အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၄)
"စွပ်ပြုတ်ဆိုတာက ဝက်အရိုးနဲ့ လုပ်ထားတဲ့စွပ်ပြုတ်ကိုဆိုလိုတာလား"
ဖောက်သည်တစ်ယောက်ကစပ်စပ်စုစု မေးမြန်းသည်။
"ဒီလို စွပ်ပြုတ်မျိုးတော့မဟုတ်ဘူး။ သူတို့ချင်းခြားနားချက်ရှိတယ် "
ကျန်းချန်ရှီးက ခေါင်းကိုခါရမ်းလိုက်ပြီး ငြင်းပယ်သည်။
"ဘယ်လိုခြားနားမှုမျိုးရှိတာလဲ"
ဤဖောက်သည်က ကျန်းချန်ရှီးပြောသောအချက်ကို နားမလည်သောကြောင့် ထပ်မံရှင်းပြရန် တောင်းဆိုသည်။
"အဓိကပါဝင်ပစ္စည်းဖြစ်တဲ့စွပ်ပြုတ်က ငါးနဲ့ပြုလုပ်ထားတာ။ အခုဆိုရင်ရော နားလည်သွားပြီလား "
ကျန်းချန်ရှီးက သူတို့ကို ထပ်မံရှင်းပြသည်။
"ဆန်ပြုတ်လုပ်ဖို့အတွက် စွပ်ပြုတ်လိုအပ်တယ်"
"ဒါဆိုရင် ဆန်ပြုတ်ထပ် ယာဂုကို စားတဲ့သူသိပ်မတွေ့ပါဘူး"
ဖောက်သည်အားလုံးက မတူညီသောတုံ့ပြန်မှုကိုပေးသည်။
"ဒီလိုဆိုရင်တော့ ဗဟုသုတအသစ်တွေ ထပ်ရတယ်လို့ ခံစားမိတယ်"
အသိပညာအသစ်ကို ရရှိသွားသောဖောက်သည်က သူ၏စိတ်ကူးကို ထုတ်ပြောသည်။
"သူဌေးယွမ်...သူဌေးယွမ်ရဲ့ဆိုင်ကိုရောက်မှ
ဒီအစားအသောက်နဲ့ပတ်သက်တဲ့ရှုမြင်ပုံတွေကို အသစ်အဆန်းတွေကိုသိရတယ် "
တခြားသောအစားအသောက်ဝါသနာရှင် ဖောက်သည်ကလည်း ဝင်ရောက်ပြောဆိုသည်။
ဖောက်သည်တစ်ဦးချင်းစီက ခြားနားချက်များကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးကျစဉ် ယွမ်ကျိုးက ကျန်းချန်ရှီး မှာထားသော ယာဂုကိုသယ်ဆောင်လာသည်။
"သူတို့ချင်း တကယ်ခြားနားတာပဲ"
ဖောက်သည်များက ထွက်မသွားခင် လည်တဆန့်ဆန့်ဖြင့် ဟင်းပွဲကို ကြည့်လိုက်သည်။
ယွမ်ကျိုးက ဆိုင်ဖွင့်ချိန်အတောအတွင်း ဖောက်သည်များ၏ သက်ဆိုင်မှုမရှိသော မေးခွန်းများမေးမြန်းခြင်းကို မနှစ်သက်ပေ။
သို့သော်လည်း ထိုစဉ် တစ်စုံတစ်ယောက် ရောက်ရှိလာသည်။
World Foodieဟိုတယ်၏အထွေထွေမန်နေဂျာက တန်းစီစောင့်ဆိုင်းပြီးမှ ဆိုင်ထဲဝင်ရောက်လာခြင်း ဖြစ်သည်။
သူက ထိုင်ခုံရရချင်း ထိုင်ခုံမှာနေရာယူလိုက်သောအခါ မုရှောင်ယွမ်က သူ့အနားရောက်လာပြီး မေးမြန်းသည်။
"ဘာများ သုံးဆောင်ချင်ပါသလဲရှင့် "
"မလိုအပ်ဘူး။ မင်းလာဖို့ မလိုအပ်ဘူး။ မင်းရဲ့သူဌေးကိုပဲ ဒီနေရာကိုလာခိုင်းပါ "
အထွေထွေမန်နေဂျာက သူ့နဖူးပေါ်ကချွေးစက်များကို သုတ်ရန် သူ့အိတ်ကပ်ထဲက လက်သုတ်ပဝါကို ထုတ်ကာ
လက်ကို ခါရမ်းပြသည်။
"ဘာစားချင်တာလဲဆိုတာသာ ပြောပေးပါ။ ကျွန်မရဲ့သူဌေးက နည်းနည်းအလုပ်ရှုပ်နေလို့ပါ"
မုရှောင်ယွမ်က စိတ်အားထက်သန်သောအမူအရာဖြင့် ပြန်ဖြေသော်လည်း သူမကဤနေရာကို သူဌေးအား ခေါ်လာမည်မဟုတ်ကြောင်း ထည့်သွင်းပြောလိုက်သည်။
"မင်းလို ကောင်မလေးက ဘာများသိမှာမို့လဲ။
ဒါက သတင်းကောင်းလေ။ မင်းရဲ့သူဌေးကို သွားပြောပေးပါ။ စားဖိုမှူးချန်ရဲ့သူဌေးက သူနဲ့စကားပြောချင်တယ်ဆိုတာပါ ထည့်ပြောပေးပါ"
အထွေထွေမန်နေဂျာသည် ကောင်မလေးအပေါ် စိတ်ရှည်သည်းခံမှုများပျောက်ဆုံးသွား၍ ခပ်ပြတ်ပြတ်အမူအယာဖြင့် စကားပြောသည်။
"ကျွန်မကို အရင်ဆုံးပြောပေးပါ။ ကျွန်မရဲ့သူဌေးက အရမ်းကို အလုပ်ရှုပ်လို့ပါ"
မုရှောင်ယွမ်က သူမ၏သူဌေးသည် ဆိုင်ဖွင့်ချိန်အတွင်း တခြားသူ အနှောင့်အယှက်ပေးခြင်းကို မကြိုက်မှန်း သိနေသည်။
"ကိစ္စမရှိဘူး။ ငါ့ဘာသာငါပဲ ပြောတော့မယ် "
အထွေထွေမန်နေဂျာသည် မုရှောင်ယွမ်ကို လျစ်လျူရှုလိုက်ပြီး ယွမ်ကျိုးဆီကို တိုက်ရိုက်သွားသည်။
"သူဌေးယွမ် နေကောင်းရဲ့လား။ ကျွန်တော်က World Foodieဟိုတယ်ရဲ့ အထွေထွေမန်နေဂျာပါ။ ကျွန်တော်ရဲ့မျိုးရိုးနာမည်က ချန်းပါ "
အထွေထွေမန်နေဂျာချန်းက တခြားသောဖောက်သည်များ အော်ဒါမှာနေစဉ်
အနှောင့်အယှက်ပေးပြီး သူ့ကိုယ်သူ မိတ်ဆက်စကားပြောသည်။
"ခင်ဗျား ဘာများ သုံးဆောင်ချင်ပါသလဲ"
ယွမ်ကျိုးက အထွေထွေမန်နေဂျာပြောသော စကားကို မကြားသကဲ့သို့ ပြုမူသည်။ သူပြောချင်သည့်အချက်ကိုသာ ထပ်တလဲလဲမေးမြန်းသည်။ဖောက်သည်များကလည်း သူနှင့်အထိုက်အလျောက် ပြန်လည်ဖြေဆိုကြသည်။
" ခေါက်ဆွဲပြုတ်နဲ့ ကျင်းလင်မြက်ဟင်းပွဲကိုပေးပါ "
"အိုကေ ခဏစောင့်ပေးပါ"
ယွမ်ကျိုးက ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် အထွေထွေမန်နေဂျာချန်းကို အနည်းငယ်
အရှက်ရသွားစေသည်။
"တခြားကိစ္စနဲ့ပတ်သက်ရင်တော့ ဆိုင်ဖွင့်ချိန် ပြီးဆုံးမှပြောပေးပါ "
"ဒါပေမဲ့ အရေးပေါ်ကိစ္စမလို့ပါ။ ကျွန်တော်တို့ အချင်းချင်း အရင်ဆုံး စကားပြောလို့ရမလား"
အထွေထွေမန်နေဂျာချန်းက နေ့စဉ် လုပ်ဆောင်ရမည့်တခြားသော ကိစ္စများလည်းရှိနေသေးသည်။ ထို့ပြင် သူ၏သူဌေး ရှဲရွယ်စစ်သည် သူပြန်ပေးမည့်အဖြေကိုလည်း စောင့်ဆိုင်းနေသည်။
" မလိုအပ်ဘူး "
ယွမ်ကျိုးက maskမတပ်ခင်ချက်ချင်း ငြင်းပယ်လိုက်ပြီး ဟင်းပွဲများကို ပြင်ဆင်သည်။
အထွေထွေမန်နေဂျာချန်းသည် ဆိုင်ဖွင့်ချိန် ပြီးဆုံးမည့်အချိန်ကို နာခံစွာ စောင့်ဆိုင်းချင်သည့် ဆန္ဒမရှိပေ။
ထို့ကြောင့် ယွမ်ကျိုး သူ့စကား နားထောင်လာအောင် နည်းလမ်းမျိုးစုံဖြင့် ဖျောင်းဖျရန် ကြိုးစားသည်။
နောက်ဆုံးတွင်မူ ယွမ်ကျိုးကသူ့ကို လျစ်လျူရှု ထား၍ လက်လျော့လိုက်ရသည်။
