမှာ။ သူပြောတာတော့ အရသာ အရမ်းကောင်းတယ်လို့ ပြောတာပဲ"

ကျန်းကျာဝေက ပျော်ရွှင်မြူးတူးသော အမူအရာဖြင့် စကားပြောသည်။

"ထောင်ရှီးလမ်းမှာရှိတာလား"

ဖန်းဟွမ်က ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းသည်။

"ဟုတ်တယ် အဲ့ဒီနေရာမှာလေ။ အဲဒီဆိုင်က ဟင်းပွဲတွေကို သွားစားကြည့်ရင် မင်းအကြောင်းအရင်းကို သိသွားလိမ့်မယ်"

"ဒီလိုမှ မဟုတ်ရင် တော်ပြီ။ တော်ပြီ။ ငါသွားမှ ဖြစ်တော့မယ်။ ဝူဟိုင်း စိတ်မရှည်လောက်တော့ဘူး"

သူ၏ရှင်းပြမှု အဆုံးသတ်သွားသောအခါ ဖန်းဟွမ်ကို နှုတ်ဆက်စကားပြောသည်။

"ကောင်းပြီ။ ကောင်းပြီ။ မင်းသူဌေးရဲ့ မိသားစုကိစ္စတိုင်းကိုပဲ မင်းလိုက်လုပ်တော့"

ဖန်းဟွမ်က ခေါင်းလှည့်လိုက်ပြီး ဟင်းပွဲများကို သယ်ဆောင်လာရန် စားပွဲထိုးအား ညွှန်ကြားသည်။

အပိုင်း(၁၅၂)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၃)

ဖန်းဟွမ်၏တိုက်ရိုက်ညွှန်ကြားမှုကြောင့် စားပွဲထိုးက ဟင်းပွဲများကို လျင်မြန်စွာ ထုတ်ပိုးပေးသည်။

ခနလေးအတွင်း အရက်နှင့် တွဲဖက်စားသုံးရသော များစွာသော ဟင်းပွဲများသည် ထုတ်ပိုးမှု ပြီးဆုံးသွားပြီး ကြွေရည်သုတ်ထားသော နေ့လည်စာဘူးထဲ ဖြည့်လိုက်သည်။

"ယူသွားလို့ရပါပြီ"

ဖန်းဟွမ်က ကျန်းကျာဝေကို စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ကမ်းပေးသည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းကျာဝေက အပြုံးလေးဖြင့် သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး နေ့လယ်စာဘူးကို လက်ကမ်းယူပြီးနောက် ထွက်သွားရန် ပြင်ဆင်သည်။

"နေပါဦး။ အဲ့ဆိုင်မှာရောင်းတဲ့ ဟင်းပွဲတွေက တကယ့်ကို အရသာရှိတာလား"

ဖန်းဟွမ်က စပ်စုသောဆန္ဒဖြင့် မေးမြန်းသည်။

"ဘာလဲ၊ ခင်ဗျား သိချင်လို့လား"

ဖန်းဟွမ်ကိုကြည့်ပြီး ကျန်းကျာဝေက ကျီစယ်လိုက်သည်။

"ဟုတ်တယ်။ ငါက ဒီတိုင်းမေးမြန်းယုံပါ"

ဖန်းဟွမ်က ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

"တကယ့်ကို အရသာရှိပါတယ်။ အနည်းဆုံးတော့ ဝူဟိုင်းကိုတော့ ကျေနပ်မှု ပေးတယ်လေ။ အဲ့ဆိုင်မှာ ကန်တင်းလိုပဲ သူသွားစားနေတာပဲ"

ထိုစကားကို ပြောပြီးနောက် ကျန်းကျာဝေက ရယ်ချင်သော ခံစားချက်နှင့် ဒေါသထွက်သော ခံစားချက် နှစ်မျိုးစလုံးကို ခံစားမိသည်။

"ကောင်းပြီ။ ငါနားလည်ပြီ။ ခင်ဗျားတို့ သွားနိုင်ပြီ။ နှုတ်ဆက်ပါတယ်"

ခဏတုံ့ဆိုင်းပြီးနောက် ဖန်းဟွမ်က သူ့ဖောက်သည်များကို ပို့ဆောင်သည်။

"ဒီအချက်ကို ကြည့်ခြင်းအားဖြင့် မင်းက ဝူဟိုင်းနဲ့မတူဘူး။ ဝူဟိုင်းက အမြဲတမ်း ဒေါသကြီးနေတာ"