၇မိနစ်၊ ၈မိနစ်ကြာပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲမှ ထပ်ထွက်လာသည်။အထွေထွေမန်နေဂျာချန်းက သူ့ယခင်ထိုင်ခုံမှာ ထိုင်ပြီး စကားပြောသည်။
"ဒါဆိုရင် ကျွန်တော်စားမယ့် ဟင်းပွဲတွေကို အော်ဒါတင်လို့ရမလား "
"ဒါဆိုရင် ခင်ဗျား ဘာစားချင်လဲ "
ယွမ်ကျိုး၏စကားပြောသော အမူအရာက ပြောင်းလဲခြင်း မရှိဘဲ အရင်အတိုင်းဖြစ်သည်။
"ငါတို့ရဲ့အချိန်တွေကိုမဖြုန်းပါနဲ့။ ကျွန်တော်တို့ရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ ဆန္ဒရှိလား မေးချင်လို့ ဒီဆိုင်ကိုရောက်လာတာပါ။ အကယ်၍ ဆန္ဒ ရှိတယ်ဆိုရင် ဒီဖုန်းနံပတ်ကိုခေါ်ပေးပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ခင်ဗျားကို လာခေါ်ပေးပါ့မယ်"
ထိုစကားကို ပြောနေစဉ် အထွေထွေမန်နေဂျာချန်းသည် သူ၏အမည်ကတ်ကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ဟင်းပွဲမမှာယူဘူးဆိုရင်တော့ ခင်ဗျားနောက်မှာ စောင့်ဆိုင်းနေတဲ့ တခြားသူတွေကို နေရာပေးလိုက်ပါ "
ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသော်လည်း သူကနာမည်ကတ်ကိုလက်မခံခဲ့ပေ။ ထို့နောက် သူက ယဉ်ကျေးစွာပြောဆိုသည်။
"ဒါဆိုရင် ခင်ဗျား သိသင့်သိထိုက်တဲ့အကြောင်း
အရာကို သိသွားပြီဆိုတော့ ကျွန်တော်သွားတော့မယ်။ သူဌေးယွမ်ကို ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ လာခေါ်မှာပါ "
အထွေထွေမန်နေဂျာချန်းက သူလာရသည့် အဓိကအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသည်။
အဖြူရောင်အမည်ကတ်လေးက ကွေးနေသောစားပွဲပေါ်တွင် တိတ်တဆိတ်လှဲလျောင်းနေသော်လည်း ယွမ်ကျိုးက ကောက်ယူမည့်ဆန္ဒ
မရှိခဲ့ပေ။
"ရှောင်ယွမ် ဒါကို စာရင်းရှင်းလိုက် "
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး မုရှောင်ယွမ်ကို စကားပြောသည်။
"ဟုတ်ကဲ့ပါ သူဌေး "
အစပိုင်းတွင် အနည်းငယ်စိုးရိမ်နေမိသော်လည်း ယွမ်ကျိုး၏ ညွှန်ကြားချက်ကိုကြားသောအခါ မုရှောင်ယွမ်က ပျော်ရွှင်စွာ ပြန်ဖြေသည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေသော ပတ်ဝန်းကျင်က ဖောက်သည်များသည်လည်း အမည်ကတ်ကို အနီးကပ်စိုက်ကြည့်ကြသည်။
မြန်ဆန်သော ခြေလှမ်းများဖြင့် မုရှောင်ယွမ်က အမည်ကတ်ကို ကောက်ယူလိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တွေ့ရမှသာ ပတ်ဝန်းကျင်ရှိ ဖောက်သည်အားလုံး စိတ်သက်သာရဟန် ပြုံးလိုက်ကြသည်။
နေ့လည်ဆိုင်ဖွင့်ချိန်သည် သိပ်မကြာခင်တွင် ပြီးဆုံးသွားခဲ့သည်။
~~~
မုရှောင်ယွမ်ကို ပြန်လည်ပို့ဆောင်ပြီးနောက် ယွမ်ကျိုးက ဆိုင်တံခါးကိုပိတ်ရန် ပြင်ဆင်နေစဉ် ဆံပင်ခပ်တိုတိုနှင့်ကောင်မလေးသည် ယွမ်ကျိုးစားသောက်ဆိုင်၏
ဝင်ပေါက်သို့ ရောက်ရှိလာသည်။
" ဟေး ခဏလေးနေပါဦး။ ခဏလေး စောင့်ပေးပါဦး "
ကောင်မလေးက စက်ဘီးကိုရပ်လိုက်ပြီး ကျယ်လောင်စွာထအော်သည်။
ယွမ်ကျိုးက ကောင်မလေးခေါ်နေသောသူသည် သူ မဟုတ်ဟု ယူဆကာ ဆိုင်တံခါးကို ဆက်ပိတ်ရန်ကြိုးစားသည်။
" သူဌေး ခဏနေပါဦး "
ကောင်မလေးက ယွမ်ကျိုးအနား ချက်ချင်း ပြေးလာသည်။
"ဟုတ်လား ငါ့ကို ခေါ်တာလား "
ယွမ်ကျိုးက သူ၏အပြုအမူကို ရပ်တန့်လိုက်ပြီး ခပ်တန်းတန်းအမူအရာဖြင့် မေးမြန်းသည်။
"သူဌေးကို တွေ့ဖို့ကလည်း ခက်ခဲလိုက်တာ။ ဒီကိုလာတာ ခဏ ခဏရှိပြီ။ အခုမှ ပထမဦးဆုံးအကြိမ် မြင်ရတော့တယ် "
ကောင်မလေးက ရာသီဥတုပူပြင်းသောကြောင့် ပူအိုက်နေသော အမူအရာရှိသည်။
သူမ၏ လက်တစ်ဖက်ဖြင့် ယပ်ခတ်နေပြီး ချစ်စဖွယ်ကောင်းအောင် စကားပြောသည်။
"ဟုတ်ပြီ။ ဘာကိစ္စများရှိလို့လဲ "
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး စကားဆက်ပြောရန် အချက်ပြသည်။
"အရင်ဆုံး ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ။ ဟုတ်ကဲ့ ကျွန်မက မေ့မေ့ Group Purchase Websiteရဲ့ ထုတ်လုပ်ရေးဝန်ဆောင်မှု ဌာနကပါ။ သူဌေးယွမ်ကို ကျွန်မတို့websiteရဲ့ Group Purchase မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်တာပါ "
ကောင်မလေးကငယ်ရွယ်ပုံပေါက်သည်။
သူက သူမ၏ရည်ရွယ်ချက်ကို အပြီးသတ် မဖော်ထုတ်ခင် စားသောက်ဆိုင်ထဲပင် မဝင်ရောက်ခဲ့ပေ။
သူမက ဤစားသောက်ဆိုင်ကို ပထမဦးဆုံးရောက်ဖူးသည့်ဖောက်သည် ဖြစ်နိုင်သည်။
"Group Purchaseတွေ လုပ်ဖို့ဆန္ဒမရှိဘူး။ မင်းလူမှားပြီးတော့ ရောက်လာပြီ "
ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် ပြန်ဖြေသည်။
"ဒီဆိုင်မှာရှိတဲ့ ဟင်းပွဲတွေက အရမ်းဈေးကြီးမှန်းသိပါတယ်။ ဒါပေမဲ့ လျော့ဈေးပေးလိုက်မယ်ဆိုရင် ရှင့်ရဲ့စီးပွားရေးလုပ်ငန်းက ပိုကောင်းမွန်လာမယ်။ ဒီ့အပြင် အပြင်ထွက်ပြီး စားရတာ
မကြိုက်တဲ့ ဖောက်သည်တွေကလည်း ရှင့်ရဲ့သာလွန်ထူးခြားတဲ့ ဟင်းလျာတွေကို စားသောက်နိုင်တယ်လေ "
ကောင်မလေးက ယွမ်ကျိုးကိုစိတ်ရှည်ရှည်ဖြင့် ဖျောင်းဖျသည်။
"ပါဆယ်ထုပ်ခွင့်လည်း မပေးဘူး။ သယ်သွားခွင့်လည်း မပေးဘူး။ ဒါက ကျွန်တော်ရဲ့စည်းမျဉ်းပါ "
ဝင်ပေါက်မှာ မတ်တပ်ရပ်နေရင်း ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် စကားပြောသည်။
" Deliveryပို့ဖို့ကိစ္စကို စိုးရိမ်နေတာလား။ ကျွန်မတို့ Websiteမှာ delivery ပို့ဆောင်တဲ့ အချိန်ပြည့်အလုပ်သမားတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အချိန်အတိအကျသတ်မှတ်ထားပြီးတော့ မြန်ဆန်တဲ့နှုန်းနဲ့ပို့ပေးတဲ့အတွက် စိုးရိမ်ဖို့မလိုပါဘူး။ ဒီ့ပြင် ကျွန်မတို့ ထောက်ပံ့ပေးထားတဲ့ အကျိုးအမြတ် ရှယ်ယာတွေကိုလည်း ရဦးမှာပါ"
ကောင်မလေးက သူမ၏ကျောပိုးအိတ်ထဲမှ ဖိုင်အထပ်လိုက်ကို ထုတ်လိုက်ပြီး ယွမ်ကျိုးကို ပြသရန်ရည်ရွယ်သည်။
"မလိုအပ်ဘူး။ ကျွန်တော့်မှာ ကျွန်တော့်စည်းမျဉ်းနဲ့ ကျွန်တော်ရှိပြီးသား"
ယွမ်ကျိုးက လက်ကိုဆန့်တန်းလိုက်ပြီး ငြင်းဆန်သည်။ ကောင်မလေး စကားတစ်ခွန်းမှ မပြောနိုင်ခင် သူကချက်ချင်း စကားပြန်ပြောသည်။
"နှုတ်ဆက်ပါတယ် "
ထို့နောက် သူက ချက်ချင်းတံခါးကို ပိတ်ချလိုက်သည်။
"ဟူး ထပ်ပြီးတော့ ငြင်းခံရပြန်ပြီ "
ကောင်မလေး စိတ်ရှုပ်ထွေးသွားသည်။
သူမက ဖိုင်ကိုပြန်သိမ်းလိုက်ပြီး ဖြေးညှင်းစွာ မထွက်ခွာခင် လျှပ်စစ်စက်ဘီးပေါ် တက်လိုက်သည်။
ယွမ်ကျိုးက တံခါးကို လျင်မြန်စွာ ပိတ်လိုက်ပြီး မီးဖိုချောင်ထဲ ပြန်သွားကာ သူထိုင်နေကျနေရာမှာ ထိုင်လိုက်သည်။ ထို့နောက် သူက စနစ်မှ ထုတ်ပြန်သွားသော မစ်ရှင်အသစ်ကို စစ်ဆေးရန်
စတင်သည်။ ယွမ်ကျိုးက Group Purchaseကို ငြင်းဆန်လိုက်စဉ် စနစ်မှ မစ်ရှင်အသစ်ကို ထုတ်ပြန်လာသည်။
စနစ်မှ ဖော်ပြသည်။
"အဆင့်မြှင့်တင်ထားသော မစ်ရှင်က ယခုပဲစတင်ပါပြီ"
အဆင့်မြှင့်တင်ထားသောမစ်ရှင် : [Group Purchase Websiteရဲ့ဖိတ်ခေါ်ခြင်းကို ၁၀ကြိမ် ငြင်းဆန်ပေးပါ]
မစ်ရှင်အညွှန်း : [စည်းကမ်းတွေကို လိုက်နာရပါမယ်။ ခင်ဗျားရဲ့ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာပြီးတော့ ဖိတ်ကြားမှုတွေကို ငြင်းဆန်ပေးရမယ် လူငယ်လေး ]
မစ်ရှင်ဆုလာဘ် : [ဒေသဟင်းလျာများကို ကံစမ်းခွင့်နှင့် အဆင့်မြှင့်တင်ခြင်းအတွက် လိုက်ဖက်ညီသောအရံဟင်းပွဲ ]
မစ်ရှင်အညွှန်း : [မစ်ရှင်ပြီးမြောက်ဖို့အတွက် ကြိုးစားအားထုတ်ပေးပါ ]
မစ်ရှင်အဆင့်အတန်း : ၁/၁၀
"တကယ်ကို ရိုးရှင်းတဲ့ ဖော်ပြချက်ပဲ "
ယွမ်ကျိုးက နှုတ်ဆိတ်သွားရသည်။ မစ်ရှင်ကို (၃)ကြိမ်တိုင်တိုင် အသေးစိတ် အကဲဖြတ်ပြီးနောက် သူအပြည့်အဝ နားလည်သွားသည်။
"ဒီမစ်ရှင်ကို ပြီးမြောက်သွားရင် Level 3 ကို အဆင့်မြှင့်တင်မဲ့သဘောလား"
စနစ်က ဖော်ပြသည်။
" ဟုတ်ပါတယ် "
"ဒါဆိုရင် ဒီမစ်ရှင်ကပြီးမြောက်ဖို့အတွက် အချိန်အကန့်သတ် မရှိဘူးပေါ့ ဟုတ်လား "
ယွမ်ကျိုးက အချိန်အကန့်အသတ် မရှိသော မစ်ရှင်ကို ကြည့်ပြီး အတည်ပြုဟန် မေးမြန်းလိုက်သည်။
စနစ်မှ ဖော်ပြသည်။
"ဟုတ်ပါတယ် "
ယွမ်ကျိုး "..."
ထို့နောက် သူက မစ်ရှင်ကိုအသေးစိတ်လေ့လာရန် စတင်သည်။
အပိုင်း(၁၅၄)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၅)
ယွမ်ကျိုးက စနစ်ကို မေးမြန်းရန်ပင် ငြီးငွေ့နေပါပြီ။
"ဟုတ်ကဲ့ ဟူသော၊ ဟုတ်ပါတယ် ဟူသော စကားမှလွဲ၍ တခြားမပြောတတ်ဘူးလား"
မစ်ရှင်အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ဖတ်ရှုပြီးနောက် ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်သောအချက်ကို တွေးကြံသည်။
"ဝန်ဆောင်မှုပေးတဲ့ website ဆယ်ခုထက်တောင် ရှိပါ့မလား"
သူက ဖုန်းကို ထုတ်လိုက်ပြီး အင်တာနက်တွင် ရှာဖွေသည်။ ဝန်ဆောင်မှုပေးသောwebsiteများအနက် ယွမ်ကျိုးက ဂုဏ်သတင်းကျော်ဇောသော တချို့တလေကိုသာ သိရှိထားသည်။ သို့သော်လည်း သူ၏လက်ချောင်းများကို အသုံးပြု၍ တွက်ချက်ကြည့်သောအခါ ၁၀ခုထက် ပိုရန် မဆိုထားနှင့် ၅ခု၊ ၆ခု ထက်ပင် လျော့နည်းနေသည်။
ဒီမစ်ရှင်ကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်သင့်သလဲ တွေးကြံရခက်နေသည်။ ဝန်ဆောင်မှုလုပ်ငန်းက သူ့ကို လာရောက်တောင်းဆိုရန် ပြုလုပ်ရခြင်းက ခက်ခဲသောကိစ္စရပ်လဲ ဖြစ်သည်။ ထို့နောက် ယွမ်ကျိုးက စိတ်ပျက်ဖွယ်ကောင်းသော မစ်ရှင်ကို အဆင်ပြေအောင် အကြံအစည်ထုတ်နေသည်။
"စနစ် ငါ သူတို့ကို သွားရှာပြီးတော့ ငြင်းရင်ရော မရဘူးလား။ ဒါကိုရော မစ်ရှင်ပြီးမြောက်ဖို့ ရေတွက်လို့ မရဘူးလား။ ဒီလို ငြင်းလိုက်ရင်ရော မရဘူးလား"
စနစ်က ကိုယ်တိုင်ကြော်ငြာခွင့်မပြုသည့်အပြင် တခြားသော စည်းမျဉ်းများကိုလည်း ထုတ်ပြန်ထားသောကြောင့် ယွမ်ကျိုးက စနစ်၏ သည်းခံနိုင်သောအခြေအနေကို စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
စနစ်က ဖော်ပြသည်။
"ဒီလိုလုပ်ရင် ထည့်မတွက်ပါဘူး"
"ကောင်းပြီ ကောင်းပြီ"
ယွမ်ကျိုးက မကောင်းသောအဖြေကိုသာ ပြန်ပေးမည်ဟု ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။ လှည့်ကွက်များက အလုပ်မဖြစ်သောအခါ ယွမ်ကျိုးက တခြားနည်းလမ်းကို တွေးကြံသည်။ သူက ထိုင်ခုံမှာ ထိုင်ပြီး တွေးကြံနေစဉ် အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေခင်း ဆိုင်ဖွင့်ချိန်သို့ ကျရောက်လာသည်။
အင်တာနက်ပေါ်မှ ဝန်ဆောင်မှုwebsite၏ သတိပေးစာတိုကို ကြည့်ပြီး ယွမ်ကျိုးက အတွေးတစ်ခုပေါ်လာသည်။ ထို့နောက် ထူးဆန်းသော စကားပြောဝိုင်းသည် ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ဖြစ်ပေါ်ခဲ့သည်။