ကျန်းကျာဝေက ဝူဟိုင်းနှင့်အတူတူ မထွက်သွားခင် ချီးမွမ်းစကားပြောသည်။

"သူဌေးယွမ်၊ ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ နဲ့ အရက်ကို ချက်လုပ်လို့ရတယ် ဆိုတော့ ဆန်ပြုတ်တစ်ပွဲလည်း ပေးပါ"

ညနေခင်း ဆိုင်ဖွင့်ချိန်အတွင်း ဖောက်သည် တစ်ယောက်က တောင်းဆိုသည်။

"ဆန်ပြုတ်က ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ မှာ မပါပါဘူး။ ဒါကြောင့်မို့ နောက်တစ်မျိုးကို ပြောင်းမှာပေးပါ"

ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြန်ဖြေသည်။

"အွန်း ကောင်းပြီလေ။ ဒါဆိုရင် ထမင်းဖြူနဲ့ ကျင်းလင်မြက် တစ်ပွဲပေးပါ"

နောက်ဆုံးတော့ ဖောက်သည်က ရိုးရှင်းသော ထမင်းဖြူကို ရွေးချယ်လိုက်သည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက မှာယူထားသော ဟင်းပွဲများကို သယ်ဆောင်ပြီး စားပွဲပေါ် တည်ခင်းကာ ယဉ်ကျေးစွာပြောသည်။

"သုံးဆောင်ပါခင်ဗျာ"

"သူဌေးယွမ်၊ ငါက ဒီဆိုင်ကို နောက်တခေါက် ထပ်လာတာပါ။ ဒီနေ့ ဘာဟင်းပွဲမှာမယ်လို့ ထင်လဲ။ ခန့်မှန်းကြည့်လေ"

အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကို တွဲဖက် ဝတ်ဆင်ထားသော ကျန်းချန်ရှီးက ငယ်ရွယ်နုပျိုပြီး တက္ကသိုလ် ကျောင်းသူတစ်ယောက်နှင့် အသွင်တူသည်။

"မခန့်မှန်းချင်ပါဘူး"

ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်ပစ်သည်။

သူမက အနက်ရောင် သကြားဆန်ကိတ်ကို အရင်တစ်ခေါက်က စားခဲ့၍ ကျန်းချန်ရှီးသည် ၎င်းဟင်းပွဲကို နှစ်ခြိုက်သွားပြီး ယွမ်ကျိုးကို ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ ကို မျိုးစုံ ချက်ပြုတ်ခိုင်းသည်။

သူမက နေ့တိုင်း ဤဆိုင်သို့လာရောက်ပြီး ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ ကိုသာ အော်ဒါတင်လေ့ရှိသည်။

"ဟူး သူဌေးယွမ်။ ရှင်မနေ့ကတုန်းက ခွန်အားတွေ အများကြီး အသုံးပြုခဲ့တာလား။ ကျွန်မရဲ့အဖြေကိုတောင် ပြန်မဖြေနိုင်တော့ဘူးလား"

သူမက ယွမ်ကျိုးကို နောင်တရသော အကြည့်ဖြင့် ငေးကြည့်သည်။

ယွမ်ကျိုးက သူမတောင်းဆိုသည့်အချက်ကို မခန့်မှန်းရသည့် အကြောင်းအရင်းက သူမ၏ ဗြောင်ကျကျ ပြောဆိုတတ်သော အပြုအမူကြောင့် ဖြစ်သည်။

ဤအမျိုးသမီးသည် ဖြေရှင်းရခက်သောအပြုအမူများကို အမြဲတစေ လုပ်ဆောင်လေ့ရှိသည်။

"ခင်ဗျားဘာစားချင်လဲ"

ကျန်းချန်ရှီးနှင့် မျက်နှာချင်းဆိုင်သောအခါ ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားသည်။

"သူဌေးယွမ်၊ ရှင်ကျွန်မကို အခုလိုပုံစံမျိုးနဲ့ ထိတ်လန့်အောင် မလုပ်ပါနဲ့။ နူးနူးညံ့ညံ့ ဆက်ဆံစမ်းပါ။ ဒါဆိုရင် ကျွန်မ ရှင့်ကို ပြောပြမယ်"