"ခင်ဗျား ဘာအလုပ်လုပ်တာလဲ"
ဆိုင်၏ဝင်ပေါက်ကို ရောက်ရှိလာသော ဖောက်သည်တစ်ယောက်ကို ကြည့်ပြီး ယွမ်ကျိုးက လေးနက်စွာ မေးမြန်းလိုက်သည်။
"အရောင်းဝန်ထမ်း အလုပ်လုပ်ပါတယ်။ ဘာကိစ္စများရှိလို့လဲ"
ဖောက်သည်က အရင်ဆုံး တအံ့တဩဖြစ်သွားပြီးနောက် မသိစိတ်၏ လှုံ့ဆော်မှုအရ ချက်ချင်း မေးမြန်းလိုက်သည်။
"အလုပ်ဆင်းပြီးသွားရင် ပြန်လည်ဖန်တီးတဲ့ လုပ်ဆောင်ချက်တွေ၊ တခြားသော လုပ်ဆောင်ချက်တွေ လုပ်တာရှိလား" ယွမ်ကျိုးက ဆက်လက်မေးမြန်းသည်။
"ရှိတာပေါ့။ လူစုတာတို့၊ လူစုပြီး လျှောက်လည်တာတို့၊ ဝိုင်းဖွဲ့ပြီး စားတာတို့ ရှိတာပေါ့။ ဝိုင်းဖွဲ့ စားပြီးသွားရင် သီချင်းဆိုဖို့အတွက် ကေတီဗီ သွားကြတယ်"
ဒါကြောင့်မို့လို့ အရောင်းဝန်ထမ်းက သူ၏ဘဝကို ပျော်ရွှင်နေသည်။
ပုံမှန်ဆိုလျှင် ယွမ်ကျိုးက တသီးတသန့် နေထိုင်သော်လည်း ယခုတော့ သူ့အလုပ်အကိုင်နှင့် သူရဲ့အစားစားသော အလေ့အထများကို စုံစမ်းမေးမြန်းနေသည်။
သူဌေးယွမ်က သူ့ရဲ့အရည်အချင်းကြောင့် သူ့ကို တပည့်အနေနဲ့ ခေါ်ယူချင်နေသနည်း။ အရောင်းဝန်ထမ်းဖောက်သည်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ့လက်ရှိအလုပ်က မဆိုးလှချေ။ အော်ဒါကြီးကြီးမားမား ရလျှင် ကော်မရှင်ခက သူ့လစာ ၂လစာမျှနှင့် ညီမျှ၍ သူ့ဘဝအတွက် အဆင်ပြေမှု ရှိသည်။ သူက သူဌေးယွမ်ရဲ့ ကောင်းမွန်သော သဘောထားကို လက်ခံသင့်လား၊ ငြင်းဆန်သင့်လား တွေဝေနေရသည်။ သူ တွေဝေ တုံ့ဆိုင်းခြင်း အဆုံးမသတ်ခင် ယွမ်ကျိုးက စကားဆက်ပြောသည်။
"ကောင်းပါပြီ"
ထို့နောက် ယွမ်ကျိုးက ဘာမှမဖြစ်သကဲ့သို့ ပြုမူနေသည်။ ဖောက်သည်များကို နှုတ်ဆက်ခြင်း နှင့် ဟင်းပွဲအော်ဒါတင်ခြင်းကို မုရှောင်ယွမ်က ကြီးကြပ်လုပ်ဆောင်သည်။ အရောင်းဝန်ထမ်းဖောက်သည်က အတော်အတန် အံ့အားသင့်သွားသည်။
"ဘယ်လိုဖြစ်ရတာလဲ"
ဟင်းပွဲ၏မွှေးရနံ့ကို ရရှိမှ အသိပြန်ဝင်လာသည်။ ထိုမှသာ သူက အရာအားလုံးကို လျစ်လျူရှုပြီး အစားအသောက်စားသောက်ခြင်းကိုသာ အာရုံစိုက်လိုက်သည်။
...
ညနေခင်းတွင် ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ဆိုင်သို့ ရောက်ရှိလာသည်။ ဆိုင်သို့ ရောက်ရှိလာသော မိန်းမချောလေးကို ယွမ်ကျိုးက မြင်မြင်ချင်း မေးမြန်းစူးစမ်းမှုများ လုပ်ဆောင်သည်။
"မင်း ဘာအလုပ်လုပ်လဲ"
စိတ်အားထက်သန်သော အမူအရာဖြင့် ယွမ်ကျိုးက တခြားသူ၏မှတ်ပုံတင်ကို စစ်ဆေးနေသည့်ရဲ သကဲ့သို့ မေးမြန်းနေသည်။
"သူဌေးယွမ်၊ ဘာကြောင့်မို့ ကျွန်မရဲ့အကြောင်းကို မေးရတာလဲ"
"ဒီအဖြေက ငါ့အတွက် အသုံးဝင်လို့ပါ"
ယွမ်ကျိုးက ဦးစွာ ခေါင်းညိတ်သည်။
"မိတ်ကပ်ရောင်းတဲ့ဌာနမှာ အလုပ်လုပ်ပါတယ်။ သူဌေးယွမ် skin care productတွေ လိုအပ်လို့လား"
ကောင်မလေးက ယွမ်ကျိုး၏မျက်နှာကို ထပ်မံကြည့်ရှုလိုက်သည်။
"မလိုအပ်ပါဘူး။ အလုပ်ပြီးသွားရင် တခြား ဘာအလုပ်တွေ လုပ်သေးလဲ"
ကောင်မလေးကို စိုက်ကြည့်ပြီး ယွမ်ကျိုးက ခံစားချက်မရှိသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
"အလုပ်မှာတောင် ဒီလောက်ပင်ပန်းနေတာ။ အပျော်အပါးတွေ လိုက်စားဖို့တောင် အချိန်မရှိပါဘူး။ ဒါကြောင့်မို့ အိမ်ပြန်ရောက်တာနဲ့ အိပ်တယ်"
ကောင်မလေးက သိသာထင်ရှားသော အမူအရာကို ဖော်ပြသည်။
"ဒါဆိုရင် ဝန်ဆောင်မှုပေးတဲ့ websiteထဲကနေ မှာစားလေ့ရှိလား"
သူ၏မျက်နှာပေါ်မှာ သိမ်မွေ့သော အပြုံးလေးပေါ်လာပြီး မေးမြန်းသည်။
"စားတယ်လေ။ ကျွန်မ ဘယ်လောက်တောင် သနားဖို့ကောင်းတယ်ဆိုတာ ရှင် သိသွားလို့ အိမ်ရှေ့အရောက် ဝန်ဆောင်မှု ပေးတော့မလို့လား"
ကောင်မလေးက တအံ့တဩ မေးမြန်းသည်။
"မဟုတ်ဘူး။ ပါဆယ်ထုပ်တဲ့ ဝန်ဆောင်မှုက မသင့်လျော်ဘူးလို့ ခံစားမိလို့ပါ"
ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်ပြီး အသိစိတ်၏ လှုံ့ဆော်မှုအရ ပြန်ဖြေလိုက်သည်။
"ဒါတော့ အမှန်ပဲ။ ဒီနေ့ခေတ် delivery serviceတွေက ဝန်ဆောင်မှု အရမ်းနှောင့်နှေးတယ်။ သူတို့ ရောက်လာတဲ့အခါကျရင် အရမ်းကို ဆာလောင်မွတ်သိပ်နေပြီ"
ကောင်မလေးက မကျေမနပ် ပြောဆိုသည်။ သူမက မြန်ဆန်သောနှုန်းဖြင့် စကားပြောနေသောကြောင့် ယွမ်ကျိုး စကားဝင်ဖြတ်ပြောရန်ပင် အချိန်မရပေ။ ခဏကြာပြီးတော့ ကောင်မလေးက ပြဿနာတချို့ကို သတိရသွားသည်။
"သူဌေးယွမ်၊ အခုလို စကားမျိုး ပြောနေရတဲ့အကြောင်းအရင်းက ဘာကြောင့်လဲ"
"ဘာမှတော့ မဟုတ်ပါဘူး"
ယွမ်ကျိုးက ယတိပြတ်လှည့်ထွက်သွားသည်။ မကျေမနပ်ပြောဆိုခြင်းက လူတိုင်း၏ မရှိမဖြစ် ကျွမ်းကျင်မှု ဖြစ်သည်။
ဒုတိယမြောက်လူကို မေးမြန်းခြင်း ကျရှုံးသွားသည့်တိုင် ယွမ်ကျိုးက လက်မလျော့ခဲ့ပေ။ ထို့အစား သူက သူ့အမှားကို သင်ယူရင်း နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေရန် ကြိုးစားသည်။
ဤတစ်ကြိမ်တွင် သူက စကားနည်းနည်းပြောပြီး လိုချင်သည့်အချက်ကိုရအောင် ကြိုးစားသည်။ ခဏကြာပြီးနောက် စားသောက်ဆိုင်ထဲသို့ ဖောက်သည်နောက်တစ်ယောက် ဝင်ရောက်လာပြီး ယွမ်ကျိုး၏ မေးမြန်းမှုကို တွေ့ကြုံရသည်။
"မင်းက ဘာအလုပ်အကိုင်လုပ်လဲ"
ယွမ်ကျိုးက သူ့ကို သွားရောက် မေးမြန်းသည်။
"အစားအသောက်တွေ ဝယ်မစားခင် ဘာအလုပ်လုပ်လဲ အရင်ဖြေပေးရမှာလား။ သူဌေးယွမ် ဒါက စည်းမျဉ်းအသစ်လား"
၎င်းအမျိုးသားက ပြုံးနေသော်လည်း လှောင်ရယ်သော လေသံဖြင့် ပြောသည်။
"မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး။ ဒီတိုင်း မေးလိုက်တာပါ"
ယွမ်ကျိုးက ရိုးသားစွာ ပြန်ဖြေသည်။
"ဘာကိစ္စကြောင့် ကျွန်တော့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို မေးမြန်းနေရတာလဲ"
၎င်းအမျိုးသားသည် အနည်းငယ် သံသယဝင်မိသည်။
"ငါ့ကို ပြောပြလို့ အဆင်မပြေဘူးဆိုရင် ဟင်းပွဲတွေကို အော်ဒါမှာနိုင်ပါတယ်"
ယွမ်ကျိုးက သူတို့ကို အတင်းဖိအားမပေးပေ။ သူက နံရံအနောက်တွင် ရှိသော ဈေးနှုန်းစာရင်းကို ကြည့်ရှုရန် အချက်ပြလိုက်သည်။
"သူဌေးယွမ်၊ ဒီလိုပုံစံမျိုးကြီး မနေစမ်းပါနဲ့"
ထိုစကားကို ပြောနေစဉ် ၎င်းအမျိုးသားသည် ယွမ်ကျိုး၏မျက်နှာကို ကြည့်လိုက်သည်။ ပြောင်းလဲသော အမူအရာမရှိမှန်း သိရှိရသောအခါ သူက စကားဆက်ပြောသည်။
"သူဌေးယွမ်၊ ခင်ဗျားက ဒီလိုပုံစံ အမြဲလုပ်နေတယ်။ ဒီမျက်နှာထားက ဘယ်တော့မှ ပြောင်းလဲမသွားဘူး"
"အွန်း" ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
"ငါက စည်းကမ်းလိုက်နာတတ်တဲ့ သူဌေးလေ"
၎င်းအမျိုးသားသည် ယွမ်ကျိုး၏ မေးမြန်းမှုကို နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။
"ငါက မာကျောက်အခန်းရဲ့သူဌေးပါ။ သူဌေးယွမ် ခင်ဗျား အားလပ်တဲ့အခါကျရင် ကျုပ်တို့ဆီမှာ လာကစားလို့ရတယ်။ ပိုက်ဆံ မယူပါဘူး"
၎င်းအမျိုးသားသည် သူ့အပြုံးလေးကို လှစ်ဟာပြလိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။
"ငါက ဂိမ်းကစားရတာတွေ မကြိုက်ဘူး။ ခင်ဗျား အားလပ်ချိန်ရရင် ဘယ်လိုမျိုး တခြားပျော်ရွှင်မှုတွေကို ဖန်တီးလဲ"
ယွမ်ကျိုးက သူ၏ ဖိတ်ကြားမှုကို အရင်ဆုံး ငြင်းပယ်လိုက်ပြီးမှ မေးမြန်းသည်။
"မာကျောက်အခန်း ရှိနေတာကို တခြားအပျော်အပါး လိုက်စားဖို့ လိုသေးလို့လား"
"မာကျောက် ကစားတယ်လေ"
၎င်းအမျိုးသားသည် ထိုင်ခုံမှာ ထိုင်လိုက်ပြီး စကားပြန်ပြောသည်။
"ဒါဆိုရင် အွန်လိုင်း ဝန်ဆောင်မှုကို ယူပြီးတော့ အစားအသောက်တွေ ဝယ်စားလေ့ရှိလား"
နောက်ဆုံးတွင်မူ ယွမ်ကျိုးက အဓိကအချက်ကို ပြောသည်။
"ဝယ်စားတာပေါ့။ ခင်ဗျားစားသောက်ဆိုင်ကို မသိခင်က အစားအသောက်တွေကို ဘယ်တော့မှ အပြင်ထွက်ဝယ်မစားဘူး။ အိမ်အရောက်ဝန်ဆောင်မှုဘဲ အစားအသောက်တွေ ဝယ်စားရတာ အဆင်ပြေတယ်လေ။ ဒါပေမယ့် အခုတော့ တခါတရံမှဘဲ ဝန်ဆောင်မှုနဲ့ အစားအသောက်တွေကို မှာစားတယ်"
ထိုစကားကိုပြောနေစဉ် သူက ယွမ်ကျိုးကို နာကြည်းသော အမူအရာဖြင့် ကြည့်သည်။
"ဒါဆိုရင် ခင်ဗျားက ဘယ်လို ဝန်ဆောင်မှု websiteမျိုးကို သုံးတာများလဲ"
တစ်ဖက်လူက ဘာမှဆက်မပြောသည်ကို မြင်ရသောအခါ ယွမ်ကျိုးက စကားလမ်းကြောင်းဖွင့်သည်။
"မေ့မေ့website နဲ့ ကျီစုwebsite တွေကနေ အော်ဒါမှာလေ့ရှိတယ်"
"သူဌေးယွမ်၊ ခင်ဗျားက ဒီအလုပ်ကို စိတ်ဝင်စားလို့လား"
၎င်းအမျိုးသားသည် စပ်စုသော ခံစားချက်ဖြင့် မေးမြန်းသည်။
"မဟုတ်ပါဘူး။ အဲ့ဒီwebsite ၂ခုက deliveryသမားတွေ ဒီနားပတ်ဝန်းကျင်မှာ သွားတာ မတွေ့လို့ပါ"
ယွမ်ကျိုးက အဓိကအချက်ကို တန်းပြောသည်။
"ဟုတ်လို့လား။ သူတို့ဆီကနေ အော်ဒါမမှာတာတောင် တော်တော်ကြာပြီ။ အဲ့ဒီwebsite ၂ခုက ဒီနားပတ်ဝန်းကျင်မှာ စီးပွားရေး သိပ်မဖြစ်တာထင်တယ်။ နို့နို့ နဲ့ ထွမ်ကုံက ဒီနယ်ပယ်တစ်ဝိုက်မှာ စီးပွားဖြစ်တယ်လေ"
၎င်းအမျိုးသားသည် နှံ့နှံ့စပ်စပ် သိသကဲ့သို့ ပြောဆိုသည်။
"အွန်း။ ဒါကြောင့် တခြားသူတွေကို မမြင်မိတာကိုး"
ယွမ်ကျိုးက အဓိကအချက်ကို ပြောသည်။
"သူဌေးယွမ်၊ ခင်ဗျား ဒီလို စီးပွားရေးအလုပ်ကို မလုပ်ချင်ဘဲနဲ့ ဘာလို့ အသေးစိတ် မေးမြန်းနေရတာလဲ။ ကျွန်တော့်ကို ပြောပြဖို့ အင်တင်တင် ဖြစ်နေတာလား"
၎င်းအမျိုးသားသည် ယွမ်ကျိုးက ဝန်ဆောင်မှု websiteအား စိတ်ဝင်စားနေသည့် အကြောင်းအရင်းကို သံသယဝင်နေသည်။
"ခင်ဗျား ဘာများ သုံးဆောင်ချင်သလဲ"
ယွမ်ကျိုးက ဝန်ဆောင်မှု websiteနှင့် ပတ်သက်သော အကြောင်းအရာကို အဆုံးသတ်ပြီးနောက် ပုံမှန်အတိုင်း ဟင်းလျာအကြောင်း မေးမြန်းသည်။
ဤအကြောင်းအရင်းကြောင့် ၎င်းအမျိုးသား၏ သံသယများ ပို၍ ခိုင်မာလာသည်။ ထို့နောက် အုပ်စုလိုက် ရောက်လာသော ဖောက်သည်များ နှင့် တစ်ယောက်တည်းရောက်လာသော ဖောက်သည်များကို ယွမ်ကျိုးက ပုံမှန်အတိုင်း သူတို့၏အလုပ်အကိုင်နှင့် အလုပ်ချိန်ပြင်ပတွင် လုပ်ဆောင်တတ်သော အပြုအမူများကို မေးမြန်းသည်။
ပြန်လည်ဖန်တီးသော အပြုအမူများ နှင့် အပျော်အပါးအပြုအမူများကို လုပ်ဆောင်တတ်သော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလျှင် ယွမ်ကျိုး၏ မေးမြန်းမှုက ရပ်တန့်သွားပြီး ဟင်းပွဲများကိုသာ မှာယူစေသည်။
တခြားသောအပျော်အပါးများကို မလုပ်ဆောင်တတ်သည့် အမျိုးသား၊ အမျိုးသမီးများက ယွမ်ကျိုး၏ မေးမြန်းမှုကို လက်တွေ့ ကြုံတွေ့ရသည်။
.....