ကျန်းချန်ရှီးက အခွင့်အရေးရတိုင်း ယွမ်ကျိုးကို ကျီစယ်ချင်သော ဆန္ဒကို မလွဲချော်အောင် ကြိုးစားသည်။

"ဟုတ်ပါပြီ။ လူကြီးမင်းက ဘာများသုံးဆောင်ချင်ပါသလဲ"

ယွမ်ကျိုးက သူမ၏ စိတ်ပျက်ဖွယ်ကောင်းသော တောင်းဆိုမှုများကို ချက်ချင်း လျစ်လျူရှုပြီး သူမ၏ နောက်ဘက်မှ ဖောက်သည်များကို ဆက်လက်မေးမြန်းသည်။

"ကောင်းပြီ ကောင်းပြီ။ ဒါဆိုရင် ရှင့်ကို ထပ်ပြီးတော့ အခွင့်အရေး မယူတော့ဘူး။ ကျွန်မက ဆန်ပြုတ် စားချင်တာ"

ကျန်းချန်ရှီးက ပြုံးလိုက်ပြီး ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ ထဲမှ တစ်ခုကို အော်ဒါတင်ရန် ကြိုးစားသည်။

"ဆန်ပြုတ်က ဆန်အခြေပြုဟင်းပွဲထဲမှာ မပါဝင်ပါဘူး"

ယွမ်ကျိုး၏ အမူအယာက ခပ်တန်းတန်း အမူအယာကိုသာ ပြသသည်။

"ဘာဖြစ်လို့ မထည့်ထား ထားရတာလဲ။ ဒီဆန်ပြုတ်မှာလည်း ဆန်ရယ် ရေရယ်ပဲ သုံးတာလေ။ အခြားသော ပါဝင်ပစ္စည်းတွေ သုံးလို့လား"

ကျန်းချန်ရှီးက အနည်းငယ် အံ့အားသင့်သွားသည်။

"ဆန်ပြုတ်ကို ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ ထဲ မထည့်ထားပါဘူး။ အခြားဟာကိုပဲ ထပ်ပြီးတော့ အော်ဒါတင်ပေးပါ"

ယွမ်ကျိုးက မည်သည့်အရာကိုမှ ရှင်းပြချင်သော ဆန္ဒမရှိတော့ပေ။

"ကောင်းပြီ။ ရှင်က ဆန်ပြုတ်ကို မချက်ပြုတ်ပေးချင်ဘူးမို့လား။ ဒါဆိုရင် အခြားတစ်ခုကို ရှာပြီး စဉ်းစားကြည့်ဦးမယ်"

ထိုစကားကိုပြောပြီးနောက် သူမက ထိုင်လိုက်ပြီး ဘိုင်ဒူးမှတဆင့် အချက်အလက်များကို ရှာဖွေရန် ဖုန်းထုတ်လိုက်သည်။

ကျန်းချန်ရှီးကို ခနလျစ်လျူရှုလိုက်ပြီး ယွမ်ကျိုးက သူမ၏ နောက်မှာစောင့်ဆိုင်းနေသော ဖောက်သည်များကို စုံစမ်းမေးမြန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"သူဌေး၊ သူက အစုံလိုက် ကြက်ဥထမင်းကြော် တစ်ပွဲမှာပါတယ်"

မုရှောင်ယွမ်က သူ့ဘေးနားမှာ ရှိနေ၍ ဖောက်သည်များ၏ အော်ဒါများကို ပြောကြားပေးသည်။

"ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ခေါင်းလှည့်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားသည်။

ကျန်းချန်ရှီး၏ လှပပြီး သေးသွယ်သော လက်ချောင်းကလေးများသည် ဖုန်း၏ မျက်နှာပြင်ပေါ် လျင်မြန်စွာ ရွေ့လျားနေသည်။

ခဏလေးအတွင်း သူမလိုချင်သော ရလဒ်ကို ရရှိသွားသည်။

ယွမ်ကျိုးက သူမနောက်တွင်ရှိသော ဖောက်သည်ထံသို့ အစုံလိုက်ကြက်ဥထမင်းကြော်ပွဲကို သယ်ဆောင်သွားစဉ် သူမက ယုံကြည်မှု အပြည့်ဖြင့်ပြောလိုက်သည်။