အပိုင်း(၁၅၅)
ပြီးပါပြီ။
၁၅၆ မှ ၁၆၀
ယွမ်ကျိုး အပိုင်း(၁၅၆)
နောက်တစ်နေ့မှ ယွမ်ကျိုးက အကြံဉာဏ်သစ် ပေါ်လာသည်။
မနက်ခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးပြီးနောက် ယွမ်ကျိုးက တံခါးဝမှာ ထိုင်ခုံတစ်ခုံယူပြီး ယခင်လို မုန်လာဥပန်းပွင့် ပုံဖော်ခြင်းထက် သူ့ဖုန်းဖြင့် ဂိမ်းကစားခြင်းကို လုပ်ဆောင်
နေသည်။
ဤသည်က မြင်တွေ့ရခဲသည့် ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။
"သူဌေးယွမ်၊ ဒီကနေ့ ပန်းပွင့်ပုံ မထုဆစ်တော့ဘူးလား"
စပ်စုသောဖောက်သည်တစ်ယောက်က အနားရောက်လာပြီး မေးမြန်းသည်။
"ဟုတ်တယ်"
ယွမ်ကျိုးက သူ့ဖုန်း၏ မျက်နှာပြင်ကို လက်ချောင်းကလေးများဖြင့် အပေါ်အောက်ရွေ့ရင်း ခေါင်းညိတ်ပြသည်။
သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ပေးသော websiteရှိ ဟင်းလျာများကို လေ့လာနေခြင်း ဖြစ်သည်။
"အွန်း ကောင်းပြီလေ။ ဒါဆိုရင် ပျော်ပျော်ပါးပါး အချိန်ဖြုန်းပါ သူဌေးယွမ်"
ယွမ်ကျိုးက ဖုန်းကို စိတ်အားထက်သန်စွာ ဆော့နေခြင်းကို မြင်တွေ့ရသောအခါ ဖောက်သည်က လှည့်ထွက်သွားသည်။
ထိုမှသာ ယွမ်ကျိုးက ခေါင်းကို မော့လိုက်ပြီး တစ်ချက်မော့ကြည့်လိုက်စဉ် သူ့ကို စပ်စုသော ဖောက်သည် လှည့်ထွက်သွားမှန်း သိလိုက်ရသည်။
"တခြားလူတစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်တာက အောင်မြင်နိုင်ချေရှိလား"
"စူးစမ်းလိုစိတ်ကို လှုံ့ဆော်မှု မရှိပဲနဲ့ ပြုလုပ်ရင် အောင်မြင်နိုင်ချေ ရှိပါ့မလား"
ယွမ်ကျိုးက သူ့ဖုန်းကို ဆက်ဆော့ကစား နေပြီး တိတ်တဆိတ် ဝေဖန်သည်။
ဆိုင်ဖွင့်ချိန်မှလွဲ၍ အခြားအချိန်များတွင် ယွမ်ကျိုးက ဤနေရာမှာပဲထိုင်ပြီး တစ်နေ့လုံး ဖုန်းသုံးသည်။
စပ်စုသော တချို့လူများက သူ့ကို လာရောက် မေးမြန်းသကဲ့သို့ သူ့အပြုအမူကိုလည်း တိတ်တဆိတ် စောင့်ကြည့်နေသည်။
သို့သော်လည်း ယွမ်ကျိုးက သူတို့ကို မည်သည့် အချက် မေးမြန်းမည်ကို မမျှော်လင့်ကြပေ။
အကျိုးဆက်အနေဖြင့် ယွမ်ကျိုးက သူ၏ဖုန်းကို ထုတ်လိုက်ပြီး တံခါးမှာ ထပ်ထိုင်သောအခါ မနေ့ကဲ့သို့ ဝန်ဆောင်မှု Websiteကိုသာ ကြည့်နေသော်လည်း သူက ဘာဆို ဘာမှ မဝယ်ခဲ့ပေ။
သူအသုံးပြုသောဖုန်းက ကြီးမားသော Tablet ဖုန်း ဖြစ်သောကြောင့် အကျိုးသက်ရောက်မှုက ပို၍ ကောင်းမွန်လာသည်။
ယွမ်ကျိုးကို စိတ်ဝင်တစား မေးမြန်းသည့်သူက စုစုပေါင်း ၅ ယောက်ရှိလာသည်။
ယွမ်ကျိုး၏အဖြေက တသမတ်တည်းဖြစ်သည်။
"ပျော်စရာလေးတွေ ဖန်တီးဖို့ လျှောက်ကြည့်နေတာပါ။ စိတ်ဝင်စားစရာများ ရှိမလားပေါ့"
နောက်တစ်နေ့ မနက်ခင်းမှာ ယွမ်ကျိုးက သူဝယ်ယူထားသော Laptop အသစ်ကို ထုတ်လိုက်သည်။
Laptop ၏ လုပ်ဆောင်ချက်များသည် ဖုန်းနှင့် tablet ထက် ပို၍ ကျယ်ပြန့်သောကြောင့် တခြားသူများ ထင်သာမြင်သာစွာ မြင်တွေ့နိုင်သည်။
ဤတစ်ကြိမ်တွင်လည်း ယွမ်ကျိုးက ဝန်ဆောင်မှုပေးသော websiteကို ဖွင့်လိုက်ပြီး ကုန်ကျစရိတ်လုပ်ဆောင်ချက်ကို အသုံးပြုနေသည်။
ကုန်ကျစရိတ်ကြီးမြင့်သောကြောင့် သူက website စာမျက်နှာကို အသေးစိတ် ကြည့်ရှုနေသည်။
အကျိုးသက်ရောက်မှုက အံ့အားသင့်ဖွယ် ကောင်းသည်။
"သူဌေးယွမ်၊ ခင်ဗျား အဆင်ပြေရဲ့လား"
ခြေညှပ်ဖိနပ်ကို ဝတ်ဆင်ထားသော ဝူဟိုင်းသည် ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး သူ့အနား လမ်းလျှောက်လာသည်။
"ကျွန်တော် အဆင်ပြေပါတယ်။ ဒီအတိုင်း လျှောက်ကြည့်နေရုံပါ"
ယွမ်ကျိုးက ခပ်တန်းတန်းလေသံဖြင့် ပြန်ပြောပြီး အခြားသောစာမျက်နှာကို ဆက်လက်စစ်ဆေးကြည့်သည်။
စာမျက်နှာပေါ်တွင်ရှိသော ကုန်ကျစရိတ် သတ်မှတ်ချက်ကို ဖွင့်ကြည့်နေသည်။
"ဒါကို သာမန်ကာလျှံကာ လျှောက်ကြည့်နေတယ်လို့ ပြောချင်တာလား။ ဒါဆိုရင် ဘာလို့ ကျသင့်ငွေ စာမျက်နှာဘက်ကို ရွှေ့ထားရတာလဲ"
ကြီးမားသော ဟင်းလျာပုံကို ညွှန်ပြပြီး ယွမ်ကျိုးက ကူကယ်ရာမဲ့ အမူအရာဖြင့် ပြောသည်။
"ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ချဲ့ကြည့်တာလေ"
ယွမ်ကျိုးက ဟုတ်မှန်သော လေသံဖြင့် ပြောဆိုကာ ခေါင်းညိတ်ပြသည်။
"ဒီလို ကွန်ပျူတာကြီးနဲ့ကြည့်တာတောင် ခင်ဗျားက ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား။ အဲဒီ့အစား Projector ပဲ သုံးလိုက်ပါတော့လား"
ဝူဟိုင်းက လက်တစ်ဖက်ဖြင့် နဖူးကို ကွယ်ပြီး ယွမ်ကျိုးကိုကြည့်ကာ စကားပြန်ပြောသည်။
"ဒါက ကွန်ပျူတာလေ"
ယွမ်ကျိုးက ခေါင်းလှည့်လိုက်ပြီး လေးနက်သောအမူအရာဖြင့် ပြန်ပြောသည်။
"ဒီအကြောင်းတွေ တွေးနေဖို့ အချိန်မရှိဘူး"
"ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ဝူဟိုင်းက အကြောင်းအရင်းကို ပထမဦးဆုံးမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"ဟင်းပွဲတွေကို ကြည့်နေတာလေ"
ယွမ်ကျိုးက ဝူဟိုင်းကို အရူးဟူသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပါပြီ"
ထို့နောက် ဝူဟိုင်းက သူ၏အရှုံးကို လက်ခံလိုက်သည်။ သူက ချက်ချင်း လှည့်ထွက်သွားသည်။
ထိုစဉ် သူ့ဖုန်းဖြင့် ထူးဆန်းသော ဤမြင်ကွင်းကို ဓါတ်ပုံရိုက်ကူးလိုက်ပြီး Wechat group တွင် မျှဝေလိုက်သည်။
ယခင်တုန်းက ယွမ်ကျိုးကို တခြားစားသောက်ဆိုင်မှာ မလုပ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဖောက်သည်အချင်းချင်း ဖွဲ့ထားသော Wechat group ဖြစ်သည်။
လက်ရှိအချိန်တွင် Group အဖွဲ့ဝင်များသည် သာမန်ထက်ပို၍ တတ်ကြွနေသည်။
"သူဌေးယွမ် ဘာဖြစ်သွားတာလဲ။ မနေ့တုန်းကလည်း ဖုန်းသုံးနေတာ တွေ့တယ်။ ဟိုးတစ်နေ့တုန်းကလည်း tablet သုံးတယ်။ အခု projector တောင် သုံးတော့မှာလား"
[မန်မန်] "ဟုတ်တယ် အမှန်ပဲ"
[ဝူကျိုး] "ဝန်ဆောင်မှုပေးတဲ့ website နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်နေပုံပဲ"
[ရေကန်ငါးခုနဲ့ သမုဒ္ဒရာလေးစင်း] "သူဌေးယွမ်က ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို လုပ်ဖို့ စဉ်းစားနေတာလား"
[ဝူဟိုင်း] "ဟုတ်လောက်တယ်။ အရောင်းမြှင့်တင်ချင်တဲ့ စားသောက်ဆိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ချန်တု ဆိုတဲ့Online website တစ်ခုကိုတော့ ငါသိထားတယ်"
"ဒီWebsite အကြောင်းကို သူဌေးယွမ် သိအောင် မိတ်ဆက်ပေးရင် ကောင်းမလား"
ဝူဟိုင်းက သူ့လက်ထဲမှ ဖုန်းကို တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး တစ်စုံတစ်ရာကို တွေးတောနေသည်။
[မန်မန်] "ဒါက အကြံကောင်းပဲ။ သာမန် website က သူဌေးယွမ်ရဲ့ ထူးခြားကောင်းမွန်တဲ့ ဟင်းချက်စွမ်းရည်နဲ့ ထိုက်တန်မှုမရှိဘူး"
ဆွေးနွေးမှုပြီးဆုံးပြီးနောက် ပုံမှန်အတိုင်း စကားဝိုင်းဖွဲ့ပြောကြသည်။
သူတို့က ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန် ဖောက်သည်များဖြစ်၍ ယွမ်ကျိုးချက်ပြုတ်ထားသောဟင်းပွဲများသည် သာမန်ထက် အရသာကောင်းမွန်ပြီး အခြားဆိုင်များထက်လည်း ထူးခြားကောင်းမွန်မှုရှိသည်။
သူ့ဖောက်သည် အချို့က အခုလို အပြုအမူမျိုး လုပ်ဆောင်နေလိမ့်မည်ဟု ယွမ်ကျိုးတကယ် မသိခဲ့ချေ။
ယွမ်ကျိုးက projector ကို အသုံးပြုပြီး ဝန်ဆောင်မှု Website ကို ဆက်လက်ကြည့်ရှုနေသည်။
ညနေခင်းတွင် ကျန်းချန်ရှီးသည် လျို့ဝှက်ဆန်းကြယ်သော အပြုံးလေးကို ဆင်မြန်းကာ စားသောက်ဆိုင်သို့ ထပ်မံရောက်ရှိလာသည်။
တောက်ပသောအနီရောင်ဝတ်စုံလေးသည် သူမ၏အသားအရောင်နှင့် လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုရှိသော မျက်နှာသွင်ပြင်ကို ပေါ်လွင်စေသည်။
"သူဌေးယွမ်၊ မတွေ့ရတာကြာပြီနော်။ ကျွန်မကို လွမ်းနေလား"
သူမက ယွမ်ကျိုးကို ပုံမှန်အတိုင်း နှုတ်ဆက်စကားပြောသည်။
"ဟင့်အင်း"
ယွမ်ကျိုးက ချက်ချင်း ပြန်ပြောသည်။
"ကျွန်မကို ဘာလို့ ခုလိုမျိုး ဆက်ဆံရတာလဲ သူဌေးယွမ်ရယ်"
ကျန်းချန်ရှီးက ထိုင်ခုံမှာထိုင်လ်ိုက်ပြီး ဆံပင်ကို သပ်လိုက်သည်။
"ဘာလို့ ဒီလိုစကားလုံးတွေနဲ့ပဲ သူဌေးယွမ်ကို နှုတ်ဆက်စကားပြောနေရတာလဲ။ မင်းက သူဌေးယွမ်ကို သဘောကျနေလို့လား"
ဝူဟိုင်းက မနေနိုင်၊မထိုင်နိုင် ဝင်ပြောသည်။
"အော် မုတ်ဆိတ်လေးပဲ၊ ရှင့်ရဲ့လက်တွေကို ကြည့်ရတာ ပိုပြီးတော့ နေသားတကျ ဖြစ်လာပုံပဲ"
"လက်ငါးချောင်းကို သုံးပြီးတော့ လေ့ကျင့်ခန်း မလုပ်တော့ဘူးထင်တယ်။ ဟုတ်လား"
ကျန်းချန်ရှီးက ဝူဟိုင်းကို တချက်ကြည့်လိုက်ပြီး သရော်သည်။
"အမ်"
ဝူဟိုင်းက အရှုံးကို ထပ်မံဝန်ခံလိုက်ရသည်။
မုတ်ဆိတ်လေးဝူဟိုင်းကို နှုတ်ဆိတ်သွားအောင် ပြောဆိုပြီးနောက် ကျန်းချန်ရှီးသည် ယွမ်ကျိုးကိုကြည့်ကာ စကားပြောသည်။
"သူဌေးယွမ်၊ လုံးဝချက်နိုင်မှာ မဟုတ်တဲ့ ဆန်အခြေပြုဟင်းအမျိုးပေါင်း ၁၀၀ ထဲက ဟင်းပွဲ တစ်မျိုးကို စဉ်းစားမိတယ်"
သူမက လေးနက်ခိုင်မာသော အမူအရာဖြင့် စကားပြောနေသော်လည်း ကောက်ကျစ်စဉ်းလဲသော အမူအရာကိုလည်း ခံစားမိစေသည်။
"ကဲ မင်းကြိုက်တဲ့ဟင်းပွဲကို အော်ဒါတင်နိုင်ပြီ"
ယွမ်ကျိုးက သူမပြောသောစကားကို မယုံကြည်သကဲ့သို့ သူမ၏စကားကိုလည်း သံသယဝင်မိသည်။
မည်သို့ပင်ဆိုစေကာမူ သူမက ယခုလိုစကားမျိုးကို အနည်းဆုံး ၇ ကြိမ်ခန့် ပြောဖူးသည်။
"ပဲငံပြာရည် ဝက်သားနှပ်"
ကျန်းချန်ရှီးက ဟင်းပွဲအမည်ကို ပြုံးကာရွှင်ကာဖြင့်ပြောသည်။
"အားနာပါတယ်။ ဒီစားသောက်ဆိုင်က အဲဒီဟင်းပွဲကို လတ်တလော မရောင်းချသေးပါဘူး"
ယွမ်ကျိုးက အစောပိုင်းတွင် နှုတ်ဆိတ်သွားသော်လည်း ချက်ချင်း ပြန်ပြောသည်။
"ဘယ်လိုဖြစ်ရတာလဲ သူဌေးယွမ်"
"ပဲငံပြာရည် ဝက်သားနှပ်က ဆန်က ပြုလုပ်တာလေ"
ကျန်းချန်ရှီးက ယွမ်ကျိုးကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
ထိုစကားသံကိုကြားသောအခါ ယွမ်ကျိုးက တွေဝေမိန်းမောသွားသည်။
တို့ဖူးကို အသုံးပြုပြီး ဟင်းသီးဟင်းရွက် ဟင်းလျာများစွာကို ချက်ပြုတ်နိုင်ကြောင်းသာ သူကြားဖူးထားသည်။