"သူဌေးယွမ် ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ အောက်မှာရှိတဲ့ ဆန်ယာဂု တစ်ပွဲပေးပါ"

"အိုကေ ခနစောင့်ပေးပါ"

ယွမ်ကျိုးက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

"ခဏနေပါဦး၊ တခုခုမှားယွင်းနေသလိုပဲ"

ဆန်ပြုတ်အော်ဒါတင်ခဲ့သော ဖောက်သည်က သူမှာယူထားသောဟင်းပွဲကို အပြီးသတ် စားသုံးခါနီးဖြစ်သည်။

တစ်စုံတစ်ယောက်က သူနှင့်တူညီသောဟင်းပွဲကို မှာယူလိုက်ကြောင်း ကြားသွားသော်လည်း သူက ငြင်းပယ်ခံရပြီး ကောင်မလေး၏ တောင်းဆိုချက်ကို လက်ခံသွားသည်။

ထို့ကြောင့် သူ၏နှလုံးသားတွင် မကျေနပ်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ"

ယခုလို ပြဿနာမျိုးကို ယွမ်ကျိုးက မုရှောင်ယွမ်ကို ဖြေရှင်းခိုင်းလေ့ မရှိပေ။ ထို့ကြောင့် သူကိုယ်တိုင် ကိုယ်ကျ မေးမြန်းလိုက်သည်။

"သူဌေးယွမ်၊ ဒီလိုလှည့်ကွက်မျိုးကို သုံးပြီးတော့ စည်းမျဉ်းတွေကို ပြောင်းလဲလို့ မရဘူးလေ။ ဒါက ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"

သူ၏မျက်နှာပေါ်တွင် မရွှင်လန်းသော အမူအယာဖြင့် ပုံမှန်လေသံဖြင့် ပြောဆိုသည်။

"အဓိကအချက်ကို ပြောပါ"

ယွမ်ကျိုး၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။

ထိုစဉ်အခိုက်အတန့် တန်းစီစောင့်ဆိုင်းနေသော တခြားသော ဖောက်သည်များကလည်း မှတ်ချက်ပေးလာသည်။

"သူဌေးယွမ်၊ ဘာဖြစ်သွားတာလဲ။ ဆန်ပြုတ်နဲ့ ယာဂုနဲ့က တူတူပဲ မဟုတ်ဘူးလား"

တစ်စုံတစ်ယောက်က ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

"ခင်ဗျားပြောတာ မှန်တယ် ဒါမှမဟုတ် နာမည်ပေးတာ မတူလို့များလား"

တစ်စုံတစ်ယောက်က မတူညီသောနာမည်ကို သံသယဝင်သွားသည်။

"ဘာများ ခြားနားမှုရှိလို့လဲ။ စကားလုံး အရေးအသားကွာတာလား"

တစ်စုံတစ်ယောက်က ဝင်ရောက်ပြောဆိုသည်။

"ခြားနားမှုကြောင့်တော့ မဖြစ်နိုင်ဘူး။ စာကြောင်းတည်ဆောက်မှုအရလား။ ဆန်ကိုရေးတဲ့ စကားလုံးနဲ့ ဆန်ပြုတ်လို့ရေးတဲ့ စကားလုံးက ရှေးမကျလို့များလား"

"ယာဂုဆိုတဲ့ အသုံးအနှုန်းကို ရှေးယခင်က သုံးနှုန်းခဲ့တာ ကြာပြီလေ"

ဤလူက စာပေဆန်ဆန် ပြောဆိုသည်။ ဤအပြုအမူက စကားလုံးခြားနားမှုကို ဝေဖန်နေကြသည့် လူအများစုကို စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်စေသည်။

"ငါ့အမြင်မှာတော့ ချက်ပြုတ်နည်းက ကွာခြားမှုရှိတယ်"

ဖောက်သည်များက ယွမ်ကျိုး၏ ဂုဏ်သတင်း ကြီးမားမှုကို ယုံကြည်နေဆဲဖြစ်သည်။

ယခုလိုပြောရခြင်း၏ အကြောင်းအရင်းလည်း သေချာပေါက်ရှိသည်။ သူတို့အားလုံးက ယွမ်ကျိုး၏ ဖြေရှင်းချက်ကို ကြားချင်၍ဖြစ်သည်။