ယခုလိုမျိုး ဟင်းပွဲမျိုးကို သူတစ်ခါမှ မစားဘူးချေ။
"သူဌေးယွမ်၊ ဒီတခေါက်တော့ ရှင် မချက်နိုင်တော့ဘူးမို့လား"
ကျန်းချန်ရှီး၏ အသံက ကောက်ကျစ်စဉ်းလဲသော ခံစားချက်ကို ဖော်ပြနေသည်။
သူမက ဆန်အခြေပြု ဟင်းပွဲအမျိုးပေါင်း ၁၀၀ ကို ပထမဦးဆုံးအကြိမ် စားပြီးကတည်းက နေ့တိုင်း၊နေ့တိုင်း ဆန်အခြေပြုဟင်းပွဲများကို လာရောက်သုံးဆောင်လေ့ရှိသည်။
သူမက ဆိုင်သို့ရောက်လာတိုင်း မတူညီသော ဆန်အခြေပြုဟင်းပွဲများကိုသာ မှာယူတတ်သည်။
ယွမ်ကျိုးက ဆန်အခြေပြုဟင်းပွဲအမျိုးပေါင်း ၁၀၀ ကို ကျွမ်းကျင်လား သိချင်သောကြောင့်လည်းဖြစ်သည်။
လဝက်ခန့်ကြာခဲ့သော်လည်း ယခုလို တုံ့ဆိုင်းနေသောအခြေအနေကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ယခုလိုအခြေအနေမျိုးရောက်အောင် ကူညီပေးသည့် သူမ၏သူငယ်ချင်းများကို ကျေးဇူးတင်သင့်သည်။
"အဲ့ဒီဟင်းလျာကို ဆန်နဲ့ပြုလုပ်တာပဲ။ ချင်မင်းဆက်က ကြီးမြတ်တဲ့စားဖိုမှုးကြီးရဲ့ အထူးလက်ရာပဲ"
"သူ့စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းအတွက် ဒီဟင်းပွဲကိုသုံးပြီး တခြား စားသောက်ဆိုင်က စားဖိုမှုးတွေနဲ့ ယှဉ်ပြိုင်ခဲ့တယ်"
"နူးညံ့မှု၊ မွှေးကြိုင်မှုနဲ့ ချိုမြမှုတွေကြောင့် သူ့ရဲ့အရသာက အသားဟင်းနဲ့တူတယ်။ ဒါကြောင့်မို့လည်း သူက ပြိုင်ပွဲကို အနိုင်ရရှိခဲ့တာလေ"
ကျန်းချန်ရှီး၏ မျက်နှာတွင် ထေ့ငေါ့သော အမူအယာကို မြင်တွေ့နိုင်သည်။
"ဒီလိုဟင်းပွဲမျိုး ရှိတယ်လား။ အသားနဲ့တူတဲ့ တို့ဖူးရှိတယ်ဆိုတာ ပထမဦးဆုံးအကြိမ် ကြားဖူးတာပဲ။ ဟုတ်ရောဟုတ်ရဲ့လား"
ဝူဟိုင်းက စပ်စပ်စုစုမေးမြန်းသည်။
"သူဌေးယွမ် မယုံကြည်ဖူးဆိုရင် ကျွန်မဘက်ကနေ ထောက်ခံပေးမယ့် သူငယ်ချင်းကို ခေါ်လာနိုင်တယ်"
"အဲ့သူငယ်ချင်းက ဒီရှေးစားဖိုမှုးကြီးရဲ့ မျိုးဆက်ပဲ။ သူတို့မိသားစုရဲ့မှတ်တမ်းမှာ သေချာရှင်းရှင်းလင်းလင်းရေးထားတယ်"
ကျန်းချန်ရှီးက အေးအေးဆေးဆေးအမူအရာဖြင့် စကားပြောသည်။
"တကယ့်ကို ဗဟုသုတကြွယ်ဝတဲ့ မိသားစုပဲ"
ဝူဟိုင်းက လေးကန်စွာ သက်ပြင်းချလိုက်သည်။
ယွမ်ကျိုးက မည်သို့ချက်ပြုတ်ရမည်မှန်း မသိ၍ တွေးကြံနေစဉ် စနစ်က ရုတ်တရက် တုံ့ပြန်လာသည်။
စနစ်က ဖော်ပြသည်။
"ရတယ်လို့ပြောလိုက်။ ကျွန်တော်ချက်နိုင်တယ်"
"ဆိုင်ရှင်၊ ခင်ဗျားက ကျွမ်းကျင်စားဖိုမှုးဖြစ်လာမယ့်သူ၊ ဒါ့ကြောင့်မို့လို့ ချက်ပြုတ်နိုင်တယ်လို့ပြောပေးပါ"
ယခုတော့ ယွမ်ကျိုး အမှန်တကယ် တုံ့ဆိုင်းနေမိသည်။ သူက ၎င်းဟင်းပွဲ၏ ချက်ပြုတ်နည်းကို အမှန်တကယ် မသိပေ။
ထို့ပြင် စနစ်မှထောက်ပံ့ထားသော ဆန်အခြေပြု ဟင်းပွဲအမျိုးပေါင်း ၁၀၀ ထဲတွင် ဤဟင်းပွဲ မပါဝင်ချေ။
စနစ်က ဖော်ပြသည်။
"ဟုတ်တယ်လို့ပြောလိုက်ပါ"
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင် ဟုတ်တယ်လို့ပြောပေးပါ"
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင် မြန်မြန် ပြန်ဖြေပေးပါ"
ယွမ်ကျိုး တုံ့ဆိုင်းနေစဉ်အတောအတွင်း စနစ်က စာ(၃)စောင်ကို ဆက်တိုက်ဖော်ပြပြီး ? သင်္ကေတကိုပင် အသုံးပြုလိုက်သေးသည်။
စနစ်၏ စိတ်လှုပ်ရှားနေသော အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ထို့ကြောင့် ယွမ်ကျိုးက အဖြေတစ်ခုတည်းကိုသာ ဖြေနိုင်သည်။
"ရတယ်လေ။ ငါချက်ပြုတ်နိုင်တယ်"
"သူဌေးယွမ်၊ ရှင်က ဒီဟင်း ချက်ပြုတ်နည်းကို တကယ်သိနေတာလား"
ကျန်းချန်ရှီးက ယွမ်ကျိုး၏အဖြေကို အမှန်တကယ် မယုံကြည်နိုင်ပေ။
ကြီးမြတ်သောစားဖိုမှုး၏မျိုးဆက်များပင် ဒီဟင်းချက်ပြုတ်နည်းကို မသိကြပေ။
အရေးကြီးဆုံးအချက်အနေဖြင့် ဆန်မှ ပြုလုပ်သော တို့ဖူးအား နူးညံ့ပျော့ပျောင်းပြီး ချက်ပြုတ်သောအခါ အပိုင်းအစအဖြစ် အရည်မပျော်သွားနိုင်သည့် အချက်ကို အာမခံနိုင်သူ မရှိပေ။
ဤအချက်က တကယ့်ကို အရေးပါသည်။
"ဟုတ်ပါတယ်။ ဒါပေမယ့် ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုအပ်တယ်။ မနက်ဖြန် ဒီအချိန်ကျမှ ပြန်လာခဲ့ပေးပါ"
ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး ခံစားချက်တစ်စုံတစ်ရာကို မပြသပေ။
"ကောင်းပြီလေ။ မနက်ဖြန်ကျရင် သေချာပေါက် လာခဲ့မယ်။ ကျွန်မပြောတဲ့ ဟင်းတစ်ပွဲ ချက်ပေးဖို့တော့ မမေ့နဲ့"
ကျန်းချန်ရှီးက အရသာမြည်းစမ်းရန်အတွက် သူမ၏သူငယ်ချင်းများနှင့် နောက်တစ်နေ့ ထပ်လာရန် ဆုံးဖြတ်ခဲ့သည်။
"ဂရုစိုက်ပြီး ပြန်ပါ"
ထို့နောက် ယွမ်ကျိုးက လှည့်ထွက်သွားပြီး မီးဖိုချောင်ထဲ ပြန်သွားသည်။
သူ၏တည်ငြိမ်နေသောမျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာရှိနေသည်။
ဟင်း၏အမည်ကို ကြည့်ရုံ
ဖြင့် ချက်ပြုတ်ရ မလွယ်ကူမှန်း ယွမ်ကျိုး အကဲဖြတ်နိုင်သည်။
ထို့အပြင် ဤဟင်းလျာသည် စနစ်မှ ထောက်ပံ့ ပေးထားသော ဆန်အခြေပြု ဟင်းအမျိုးပေါင်း ၁၀၀ ထဲတွင်လည်း မပါဝင်ချေ။
ထို့ကြောင့် သူကြိုးစားအားထုတ်ပြီး ပြင်ဆင်ရမည်။
အပိုင်း(၁၅၆)