"သူဌေးယွမ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြမှာကို စောင့်ကြတာပေါ့"

တန်းစီစောင့်ဆိုင်းနေသော လူအများစုသည် ဤမြင်ကွင်းကို စောင့်ကြည့်ချင်ကြသည်။

"စောနလေးတင် ငါက ဆန်ပြုတ်ရမလားလို့ သူဌေးယွမ်ကိုပြောတော့ ဆန်ပြုတ်က ဆန်အမျိုးပေါင်း ၁၀၀ ဟင်းပွဲထဲမှာ မပါဝင်ဘူးလို့ သူဌေးယွမ်ကပြောတယ်"

"ဒါပေမယ့် ဒီကောင်မလေးက ဆန်ပြုတ်ကို မှာလိုက်တဲ့အခါမှာ သူက ချက်ခြင်း လက်ခံသွားတယ်။ ဒါက ဘာသဘောလဲ"

ဖောက်သည်ရည်ညွှန်းသောသူက ကျန်းချန်ရှီး ဖြစ်သည်။

"ခင်ဗျားက ဆန်ပြုတ်မှာတာလေ။ ဒီကောင်မလေးက ယာဂုမှာတာ။ ဘာပြသနာများ ရှိလို့လဲ"

ခပ်တန်းတန်း အမူအယာဖြင့် ယွမ်ကျိုးက ခြားနားမှုကို ဖော်ပြသည်။

"ဆန်ပြုတ်နဲ့ ယာဂုက တမျိုးတည်းပဲ မဟုတ်ဘူးလား။ သူကတော့မှာလို့ရပြီး ငါကဘာလို့ မှာလို့မရတာလဲ"

ဖောက်သည်များက ပို၍ စိတ်ရှုပ်ထွေးသွားသည်။

"မတူပါဘူး။ ဆန်ပြုတ်နဲ့ ယာဂုက မတူဘူး"

ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် အမှားပြင်ဆင်သည်။

"ဆန်ပြုတ်နဲ့ ယာဂုက နာမည်ပေးထားတာခြင်း မတူတာပဲလေ။ ဘာများခြားနားမှု ရှိလို့လဲ"

သို့သော်ငြားလည်း ဖောက်သည်များက မလျော့စတမ်း ငြင်းဆိုကြသည်။

"ဟုတ်လို့လား။ ငါတို့ကို ဖြေရှင်းချက်ပေးပါဦး"

ရှုပ်ယှက်ခတ်နေသောမြင်ကွင်းကို ခဏစောင့်ကြည့်ပြီးနောက် ကျန်းချန်ရှီးက ဆွေးနွေးမှုထဲ သူမကိုယ်တိုင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

"သူဌေးယွမ်၊ ကျွန်မကို ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး။ မြန်မြန်ရှင်းပြပေးဖို့အတွက် ကျွန်မ မှာထားတဲ့ဟင်းပွဲကို သွားပြီး ချက်ပြုတ်ပေးပါဦး"

ရှင်းပြမှုမတိုင်မီ သူမက ယွမ်ကျိုးကို ကျီစယ်ရန် မမေ့လျော့ခဲ့ပေ။

"ဆန်ပြုတ်နဲ့ ယာဂုနဲ့က တကယ်တမ်း ခြားနားမှု ရှိပါတယ်"

ယွမ်ကျိုးက မီးဖိုချောင်ထဲ လှည့်ထွက်သွားသည်ကို မြင်တွေ့ရသောအခါ ကျန်းချန်ရှီးက ခေါင်းကိုလှည့်လိုက်ပြီး ဖောက်သည်များကို စကားပြောသည်။

"သူတို့က ဘာများ ခြားနားမှု ရှိလို့လဲ"

ဖောက်သည်များက ဆရာကျကျ လက်ပိုက်လိုက်ပြီး မယုံကြည်သော အမူအရာကို ပြသသည်။

"ရှင်တို့တွေက ရိုးရှင်းတဲ့ ဆန်ပြုတ်ကို ဘာဖြစ်လို့ မှာချင်ကြတာလဲ"

ကျန်းချန်ရှီးက ဤဆွေးနွေးမှု၏ အခြေခံကျသော ပြဿနာကို အရင်ဆုံး ထုတ်ဖော်သည်။

"ဟုတ်တယ်။ ဒါက ဆန်အခြေပြုဟင်းပွဲ ချက်ပြုတ်နည်းရဲ့ စည်းမျဉ်းကို သွေဖယ်ရာ မကျဘူးလေ"

ဖောက်သည်များက ယွမ်ကျိုးစားသောက်ဆိုင်၏ စည်းမျဉ်းများကို နာခံကြသည်။

"ဒါပေမယ့် ရိုးရှင်းတဲ့ဆန်ပြုတ်က ချင်ကျိုး စီရင်စုမှာရှိတဲ့ ဟန်လူမျိုးတွေရဲ့ ရိုးရာ အစားအသောက်လေ"

"ဒေသခံတွေက ဘာဟင်းခတ် အမွှေးအကြိုင်မှကို မသုံးပဲနဲ့ ချက်ပြုတ်ထားတဲ့ ဆန်ပြုတ်ကို ရိုးရှုံးဆန်ပြုတ်လို့လည်း ခေါ်ခဲ့တယ်။ ကျွန်မပြောတာ မှန်တယ်မို့လား"

သူမ၏စကားပြောသောအမူအရာကို အကဲဖြတ်ကြည့်ရုံဖြင့် ကျန်းချန်ရှီးက စကားပြောရင် အခြားသူများကို သည်းထိတ်ရင်ဖို ဖြစ်အောင် ပြောဆိုရခြင်းကို နှစ်ခြိုက်သူဖြစ်သည်။

"ဟုတ်တယ်။ ဒါကြောင့်မို့လည်း ဆန်အခြေပြု ဟင်းပွဲထဲမှာ ဆန်ပြုတ်ပါမယ်လို့ ငါတို့ ယုံကြည်တာလေ"

ဖောက်သည်က လေးနက်သောအမူအရာဖြင့် သူ၏စိတ်ကူးကို ထုတ်ဖော်သည်။

"မဟုတ်ဘူး၊ မပါဘူး။ ဒီရိုးရိုးဆန်ပြုတ်နဲ့ ယာဂုက ချက်ပြုတ်ပုံချင်း ခြားနားတယ်။ အသေးစိတ်တော့ မရှင်းပြချင်တော့ဘူး"

သူမက ငယ်ရွယ်ပြီး ချစ်စရာကောင်းသော အမူအရာရှိသော်လည်း စကားပြောသော အမူအရာက တခြားသူကျလောက်အောင် ပြောဆိုတတ်သော အမူအရာရှိသည်။

"အဓိကအချက်က ဘာလဲ"

ဤမြင်ကွင်းကို စောင့်ကြည့်နေသော ပတ်ဝန်းကျင်မှ တခြားသူများသည် စပ်စုလိုသောဆန္ဒများ ပြင်းထန်လာသည်။

သဘောတရားအရ ပြောမယ်ဆိုလျှင် ဆန်ပြုတ်နှင့် ယာဂုက သူမပြောသလို ခြားနားချက် မရှိပဲ။ သို့သော်လည်း ဤအမျိုးသမီးက သိသာထင်ရှားသော ခြားနားချက်ရှိသကဲ့သို့ ပြောဆိုနေသည်။

"ဆန်ပြုတ်မှာဆိုရင် သူ့ကိုပြုတ်ဖို့အတွက် စွပ်ပြုတ်လိုအပ်တယ်။ ယာဂုမှာဆိုရင် မလိုအပ်ဘူး"

ကျန်းချန်ရှီးက ဟင်းပွဲနှစ်မျိုး၏ အဓိက ခြားနားချက်ကို ထုတ်ပြောသည်။

"စွပ်ပြုတ်လား။ ဆန်ပြုတ်ကို ပြုတ်ရင် ဒါ လိုအပ်လို့လား"

ဖောက်သည်များက တအံ့တဩဖြစ်သွားသည်။ ရိုးရှင်းသောဆန်ပြုတ်နှင့် ယာဂုက မတူညီသည့်တိုင် ယခုလိုခြားနားလိမ့်မည်ဟု သူ ပထမဦးဆုံးကြားဖူးခြင်းဖြစ်သည်။

အပိုင်း(၁၅၃)

All Chapters